Monday, February 18, 2013

ပြည်ပကလူတွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာချင်ပါတယ်

 
ပြည်ပရောက်တွေဘယ်တော့ပြန်လာမှာလဲ ဆိုတဲ့ ကိုမင်းကိုနိုင်ရဲ့ မျှော်လင့်ချက် စေတနာမိန့်ခွန်းကို ကျနော်တို့ဆွေးနွေးဖြစ်ကြပါတယ်။

လက်တွေ့ကျတဲ့ အချက်တချက်လောက်ပြောပြပါရစေ။

ကျနော်တို့ ၈၈ မျိုးဆက်တွေဟာ အသက် ၄၀- ၅၀ ကျော်တန်းတွေကို ရောက်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်တယ်။ အာဏာလိုချင်တယ်။
အာဏာရှိမှ တိုင်းပြည်အပေါ်လုပ်ပေးချင်တာတွေ လုပ်ပေးလို့ရမယ် ဆိုတာတွေကို ရိုးသားစွာပြောခဲ့ပါတယ်။

ကျနော်တို့ကလည်း ရိုးရိုးသားသားလေးတွေးပြီး ပြောပါရစေ။

ပါဝါနိုင်ငံရေးကို ဝင်ရောက်ပါဝင်ချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၈၈ မျိုးဆက်တွေ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ အကျဉ်းထောင်ထဲရောက်နေစဉ်တုံးကပြည်ပကသူတွေဟာ
ပြည်တွင်းမှာ ရုန်းကန်နေသူ အားလုံးကို သူရဲကောင်းတွေအဖြစ်
သတ်မှတ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုခံရအောင် နည်းပေါင်းစုံကြိုးစားခဲ့ကြပါတယ်။

ဒါပေမဲ့ ခုတော့---- ပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ် ဆိုတဲ့ ကျနော်တို့နိုင်ငံမှာ ပြည်ပကသူတွေ နိုင်ငံရေးပါဝါထဲမှာ ဝင်ပါလို့မရအောင် တားဆီးထားပါတယ်။

တိုင်းပြည်တွင်းမှာ အနည်းဆုံး (၁၀) နှစ်နေထိုင်သူဖြစ်ရမယ်။

အစိုးရကို အကြည်အညိုပျက်အောင် မလုပ်ရဘူး-- စတဲ့စကားလုံးတွေနဲ့ ကြိုတင်လက်မှတ်ထိုးခိုင်းထားပါတယ်။

သူများတိုင်းပြည်မှာ နိုင်ငံရေးကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ရပေမဲ့ ကိုယ့်တိုင်းပြည်ပြန်တဲ့အခါ ပြင်းထန်တဲ့ခွဲခြားမှုတွေကို တွေ့နေရပါတယ်။

၈၈ ပြည်တွင်းအတွက် ကွင်းတကွင်း၊ ပြည်ပအတွက် ကွင်းတကွင်း ခြံခပ်ထားပါတယ်။

ဂုဏ်သိက္ခာဆိုတာ အရေးကြီးပါတယ်။

ပြည်ပမှာ ပရိုပိုဆယ်တင်စား ရှုပ်ပွေ အားရတော့၊ သမ္မတဘေးမှာ ငြိမ်းချမ်းရေးအကြံပေးလိုလို၊ စီးပွားရေးအကြံပေး လိုလို လုပ်နေတဲ့သူတွေလိုမျိုး မလုပ်ရဲကြပါ။

လူတော်တော်များများက အရှက်ရှိကြပါတယ်။

ဒါကြောင့် ကျနော်တို့ရဲ့ နောင်တော်ကြီး ကိုမင်းကိုနိုင် တို့ကိုပဲ ပြန်ပြီး အားကိုးတကြီးပြောချင်ပါတယ်။

ပြည်ပကလူတွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာလို့ရမဲ့ အခြေအနေလေးတွေ၊

ပြည်ပကသူတွေအပေါ်ခွဲခြားထားတဲ့ ဥပဒေတွေကို ပြင်ဆင်ရုတ်သိမ်းပေးဖို့ တောင်းဆိုပေးပါလို့။

၈၈၈၈ အရေးတော်ပုံကြီးအခန်းအနားမှာ ငွေထည့်ဂုဏ်ပြု အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်နေတဲ့ လက်ရှိအစိုးရဟာ ကျနော်တို့လို ဘာမဟုတ်တဲ့ ပြည်ပကလူတွေအပေါ် တားထားတဲ့ ကြိုးတွေကို ဖယ်ပေးပြီးတဲ့အခါ

ဘယ်တော့ ပြန်လာမလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေတွေ ရှိလာမှာပါ။

ပြည်ပမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပြည်ပရောက်တွေရဲ့ အခြေအနေတွေကို နောက်တပိုင်းမှာဆက်လက်ဆွေးနွေးပါအုံးမယ်။

ကိုမင်းကိုနိုင် နှင့် ၈၈ မျိုးဆက်များ ကျန်းမာကြပါစေ။ လိုအင်ဆန္ဒပြည့်ဝကြပါစေ။
 
 
ရဲဘော်ကြီး မင်းကိုနိုင် ( ကိုပေါ် ) ရေ ..ခင်ဗျားက တပ်လှန့်နှိုးဆော်လိုက်လို့ ကိုယ်တတ်
ထားတဲ့ ပညာတွေနဲ့ တိုင်းပြည်လူထုကို တတ်အားသရွေ့ ပုခုံးထမ်းပေးခြင်နေတဲ့သူတွေ
ရှိပါတယ်....လာလဲ လာခြင်ပါတယ်....။ ကိုယ်ကျိုးမဖက်လဲ လုပ်ပေးခြင်ပါတယ်...သို့သော်
အမေရိကားအနေထားတခုကိုပြောမယ်ဗျာ....အမေရိကားမှာ နိုင်ငံရေးခိုလှုံခွင့် ၊ ဒုက္ခသည်
အဆင့်နဲ့ နေထိုင်နေရသူများဟာ...မိမိ မိခင်တိုင်းပြည်ကို ( Green Card ) ကိုင်ထားယုံ
နဲ့ ပြန်လာလို့မရဘူး...။အမေရိကား ဥပဒေအရ...( အဲသလိုပြန်သွားမယ်ဆို ) ပြန်ဝင်ခွင့်
မပေးတော့ဘူး.....အပြီးပြန်မယ်ဆို ရင်တော့ရတာပေါ့....ဒီမှာကလည်း လုပ်ငန်းကိုင်ငန်း
မိသားစုဘ၀တွေနဲ့ အခြေတည်နေလေတော့....လုံးလုံးကြီး..မြန်မာပြည်ကို အပြီးပြန်လာ
ဘို့ ဆုံးဖြတ်တဲ့ သူဆိုတာ...ရာနှုံးနည်း ပါလိမ့်မယ်။ သွားချည် လာချည် ကြိုးစားမယ်ဆိုရင်
တော့ ဖြစ်နိုင်ပါတယ်...ဒီလိုဖြစ်ဘို့ဟာက ( အမေရိကန်နိုင်ငံသားဖြစ်မှ ရမှာပါ )...။ ဟုတ်ပြီ
အမေရိကန်နိုင်ငံသား ဖြစ်လို့ တိုင်းပြည်ကို ပြန်ဝင်လာ ပြီး..ကိုယ်နိုင်သလောက် ၀န်ကို
ထမ်းကြမယ်ဆိုရင်တောင်....အခက်အခဲတွေက တားဆီးနေတယ်...အခြေနေအရပ်ရပ် အတိုင်း
တာတခုထိ ပြောင်းလည်းနေတာကို မသိပဲ..အိပ်ပျော်နေတဲ့ အာဏာပျက် ၀န်ထမ်းတချို့နဲ့
က ကွိုင်ဗျ....။ ဆိုပါတော့...မြန်မာပြည်ကို တခြားနိုင်ငံသား အဖြစ်ပြန်သွားတဲ့သူတွေရဲ့ ဒုက္ခ
တစိတ်တဒေသပြောပြခြင်တယ်....မြို့ကြီးတွေမှာ သိပ်ပြသနာမရှိပေမဲ့..နယ်မြို့တိုင်းမှာ
လောက် ..( လ၀က ၊ ရဲတွေ ၊ မြို့နယ်အုပ်ချုပ်ရေးမူးတွေ ၊ ကြံ့ဖွတ် အမတ် တွေ ) နဲ့ ထိပ်
တိုက်တိုးတယ်...မြို့ပေါ်နေဘို့ လက်မခံဘူး...ချက်ခြင်းမောင်းထုတ်တယ်..။ နိုင်ငံရေးနဲ့ လုံး
ဝ မပတ်သက်ပဲ...ပြန်သွားသူတစ်ယောက်တောင်...မောင်းထုတ်လို့..ကိုယ့်ဇာတိမြို့မှာ ကိုယ့်
အိမ်ရှိနေရက်နဲ့...ဘယ်သွားရမှန်း မသိဖြစ်ခဲ့ဘူးတယ်....။ ဒါပေမဲ့ မြို့ပေါ်မှာ အမေရိကန်နိုင်
ငံသား အပါဝင် ၊ တရုတ်နိုင်ငံသားတွေ တာဝန်ထမ်းဆောင်နေတာတော့ လျှောလျှောရှုရှုပါပဲ
မြန်မာရုပ်ကြီးနဲ့ ( မြန်မာလူမျိုးအစစ်က ) တခြားနိုင်ငံသား အဖြစ် မြန်မာနိုင်ငံကို ပြန်လာရင်
သိပ်မဟုတ်ခြင်ဘူးလို့ ငြီးကြသူတွေ အများသားလား ( အားလုံးမဆိုလိုပါဘူး ) အဓိက က
နယ်မြို့တွေကို ရောက်သွားတဲ့သူတွေမှာ အဖြစ်များပါတယ်။
တခြားဟာတွေက....ထားပါဦးဗျာ ဒီလို အဆင့်မှာတောင် သိပ်မဟုတ်လှ
လေတော့....တော်ယုံလူက သိပ်မစဉ်းစားရဲသေးဘူး။ ခင်ဗျားတို့ ရဲ့စေတနာနဲ့ ယုံကြည်ချက်
ကို ( လုပ်ဖော်ကိုင်ဘက် အချင်းချင်းတွေမို့ ) သဘောပေါက်နေပြီးသားပါ။ နိုင်ငံရေးလုပ်ရဘို့
ဆိုတာ ဝေလာဝေး...အမိမြေကို ခြေချဘို့တောင်...မချောင်သေးဘူးဗျ။

No comments: