Monday, February 18, 2013

ကနေဒါနိုင်ငံမှ ပါလီမန်အမတ်များအဖွဲ့များ၈၈မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့

ကနေဒါနိုင်ငံမှ ရောက်ရှိနေသော ပါလီမန်အမတ်များအဖွဲ့သည် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်၊ နံနက် ၁၁း၃၀ နာရီမှ မွန်းလွဲ ၁၂း၃၀ နာရီ အထိ ရန်ကုန်မြို့၊ Park Royal Hotel တွင် ၈၈မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံဆွေးနွေးကြရာတွင် ယနေ့မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော လက်ရှိနိုင်ငံရေး အကူးအပြောင်းအခြေအနေနှင့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ အလားအလာများကို ဆွေးနွေးခဲ့ကြသည်။

No comments: