ရုရှားမှာ ဥက္ကာခဲကျ လူ ၅၀၀ ဒဏ်ရာရ
Friday, February 15, 2013
သောကြာနေ့ မနက်ပိုင်းက ရုရှားနိုင်ငံရဲ့ လူနေနည်းတဲ့ Chelyabinsk ဒေသတစ်ခုမှာ ဥက္ကာခဲတခု ကျရောက်ခဲ့ပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု နဲ့ လူပေါင်း ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အများစုကတော့ အဆောက်အအုံတွေရဲ့ မှန်ကွဲမှန်စတွေကြောင့် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ယူကျူမှာတင်ထားတဲ့ အပျော်တန်း ဗီဒီယိုရိုက်သူတယောက်ရဲ့ဗီဒီယို မှာ ကောင်းကင်မှကျလာတဲ့ အလွန်တောက်ပတဲ့ အလင်းတန်းကြောင်းကို တွေ့ရပြီး မကြာခင်မှာပဲ တနေရာကိုထိုးကျသွားတာကို တွေ့ရပါတယ်။
2012DA14 အမည်ရတဲ့ ဂြိုဟ်သိမ်လေးတခုက ကမ္ဘာနဲ့အနီးကပ်ဆုံး (မိုင် ၁၇၁၅၀) ဖြတ်သွားမယ့်ရက် မတိုင်မီတစ်ရက်မှာ ယခုဥက္ကာခဲကျရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ တိုက်ဆိုင်မှုသာဖြစ်ပြီး အဲဒီ၂ခု ဆက်စပ်မှုမရှိဘူးလို့ သိရပါတယ်။ Meteors ခေါ် ဥက္ကာခဲတွေဟာ ဂြိုဟ်ငယ်ပေါ်က ကျောက်ဆိုင်ခဲ အပိုင်းအစတွေ ဖြစ်ပြီး ကမ္ဘာလေထုလွှာထဲကို ၀င်ရောက်လာကာ ဖြစ်ပါတယ်။ အများစုကတော့ ကောင်းကင်ပေါ်မှာပဲ လောင်ကျွမ်းကုန်ဆုံးသွားပြီး ပိုကြီးတဲ့ ဥက္ကာခဲတချို့ကတော့ ကမ္ဘာမြေပြင်ပေါ်ကို အလွန်ပြင်းထန်တဲ့အရှိန် တစ်နာရီ ၁၉၀၀၀ မိုင်နှုန်းနဲ့ ကျရောက်တတ်ကြောင်း ဥရောပအာကာသအေဂျင်စီက ပြောပါတယ်။ ဥက္ကာခဲတွေဟာ ငါးနှစ်နဲ့ဆယ်နှစ် အကြားမှာတစ်ကြိမ် ကမ္ဘာမြေသို့ ကျရောက်တတ်ပြီး ယခုလို ကြီးမားတဲ့ဥက္ကာခဲ ကျရောက်မှုက ရှားပါးတယ်လို့ ဂျာမဏီတက္ကသိုလ် University of Muenster မှ ပညာရှင် Addi Bischoff က ပြောပါတယ်။
Myanmar1
Friday, February 15, 2013
သောကြာနေ့ မနက်ပိုင်းက ရုရှားနိုင်ငံရဲ့ လူနေနည်းတဲ့ Chelyabinsk ဒေသတစ်ခုမှာ ဥက္ကာခဲတခု ကျရောက်ခဲ့ပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု နဲ့ လူပေါင်း ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အများစုကတော့ အဆောက်အအုံတွေရဲ့ မှန်ကွဲမှန်စတွေကြောင့် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ယူကျူမှာတင်ထားတဲ့ အပျော်တန်း ဗီဒီယိုရိုက်သူတယောက်ရဲ့ဗီဒီယို
2012DA14 အမည်ရတဲ့ ဂြိုဟ်သိမ်လေးတခုက ကမ္ဘာနဲ့အနီးကပ်ဆုံး (မိုင် ၁၇၁၅၀) ဖြတ်သွားမယ့်ရက် မတိုင်မီတစ်ရက်မှာ ယခုဥက္ကာခဲကျရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ တိုက်ဆိုင်မှုသာဖြစ်ပြီး အဲဒီ၂ခု ဆက်စပ်မှုမရှိဘူးလို့ သိရပါတယ်။ Meteors ခေါ် ဥက္ကာခဲတွေဟာ ဂြိုဟ်ငယ်ပေါ်က ကျောက်ဆိုင်ခဲ အပိုင်းအစတွေ ဖြစ်ပြီး ကမ္ဘာလေထုလွှာထဲကို ၀င်ရောက်လာကာ ဖြစ်ပါတယ်။ အများစုကတော့ ကောင်းကင်ပေါ်မှာပဲ လောင်ကျွမ်းကုန်ဆုံးသွားပြီး ပိုကြီးတဲ့ ဥက္ကာခဲတချို့ကတော့ ကမ္ဘာမြေပြင်ပေါ်ကို အလွန်ပြင်းထန်တဲ့အရှိန် တစ်နာရီ ၁၉၀၀၀ မိုင်နှုန်းနဲ့ ကျရောက်တတ်ကြောင်း ဥရောပအာကာသအေဂျင်စီက ပြောပါတယ်။ ဥက္ကာခဲတွေဟာ ငါးနှစ်နဲ့ဆယ်နှစ် အကြားမှာတစ်ကြိမ် ကမ္ဘာမြေသို့ ကျရောက်တတ်ပြီး ယခုလို ကြီးမားတဲ့ဥက္ကာခဲ ကျရောက်မှုက ရှားပါးတယ်လို့ ဂျာမဏီတက္ကသိုလ် University of Muenster မှ ပညာရှင် Addi Bischoff က ပြောပါတယ်။
Myanmar1
No comments:
Post a Comment