Monday, February 25, 2013

နှစ်ကျပ်ခွဲကျေးရွာ ပဋိပက္ခ

နှစ်ကျပ်ခွဲကျေးရွာ ပဋိပက္ခမှာ ရဲရိုက်နှက်တာကြောင့် ဆေးရုံတင် ရသူတွေရှိ

ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာမှာ ကျေးရွာလျှပ်စစ်မီး ပေးတဲ့ကိစ္စအပေါ် အခြေခံပြီး မနေ့က ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ ပဋိပက္ခဖြစ်ရာမှာ ဒေသခံတွေကို ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခဲ့တာကြောင့် ရွာသား ၄ ဦး ဆေးရုံတင်ထားရပြီး ရွာကျောင်းထိုင်ဆရာတော် ဦးကောသလကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။

အရင်ရှိပြီးသားကျေးရွာက ကိုယ်ထူကိုယ်ထစနစ်နဲ့ တပ်ဆင်ထားတဲ့ လျပ်စစ်မီးအစီအစဉ်ကို ဒေသခံအာဏာပိုင်တွေက သူတို့အစီအစဉ်နဲ့ ရွာသားတွေကို အသိမပေးပဲ ပေါင်းပြီးမီးပေးတဲ့စနစ် လုပ်လိုက်တာကြောင့် ပဋိပက္ခဖြစ်ခဲ့တာလို့ ကျေးရွာဆရာတော်တစ်ပါးက မိန့်ပါတယ်။

အဲ့ဒီလျှပ်စစ်မီးပေးရေးကိစ္စမှာပဲ ကျေးရွာမှာနှစ်ဖွဲ့လို ဖြစ်နေတာကြောင့် တဖက်နဲ့တဖက် တင်းမာရာကနေ ရဲတပ်ဖွဲ့ဝင်တွေ မနေ့က ရောက်ရှိလာပြီး ဖြိုခွင်းရာက ရိုက်နှက်တဲ့အဆင့်ထိဖြစ်ခဲ့တာပါ။ တစ်ချို့ရွာသားတွေက ရွာမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးထဲမှာ ၀င်ရောက်ပုန်းနေတာကြောင့် ရဲတပ်ဖွဲ့က၀င်ရောက်ပြီး ရိုက်နှက်တာတွေရှိခဲ့တဲ့အတွက် ရုံးလည်းပျက်စီးသွားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးက တိုင်းအလုပ်အမှုဆောင် ဦးအေးခိုင်က RFA ကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်အင်အား ၈၀ လောက်က နံပါတ်တုတ်တွေနဲ့ ရိုက်နှက်မှုကြောင့် ညောင်ဦးဆေးရုံမှာ ၁ဦး၊ ကျောက်ပန်းတောင်းဆေးရုံမှာ ၃ဦး ဆေးကုနေရတယ်လို့ ပြောပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်မှုမရရှိခဲ့ပါဘူး။

ဖမ်းဆီးခံရတဲ့ဆရာတော် ဦးကောသလကို ပုဒ်မ ၃၉၂ လုယက်မှုနဲ့ တရားစွဲထားပြီး၊ မြင်းခြံထောင်ကို ဒီကနေ့ပို့လိုက်တယ်လို့ သိရပါတယ်။

အေးချမ်းမွန်မှ RFA Burmese တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။
 

နှစ်ကျပ်ခွဲ ရွှာ မီးလင်းရန် ကူညီသည့် ဆရာတော် နှင့် ရွာသားများ ကို ဖမ်းဆီး

285697_3977136326977_1622263346_n
ကျောင်းပန်းတောင်းမြို.နယ်၊ နှစ်ကျပ်ခွဲကျေးရွာမှ  မီးလင်းရေးကော်မတီ နာယက
ဆရာတော် ဦးကောသလ ဆန္ဒပြ ရွာသား တွေ ကို ရဲတပ် ဖွဲ့  က မနေ့  ညက အတင်းအဓမ္မ
ရိုက်နှက် ဖမ်းဆီးပြီး ထိမ်းသိမ်းထား တယ် လို့  နှစ် ကျပ်ခွဲ ရွာသား တစ်ဦး က FNG ကို
ပြောပါတယ်။

တစ်ဆက် တည်း မှာ ပဲ ကကြံ့ဖွံ့  က ကျော်ထောက် နောက်ခံ ပေးတဲ့ ဆိုးသွမ်း လူ အုပ်စု နဲ့  ရဲတပ်
ဖွဲ့  က လည်း ကျေးရွာအမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ရုံး ဖျက်ဆီး ခဲ့ ပါတယ်။

မနေ့  ညက  နှစ် ကျပ်ခွဲ ရွာ အဓိကရုဏ်းမှာ ရဲတပ်ဖွဲ့  ၀င်တွေ လည်း ဒဏ်ရာ ရရှိပြီး
ရွာသား တွေ လည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့ ပါတယ်။

ရဲက အလွန်အကျွံ အင်အားသုံးလာတဲ့ အချိန်မှာ ကျေးရွာ NLD ရုံးထဲ ကို ရွာသား တွေ ၀င်ပုန်း
တယ်။ အဲဒါကို အပြင် က တုန် နဲ့  ရိုက် ၊ လေးခွ တွေ နဲ့  ပြစ် ၊ အုတ်ခဲ တွေ နဲ့  ထုတာ ဗျို့  ကမ္ဘာ
ပျက်မတ် ဘဲ ဟု ရွာသား ကိုတင်မောင်စိန် က FNG ကို ပြောသည်။

Photo Credit : May Poppa
ရဲတပ်ဖွဲ့  ၀င်တစ်ဦး က ကျဉ်ကပ် နှင့် ခါးပတ် အိတ် ကို ချွတ်ရိုက်ပြီး နောက် ကျကျန် ခဲ့စဉ်
ရဲတပ်ဖွဲ့ ဝင်တစ်ဦးကကျဉ်ကပ် နှင့်ခါးပတ်အိတ်ကိုချွတ်ရိုက်ပြီး နောက်ကျကျန်ခဲ့စဉ်
 

No comments: