
ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့၌ သီတင်းသုံးနေထိုင်တော်မူသော
ဆရာတော်အရှင်ကောဝိဒသည် မန္တလေးတောင်ခြေ ရဟန်းပျိုသမဂ္ဂ အတွင်းရေးမှူးဆရာတော်များတွင် နောက်ဆုံးအတွင်းရေမှူး ဆရာတော်ဖြစ်ပြီး ကနေဒါနိုင်ငံတွင် ခိုလှုံသတင်းသုံးနေတော်မူခဲ့
(၂၃)နှစ်အတွင်း မြန်မာပြည်သို့ ပမထဆုံးအကြိမ် ကြွရောက်တော်မူခြင်း ဖြစ်ပြီး ညိမ်းဆေးခန်းတွင် ဆေးကုသမှုခံယူ လျက်ရှိသော မစိုးရိမ်တိုက်သစ် အဓိပတိ မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသထံ သွားရောက် သြဝါဒခံယူ တော်မူပါသည်။
ဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသက ကနေဒါဆရာတော် ဦးကောဝိဒအား "တိုင်းရေးပြည်ရေး သာသနာရေး ကြိုးစားဆောင်ရွက်ကြ။ ဒို့နိုင်ငံက အလားအလာရှိတယ်။ ကနေဒါနိုင်ငံထက်တောင် ဖွင့်ဖြိုးနိုင်တယ်။"ဟု မိန့်တော်မူပါသည်။


No comments:
Post a Comment