Sunday, January 30, 2011

ကမ္ဘာလှည့်များ မြန်မာနိုင်ငံသို့ စက်ဘီးစီးခရီးစဉ်လာရောက်


ရွှေစင်ခိုင်
အတွဲ ၂၆၊ အမှတ် ၅၀၂ (၂၁ - ၂၇၊ ၁၊ ၂၀၁၁)

ကမ္ဘာလှည့်စက်ဘီးစီးအဖွဲ့ကို ဇန်န၀ါရီ ၁၉ ရက်က မန္တလေးမြို့ ကမ်းနားလမ်းပေါ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေစင်ခိုင်
ကနေဒါနိုင်ငံအခြေစိုက်၊ကမ္ဘာလှည့်စက်ဘီးစီးနှင့် လမ်းလျှောက်ကုမ္ပဏီ Butterfield & Robinsonနှင့် မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့အခြေစိုက်၊ Journey Nature & Culture Travel Agentတို့ ချိတ်ဆက် ဆောင်ရွက် မှုဖြင့် နိုင်ငံခြား ဧည့်သည်များ မြန်မာနိုင်ငံ သို့လာရောက် လည်ပတ်ပြီး မန္တလေးမြို့၊ အင်းလေး၊ တောင်ကြီးနှင့်ပုဂံဝန်းကျင်ဒေသများတွင် စက် ဘီးလှည့်လည် စီးနင်းကြသည်။
ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလများ တွင် နိုင်ငံခြားသား ကိုး ဦး၊ ပြည်တွင်း ဧည့်လမ်းညွှန် နှစ်ဦးပါ ၁၁ ဦး အဖွဲ့နှင့် နိုင်ငံခြားသား ၂၁ ဦး၊ ပြည်တွင်း ဧည့် လမ်းညွှန် နှစ်ဦးပါ ၂၃ ဦးအဖွဲ့တို့ စီးနင်း ကြမည်ဖြစ်သည်။
၁၁ ဦးအဖွဲ့မှာ ဇန်န၀ါရီလ ၁၅ မှ ၁၇ ရက်တွင် အင်းလေး၊ တောင်ကြီး နှင့် အနီးဝန်းကျင်၊ ဇန်န၀ါရီလ ၁၈ မှ ၂၀ ရက်တွင်မန္တလေးနှင့်အနီးဝန်း ကျင်တွင် ဇန်န၀ါရီလ ၂၁၊ ၂၂ ရက်များတွင် ပုဂံနှင့် အနီးဝန်းကျင်ဒေသ တို့တွင်လည်း ကောင်းစီးနင်းကြသည်။
၂၃ ဦးအဖွဲ့မှာ ဇန်န၀ါရီလ ၂၉မှ ၃၁ တွင် အင်းလေး၊ တောင်ကြီးနှင့်အနီး ၀န်းကျင်၊ ဖေဖော်ဝါရီလ ၁ မှ ၃ ရက်တွင် မန္တလေးနှင့်အနီး ၀န်းကျင်၊ ဖေဖော်ဝါရီလ ၄၊ ၅ ရက်များတွင် ပုဂံနှင့်အနီးဝန်းကျင် ဒေသများတွင် လည်းကောင်း စီးနင်းကြမည်ဖြစ်သည်။
"ကျွန်တော်တို့နိုင်ငံတော်တော်များများမှာ စက်ဘီးစီးဖူးပါတယ်။ မြန်မာနိုင်ငံက အံ့ဩစရာကောင်းပြီး မြန်မာလူမျိုးတွေက အရမ်းဖော် ရွေပါတယ်။ကျွန်တော်တို့စက်ဘီးလှည့်စီးတဲ့ မြန်မာနိုင်ငံဘယ်ဒေသမဆို ဒေသခံတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆို နှုတ်ဆက်ကြတယ်။ ဒေသအစားအစာတွေက လည်း အရမ်းကောင်းပါတယ်။
"အင်းလေးဒေသကို နှစ်သက်သလို မန္တလေးမြို့ကိုလည်း နှစ်သက်ပါတယ်။ မန္တလေးနဲ့ ပတ်ဝန်းကျင်မှာစက်ဘီးစီး ရတာအလွန်အံ့ဩ ပျော်ရွှင်စရာကောင်းပါတယ်"ဟု ဇန်န၀ါရီလ ၁၉ ရက်ကမန္တလေးမြို့ကမ်းနားလမ်း၌ စီးနင်းနေစဉ် စက်ဘီးစီးအဖွဲ့ဝင်များကဆိုသည်။
"စက်ဘီးစီးအဖွဲ့တွေ မန္တလေးကို ရောက်ရှိတဲ့အချိန်မှာ ကျွန်တော်တို့ ရူပါမန္တလာဟိုတယ်မှာ တည်းခိုမှာဖြစ်ပါ တယ်။ ဒီအဖွဲ့ နှစ်ခုသာ မက ၂၀၁၁ ဒီဇင်ဘာ၊ ၂၀၁၂ ဇန်န၀ါရီလတွေမှာလည်း နိုင်ငံခြားသားစက်ဘီးစီးအဖွဲ့တွေ ထပ်မံလာရောက်ဖို့ရှိပါတယ်။ ဒီ အစီအစဉ် တွေကို ကြည့်ခြင်းအားဖြင့်လာ မယ့် နှစ်တွေမှာ ကျွန်တော်တို့နိုင်ငံမှာ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းတွေ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။
"ဒီနှစ်မှာလည်း ဧည့်သည် တွေများပါတယ်။ နိုင်ငံခြားသားတွေတည်းခိုတဲ့ ဟိုတယ်တိုင်းလိုလိုမှာ အခန်းပြည့်နီးပါး ဧည့်သည်ဝင်ပါ တယ်"ဟု ရူပါမန္တလာ ဟိုတယ်မှအရောင်းမန်နေဂျာဦးအောင် ၀င်းနိုင်ကမြန်မာတိုင်း(မ်)ကိုပြောသည်။
စက်ဘီးစီးအဖွဲ့များ၌ ကနေဒါ၊ အမေရိကန်၊ မိုနာကိုနိုင်ငံများမှနိုင်ငံခြားသား ဧည့်သည်များပါဝင်မည် ဖြစ်သည်။
Butterfield & Robinson ကုမ္ပဏီ သည် ကနေဒါနိုင်ငံအခြေစိုက်ဖြစ်ပြီး ၁၉၆၆ ခုနှစ်မှစတင်၍ ကမ္ဘာလှည့်စက် ဘီးစီးခြင်းနှင့် လမ်း လျှောက်ခြင်းကို ၀န်ဆောင်မှုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

2003 Nissan Murano SUV, Car for sell

View larger image








Date Listed 30-Jan-11
Price $9,000.00
Address Toronto, ON M3J 1R2, Canada
View map
For Sale ByOwner
MakeNissan
ModelMurano
Year2003
Kilometers197666
Body TypeSUV, Crossover
TransmissionAutomatic
ColourBlack
DrivetrainAll-wheel drive (AWD)
TypeUsed
Fuel TypeGasoline



Everything is negotiable.
Please call me or leave the message or email me.
I'll be right back as soon as possible.
moethihaaung@gmail.com
416-398-3077
I just passed "emission and safety check" just a few days ago.
Just changed new "ball join, break pad and rotors" last week.
All Good Running Condition.
Heated Front Seats and driver power seat.
just give me a call.

ဦးဖိုးသံချောင်း-ဦးမြင့်သိန်းနဲ့  ဦးဝင်းတင်တို့ အာလူးလော-- ခွပ်ဒေါင်းလော ဖိုးသောကြာ-



277,Jan, 2011။-


နအဖ စစ်အစိုးရက သူတို့ ကြေငြာထားတဲ့ အတိုင်း ဇန်န၀ါရီ ၃၀ ရက်မှာ လွှတ်တော် ခေါ် တော့မှာ ဖြစ်ပါတယ်။

ပြီးရင် သူတို့ ပုံစံချ အကွက် ရိုက်ထားတဲ့ အတိုင်း ဘယ်သူက သမ္မတ လုပ်စေ၊ ဘယ်သူက ၀န် ကြီးချုပ်ဖြစ်စေ ဆိုတဲ့ အတိုင်း လုပ်တော့မှာ သေချာနေပါပြီ။

လွှတ်တော်ပြီးရင် ပေါ်လာမယ့် အစိုးရက ဒီမိုကရေစီ အစိုးရလို့ အမည် ခံထားပေမယ့် အင်အယ်လ်ဒီ အပါအ၀င် အတိုက် အခံ တွေက လူထုကို လမ်းမပေါ်တင်ပြီး ဆန္ဒပြ၊ သပိတ်စုံ သူပုန်ထ နည်းကို သုံးပြီး အစိုးရသစ်ကို အကြပ်အတည်း ဆိုက်အောင် အချိန်တုန်းက သခင်စိုးတို့ ၊သခင်သန်းထွန်းတို့ သုံးခဲ့တဲ့နည်းကို သုံးပြီး နိုင်ငံရေး ကစားရင် သူတို့ ဘက်က အချိန်မရွေး စစ်တပ်က အာဏာ သိမ်းခွင့် ရှိသည်ဆိုတဲ့ အချက်နဲ့ ၂၀၀၈ အခြေခံ ဥပဒေမှာ ပြဌာန်း ထည့်သွင်းထား ပါတယ်။

ကျွန်ုပ်တို့ ဒီမိုကရေစီ အတိုက်အခံများ အသို့  ပြုကြလေသော် အကောင်းဆုံး ဖြစ်ချေမည်နည်း။

တွေးကြည့်သည်။ အချက် ၂ ချက်တွေ့ သည်။
ယင်းအချက်မှာ ဦးဝင်းတင် စခဲ့သည့် ဒုတိယ ပင်လုံကို အကောင်အထည်ဖော်ခြင်းနှင့် --
ဦးဖိုးသံချောင်း၊ ဦးမြင့်သိန်းတို့ ကြေငြာထားသည့် “ရွေးကောက်ပွဲလွန် ကာလအတွက် ယာယီအစိုးရ ဖွဲ့စည်းရေး” ဆိုတာ ဖြစ်ပါတယ်။


လုပ်ရမှာ ကိုယ့်တာဝန်၊ ဖမ်းတာ-မဖမ်းတာ သူ့ တာဝန် ထားပြီး ဒုတိယ-ပင်လုံ ခေါ်လျှင် အင်အယ်လ်ဒီရော၊ ဦးဝင်းတင် သမိုင်းရော လှမည် အမှန်ပင် ဖြစ်ပါတယ်။

ဦးဝင်းတင်ကို ချစ်မြတ်နိုးလေးစားသူ ပြည်တွင်း-ပြည်ပမှာ လူကြီး လူငယ် လူလတ် သိန်းချီပြီး ရှိပါတယ်။
ဖြစ်နိုင်ခြေ ၉၅ ရာနှုံးမှာ ရှိတယ်လို့ ရဲရဲကြီးပြောနိုင်ပါတယ်။

ဒုတိယ အချက်ဖြစ်သည့် ဦးဖိုးသံချောင်း၊ ဦးမြင့်သိန်းတို့ ကြေငြာထားသည့် “ရွေးကောက်ပွဲလွန် ကာလအတွက် ယာယီ အစိုးရ ဖွဲ့စည်းရေး” သည် ဦးဝင်းတင်၏ ဒုတိယ-ပင်လုံနှင့် စာလျှင် ပို၍ လုပ်သင့်သော အချက်ဖြစ်ပါသည်။
အကြောင်းမှာ ပြည်ပရောက် နိုင်ငံရေး သမားများနှင့် ဖွဲ့ မည် လုပ်ကိုင်ကြမည် ဖြစ်၍ ကျည်လွတ် မြေမှာ အဖမ်း အဆီး ခံရစရာ အကြောင်း မရှိပါ။

ပြီးတော့ ထိုင်းနယ်စပ်မှာ ရဲရဲတောက် လူငယ်များဖြစ်သည့် အောင်မိုးဇော်နှင့် လူ့ ဘောင်သစ်အဖွဲ့ဝင်များ၊ဗကသ အဖွဲ့  ၀င်များ၊တရုတ် ပြည်သို့ အ၀င်အထွက် လုပ်နိုင်သည့် အင်အယ်လ်ဒီ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်နှင့် အဖွဲ့ဝင် များ။ တရုတ် ဖြေရှင်းမှ မြန်မာ့ အရေး ပြေလည်မည်ဟု ယုံကြည် ပြောဆိုနေသည့် အမေရိကန်နေ ပြောခွင့် မိုက်ခွက်ရ ကိုအောင်ဒင်၊ဒေါက်တာ သောင်းထွန်း၊ကိုစိုးချိန်၊ကိုအောင်စောဦး၊ကိုမိုးသီးဇွန် အပါဝင် သန်းချီသော ဗကပ အဖွဲ့ ဝင် များ၊ ဗကပ ချစ်သူများ၊ ဗကပ ထောက်ခံ အားပေးသူများ၊ ဗကပ အဖွဲ့ ဝင်အဖြစ် အထင်ခံနေချင်သူများစွာ ရှိပါသည်။


ဦးဖိုးသံချောင်းက မီးစိမ်းတချက်ပြလိုက်သည် ဆိုရင်ဖြင့် “မီးသွေးခဲမို့ -မဲ သကိုဗျ၊ ဗကပ တို့ ရဲ-သကိုဗျ ” ဆိုသလို ရဲရဲ တောက် ၀ိုင်းဝန်း ထောက်ခံကြမှာ မြေကြီး လက်ခတ်မလွဲ ယုံကြည်ပါသည်။
ဦးသံချောင်း၏ အတွေး အမြင်နှင့် လုပ်ငန်း စဉ်များကို သူ့ ကိုချစ်သူများ၊ သူ့ နောက်လိုက်များက ကိုယ့်ခေါင်းဆောင် ကိုယ် လျှော့ မတွက်သင့်ကြပါ။


လောလောဆယ်မှာပင် နေ့ သစ် အင်တာနက် စာမျက်နှာတွင် အမေး အဖြေ ကဏ္ဍတစ်ခု၌ သွေးထွက်အောင် မှန်သည့် အတွေး အဖြေ များ တင်ထားသည်ကို ဖတ်ရပါတယ်။ အနှစ်ချုပ် ထုတ်ဖော်ပြရရင်ဖြင့် --


ရဲဘော်ဖိုးသံချောင်းမှ နေ့သစ်ရဲဘော်များရဲ့ မေးခွန်းများကိုဖြေကြားချက်
January 22, 2011

(မေး) ဗမာပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်၊ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ နိုင်ငံတကာရဲ့ ရပ်တည်မှုဟာ မျှတဆီ လျှော်မှု ရှိ တယ်လို့ ထင်ပါသလား။ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေကို ဘာပြောချင်ပါသလဲ။

(ဖြေ) ကမ္ဘာပေါ်ရှိတိုင်းပြည်တိုင်းအတွက် ဘယ်နိုင်ငံရေးစနစ်နဲ့အုပ်ချုပ်သင့်တယ်ဆိုပြီး တခြားနိုင်ငံတွေက သူတို့ တာဝန် လို သဘောထားပြီးလုပ်နေကြရင် နိုင်ငံတကာ ဆက်ဆံရေး တွေရော ပြည်တွင်းရေးတွေရော အကုန်ရှုပ်ကုန် မှာပါ။
ဗမာ ပြည် လွတ်လပ်ရေးရအောင်လုပ်ခဲ့ရာမှာ ကမ္ဘာစစ်ဆိုတသမိုင်းမှာ သိပ်ထူးခြားတဲ့ အနေအထားကို အသုံးပြုပြီး တခြားနိုင်ငံတွေနဲ့ ဆက်သွယ်ခဲ့၊ အကူအညီယူခဲ့ပါတယ်။
ဒါပေမဲ့ ကိုလိုနီဘ၀ကလွတ်မြောက်ဖို့အတွက် စတင်လှုပ်ရှားကြရာမှာ ရော၊ အဆုံးသတ် တိုက်ပွဲ ၀င်ကြရာ မှာပါ ဗမာပြည်ပြည်သူတွေချည်း ကိုယ့်ဖာသာ လုံးပမ်း ခဲ့ကြရတာ ဖြစ်ပါတယ်။
ဒုတိယ ကမ္ဘာ စစ်နောက်ပိုင်း ဗမာပြည်ရဲ့နိုင်ငံရေးကို ပြန်ကြည့်ရင်သိပ်ရှင်းပါတယ်။
ဒီတော့ နအဖကိုပလ္လင်ပေါ်ကနေဆွဲချဖို့၊ ဒါမှ မဟုတ် လိမ္မာအောင်နားချဖို့အတွက် တခြားနိုင်ငံတွေမှာ ဘာတာဝန်မှ မရှိပါဘူး။


ကဲ ဘယ်လောက်မှန်တဲ့ စကားလဲ။ တရုတ်ကလဲ သူ့ ကိုယ်ကျိုး စီးပွါးအတွက် အမေရိကန်ကို လက်ဆွဲ နှုတ်ဆက် လည်ပင်းဖက်နေတယ်။ ကုလားလဲ ထူးမခြားပဲ။ အာစီယံကလည်း သူ တို့ အကျိုး စီးပွါး အတွက် ပေါ်လာတော့မယ့် အစိုးရသစ်ကို ကြိုချင်နေပြီ။ မြန်မာတွေ ဘယ်သူ့  သွား အားကိုးလို့ ဖြစ်ပါတော့မလဲ။

-----
ကျွန်ုပ်တို့ ငယ်ငယ် တုန်းက သီချင်း တစ်ပုဒ်ရှိခဲ့ဖူးပါတယ်။ အဲဒီ သီချင်းက--
အာလူး လာမပေးနဲ့- လေနည်းနည်ေးလျှာ့
ဘူတာရုံမှာသင်္ဘောကြီးတွေ ဆိုက်လို့တဲ့
လေယာဉ်ပျံကို ခဲနဲ့ ပေါက်ရင် ထိ လိမ့်မယ်
မယုံ မရှိနဲ့ - အမှန်ပါပဲကွဲ့ ။
အာလူး လာမပေးနဲ့ --လေနည်းနည်းလျှော့။-- လေနည်းနည်းလျှော့ ။။


။။။။။
ဦးဝင်းတင်၊ ဦးဖိုးသံချောင်းနဲ့ ဦးမြင့်သိန်းတို့ စကားကို ကျွန်ုပ်တို့ ငယ်ငယ် တုန်းက ကြားဖူးတဲ့ သီချင်းလို သဘော မထား စေချင်ပါ။

ကိုင်း ဒီတော့ နဖအ အစိုးရသစ်ကို ရိုက်ချိုး နိုင်မှာ လောလောဆယ် ဘယ်သူ ပြောတာ ရှိသလဲ။
ပြောပြီး မလုပ်ရင် ခေါင်းဆောင် ဖြစ်သူသာ တာဝန် ရှိတာ မဟုတ်ပါ။
နောက်လိုက် များမှာပါ တာဝန် ရှိလို့ အား လုံး သမိုင်းကွေး နိုင်သည့် ဖြစ်ရပ်ကြီးကို ရဲရဲတောက် မောင်မယ်တို့ ၀ိုင်း ၀န်း အကောင်အထည် ဖော်ရန် မနှေး-အမြန် တာဝန် အပြည့်ရှိပါသည်။


တိုင်း ပြည်ချောက်ထဲ ကျရန် လက်တစ်လုံး အလို ရောက်နေသညာ့် အချိန်ကာလတွင် မြန်မာပြည်ကြီးကို အမြန် ကယ်တင်ရန် ဦးဝင်းတင်၊ ဦးဖိုးသံချောင်းနဲ့ ဦးမြင့်သိန်းတို့ စကားကို ၀ိုင်းဝန်း ထောက်ခံ အကောင်အထည် ဖော်နိုင်မှ နအဖ စစ်အစိုးရသစ် ကို ရိုက်ချိုး နိုင်မှာ အမှန် ဖြစ်ပါတယ်။

ဗကပ-အဖွဲ့ ဝင်အပေါင်းနှင့် အင်စီယူဘီ အောက်ရှိ ဒေါက်တိုင်ကြီး လေးခုပါ အဖွဲ့ များ ရဲရဲတောက် အလုပ်လုပ်ဖို့ အထူး လိုအပ်နေပါပြီ။
တစ်ချိန်က ကြေးမုံ ဦးသောင်းက ခေတ်ပြိုင်ဂျာနယ်တွင် ရေးဖူးသည်။
ဗကပ တို့ ဒေါင်းလော ---လဒ-လောတဲ့။
ဗကပ-တို့ ခွပ်ဒေါင်း အမှန် ဖြစ်ကြောင်း ပြသရန် အချိန် အခါကောင်း ရောက်လေပြီ။

“ရွေးကောက်ပွဲလွန် ကာလအတွက် ယာယီအစိုးရ ဖွဲ့စည်းရေး” အမြန်ဆုံး ပေါ်ပေါက်ပါစေ။
ဒုတိယ ပင်လုံ အမြန်ပေါ်လာပါစေ။

ဦးဝင်းတင်၊ ဦးဖိုးသံချောင်းနဲ့ ဦးမြင့်သိန်းတို့ ကျန်းမာ ချမ်းသာပြီး တိုင်းကျိုး ပြည်ကျိုး အောင်မြင်စွာ သယ်ပိုး နိုင်ကြပါစေ။


ဖိုးသောကြာ

Thursday, January 27, 2011

သံဝေဂ စာတမ်း

Uီးီးးဝင်း်းးဗိုလိုလိုလ် (၁၉၆၂-၂၀၁၁)
၂၀၁၁-ခုနှစ်၊ ဇန္န၀ါရီလ ၂၆ ရက်၊ ၁၃၇၂-ခုနှစ်၊ ပြာသိုလ်လ
ဆုတ် (၇) ရက် နံနက် (၉း၃၀) နာရီတွင်ကွယ်လွန်သည်။
မရဏာနုဿုဿုဿတိဘိဘိဘာဝနာ
ဒို့ ထက်ကြီးတွေ နေ့ တိုင်းသေ Aသေမစဲကြပါတကား။
ဒို့ Aရွယ်တွေ နေ့ တိုင်းသေ Aသေမစဲကြပါတကား။
ဒို့ေAာက်ငယ်တွေ နေ့ တိုင်းသေ Aသေမစဲကြပါတကား။
Eကန်မလွဲ ဒို့ လဲပဲ သေပွဲဝင်ကြရမှာပါတကား။
ကိုယ့်ကုသိုလ်မျိုး ကိုယ်ထုပ်ပိုး Aားကိုးကြရမှာပါတကား။
Aသုဘုဘဘာဝနာ
မသေခင်ချစ် သေလျှင်ပစ် Aနှစ်မပါ ဒို့ ခန္ဓာ။
မသေခင်ပေါင်း သေလျှင်ခေါင်း Aကောင်းမပါ ဒို့ ခန္ဓာ။
မသေခင်ဟုတ် သေလျှပုတ် Aစုတ်သာပါ ဒို့ ခန္ဓာ။
မသေခင်ပြု ကံနှစ်ခု ပြုမှုများသာ ကိုယ့်နောက်ပါ၏။
မင်းးနဲ့  ငါတို့ ဟ့ဟာ Eည့်သ့်သည်ေ်တေခွချွည်းးပါ
လာပြန်တော့လဲ တစ်ယောက်ထဲလေ လက်တွဲခေါ်ကာ
ဖေါ်မပါဘူး Uစ္စာချည်းနှီး ကိုယ်ထီးတည်း။
သွားပြန်တော့လဲ တစ်ယောက်ထဲလေ လက်တွဲခေါ်ကာ
ဖေါ်မပါဘူး Uစ္စာချည်းနှီး ကိုယ်ထီးတည်း။
လာပြီးတော့နား၊ မသွားသေးခင်၊ ချိန်လေးတွင်မှ၊ ၀န်းကျင်
ယှက်နွယ်၊ နှောင်ကြိုးတွယ်၍၊ ပြုံးရယ် မဲ့ငို၊ ချစ်မုန်းပိုကြ။
မလိုဒေါသ၊ လိုလောဘနှင့်၊ ဘ၀ဇာတ်ခုံ၊ ကကြိုးစုံခဲ့၊
ကံကုန်မိုးချုပ်၊ လက်တွဖြုတ်၍၊ သုတ်သုတ်ဆောလျှင်၊ ခရီး
နှင်သည်၊ Aသင်Eည့်သည်ချည်းပါတကား။
ဘုရုရားစကား လိုကိုက်န်နာပွာားတရားလက်မ်မလွတွတ်ြ်ကြစေနှငှင့်
ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့ ၊ ကိုယ်ကဤပုံ၊ ဖြစ်လိုတုံလ၊ဲ
တဖုံဆင်ကွဲ၊ သူတနဲဖြင့်၊ ဖောက်လွှဲတတ်စွာ၊ ဓမ္မတာကို၊ ပညာစက္ခု၊
မျှော်ထောက်ရှု၍-
ယခုပုပင်လ်လျှင် မAိုခိုခင်က်က ကြိုတင်ေ်ကောင်းးမှု ကြိုးစားပြုလော့၊့၊
ယခုပုပင်လ်လျှင် မနာခင်က်က ကြိုတင်ေ်ကောင်းးမှု ကြိုးစားပြုလော့၊့၊့၊
ယခုပုပင်လ်လျှင် မသေခင်က်က ကြိုတင်ေ်ကောင်းးမှု ကြိုးစားပြုလော့၊့၊
ရတုချိန်ထောက် ဤခါရောက်မှ ချုပ်ပျောက်ခန္ဓာ သေပိမ့်ငှာ
ဟု သတ္တ၀ါခပင်း ရှင်သေမင်းနှင့် မိတ်သင်းဖွဲ့ လျက် ချိန်းAချက်
လျှင် တစက်ကမှ မရှိကြဘူး၊ Aပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ
ဘုရားစကား လိုက်နာပွားသည် တရားလက်မလွတ်ကြစေနှင့်။ ။

မင်းကွန်းဆရာတော်ဘုရားကြီး

Aချိန်မတန်ခင် မိသားစုနှင့်ခွဲခွာပြီး လူ့ လောကမှ ရုတ်တ
ရက် ထွက်ခွာသွားသော ကျေးဇူးရှင် ချစ်ခင်ပွန်းနှင့် ချစ်ဖေဖေ
ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။

ဓမ္မဒ္မဒါန

ဥရောပ တစ်ခွင် ၀င်မွှေတဲ့ ဘဏ္ဍာရေး ဆိုင်ကလုံး

ဥရောပ တစ်ခွင် ၀င်မွှေတဲ့ ဘဏ္ဍာရေး ဆိုင်ကလုံး 
အော်ဗီးလ်ရိုက် - Orville Wright နဲ့ ဝီလ်ဘားရိုက် - Wilbur Wright ညီနောင်တို့က လေထက် အဆပေါင်းများစွာ လေးလံတဲ့ စက်ကြီးတစ်လုံးကို တောင်ပံနဲ့ ဒလက်တွေတပ်ပြီး လေထဲပျံသန်း ပြလိုက်တော့ မြင်တွေ့ကြရသူတွေ ရင်သပ်ရှုမော အံ့သြခဲ့ကြရတယ်။ ဒီလိုဟာကြီး လေထဲမှာ ပျံသန်းနိုင်လိမ့်မယ်လို့ ထင်မထားခဲ့ကြဘူးလေ။

ဒီလိုပဲ ဥရောပသမဂ္ဂ - European Union - EU အဖွဲ့ဝင်နိုင်ငံ အချို့က နိုင်ငံရေးအရ ပေါင်းစည်းထားမှု မရှိဘဲ တစ်ခုတည်းသော ငွေကြေး တစ်ရပ် - A Single Currency ကို တီထွင်ဖန်ဆင်း ပြလိုက်စဉ်ကလဲ ကမ္ဘာက တအံ့တသြ ဖြစ်သွားခဲ့ကြရတယ်။ ဒီလိုဟာမျိုး ဖြစ်နိုင်လိမ့်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြဘူး မဟုတ်လား။

ယူရိုဟာ ၂ဝဝ၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ တရားဝင်ငွေကြေး - Legal Tender ဖြစ်လာခဲ့တယ်။ အစောပိုင်းကာလ အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံမှာ စတင်သုံးစွဲခဲ့ပြီး နောက်တော့ ၁၆ နိုင်ငံ ဖြစ်လာတယ်။ ဒါက ၂ဝ၁ဝ ဒီဇင်ဘာ လကုန်အထိ ယူရိုဇုန် အဖွဲ့ဝင် အရေအတွက် ဖြစ်ပါတယ်။

ယူရိုငွေကြေးကို စတင်သုံးစွဲခဲ့ ကြပြီးနောက် မကြာမီအတော အတွင်းမှာပဲ ဂျက်လေယာဉ်ကြီး လေယာဉ်ပြေးလမ်းပေါ်မှာ ပြေးနေရာက ဗြုန်းစားကြီး မိုးပေါ်ထိုးတက်သွားသလို ယူရိုငွေဟာလဲ ချက်ချင်းဆိုသလို ကမ္ဘာသုံးငွေကြေး - Global Currency ဖြစ်သွားပါတော့တယ်။ အမေရိကန် ဒေါ်လာကိုတောင် အင်အားချင်း ပြိုင်လာနိုင်တယ်။ ကမ္ဘာတစ်လွှားက ဗဟိုဘဏ် - Central Bank တွေဆိုရင် တန်ဖိုးကျဆင်းလာတဲ့ အမေရိကန်ဒေါ်လာ နေရာမှာ ယူရိုနဲ့ အစားထိုးပြီး အရန်ငွေအဖြစ် စုဆောင်းထားရှိလာခဲ့ကြတယ်။

ဒါကတော့ ရာသီဥတုကောင်း မွန်နေတဲ့ ကာလက ဖြစ်တယ်။ အခုအခါ ဥရောပ တစ်ခွင်တစ်ပြင်မှာ ဘဏ္ဍာရေး မုန်တိုင်းကြီး အကြီး အကျယ်တိုက်ခတ်နေချိန် ဖြစ်လေတော့ ယူရိုငွေဟာ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံ့နိုင်ပါ့မလားလို့ စိုးရိမ်တကြီး ဖြစ်နေကြတယ်။

အစောပိုင်းကတော့ ယူရိုငွေဟာ မားမားမတ်မတ် ရပ်ပြီးကြံ့ကြံ့ခံနိုင်ခဲ့တယ်။ စီးပွားရေးသမားတွေက တောင် အခြားငွေကြေးတွေနဲ့ နှိုင်း စာရင် ယူရိုငွေဟာ စိတ်ချလုံခြုံရဆုံးလို့ ယူဆခဲ့ကြတယ်။ အခုတော့ ယူရို ဇုန်ထဲမှာ အက်ကြောင်းပေါ်လာ တယ်။ ပေါ်လာရုံသာမကဘူး။ အက် ကြောင်းတွေပျံ့နှံ့လာတယ်။ ကနဦး မှာတော့ ပေါ်လာတဲ့အက်ကြောင်းကို ဖာထေးပြုပြင်ပေးခဲ့တယ်။ ပထမတော့ ဂရိနိုင်ငံ၊ ပြီးတော့ အိုင်ယာလန်။ အခု နောက်ထပ် စပိန်၊ ပေါ်တူဂီနဲ့ အီတလီနိုင်ငံတွေမှာ အက် ကြောင်းတွေ ထပ်ပေါ်လာပြန်ပြီ။

ရာသီဥတု သာယာနေစဉ်တုန်းက ဒီနှစ်ထဲမှာ ယူရိုဇုန်ဟာ ဝ.၉ ရာခိုင်နှုန်းကနေ ၁.၇ ရာခိုင်နှုန်းအထိ ထိုးတက်သွားနိုင်တယ်လို့ ခန့်မှန်း ထားခဲ့ကြတယ်။ အခုတော့ ယူရိုဇုန်ကို အကြောက်တရားက ဖုံးလွှမ်းသွား တဲ့အတွက် ခန့်မှန်းချက်ကို သတ် တောင်မထားမိကြတော့ဘူး။ ဒါပေ မယ့် ယူရိုဇုန်ထဲမှာ ဂျာမန်အင်ဂျင်က မောင်းနှင်အား အကောင်းဆုံးဖြစ်နေ တယ်။ ဒီနှစ် ဂျာမနီရဲ့ စုစုပေါင်း ပြည်တွင်းထွက်ကုန် GDP ဟာ ၃.၇ ရာခိုင်နှုန်းနဲ့ ဆက်လက်ထိုးတက် သွားနိုင်တယ်။ ဒါပေမယ့် အိုင်ယာ လန်၊ စပိန်နဲ့ ဂရိနိုင်ငံတွေက မတိုး တက်တဲ့အပြင် စီးပွားရေးကျုံ့သွား နိုင်တယ်။

လောလောဆယ် EU ခေါင်း ဆောင်တွေဟာ လေယာဉ်ပျံသန်းရင်း နဲ့ လေယာဉ်ကို ပြုပြင်လျက်ရှိတယ်။ ကြိုတင်သတိပေးစနစ်တွေ တပ်ဆင် နေကြတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘတ်ဂျက်နဲ့ စီးပွားရေးပေါ်လစီတွေ ကိုအနီးကပ် စစ်ဆေးစောင့်ကြည့်ဖို့ ပြင်ဆင်လျက်ရှိတယ်။ နောက်ပိုင်းမှာ စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ် လာမယ်။ မလိုက်နာတဲ့ နိုင်ငံကိုအပြစ် ပေးမယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘဏ္ဍာ ရေးစနစ်တွေကို ဥရောပစည်းမျဉ်း စည်းကမ်း ကြီးကြပ်ကွပ်ကဲ ထိန်း သိမ်းရေးအဖွဲ့သစ် လေးခုက မျက်စိ ဒေါက်ထောက် စောင့်ကြည့်နေတော့ မယ်။
ဥရောပ သမဂ္ဂ ဖွဲ့စည်းစဉ်တုန်းက အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘဏ္ဍာရေး အခြေအနေကို အနီးကပ်စောင့်ကြည့် ပေးမယ့် အဖွဲ့အစည်းတွေ ထူထောင် ထားခဲ့ခြင်းမရှိခဲ့ဘူး။ အဖွဲ့ဝင် နိုင်ငံတွေက တင်ပြတဲ့ ဘဏ္ဍာရေးစာရင်း အင်းတွေကိုပဲ ယုံကြည်လက်ခံပြီး ဆုံးဖြတ်ချက်တွေ ချမှတ်လုပ်ကိုင်ခဲ့ ကြတယ်။ ထိန်းချုပ်တဲ့ အဖွဲ့အစည်း မရှိတော့ စည်းဖောက်မှုတွေ ဖြစ်လာတယ်။ ချုပ်ဆေးမပါတဲ့ ဆေးဆိုး ရက်ထည်ကို လျှော်ဖွပ်လိုက်ရင် ဆေးကျွတ်သလို၊ အထိန်းအကွပ်မရှိ ဖြစ် သလို ရေးဆွဲထားတဲ့ ဘဏ္ဍာရေး စာရင်းအင်းတွေကလဲ ပြဿနာတက် တာနဲ့ ဒုက္ခအကြီးအကျယ်တွေ့တာ ပါပဲ။

ပမာအားဖြင့် ဂရိနိုင်ငံဟာ ယူရို ဇုန်အဖွဲ့ဝင်ဖြစ်ချင်လို့ သူတို့ရဲ့ ဘတ် ဂျက်ကိုရေးဆွဲရာမှာ အကြံအဖန်တွေ လုပ်ပြီးစာရင်းပြခဲ့တယ်။ ယူရိုအဖွဲ့ဝင် ဖြစ်လာတော့လဲ ဆက်လက်ပြီး စာ ရင်းအင်းတွေကို လိမ်ညာပြခဲ့တယ်။ ကြွေးပတ်လည်ဝိုင်းပြီး အကြွေးတွေကို ပြန်ဆပ်ဖို့ အခက်အခဲတွေ့လာ တော့မှပဲ သူတို့ရဲ့စာရင်းအင်းတွေဟာ အကြံအဖန် လုပ်ထားမှန်း ဥရောပ သမဂ္ဂကသိတော့တယ်။

နောက်မှ သိတော့လဲ ဘာတတ် နိုင်မလဲ။ ငွေကြေးအကူအညီပေးရုံပဲ ရှိတော့တယ်။ ဒါနဲ့ ဥရောပသမဂ္ဂက ယူရိုငွေ ၁၁ဝ ဘီလီယံ ဂရိကို ထုတ် ချေးခဲ့ကြရတယ်။ အသုံးစရိတ်တွေ လျှော့ချရေးအတွက် စည်းကမ်းတွေ သတ်မှတ်ပေးခဲ့တယ်။ ဒါက ၂ဝ၁ဝ မေလအတွင်းက ဂရိကို ကယ်တင်ခဲ့ ရတဲ့ ငွေကြေးအကူအညီဖြစ်တယ်။ တကယ်လို့ နောင်အခါမှာ ဂရိနိုင်ငံ လိုပြဿနာမျိုး ယူရိုဇုန်အတွင်း ဖြစ် ပေါ်လာခဲ့ရင် ငွေကြေးအကူအညီ ပေးနိုင်အောင် ယူရိုငွေ ၇၅ဝ ဘီလီယံ နဲ့ ကယ်တင်ရေး ရန်ပုံငွေတစ်ရပ် ဖွင့်လှစ်ထားခဲ့တယ်။

မကြာပါဘူး။ အိုင်ယာလန်နိုင်ငံမှာ အလားတူပြဿနာတက်လာပြန် တယ်။ နိုဝင်ဘာမှာ ယူရိုငွေ ၈၅ ဘီလီယံထုတ်ချေးခဲ့ရပြန်တယ်။ အဲဒီ နောက်ပိုင်းမှာ ပေါ်တူဂီ၊ စပိန်နဲ့ အီတလီနိုင်ငံတွေမှာလဲ အကြွေး ပြဿနာတွေ ပေါ်ထွက်လာတော့မယ် ဆိုတဲ့ ကောလာဟလ သတင်းတွေ ကြားလာကြရတယ်။ ဒီတော့ ဥရောပ သမဂ္ဂဟာ မေလအတွင်းက ယာယီ ဖွဲ့စည်းထူထောင်ခဲ့တဲ့ ဥရောပ ဘဏ္ဍာရေး တည်ငြိမ်စေရေး အစီအစဉ် European Financial Stability Facility ကိုဘေးချိတ်ပြီး ယူရိုဇုန်ကြွေးမြီ ပြဿနာ ဖြေရှင်းရေးအတွက် ဥရောပ တည်ငြိမ်ရေး ယန္တရားကြီး European Stability Mechanism-ESM လို့ အမည်ပေးထားတဲ့ အမြဲတမ်းအဖွဲ့ အစည်းတစ်ခု ထူထောင်ဖို့ဆုံးဖြတ် ခဲ့ရတယ်။ ESM အဖွဲ့အစည်းဟာ ၂ဝဝ၃ ခုနှစ် နောက်ပိုင်းကာလမှာမှ အသက်ဝင်လာဖို့ မျှော်မှန်းထားကြ တယ်။

ဒီနေရာမှာ သတိပြုစရာ တစ်ခုကို ထောက်ပြချင်ပါတယ်။ ကြွေးမြီ ပြဿနာ ကယ်တင်ရေးအတွက် မေလအတွင်းက ယာယီအဖွဲ့အစည်း တစ်ခု ထူထောင်စဉ်တုန်းက ဥရောပ ဘဏ္ဍာရေးတည်ငြိမ်စေရေးလို့ ကင်ပွန်းတပ်ခဲ့ပေမယ့် နိုဝင်ဘာလအတွင်း မှာ အမြဲတမ်းအဖွဲ့အစည်းတစ်ရပ် တည်ထောင်တဲ့အခါ ဥရောပတည်ငြိမ် ရေးဆိုတဲ့ အမည်ကိုအသုံးပြုလာခဲ့ကြ တယ်။ ဥရောပ ဘဏ္ဍာရေးလောက မတည်မငြိမ် ဖြစ်မှုဟာ ဥရောပသမဂ္ဂ တစ်ခုလုံးရဲ့ တည်ငြိမ်မှုကို ထိခိုက် ပျက်ပြားလာကြောင်း ဖော်ညွှန်းပြသ လျက်ရှိတယ်။

ဥရောပဇာတိ စာရေးဆရာကြီး ဆမ်မားဆက်မွမ် - Somerset Mau-gham ဟာ သူ့ရဲ့ဝတ္ထုတစ်ပိုဒ်ထဲမှာ သစ်ရွက်ကလေးတစ်ရွက် လေတိုက်ခတ်လို့ တဖျပ်ဖျပ် လှုပ်ခါနေတာကို Trembling of a leaf လို့ ခြယ်မှုန်းခဲ့ တာကို သွားပြီးသတိရမိတယ်။ အခုလဲ ဥရောပတစ်ခွင်မှာ ဘဏ္ဍာရေး လေစိမ်းတိုက်ခတ်နေတာကြောင့် ဥရောပသမဂ္ဂဟာ တုန်လှုပ်ချောက် ချားလျက်ရှိတယ်။

ဥရောပ စီးပွားရေး ကော်မရှင်နာ Olli Rehn က တကယ်လို့ ၁၉၉ဝ နှစ်များဟာ စီးပွားရေးနဲ့ ငွေကြေး သမဂ္ဂ Economic and Monetary Union-EMU တည်ဆောက်တဲ့ ဆယ် စုနှစ်ဖြစ်ခဲ့တယ်ဆိုရင်၊ ၂ဝဝဝ ပြည့် လွန်နှစ်များဟာ ဒါကို အကောင် အထည်ဖော်တဲ့ ဆယ်စုနှစ်ဖြစ်တယ်။ အခုအချိန်ကတော့ အခြေခံကစပြီး ပြုပြင်ပြောင်းလဲရတော့မယ့် ဆယ်စု နှစ်ရဲ့ အစပါပဲလို့ မှတ်ချက်ချခဲ့ တယ်။ ဒီလို အပြောင်းအလဲဟာ အမှန်တကယ် လက်တွေ့အလုပ်လုပ် လို့ရတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက် မှုတစ်ခုဆီကို ဦးတည်သွားနိုင်တယ် လို့ သူက ဆိုတယ်။

ဘာကြောင့် ဒီလိုစကားမျိုး ပြောလာရသလဲဆိုတော့ အကြောင်းရှိတယ်။ ဥရောပသမဂ္ဂရဲ့ အစွန်အဖျား နိုင်ငံတွေမှာ ကြွေးမြီပြဿနာတွေ ပေါ်ထွက်လာရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး မကျေနပ်ချက်တွေ ရှိတယ်။ ဥပမာ-ဥရောပသမဂ္ဂရဲ့ အူတိုင်ဖြစ်တဲ့ ဂျာမနီနိုင်ငံက စီးပွားရေးအရမ်းတိုး တက်သွားပြီး ဘာကြောင့် အစွန် အဖျားနိုင်ငံတွေ စီးပွားရေးနောက်ကျ ကျန်ရစ်ခဲ့ရသလဲ။ တစ်နည်းပြောရင် အစွန်အဖျားနိုင်ငံတွေရဲ့ စီးပွားရေး အနေအထားကြောင့် အူတိုင်ဖြစ်တဲ့ ဂျာမနီနိုင်ငံက စီးပွားရေး အလွန့်အလွန် တိုးတက်နေတာလား။

ဂရိနိုင်ငံမှာ ကြွေးမြီပြဿနာစ တက်လာတော့ ဂျာမနီ နိုင်ငံက ချက်ချင်းမကူညီဘဲ ဘာကြောင့် အချိန်ဆွဲ ခဲ့တာလဲ။ တကယ်တော့ ဂျာမနီနိုင်ငံရဲ့ နှောင့်နှေးကြန့်ကြာမှုကြောင့် ဂရိအနေနဲ့ အတော်ပဲ ထိခိုက်နစ်နာခဲ့တယ်။ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ အချင်းချင်း တစ်နိုင်ငံက အခြား တစ်နိုင်ငံကို ငွေကြေးအထောက်အကူ ပေးတာကို ဂျာမနီက မလိုလားဘူး။ ဒါကြောင့်လဲ ကယ်တင်ရေး အစီအစဉ်တွေဟာ မကြာသင့်ဘဲ ကြာခဲ့ရတယ်။ ဒီပြဿနာအပေါ်မှာလဲ အဖွဲ့ ဝင်နိုင်ငံအချို့က မကျေနပ်ကြဘူး။

ဒီလို ပြဿနာတွေကြောင့် ဥရောပ သမဂ္ဂအတွင်းမှာ သဘောထား ကွဲပြားမှုတွေ ဖြစ်ပေါ်လာပြီး ပြိုကွဲ သွားတော့မလားလိုတောင် စိုးရိမ်ခဲ့ ကြတယ်။ ဥရောပ သမဂ္ဂအတွင်း ကြွေးမြီပြဿနာတွေ တစ်နိုင်ငံပြီး တစ်နိုင်ငံတက်လာတော့ ယူရိုတန်ဖိုးကလဲ အားပျော့သွားတယ်။ ဥရောပ စတော့ဈေးကွက်ကလဲ ကျဆင်းသွားတယ်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေ အထိတ်တလန့် ဖြစ်လာကြတယ်။

ရင်းနှီးမြှုပ်နှံသူတွေက ဥရောပ သမဂ္ဂ အနေနဲ့ အိုင်ယာလန်ကို ကယ်တင်ဖို့ ထုတ်ချေးငွေဟာ လုံလုံ လောက်လောက် မရှိဘူး။ အိုင်ယာလန် ရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ မြင်တယ်။ ပြီးတော့ ဥရောပ သမဂ္ဂရဲ့ ကြွေးမြီကယ်တင်ရေး ရန်ပုံငွေ ဆိုတာကလဲ ဘယ်လောက်မှမများ ဘူး။ နောက်ထပ် စပိန်နိုင်ငံလို အီတလီ နိုင်ငံလို နိုင်ငံကြီးကြီးတွေမှာ ကြွေးမြီပြဿနာ တက်လာရင် ဒီကယ်တင်ရေး ရန်ပုံငွေနဲ့ မလုံလောက်တော့ ဘူးလို့မြင်တယ်။ ဥရောပ တည်ငြိမ်ရေး ယန္တရားကြီး ESM အောက်မှာ နောက်ထပ် ကြွေးမြီပြဿနာတွေ ထွက်ပေါ်လာနိုင်တယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ယူရိုဇုန် အစိုးရများကို ငွေထုတ်ချေးရင် အတိုး နှုန်း ကြီးကြီးမားမားနဲ့ချေးငှားလာကြ တယ်။

ရင်းနှီးမြှုပ်နှံသူတွေဟာ ကြွေးပိနေတဲ့ ယူရိုဇုန်နိုင်ငံတွေနဲ့ ပတ်သက်ပြီး တော်တော်စိုးရိမ်ကြတယ်။ အိုင်ယာလန်ကိုပဲ ကြည့်ပါ။ အိုင်ယာလန် နိုင်ငံရေး သမားတွေဟာ သူတို့ကတိ ပေးထားတဲ့အတိုင်း ခြိုးခြံချွေတာရေး အစီအစဉ်တွေကို လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ကြမှာ မဟုတ်ဘူးလို့ ရင်းနှီးမြှုပ်နှံသူတွေက မြင်တယ်။ တကယ်လို့ သူတို့ ကတိအတိုင်း အကောင်အထည်ဖော် နိုင်မယ်ဆိုရင်တောင်မှ အိုင်ယာလန် စီးပွားရေးက အကြွေးပြန်ဆပ်နိုင် လောက်အောင် တိုးတက်လာမှ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အိုင်ယာလန်ပေးနေရတဲ့ အတိုးနှုန်းက တိုင်းပြည်တိုးတက်နှုန်းထက်တောင် များနေတယ်။ ဥရောပသမဂ္ဂမှာ ဒီ အတွက် ဖြေဆေးမရှိဘူး။

တကယ်တော့ နိုင်ငံတစ်နိုင်ငံ ကြွေးပိလာတယ်ဆိုရင် ငွေတန်ဖိုး လျှော့ချ - Devaluation နည်းနဲ့ ထွက်ပေါက်ရှာကြတယ်။ ယူရိုဇုန် အဖွဲ့ဝင်နိုင်ငံတွေမှာ ကိုယ်ပိုင်ငွေကြေး၊ ကိုယ်ပိုင်ငွေကြေး ပေါ်လစီ မရှိတော့ တန်ဖိုးလျှော့ချစရာ ငွေမရှိဘူး။ ယူရို ငွေကြေးဆိုတာက ဘုံငွေကြေး။ ကိုယ်တစ်ဦးတည်းပိုင် ငွေကြေးမဟုတ်။ ဒါကြောင့် ငွေတန်ဖိုးလျှော့ချတဲ့ နည်း ကို အသုံးပြုလို့မရ။ ဒီလိုနဲ့ ကြွေးပိတဲ့ ယူရိုဇုန် နိုင်ငံတွေမှာ မဟာအခက် အခဲနဲ့ရင်ဆိုင်နေကြရတယ်။

ဒါပေမယ့် ထွက်ပေါက်လုံးဝ မရှိဘူးတော့ မဟုတ်ပါဘူး။ စရိတ် -Cost လျှော့ချပြီး ကုန်စည်များများ ထုတ်လုပ်၊ နိုင်ငံခြား များများတင်ပို့ ရောင်းချတဲ့ နည်းလမ်းတစ်ခုတော့ ရှိတယ်။ ဒီနည်းကလဲ အပြောလွယ်သလောက် လုပ်ရကိုင်ရ ခက်တယ်။ ကဲ- ဒီလိုဆိုတော့ ယူရိုဇုန်ကလဲ နုတ်ထွက်၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင်အဖြစ်မှလဲ နုတ်ထွက်လိုက်ရင်ကော မဖြစ်ဘူး လား။ သေတစ်ပန် သက်တစ်ဆုံး ရိုးပြာမြေကျ ပေါင်းပါ့မယ်လို့ ကတိကဝတ် ပေးထားကြတဲ့ အကြင်လင် မယားမဟုတ်ပေမယ့် ဒီအဖွဲ့အစည်း ကြီးထဲကနုတ်ထွက်လိုက်ရင် ကြွေးပိနေတဲ့ နိုင်ငံအဖို့ ပြဿနာပိုပြီး ကြီး ထွားသွားလေမလား။
Ref: The Economist; Dec-4, 2010

မင်းရွှေမောင်
 

Sunday, January 23, 2011

809 Area Code

New Area Code - PLEASE READ Be sure you read this and pass it on.

809 Area Code 

We actually received a call last week from the 809 area code. The woman said 'Hey, this is Karen. Sorry I missed you- get back to us quickly. I have something important to tell you.' Then she repeated a phone number beginning with
 809. We did not respond. Then this week, we received the following e-mail:

Do Not
 DIAL AREA CODE 809, 284, AND 876 from the U.S. or Canada.

THIS IS VERY IMPORTANT INFORMATION PROVIDED TO US BY AT&T. DON'T EVER DIAL AREA CODE 809

This one is being distributed all over the US ... This is pretty scary, especially given the way they try to get you to call.


Be sure you read this and pass it on.


They get you to call by telling you that it is information about a family member who has been ill or to tell you someone has been arrested, died, or to let you know you have won a wonderful prize, etc..


In each case, you are told to call the 809 number right away. Since there are so many new area codes these days, people unknowingly return these calls.

If you call from the U.S. or Canada, you will apparently be charged a minimum of 

$2425 per-minute.

And you'll also get a long recorded message. The point is, they will try to keep you on the phone as long as possible to increase the charges. 

WHY IT WORKS:

The
 809 area code is located in the Dominican Republic .

The charges afterward can become a real nightmare. That's because you did actually make the call. If you complain, both your local phone company and your long distance carrier will not want to get involved and will most likely tell you that they are simply providing the billing for the foreign company. You'll end up dealing with a foreign company that argues they have done nothing wrong.

Please forward this entire message to your friends, family and colleagues to help them become aware of this scam.


AT&T VERIFIES IT'S TRUE
 :http://www.att.com/gen/press-room?pid=6045 

SNOPES VERIFIES IT'S TRUE:
http://www.snopes.com/fraud/telephone/809..asp

Tuesday, January 11, 2011

NLD ကို ရုံးလုပ်ငန်းဆိုင်ရာများ ဖြင့် ဆက်သွယ်လိုရင် (Phone No. & Email)

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သို့  ရုံးလုပ်ငန်းဆိုင်ရာ များနှင့် ပါတ်သက်၍ ဆက်သွယ်နိုင်ရန်အတွက်အောက်ဖော်ပြ ပါ e-mail လိပ်စာ နှင့် ဖုန်းနံပါတ် သို့ ဆက်သွယ်နိုင်ပြီ ဖြစ်ပါကြောင်း သိရပါသည်။

e-mail ; info.nldburma@gmail.com
phone ; ( 951 ) 555156

Saturday, January 8, 2011

Posted: 07 Jan 2011 06:56 PM PST
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
All Burma Monks Alliance
ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံအဖွဲ့၊ အမေရိကန်အစိုးရ၊ တရုတ်အစိုးရ အိန္ဒိယအစိုးရနှင့် နိုင်ငံတကာအစိုးရများသို့ အိပ်ဖွင့်ပေးစာ
Date…6.12.2010
၁။၂၀၀၇စက်တင်ဘာ ရွှေဝါရောင်တ်ာလှန်ရေးတွင် ငြိမ်းချမ်းစွာမေတ္တာပို့ လမ်းလျှောက်နေကြသော သံဃာတော်များ နအဖစစ်အုပ်စုမှ ဥပဒေမဲ့စွာသေနတ်နှင့် ပစ်ဝါးရင်းဒုတ်နှင့်ရိုက်ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီးနှစ်ရှည်လများစွာထောင်ဒဏ်များချမှတ်နှိပ်စက်နေ ကြပါသည်။ သံဃာတော်များသည် ငြိမ်းချမ်းစွာဆုတောင်း မေတ္တာပို့သခြင်း ကိုသာ ပြုလုပ်ခဲ့သည့်အတွက် မည်သည့်ဥပဒေကိုမှ ချိုးဖောက်ထားခြင်းမရှိပါ၍ သံဃာတော်များတွင် လုံးဝအပြစ် မရှိပါ။ အပြစ်မရှိပဲဥပဒေမဲ့ဖမ်းဆီးထားသော သံဃာတော်များကို အမြန်ဆုံးပြန်လွတ်ပေးရန်နှင့်ငြိမ်းချမ်းစွာ မေတ္တာပို့ဆုတောင်းနေသော သံဃာတော်များကို ဥပဒေမဲ့သေနတ်နဲ့ ပစ်ခြင်းဝါးရင်းဒုတ် နှင့်ရိုက်ခြင်း၊ ဥပဒေမဲ့အတင်း အဓမ္မဖမ်းဆီးထောင်ချနှိပ်စက်ခြင်းများသည် လူ့အခွင့်အရေး ချိုးဖောက်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖျက်ဆီးရာ ရောက်နေပါသဖြင့် တာဝန်ရှိသူများကိုတရားဥပဒေအရထိရောက်စွာ ဖေါ်ထုတ်အရေးယူပေးရန်…
၂။နအဖစစ်အစိုးရသည် ပြည်တွင်းပြည်ပမည်သူမှ လက်မခံသော၂၀၁၀ရွေးကောက်ပွဲကိုဇွတ်အတင်းကျင်းပခဲ့သဖြင့် ပြည်တွင်းမှ မကျေနပ်မှုများပိုမိုပြင်းထန်လာကာ ပြည်တွင်းစစ်များ ပြင်းထန်စွာဖြစ်ပေါ်လာသည့် အတွက်စစ်ပြေးဒုက္ခသည်များ အိုးပစ်အိမ်ပစ် ထွက်ပြေးသိမ်းရှောင်နေရခြင်း၊ ကုန်ဈေးနှုံးများအဆမတန် မြင့်မားလာမှုကြောင့် ပြည်သူပြည်သားများသည် တနေ့တခြားဆင်းရဲမွဲ တေငတ်ပြတ်လာခြင်း အရွယ်မရောက်သေးသော ကလေးသူငယ် များ စာသင်ကြားနိုင်ခြင်းမရှိဘဲ ရရာအလုပ်များဝင်ရောက် လုပ်ကိုင်နေရခြင်း စသော ပြဿနာများ တနေ့တခြား များပြားလာခြင်းကြောင့် န အ ဖ ၏ ၂၀၁၀ ရွေးကောက်ပွဲအား ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံနှင့်နိုင်ငံတကာ အစိုးရများမှ လုံးဝအသိ အမှတ်မပြုရန်…
၃။ ၁၉၉၀ပြည့် နှစ်တွင် လွတ်လပ်တရားမျှတစွာ မဲအနိုင်ရထားသောအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေး ခေါင်းဆောင်များ ၊တိုင်းရင်းသားခေါင်းဆောင်များ အားလုံး ပူးပေါင်းပါဝင် လက်မှတ်ထိုးထားသော ဒုတိယ ပင်လုံ ညီလာခံသည် မည်သူမဆိုပူးပေါင်းပါဝင်၍ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးညှိနိုင်း ဆောင်ရွက်နိုင်သည့် လမ်းစဉ်ဖြစ်သောကြောင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအစိုးရများမှ တရားဝင်အသိအမှတ်ပြု စာများထုတ်ပေးရန်….
၎။ မြန်မာနိင်ငံတွင်ဖြစ်ပေါ်နေသော ပြဿနာအ၀၀ ကိုဖြေရှင်းနိုင်သောနည်းလမ်းသည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့၊ တိုင်းရင်းသားများအဖွဲ့၊ စစ်အစိုးအရအဖွဲ့ တို့တနေရာတည်းတွင် အားလုံးညှိနိုင်းဆွေးနွေးဖြေရှင်းနိုင်မှ သာလျှင်ပြေလည်နိုင်မည်ဖြစ်သောကြောင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယနင့်နိုင်ငံတကာ အစိုးရများမှ ကမ္မကထပြု၍ ရက်သတ်မှတ်ကာ အမြန်ဆုံး ဆောင်ရွက် ပေးရန်….. အထက်ပါ တောင်းဆိုချက်များကို ပြည်တွင်း ပြည်ပသံဃာတော်များ၊ ဘာသာပေါင်းစုံခေါင်းဆောင်များနှင့် အခြား ပုဂ္ဂိုလ်များ အသီးသီးမှ သဘောတူလက်မှတ်ထိုး တောင်းဆိုလိုက်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
All Burma Monks Alliance
Open letter to United Nations and the Governments of the EU, ASEAN, USA ,
China, India, and all other International Governments Date…6.12.2010
1) In 2007, hundreds of thousands of Buddhist monks marched peacefully through the streets of Burma reciting the Metta Sutta, the Buddhist prayer for loving kindness. They did this to bring love and peace to their people. These monks were beaten, jailed, and killed by the Burmese military junta for expressing this loving kindness to the people of Burma.
Currently there are approximately 2,100 political prisoners in Burmese prisons. More than ten percent of these prisoners are Buddhist monks. Burma has the highest number of incarcerated Clergy in the world.
All of the innocent monks who are currently imprisoned for their participation in the ‘Saffron Revolution’ of 2007 should be released immediately and unconditionally. The Burmese authorities threaten world peace and regional stability, and abuse human rights, by arresting peaceful monks. The perpetrators of the arrests of these innocent people should be brought to justice.
2) The Burmese military junta held elections in November 2010, but these elections have not been accepted locally or globally, and instead have been nearly universally condemned as neither free nor fair.
Before the elections were held, many people were not happy with the elections because the election rules did not allow for an inclusive, democratic process. The election and its results have led to many people in the country becoming increasingly dissatisfied. This situation will lead to a worsening of the existing conflicts, as well as more refugees fleeing the country.
Food and commodity prices are once again rising in Burma. The living conditions of many citizens are deteriorating. Young people are unable to access education, and are forced to work to earn a living instead.
We urge the UN, EU, ASEAN, and all international governments not to recognize the results of the 2010 Burmese election.
3) We urge the UN, EU, ASEAN, and all international governments to support and recognize the Second Panglong Conference, which is being planned by the National League for Democracy (the legitimately-elected political party from the 1990 elections that has never been allowed to serve), political leaders, and representatives of Burma’s ethnic nationalities.
4) We believe the only way to ease tensions and solve the problems in Burma is through an inclusive gathering of the 1990 elected NLD officials with representatives of the ethnic nationalities and the military regime in one place to negotiate and engage in dialogue.
We urge the UN, EU, ASEAN, governments of the USA, China, India, and all other international governments to play an active role in making this process of dialogue in Burma happen.
The demands mentioned above are supported by Burmese monks, both inside and outside the country; by all religious leaders and by all individuals who signed this statement.

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
All Burma Monks Alliance
Lettre ouverte aux Nations Unies et aux Gouvernements de l'UE, de l’ASEAN, des Etats-Unis, de la Chine, de l'Inde et de tous les autres gouvernements Internationaux
Date…6.12.2010
1) En 2007, des centaines de milliers de moines bouddhistes défilaient pacifiquement dans les rues de Birmanie en récitant le Metta Sutta, la prière bouddhiste pour la bonté. Ceci dans le but de soutenir leur peuple dans l’amour et la paix. Ces moines ont été battus, emprisonnés et tués par la junte militaire birmane pour avoir exprimé leur bonté à la population. Actuellement, plus 2.100 prisonniers politiques se trouvent dans les prisons birmanes. Plus de dix pour cent d’entre eux sont des moines bouddhistes. C’est en Birmanie qu’il y a le plus grand nombre de détenus religieux au monde.
Tous les moines innocents qui sont actuellement emprisonnés pour leur participation à la «révolution safran» de 2007 devraient être libérés immédiatement et sans condition. En emprisonnant des moines pacifistes, les autorités birmanes menacent la stabilité de la paix mondiale et la stabilité régionale et bafouent les droits de l’homme. Les auteurs de ces arrestations de personnes innocentes doivent être traduits en justice.
2) La junte militaire birmane a organisé des élections en novembre 2010, élections dont le résultt a été refusé au niveau local et à l'échelle mondiale, ayant été presque universellement considérées comme ni libres ni équitables.
Avant ces élections, beaucoup de Birmans les contestaient parce que les règles électorales établies par la junte éliminaient toute possibilité de processus démocratique réel. L'élection et ses résultats ont ainsi engendré le mécontentement de très nombreux habitants du pays. Cette situation va créer une aggravation des conflits existants, incitant davantage de réfugiés à fuir le pays. Le prix des aliments et des produits de base est une fois de plus à la hausse en Birmanie détériorant ainsi les conditions de vie de nombreux citoyens.
Les jeunes n'ayant pas accès à l'éducation sont forcés de travailler pour gagner leur vie.
Dans ces circonstances, nous demandons instamment à l'ONU, à l’UE, à l’ASEAN et à tous les gouvernements internationaux de ne pas reconnaître les résultats des élections birmanes de novembre 2010.
3) Nous demandons instamment à l'ONU, à l’UE, à l’ASEAN et à tous les gouvernements internationaux d’appuyer et de reconnaître la deuxième conférence de Panglong (*), proposée par la Ligue nationale pour la démocratie (le parti légitimement élu en 1990 mais qui n'a jamais été autorisé à gouverner), ainsi par que les dirigeants politiques et les représentants des minorités ethniques de Birmanie.
4) Nous sommes convaincus que la seule façon d'apaiser les tensions et de résoudre les problèmes actuels de la Birmanie réside dans un dialogue entre les élus responsables de la NLD de 1990, les représentants des minorités ethniques et le régime militaire dans un endroit neutre à définir d’un commun accord.
Nous demandons instamment à l'ONU, à l’UE, à l’ASEAN, aux gouvernements des Etats-Unis, de la Chine, de l'Inde et aux dirigeants de toutes les autres organisations internationales de se mobiliser pour que ce dialogue ait lieu rapidement en Birmanie. Les recommandations mentionnées ci-dessus sont établies et assumées par des moines birmans vivant tant à l'intérieur qu'à l'extérieur du pays, par toutes les communautés religieuses dirigeantes et par toutes les personnes ayant signé cette déclaration.
(*) La conférence de Panglong a eu lieu en février 1947 à Panglong, dans l’Etat Shan en Birmanie. Elle réunissait des représentants de plusieurs minorités, les Shans, les Kachins et les Chins, ainsi qu’Aung San, le chef du gouvernement intérimaire birman. Son objectif était l'organisation de la lutte pour l'indépendance et la constitution d'une république birmane unifiée. L'accord de Panglong, signé le 12 février, ouvrit directement la voie à la création de l'Union Birmane le 4 janvier 1948.
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
All Burma Monks Alliance

Offener Brief an die Vereinten Nationen und die Regierungen der EU, ASEAN, USA, China, Indien und alle anderen Regierungen internationaler Staaten
Date…6.12.2010
1)
Im Jahr 2007 zogen hunderttausend buddhistische Mönche friedlich, das Metta Sutta rezitierend durch die Straßen Burmas. Das Metta Sutta ist das buddhistische Gebet für liebende Güte. Die burmesischen Mönche rezitierten dieses Sutta, um den Menschen ihres Landes die Prinzipien von Liebe und Frieden zu vermitteln. Hierfür wurden die Mönche von der burmesischen Militärjunta auf den Straßen zusammengeschlagen, in Gefängnisse gesperrt und ermordet.
Zur Zeit befinden sich etwa 2.100 politische Gefangene in Burmas Gefängnissen. Mehr als zehn Prozent davon sind buddhistische Mönche. Burma hat die höchste Zahl inhaftierter Geistlicher weltweit.
Alle unschuldigen Mönche, die zurzeit für ihre Teilnahme an der „Saffran Revolution“ 2007 inhaftiert sind, müssen sofort und bedingungslos freigelassen werden! Die burmesischen Machthaber gefährden den Weltfrieden und die Stabilität in der Region, und sie missachten die Menschenrechte durch die Inhaftierung friedlicher Mönche. Die für die Verhaftung unschuldiger Verantwortlichen, müssen für ihre Taten zur Rechenschaft gezogen werden.
2) Im November 2010 hat die burmesische Militärjunta Wahlen abgehalten. Diese Wahlen wurden weder im eigenen Land, noch international anerkannt und stattdessen nahezu einstimmig als weder frei, noch fair beurteilt.
Schon vor den Wahlen waren viele Menschen mit dem Prozedere nicht einverstanden, weil die Wahlgesetzte keinen alle Gruppen und Ethnien einschließenden, demokratischen Prozess zuließen. Die Wahlen und das Ergebnis der Wahlen haben bei vielen Menschen zu einer zunehmenden Unzufriedenheit geführt. Diese Situation wird zu einer Verstärkung der existierenden Konflikte führen und noch mehr Burmesen zur Flucht aus ihrem Land zwingen.
Die Preise für Lebensmittel und Rohstoffe steigen erneut. Die Lebensbedingungen in Burma verschlechtern sich weiter. Junge Menschen haben keinen Zugang zu Bildung, sie müssen stattdessen arbeiten, um das Überleben der Familie zu sichern.
Wir richten daher die dringliche Bitte an die UN, EU, ASEAN und die Regierungen der internationalen Staaten, die Ergebnisse der Wahlen vom November 2010 nicht anzuerkennen.
3) Wir bitten die UN, EU, ASEAN und die Regierungen der internationalen Staaten um Unterstützung für eine zweite Panglong Konferenz. Diese Konferenz wird geplant von der Nationalen Liga für Demokratie, NLD (die bei den Wahlen von 1990 legitim zur Regierung gewählte wurde, diese jedoch niemals übernehmen durfte), Parteiführern und Repräsentanten der ethnischen Minderheiten.
4) Wir sind der Überzeugung, dass der einzige Weg zur Beilegung der Konflikte und zur Lösung der Probleme in Burma in Dialog und Verhandlungen bei einer Zusammenkunft der 1990 gewählten NLD Repräsentanten mit Vertretern der ethnischen Nationalitäten und des Militärregimes liegt.
Wir richten die dringliche Bitte an die UN, EU, ASEAN, die Regierungen der USA, China, Indien und die Regierungen der internationalen Staaten, eine aktive Rolle zu übernehmen, um den Prozess eines Dialogs in Burma zu ermöglichen.
Die oben stehenden Forderungen werden von den burmesischen Mönchen in Burma und den im Exil lebenden Mönchen unterstützt, ebenso wie von allen religiösen Vertretern und von allen Personen, die dieses Dokument unterschrieben haben.

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
All Burma Monks Alliance
จดหมายเปิดผนึกถึงสหประขาขาติและรัฐบาลของประเทศกลุ่มส
หภาพยุโรป อาเซียน ประเทศสหรัฐอเมริกา จีน และอินเดีย
และรัฐบาลนานาประเทศ
1. ในปีพ 2550 พระสงฆ์จำนวนหลายหมื่นรูปได้เดินนขบวนอย่างสงบบนถนน ในประเทศพม่า หรือที่เรียกว่าสวดมนตร์เมตตาสูตรซึ่งเป็นบดสวดทางพระพุทธศาสนาว่าด้วยความรักและเมตตา พวกท่านทำกระทำสิ่งนี้เพิื่อนำความรักและสันติภาพมาสู่ประชาชน
พระสงฆ์เหล่านี้ถูกทุบตี กักขัง และฆ่าโดยรัฐบาลทหารพม่า แม้จะเป็นการแสดงออกถึงความรัก
และเมตตาต่อประชาชนชาวพม่าก็ตาม ปัจจุบันนี้มีนักโทษทางการเมืองประมาณ 2100 คน
ในเรือนจำประเทศพม่า มากกว่า ร้อยละ 10 ของนักโทษเหล่านี้คือพระสงฆ์ ประเทศพม่ามีจำนวน นักโทษซึ่งเป็นนักบวชมากที่สุดในโลก พระสงฆ์ผู้บริสุทธิ์เหล่านี้ถูกจองจำเนื่องจากการเข้าร่วมในการปฏิวัติผ้าเหลือง
ควรจะถูกปล่อยตัวในทันทีโดยไม่มีเงื่อนไข รัฐบาลทหารพม่า ได้ละเมิดสันติภาพของโลกและความมั่นคงของภูมิภาค รวมทั้งละเมิดสิทธิมนุษยชน
โดยการจับกุมพระสงฆ์เหล่านี้ ผู้ที่ทำการจับกุมผู้บริสุทธิ์เหล่านี้ควรถูกนำเข้าสู่กระบวนการยุติธรรม
2. รัฐบาลพม่าได้จัดการเลือกตั้งเมื่อเดือนพฤศจิกายน 2553 แต่การเลือกตั้งไม่ได้รับการยอมรับ ทั้งในประเทศและในระดับโลก นอกจากนั้นยังถูกประนามในระดับนานาชาติว่าเป็นการเลือกตั้ง ที่ทั้งไม่ยุติธรรมและไม่โปร่งใส ก่อนการเลืิอกตั้งจะถูกจัดขึ้น ประชาชนมากมายไม่พึงพอใจกับการ เลือกตั้ง เนื่องจากกฎหมายเลือกตั้งไม่อนุญาตให้เกิดกระบวนการทางประชาธิปไตยอย่างแท้จริง
ทั้งการเลือกตั้งและผลการเลือกตั้ง ยิ่งทำให้ประชาชนในประเทศเกิดความ ไม่พอใจสถานการณ์จะนำไปสู่ความขัดแย้งที่เลวร้ายลง รวมทั้งผู้ลี้ภัยที่จะหนีออกจากประเทศ ราคาเครื่องอุปโภคบริโภคเพิ่มสูงขึ้นอีกครั้งหนึ่งในประเทศพม่า เงื่อนไขความเป็นอยู่ของประชาชน
ยิ่งตกต่ำ เด็กและเยาวชนไม่สามารถเข้าถึงการศึกษา และถูกผลักดันให้ทำงานเพื่อหาเงินเลี้ยงชีพ
เราเรียกร้องให้สหประชาชาติ สหภาพยุโรป อาเซียน และรัฐบาลนานาประเทศ
ไม่ให้รับรองผลการเลือกตั้งของประเทศพม่า ในปี 2553
3. เราเรียกร้องให้สหประชาชาติ สหภาพยุโรป อาเซียน และรัฐบาลนานาประเทศมให้สนับสนุนและรับรองการประชุมปางโหลงครั้งที่สอง
ซึ่งมีการวางแผนจะจัดโดยพรรคสันนิบาตเพื่อประชาธิปไตย ( ซึ่งเป็นพรรคการเมืองที่ได้รับการเลือกตั้งโด ยชอบธรรมในปี 2533
ซึ่งไม่เคยมีโอกาสได้รับตำแหน่ง ) ผู้นำทางการเมืองและตัวแทนจากกลุ่มชาติพันธุ์ต่างๆในพม่า
4.เราเชื่อว่าหนทางเดียวที่จะลดความตึงเครียดและแก้ปัญหาในพม่าได้คือการมีส่วนร่วมของสมาชิกพรรคสันนิบาตเพื่อประชาธิปไตยที่ได้รับการเลือกตั้งเมื่อปี 2533 ตัวแทนจากกลุ่มชาิตพันธุ์ และรัฐบาลทหาร เพื่อร่วมในการเจรจา เราเรียกร้องให้สหประชาชาติ สหภาพยุโรป อาเซียน
รัฐบาลของสหรัฐอเมริกา จีน อินเดีย และรัฐบาลนานาชาติ ได้แสดงบทบาท ที่ชัดเจนให้กระบวนการเจรจาในพม่าเกิดขึ้นจริง
ข้อเรียกร้องดังกล่าวข้างต้นได้รับการสนับสนุนโดยพระสงฆ์ทั้งในพม่าและนอกประเทศ รวมทั้งโดยผู้นำทางศาสนาและบุคคลต่างๆที่ได้ร่วมลงนามในเอกสารนี้
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
All Burma Monks Alliance
联合国,欧盟,东盟,美国,中国,印度以及各国政府的公开
一、
2007年,数十万个僧侣在缅甸的街道和平游行。他们为缅甸人民背诵《慈经
(Metta Sutta)为他们带来慈爱。这些僧侣因此被缅甸军政府殴打,监禁以及谋杀
目前大约有2,100名政治犯在缅甸的监狱里。百分之十以上的囚犯是僧侣。而缅
军政府监禁的神职人员的数量是世界之最
们在此向国际呼吁,所有因为参与2007年「番红花革命」(Saffron Revolution)
而被监禁的所有无罪的僧侣都应该被立即无条件释放。缅甸当局通过逮捕和平的
侣威胁世界和平和地区稳定,并且违反人权。策划逮捕这些无罪的人们的当局者应
该被依法惩处
二、
缅甸军政府在201011举行的选举,不但没被缅甸人民以及国际接受,并
被普遍谴责为既不自由也不公正
选举举行之前,因为选举规章违反民主进程,很多人不支持这场选举。选举
结果导致更多人对缅甸军政府越来越不满。这种形势将导致现有的冲突恶化,
更多的难民逃离国家
缅甸通货膨胀持续上升,造成缅甸人民的生活条件更加恶化。年轻人为了生计
而被迫中断学
们在此向联合国,欧盟,东盟以及各国政府呼吁,不要承认2010缅甸选举
结果
三、
们在此向联合国,欧盟,东盟和所有国际间各政府呼吁,请支持并且承认
全国民主联盟(the National League for Democracy, NLD)—经由1990年的合法
举但从未被军政府允许为人民服务的民主政党、政治领导人和缅甸各种族国籍的
表达成的第二次「彬龙协议」 (the Second Panglong Conference)
四、
们相信能够缓和缅甸各区的紧张形势以及解决问题的唯一方法是由1990年当
选的全国民主联盟党员、缅甸各种族国籍的代表与缅甸军政府谈判
们在此向联合国,欧盟,东盟,美国,中国,印度和各国政府呼吁,请积
让谈判在缅甸发生
以上的所有诉求为在缅甸境内和境外的缅甸僧侣;全部的宗教领导人和个人签
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
Posted: 07 Jan 2011 05:36 AM PST
နာရေး ကူညီမှု အသင်း(ရန်ကုန်)၏ လူမှုရေး လုပ်ဆောင်ချက်များ၊ ပေးဆပ်မှုများကို တစ်ဖက် တလမ်းမှ အားပေး ကူညီ လှူဒါန်းမှုများ စဉ်ဆက် မပြတ် မနားတမ်း ပံ့ပိုးမှု ပြုလုပ် ပေးသူများ အနက်မှ ဂီတ ပညာရှင်တို့၏ အခန်း ကဏ္ဍ သည်လည်း အရေးပါလှသည်။

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။
နာရေး ကူညီမှု အသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ၊ သုခကုသိုလ်ဖြစ် ဆေးခန်း၏ ဖေးမမှုများကို သဒ္ဒါ ပေါက်၍၄င်း၊ တစ်ဖက် တလမ်းမှ အားပေးခြင်းဖြင့်၎င်း လာရောက်၍ လှူဒါန်းကြသော ပြည်တွင်း ပြည်ပမှ အလှူရှင်များအား ပြန်လည်၍ ဂုဏ်ပြု ပေးအပ်သော ဂုဏ်ပြုလွှာနှင့် တကွ အသင်း၏ လုပ်ဆောင်ချက်များကို ဖော်ပြထားသော VCD, DVD အခွေချပ်များတွင် ကြည့်ရှုသူ ပြည်သူ အပေါင်း အတွက် သီဆို ဖျော်ဖြေ ပေးထားသော လူမှုရေး လုပ်ငန်းများနှင့် ပတ်သက်သော ဂီတ စကားလုံးများ ပါဝင်သည့် သီချင်း သံစဉ်များအား စတင်၍ သီဆို ဒါနပြုခဲ့သူ ဂီတ ပညာရှင်များတွင် အဆိုတော် မေခလာ (မငယ်) သည်လည်း အဓိကနေရာတွင် ပါဝင်ခဲ့သည်။

တေးရေး/ဆို စိုးသိင်္ခနှင့် မေခလာတို့၏ နောက်ပိုင်း အဆိုတော် နှင်းဧကရီ၊ ကိုစိုးပိုင်၊ မမေရွက်ဝါ၊ အနဂ္ဂ၊ ဂျေမီ၊ ချစ်စိုး၊ ချမ်းအေးဝင်း၊ ချိုချို၊ RT(အာတီ)၊ ဘိုလေးနှင့် ပြည်သာ၊ ဂျီတုန်း၊ သုတ (Cyclone)၊ ကျော်သူ၊ ကိုရဲလွင်(မဇ္ဈိမလှိုင်း)၊ ကိုနေ၀င်း (မောင့်လပြည့်ဝန်း)၊ ဆောင်းဦးလှိုင်၊ သားထွေး၊ ကောင်းပြည့်၊ ကျားပေါက် (Big Bag)၊ အလင်္ကာ၊ နိုင်ဇော်(Lazy Club)၊ ဖြိုးကျော်ထိုက်၊ BK, JJ, P-XI, DICE, Feat - K လေး၊ရည်မွန်လမင်း၊ စောသဉ္ဇာ၊ တွတ်ပီ(NES)၊ Po Po၊ ပိစိ၊ သူရိန်၊ ထက်အောင်လှိုင်၊ အိလှိုင်ဦး၊ ဖိုးဆောင်း၊ ကိုဦး၊ အော်တာ၊ DENNIS၊ ထက်ထက်စိုး၊ ဟန်လင်းအောင်၊ ဖိုးလ၊ သက်နှင်းဆက် စသည့် အဆိုတော် ဂီတ ပညာရှင်များကပါ ၀ိုင်းဝန်း၍ လူမှုရေး လုပ်ငန်းများ ဖြစ်သော နာရေး ကူညီမှု အသင်း (ရန်ကုန်) ၏ လုပ်ဆောင်ချက်များတွင် အများပြည်သူတို့ အယူသီးမှု ပပျောက်ရေး အတွက်၎င်း၊ လူမှုရေး လုပ်ငန်းများကို လူငယ် မျိုးဆက်သစ်တို့ စိတ်ဝင်စားမှု ရှိလာရန် အတွက်၎င်း အားပေး အသိအမှတ် ပြုသည့် အနေဖြင့် တစ်ဖက် တလမ်း ဂီတ ပညာရပ်တို့ဖြင့် ကုသိုလ်ဖြစ် ရေး/ဆို တီးခတ် ပေးဆပ်ခဲ့ကြသည်။

ယခုဆိုလျှင် ဂီတ ပညာရှင်များ သီဆို ပေးထားသော လူမှုရေး၊ ငြိမ်းချမ်းရေး သီချင်းများကို အလှူရှင်များအား (ကန့်သတ်) အခွေအဖြစ် ဂုဏ်ပြု ပေးအပ်ရန် အတွက် အသင်း၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု အရုပ်မြင်ကွင်းများအပြင် အဆိုတော်များ၏ သီဆိုမှု ပုံရိပ်လွှာများ ပါရှိရန် သီးခြား ရိုက်ကူးမှုများ ပြုလုပ်လျှက် ရှိသည်။

ထိုသို့ ရိုက်ကူးမှုများ ပြုလုပ်ခဲ့ရာ အဆိုတော် ဦးရဲလွင် (မဇ္ဈိမလှိုင်း)၊ Hip Hop အဆိုတော် BK ( Black Night)၊ စောသဉ္ဇာတို့၏ ရုပ်ပုံလွှာများ ရိုက်ကူး ပြီးစီးပြီး ဖြစ်ပါသည်။ မကြာခင် ရက်များတွင် အဆိုတော် ဆောင်းဦးလှိုင် အပါအ၀င် လူမှုရေး ဂီတသမားများ၏ ရုပ်ပုံလွှာ များကိုလည်း ဆက်လက် ရိုက်ကူးတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် မကြာခင် အများပြည်သူ အလှူရှင်များ လက်တွင်းသို့ ယင်းဂီတ လူမှုရေး သူရဲကောင်းများ၏ သံစဉ်များ၊ ရုပ်ပုံလွှာများ ရောက်ရှိတော့မည် ဖြစ်သည်။
ထိုကဲ့သို့ မိမိတို့၏ သံစဉ်များ၊ ဂီတ ပညာရပ်များဖြင့် လူမှုရေး လုပ်ငန်း ဖြစ်သော အများပြည်သူ အတွက် ပေးဆပ်နေသော နာရေး ကူညီမှု အသင်း(ရန်ကုန်) အတွက် ကုသိုလ်ဖြစ် သီဆို ဒါနပြုခဲ့ကြ သည့်အပြင် မိမိတို့၏ ချွေးနည်းစာ၊ မိမိတို့၏ ဂီတ ပညာရပ်ဖြင့် ပြည်တွင်း ပြည်ပ တို့တွင် ဖျော်ဖြေ၍ ရရှိခဲ့သော ငွေကြေး အချို့ တို့ကိုပါ မကျန် ကောင်းမှုပြုခဲ့ခြင်းတို့ အပေါ် များစွာ ၀မ်းသာပီတိ သာဓု ခေါ်ဆို လိုက်ပါသည်။ ထိုသို့ လှူဒါန်းခြင်းများသည် လှူဒါန်းမှု အတွက် ကုသိုလ် ရရှိသည့် အပြင် လူငယ် မျိုးဆက်သစ်တို့ လူမှုရေး လုပ်ငန်းများကို တက်ကြွစွာ ပါဝင် လှုပ်ရှား လိုစိတ်များပါ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ဂီတ လူမှုရေး ကွန်ယက်မှ အစပြု၍ လူငယ် လူမှုရေး ကွန်ယက်သည် မကြာမီ အချိန်အတွင်း ပေါ်ပေါက် လာတော့မည် ဖြစ်တော့သည်။

ကျော်သူ။
http://www.humanright-myanmar.com/ မှာ အီးမေးလိပ်စာထည့်ခဲ့ပါ အသစ်တင်တိုင်း ပို့ပေးပါမည်။
Posted: 07 Jan 2011 05:35 AM PST
၂၀၁၁ မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် နှစ် ၁၀၀ မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဂါးဒီးယန်း သတင်းစာကြီးက စိတ်ဓာတ်ခွန်အား ပေးနိုင်မှု အရှိဆုံး အမျိုးသမီး ၁၀၀ ကို ရွေးချယ်ဖို့ မဲဆန္ဒပေးခွင့် ပေးထားပါပြီ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစီအစဉ် တင်ဆက်သူ အော်ပရာ ဝင်းဖရေး၊ ဟယ်ရီပေါ်တာ ဖန်တီးရှင် ဂျေ ကေ ရိုလင်းတို့ကို ရွေးမလားဆိုပြီး နမူနာ ပေးထားပါသေးတယ်။

ဆန္ဒရှိရင် မဲပေးနိုင်ပါပြီ။ ဒီနေရာမှာပါ။

source by : ဧရာဝတီ