Tuesday, February 26, 2013

ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူ ဘင်္ဂါလီများအား မြိတ်မြို့တွင် ဖမ်းမိ

ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၁၃

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး ၄၀ ဦးအား ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် (၀၀း ၁၅) နာရီ အချိန်ခန့်တွင် မြိတ်မြို့ ကုန်တိုက်အနီး ရှိ ကမ်းနားလမ်းတွင် နှင့် ရပ်ကွက် များ အတွင်း ဖမ်းဆီးမိကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ ၂၅ ရက်နေ့ ည ၁၂ နာရီ အချိန်ခန့်တွင် ဘင်္ဂါလီ များသည် စက်လှေဖြင့် ကမ်းနားလမ်း သို့ ရောက်ရှိလာပြီး ကမ်းပေါ် တက်နေကြောင်း ပြည်သူများ၏ သတင်းပေး ပို့ချက်အရ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့ဝင် များနှင့် ပြည်သူများ၏ ပူးပေါင်း ရှာဖွေမှုဖြင့် ဘင်္ဂလီ (၄၀) ဦးအား ကန်ကြီး ရပ်ကွက် အတွင်းနှင့် ကမ်းနားလမ်းတစ်လျှောက်တွင် ဖမ်းဆီးနိုင်ခဲ့သည်။ 

ထိုဘင်္ဂါလီ လူမျိုး (၄၀) ဦးတွင် အမျိုးသား (၃၈) ဦးနှင့် အမျိုးသမီး (၂) ဦးပါရှိပြီး အသက် အကြီးဆုံးမှာ (၃၈) နှစ် ဖြစ်ပြီး အသက်အငယ်ဆုံးမှာ (၁၄) နှစ်ဖြစ်ကာ ကျန်သူများမှာ လူငယ်ပိုင်း အရွယ် ၂၀ ကျော်ခန့် အများဆုံးပါဝင်ကြောင်းနှင့် ၄င်းတို့ အားလုံးမှာ မြန်မာစကား တတ်ကျွမ်းခြင်း မရှိကြောင်း သိရှိရသည်။ 

၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တဆင့် စစ်တွေမြို့ သက်ကယ်ပြင် ကျေး ရွာနေ ဦးရှော်ဘီထံ အခကြေးငွေ ပေးပြီး ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် အတွက် သွားရောက်ခြင်း ဖြစ်ကြောင်း၊ ၄င်းတို့ အဖွဲ့တွင် (၆၈) ဦးခန့် ပါရှိပြီးလမ်းခရီးတွင် (၃) ဦး ရေထဲ ခုန်ချသေဆုံးခဲ့ကြောင်း၊ ၂၆ ရက်နေ့တွင် လူ (၄၀) ဦးအား မြိတ်မြို့ ကမ်းနားလမ်းသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်သည့် (၂၅) ဦးမှာ စက်လှေဖြင့် ပြန်လည် ထွက်ခွာ သွားကြောင်း သိရှိရပါသည်။

အဆိုပါ ဖမ်းဆီရမိသော တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ သား (၄၀) ဦးအား မြိတ်မြို့ မြို့မ ရဲစခန်းတွင်ထိန်းသိမ်း ထားကြောင်း သတင်းရရှိပါသည်။ 

မြိတ်ပုလဲမြေ

မြိတ်မြို့သို့ခိုးဝင် လာသည့်ဘင်္ဂါလီများအား စစ်ရေယာဉ်မှကျွန်းစုရေပြင်တွင်ထပ်မံ ဖမ်းဆီးရမိ...
မြိတ်မြို့သို့ခိုးဝင် လာသည့်ဘင်္ဂါလီများအား စစ်ရေယာဉ်မှကျွန်းစုရေပြင်တွင်ထပ်မံ ဖမ်းဆီးရမိ

မြိတ်မြို့သို့ခိုးဝင် လာသည့်ဘင်္ဂါလီများအနက် ၄၁ ဦးအားမြိတ်မြို့ တွင်ဖမ်းဆီးရမိပြီးနောက် စက်လှေဖြင့်ထွက်ပြေးသွားသည့်ဘင်္ဂါလီ (၂၁) ဦးအားဖေဖော်ဝါရီလ(၂၆) ရက်နေ့ နေ့လည်(၁)နာရီခွဲအချိန်တွင်ကမ်းခြေစောင့် စစ်ရေယာဉ်(၁၁၄)မှ ကျွန်းစုမြို့နယ်ပန်းဇင် ကျေးရွာနှင့် ဖိနပ်ကျွမ်းကျေးရွာကြား ရှိရေပြင်တွင်ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။ ၄င်းဘင်္ဂါလီများစီးနင်းလိုက်ပါ လာသည့် စက်လှေမှာ အလျား(၄၅)ပေ၊ ၀မ်းဗိုက်(၉)ပေ၊ ဦးရာဇတိုင်၊ပဲ့ပိတ်လှေဖြစ်ပြီးစက်လှေတွင် တရုတ် ဂီယာ(၁)လုံး၊စက်မပါ၊၀င်ရိုး၊ပန်ကာရှိ နှင့်မြင်းကောင်ရေ(၁၀) ကောင်အား ချိန်းဝင်ရိုးတပ်ဆင် ထားသည့် အင်ဂျင် တစ်လုံး၊ဒီဇယ်ဆီ ဂါလံ (၃၀) သိမ်းဆည်းမိကြောင်းသိရှိရသည်။ ကျွန်းစု ရေပြင်တွင်ဖမ်းဆီးမိသည့်ဘင်္ဂါလီ များမှာ (၂၁) ဦးဖြစ်ပြီး ကျား(၁၁) ဦး၊မ (၇) ဦး၊ကလေး(၃) ဦး၊ကလေး(၃)ဦးတွင် ကျား(၁)ဦး၊မ (၂)ဦးဖြစ်ကြောင်း သိရှိရပါသည်။ ဖေဖော်ဝါရီ လ၂၆ ရက်နေ့ နံနက်(၀၀း၁၅) နာရီ အချိန်ခန့်တွင်မြိတ်မြို့ကုန်တိုက်အနီးရှိ ကမ်းနားလမ်းတွင် နှင့်ရပ်ကွက်များအတွင်း ဖမ်းဆီး မိခဲ့ပြီးယခုဖမ်းမိသော ဘင်္ဂလီ များမှာ နောက်ထပ်ဖမ်းဆီး ရမိသော သူများဖြစ်သည်။ ၄င်းတို့ သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တဆင့် စစ်တွေ မြို့သက်ကယ်ပြင်ကျေးရွာနေ ဦးရှော်ဘီထံအခကြေးငွေပေးပြီးထိုင်းနိုင်ငံသို့ အလုပ် လုပ်ရန်အတွက်သွားရောက် ခြင်း ဖြစ်ကြောင်း၊၄င်းတို့ အဖွဲ့တွင် (၆၈) ဦးခန့် ပါရှိပြီးလမ်းခရီးတွင်(၃) ဦးရေထဲ ခုန်ချ သေဆုံးခဲ့ကြောင်း၊၂၆ ရက်နေ့တွင် လူ(၄၀) ဦးအားမြိတ်မြို့ကမ်းနားလမ်းသို့ပို့ဆောင် ပေးခဲ့ပြီး မြိတ်မြို့တွင်ဖမ်းဆီးခံရသည့် သူများ ဖြစ်သည်။ ဖမ်းဆီး ရမိသော ဘင်္ဂလီ များအားမြိတ်မြို့ ရဲစခန်းတွင် ထိမ်းသိမ်းထားကြောင်းသတင်း ရရှိသည်။
မြိတ်မြို့သို့ခိုးဝင် လာသည့်ဘင်္ဂါလီများအား စစ်ရေယာဉ်မှကျွန်းစုရေပြင်တွင်ထ
ပ်မံ ဖမ်းဆီးရမိ

No comments: