Sunday, January 30, 2011

ကမ္ဘာလှည့်များ မြန်မာနိုင်ငံသို့ စက်ဘီးစီးခရီးစဉ်လာရောက်


ရွှေစင်ခိုင်
အတွဲ ၂၆၊ အမှတ် ၅၀၂ (၂၁ - ၂၇၊ ၁၊ ၂၀၁၁)

ကမ္ဘာလှည့်စက်ဘီးစီးအဖွဲ့ကို ဇန်န၀ါရီ ၁၉ ရက်က မန္တလေးမြို့ ကမ်းနားလမ်းပေါ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေစင်ခိုင်
ကနေဒါနိုင်ငံအခြေစိုက်၊ကမ္ဘာလှည့်စက်ဘီးစီးနှင့် လမ်းလျှောက်ကုမ္ပဏီ Butterfield & Robinsonနှင့် မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့အခြေစိုက်၊ Journey Nature & Culture Travel Agentတို့ ချိတ်ဆက် ဆောင်ရွက် မှုဖြင့် နိုင်ငံခြား ဧည့်သည်များ မြန်မာနိုင်ငံ သို့လာရောက် လည်ပတ်ပြီး မန္တလေးမြို့၊ အင်းလေး၊ တောင်ကြီးနှင့်ပုဂံဝန်းကျင်ဒေသများတွင် စက် ဘီးလှည့်လည် စီးနင်းကြသည်။
ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလများ တွင် နိုင်ငံခြားသား ကိုး ဦး၊ ပြည်တွင်း ဧည့်လမ်းညွှန် နှစ်ဦးပါ ၁၁ ဦး အဖွဲ့နှင့် နိုင်ငံခြားသား ၂၁ ဦး၊ ပြည်တွင်း ဧည့် လမ်းညွှန် နှစ်ဦးပါ ၂၃ ဦးအဖွဲ့တို့ စီးနင်း ကြမည်ဖြစ်သည်။
၁၁ ဦးအဖွဲ့မှာ ဇန်န၀ါရီလ ၁၅ မှ ၁၇ ရက်တွင် အင်းလေး၊ တောင်ကြီး နှင့် အနီးဝန်းကျင်၊ ဇန်န၀ါရီလ ၁၈ မှ ၂၀ ရက်တွင်မန္တလေးနှင့်အနီးဝန်း ကျင်တွင် ဇန်န၀ါရီလ ၂၁၊ ၂၂ ရက်များတွင် ပုဂံနှင့် အနီးဝန်းကျင်ဒေသ တို့တွင်လည်း ကောင်းစီးနင်းကြသည်။
၂၃ ဦးအဖွဲ့မှာ ဇန်န၀ါရီလ ၂၉မှ ၃၁ တွင် အင်းလေး၊ တောင်ကြီးနှင့်အနီး ၀န်းကျင်၊ ဖေဖော်ဝါရီလ ၁ မှ ၃ ရက်တွင် မန္တလေးနှင့်အနီး ၀န်းကျင်၊ ဖေဖော်ဝါရီလ ၄၊ ၅ ရက်များတွင် ပုဂံနှင့်အနီးဝန်းကျင် ဒေသများတွင် လည်းကောင်း စီးနင်းကြမည်ဖြစ်သည်။
"ကျွန်တော်တို့နိုင်ငံတော်တော်များများမှာ စက်ဘီးစီးဖူးပါတယ်။ မြန်မာနိုင်ငံက အံ့ဩစရာကောင်းပြီး မြန်မာလူမျိုးတွေက အရမ်းဖော် ရွေပါတယ်။ကျွန်တော်တို့စက်ဘီးလှည့်စီးတဲ့ မြန်မာနိုင်ငံဘယ်ဒေသမဆို ဒေသခံတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆို နှုတ်ဆက်ကြတယ်။ ဒေသအစားအစာတွေက လည်း အရမ်းကောင်းပါတယ်။
"အင်းလေးဒေသကို နှစ်သက်သလို မန္တလေးမြို့ကိုလည်း နှစ်သက်ပါတယ်။ မန္တလေးနဲ့ ပတ်ဝန်းကျင်မှာစက်ဘီးစီး ရတာအလွန်အံ့ဩ ပျော်ရွှင်စရာကောင်းပါတယ်"ဟု ဇန်န၀ါရီလ ၁၉ ရက်ကမန္တလေးမြို့ကမ်းနားလမ်း၌ စီးနင်းနေစဉ် စက်ဘီးစီးအဖွဲ့ဝင်များကဆိုသည်။
"စက်ဘီးစီးအဖွဲ့တွေ မန္တလေးကို ရောက်ရှိတဲ့အချိန်မှာ ကျွန်တော်တို့ ရူပါမန္တလာဟိုတယ်မှာ တည်းခိုမှာဖြစ်ပါ တယ်။ ဒီအဖွဲ့ နှစ်ခုသာ မက ၂၀၁၁ ဒီဇင်ဘာ၊ ၂၀၁၂ ဇန်န၀ါရီလတွေမှာလည်း နိုင်ငံခြားသားစက်ဘီးစီးအဖွဲ့တွေ ထပ်မံလာရောက်ဖို့ရှိပါတယ်။ ဒီ အစီအစဉ် တွေကို ကြည့်ခြင်းအားဖြင့်လာ မယ့် နှစ်တွေမှာ ကျွန်တော်တို့နိုင်ငံမှာ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းတွေ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။
"ဒီနှစ်မှာလည်း ဧည့်သည် တွေများပါတယ်။ နိုင်ငံခြားသားတွေတည်းခိုတဲ့ ဟိုတယ်တိုင်းလိုလိုမှာ အခန်းပြည့်နီးပါး ဧည့်သည်ဝင်ပါ တယ်"ဟု ရူပါမန္တလာ ဟိုတယ်မှအရောင်းမန်နေဂျာဦးအောင် ၀င်းနိုင်ကမြန်မာတိုင်း(မ်)ကိုပြောသည်။
စက်ဘီးစီးအဖွဲ့များ၌ ကနေဒါ၊ အမေရိကန်၊ မိုနာကိုနိုင်ငံများမှနိုင်ငံခြားသား ဧည့်သည်များပါဝင်မည် ဖြစ်သည်။
Butterfield & Robinson ကုမ္ပဏီ သည် ကနေဒါနိုင်ငံအခြေစိုက်ဖြစ်ပြီး ၁၉၆၆ ခုနှစ်မှစတင်၍ ကမ္ဘာလှည့်စက် ဘီးစီးခြင်းနှင့် လမ်း လျှောက်ခြင်းကို ၀န်ဆောင်မှုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

No comments: