Monday, February 25, 2013

သွေးကျိန်စာ

သွေးကျိန်စာ
**********


ရခိုင်တွေ ငိုနေတယ် .....

သူတို့မျက်ရည်တွေကို

သေသေချာချာမြင်အောင်ကြည့် ... ...

သွားလေသူ ... သမီးပျိုအတွက်

အိမ်ဦးနတ်အတွက် လွမ်းဆွတ်တသခြင်းတွေ ... ...

လူကိုခွေးသတ်လေခြင်းလို့

ယူကြုံးမရနာကျည်းခြင်းတွေ

သူတို့ရဲ့ မျက်ရည်ထဲမှာ

ဗြောင်းဆန်လှိုင်းထပြီး

အိပ်မက်ဆိုးတွေဟာ အလိပ်လိပ်ထနေတယ် ... ... ။

ငါ့သွေးချင်းတွေ ငိုနေတယ် .....

သူတို့ အိမ်ထောင်ဦးအမှတ်တရတွေ ... ...

သူတို့ရဲ့ ဘိုးဘေးတွေရဲ့ အမွေတွေ ...

မီးတိုက်ပြာချခံလိုက်ရတယ် ... ... ။

လူသနားအောင် ငိုပြနေတာမဟုတ်ဘူး .....

ဓာတ်ပုံအရိုက်ခံဖို့ ငိုပြနေတာ မဟုတ်ဘူး ... ...

နာကျင်ရပါများလွန်းလို့

သူတို့ရဲ့နှလုံးသွေးတွေ

မျက်လုံးကနေ စီးကျနေတာ ... ... ။

အဲဒီမျက်ရည်တွေဟာ

ငါတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်တွေကို

လှုပ်နိုးလိုက်တဲ့ ခေါင်းလောင်းသံ ... ...

အဲဒီမျက်ရည်တွေဟာ

ငါတို့ရဲ့ မျိုးချစ်စိတ်တွေကို

မောင်းနှင်လိုက်တဲ့ စက်သွားတွေ ... ...

ငါ့သွေးချင်းတွေရဲ့

မြေခခဲ့ရတဲ့သွေးတွေဟာ

မင်းတို့ရဲ့ ကျူးကျော်မှုတွေ .....

မင်းတို့မျှော်လင့်ခြင်းတွေကို

လက်စားခြေ ချေမွပစ်မယ့်

သွေးနဲ့ရေးတဲ့ကျိန်စာတွေဖြစ်စေရမယ် ... ... ။


မိုးစက်နီ
သွေးကျိန်စာ
**********


ရခိုင်တွေ ငိုနေတယ် .....

သူတို့မျက်ရည်တွေကို

သေသေချာချာမြင်အောင်ကြည့် ... ...

သွားလေသူ ... သမီးပျိုအတွက်

အိမ်ဦးနတ်အတွက် လွမ်းဆွတ်တသခြင်းတွေ ... ...

လူကိုခွေးသတ်လေခြင်းလို့

ယူကြုံးမရနာကျည်းခြင်းတွေ

သူတို့ရဲ့ မျက်ရည်ထဲမှာ

ဗြောင်းဆန်လှိုင်းထပြီး

အိပ်မက်ဆိုးတွေဟာ အလိပ်လိပ်ထနေတယ် ... ... ။

ငါ့သွေးချင်းတွေ ငိုနေတယ် .....

သူတို့ အိမ်ထောင်ဦးအမှတ်တရတွေ ... ...

သူတို့ရဲ့ ဘိုးဘေးတွေရဲ့ အမွေတွေ ...

မီးတိုက်ပြာချခံလိုက်ရတယ် ... ... ။

လူသနားအောင် ငိုပြနေတာမဟုတ်ဘူး .....

ဓာတ်ပုံအရိုက်ခံဖို့ ငိုပြနေတာ မဟုတ်ဘူး ... ...

နာကျင်ရပါများလွန်းလို့

သူတို့ရဲ့နှလုံးသွေးတွေ

မျက်လုံးကနေ စီးကျနေတာ ... ... ။

အဲဒီမျက်ရည်တွေဟာ

ငါတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်တွေကို

လှုပ်နိုးလိုက်တဲ့ ခေါင်းလောင်းသံ ... ...

အဲဒီမျက်ရည်တွေဟာ

ငါတို့ရဲ့ မျိုးချစ်စိတ်တွေကို

မောင်းနှင်လိုက်တဲ့ စက်သွားတွေ ... ...

ငါ့သွေးချင်းတွေရဲ့

မြေခခဲ့ရတဲ့သွေးတွေဟာ

မင်းတို့ရဲ့ ကျူးကျော်မှုတွေ .....

မင်းတို့မျှော်လင့်ခြင်းတွေကို

လက်စားခြေ ချေမွပစ်မယ့်

သွေးနဲ့ရေးတဲ့ကျိန်စာတွေဖြစ်စေရမယ် ... ... ။


မိုးစက်နီ

No comments: