Tuesday, February 19, 2013

ဦးခေါင်းပြတ် အမျိုးသမီးအမှု သံသယရှိသူတစ်ဦးကို စတင်စစ်ဆေးနေ

Wednesday, February 20, 2013

ဖြူးမြို့နယ်အတွင်း ဦးခေါင်းပြတ်ကာ သေဆုံးနေသော အမျိုးသမီး အလောင်းမှုခင်းကိစ္စရပ်နှင့် ဆက်နွှယ် နေသည်ဟု သံသယရှိသူကို စတင်စစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ချစ်သူများနေ့ဖြစ်သော ဖေဖော် ဝါရီ ၁၄ ရက် နံနက် ၉ နာရီ အချိန် ခန့်က ဖြူးမြို့နယ် သပြေလှကျေးရွာ အနီး ရန်ကုန်-မန္တလေးကားလမ်း၌ ဦးခေါင်းမပါသည့် ရုပ်အလောင်းအား အိတ်ဖြင့်စွန့်ပစ်ထည့်ထားမှုကို သက် ဆိုင်ရာမှ တွေ့ရှိခဲ့သည့်အပေါ် ရဲတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

''အဲဒီရွာကပါပဲ။ အသက် ၃ဝ လောက်ရှိတဲ့ အမျိုးသားတစ်ဦးကို စစ်ဆေးနေပါတယ်။ သံသယရှိတဲ့ အတွက်ကြောင့်ပါ''ဟု ဒုတိယရဲမှူး ကြီးဝင်းစိန်က ပြောသည်။

အဆိုပါ မှုခင်းဖြစ်စဉ်ကို ဖြူးမြို့ နယ်ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၂ နှင့်အမှုဖွင့်ထားပြီး အမျိုး သမီး ဦးခေါင်းဖြတ်အသတ်ခံရမှုကို ဗဟိုမှုခင်းတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့ တစ်ဖွဲ့ဖွဲ့ကာ ကိုင်တွယ်မည်ဟု
သိရသည်။

ဒုတိယရဲမှူးကြီး ဝင်းစိန်က ''ရဲ မှူးချုပ်ကိုယ်တိုင် ကွပ်ကဲပါမယ်။ အဖွဲ့ဝင်တွေအဖြစ် ရဲမှူးကြီး၊ ဒုရဲ မှူးကြီးတွေနဲ့ ရဲမှူးတွေ ပါဝင်ပါ မယ်''ဟု ပြောသည်။

လက်ရှိတွင် သံသယရှိသူအား စစ်ဆေးနေခြင်း ဖြစ်စဉ်ကို ထောက် လှမ်းစုံစမ်းခြင်းများ ပြုလုပ်နေကာ တရားခံဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်း နေသည်ဟုရဲတပ်ဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ စာရင်းအရ ဒီဇင်ဘာလတွင် မြန်မာတစ်နိုင်ငံ လုံး၌ လူသတ်မှု ၁ဝ၈ မှု၊ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် လူသတ်မှု ၉၉ ခု
့ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ - drguidingstar.blogspot.com
PN-051
Popular Myanmar News Journal

3 comments:

Anonymous said...

နိင် ငံ တော် အ ကြီး ကဲ များ အ မြန် ဆုံး သိ စေ ချင် ပါ သ ည်။ မွန် ပြည် နယ် သ ထုံ ခ ရိုင် တွ င် မှ ဒ န အောင် သူ ယျာဉ် ထိမ်း မင် သူ တပ် ကြပ် မင် လွ င် တို့ မှခေါင် ဆောင် ပြီးလိုင် ဆ င် မဲ့ ကား များ ကို သထုံ မှ ဘု ရား ကြီး သို့ ငွေ သုံ သိန် နှင့် ပို့ ဆောင် ချိုတ် ပေး
ပါ သည် ,
ငှင် တို့ နှင့် မ ချိုတ် လျှင် ဖမ်း ဆီး ချင်း ခံ ရ ပါ သည်
ကား မှ မဟုက် တ ချား ကိ စ များတွင် လဲ သူ တို့ နဲ အ ဆင် မ ပြေ မ ချိုတ် လျင် ပြ သ နာ အ မျိုး မျိုး လုပ် ဇ တ် ခင်း ပြီး မတ ရား ဖမ်း ဆီး ခြင်း များ ဥ ပ ဒေ မဲ့ လုပ်
ဆောင် နေကြ ကို အောက်ခြေ ထိ စုံစမ်းစစ် ဆေးပြီး အ
မြန် ဆုံး အ ရေး ယူ ပါ ရန် နိုင် ငံ တော် အ ကြီး အကဲ များ
အား သ ထုံ ခ ရိုင် ရပ် မိ ရပ် ဖ များ မှ စု ပေါင်း တိုင် ကြား
လိုက် ပါ သည်

jokerpyae91 said...

ဘုရင့် နောင် ဈေး လမ်းများပျက်စီးနေပါသဖြင့် အထက်လူကြီးများသိရှိစေရန်ပေးပို့သည်

စည်ပင်မများ ပေကျော်အခွန်းကောက်လျှင် ၁၂၀၀ကျလျှင် ၁၅၀၀ယူပါသည်

jokerpyae91 said...

စည်ပင် များသည်ပေ ကျော် အခွန်ကောက်လျှင်၁၂၀၀ ကျလျှင်၁၅၀၀ ယူပါသည်
စည်ပင် များသည် ရေ မြောင်း များကို မဆည်း ကြပါ