Thursday, February 28, 2013

ဧရာဝတီတိုင်း တောင်သူလယ်သမားတို့၏ သတင်းစာရှင်းလင်းပွဲ

၂၈၊၂၊၂၀၁၃နေ့၊နေ့လည် ၁၂း၀၀ နာရီက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ညောင်တုန်းမြို့နယ်၊ မအူပင်မြို့နယ်များမှ ၀ါဝါ၀င်းကုမ္ပဏီလီမိတက်မှ သိမ်းယူထားသော လယ်ဧကများစွာပြဿနာများ အတွက် လယ်မဲ့ယာမဲ့ ဆင်းရဲဒုက္ခခံ တောင်သူလယ်သမားများဘက်မှ သတင်းစာရှင်းလင်းပွဲကို ညောင်တုန်းမြို့နယ်၊ကျွန်းဦးအုပ်စု၊အုတ်ကျင်းကျေးရွာရှိ ငှက်ပျောကျွန်းခတ္တိယတာဘောင်အနီးတွင် ကျင်းပခဲ့ကြသည်။ မိမိတို့မိဘဘိုးဘွားစဉ်ဆက် ဓားမဦးချလုပ်ကိုင်ခဲ့ကြသော လယ်ယာမြေများကို အကျိုးတူ ရေနက်ကွင်း ဖော်ထုတ်ရေးစီမံကိန်း အကြောင်းပြချက်ဖြင့်၊၀ါဝါ၀င်းကုမ္ပဏီလီမိတက်မှ မျှတမှုမရှိသော လျှော်ကြေးငွေဖြင့်လည်းကောင်း၊တချို့ကို လျှော်ကြေးငွေလုံးဝ မပေးခြင်းဖြင့်လည်းကောင်း(၁၉၉၉) ခုနှစ်က အဓမ္မသိမ်းယူခဲ့ပါသည်။ လယ်မဲ့ယာမဲ့ဘ၀ဖြင့် ဆင်းရဲဒုက္ခခံစားနေရသော တောင်သူလယ်သမားများ၏ အကြိမ်ကြိမ်တင်ပြ တောင်းဆိုမှုများကြောင့် မြေစာရင်းဦးစီးဌာနက ၀ါဝါ၀င်းကုမ္ပဏီလီမိတက်မှ ကိုယ်စားလှယ်များ၊သတင်းမီဒီယာများရှေ့မှောက်တွင် ကြားနာစစ်ဆေး ညှိနှိုင်းပေးခဲ့ပါသည်။အမှုမှန်လည်း ပေါ်ပေါက်ခဲ့သဖြင့် ၀ါဝါ၀င်းကုမ္ပဏီလီမိတက်မှ လျှော်ကြေးပေးရန် (၉၊၁၂၊၂၀၁၂)နေ့က သဘောတူခဲ့ပါသည်။သို့သော်လည်း ယနေ့အချိန်အထိ မည်သည့်လျှော်ကြေးငွေမှ မရရှိသေးသဖြင့် ယခုလိုသတင်းစာရှင်းလင်းပွဲကျင်းပရခြင်းဖြစ်ပါသည်။ —  
 

No comments: