Monday, February 25, 2013

မဲဆောက်မြို့နယ်က ယာယီနိုင်ငံကူးလက်မှတ် အတု လုပ်ပေးနေ တဲ့အဖွဲ့ မှတဦးကို ဖမ်းဆီးရမိ

အလုပ်သမားတွေအတွက် ယာယီနိုင်ငံကူးလက်မှတ် အတု လုပ်ပေးနေ တဲ့အဖွဲ့က ဦးအောင်ကိုလတ် ( ရန်ကုန်က ရဲဝန်ထမ်းဟောင်း ) တဦးကို ဒီကနေ့ဘဲ သူငှါးရမ်းနေထိုင်ရာ မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက် ထိုင်းမြန်မာချစ်ကြည်ရေးတံတားလမ်းကြားထဲက တိုက်ခန်းမှာ သွားရောက်ဖမ်းမိခဲ့ တယ်လို့ မဲဆောက်မြို့နယ် လ၀က ညွှန်ကြားရေးမှူး ရဲမှူးကြီး ဖုန်းနခွန်း နခွန်းဆန်တိဖပ် က ပြောပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြ၀တီကနေ မဲဆောက်မြို့အ၀င် ထိုင်းလ၀က ဂိတ်မှာ မဖြိုးဖြိုးဝင်း ( အသက် ၁၆ ) နှစ်ရဲ့ ယာယီနိုင်ငံကူးလက်မှတ် MWD 075821 မှာ မဲဆောက် လ၀ကတံဆိပ်တုံး အတု ကို စစ်ဆေးမိရာက ခြေရာခံ လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စမှာ ဦးအောင်ကိုလတ်ရဲ့ ဇနီးဖြစ်သူ မအေး ( အသက် ၅၀ ) နှစ်က အဓိက တရားခံဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ သူမ နဲ့တကွ နိုင်ငံကူးလက်မှတ်အတုလုပ်တဲ့ ဂိုဏ်းတခုလုံးကို ဖမ်းဆီးရမိဖို့ ဆက်ကြိုးစားသွားမယ်လို့ ဒုဗိုလ်မှူးကြီး ဖုန်းနခွန်း နခွန်းဆန်တိဖပ် က ပြောသွားပါတယ် ။DVB TV News

No comments: