Sunday, May 4, 2014

မြိတ်-ကျွန်းစု အခမဲ့ အမြန်ရေယာဉ်ကိစ္စအာဏာပိုင်တွေ မတားကြ တော့ဘူးလား?

မြိတ်-ကျွန်းစု အခမဲ့ အမြန်ရေယာဉ်ကိစ္စ
=-=-=-=-=-=-=-=-=-=-=-=-=-===-=-=-=
အာဏာပိုင်တွေ မတားကြ တော့ဘူးလား?
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

ဂန္ဒာအမြန်ယာဉ် ဝင်လာပြီးနောက်ပိုင်း ကြံတိုင်းအောင်
အမြန်ယာဉ် မှ မြိတ်-ကျွန်းစု ခရီးစဉ်ကို အခမဲ့ပြေးဆွဲ
လျှက် ရှိကြောင်းသိရပါတယ်။ ၃.၅.၂၀၁၄ နေ့မှာ အခမဲ့
စီးနင်းခွင့်အပြင် ထမင်းလည်းကျွေး အချိုရည် လည်း
တိုက် သည်ဟု သိရပါတယ်။ အခုလို စည်းကမ်းမဲ့ ဈေး
ကွက်ပြိုင် ဆိုင်မှုကြောင့် ခရီးသွားပြည်သူများအတွက်
အသက်အန္တရာယ် စိုးရိမ်းရသည့် အ နေအထားထိ
ရောက် ရှိလာတာကိုတွေ့ရပါတယ်။အခမဲ့ ပြေးဆွဲသည့်
အပြင် ထမင်းကျွေး သောကြောင့် ခရီးသည်များ အ ပျော်
စီးနင်းလိုက်ပါလျှက် ရှိကြောင်းသိရပါတယ်။
အာဏာပိုင် တွေက ဘယ်ကန့်သတ်ထားလဲဆိုတာ
မရပါဘူး။ အမြန်ယာဉ် (မြိတ်-ကျွန်းစု)တစ်ခေါက်ကို
ငွေကျပ် ၃၀၀,၀၀၀ သုံးသိန်း အောက်သတ်မှတ်ထား
တာလား?။ ဒါမှမဟုတ် သုံးသိန်းအထက် လက္ခံယူပြီး
ရှူးချင် ယောင်ဆောင်နေတာလား?။ခရီးသွားပြည်သူ
များအတွက် အဆင်ပြေ နေ ပေမယ့် အလုအယက်
စီးနင်းလိုက်ပါနေ တော့ အသက်အန္တရယ် စိုးရိမ် ရ
သည့် အ နေအထားတွေ့နေရပါတယ်။ ဘာဖြစ်လို့
ဒီလိုပြောလည်းဆိုတော့…

(၁) သတ်မှတ်ဦးရေ ထက် ပို၍ လိုက်ပါစီးနင်းခြင်း။
(၂) အမြန်ယာဉ်အတွင်း အသက်ကယ်အကျီင်္ လုံးဝ
မရှိခြင်း။

(၃)ရေယာဉ် ကိုယ်ထည် ကြံ့ခိုင် မှုမရှိခြင်း။
(၄)မြစ်ကြောင်းအတွင်း ပြေးဆွဲရမည့် ရေယာဉ်သည်
ကမ်းရိုးတန်း ရေ ကြောင်း တွင် ပြေးဆွဲ လျှက် ရှိ
နေသဖြင့် ခရီးသည်များအတွက် စိုးရိမ် စရာပင်။
ခင် ဗျားတို့ရဲ့ အထိန်းအကွပ် မဲ့ ပြိုင်ဆိုင် မှုကအ ကြောင်း
မဟုတ်ပါဘူး။ ခင် ဗျားရဲ့ရေယာဉ် မ တော်တဆ
တိမ်းမှောက်သွားရင် ခင် ဗျားတို့မှာ ဆုံးရှုံးမှုက အ သေး
အဖွဲ လေးပါ ရေယာဉ်ပေါ် မှာ လိုက်ပါလာတဲ့ ခရီးသည်
တွေရဲ့ အသက်ပေါင်းများစွာ ကိုတော့ ထည့်စဉ်းစား
စေချင် တယ်။
အခမဲ့ပြေးဆွဲတဲ့ ဒီလုပ် ရပ်ဟာ ရေရှည် လုပ် ရမည့်
အလုပ်မဟုတ်ဘူးဆိုတာ ခင် ဗျားတို့ပိုသိမှာပါ အာ
ဏာပိုင် များကလည်း အန္တရယ် ကျရောက်ပြီးမှ စည်း
ကမ်းချက်တွေ ထုတ်မယ့်အစား - အန္တရယ် မဖြစ်ခင်
ကြီးကြပ် ကန့်သတ်ပေး ပါရန် တိုက်တွန်းလိုက်ပါတယ်
ခင် ဗျား။

credit : Myeik Freedom
ပြန်လည်မျှဝေပါတယ်
လေးစားလျှက်
Myat Htut


 

No comments: