Friday, February 22, 2013

လက်ပန်တောင်း တောင် ဖြိုခံနေရတဲ့ အကြောင်းအချက်က? ဒါယူရေနီယံလား?

လက်ပန်တောင်း တောင် ဖြိုခံနေရတဲ့ အကြောင်းအချက်က? ဒါယူရေနီယံလား?
 လက်ပန်းတောင်းတောင် ကိစ္စနှင့်ပတ်သက်ပြီးတော့ ကြေးနီ သတ္တု တခုချဉ်းဘဲ့မဖြစ်နိုင်ဘူး တခြားအဖုးတန် ဓါတ်သတ္တု တွေ ပါဝင်နေလိမ့်မယ်ဆိုတဲ့ ကျနော်ံသယစိတ်နဲ့ တွေးနေတာတခုကို အားဖြည့် ပေးလိုက်တဲ့ သတင်းဟောင်းတပုဒ်က ဒီလိုပါခင်ဗျား။ စုံစမ်းစစ်ဆေးရေးအဖွဲ့ တွေကလည်း ဒီအကြောင်းရာတွေအပေါ် သေသေချာချာလေ့လာစုံစမ်းသင့်ပါတယ်။
မြန်မာနိုင်ငံ တွင်ယူရေနီယံသတ္တုအမြောက်အများတွေ့ ရှိ ( ၅-၁၁-၁၉၅၇)
၁၉၅၇ ခုနှစ်၊ နိုဝင်ဘာလ ၅ရက်နေ့ ထုတ်မြန်မာ့အလင်းသတင်းစာတွင်  
မြန်မာနိုင်ငံ တွင်ယူရေနီယံသတ္တုအမြောက်အများတွေ့ ရှိနေပြီဖြစ်ကြောင်းသတင်းတစ်ပုဒ်ဖေါ်ပြပါရှိပါသည်။
သတင်းအကြောင်းအရာကို" သည်လိုသာဆို မြန်မာသူဋ္ဌေးဖြစ်လိမ့်မည်။ 
ယူရေနီယံတန်ချိန်များစွာတွေ့ ရှိနေရသည်ဆိုခြင်း" ဟူ ခေါင်းစဉ်တပ့်ထားပါသည်။
သတင်းတွင်ဖေါ်ပြချက်အရ တောင်တွင်းကြီးမြို့ နှင့် မိုင် (၃၀) အတွင်း  ယူရေနီယံသတ္တု များကိုဆက်တိုက်
တွေရှိနေရခြင်းကြောင့်စက်မှုလက်မှုဝန်ကြီး၏ွှန်ကြားချက်အရအမြူသုတေသနအဖွဲ့ သွားရောက်လေ့လာ
ခဲ့ကြကြောင်းသိရှိရသည်။  မြူသုတေသနအဖွဲ့ သည်မကွေးနယ်၊ အင်းကန်ရွာမှရွာသား ဦးသာစိန်နှင့်
အပေါင်းအပါတို့ လိုက်လံပြသမှု ကြောင့် နောက်ထပ့် သတ္တု ထွက်ရာ (၁၂) နေရာကို တွေ့ ရှိခဲ့ကြသည်ဟု
ဆိုသည်။ ထိုနောက် တောင်တွင်းကြီးမြို့ မှဦးရှိန်၊ ဦးဘိုးကောင်းနှင့် ဦးသာစိန်တို့ အဖွဲ့ သည် သရက်ခရိုင်
ဘက်သို့ ခရီးပြင်းထွက်ခွါရှာဖွေကြရာ သတ္တု များအမြောက်အမြားထပ့်မံတွေ့ ရှိခဲ့ရသည်ဟုဆိုပါသည်။
ချို့ နေရာများတွင်အမြင့်ပေ (၁၀၀)ကျော်ခန့် ရှိသည့်လျှိုမြောင်ကမ်းပါးများတင်   ယူရေနီယံသတ္တု ကြော
ကိုတွေ့ ရှိကြရာတစ်နေရာတွင် အရှည်နှစ်မိုင်ခန့် သတ္တုကြောကြီး နှစ်ကြောကိုတွေ့ ရှိကြရသည်။
 
ဒီသတင်းကအစိုးရကတရာဝင်ထုတ်ပြန်ထားတဲ့ သတင်းဟောင်းတပုဒ်ပါ။ 
လွန်ခဲ့တဲ့ ၁၉၅၇ ခုနှစ်ကတည်းကပါ။ ဒါပေမယ့် တိတိကျကျ ဘယ်သူ
တွေကမှထုတ်ဖေါ်နိုင်ခဲ့ကြတယ်လို့ မသိခဲ့ကြရပါ။ အခုအချိန်မှာ၊ တရုတ်တွေနှင့် ဦးပိုင်တွေက ဒီစီမံကိန်းကိ
ဘယ်သူတွေကဖျက်ဖျက် ဆက်ပြီး လုပ့်မယ်လို့ ကြေငြာလာကြတာ ကို သံသယရှိလို့ ရှာဖွေလေ့လာရင်းနှင့် 
ပြန်တွေ့ လာတဲ့သတင်းဟောင်းကိုအားလုံးပြန်လေ့လာလို့ ရအောင်ပြန်တင်ပေးလိုက်တာပါ။
ဘလော့ဂါ    
 

No comments: