Sunday, January 30, 2011

ဦးဖိုးသံချောင်း-ဦးမြင့်သိန်းနဲ့  ဦးဝင်းတင်တို့ အာလူးလော-- ခွပ်ဒေါင်းလော ဖိုးသောကြာ-



277,Jan, 2011။-


နအဖ စစ်အစိုးရက သူတို့ ကြေငြာထားတဲ့ အတိုင်း ဇန်န၀ါရီ ၃၀ ရက်မှာ လွှတ်တော် ခေါ် တော့မှာ ဖြစ်ပါတယ်။

ပြီးရင် သူတို့ ပုံစံချ အကွက် ရိုက်ထားတဲ့ အတိုင်း ဘယ်သူက သမ္မတ လုပ်စေ၊ ဘယ်သူက ၀န် ကြီးချုပ်ဖြစ်စေ ဆိုတဲ့ အတိုင်း လုပ်တော့မှာ သေချာနေပါပြီ။

လွှတ်တော်ပြီးရင် ပေါ်လာမယ့် အစိုးရက ဒီမိုကရေစီ အစိုးရလို့ အမည် ခံထားပေမယ့် အင်အယ်လ်ဒီ အပါအ၀င် အတိုက် အခံ တွေက လူထုကို လမ်းမပေါ်တင်ပြီး ဆန္ဒပြ၊ သပိတ်စုံ သူပုန်ထ နည်းကို သုံးပြီး အစိုးရသစ်ကို အကြပ်အတည်း ဆိုက်အောင် အချိန်တုန်းက သခင်စိုးတို့ ၊သခင်သန်းထွန်းတို့ သုံးခဲ့တဲ့နည်းကို သုံးပြီး နိုင်ငံရေး ကစားရင် သူတို့ ဘက်က အချိန်မရွေး စစ်တပ်က အာဏာ သိမ်းခွင့် ရှိသည်ဆိုတဲ့ အချက်နဲ့ ၂၀၀၈ အခြေခံ ဥပဒေမှာ ပြဌာန်း ထည့်သွင်းထား ပါတယ်။

ကျွန်ုပ်တို့ ဒီမိုကရေစီ အတိုက်အခံများ အသို့  ပြုကြလေသော် အကောင်းဆုံး ဖြစ်ချေမည်နည်း။

တွေးကြည့်သည်။ အချက် ၂ ချက်တွေ့ သည်။
ယင်းအချက်မှာ ဦးဝင်းတင် စခဲ့သည့် ဒုတိယ ပင်လုံကို အကောင်အထည်ဖော်ခြင်းနှင့် --
ဦးဖိုးသံချောင်း၊ ဦးမြင့်သိန်းတို့ ကြေငြာထားသည့် “ရွေးကောက်ပွဲလွန် ကာလအတွက် ယာယီအစိုးရ ဖွဲ့စည်းရေး” ဆိုတာ ဖြစ်ပါတယ်။


လုပ်ရမှာ ကိုယ့်တာဝန်၊ ဖမ်းတာ-မဖမ်းတာ သူ့ တာဝန် ထားပြီး ဒုတိယ-ပင်လုံ ခေါ်လျှင် အင်အယ်လ်ဒီရော၊ ဦးဝင်းတင် သမိုင်းရော လှမည် အမှန်ပင် ဖြစ်ပါတယ်။

ဦးဝင်းတင်ကို ချစ်မြတ်နိုးလေးစားသူ ပြည်တွင်း-ပြည်ပမှာ လူကြီး လူငယ် လူလတ် သိန်းချီပြီး ရှိပါတယ်။
ဖြစ်နိုင်ခြေ ၉၅ ရာနှုံးမှာ ရှိတယ်လို့ ရဲရဲကြီးပြောနိုင်ပါတယ်။

ဒုတိယ အချက်ဖြစ်သည့် ဦးဖိုးသံချောင်း၊ ဦးမြင့်သိန်းတို့ ကြေငြာထားသည့် “ရွေးကောက်ပွဲလွန် ကာလအတွက် ယာယီ အစိုးရ ဖွဲ့စည်းရေး” သည် ဦးဝင်းတင်၏ ဒုတိယ-ပင်လုံနှင့် စာလျှင် ပို၍ လုပ်သင့်သော အချက်ဖြစ်ပါသည်။
အကြောင်းမှာ ပြည်ပရောက် နိုင်ငံရေး သမားများနှင့် ဖွဲ့ မည် လုပ်ကိုင်ကြမည် ဖြစ်၍ ကျည်လွတ် မြေမှာ အဖမ်း အဆီး ခံရစရာ အကြောင်း မရှိပါ။

ပြီးတော့ ထိုင်းနယ်စပ်မှာ ရဲရဲတောက် လူငယ်များဖြစ်သည့် အောင်မိုးဇော်နှင့် လူ့ ဘောင်သစ်အဖွဲ့ဝင်များ၊ဗကသ အဖွဲ့  ၀င်များ၊တရုတ် ပြည်သို့ အ၀င်အထွက် လုပ်နိုင်သည့် အင်အယ်လ်ဒီ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်နှင့် အဖွဲ့ဝင် များ။ တရုတ် ဖြေရှင်းမှ မြန်မာ့ အရေး ပြေလည်မည်ဟု ယုံကြည် ပြောဆိုနေသည့် အမေရိကန်နေ ပြောခွင့် မိုက်ခွက်ရ ကိုအောင်ဒင်၊ဒေါက်တာ သောင်းထွန်း၊ကိုစိုးချိန်၊ကိုအောင်စောဦး၊ကိုမိုးသီးဇွန် အပါဝင် သန်းချီသော ဗကပ အဖွဲ့ ဝင် များ၊ ဗကပ ချစ်သူများ၊ ဗကပ ထောက်ခံ အားပေးသူများ၊ ဗကပ အဖွဲ့ ဝင်အဖြစ် အထင်ခံနေချင်သူများစွာ ရှိပါသည်။


ဦးဖိုးသံချောင်းက မီးစိမ်းတချက်ပြလိုက်သည် ဆိုရင်ဖြင့် “မီးသွေးခဲမို့ -မဲ သကိုဗျ၊ ဗကပ တို့ ရဲ-သကိုဗျ ” ဆိုသလို ရဲရဲ တောက် ၀ိုင်းဝန်း ထောက်ခံကြမှာ မြေကြီး လက်ခတ်မလွဲ ယုံကြည်ပါသည်။
ဦးသံချောင်း၏ အတွေး အမြင်နှင့် လုပ်ငန်း စဉ်များကို သူ့ ကိုချစ်သူများ၊ သူ့ နောက်လိုက်များက ကိုယ့်ခေါင်းဆောင် ကိုယ် လျှော့ မတွက်သင့်ကြပါ။


လောလောဆယ်မှာပင် နေ့ သစ် အင်တာနက် စာမျက်နှာတွင် အမေး အဖြေ ကဏ္ဍတစ်ခု၌ သွေးထွက်အောင် မှန်သည့် အတွေး အဖြေ များ တင်ထားသည်ကို ဖတ်ရပါတယ်။ အနှစ်ချုပ် ထုတ်ဖော်ပြရရင်ဖြင့် --


ရဲဘော်ဖိုးသံချောင်းမှ နေ့သစ်ရဲဘော်များရဲ့ မေးခွန်းများကိုဖြေကြားချက်
January 22, 2011

(မေး) ဗမာပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်၊ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ နိုင်ငံတကာရဲ့ ရပ်တည်မှုဟာ မျှတဆီ လျှော်မှု ရှိ တယ်လို့ ထင်ပါသလား။ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေကို ဘာပြောချင်ပါသလဲ။

(ဖြေ) ကမ္ဘာပေါ်ရှိတိုင်းပြည်တိုင်းအတွက် ဘယ်နိုင်ငံရေးစနစ်နဲ့အုပ်ချုပ်သင့်တယ်ဆိုပြီး တခြားနိုင်ငံတွေက သူတို့ တာဝန် လို သဘောထားပြီးလုပ်နေကြရင် နိုင်ငံတကာ ဆက်ဆံရေး တွေရော ပြည်တွင်းရေးတွေရော အကုန်ရှုပ်ကုန် မှာပါ။
ဗမာ ပြည် လွတ်လပ်ရေးရအောင်လုပ်ခဲ့ရာမှာ ကမ္ဘာစစ်ဆိုတသမိုင်းမှာ သိပ်ထူးခြားတဲ့ အနေအထားကို အသုံးပြုပြီး တခြားနိုင်ငံတွေနဲ့ ဆက်သွယ်ခဲ့၊ အကူအညီယူခဲ့ပါတယ်။
ဒါပေမဲ့ ကိုလိုနီဘ၀ကလွတ်မြောက်ဖို့အတွက် စတင်လှုပ်ရှားကြရာမှာ ရော၊ အဆုံးသတ် တိုက်ပွဲ ၀င်ကြရာ မှာပါ ဗမာပြည်ပြည်သူတွေချည်း ကိုယ့်ဖာသာ လုံးပမ်း ခဲ့ကြရတာ ဖြစ်ပါတယ်။
ဒုတိယ ကမ္ဘာ စစ်နောက်ပိုင်း ဗမာပြည်ရဲ့နိုင်ငံရေးကို ပြန်ကြည့်ရင်သိပ်ရှင်းပါတယ်။
ဒီတော့ နအဖကိုပလ္လင်ပေါ်ကနေဆွဲချဖို့၊ ဒါမှ မဟုတ် လိမ္မာအောင်နားချဖို့အတွက် တခြားနိုင်ငံတွေမှာ ဘာတာဝန်မှ မရှိပါဘူး။


ကဲ ဘယ်လောက်မှန်တဲ့ စကားလဲ။ တရုတ်ကလဲ သူ့ ကိုယ်ကျိုး စီးပွါးအတွက် အမေရိကန်ကို လက်ဆွဲ နှုတ်ဆက် လည်ပင်းဖက်နေတယ်။ ကုလားလဲ ထူးမခြားပဲ။ အာစီယံကလည်း သူ တို့ အကျိုး စီးပွါး အတွက် ပေါ်လာတော့မယ့် အစိုးရသစ်ကို ကြိုချင်နေပြီ။ မြန်မာတွေ ဘယ်သူ့  သွား အားကိုးလို့ ဖြစ်ပါတော့မလဲ။

-----
ကျွန်ုပ်တို့ ငယ်ငယ် တုန်းက သီချင်း တစ်ပုဒ်ရှိခဲ့ဖူးပါတယ်။ အဲဒီ သီချင်းက--
အာလူး လာမပေးနဲ့- လေနည်းနည်ေးလျှာ့
ဘူတာရုံမှာသင်္ဘောကြီးတွေ ဆိုက်လို့တဲ့
လေယာဉ်ပျံကို ခဲနဲ့ ပေါက်ရင် ထိ လိမ့်မယ်
မယုံ မရှိနဲ့ - အမှန်ပါပဲကွဲ့ ။
အာလူး လာမပေးနဲ့ --လေနည်းနည်းလျှော့။-- လေနည်းနည်းလျှော့ ။။


။။။။။
ဦးဝင်းတင်၊ ဦးဖိုးသံချောင်းနဲ့ ဦးမြင့်သိန်းတို့ စကားကို ကျွန်ုပ်တို့ ငယ်ငယ် တုန်းက ကြားဖူးတဲ့ သီချင်းလို သဘော မထား စေချင်ပါ။

ကိုင်း ဒီတော့ နဖအ အစိုးရသစ်ကို ရိုက်ချိုး နိုင်မှာ လောလောဆယ် ဘယ်သူ ပြောတာ ရှိသလဲ။
ပြောပြီး မလုပ်ရင် ခေါင်းဆောင် ဖြစ်သူသာ တာဝန် ရှိတာ မဟုတ်ပါ။
နောက်လိုက် များမှာပါ တာဝန် ရှိလို့ အား လုံး သမိုင်းကွေး နိုင်သည့် ဖြစ်ရပ်ကြီးကို ရဲရဲတောက် မောင်မယ်တို့ ၀ိုင်း ၀န်း အကောင်အထည် ဖော်ရန် မနှေး-အမြန် တာဝန် အပြည့်ရှိပါသည်။


တိုင်း ပြည်ချောက်ထဲ ကျရန် လက်တစ်လုံး အလို ရောက်နေသညာ့် အချိန်ကာလတွင် မြန်မာပြည်ကြီးကို အမြန် ကယ်တင်ရန် ဦးဝင်းတင်၊ ဦးဖိုးသံချောင်းနဲ့ ဦးမြင့်သိန်းတို့ စကားကို ၀ိုင်းဝန်း ထောက်ခံ အကောင်အထည် ဖော်နိုင်မှ နအဖ စစ်အစိုးရသစ် ကို ရိုက်ချိုး နိုင်မှာ အမှန် ဖြစ်ပါတယ်။

ဗကပ-အဖွဲ့ ဝင်အပေါင်းနှင့် အင်စီယူဘီ အောက်ရှိ ဒေါက်တိုင်ကြီး လေးခုပါ အဖွဲ့ များ ရဲရဲတောက် အလုပ်လုပ်ဖို့ အထူး လိုအပ်နေပါပြီ။
တစ်ချိန်က ကြေးမုံ ဦးသောင်းက ခေတ်ပြိုင်ဂျာနယ်တွင် ရေးဖူးသည်။
ဗကပ တို့ ဒေါင်းလော ---လဒ-လောတဲ့။
ဗကပ-တို့ ခွပ်ဒေါင်း အမှန် ဖြစ်ကြောင်း ပြသရန် အချိန် အခါကောင်း ရောက်လေပြီ။

“ရွေးကောက်ပွဲလွန် ကာလအတွက် ယာယီအစိုးရ ဖွဲ့စည်းရေး” အမြန်ဆုံး ပေါ်ပေါက်ပါစေ။
ဒုတိယ ပင်လုံ အမြန်ပေါ်လာပါစေ။

ဦးဝင်းတင်၊ ဦးဖိုးသံချောင်းနဲ့ ဦးမြင့်သိန်းတို့ ကျန်းမာ ချမ်းသာပြီး တိုင်းကျိုး ပြည်ကျိုး အောင်မြင်စွာ သယ်ပိုး နိုင်ကြပါစေ။


ဖိုးသောကြာ

No comments: