Tuesday, February 19, 2013

မြိတ်ခရိုင်လုံး ဆိုင်ရာ လူငယ် ဖိုရမ် ပြုလုပ်မည်

မြိတ်ခရိုင်လုံး ဆိုင်ရာ လူငယ် ဖိုရမ် ပြုလုပ်မည်

မြိတ်ခရိုင်အတွင်းရှိ ကွန်ယက်များ၊ ပရဟိတ အဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ်များမှ လူငယ်များ ပါဝင် ဆွေးနွေးမည် မြိတ်ခရိုင်လုံး ဆိုင်ရာ လူငယ် ဖိုရမ် (Myeik Youth Forum ) အား ၂၀၁၃ ခုနှစ် မေလ (၂) ရက်နေ့မှ (၃) ရက်နေ့ အထိ မြိတ်မြို့ ဘုရားငါးဆူ ဘောလုံးကွင်း အနောက်ဖက် ရှိ ရတနာ ဗောဓိကျောင်း တွင် ပြုလုပ်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်တွင် နိုင်ငံရေး ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝ ပတ်ဝန်ကျင် ထိန်းသိမ်းရေး လုပ်ငန်းများ၊ မိမိဒေသအတွင်း ကြုံတွေ့ နေရသည့် ပြသနာများ၊ အခက်အခဲများ ၊ လိုအပ်ချက်များကို တွေ့ဆုံ ဆွေးနွေး အဖြေရှာပြီး စာတမ်းများ ဖတ်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။ တက်ရောက်မည် လူငယ်များ အနေဖြင့်လည်း ကြိုတင် စာတမ်း ပြုစုပြီး ပါဝင်ဆွေးနွေးရန် လိုအပ်ကြောင်း သိရှိရသည်။

ထို ဖိုရမ်အား စိတ်ဝင်စားပြီး တက်ရောက်လိုသူ လူငယ် မောင်မယ် များ အနေဖြင့် ကိုဥက္ကာမင်း (0973703507) ၊ ဒေါက်တာကျော်စွာဦး (09422195606)ကိုအောင်နိုင်ဦး (09422211212) တို့ထံ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပြီး နယ်မှ တက်ရောက်မည့် လူငယ်များ အတွက် နေရေး၊ စားရေး စီစဉ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments: