အာရှတစ်လွှား အံ့ဘ နန်း စီးပွားရေးတိုးတက်မှုဖြစ်စဉ် ကို
ငန်းငှက်များအုပ်လိုက် ဗွီ V ပုံ သဏ္ဌာန် ပျံသန်းပုံနဲ့ ခိုင်းနှိုင်းပြော
ဆိုလေ့ ရှိကြတယ်။ ငန်းများ အုပ်လိုက် ဗွီပုံ သဏ္ဌာန် ပျံသန်းကြတဲ့အခါ ဦး
ဆောင်ငှက်က ကနဦး လေထုကို ထိုးဖောက်လိုက်တယ်။ ကွဲသွားတဲ့ လေက အပေါ်ဘက်
မြင့်တက် သွားပြီး နောက်ငှက်များရဲ့ တောင် ပံတွေကို ရိုက်ခတ်ပင့်တင်ပေး
တယ်။ ဒီလိုနဲ့ နောက် ငှက်တွေဟာ သိပ်အားမစိုက်ရတော့ဘဲ ခပ်ဝေး ဝေး
ပျံသန်းနိုင်ကြတယ်။ အုပ် လိုက်ပျံသန်းတဲ့အခါ နောက်ငှက် က ရှေ့ငှက်ထက်
နည်းနည်းလောက်ခပ်မြင့်မြင့်ကပျံတယ်။ ဒီတော့ နောက်ငှက်အတွက် မြင်
ကွင်းပိုကောင်းတဲ့အပြင် လေရဲ့ခုခံ အားကို လည်း လျော့ နည်းသွားစေ တယ်။
ဦးဆောင်ငှက်ဟာ ကန ဦးလေထုကို ထိုးဖောက်ရတဲ့ငှက် ဖြစ်တဲ့အတွက် အခြားငှက်တွေ ထက် အားစိုက်ရမှု ပိုများတာ ကြောင့် အားအင်ကုန်ခန်း ပင်ပန်း နွမ်းရိလွယ်တယ်။ ဒီတော့ ဗွီပုံ သဏ္ဌာန်ပျံသန်းမှုကို ပုံပန်းမပျက် စေဘဲ ဦးဆောင်ငှက်ရဲ့ နေရာကို အခြားငှက်တွေက အလှည့်ကျ ဝင် ရောက်တာဝန်ယူပေးကြတယ်။
ဒီ Flying Geese Formation နဲ့ အာရှစီးပွားရေး တိုး တက်မှုပုံစံကို ပထမဦးဆုံး ဆက် စပ်တင်ပြခဲ့သူက ဂျပန်ပညာရှင် တစ်ဦးဖြစ်တဲ့ Kaname Akamatsu ဖြစ်တယ်။ ဂျပန်နိုင်ငံကနေပြီး စက်မှုလုပ်ငန်းတွေဟာ အာရှမှ ထွန်းသစ်စ စက်မှုစီးပွားရေးများ- Newly Industrialized Economies-NIE ဆီသို့ ရွေ့လျားစီးဆင်း သွားပုံကို သူက ၁၉၆၁ ခုနှစ်က တည်းက ရှင်းလင်း တင်ပြ ခဲ့တယ်။
ဂျပန်နိုင်ငံဟာ ဦးဆောင် ငှက်အနေနဲ့ နှစ်ပေါင်း ၃ဝ လုံးလုံး အာရှစီးပွားရေး တိုးတက်မှုကို ဦး ဆောင်ဦးရွက် ပြုခဲ့တယ်။ စက်မှု လုပ်ငန်းတွေဟာ ဂျပန်မှ အခြား သော အာရှနိုင်ငံများသို့ စီးဆင်းသွားခဲ့ပြီး ဂျပန်အင်အား ကုန်ခန်း သွားတဲ့အခါ တောင်ကိုရီးယား၊ တ ရုတ်နဲ့အိန္ဒိယနိုင်ငံများက ဦး ဆောင်ငှက်တာဝန်ကို လွှဲပြောင်း ရယူခဲ့ကြတယ်။ ဒီတာဝန်ကို အာရှတစ်နယ်တစ်လျား မှာ နောက် ဆုံး လွှဲပြောင်းရယူနိုင်တာက အရှေ့ တောင်အာရှနိုင်ငံများအဖွဲ့- Association of South East Asian Nations- ASEAN ဖြစ် တယ်လို့ အခုတော့ ကမ္ဘာက မြင်နေကြပါ ပြီ။
အာဆီယံအဖွဲ့ကို ၁၉၆၇ ခုနှစ်က ဘန်ကောက်မြို့မှာ ဖွဲ့ စည်းထူထောင်ခဲ့ကြတယ်။ ဖွဲ့စည်း စဉ်က အင်ဒိုနီးရှား၊ မလေးရှား၊ ဖိ လစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ ပဲ ပါဝင်ခဲ့တယ်။ အဓိက ရည်မှန်းချက်ကတော့ အဲဒီခေတ်ကာလ တုန်းက ချဲ့ကားလာတဲ့ ကွန်မြူ နစ် ဝါဒကို စုပေါင်းတွန်းလှန်ခုံခံကာကွယ်ရေးဖြစ်တယ်။ ဗီယက်နမ် စစ်ပွဲပြီးတဲ့နောက် အာဆီယံအဖွဲ့ ဟာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဘက်ဦးတည်ချက်ပြောင်းခဲ့တယ်။ ၁၉၈ဝ နှစ်များရဲ့အလယ် လောက်မှာ အဖွဲ့ဟာ ဘယ်လမ်း ဆက်လျှောက် ရမှန်းမသိဘဲ စမ်းတ ဝါးဝါး ဖြစ်နေခဲ့တယ်။
၁၉၉ဝ နှစ်များရဲ့ အ စောပိုင်းကာလမှာ ထိုင်းနိုင်ငံက ဒေသတွင်း လွတ်လပ်တဲ့ကုန်သွယ် ရေး ထူထောင်ဖို့ အဆိုပြုခဲ့တယ်။ ဒီအစီအစဉ်ဟာ အာဆီယံအတွက် ရပ်တည်ရှင်သန်နိုင်တဲ့ လမ်းစဉ်တစ်ခု ဖြစ်လာတယ်။ အာဆီယံအဖွဲ့ဟာ ဒေသတွင်း အခြားနိုင်ငံ များကို အဖွဲ့ဝင်ဖြစ်ရေးအတွက် ဆွဲဆောင်စည်းရုံးလာတယ်။ ဒီအစီအစဉ်အရ ဘရုနိုင်းနိုင်ငံဟာ ၁၉၈၄ ခုနှစ်မှာ အဖွဲ့ ဝင်ဖြစ် လာပြီး
ဗီယက်နမ်နိုင်ငံက ၁၉၉၅ ခုမှာ အဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ နောက် ပိုင်းမှာ လာအိုနဲ့ မြန်မာနိုင်ငံတို့ က ၁၉၉၇ ခုနှစ်မှာ အဖွဲ့ဝင်ဖြစ် လာကာ ကမ္ဘောဒီးယားက ၁၉၉၉ ခုမှာ အဖွဲ့ဝင် ဖြစ်လာခဲ့တယ်။
ဒေသတွင်း နိုင်ငံများ ပါ ဝင်ရေးကို အဓိကထားခဲ့တဲ့အ တွက် ဒီမိုကရေစီနိုင်ငံတွေရော ကွန်မြူနစ်နိုင်ငံတွေရော ပါဝင်တဲ့ အပြင် အဲဒီတုန်းက မြန်မာနိုင်ငံလို စစ်တပ်က အာဏာသိမ်းထားတဲ့ နိုင်ငံလည်း ပါဝင်ခဲ့တယ်။ စနစ် ချင်းမတူတဲ့ နိုင်ငံများ ပူးပေါင်းထား တဲ့အတွက် တစ်နိုင်ငံပြည်တွင်းရေး ကို တစ်နိုင်ငံက ဝင်မစွက်ဖက်ရေး ဆိုတဲ့ အချက်က အရေးပါတယ်။
စီးပွားရေးနယ်ပယ်မှာကျ တော့လည်း အဆင့်တွေက မတူကြ ဘူး။ စင်ကာပူ၊ ထိုင်း၊ မလေးရှား တို့က ရှေ့တန်းက အာရှ ကျား နိုင်ငံတွေလို့ ခေါ်ဝေါ်သမုတ်ကြတဲ့ အထဲမှာ ပါဝင်ကြတယ်။ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားတို့က တော့ စီးပွားရေးအဆင့် မှာ နောက် ပိတ်ဆုံးက နေတဲ့နိုင်ငံတွေ။ လူဦး ရေအရပြောရင် အင်ဒိုနီးရှားနိုင်ငံ က သန်း ၂ဝဝ ကျော်နဲ့ ထိပ်တက် နေပြီး ဘရုနိုင်း၊ စင်ကာပူနဲ့လာအို နိုင်ငံတွေက လူဦးရေ အနည်းဆုံး နိုင်ငံတွေ ဖြစ်တယ်။ ဘာသာရေး အရကြည့်ရင် အစ္စလာမ်ဘာသာ၊ ခရစ်ယာန် ဘာသာနဲ့ ဗုဒ္ဓဘာသာ ဝင်တွေ များတယ်။
ဒါပေမယ့် အာဆီယံကို ဈေးကွက်တစ်ခုအနေနဲ့ ကြည့်ရင် သယံဇာတ ပြေါ<ွကယ်ဝပြီး လူဦးရေ သန်း ၆ဝဝ လောက်ရှိတဲ့ ဧရာမ ဈေးကွက်ကြီးဖြစ်တယ်။ ဒါကြောင့် ကမ္ဘာက ဒီဈေးကွက်ကြီးကို စိတ်ဝင်တစား စောင့်နေကြတယ်။ ဒီ ဈေးကွက်ကြီးဟာ တလှုပ်လှုပ်တရွရွနဲ့ရှင်သန်ကြီးထွားလာနေတယ်။ တဖြည်းဖြည်း တိုးတက်လာနေ တယ်။ အာဆီယံဈေးကွက်ကြီးဟာ အဖွဲ့ဝင်နိုင်ငံ များအကြား နီးနီးကပ်ကပ် ဆက်စပ်နေတဲ့အပြင် ပထဝီ အနေအထားအရ တရုတ်နဲ့ အိန္ဒိ ယနိုင်ငံများကြားမှာ တည်ရှိနေတဲ့ အတွက် အင်မတန်အလားအလာ ကောင်းတဲ့ ဈေးကွက်ကြီးဖြစ် တယ်။
ရီဂျန်နယ် လိုက်ဇေးရှင်းခေတ်
နိုင်ငံစုံ အခြေစိုက် ဧရာ မကုမ္ပဏီကြီးတွေ- Multinationals က ဂလိုဘယ်လိုက်ဇေးရှင်း- Globalization ဟာ ဒီကနေ့ ခေတ် နဲ့ ကြောင်းကျိုးညီညွတ်မှု မ ရှိတော့ဘူးလို့ ယူဆလာကြတယ်။ သူတို့အမြင်မှာ ဂလိုဘယ်လိုက် ဇေးရှင်းဟာ ခေတ်မမီတော့ ဘူး၊ ခေတ်ကုန်သွားပြီလို့ မြင်ကြတယ်။ သိပ်ပြီး မကြာမြင့်သေးတဲ့အချိန်က မှ အသစ်စက်စက် ထွက်ပေါ်လာခဲ့တဲ့ ရီဂျန်နယ် လိုက်ဇေးရှင်း- Regionalization ဟာ စီးပွားရေးလုပ် ငန်းများ ဆောင်ရွက်ရာမှာ ဂလို ဘယ်လိုက်ဇေးရှင်းထက် ပိုပြီး အရေးပါတယ် လို့ ထောက်ပြလာ ကြတယ်။
နိုင်ငံစုံ ကုမ္ပဏီကြီးတွေ ဟာ သတ်သတ်မှတ်မှတ်ဒေသများ ကို အာရုံစူးစိုက်ပြီး ကုန်ထုတ်လုပ် ဖို့ အချိန်ရောက်လာပြီလို့ ဆိုကြ တယ်။ ဒေသကုမ္ပဏီများအတွက် လည်း ဂလိုဘယ်လိုက်ဇေးရှင်းဟာသူတို့အဖို့ သိပ်ပြီး ယေဘုယျဆန် တယ်၊ စိတ္တဇဆန်တယ်၊ စိတ်ကူး ယဉ်မှုတစ်ခုလိုဖြစ်နေတယ်။ ဒါကြောင့် ကုမ္ပဏီတွေဟာ ဂလိုဘယ်လိုက်ဇေးရှင်းကို ဖယ်ရှားပြီးဒေသဆိုင်ရာ ဈေးကွက်တွေ ကို စိတ်ဝင် စားလာကြတယ်။
ဒီလိုအချိန်ကောင်းမှာ အာဆီယံ ဆယ်နိုင်ငံဟာ အဖွဲ့ဝင် အချင်းချင်း ပေါင်းစုပြီး ဒေသဆိုင် ရာ တစ်ခုတည်းသော ဈေးကွက် ပုံဖော်ဖန်ဆင်းဖို့ အပူတပြင်း လုပ် ဆောင်လာကြတယ်။ ဒါကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ASEAN Community 2015 လို့ ကမ္ပည်း ထိုးထားကြတယ်။ တကယ်တော့ ဒီ တစ်ခုတည်းသော ဈေးကွက်- Single Market ကို ၂ဝ၂ဝ ပြည့် နှစ်ရောက်တော့မှ ဖွဲ့စည်းဖို့ ကန ဦး စီစဉ်ခဲ့ကြပေမယ့် ငါးနှစ် လောက် စောပြီး ၂ဝ၁၅ မှာ အ ကောင်အထည်ဖော်ဆောင်ဖို့ အဖွဲ့ ဝင်နိုင်ငံများအားလုံး တစ်ညီတစ် ညွတ် သဘောတူ ဆုံးဖြတ်ခဲ့ကြ တယ်။
ငြိမ်းချမ်းတဲ့၊ြ<ွကယ်ဝချမ်း သာတဲ့ ပြည်သူလူထု ဗဟိုပြု အာ ဆီယံ လူ့ဘောင်အဖွဲ့အစည်း တည်ထောင်ဖန်ဆင်းရေးအတွက် ASEAN Community မှာ အချက် အချာကျတဲ့ အမာခံကျောရိုးသုံးခုရှိတယ်။ ဒါတွေကတော့ ASEAN Security Community, ASEAN Economic Community နဲ့ ASEAN Socio-Cultural Community တို့ဖြစ်တယ်။ အာဆီယံ ဒေသအတွင်း ဒီလို ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ပန်းတိုင်ဆီ ရောက်ဖို့ အာဆီအဖွဲ့ဝင်နိုင်ငံတွေ ဟာ အတူတကွ လက်တွဲပြီး လျှောက်လှမ်းကြမယ်လို့ တညီတ ညာ ဆန္ဒပြုထားကြကြောင်း အခိုင် အမာ ဆိုကြတယ်။
ဒီလို ရည်မှန်းချက်တွေ နဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံများဟာ ဒေသတွင်း ကုန်သွယ်ရေးကို လစ် ဗရယ်နည်းဗျူဟာတွေနဲ့ လွတ် လွတ်လပ်လပ် ပုံဖော်လာခဲ့ကြ တယ်။ ပြီးတော့ အဖွဲ့ဝင်နိုင်ငံများ ကြားမှာ အကောက်ခွန်နှုန်းထား တွေ ကိုလည်း လျှော့ချ ခဲ့ကြ တယ်။ ကုန်သွယ်ရေး ပိုမိုလွတ်လပ်လာတဲ့ အတွက် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ချင်းစီရဲ့ ပြည်တွင်းစီးပွားရေးမှာ ကုမ္ပဏီကြီးများအကြား ယှဉ်ပြိုင်မှုပိုမိုမြင့်တက်လာမယ့်အပြင် ဒေသ တွင်း စီးပွားရေးလုပ်ငန်းတွေမှာ လည်း ယှဉ်ပြိုင်မှု ကြီးမားလာမှာ ဖြစ်တယ်။ အဲဒါအပြင် ကမ္ဘာ့နိုင်ငံစုံ အခြေစိုက်ကုမ္ပဏီကြီးများကလည်း အာဆီယံဒေသတွင်း စီးပွား ရေးလုပ်ငန်းကြီးများနဲ့ ပြိုင်ဆိုင် လာကြမှာ ဖြစ် တယ်။
အာဆီယံဟာ တစ်ခု တည်းသော ဈေးကွက်ကြီးဖြစ်လာ တော့မယ်လို့ လေသံကြားက တည်းက အချို့သော ဒေသတွင်း ချန်ပီယံ ကုမ္ပဏီကြီးတွေဟာ ပြည် တွင်းမှာသာမက ဒေသတွင်းနိုင်ငံ တွေမှာပါလုပ်ငန်းတွေ တိုးချဲ့ဖွင့် လှစ်လာခဲ့ကြတယ်။ ထိုနည်းတူ နိုင်ငံစုံ ကုမ္ပဏီကြီးတွေကလည်း အာဆီယံဒေသတွင်းကုမ္ပဏီကြီးများနဲ့ပူးပေါင်းပြီး လုပ်ငန်းဆောင် ရွက်ဖို့ ကြိုကြိုတင်တင် ခတ်ကွင်း ပြင် ထားခဲ့ကြပြီးပြီ။
ပမာအားဖြင့် စင်ကာပူ အခြေစိုက် ပေါင်မုန့်ထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ Bread Talk ဟာ နိုင်ငံတွင်းမှာ ဆိုင်ခွဲတွေ အ များအပြား ဖွင့်လှစ်ရောင်းချရုံသာမက မလေးရှား၊ အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင် အပါအဝင် နိုင်ငံ ၁၆ နိုင် ငံမှာ ဆိုင်ခွဲတွေ တိုးချဲ့ဖွင့်လှစ် ထား ခဲ့ကြပြီး ဖြစ်တယ်။ အင်ဒိုနီးရှားက စားသောက်ဆိုင်လုပ်ငန်းကြီး Es Teller 77 ဆိုရင်လည်း ပြည်တွင်း ၌သာမက စင်ကာပူ၊ မလေးရှားနဲ့ သြစတြေးလျအထိ နယ်ပယ်တိုးချဲ့ ထားတယ်။
အဲသလိုပဲ ဗီယက်နမ်က နာမည်ကြီး ခေါက်ဆွဲဆိုင်လုပ်ငန်း ကြီးဖြစ်တဲ့ Pho 24 ကလည်း သူ့ ရဲ့ဆိုင်တွေကို ပြည်တွင်းနဲ့ ဒေသ တွင်းနိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်နဲ့ ဂျပန်အထိတောင် လုပ် ငန်းတိုးချဲ့ထားတယ်။ ပြီးတော့ ဖိလစ်ပိုင်အခြေစိုက် San Miguel Beer လုပ်ငန်းကြီးဆိုရင်လည်း အာ ဆီယံဒေသတွင်း နိုင်ငံအတော်များ များမှာ နေရာ ယူထားကြပြီး ဖြစ် တယ်။
ခုခေတ်မှာ နိုင်ငံစုံကုမ္ပ ဏီကြီးတွေဟာ သူတို့ရဲ့ ကုန်စည် တွေကို သူတို့ရဲ့ ဖောက်သည်တွေ နေထိုင်တဲ့ ဒေသတွေမှာ ထုတ်လုပ် လာကြတယ်။ ပမာအားဖြင့် ဂျပန်ကားကုမ္ပဏီကြီးတွေနဲ့ အီလက်ထရွန်နစ်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ အရှေ့တောင် အာရှဒေသအတွက် ပစ္စည်းတွေ ကား တွေ ထုတ်လုပ်တာကို အဲဒီဒေသ အတွင်း နိုင်ငံတစ်နိုင်ငံမှာ အခြေ စိုက်ပြီး ထုတ်လုပ် လာကြ တယ်။ ဒီတော့ အဲဒီကုမ္ပဏီကြီးတွေအနေနဲ့ ဒေသတွင်းမှာ လုပ်ငန်းဆောင်ရွက် နိုင်အောင် ကြိုတင်ပြင်ဆင်ထားခဲ့ ကြပြီး ဖြစ် တယ်။
တရုတ်နိုင်ငံက သူ့ရဲ့ ဈေးကွက်ကို ဖွင့်ပေးခဲ့ချိန်က နိုင်ငံ စုံကုမ္ပဏီကြီးများဟာ အာဆီယံ ဒေသကို ကျော်လွှားပြီး တရုတ် ပြည်မှာ သွားရောက်ရင်းနှီးမြှုပ်နှံခဲ့ ကြတယ်။ တစ်နည်းပြောရင် နိုင်ငံ ခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ- Foreign Direct Investments-FDI ဟာ တရုတ်ပြည်ထဲ စီးဝင် သွားတယ်။ ဒီတော့ အဲဒီတုန်းက အာဆီယံနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံ မှု ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံကြိုက် ခဲ့ကြရတယ်။ ဒါပေမယ့် အခုတော့ ဒီလိုမဟုတ်တော့ဘူး။
တရုတ်ပြည်မှာ လုပ်ခ ဈေးနှုန်း မြင့်တက်လာတာကြောင့် နိုင်ငံစုံကုမ္ပဏီကြီးတွေဟာ တရုတ် မသွားတော့ဘဲ အာဆီယံဘက် ဦး လှည့်လာနေတယ်။ ဒါကြောင့် နိုင် ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေအာဆီယံဒေသတွင်းကို ရောက် လာတယ်။ နောက်တစ်ချက် က နှောင်းပိုင်းမှရောက်လာတဲ့ နိုင်ငံခြားကုမ္ပဏီတွေဟာ တရုတ်အာ ဏာပိုင်တွေဆီမှာ လုပ်ငန်းဆောင် ရွက်ခွင့် ပါမစ် လျှောက်ထား ရင် မိမိတို့ လုပ်ချင်တဲ့နေရာမှာ လုပ် ကိုင်ခွင့် မရကြတော့ဘဲ တရုတ် ပြည် ကုန်းတွင်းပိုင်း ဝေးလံခေါင် ဖျားဒေသတွေမှာပဲ လုပ်ကိုင် ခွင့်ရ ကြတော့တယ်။ ဒါကြောင့်လည်း နိုင်ငံခြားကုမ္ပဏီတွေဟာ တရုတ်ပြည် မသွားတော့ဘဲ အာဆီယံနိုင် ငံတွေကို မျက်စိကျ လာကြတယ်။
ဒီကြားထဲမှာ တရုတ်နဲ့ ဂျပန်ကလည်း အဆင်မပြေဖြစ် လာတယ်။ ၁၉ ရာစုနှောင်းပိုင်းက ဂျပန်တွေ သိမ်းပိုက်ခဲ့တဲ့ တောင် တရုတ်ပင်လယ်ထဲက လူသူမနေ တဲ့ ကျွန်းစုတစ်ခုနဲ့ ပတ်သက်ပြီးတရုတ်နဲ့ဂျပန်အကြား သူပိုင် ငါ ပိုင် အငြင်းပွားလျက်ရှိတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်မြို့ကြီး တွေမှာ ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြ ပွဲတွေ ပေါ်ထွက်လာတယ်။ ဂျပန် ဆန့်ကျင်ရေး သမားတွေ က ဂျပန် ကုမ္ပဏီတွေကို ဝင်ရောက်ဖျက်ဆီး ကြတယ်။ တရုတ်အစိုးရက လက် ပိုက်ကြည့်နေခဲ့တယ်။ ဂျပန်ပစ္စည်း တွေကို သပိတ်မှောက်ရေး လှုံ့ ဆော်ကြတယ်။ ဂျပန်ကုမ္ပဏီတွေ ဒါကြောင့် ရောင်းအားကျဆင်း သွားပြီး အကြီးအကျယ် အရှုံးပေါ် ခဲ့တယ်။ ဒီကိစ္စ ဒီကနေ့အထိ မပြီး ပြတ်သေးဘူး။
တကယ်တော့ တရုတ် ဈေးကွက်ကို စတင်တံခါးဖွင့်ပေး စဉ်က တရုတ်ပြည်မှာ ဂျပန်ကုမ္ပ ဏီတွေဟာ ငွေကြေးအမြောက်အ မြား ရင်းနှီးမြှုပ်နှံခဲ့ကြသူတွေ ဖြစ် တယ်။ ခုတော့ ဂျပန်ကုမ္ပဏီတွေတရုတ်ကို စိတ်ပျက်ပြီး အာဆီယံ ဒေသဆီ တိုးဝင်လာကြတယ်။ ဂျပန်တွေဟာ ငွေကြေးချမ်းသာတဲ့ အပြင် အဆင့်မြင့်နည်းပညာ ပိုင် ဆိုင်ထားကြသူတွေ ဖြစ်လေတော့ ဂျပန်ကုမ္ပဏီကြီးတွေရဲ့ ရင်းနှီးမြှုပ် နှံမှုတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံ အတော်များများက ဝမ်းပန်းတသာ ကြိုဆိုကြမှာ သေချာတယ်။ အာဆီ ယံဘက်က ကြည့်ရင်လည်း ကောင်းတဲ့အလားအလာ တစ်ခုပါ ပဲ။
မြန်မာအတွက် တစ်ခုတည်းသော အာဆီယံဈေးကွက်
မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်မှ အာဆီယံအဖွဲ့ဝင် ဖြစ်လာ ခဲ့တဲ့အတွက် နောက်ကျတယ်ဆို နိုင်ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ် လောက် ကစပြီး ပါလီမန်ဒီမိုကရေ စီဘက် ကူးပြောင်းလာခဲ့တာကြောင့်စီးပွားရေး တိုးတက်ဖို့ အခွင့်အလမ်းကြုံလာပြီလို့ ဆိုနိုင် တယ်။ မြန် မာနိုင်ငံဟာ နှစ်အ တော်ကြာ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှု ခံခဲ့ရတဲ့အ တွက် အခြားသော အာဆီယံဒေ သတွင်း နိုင် ငံတွေနဲ့ နှိုင်းစာရင် အဘက်ဘက်က နောက်ကျ ကျန် ရစ်ခဲ့တယ်။
တစ်ချိန်တစ်ခါက မြန်မာနိုင်ငံဟာအရှေ့တောင်အာရှမှာ ထိပ်တန်းနိုင်ငံဖြစ်ခဲ့ဖူးတယ်။ နိုင်ငံခြားသို့ ဆန်စပါး တင်ပို့အ ရောင်းရနိုင် ဆုံး နိုင်ငံအဖြစ် ဝင့်ြ<ွကားနိုင်ခဲ့တယ်။ လွတ်လပ်ရေးရ ပြီးနောက် စစ်တပ်မှ အာဏာမ သိမ်းမီကာလအထိ မြန်မာနိုင်ငံရဲ့ ပညာရေး၊ စီးပွားရေး၊ ဆေးဝါးထုတ် လုပ်ရေးနဲ့ ရေကြောင်း လေ ကြောင်း သယ်ယူပို့ဆောင်ရေး အစရှိတဲ့ ကဏ္ဍအသီးသီးမှာ မြန် မာတို့က ထိပ်တန်းက နေနိုင်ခဲ့ တယ်။ ဒါပေမယ့် ၁၉၆ဝ နှစ်များ မှာ စစ်တပ်က အာဏာသိမ်း၊ ဆို လစ်စီးပွားရေးစနစ် ကျင့်သုံး၊ ပြီး တော့ အမျိုးမျိုးသော စစ်အာဏာ ရှင် အုပ်ချုပ်ရေးတွေရဲ့ အောက်မှာဆယ်စုနှစ်ပေါင်းများစွာ နေလိုက် ကြရတော့ မြန်မာနိုင်ငံဟာ မွဲပြာ ကျပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ စာရင်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သွား ခဲ့တယ်။
၂ဝ၁ဝ ပြည့်နှစ် နိုဝင် ဘာလ ၇ ရက်နေ့မှာ ပါတီစုံ ဒီမို ကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် ၂ဝ၁၁ မတ်လ ၃ဝ ရက်နေ့မှာ စစ်အစိုးရက အာ ဏာလွှဲပြောင်းပေးခဲ့တယ်။ ဒီမိုကရေစီစနစ်ဘက် ကူးပြောင်းခဲ့တာ သိပ်ပြီး မကြာသေး။ နှစ်နှစ်သား အရွယ်လောက်ပဲရှိဦးမယ်။ စီးပွားရေးပိတ်ဆို့ထားတဲ့ နိုင်ငံအချို့က ဖြေလျှာ့ပေးလာတယ်။ ကမ္ဘာ့ဘဏ် တို့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ က မြန်မာနိုင်ငံကို ပြန်လည်ငွေထုတ် ချေးဖို့ သဘောတူလာကြတယ်။ ဒီလို အခြေအနေကောင်းတွေက တော့ ပေါ် လာပေ မယ့် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုအဆောက်အအုံတစ်ခုလုံးကို ပုံမှန်အနေအထား ရောက်အောင် ပြန်လည်တည် ဆောက်ဖို့က အချိန်ယူရဦးမယ်။
တင်းကျပ်တဲ့ စစ်အာ ဏာရှင်စနစ်အောက်မှာ ပြိုလဲသွား တဲ့ ပညာရေးစနစ်တစ်ခုလုံးကို ပြန် ပြင်ဖို့တောင် နှစ်အတော်ကြာဦး မယ်။ စီးပွားရေး အသိုင်းအဝိုင်းက လည်း ဒီအတိုင်းပါပဲ။ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေက နိုင် ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းစပ် တူလုပ်ပြီး အလုပ်သင်ကြရဦးမယ်။ ဒီတော့ ASEAN Community 2015 အတွက် မြန်မာနိုင်ငံအနေ နဲ့ တက်သုတ်ရိုက်ဖို့ လွယ်ပါ့ မလား။
Ref : Rethinking Marketing Toward ASEAN Community 2015.
မင်းရွှေမောင် ဦးဆောင်ငှက်ဟာ ကန ဦးလေထုကို ထိုးဖောက်ရတဲ့ငှက် ဖြစ်တဲ့အတွက် အခြားငှက်တွေ ထက် အားစိုက်ရမှု ပိုများတာ ကြောင့် အားအင်ကုန်ခန်း ပင်ပန်း နွမ်းရိလွယ်တယ်။ ဒီတော့ ဗွီပုံ သဏ္ဌာန်ပျံသန်းမှုကို ပုံပန်းမပျက် စေဘဲ ဦးဆောင်ငှက်ရဲ့ နေရာကို အခြားငှက်တွေက အလှည့်ကျ ဝင် ရောက်တာဝန်ယူပေးကြတယ်။

No comments:
Post a Comment