Sunday, April 29, 2012

ကျမ်းသစ္စာကိစ္စ အမြန်ဆုံးပြေလည်အောင် NLD ဆောင်ရွက်နေ

2012-04-29
ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြည်ထောင်စု လွှတ်တော် တက်ရောက်နိုင်ရေးအတွက် ကျမ်းသစ္စာ ကျိန်ဆိုမယ့်ကိစ္စ အမြန်ဆုံး ပြေလည်အောင် ဆောင်ရွက်နေတယ်လို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုလိုက်ပါတယ်။

RFA
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က နေပြည်တော် ပြည်သူ့လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်နေကြစဉ်။
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နဲ့ မနေ့က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့ရာမှာ အဲဒီလို ပြောကြားလိုက်တာပါ။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိက သဘောတူခဲ့တဲ့ အချက်သုံးချက်ကို ဒေါက်တာအေးမောင်က-
" တစ်အချက်က လွှတ်တော်ရဲ့ ရေရှည်ထိရောက်မှုနဲ့ နိုင်ငံကောင်းကျိုးကို ကြည့်ပြီး ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက တိုင်းရင်းသားပါတီများ စတဲ့ မိတ်ဖက်ပါတီများနှင့် တသီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်များက လိုလိုလားလားနှင့် လွှတ်တော်သို့ ပါဝင်လာစေခြင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက် သုံးအချက်က အမြန်ဆုံးပြေလည်အောင် ဆောင်ရွက်ရန် နှစ်ဘက်လုံးမှ သဘောတူကြပါတယ် " လို့ပြောပြပါတယ်။
NLD အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်နိုင်ဖို့ လွှတ်တော်တွင်း ၀ိုင်းဝန်းကြိုးပမ်းနေတဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီ (၁၃) ပါတီ အပါအ၀င် တသီးပုဂ္ဂလအမတ်တွေ ကိုယ်စားပြုပြီး ဒေါက်တာ အေးမောင်က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့တာပါ။
ဒါ့အပြင် ဧပြီလ (၂၅) ရက်နေ့ကလည်း အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဆီကို ပြေလည်အောင် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်ရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးဟာ ဒီကနေ့မှာ တရားဝင် ပြီးဆုံးမှာဖြစ်ပေမယ့် အမျိုးသား ပြည်သူ့လွှတ်တော် ဆွေးနွေးပွဲတွေကို မေလ (၁) ရက်နဲ့ (၂) ရက်နေ့တွေအထိ ဆက်လက်ကျင်းပဖို့ ရှိပါတယ်။

အန်အယ်ဒီရဲ့ရပ်တည်ချက်ကို အားဖြည့်ကြပါ

Sunday, April 29, 2012
ယ္ခု ကျမ်းသစ္စာ ကျိန်ဆိုရမယ့်အသုံးအ နှုန်းကို ပြင်ပေးဖို့ကိစ္စ ကိုပြန်ကြည့်ရင်၊ အန်အယ်လ်ဒီရွေးကောက်
ပွဲမဝင်ခင်က၊ လွှတ်တော်နှစ်ခုလုံးရဲ့ ထောက်ခံမှုနဲ့ ဦးသိန်းစိန်ကိုယ်တိုင်လက်မှတ်ေ

ရးထိုးပြီးထုတ်ပြန်ပေး
ခဲ့တယ်ဆိုတာ၊ တိုင်းသိ၊ ပြည်သိ၊ နိုင်ငံတကာသိ ဖြစ်ခဲ့ပြီးပြီ။ အဲဒါကြောင့်လည်း၊ တရားမဝင်အခြေခံဥပဒေ
နဲ့လူထု ရဲ့ အစစ်အမှန်ရွေးချယ်ခြင်းမခံရတဲ့
ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ပါလီမန် တွေဆိုတာသိ
ရက်နဲ့၊ အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်ခဲ့တယ်။

ယခုတခါလွှတ်တော်ထဲကို ဝင်ခါနီးမှာမှ၊ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်အစား၊ လေးစားလို

က်နာပါမည် လို့မပြောင်းပေးတော့ဘူးလို့ ဖြစ်သွားတာဟာ ရှေ့နောက်မည်ီတာသာဖြစ်တယ်။ ဒီလိုဖြစ်တာ
ဟာ ၄င်းတို့အတွင်းမှာလည်း သူတလူ ငါတမင်းဆိုတဲ့ ဂိုဏ်းဂနတွေမြောက်များစွာရှိေ
နတယ်ဆိုတာလူသိ
ရှင်ကြား သရုပ်ပြသလိုဖြစ်နေတယ်။ ဥပမာ၊ ကြံ့ဖွတ်ပါတီရဲ့တာဝန်ရှိသူတွေ
တချို့ဆိုရင်၊ ဒီကိစ္စကို နားမ
လည် ပါးမလည်နဲ့ပြောနေကြတာတွေဟာ၊ တိုင်းပြည်နဲ့လူမျိုးအတွက်၊ အလွန်ရင်နာစရာကောင်းလှတယ်။
သူတို့ကိုယ်သူတို့၊ ပြည်သူကရွေးချယ်ထားတဲ့သူတွေမဟု
တ်ဘူး၊ ပြည်သူတွေက သူတို့ကိုလုံးဝမကြိုက်
ဘူးဆိုတာ၊ မသိနိုင်တဲ့အခြေအနေဖြစ်နေတယ်။
တချို့ကလည်းပြောကြတယ်။ အခြေခံဥပဒေကိုကာကွယ်ပါမည်ဆိုတဲ့
စာသားဟာ၊ နိုင်ငံတကာမှာလည်း
ဒီလိုဘဲပြဌါန်းထားတယ်ပြောပြန်
တယ်။ ဒါပေမယ့် မြန်မာပြည်ကအခြေခံဥပဒေဟာ၊ ပြည်သူ့ဆန္ဒ နဲ့ရေး
ဆွဲထားတာမဟုတ်သလို၊ ပြည်သူ တွေရဲ့ဆန္ဒအစစ်အမှန်နဲ့အတည်ပြုထာ
းတာမဟုတ်ဘူးဆိုတာတွေကို
အဓိကထားစဉ်းစားရမှာဖြစ်တယ်လို့
ထင်တယ်။

ဦးသိန်းစိန်က ပြောသေးတာက ဘယ်ကိစ္စ တွေမှာမဆို ၎င်းတို့ဘက်ကဘဲအလျော့ပေးနေရတယ်လို့
ဆို
ပြန်တယ်။ ပြည်သူတွေဘက်က လုံးဝ လုံးဝ သင်ပုန်းချေရေး ဆိုတာနဲ့၊ အာဏာရှင်တွေ အမြင်မှန်ရလာပြီ
ဆိုတဲ့ စပ်ကူးမတ်ကူး ကာလမှာ ပြည်သူတွေအနေနဲ့ သဘောထားကြီးကြီး ထားပေးနေတယ်ဆိုတာတွေကို
တော့၊ အလေးထားစရာမလိုဘဲ ပျက်ပြယ်သွားပြီလို့ ခံယူလိုက်တာလားလို့မေးစရာရှိလာ
တယ်။

ဒီလိုအခြေအနေတွေအပေါ်မှာ၊ ပြည်သူတွေကိုယ်စားအတိအကျထောက်ြ
ပနေဖို့လိုတာက၊၎င်းတို့ဟာပြည်
သူကို အမျိုးမျိုးဒုက္ခပေးနေတဲ့ အာဏာရှင်တွေအဖြင့်ကနေ၊ ထူးထူးခြားခြားကြီး အနစ်နာခံမှုတွေမရှိသေး
တဲ့အပေါ်မှာ၊ အသွင်ပြောင်းထားတဲ့အာဏာရှင်တွေ
အဆင့်မှာဘဲရှိနေသေးတယ်။ ၎င်းတို့ကိုပြည်သူကရွေး
ချယ်တင်မြှောက်ထားလို့၊ တိုင်းပြည်အုပ်ချုပ်ရေး ရာထူးတွေမှာလုပ်နေကြရတာမဟုတ်ဘဲ၊ အာဏာကိုအ
တင်းတွယ်ကပ်ထားလိုလို့၊ တိုင်းပြည်ရဲ့အဓိကကျတဲ့နေရာတွေ
မှာ အတင်းနေရာယူထားတယ်ဆိုတာကို
အမြဲတမ်းမီးမောင်းထိုးပြနေဖို့
လိုတယ်လို့ထင်တယ်။

ဒီလိုလိမ့်ခဲတင်းလင်းဖြစ်မှုတွေ
ဟာ၊ အခြားဘာတွေကိုပြဆိုနေသလဲဆိုရင်၊ အာဏာရှင်တွေဟာ ၎င်းတို့ရ
လိုတဲ့အရာတွေကိုရရှိပြီးနောက်၊ ကတိမတည်တော့ဘဲ၊ အရာရာကိုလစ်လျူရှုခြင်းရဲ့ ကနဦးအခြေအနေ
တွေလို့လဲသတ်မှတ်လို့ရတယ်။ ဒီလိုကတိမတည်မှု၊ ဗြောင်လိမ်ဗြောင်စား လုပ်မှု့တွေဟာ စစ်အာဏာ
ရှင်တွေရဲ့လုပ်ရိုးလုပ်စဉ် ဘဲဆိုတာ၊ မြန်မာပြည်သူ ပြည်သားတိုင်းအတွေ့အကြုံရှိပြီး
သား ဖြစ်တယ်ဆို
တာကိုလည်းမမေ့သင့်ဘူး။

ဒီအခြေအနေမှာ၊ တာဝန်သိ ပြီးတိုင်းပြည် ချစ်တဲ့ပြည်သူတယောက်အနေနဲ့၊ အန်အယ်လ်ဒီရဲ့ မှန်ကန်

တဲ့ရပ်တည် တိုက်ပွဲဝင်မှုကို အပြည့်အဝထောက်ခံကြောင်း အာဏာရှင်တွေသိအောင်၊ နိုင်ငံတကာသိ
အောင်ပြသဖို့လိုတယ်လို့ထင်မိပါ
တယ်။

Posted bytarzan88

ရန်ကုန်တွင် လတ်တလောဖြစ်ပေါ်နေသော လျှပ်စစ်မီးအခက်အခဲကို အမေရိကန် GE ကုမ္ပဏီက ကူညီမည်






ရန်ကုန်မြို့ တွင် လတ်တလောဖြစ်ပေါ်နေသော  လျှပ်စစ်မီးပြတ်တောက်မှု အခက်အခဲကို
ဖြေရှင်းရန် အမေရိကန် GE ကုမ္ပဏီက ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာ့ရင်း
နှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ  ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဧပြီ ၂၉ ရက် နေပြည်
တော်တွင် ပြုလုပ်သော တွေ့ဆုံပွဲတွင်ပြောကြားလိုက်သည်။

ထိုကဲ့သို့ ရန်ကုန်မြို့တွင်  လျှပ်စစ်မီးပြဿနာကို ဖြေရှင်းရန် အတွက် သာကတေ တွင်
 တည်ရှိသည့် ယိုယွင်းပျက်စီးနေသော လျှပ်စစ် မဂ္ဂါဝပ် ၉၀ ထုတ်လုပ်နိုင်သည့်
လျှပ်စစ်တာဘိုင်စက် ၂ လုံးကို ပြင်ဆင်ရန် GE ကုမ္ပဏီက အခမဲ့ ကူညီ 
ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

‘‘နောက်တစ်ပတ်နှစ်ပတ်လောက်အတွင်း လျှပ်စစ်မီးကိစ္စပြေလည်သွားလိမ့်မယ် ထင်ပါတယ်။
 ဒါပေမယ့် ကတိတော့မပေးဘူးပေါ့ဗျာ ’’ ဟု ဦးစိုးသိန်းကပြောကြားသည်။

အထက်ပါကဲ့သို့ သာကေတရှိ လျှပ်စစ်တာ ဘိုင်များကို ပြုပြင်သည့် အပြင် လျှပ်စစ်ဓာတ်အား
 ၂၅ မဂ္ဂါဝပ် ထုတ်ပေးနိုင်သော မိုဘိုင်းလျှပ်စစ်တာဘိုင် ၄ လုံးအား အမေရိကန် GE
ကုမ္ပဏီမှ ဌားရမ်းထားကြောင်းနှင့် ယင်းတို့ဖြင့် လတ်တလော ရန်ကုန်မြို့တွင် ကြုံ့တွေ့နေရ
သော လျှပ်စစ်မီး အခက်အခဲကို ဖြေရှင်းသွား မည် ဖြစ်ကြောင်းပြောကြားသည်။

မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတော် သမ္မတ  ဦးသိန်းစိန်ခေါင်းဆောင်သည့် မြန်မာ
 ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံသို့ရောက်ရှိလာစဉ် အတွင်း လျှပ်စစ်မဂ္ဂဝပ် ၉၀၀
ထုတ်လုပ်နိုင်သော ကျောက်မီးသွေးဓာတ်အားပေးရုံကိုလည်း သွားရောက်လေ့လာခဲ့
ကြောင်း သိရသည်။

ဦးစိုးသိန်းက ‘‘ မီးခိုးလုံးဝမထွက်ပါဘူး ၊ ဒါကြောင့် ဂျပန်စက်နဲ့ဆိုရင် တော့ကျောက်မီးသွေးနဲ့
 လုပ်ပေမယ့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင်ဘူးလို့ ပြောလို့ရပါတယ်’’ ဟုပြောကြားသည်။

Yangon Media Group

ရေရှည်တည်တံ့မယ့် မြန်မာ့ပြုပြင်ပြောင်းလဲရေး ဂျာမဏီထောက်ခံမည်




ဓာတ်ပုံ AP
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (ဧပြီလ ၂၉၊ ၂၀၁၂။)
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle က ဂျာမဏီနိုင်ငံအနေနဲ့ မြန်မာ့ပြုပြင် ပြောင်းလဲရေးကို အားပေးထောက်ခံသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့ကတွေ့ဆုံစဉ် ကတိပြုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ နောက် ကြောင်းပြန်လှည့်မှာမဟုတ်ဘူးလို့တော့ ပြောလို့မရနိုင်သေးဘူးလို့ ယူဆတဲ့အကြောင်းပြောဆိုလိုက်ပါတယ်။
ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ မနေ့က တနင်္ဂနွေနေ့မှာ ရန်ကုန်မြို့ကို ခရီး ရောက်မဆိုက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Guido Westerwelle ဟာ အီးယူ ဥရောပ သမဂ္ဂက မြန်မာ အပေါ်ပိတ်ဆို့မှုတွေ တနှစ်ဆိုင်းငံ့ပေးဖို့ ဆုံဖြတ်းပြီး တဲ့နောက်၊ ၂၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ ကိုပထမဆုံး လာရောက်တဲ့ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျာမဏီနိုင်ငံရဲ့ မြန်မာ နိုင်ငံအပေါ်ရပ်တည်ချက်နဲ့ ပတ်သက်ပြီးအခုလိုပြောဆိုလိုက်ပါတယ်။
“ကျနော်တို့အနေနဲ့ ရေရှည်တည်တံ့မယ့် ပြုပြင်ပြောင်းလဲရေးကို ထောက်ခံအားပေးလိုပါတယ်။ ပြုပြင် ပြောင်းလဲရေး ရေရှည်ခိုင်မြဲမယ်လို့တော့ ဘယ်သူကမှ အာမခံလို့မရတာကို ကျနော်တို့သိပါတယ်။ ဒါပေမဲ့ ရေရှည်တည်မြဲစေချင်တာက တော့ ကျနော်တို့ရဲ့အဓိကအမှာစကားဘဲဖြစ်ပါတယ်။ ဂျာမဏီနိုင်ငံဟာ မြန်မာ ပြည်သူတွေကိုထောက်ခံပြီး အတူတကွ ရပ်တည်ဖို့ အဆင်သင့်ပါဘဲ။ ပြည်သူလူထုနဲ့ ဒီမိုကရေစီ ရေရှည် တည်တံ့မယ့်နည်းလမ်းတွေ၊ လွတ်လပ်မှုနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ထောက်ခံပံ့ပိုးပေးဖို့ ဆန္ဒရှိ ပါတယ်။”
မြန်မာအစိုးရက နိုင်ငံရေးနဲ့ စီးပွားရေးတင်းကြပ်မှုတွေကို အထိုက်အလျောက် လျှော့ပေးလိုက်တဲ့အတွက် အသိအမှတ် ပြုတဲ့အနေနဲ့ အထောက်အပံ့နဲ့ ရင်နှီးမြှုပ်နှံမှု နယ်ပယ်ကိုသာ အများအားဖြင့် ရည်ရွယ် အဓိက ထားပြီး EU ဥရောပ သမဂ္ဂရဲ့ ပိတ်ဆို့မှုကို တနှစ်ဆိုင်းငံ့ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြုပြင် ပြောင်းလဲ ရေး တိုးတက်မှုမရှိဘူးဆိုရင်တော့ အချိန်မရွေး ပိတ်ဆို့မှုနဲ့ ပြန်အရေးယူနိုင်အောင် လမ်းဖွင့်ထားဆဲ ဖြစ်ပါ တယ်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ရေရှည်ခံဖို့ အာမခံချက်ရှိမရှိဆိုတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။
“စစ်တပ်အပါအ၀င် လက်ရှိအာဏာရ ပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးက ဒီလုပ်ငန်းစဉ်ရဲ့ နောက်ကွယ်မှာ အခိုင်အမာရှိနေတဲ့ အချိန်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ နောက်ကြောင်း ပြန်မလှည့်ဘူးလို့ အသေအချာ ပြောဖို့မဖြစ်နိုင်သေးဘူးလို့ ယူဆပါတယ်။”
EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံဖွံ့ဖြိုးမှုအတွက် ဒီနှစ်အတွင်း ဒေါ်လာသန်း ၂၀၀ နဲ့ ညီမျှတဲ့ ယူရိုသန်း ၁၅၀ ထောက်ပံ့ ဖို့ကမ်းလှမ်းထားပါပြီ။ ၁၉၉၆ ခုနှစ်က ပိတ်ဆို့အရေးယူခဲ့ပြီးနောက်ပိုင်း အခုပိတ်ဆို့မှု ဆိုင်းငံ့တဲ့ ကာလအထိ မြန်မာနိုင်ငံ အတွက် အီးယူက ယူရိုသန်း ၂၀၀ နီးပါးသာ ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ အခုလို ပိတ်ဆို့မှုဆိုင်းငံ့လိုက်တဲ့အတွက် ဥရောပနိုင်ငံတွေ မြန်မာနိုင်ငံမှာ ပြန်လည်ရင်းနှီးးမြှုပ်နှံဖို့ အခွင့်အလမ်း ပွင့်သွားပြီဖြစ်ပေမဲ့ သတိနဲ့ စွန့်စား လုပ်ကိုင်ရမယ့် အခြေအနေရှိနေဆဲဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။
“အမျိုးသားလွှတ်တော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတရပ်ကို အတည်ပြုလိုက်ပြီ်လို့ ကျမနားလည်ထား ပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေ ကျမတို့လက်ထဲရောက်သေးဘူးဆိုတော့ ဘာတွေပါသလဲဆိုတာ တိတိကျကျမ သိရသေးပါဘူး။ ဒီရင်းနှီးမြှုပ်နှံမှုဥပဒေဟာ မှန်ကန်စွာရေးဆွဲအတည်ပြုထားတဲ့ ဥပဒေမျိုးလားဆိုတဲ့ ကိစ္စတခုတည်း မဟုတ်ပါဘူး။ ဥပဒေစိုးမိုးမှုရှိရဲ့လား ဆိုတာက ပိုအရေးကြီးပါတယ်။ ဘယ်ဥပဒေဘဲဖြစ်ဖြစ် လွတ်လပ်၊ မျှတတဲ့တရားရေးစံနစ်နဲ့ ကြီးကြပ်ကွပ်ကဲမှု မရှိဘူးဆိုရင် ဥပဒေရှိလည်း ဘာမှ အသုံးတည့်မှ မဟုတ်ပါဘူး။”
ဧည့်သည် ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက်တာပါ။
ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ ဒီနေ့ တနင်္လာနေ့မှာ နေပြည်တော်ကိုသွားရောက်ပြီး သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် တခြားတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

By; ခင်စိုးဝင် (ဗွီအိုအေ-မြန်မာပိုင်း) 



ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ
မြန်မာနိုင်ငံကို ဒီကနေ့ နေ့လည်ပိုင်းက ရောက်ရှိလာတဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး EU ဥရောပ သမဂ္ဂရဲ့ရပ်တည်ချက်၊ သဘောထားတွေကို ဆွေးနွေးကြောင်း သိရပါတယ်။

ဂျာမန် နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်ဟာ နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ NLD ပါတီ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟန်သာမြင့်က ပြောပါတယ်။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာမျက်နှာသစ် ဖွင့်ဖို့ အာရှခရီးကို ထွက်လာရင်း အခုလို မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်ပါတယ်။

ဝန်ကြီးဟာ မနက်ဖြန် နေပြည်တော်ကို သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အကူအညီ အများဆုံးပေးတဲ့နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံပြီးရင် ဂျာမနီနိုင်ငံက ဒုတိယနေရာမှာရှိပြီး မြန်မာနိုင်ငံက ကြွေးမြီ ယူရိုငွေ
သန်း (၇၀၀) ကျော် တင်ရှိနေကြောင်း သိရပါတယ်။
RFA-Burmese

(ဓာတ်ပုံ- AFP: ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle
နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က
တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်များကို စကားပြောဆိုနေကြစဉ်။)




NLD လွှတ်တော်ကို အမြန်ရောက်ဖို့ အမတ်တွေ ကြိုးပမ်း



မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်စရာရှိတာတွေကို လွှတ်တော်ထဲမှာ အတူလက် တွဲပြင်ဆင်သွားကြဖို့နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော် အမြန် တက်နိုင်ဖို့အတွက် - ရွေးကောက်ခံ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလ အမတ်တွေကနေ သဘောထား တင်ပြလွှာ တစောင်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဒီကနေ့ ပေးအပ်ခဲ့ကြပါတယ်။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP ခေါင်းဆောင် အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံချိန်မှာ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ - လွှတ်တော်ရဲ့ ရေရှည်ထိရောက်မှုနဲ့ တိုင်းပြည်အကျိုးကို ကြည့်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်း က တင်ပြထားပါတယ်။
တိုင်းရင်းသားလွှတ်တော်အမတ်တွေနဲ့ တသီးပုဂ္ဂလ လွှတ်တော် အမတ်တွေကိုယ်စား ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီရဲ့ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်ကနေ တနင်္ဂနွေနေ့ မနက် ၁၀ နာရီလောက်က NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ နာရီဝက်နီးပါးကြာ တွေ့ဆုံခဲ့တာပါ။ အဲ့လို တွေ့ဆုံချိန်မှာ NLD ဘက်က တောင်းဆိုထားတဲ့ ကျမ်းသစ္စာ ဆိုရာမှာ ပါဝင်တဲ့ စကားရပ် ပြင်ဆင်ရေး ကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသားနဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေကနေ အချက် ၅ ချက်ပါ သဘောထားတွေကို တင်ပြခဲ့တာဖြစ်တယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။ အဓိကကတော့ NLD ပါတီ အနေနဲ့ လွှတ်တော် အမြန်တက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ဖို့ကို တိုက်တွန်းခဲ့ကြတာ ဖြစ်တဲ့အကြောင်း ဒေါက်တာ အေးမောင် က အခုလို ပြောပြပါတယ်။
“၂၀၀၈ ခုနှစ်က ပြဌာန်းအတည်ပြုခဲ့တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံပါ အခြေခံဥပဒေမှာ ပြင်ဆင်စရာ အများကြီးရှိတယ်ဆိုတာကို ကျနော်တို့ကလည်း လက်ခံ သဘောတူပါတယ်။ နောက် ပြည်ထောင်စုလွှတ်တော်မှာ ဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များနဲ့ လက်တွဲပြီးကာမှ ပြင်ဆင်သွားနိုင်ရေးကိုလည်း အလွန့်အလွန်မှ လိုလားကြပါကြောင်းကိုလည်း သိစေလိုပါတယ်ဆိုတာ တချက်ပါ။ နောက် ဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူတို့ရဲ့ဆန္ဒနဲ့ နိုင်ငံတော် အကျိုးကို ရှေ့ရှုပြီး အငြင်းပွားဖွယ်ရာ ကိစ္စတချို့ကို သဘောထား ကြီးမြင့်စွာ မေတ္တာရှေ့ထား ဖြေရှင်းဆောင်ရွက်ပေးပြီး လွှတ်တော်များသို့ အမြန်ဆုံး တက်ရောက်နိုင်ပါရန် ကျနိုပ်တို့ ရွေးကောက်ခံ နိုင်ငံရေးပါတီများနဲ့ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များက ပန်ကြား မေတ္တာ ရပ်ခံပါတယ် ဆိုပြီးကာမှ လွှတ်တော် ထဲက ၁၄ ပါတီ နောက် တသီးပုဂ္ဂလ ၂ ဦးက လက်မှတ်ရေးထိုးပြီး ပေးအပ်ခဲ့တာဖြစ်ပါတယ်။”
ဒီသဘောတင်ပြချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုလို တုံ့ပြန်ခဲ့တယ်လို့ ဒေါက်တာအေးမောင် က ပြောပြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကတော့ သတင်း မီဒီယာသမားတွေ မေးခဲ့လို့ရှိရင်လေ ကျနော့်ကို ဖြေကြားနိုင်အောင် ဆိုပြီး ဒီအချက် ၃ ချက်ကို သူ သဘောတူပါတယ်ဆိုပြီး ထောက်ပြပါတယ်။ တစ် ကတော့ - လွှတ်တော်ရဲ့ ရေရှည်ထိရောက်မှုနဲ့ နိုင်ငံ ကောင်းကျိုးကို ကြည့်ပြီး ဆက်လုပ်သွားကြပါမယ် ဆိုတာ တခုပါ။ နှစ် ကတော့ - တိုင်းရင်းသား ပါတီများ စတဲ့ မိတ်ဖက်ပါတီများနဲ့ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များက လိုလိုလားလားနဲ့ လွှတ်တော်သို့ ပါဝင်လာစေလိုခြင်းကို ကျေးဇူး အထူးတင်ပါတယ်။ သုံး ကတော့ - ဒီကိစ္စကို အမြန်ဆုံး ပြေလည်အောင် ဆောင်ရွက်ရန် နှစ်ဖက်စလုံးက သဘောတူကြပါတယ် ဆိုတာလေးကို မီဒီယာတွေက မေးမြန်းခဲ့ရင် ဒီ သုံးချက်ကို ဆွေးနွေးဖော်ပြနိုင်ပါတယ်ဆိုပြီး ကျနော့်ကို သူက သဘောထား မှတ်ချက်ပေးပါတယ်။”
အလားတူပဲ ဒီနိုင်ငံရေးပါတီ ၁၄ ဖွဲ့နဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ် ၂ ဦး ကနေပြီးတော့ ဧပြီလ ၂၅ ရက် ဗုဒ္ဓဟူးနေ့ကပဲ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေမှာလည်း ပြင်ဆင်ထားပြီးဖြစ်တဲ့ ဒီစကားရပ်ကို အခု ကျမ်းသစ္စာဆိုရာမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ်တွေဘက်က သဘောထားကြီးပြီး ဥပဒေနဲ့အညီ ပြင်ဆင်ပေးဖို့ကို တောင်းဆိုထားတဲ့ မေတ္တာရပ်ခံစာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အကြီးအကဲ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဆီ ပေးအပ်ခဲ့ကြပါသေးတယ်။
တကယ်တော့ NLD ဘက်က တောင်းဆိုနေတဲ့ ဒီစကားရပ် ပြင်ဆင်ပေးဖို့ကိစ္စဟာ ပုဒ်မ ၄၃၅ အရ ၂၀ ရာခိုင်နှုန်းထောက်ခံမှုကို ရရှိနိုင်ပေမဲ့ ၇၅ ရာခိုင်နှုန်းကျော်တဲ့ ဥပဒေဆိုရင်တော့ အောင်မြင်မှုမရှိတဲ့အတွက် လွှတ်တော်အမတ်တွေကနေ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်းကို ရှာဖွေနေကြ တာလည်းဖြစ်ပါတယ်။
လွှတ်တော်ထဲမှာ အများစုနေရာရရှိထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ထောက်ခံမှု သဘောထားကြီးမှုကို မရရှိဘဲနဲ့တော့ ဒီပြဿနာ ပြေလည်သွားမှာမဟုတ်ဘူးလို့ ကျန်လူနည်းစုလွှတ်တော်အမတ်တွေက ယူဆထားကြတာပါ။ ဒါကြောင့်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ထောက်ခံမှုရှိလာအောင် သူရဦးရွှေမန်းကို မေတ္တာရပ်ခံခဲ့တာဖြစ်ပြီး ဒီမေတ္တာရပ်ခံချက်အပေါ် သူရဦးရွှေမန်းက အခုလို တုံ့ပြန်ခဲ့တဲ့အကြောင်း ဒေါက်တာအေးမောင် က ဆက်ပြောပြပါတယ်။
“သူရဦးရွှေမန်းရဲ့ တုန့်ပြန်ချက်ကတော့ ခုနလို အခြေအနေ အရပ်ရပ်က ပါတီဝင်ထုရဲ့ သဘောထားနော် အထူးသဖြင့် စီအီးစီ တွေရဲ့ သဘောထား လွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော်အမတ်တွေရဲ့  သဘောထား တွေနဲ့လည်း သက်ဆိုင်တဲ့အနေအထား ဖြစ်လာတာကြောင့် လွှတ်တော်တွင်းမှာ နိုင်ငံသူ နိုင်ငံသားအားလုံး အတူ လက်တွဲဖို့အတွက်လေ ပါဝင်ဖို့ကိုပဲ သူက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်တဲ့ သဘောပဲ ညွှန်းပါတယ်။ နောက်ပြီးတော့ လွှတ်တော် လာရောက်ရေး အတားအဆီး ဖြစ်နေတဲ့ကိစ္စ အတားအဆီး မဖြစ်ဘဲနဲ့ လွှတ်တော်ထဲကို လာရောက်ပြီးမှ ပိုပြီး ပူးပေါင်းဆောင်ရွက်ကြရအောင် ဆိုပြီးကာမှ ဖိတ်ခေါ်တာရှိပါတယ်။”
သူရဦးရွှေမန်းရဲ့ အခုလို တုံ့ပြန်ချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန် ဒေါက်တာအေးမောင်က တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ၄၅ နေရာအနက် ၄၃ နေရာကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့လည်း လွှတ်တော်စည်းဝေးပွဲတွေ ပြန်စတဲ့အချိန် လွှတ်တော်တက်နိုင်ဖို့ NLD ကိုယ်စားလှယ်တွေ ကျမ်းကျိမ်ဆိုရမယ့်အထဲမှာပါဝင်တဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တွေကို ကာကွယ်စောင့်ရှောက်ပါမည်” ဆိုတဲ့ စကားရပ်အစား “လေးစားလိုက်နာပါမည်” ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ပေးဖို့ NLD ဘက်က တောင်းဆိုခဲ့ တာဖြစ်ပါတယ်။ ဒါကြောင့် NLD ကိုယ်စားလှယ်တွေအနေနဲ့ ဒီတခေါက် ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။
NLD ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော် တက်ရောက်နိုင်ရေးကိစ္စဟာ နိုင်ငံရေး အကျပ်အတည်း တခုအဖြစ် မချဲ့ကားလိုဘဲ နည်းစနစ်ပိုင်း အခက်အခဲတခုသာ ဖြစ်တာကြောင့် မကြာခင် ပြေလည် သွားလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒေါက်တာအေးမောင် ကလည်း - NLD ကိုယ်စားလှယ်တွေအနေနဲ့ ရှေ့လာမယ့် တပတ်ထဲ ပြီးဆုံးတော့မယ့် လွှတ်တော် အစည်းအဝေးတွေကို မတက်ရောက်နိုင်ခဲ့ရင်တောင် လာမယ့် ဂျူလိုင်လမှာ ပြန်လည်ကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေကိုတော့ NLD ဘက်က တက်ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ဗွီအိုအေကို ပြောသွားခဲ့ပါတယ်ရှင်။
By နန္ဒာချမ်း (ဗွီအိုအေ-မြန်မာပိုင်း)

မန္တလေး မြစ်ကြီးနား (၃၃)အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျက်ဆီးခံရ (ဓါတ်ပုံများ)



(၂၉.၄.၂၀၁၂)
(၃၃)အဆန် အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀၀း၅၆)နာရီအချိန်
တွင် ထွက်လာပြီး နံနက် (၁း၁၀)နာရီအချိန် ကချင်ပြည်နယ်၊
မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့်နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင်မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့်ရထားတွဲ (၁၂)ပါဝင်ရာ၊ (၈)တွဲ လမ်းချော်ခဲ့ပါသည်။ အထက်တန်း အိပ်ခန်း

တွဲ(၁) ၁၂၆၆၉ နှင့် တွဲ (၇)၁၂၆၅၄BREZ 10919 စားသောက်တွတိမ်းမှောက်ခဲ့ပါသည်။

အိပ်စင် တွဲ(၁) D ခန်းတွင် လိုက်ပါလာသော

မျိုးမင်းထိုက် (၂၈)နှစ် ညာဘက်ခြေထောက် ကျိုးသွားပြီး၊ အိပ်စင်တွဲ(၁) B
ခန်းတွင် လိုက်ပါလာသော ရှင်စန္ဒောဘာသ ခြေမျက်စိ ဒဏ်ရာရရှိခဲ့ပါသည်။

ရထားသံလမ်း ကွန်ကရစ်တုံး(၉၅)တုံးပျက်စီးပြီး

တံတား အမှတ်(၅၃၄)ပျက်စီးခဲ့ကြောင်း ရထားထိန်း ဦးစစ်လှိုင် မှ
ပြောကြားခဲ့ပြီး မီးရထားဌာနမှတာဝန်ရှိသူများ မှ နံနက် (၈)နာရီအချိန်မှ စပြီး ရထာလမ်း ကို
ပြန်လည်ပြုပြင်နေကြောင်း သိရှိရပါသည်။

Katha Town

ရထား မိုင်းခွဲ ဖျက်ဆီးခံရစဉ် မြင်ကွင်း










ပန်ဝါကို အစိုးရတပ်မှ စတင်တိုက်ခိုက်နေပြီဟု KIA ဆို


အစိုးရစစ်တပ်မှ ရဟတ်ယာဉ်များဖြင့် လူလက်နက် ရိက္ခာ အကူအညီများ ပန်ဝါဘက်သို့ သယ်ပို့လျှက်ရှိပြီး ယမန်နေ့မှစတင်၍ ပန်ဝါဒေသရှိ ကေအိုင်အေ တပ်ဖွဲ့များကို တိုက်ခိုက်လျှက်ရှိသည်ဟု ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

ဦးလနန်က ပြောရာတွင် “ကျွန်တော်တို့ ရှေ့တန်းသတင်းတွေအရတော့ စစ်ရဟတ်ယာဉ် တစီးမှာ လက်နက်ကြီး၊ ရိက္ခာ၊ စစ်သား ၃၀ ပါတယ်လို့သိရတယ်” ဟုဆိုသည်။

ယမန်နေ့မှစတင်၍ မြစ်ကြီးနားမြို့ပေါ်မှ ဖြတ်သန်း၍ စစ်ရဟတ်ယာဉ်အနည်းဆုံး ၆ စီး ပျံသန်းသွားသည်ကို တွေ့ရသည်ဟုလည်း မြစ်ကြီးနားမြို့ခံများက ပြောသည်။

“ရဟတ်ယာဉ်တွေက ဘေးနှစ်ဘက်နှစ်ချက်မှာ ပစ်တဲ့ လက်နက်တွေပါတယ်။ မနေ့က ၆ စီး ၊ ၇ စီးလောက် ဖြတ်ပျံသွားတယ်။ ဒီနေ့တော့ ၂ စီး ၃ စီးပြန်လာတာတွေ့တယ်” ဟု မျက်မြင်တွေ့မြင်လိုက်သူ မြစ်ကြီးနားမြို့ခံတဦးက YPI သို့ပြောသည်။

ယခုရက်ပိုင်းအတွင်းကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး ကေအိုင်အို ဋ္ဌာနချုပ်နှင့် နီးစပ်သည့် နေရာများအထိ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသဖြင့် မြန်မာ အစိုးရစစ်တပ်မှ ဋ္ဌာနချုပ် လိုင်ဇာကို သိမ်းရန်ရည်ရွယ်ထားသည်ဟု ကေအိုင်အို ဘက်က ပြောဆိုမှုများလည်း ထွက်ပေါ်လျှက်ရှိသည်။ 

သို့ရာတွင် ယနေ့နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်မူ ကေအိုင်အို ဋ္ဌာနချုပ် လိုင်ဇာကို သိမ်းယူရန် အစီအစဉ်မရှိဟု ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များ၏ မေးခွန်းကိုဖြေကြားပြောဆိုသွားသည်။

ကေအိုင်အို အဖွဲ့နှင့် နအဖ အစိုးရအကြား ၁၉၉၄ ခုနှစ်တွင် သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ စတင်ဖြစ်ပွားရာမှ ပျက်ပြယ်ခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီ၍ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော် နှင့် တရုတ်နိုင်ငံနယ်စပ်ဘက်များဆီသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဦးသိန်းစိန် အစိုးရဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့များ ဖွဲ့စည်းကာ ယမန်နှစ်မှစတင်၍ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသကဲ့သို့ ကေအိုင်အိုနှင့်လည်း ယမန်နှစ် နှောင်းပိုင်းမှ စတင်ကာ ဆွေးနွေးခဲ့သော်လည်း ယခုအချိန်ထိ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးပေ။ 

သတင်း.... YIP

ဝမ်းဗိုက် အဆီကျစေမယ့် နည်း ၉ သွယ်


 

ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူနေလို့ စိတ်ညစ်နေသူတွေအတွက် ဗိုက်ပူတာ လျော့ကျအောင် လုပ်နိုင်မယ့် အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း အားလုံးဟာ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဝမ်းဗိုက်အဆီကျအောင် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဖို့ လိုအပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီးအုပ်စု သုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့် မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေခဲ့ရာ ကယ်လိုရီ လောင်ကျွမ်းပုံချင်း တူပေမယ့် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့ အုပ်စုတစ်ခုရှိ အမျိုးသမီးတွေကသာ ဝမ်းဗိုက်အဆီ လျော့ကျမှုရှိခဲ့တာကို တွေ့ရပါတယ်။ စွမ်းအားမြှင့် လေ့ကျင့်ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့် လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ ပါဝင်နေပါတယ်။

(၂) ဗိုက်ကို တုန်ခါအောင် လုပ်ပါ

ဗိုက်ကို တုန်ခါစေတဲ့ စက်နဲ့ အဆီချပေးတာက ထိုင်-ထ လေ့ကျင့်ခန်း လုပ်သလို ခြောက်လအတွင်းမှာ ဝမ်းဗိုက်အဆီကို သိသိသာသာ လျော့ကျ စေတာကိုတွေ့ရပါတယ်။

(၃) ညနေခင်းတွင် အလင်းရောင်ကို လျှော့ချပါ

စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှု ရှိတာက ဝမ်းဗိုက်အဆီတိုးတာနဲ့ ဆက်စပ်မှု ရှိပါတယ်။ ညဘက်မှာ ကော်တီဆော ဟော်မုန်းအဆင့် လျော့ကျအောင် အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး အနားယူပေးဖို့ လိုပါတယ်။ ကွန်ပျူတာကို ညဥ့်နက်တဲ့အထိ အသုံးပြုတာကို ရှောင်သင့်ပါတယ်။ ဒါဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပါလိမ့်မယ်။

(၄) စောစော အိပ်ရာဝင်ပါ

တစ်ညမှာ ၅-၆ နာရီခန့်ပဲ အိပ်တဲ့သူတွေက တစ်ညမှာ ၇-၈ နာရီလောက် အိပ်တဲ့သူတွေထက် ခါးနဲ့ ဗိုက်နေရာတစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများကြောင်း လေ့လာ တွေ့ရှိရပါတယ်။ “အိပ်ရေးပျက်တာက ဆာလောင်မှု တိုးစေတဲ့ Ghrelin ဟော်မုန်းကို အထွက်တိုးစေပြီး ဆာလောင်မှုကို ဟန့်တားပေးတဲ့ Leptin ဟော်မုန်းကို လျော့ကျစေလို့ ဖြစ်တယ်” လို့ အိပ်စက်မှုဆိုင်ရာ ပညာရှင် ဒေါက်တာ စတန်လေက ဆိုပါတယ်။ လူတွေက ပင်ပန်းနွမ်းနယ်တဲ့အခါ သကြားပါတဲ့ ကာဗိုဟိုက်ဒရိတ်အစာကို များများ စားမိတာကြောင့် ဗိုက်ပူလာရတာ ဖြစ်ပါတယ်။

(၅) ရှလကာရည် သောက်ပါ

တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း နှစ်ဇွန်းသောက်တဲ့ အဝလွန်သူတွေက အချဉ်ရှောင်တဲ့ တခြားသူတွေထက်ဗိုက်ပူတာ ငါးရာခိုင်နှုန်း လျော့ကျမှု ရှိစေတယ်လို့ ဂျပန်သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ရှလကာရည်မှာ အဓိက ပါဝင်တဲ့ Acetic Acid ဟာ ခန္ဓာကိုယ်အဆီတွေ လောင်ကျွမ်းအောင် လှုံ့ဆော်မှုပေးတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ အစာမစားခင်မှာ ရေနွေးတစ်ဖန်ခွက်ထဲကို ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သောက်သုံးရမှာ ဖြစ်ပါတယ်။

(၆) ဒိန်ချဉ်စားပါ

နေ့စဉ် ကယ်လိုရီကို ထိန်းချုပ်ပြီး စားနေတဲ့သူတွေဟာ ဒိန်ချဉ်မှ ကယ်လ်စီယမ် ၁၁၀၀ မီလီဂရမ်လောက် ရနေရင် ဝမ်းဗိုက်အဆီ ၈၁ ရာခိုင်နှုန်း လျော့ကျမှု ရှိတာကို တင်နက်ဆီး တက္ကသိုလ်မှ လေ့လာ တွေ့ရှိရပါတယ်။ ကယ်လ်စီယမ်ဟာ အဆီကို လောင်ကျွမ်းစေလို့ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တခြားအစာတွေ အနေနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို) နဲ့ မပြည့်ဝဆီ(အခွံမာတဲ့ အစေ့အဆန်၊ ထောပတ်သီး၊ ငါး) စတာတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။

(၇) စိတ်ဖိစီးမှုကို အနိုင်ယူပါ

စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်မှာ အဆီပိုတွေ စုနေတာနဲ့ အကြီးအကျယ် ဆက်စပ်မှုရှိပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှုများနေချိန်မှာ အဒရီနယ်ဂလင်းမှ ကော်တီဆော အလွန်အမင်း ထွက်လာလို့ပါ။ ကော်တီဆော အထွက်များတာက အင်ဆူလင် ထွက်နှုန်းတိုးစေပြီး အဆီတွေ စုနေစေပါတယ်။

(၈) ဗီတာမင်ဒီကို ရယူပါ

နေ့စဉ် နံနက်တိုင်း အိမ်အပြင်မှာ ၁၅ မိနစ်လောက်နေပြီး နေခြည်နုနုမှ ဗီတာမင်ဒီရအောင် ယူပါ။ ဗီတာမင်ဒီဟာ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ ဗီတာမင်ဒီ မလုံလောက်တာကြောင့် အဝလွန်တာကို ဖြစ်စေနိုင်ပါတယ်။

(၉) ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာဟာ ဗိုက်ပူစေတယ်လို့ နယ်သာလန် ဆေးစင်တာမှ သုတေသီတွေက ဆိုပါတယ်။ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပေမယ့် ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်းရဲ့ လုပ်ဆောင်မှုကို လျော့ကျစေပြီး ကျားဟော်မုန်းရဲ့ လွှမ်းမိုးမှုကို တိုးစေတာကြောင့် ဗိုက်ပူတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်။


ကြယ်စင်
ညွှန်း - Good Health ကျန်းမာရေး နှင့် အလှအပ ဂျာနယ်

ယနေ့ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (ဓာတ်ပုံ)



ယနေ့ မြန်မာနိုင်ငံသို့ (၃)ရက်ကြာ အလည်အပတ် ရောက်ရှိလာတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာအား Ban Ki-moonနဲ့ဇနီး Yoo Soon-taekတို့အား ကြိုဆိုနှုတ်ဆက် သူများနဲ့ အတူတွေ့ရစဉ်..

ဓာတ်ပုံ AP

ကိုးကိုးကျွန်းပြန် ဦးခင်ညို ဈာပန ကျင်းပပြီးစီး

မိုးမခအထောက်တော်၊ ရန်ကုန်။
ဧပြီ ၂၈ ၊ ၂၀၁၂

နိုင်ငံရေး အကျဉ်းသူဟောင်း မသန္တာ၏ ဖခင်ဖြစ်သူ ကိုးကိုးကျွန်းပြန် ဦးခင်ညို ၏ ဈာပနအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရေဝေးသုဿန်၌ ကျင်းပပြီးစီးသွားပြီဖြစ်သည်။
အခမ်းအနားကို အလုံ နှင့် ကြည့်မြင်တိုင်မြို့နယ်တို့မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များက အဓိက တာဝန်ယူစီစဉ်ဆောင်ရွက်ပေးခဲ့ကြပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဦးခင်ညို၏ ဆွေမျိုး မိတ်ဆွေများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ရေဝေး သုဿန်တွင် ပထမဦးစွာ ဦးခင်ညို၏ ကိုယ်ရေး အကျဉ်း၊ နိုင်ငံရေး လှုပ်ရှားမှုတို့ကို ဖတ်ကြားပြီး နောက် အလုံမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး ကော်မတီဝင်အဖြစ် ၎င်း၏ ကျန်းမာရေးက ခွင့်ပြုသည့်အချိန်ထိ လုပ်ဆောင်ခဲ့သည်ကို အသိအမှတ်ပြု ဖတ်ကြားခဲ့သည်။ ယင်းနောက် အလုံမြို့နယ် အန်အယ်လ်ဒီပါတီဝင်များက အန်အယ်လ်ဒီအလံကို ရှေ့မှ ကိုင်ဆောင်၍ နောက်ဆုံးခရီးကို ပို့ဆောင်ခဲ့ကြသည်။





ရေကိုကြည့်ပြီး သက်ပြင်းချရသူများ

Saturday, April 28, 2012

ခွန်ဆာ မသေသေး



~

ဘိန်းဘုရင် ခွန်ဆာ ၂၀၀၇ အောက်တိုဘာလကုန်ပိုင်းက ရန်ကုန်မှာ ကွယ်လွန်သွားပြီ ဆိုတဲ့သတင်း ထွက်ခဲ့ပါတယ်။ အစိုးရက တရားဝင် ထုတ်ပြန်ကြေညာတာ၊ သတင်းစာမှာ နာရေးကြော်ငြာ ပါလာတာမျိုး မရှိခဲ့ပါဘူး။

သူ့ရဲ့ နာရေးအခမ်းအနားဆိုင်ရာ ဓာတ်ပုံတွေလည်း အွန်လိုင်းကို ရောက်မလာပါဘူး။

သို့သော်လည်း သူ သေဆုံးပြီ ဆိုတဲ့ သတင်းကို သတင်းဌာနအများအပြားက တဆင့် သိကြရသူတွေကတော့ သူသေဆုံးပြီလို့ နားလည်ထားကြပါတယ်။

သူသေဆုံးပြီ ဆိုတာကို မယုံကြည်သူများလည်း ရှိနေပါတယ်။ အန္တရာယ်တွေကို စိုးရိမ်လို့ သေဆုံးတယ် သတင်းလွှင့်ပြီး ကိုယ်ရောင်ဖျောက်သွားတယ်လို့ ယူဆသူတွေ ရှိကြမှာပါ။ ဒါလည်း ဖြစ်နိုင်ချေတခုပါပဲ။

သူ့နာရေးသတင်းကို မယုံကြည်သူတွေထဲမှာ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) နဲ့ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအာဏာပိုင်အဖွဲ့တို့ ပါဝင်နေပါတယ်။

အင်တာပိုဝက်ဆိုက် အလိုရှိသည် စာရင်းမှာ ရှာကြည့်ရင် ဦးခွန်ဆာကို တွေ့ရမှာပါ။
ဒါက ဦးခွန်ဆာအကြောင်း ဖော်ပြချက် ဖြစ်ပါတယ်။


(ဒါက ဦးခွန်ဆာနဲ့တော့ ဆိုင်မယ် မထင်ပါဘူး၊ မြန်မာပြည်ဖွား လူတယောက်၊ အင်တာပိုက အလိုရှိနေသူတဦးပါ၊ အင်တာပိုအွန်လိုင်းမှာ တွေ့တာနဲ့ ကော်ပီကူးထားလိုက်တာပါ)

ဒါကတော့ အမေရိကန်နိုင်ငံခြားရေးဌာန၊ နိုင်ငံတကာ မူးယစ်ဆေး နဲ့ လုံခြုံရေးဌာနရဲ့ ကြော်ငြာ ဖြစ်ပါတယ်။ ခွန်ဆာကို အလိုရှိသည် တဲ့။
လိပ်စာက - http://www.state.gov/www/global/narcotics_law/chang_chi-fu.html

ခွန်ဆာကို ဖမ်းမိရေး သတင်းပေးနိုင်ရင် ဒေါ်လာ ၂ သန်း ပေးမယ်လို့ ဆိုထားပါတယ်။

ဘင်လာဒင် ဇနီးများ ဆော်ဒီသို့သွား

  »




အိမ့်သံစဉ် ရေးသားသည်)

ဘင်လာဒင်၏ ဇနီးများအနက် အငယ်ဆုံး၊ ဘင်လာဒင် အချစ်ဆုံးဟု ထင်ရှားသော ယီမင်သူ Amal Ahmed Abdulfattah

မကြာသေးမှီ ကာလက အမေရိကန် အထူးတပ်ဖွဲ့၏လက်ချက်ကြောင့် သေဆုံးသွားသူ အိုစမာဘင်လာဒင်၏ မိသားစုဝင်များကို တရားမ၀င် နေထိုင်မှုဖြင့် ပါကစ္စတန်တွင် ဖမ်းဆီးထားရာမှ
ယ္ခုအခါတွင် ထိုမိသားစုဝင်များကို ဧပြီလ ၂၇ ရက်နေ့က လေကြောင်းဖြင့် ဆော်ဒီအာရေဗျ နိုင်ငံသို့ ပို့ဆောင်လိုက်သည်။

ဘင်လာဒင် သေဆုံးပြီးနောက်ပိုင်းတွင် ဇနီး ၃ ဦးနှင့် အခြားမိသားစုဝင်များကို ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်ရှိ နေအိမ်တစ်ခုတွင် ပါကစ္စတန်အစိုးရက အကျယ်ချုပ်ချခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီက ၎င်းတို့အား လူသားချင်းစာနာမှုအရ လက်ခံထားကြောင်း ဇနီး ၃ ဦးအနက် ၂ ဦးမှာ ဆော်ဒီနိုင်ငံသူများဖြစ်ပြီး ကျန် တဦးမှာ ယီမင်နိုင်ငံသူဖြစ်သည်ဟု ဆိုသည်။

ဆောဒီသို့ ရောက်လာသူများထဲတွင် ဘင်လာဒင်၏ သားသမီး ၁၀ ဦးလည်း ပါဝင်သည်ဟု သတင်းများတွင် ရေးသားထားကြသည်။

ပါကစ္စတန်ရှိ ယီမင်သံအမတ်ကြီး Abdu Abdulrahman က "သောကြာနေ့မနက်ပိုင်းကပဲ ဘင်လာဒင်မိသားစုဝင်တွေ ဆော်ဒီကို ရောက်သွားကြပါပြီ။ ဘင်လာဒင်မိသားစု စီစဉ်တဲ့ သီးသန့်လေယာဉ်နဲ့ သွားကြတာပါ" ဟု ဆိုသည်။

ကာသပတေးနေ့က ဘင်လာဒင်မိသားစု လေဆိပ်သို့ အသွား တွေ့ရသည့် မြင်ကွင်းများ (ဓာတ်ပုံ - AP)
လေဆိပ်ဆင်းသည့် မိသားစုအား ဓာတ်ပုံရိုက်နေသည့် စာနယ်ဇင်းသမားများ (ဓာတ်ပုံ - AP)

ဘင်လာဒင် နောက်ဆုံး နေထိုင်သွားသည့်အိမ်။ ထိုအိမ်ကို အမေရိကန်အထူးတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ (ဓာတ်ပုံ - AP)

အတုအယောင် ကမ္ဘာမှာ ဆင်ခြင်စရာ




ဧပြီ ၂၈၊ ၂၀၁၂
ငြိမ်းချမ်းအေး

"---ကာမမုဆိုးတွေ ဟာ အွန်လိုင်းမှာ သောင်းနဲ့ချီတဲ့ ပမဏနဲ့ အချိန်တိုင်း ရှိနေတယ်လို့ ဆိုပါတယ်---"


လူမှုကွန်ရက်စာမျက်နှာတွေဟာ မျက်မှောက်ခေတ်ရဲ့ လူမှုဘဝထဲကို ထဲထဲဝင်ဝင် ဝင်ရောက်လို့လာနေပါတယ်။ သတင်း၊ အချက်၊အလက်တွေ မြန်ဆန်စွာ ဖလှယ်နိုင်မှုဆိုတဲ့ အားသာချက်ကြောင့် သတင်းခေတ် လူသားတွေအတွက် အွန်လိုင်းစာမျက်နှာတွေကို ချိတ်ဆက်အသုံးပြုမှုဟာ နေ့စဉ် ဘဝရဲ့ နိစ္စဓူဝ အလုပ်ဖြစ်လာပါတယ်။ သတင်းဌာနတွေကလည်း အွန်လိုင်းကို အသုံးပြုပြီး သတင်းတွေကို သတင်းဖတ်သူထံ အမြန်ဆုံးပို့ဆောင်ခြင်းဖြင့် သတင်းစီးဆင်းမှုကို ပိုမိုမြန်စေတယ်။ စီးပွားရေးလုပ်ငန်းတွေကလည်း လူမှုကွန်ရက်စာမျက်နှာတွေမှ တဆင့် ကြော်ငြာတာ၊ ဈေးကွက်မြှင့်တင်တာ တွေ ပိုလုပ်လာနိုင်တယ်။

နိုင်ငံရေးပါတီတွေ၊ တိုင်းပြည် ခေါင်းဆောင်တွေ၊ နာမည်ကျော်ကြားသူတွေ စတဲ့ နယ်ပယ်ဒေသ ပေါင်းစုံက ပုဂ္ဂိုလ် အသီးသီးကလည်း သူတို့ရဲ့ ပရိသတ်၊ ထောက်ခံသူ၊ နောက်လိုက် တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် မြန်မြန်ဆန်ဆန် ထိတွေ့ ဆက်ဆံဖို့ ဒီလို လူမှုကွန်ရက်စာမျက်နှာတွေရဲ့ အကျိုး ကို ပိုမို အသုံးပြုလာကြပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေရဲ့ ကြီးမား၊ ကျယ်ပြန့်တဲ့ ထိရောက်မှုကြောင့် လှုမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေမှာလည်း အလှူငွေတွေ၊ လူထု အသိအမှတ်ပြုမှုတွေ ရရှိတာ ပိုလာပြီး လူမှုလုပ်ငန်းတွေ ပိုပြီးထိရောက်အောင်မြင်လာတယ်။

ဒီလို တစ်ဦးချင်း (သို့) အဖွဲ့အစည်း တွေအနေ လူမှုကွန်ရက် စာမျက်နှာတွေကို ကောင်းကျိုးအဖြစ် အသုံးချလာနိုင်ကြတယ်။ နောက်ဆုံး လူမှုကွန်ရက်စာမျက်နှာတွေဟာ တိုင်းပြည်တွေရဲ့ အနာဂတ်ကိုတောင် အကောင်းဘက်ကို ပြောင်းလဲစေတယ်ဆိုတာကို အာရပ်နွေဦးက သက်သေပြခဲ့တယ်။

ဒါပေမယ့် အကြောင်းအရာတိုင်း၊ တိုးတက်ပြောင်းလဲမှုတိုင်းမှာ အကျိုး နဲ့ အတူ အဆိုး၊ အပြစ် ဆိုတာ တွဲပါလေ့ရှိပါတယ်။ လူအများမြင်သာတဲ့ လူတစ်ယောက်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မှတ်တမ်းလုပ်ရတဲ့ သတင်းအချက်အလက်တွေကို ခိုးယူမှု၊ အတုပြုလုပ်မှု၊ ကိုယ်ပိုင်ဘဝလုံခြုံမှု အားနည်းမှုလာမှု၊ ဗိုင်းရက်စ် (Virus) လို၊ မားဝယ်လ် (Malware) လို၊ Malicious Programs တွေရဲ့ တိုက်ခိုက်ခံရမှု စတာတွေ အပြင် ကြီးမားတဲ့ လူမှုပြဿနာတွေ အထိ ဆိုးကျိုးသက်ရောက်စေပါတယ်။

ရုပ်ပိုင်းဆိုင်ရာ နည်းပညာတိုးတက်လာမှုနဲ့အတူ ယနေ့ခေတ်လူငယ်ဟာ အတုအယောင် ကမ္ဘာ (Virtual World) ထဲမှာ ပိုပြီး ပျော်မွေ့လေ့ရှိပါတယ်။ မွေးလာကတည်းက အပြင် လက်တွေ့ လောကနဲ့ ထိတွေ့မှု နည်းလာပြီး ဖန်သားပြင်တွေက တဆင့် ထိတွေ့ရတဲ့ ကမ္ဘာလေးကို နှစ်ခြိုက်လေ့ရှိပါတယ်။ အပြင်မှာ တကယ့် သူငယ်ချင်းတွေနဲ့ စစ်တိုက်တိုင်း ကစားတာထက် ဂိမ်းထဲမှာ စစ်တိုက်ရတာကို ပိုသဘောကျ လာပါတယ်။ တကယ်မဟုတ်တဲ့ စစ်ပွဲအတုတွေ ကို နိုင်ဖို့အတွက် တကယ့် ပိုက်ဆံ အစစ်တွေကို ရက်ရက်ရောရော အသုံးပြုလာကြပါတယ်။

ကလေးတွေဟာ ကျန်းမာ၊ ပျော်ရွှင်၊ လွတ်လပ်စွာနဲ့ သဘာဝ ကွင်းပြင်ကျယ်မှာ ကစားရတာထက် အမြင်အာရုံအရ ပိုပြီးစွဲဆောင်မှုရှိတဲ့ ဘဝ အတုထဲမှာ ကစားရမှုကို ပိုပြီး နှစ်သက်လာပါတယ်။ ဒီအခြေအနေမှာလည်း ကောင်းတဲ့ အကျိုးက ရှိပါတယ်။ လှုပ်ရှားမှု အသားပေးတဲ့ ကစားနည်း (Action Games) တွေကြောင့် ကလေးတွေရဲ့ ကိစ္စတစ်ခု၊ ပြဿနာတစ်ခု၊ မမျှော်လင့်ဘဲ အဖြစ်အပျက်တစ်ခုကို လျင်လျင်မြန်မြန် တုံ့ပြန်နိုင်မှုစွမ်းရည်တွေ တက်ရသလို၊ စဉ်းစားတွေးခေါ်မှုကို အဓိက သုံးရတဲ့ ကစားနည်း (Strategy Games) တွေကြောင့် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပါတယ်။

ဒါပေမယ့် ဘယ်အရာမဆို အဆိုး၊ အကောင်းရှိသလို အလွန်အကျွံ ဆိုရင် ဆေးတောင်မှ ဘေးဖြစ်တတ်တော့ မျှတစွာ ထိန်းညှိအသုံးချနိုင်မှု (Balance) က လိုပါတယ်။ ခေတ်နည်းပညာ အကူအညီ နဲ့ ကစားမှုဟာ လိုအပ်သလို အပြင်လက်တွေ့ ဘဝ၊ သူငယ်ချင်း အစစ်၊ လူအစစ်တွေနဲ့ ကစားနည်း အစစ်တွေကို ကာယကံမြောက် ပါဝင်လှုပ်ရှားမှုဖို့က ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မှန်ကန်စွာ ဖွံ့ဖြိုးစေမှုအတွက် အရေးကြီးလှပါတယ်။

ဒီလို အတုအယောင် ကစားနည်းတွေနဲ့ ကျင့်သားရ၊ ပျော်တတ် နေတဲ့ ခေတ်ကလေးတွေ နည်းနည်း အရွယ်ရောက်လာတော့လည်း အတုအယောင် လူမှုဆက်ဆံရေး တစ်မျိုးဖြစ်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေဟာ သူတို့အတွက် နောက်ထပ် ကျင်လည်ကျက်စားရာ ကမ္ဘာတုအသစ်လေး ဖြစ်လာပါတယ်။ ဒီလို ဖြစ်လာတာဟာ ဆောင်းပါးအစမှာ တင်ပြခဲ့တဲ့ အကျိုးကျေးဇူးတွေကို ရရှိလို့ ခေတ်လူငယ်၊ ခေတ်လူသားအနေနဲ့ အကျိုးရှိပေမယ့် တစ်ဘက်ကလည်း လူငယ်တွရဲ့ တစ်ကိုယ်ရေ ကိုယ်ရည်ကိုယ်သွေး (Personality) ထက်မြက်စေမှုကို အားပေးတဲ့ လူအချင်းချင်း ဆက်သွယ်၊ ပြောဆို၊ ဆက်ဆံမှု (Interpersonal Communication) ကို အကြီးအကျယ် ထိခိုက်လာစေပါတယ်။

တကယ့်လက်တွေ့ လူမှုဆက်ဆံရေးမှာ အားနည်းလာတာ၊ ပေါင်းသင်းဆက်ဆံမှုအားနည်းတာ၊ လူတောမတိုး၊ လူမဝင်ဆံ့ ဖြစ်ရတာ၊ လက်တွေ့ လူလောက အဆိုး၊ အကောင်း၊ အကျိုး၊ အကြောင်း သိနားလည်မှု နည်းလာတာ၊ အပြင်လောကမှာ အထီးကျန် ခံစားရမှု များလာတာ စတဲ့ လူမှုဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာစေပါတယ်။ ဒီလို လူမှု၊ စိတ္တအပြစ်တွေဟာ လူငယ်၊ လူကြီး အားလုံးကို ထိခိုက်စေတာ ဖြစ်ပေမယ့် ငယ်ရွယ်နုနယ်၊ အတွေးမကြွယ်တဲ့ စဉ်းစာဆင်ခြင်မှု အားနည်းနေသေးတဲ့ လူငယ်တွေ၊ ကလေးတွေ (၁၈ နှစ်အောက်) ကို သက်ရောက်မှု က ပိုများပြီး ထိခိုက်မှုလည်း ပိုကြီးပါတယ်။

အတုအယောင် အသိုင်းအဝန်း (Virtual Community) ဟာ လူတွေရဲ့ ချိတ်ဆက်နိုင်တဲ့ အဝန်းအဝိုင်း (Network) ကို အတိုင်းအဆမရှိ ချဲ့ထွင်နိုင်လို့ ကောင်းတဲ့ အကျိုးရှိသလို ကြီးမားတဲ့ အဆိုးကတော့ အဝန်းအဝိုင်းကြီးရင်ကြီးသလို ဆက်ဆံရတဲ့ လူပုဂ္ဂိုလ်တွေ ပိုများလာပြီး ဒီလူတွေရဲ့ တကယ့် အစစ်အမှန် သရုပ်ကို ခန့်မှန်းရတာ ခက်တာပါ။ ဒါဟာ လူကြီး၊ လူငယ် ကြုံတွေ့ရတာပါ။ ဒါပေမယ့် ဆင်ခြင်ထုံတရား နည်းသေးတဲ့ ကလေးတွေ၊ လူငယ်တွေကတော့ ဆိုးကျိုးကို ပိုခံရလေ့ရှိပါတယ်။ ဒါကြောင့် အွန်လိုင်း ရာဇဝတ်မှုတွေ (Cyber Crimes) ရဲ့ သားကောင်တွေဟာ များသောအားဖြင့် ကလေး၊ လူငယ်တွေ ဖြစ်လေ့ရှိနေတာပါ။ လူငယ်တွေအတွက် ဖြစ်လာနိုင်တဲ့ အန္တရာယ်၊ လုံခြုံမှု အားနည်းမှုက ပိုကြီးပါတယ်။

လူငယ် မိန်းကလေး၊ ယောင်္ကျားလေးတွေကို အမြဲတမ်း ခြေရာကောက်၊ လိုက်ရှာနေတတ်တဲ့ ကာမမုဆိုးတွေ (Sexual Predators) ဟာ အွန်လိုင်းရဲ့ နေရာတိုင်းမှာ၊ ပုံသဏ္ဌာန် မျိုးစုံနဲ့ တည်ရှိနေတတ်ပါတယ်။ သိမြင်လွယ်တဲ့၊ ချက်ချင်း သတိထားမိနိုင်တဲ့ ပုံစံတွေကတော့ အွန်လိုင်းမှာ လိင် (သို့) လူမျိုး၊ ဘာသာ စတဲ့ ကွဲပြားခြားနားမှု အတွက် အနိုင်ကျင့် ပြောဆို၊ ပြုမှုဆက်ဆံမှု (Online Bullying)၊ အွန်လိုင်း (သို့) လူမှုကွန်ရက်စာမျက်နှာ ကို အသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာ ဖိနှိပ် ပြောဆို၊ ဆက်ဆံ၊ စော်ကားမှု (Online Trolling)၊ လိင်ပိုင်းဆိုင်ရာ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ပြုမူပြောဆိုမှု (Sexual Harassment)၊ အွန်လိုင်းမှ တဆင့် ဆက်သွယ်ပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု (Sexual Abuse) စတာတွေ ဖြစ်ပါတယ်။

ဒါတွေဟာ လူကြီး တင်မက လူငယ်တွေလည်း ချက်ချင်း မဟုတ်တောင် အဖြစ်အပျက်တစ်ခု၊ နှစ်ခု ကြည့်ပြီး၊ ကြုံတွေ့ပြီးရင် ကာကွယ်၊ ဆင်ခြေသွားနိုင်လို့ ရပါသေးတယ်။

ဒါတွေထက်ပိုကြီးမားတဲ့ အန္တရာယ်ကတော့ ချက်ချင်း သတိမမူနိုင်တဲ့ အပေါ်ယံမှာ ဟန်ဆောင်ကောင်းတတ်တဲ့ ပုဂ္ဂိုလ်မျိုးတွေပါ။ သူတို့ဟာ သူတို့ ကျွမ်းကျင်တဲ့ အတတ်ပညာ တစ်ခုခု၊ ကျွမ်းကျင်မှု တစ်ခုခုကို အသုံးချပြီး လူတွ စိတ်ဝင်းစားလာအောင် လုပ်မယ်၊ လူမှုဆက်ဆံရေးကျွမ်းကျင်မှုတွေ (Social Engineering Skills) ကိုသုံးပြီး လူတွေကို ယုံကြည်လာအောင်လုပ်မယ်၊ ဒါတွေအားလုံး အခြေခိုင်ပြီဆိုရင် စိတ်ဝင်းစားမှု၊ ယုံကြည်မှုကို တလွဲ အသုံးချတတ်ကြတဲ့ သဘောပါ။ လူမှုဆက်ဆံရေးကျွမ်းကျင်မှုပညာ (Social Engineering Skills) ကို သတင်း၊ နည်းပညာ ဘာသာရပ် (IT) မှာ ဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံမှု အန္တရာယ် (Potential Threat / Risk) ထဲမှာ ထည့်လေ့ရှိပါတယ်။ သတင်း၊ နည်းပညာ အခေါ်အဝေါ်အရတော့ Phishing လို့ ခေါ်ပါတယ်။ ယုံကြည်မှု (သို့) အမှတ်မဲ့နေမှုကို အလွဲသုံးစားလုပ်မှုလို့ ဆိုနိုင်ပါတယ်။

အရင်လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဗမာပြည်မှာ နာမည်ကြီးတဲ့ အွန်လိုင်းက ထီပေါက်တယ်၊ ဒါမှ မဟုတ် သန်းနဲ့ချီတဲ့ အမွေလွှဲပြောင်းမှုမှာ ကူညီဖို့ ဆိုတဲ့ စာတွေရောက်တာ၊ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ယူဖို့ ဖိတ်တာ စတာတွေဟာ ဒီသဘောပါပဲ။ ဗမာပြည်က လုပ်ငန်းရှင်ကြီး တချို့ တောင် ဒီလိုနည်းနဲ့ ငွေကုန်၊ လူပန်းဖြစ်ပြီး အရှက်တကွဲ အလိမ်ခံရဖူးပါတယ်။ သူများ မျက်ခုံးမွှေး စင်္ကြန် လျှောက်နေတဲ့ ဒီလို ပုဂ္ဂိုလ်မျိုးတွေ၊ လူကြီးတွေတောင် အလိမ်ခံရနိုင်ရင် ငယ်ရွယ်တဲ့ ကလေးသူငယ်တွေအတွက် ဒီလို အတတ်ပညာ၊ ကျွမ်းကျင်မှုနဲ့ လူမှုဆက်ဆံရေးကျွမ်းကျင်မှုကို အသုံးချပြီး ယုံကြည်မှုအလွဲသုံးစာလုပ် တလွဲ အသုံးချခံရမှုဟာ တကယ့်ကို ကြီးမားတဲ့ အသက်၊ အရှက်၊ ဘဝ အကုန်လုံးကို ထိခိုက်နိုင်တဲ့ လုံခြုံမှု အန္တရာယ် ဖြစ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် စသိ၊ ပြီးတော့ အွန်လိုင်းမှာ စည်းရုံးခံရ၊ နောက် လူချင်းတွေ့ပြီး ကာမ လုယူခံရ၊ တခါတလေ အသတ်ပါခံရတတ်တဲ့ မိန်းကလေးငယ်၊ ယောင်္ကျားလေးငယ်တွေ ရင့်နင့်ဖွယ် အဖြစ်အပျက်တွေဟာ နိုင်ငံတကာ သတင်းတွေမှာလည်း မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ဗမာပြည်မှာတောင် သိပ်မကြာခင်က အွန်လိုင်းမှာ ခင်မင်ရာက တဆင့် ရင်းနှီးပြီး မိန်းကလေးငယ်က ယောင်္ကျားလူကြီးဆီ မိဘမသိအောင် ခိုးလိုက်လာတဲ့ သတင်းတွေ့ရပါသေးတယ်။ ဒီဖြစ်ရပ်မှာတော့ ယောင်္ကျားဖြစ်သူ လူကြီးက အကျင့်သီလ ပြည့်စုံသူဖြစ်တော့ မိဘကို အကြောင်းကြားပြီး ပြန်ပို့နိုင်ခဲ့ပါတယ်။ ဒီလို မဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်၊ ဖျက်ဆီးခံရတဲ့ ယောင်္ကျား၊ မိန်းမ ကလေးသူငယ်တွေရဲ့ အဖြစ်ဆိုးတွေ ဗမာပြည်မှာလည်း ရှိနေနိုင်ပါတယ်။

နိုင်ငံတကာ လေ့လာမှု စစ်တမ်းများရဲ့ သုံးသပ်ချက်အရတော့ ကာမမုဆိုးတွေ ဟာ အွန်လိုင်းမှာ သောင်းနဲ့ချီတဲ့ ပမဏနဲ့ အချိန်တိုင်း ရှိနေတယ်လို့ ဆိုပါတယ်။

အထက်မှာ တင်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ ကမ္ဘာနဲ့ အဝှမ်း ဖြစ်လေ့ရှိတဲ့ သဘောနဲ့ အန္တရာယ်တွေပါ။ ကောင်းမွန်တဲ့ ပညာရေးစနစ်၊ တွေးခေါ်၊ ဆင်ခြင်၊ စဉ်းစားမှုကို အားပေးတဲ့ အလေ့အကျင့်ရှိတဲ့ လူ့အဖွဲ့အစည်းတွေ ရှင်သန်တဲ့ တိုးတက်ခေတ်မီတဲ့ တိုင်းပြည်ကြီးတွေမှာလည်း ကြုံတွေ့နေရတဲ့ ပြဿနာတွေပါ။ ဒီတော့ ဗမာပြည်လို အတွေးအခေါ်၊ စဉ်းစာမှု ပေးတာကို အားနည်းတဲ့ ပညာရေးစနစ် ရှိတဲ့၊ ပိတ်ဆို့ထားတဲ့ လူ့အဖွဲ့အစည်းတွေရှင်သန်တဲ့၊ အသိ၊ အမြင်နည်းတဲ့ တိုင်းပြည်အတွက် ဒီလို အန္တရာယ် တွေဟာ မဖြစ်မနေ အလေးဂရုပြုပြီး ပညာပေးတာ၊ ကာကွယ်တာ လုပ်ဖို့လိုပါတယ်။

နောက်တစ်ခုတင်ပြချင်တာကတော့ လူမှုကွန်ရက် စာမျက်နှာတွေရဲ့ နည်းပညာ သဘောပါ။ ဒီလို အွန်လိုင်း ဆက်သွယ်ရတဲ့ စာမျက်နှာတွေဟာ အနောက်တိုင်းက အစပြုတာပါ။ အနောက်တိုင်းဓလေ့က ကိုယ်ပိုင် လွတ်လပ်မှု၊ ကိုယ်ပိုင်ဘဝ (Private Life) လုံခြုံမှုကို အင်မတန် အလေးထားပါတယ်။ ဒီသဘောကို သူတို့ရဲ့ နည်းပညာတွေမှာလည်း အပြည့်အဝ ထည့်ပေးထားပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း သုံးစွဲသူတွေရဲ့ လုံခြုံမှုကို အလုံးစုံ အပြည့်အဝ မဟုတ်တောင် အထိုက်အလျောက် ကာကွယ်နိုင်တဲ့ အရာ (Features) တွေ ထည့်ပေးထားပါတယ်။

ဒါတွေကို လူကြီး၊ လူငယ်အားလုံး သုံးတတ်အောင်၊ ကာကွယ်နိုင်အောင် သိနားလည်ထားပြီး တကယ်လည်း ကာကွယ် အသုံးချရပါမယ်။ မသိသေးရင်လည်း နေ့စဉ် ထမင်းစားတာ၊ ရေသောက်တာလို ဖြစ်နေပြီဖြစ်တဲ့ အလေ့အကျင့်တစ်ခုရဲ့ လုံခြုံရေးအတွက် အချိန်ပေးပြီး လေ့လာရပါမယ်။

နောက်ဆုံးအနေနဲ့ တင်ပြချင်တာကတော့ မှန်ကန်တဲ့ ပညာပေးမှုပါ။ ဗမာ့လူ့အဖွဲ့အစည်းမှာ ရှက်လို့၊ ကြောက်လို့၊ ဒါမှ မဟုတ် လူကြီးနဲ့ လူငယ် မပြောကောင်းလို့၊ ယဉ်ကျေးမှုကြောင့်၊ ရိုးရာကြောင့် အစရှိလို့ မပြောမဆို၊ မဆွေးမနွေး၊ ပညာမပေးတဲ့ အကြောင်းအရာတွေ အများကြီး ရှိပါတယ်။ ၁၉၉၀ ခုနှစ်များတုန်းကဆို လိင်ဆက်ဆံရာကနေ ကူးစက်နိုင်တဲ့ အေအိုင်ဒီအက်စ်ရောဂါ အကြောင်းကို အထက်မှာ တင်ပြခဲ့တဲ့ လွဲမှားတဲ့ အကြောင်းပြချက်တွေကြောင့် လူငယ်တွေအပေါ် လိင်ဆက်ဆံရာမှာ အကာအကွယ် သုံးဖို့ လှုံ့ဆော်တာမျိုး၊ ထိရောက်တဲ့ ပညာပေးမှုမျိုး မပြုလုပ်နိုင်ဘူး။ ဒီလို ရှေးဆန်တဲ့၊ ကျဉ်းမြောင်တဲ့ အယူအဆတွေကြောင့် တိုင်းပြည်ရဲ့ အဖိုးတန် ရတနာတွေကို အချိန်မတိုင်ခင် ဆုံးရှုံးကုန်ရပါတယ်။

ခု အချိန်ထိလည်း လိင်ပညာပေး အစီအစဉ်၊ ကိုယ်ဝန်ဖြစ်ပေါ်လာပုံ၊ လိင်ဆက်ဆံမှုမှာ ဆောင်ရန်၊ ရှောင်ရန် စတာတွေကို ကျောင်းပညာရေးမှာ စနစ်တကျ သင်ပေးခြင်း မရှိသေးပါဘူး။

လူမှုရေးရှုထောင့်၊ ဒါမှမဟုတ် ဘာသာရေးရှုထောင့်ကနေ ပြောဆိုဆွေးနွေးထောက်ပြစရာ အကြောင်းတွေ ရှိကောင်း ရှိနိုင်တဲ့ အိမ်ထောင်မပြုခင် လိင်ဆက်ဆံခြင်းဟာ ပျိုရွယ်တဲ့၊ သွေးနဲ့သားနဲ့ တည်ဆောက်ထားတဲ့ ပုထုဇဉ် လူသာ၊ အထူးသဖြင့် လူငယ်၊ လူရွယ် အတွက် သဘာဝပါ ဆိုတာကိုလည်း လက်ခံထားရပါမယ်။ လိင်ပညာဟာ လူ့ဘဝ တလျှောက်လုံးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါမှာဖြစ်တဲ့အတွက် ကလေးသာသာ အလယ်တန်းကျောင်းသား အရွယ်မှာကတည်းစပြီး ကျောင်းသန်ခန်းစာတွေမှာ စနစ်တကျ ထည့်သွင်းပြီး သင်ကြားပေးရမယ့် ပညာဖြစ်ပါတယ်။

ထိုနည်းတူ အခြား လူငယ်တွေ လက်တည့်စမ်း နိုင်တဲ့ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး စတာတွေ၊ လူငယ်ကြား ရေပန်းစားတဲ့၊ အထက်မှာ အဓိက တင်ပြခဲ့တဲ့ လူမှုကွန်ရက်စာမျက်နှာတွေလို လူငယ်ရေပန်းစားယဉ်ကျေးမှုရဲ့ အကောင်းအဆိုးတွေ ကိုလည်း စနစ်တကျ မှန်ကန်တဲ့ ပညာပေးမှုတွေ လုပ်ကို လုပ်ရမှာပါ။

လူမှုကွန်ရက် စာမျက်နှာအကြောင်းကို နောက်ဆုံး နိဂုံးချုပ်ရရင် အွန်လိုင်း ဆက်သွယ် ပြောဆို ဆက်ဆံနိုင်တဲ့ သဘောရဲ့ အကျိုးကျေးဇူးကြီးပုံတွေကို လူကြီး၊ လူငယ်အားလုံးသိကြပါတယ်။ ထို့အတူ တပါတည်း ပါလာတဲ့ မြင်သာတဲ့ အဆိုးတွေ၊ မမြင်သာတဲ့ အပြစ်တွေကိုလည်း လူကြီး၊ လူငယ်အားလုံးသိအောင် ပြောဆို၊ ဆွေးနွေး၊ ထောက်ပြ ရပါမယ်။ ကလေးသူငယ်၊ လူငယ်တွေအတွက် ထိခိုက်မှုက ပိုကြီးမားလွန်းတော့ သူတို့အတွက် ကောင်းမွန်၊ မှန်ကန်၊ အကျိုး၊ အကြောင်းညီတဲ့ ပညာပေးမှုတွေ လုပ်ကိုလုပ်ရပါမယ်။ ယဉ်ကျေးမှု ထိခိုက်လို့ ကိုရီးယားကားတွေ မပြနဲ့ကွာဆိုတဲ့ လွဲမှား၊ ကျဉ်းမြောင်းတဲ့ အယူအဆ လို လူငယ်တွေ ဒါတွေ၊ ဒါတွေ မသုံးစေနဲ့လို့ တားမြစ်လို့မရပါ။

အထက်က တင်ပြခဲ့သလို ဒါတွေ ဒါတွေမှာ ဒီလို၊ ဒီလို ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိတယ်၊ ဒီတော့ ကောင်းမွန်မှန်ကန်စွာ အသုံးချတတ်ရမယ် ဆိုပြီး အကျိုး၊ အကြောင်းညီ၊ တော်တည့် မှန်ကန်တဲ့ လမ်းညွှန်မှုမျိုး၊ ပညာပေးမှုမျိုး လုပ်ရပါမယ်။ ဒီလို အကြောင်းအရာတွေကို လူကြီးတွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ဖို့ ဝေငှပါ၊ နှိုးဆော်ပါ၊ လူငယ်တွေကိုလည်း မှန်ကန်တဲ့ ဗဟုသုတပေးပါ။

ဒီလိုနဲ့ ပိုမိုကောင်းမွန်တဲ့ လက်တွေ့ ကမ္ဘာ လူအဖွဲ့အစည်းနဲ့ အတူ ပိုမို ကောင်းမွန်တဲ့၊ ကလေး၊ လူကြီးမရွေး လုံခြုံစိတ်ချရတဲ့ အတုအယောင် ကမ္ဘာငယ်လေးကိုလည်း တွဲလျက် ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းအေး
၂၈၊ ဧပြီ၊ ၂၀၁၂

၎/ ၂၈/ ၂၀၁၂ သတင်းများ

ပန်ဝါတွင် မြန်မာအစိုးရတပ်နှင့် KIA ကြား တိုက်ပွဲဖြစ်နေဆဲ 

ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဌာနချုပ် ပန်ဝါ တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) ကြား တိုက်ပွဲများ ဆက်ဖြစ်နေဆဲဖြစ်ကြောင်း ပန်ဝါမှလာသောသတင်းများ ဆိုသည်။

ဧပြီ ၂၆ ရက်နေ့ KIA တပ်ဖွဲ့များ ပန်ဝါမြို့ကို ၀ိုင်းထားရာမှ မြန်မာ့တပ်မတော်လက်အောက် နယ်ခြားစောင့်တပ် (ယခင် NDA-K) နှင့် တိုက်ပွဲများ ဖြစ်လာခြင်းဖြစ်သည်။


တရုတ်နယ်စပ် ပန်ဝါမြို့အား ဧပြီ ၂၈၊ စနေနေ့မနက်ပိုင်းတွင် KIA မှ ၀င်ရောက်သိမ်းပိုက်ထားပြီး၊ KIA စစ်သား ၈ ဦးလည်း ကျဆုံးသည်ဟု Jinghpaw Kasa blog (http://www.jinghpawkasa.blogspot.com) က ဖော်ပြသည်။

သို့သော် ပန်ဝါသို့ မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လက်နက်များ ရဟတ်ယာဉ်ဖြင့် သယ်ပို့ပေးနေခြင်းကြောင့် တိုက်ပွဲများ ဆက်ဖြစ်နေဆဲအခြေနေဖြစ်သည်ဟု KIA ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိများ ဆိုသည်။

တိုက်ပွဲကြောင့် ပန်ဝါရှိ ပြည်သူများနှင့် အစိုးရ၀န်ထမ်းများ တရုတ်နယ်စပ်သို့ ထွက်ပြေးနေကြသည်ဟု ပန်ဝါ သတင်းရပ်ကွက်ကဆိုသည်။ 


 By KNG


ရခိုင်ပြည်နယ်တောင်ပိုင်း မဟာဓါတ်အားလိုင်းသွယ်တန်းရေး စတင်
ဓါတ်ပုံ-နိရဉ္စရာ
ဧပြီ ၂၈၊ ၂၀၁၂ (YPI)

ရခိုင်ပြည်နယ်တောင်ပိုင်းသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရန်

မဟာဓါတ်အားလိုင်းသွယ်တန်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း
လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများကပြောသည်။

ဧပြီ ၂၆ ရက်က အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုဝန်ကြီးလာရောက်၍

သံတွဲခရိုင်အတွင်း တည်ဆောက်မည့် ဓာတ်အားခွဲရုံများအတွက် မြေနေရာများ
လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

“မြေနေရာ အတည်ပြုပြီးတာနဲ့ဓာတ်အားခွဲရုံတွေ

စဆောက်မယ်၊တိုင်တွေစိုက်မယ်၊ပထမအဆင့်မှာ သံတွဲနဲ့တောင်ကုတ်မှာ
ဆောက်မှာဖြစ်ပါ တယ် ” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာများအား သက်ဆိုင်ရာ

ပိုင်ရှင်များထံမှ ၀ယ်ယူရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်းနှင့်
လိုင်းတည်ဆောက်ရေးစီမံကိန်းအဖွဲ့၏ ကွင်းဆင်းလေ့လာမှုများမှာ ဧပြီ ၁ ရက်
ကပင် စတင်နေပြီဖြစ်ကြောင်းလည်း၎င်းက ပြောသည်။

တောင်ကုတ်မြို့နယ်တွင် ၂၃၀/၆၆ kV ဓာတ်အားခွဲရုံတစ်ရုံနှင့် ၆၆/၁၁ kV

တစ်ရုံ၊သံတွဲမြို့နယ်တွင် ၆၆/၁၁ kV တစ်ရုံ တည်ဆောက်မည်ဖြစ်သည်။

ယင်းစီမံကိန်းများအား ၂၀၁၄ နောက်ဆုံးထား၍

ပြီးစီးအောင်ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းပြီးစီးမှု အပေါ်မူတည်ကာ
ထို့ထက်လည်းစောပြီး လျှပ်စစ်မီးရရှိနိုင်ကြောင်း တာဝန်ရှိသူများ ပြောသည်။

လက်ရှိတွင် ထားဝယ်အခြေစိုက် ဖိုးသီးချို ကုမ္ပဏီက သံတွဲမြို့နယ်အား ၂၄

နာရီ မီးပေးလျက်ရှိပြီး ဓာတ်အားသုံးစွဲခမှာ ပထမ ၁၀ ယူနစ်အတွက် ၃၅
ကျပ်နှုန်းနှင့် ကျန်ယူနစ်များအတွက် ၄၈၀ ကျပ်နှုန်း ဖြစ်သည်။

“ မဟာဓါတ်အားလိုင်း မြန်မြန်ပြီးဖို့ မျှော်လင့်ပါတယ်၊ အခုမီတာခတွေက

ဈေးကြီးလွန်းလို့ ” ဟုသံတွဲ ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်လျှပ်စစ်မီးရရှိရေးအတွက် စွမ်းအင်ဝန်ကြီးဌာနကလည်း

ဆောင်ရွက်မည်ဖြစ်ပြီးယင်း စီမံကိန်းမှာ ၂၀၁၅ တွင်မှ
ပြီးစီးနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းထုတ်ဂျာနယ်များတွင်ဖော်ပြထားသည်။       ။
 Yangon Press International 



ညအချိန်လက်နှိပ်ဓါတ်မီးကိုင်ဆောင်လျှင် သေနတ်ဖြင့်ပစ်မည် ဧပြီ ၂၈၊ ၂၀၁၂ (YPI) - ဆိုင်းဆွတ်

မြစ်ကြီးနား မြို့ အကျဲကျေးရွာ တွင် ညမိုးချုပ် လက်နှိပ်ဓာတ်မီးကိုင်ဆောင်ပြီး အပြင်ထွက်သူများ

ကို စစ်တပ်က သေနတ်ဖြင့် ပစ်မည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်
စစ်တပ်က ယမန်နေ့က အမိန့်ထုတ်လိုက်သည်။

“ ညဘက် ကိုယ့်ကိုသူများက မတွေ့နိုင်တဲ့ လက်နှိပ်ဓာတ်မီးကို မကိုင်ဖို့

အခုအုပ်ချုပ်ရေးမှူးက ပြောထားတယ်။ ဖယောင်းတိုင်ဆိုရင် ကိုယ့်ကို သူများတွေ
မြင်နိုင်တယ်လေ လုံခြုံရေးအရ လက်နိုပ်ဓာတ်မီးကို မကိုင်ဖို့ ကိုင်ရင်
သေနတ်နဲ့ ပစ်မယ်လို့ ပြောထားတယ်” ဟု အကျဲကျေးရွာမှ ဘုန်းတော်ကြီးတစ်ပါးကပြောသည်။

 

အကျဲရွာ စစ်တပ်ဂိတ်


၂၆ ရက် ည ၉နာရီ ခွဲ ခန့်က အကျဲ ကချင်နှစ်ချင်း ဘုရာကျောင်းအတွင် ခလရ

၂၁ မှ အကျဲ ကျေးရွာ တွင် လုံခြုံရေး လာချထားသော စစ်သား တစ်ဦးက
ယင်းဘုရားကျောင်းတွင် လူငယ်များ ဘုရာသီချင်းလေ့ကျင့်နေချိန်တွင်
ဝင်ရောက်နာထောင်နေစဉ် ယင်းစစ်သားကိုင်ဆောင်လာသော သေနတ်မှ ကျည်ဆံ
မတော်တန်ဆ ထွက်သွားပြီး ဘုရာကျောင်း ကြမ်းပြင်ကိုထိမှန်ခဲ့သည်။

၂၇ ရက် မနက် ၂ နာရီ တွင်အကျဲရွာမှ မြန်မာစစ်တပ်နှင့် ကေအိုင်အို တို့ အကြား

တိုက်ခိုက်မူများဖြစ်ပွားခဲ့ ပြီးနောက် မနက်တွင် အကျဲစစ်တပ်
အနီး လက်ပစ်ဗုံးသုံးလုံး နှင့် ရှဒေါင် ကျေးရွာတွင်လက်ပစ်ဗုံးတစ်လုံးတွေရှိခဲ့သည်။

ထို့သို့ မငြိမ်မသက်မူကြောင့် ရွာအတွင်း ညဘက် လက်နိပ်ဓာတ်မီး ကိုင်ဆောင်ပြီး

အပြင် မထွက်ရ ညဘက်အပြင်ထွက်လျှင် မီးထုတ် နှင့် ဖယောင်းတိုင်းများကိုသာ
ကိုင်ဆောင်ပြီးထွက်ရှိရမည်ဟု အမိန့်ထုတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။         ။
Yangon Press International  







ဘုရားကျောင်းပြင်ရန်ဟုဆိုကာ ရွာသားလေးဦးအား KIO မှခေါ်ဆောင်သွား
ဧပြီ ၂၈၊ ၂၀၁၂ (YPI) - ဆိုင်းဆွတ်

ယမန်နေ့ နေ့လည် ၂ နာရီခန့်က မိုးကောင်းမြို့နယ် လွဲလော်ကျေးရွာ အရှေ့တောင်ဘက် ငါးမိုင်အကွာရှိတောထဲတွင် ထင်းခုတ်နေသော ရွာသားလေးဦးကို ဘုရားကျောင်းပြုပြင်ရန်ဟုဆိုကာ KIO စစ်သားများက ခေါ်ဆောင်သွားသည်။


မိုးရာသီမရောက်မီ KIO စခန်းရှိ ဆားမော်ဆွတ်လျန် ဘုရားကျောင်းကိုပြုပြင်ရန်လိုအပ်သော သစ်များခုတ်ယူခိုင်းစေရန် နွားလှည်းသုံးစီးနှင့်အတူ လွဲလောရွာသားသုံးဦးနှင့် လွဲဆန်ရွာသားတစ်ဦးတို့ကို ခေါ်ယူသွားခဲ့ပြီး ဘုရားကျောင်းပြုပြင်ပြီးလျှင် ပြန်လွှတ်ပေးမည်ဟုဆိုသည်ဟု လွဲလော ရွာသားတစ်ဦးကပြောသည်။


“ ကျွန်တော့်ကိုလည်းခေါ်တယ်။ ကျွန်တော့်မှာက ကလေးတွေမိသားစုတွေလည်းပါတယ်ဆိုတော့ ကျန်တဲ့ လေးယောက်ကို ခေါ်သွားတယ်။ နှစ်ရက်လောက်ပဲကြာမယ်လို့တော့ပြောတယ် ” ဟု ထင်းသွားခုတ်ခဲ့သည့် လွဲလော်ရွာသားတစ်ဦးကပြောသည်။


ပြီးခဲ့သောမတ်လက လွဲလောရွာသား အသက်နှစ်ဆယ်ဝန်းကျင်ရှိ ထွန်းမြန်ကို KIO မှ တပ်သားသစ်စုဆောင်ရန်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့သည်။


ယခုခေါ်ဆောင်သွားသောရွာသားများကိုမူ ပြန်လွှတ်ပေးလိမ့်ဟု မျှော်လင့်ရကြောင်း လွဲလော ရွာသားများကပြောသည်။


“ ငယ်တဲ့သူတွေကိုတော့ စစ်သားစုဆောင်းတယ်ဆိုပြီး ပြန်မလွှတ်တော့ဘူး။ အခုပါသွားတဲ့သူတွေက အသက်ကြီးပြီဆိုတော့ ပြန်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ် ” ဟု လွဲလောရွာသားတစ်ဦး ကပြောသည်။         ။

Yangon Press International 



  KIA တပ်ဖွဲ့ဝင်များက စဒုံးမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံး ကို ၀င်ရောက်တိုက်ခိုက်ရာလေးဦးသေဆုံး
မြန်မာအစိုးရ စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော ကချင် လက်နက်ကိုင်အဖွဲ့ KIA တပ်ဖွဲ့ဝင်များက ဝိုင်းမော် မြို့နယ် စဒုံးမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံးသို့ ယနေ့နံနက်ပိုင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး အပါအဝင် လူလေးဦး သေဆုံးခဲ့သည်ဟု The Voice Weekly က စုံစမ်းသိရှိရသည်။

ဆော့လော် တောင်တန်းများပေါ်တွင် KIA တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။

 The Voice Weekly 



တိုက်ပွဲများကြောင့် KIOနှင့်ငြိမ်းချမ်းရေး ဆွေးနွေးရန် နေရာညှိနှိုင်းမရသေး ဂျာတော့ပ်(မြစ်မခ)
ဧပြီ(၂၇)ရက်၊၂၀၁၂ခုနှစ်။


ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ (KIO)နှင့် မြန်မာအစိုးရတပ်ဖွဲ့များအကြား   နှစ်ဖက်ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးရန် နေရာ၊ဒေသများအား နှစ်ဖက်အကြားညှိနှိုင်းနေဆဲဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ထံက သိရှိရသည်။


“ဦးအောင်သောင်းတို့နဲ့က ပြောတဲ့အတိုင်း မဖြစ်လာတော့ ရှေ့ဆက်ပြီး သိပ်အဆင်မပြေဘူး။ ကျွန်တော်တို့က သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ကို တွေ့ချင်တယ်။ ဆွေးနွေးချင်တယ်။” ဟု ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုး ဆောင်အဖွဲ့မှ ဦးအင်ရှန်ဆန်အောင်က ပြောသည်။


ကေအိုင်အိုနှင့် မြန်မာအစိုးရတပ်များ စစ်ပွဲဖြစ်နေသည်မှာ ယမန်နှစ် ဇွန်လမှစတင်လျှင် ယခုအချိန်တွင်(၁၁)လ ကြာမြင့်နေပြီဖြစ်သည်။


နှစ်ဖက်ကြားငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း တိုက်ပွဲမှာ ယခင်ထက် ပိုမို ပြင်းထန်နေသည်။ မြန်မာအစိုးရစစ်အင်အား (၁၀၀)ရှိသည့် နာဖော့်ကျေးရွာတွင်လည်း ယခုအချိန်တွင် စစ်အင်အား (၁၀၀၀)ကျော်ရှိနေပြီဖြစ်ပြီး ကချင်ပြည်နယ်တွင် အစိုးရတပ်မ(၁၃)ခု အခြေစိုက်ထားရှိကြောင်း ၄င်းတို့ထံက သိရှိရသည်။


ဧပြီ (၂၀)ရက်နေ့ အစိုးရဘက်က မြစ်ကြီးနားမြို့၌  ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်အား ကေအိုင်အေ က ငြင်းပယ်ထားသဖြင့် ဧပြီ (၂၄)ရက်တွင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ဗန်မော်မြို့တွင် တွေ့ဆုံရန် ထပ်မံစာရေးသားပေးပို့ခဲ့သည်။


“ဗန်မော်ဆို ပိုလို့တောင် မဖြစ်နိုင်ဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုပြီး ထိုးစစ်ပဲ ဆင်နေတာ။ ဌာနချုပ်တွေ ကိုတောင် ထိုးစစ်ဆင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတော့ ပြည်တွင်းမှာ ဆွေးနွေးမယ်ဆိုတာ မဖြစ် သေးဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အမြဲတွေးနေပါတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ လိုနေသေးတော့ တခြားလုံခြုံတဲ့နေရာမှာတွေ့ရင် ပိုပြီးအဆင်ပြေလိမ့်မယ်ထင်တယ်။” ဟု အင်ရှန်ဆန်အောင် က ဆက်ပြောသည်။


ကေအိုင်အိုကလည်း ငြိမ်းချမ်းရေးကိစ္စအား အကောင်အထည်ဖော်ဆောင်ရွက်လိုသဖြင့် ဧပြီ(၂၅) ရက်နေ့တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ခေါင်းဆောင် ဆွတ်လွတ်ဂမ်ကို ခန့်အပ်ထားပြီးဖြစ်ကြောင်း သိရသည်။


ယခုအချိန်တွင် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးတစ်ဝိုက်ရှိ လဂျာယန်ကျေးရွာ၊ ဒေါ့ဖုန်းယန်တို့တွင် နေ့စဉ် လက်နက်ကြီးများဖြင့် တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် မလိရေအားလျှပ်စစ် တည်ရှိရာ နေရာဒေသ တွင်လည်း ပစ်ခတ်မှုများရှိနေသည်ဟု ဒေသခံတို့ကဆိုသည်။


ယင်းတို့ တိုက်ပွဲများဆက်တိုက် ပစ်ခတ်နေခြင်းနှင့်ပတ်သက်၍  စစ်ရေးသည် ၎င်းနှင့် မဆိုင်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ဆိုထားသဖြင့် ဦးအင်ရှန်ဆန်အောင်က အောက်ပါအတိုင်း ပြောဆိုခဲ့သည်။

 “စစ်အင်အား အလုံးအရင်း တိုးလာနေတယ်။ ယုံကြည်မှု တည်ဆောက်ဖို့ သူတို့မလုပ်ကြဘူး။ အစိုးရက သက်သက်၊ စစ်တပ်ကလည်း သက်သက်ဖြစ်နေသလိုပဲ ဖြစ်နေတယ်။ စစ်နဲ့ပတ်သက်ပြီး၊ နိုင်ငံရေးကို အခါတည်း ဆွေးနွေးချင်နေတာ။”  ဟု ဦးအင်ရှန်ဆန်အောင်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ရွှေလီမြို့၌ ကေအိုင်အိုနှင့် မြန်မာအစိုးရတို့ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေး ရာတွင် ကေအိုင်အေက “အခြေခံ ဥပဒေအရ ကာကွယ်ရေးဦးစီးတပ်က တပ်ပိုင်းဆိုင်ရာမှာ လွတ်လွတ် လပ်လပ် လုပ်ဆောင်ပိုင်ခွင့်ရှိတယ်။



နောက်လက်နက်ကိုင်တပ်အားလုံးရဲ့ အကြီးအကဲလည်း ဖြစ်တယ် ဆိုတော့။ သူသဘောမတူရင် သမ္မတ အမိန့်ကဘာပဲဖြစ်ဖြစ် မနာခံဘူးဆိုတဲ့ သဘောလား။ အစိုးရနဲ့ တပ်နဲ့ ဆက်ဆံရေးမှာ အားနည်းချက်ရှိလား။” ဟု ကေအိုင်အေတာဝန်ရှိသူ တစ်ဦးက မေးမြန်းခဲ့သည်။



ထိုမေးမြန်းချက်နှင့်ပတ်သက်၍ “သမ္မတကြီးရဲ့ အမိန့်နဲ့ ပတ်သက်ပြီးတော့ ကျတော်ပြောချင်ပါတယ်။ သမ္မတ လုပ်ပိုင်ခွင့်နှင့် ညွန်ကြားချက် အမိန့် လုပ်ပိုင်ခွင့်တွေနဲ့ ကျတော်တို့ တချို့ ကိစ္စတွေမှာ လွှတ်တော်ထဲက လုပ်ရမယ့်လုပ်ငန်းတွေ ပါတယ်။ ဥပဒေနဲ့ ပတ်သက်လာရင် သမ္မတနဲ့ ပတ်သက်တာ နည်းပါတယ်။



သမ္မတက နောက်ဆုံးကျတော်တို့ လွှတ်တော် နှစ်ရပ်က တင်ပြတာကို  (၁၄)ရက်အတွင်း လက်မှတ်ထိုးရင် ထိုး ၊ မထိုးရင် လက်မှတ်ထိုးပြီးပြီလို့ သတ်မှတ်လို့ရပါတယ်။ ဒါကြောင့် ဥပဒေအရ သမ္မကလက်မှတ်မထိုးရင်တောင်မှ ကျော် သွားလို့ရတယ် သဘောရပါတယ်။



ကာကွယ်ရေးဦးစီးချုပ်သည် ဒုတမ္မတအဆင့်ရှိတဲ့အတွက် ဝန်ကြီးဌာနဖြစ်တဲ့ အတွက် ကာကွယ်ရေးဝန်ကြီးထက် ပိုမြင့်ပါတယ်။ ကျွန်တော်တို့ ညွန်ကြားတဲ့အခါ ကာကွယ်ရေးဦးစီးချုပ်ကို တိုက်ရိုက်ညွန်ကြားတာဖြစ်ပါတယ်။ ” ဟု အစိုးရဘက်က ပြန်လည်ဖြေဆိုခဲ့သည်။



ထို့ကြောင့် ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတအားနေပြည်တော်တွင် တွေ့ဆုံရန် ဧပြီ(၉) ရက်နေ့က စာရေးသားပေးပို့ထားသော်လည်း  လက်ရှိအချိန်ထိ အကြောင်းကြားခြင်းမရှိသေးကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးအင်ရှန်ဆန်အောင်က ပြောသည်။

Shwe Myitmakha Media Group









 ဖားကန့် - အင်းတော်ကြီးလမ်း ပိတ်ပင်
အင်းတော်ကြီးအိုင်မှ စက်လှေဆိပ်(ဓါတ်ပုံ-Google Images)
ရန်ကုန်၊ ဧပြီ ၂၇
ကမ္ဘာ့အဖိုးတန် ကျောက်စိမ်းများ ထွက်ရှိရာ ဒေသသို့ အဓိက ဝင်ထွက် သွားလာရေး လမ်းကြောင်း တစ်ခု ဖြစ်သော ဖားကန့် - အင်းတော်ကြီး ကားလမ်းမကြီးကို အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲများကြောင့် ပိတ်ပင်ထားကြောင်း ဧပြီ ၂ရ ရက်နေ့တွင် ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

အစိုးရ တပ်မတော်နှင့် ကေအိုင်အေတို့ အကြား အင်တော်ကြီး ဒေသ တုံပင်ကျေးရွာ အနီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဧပြီ ၂၅ ရက် နံနက် ၁၁ နာရီတွင် ကေအိုင်အေဘက်မှ အထက်ပါလမ်းကို သွားလာခွင့် မပြုတော့ခြင်း ဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။


"မနေ့ည ဝှေ့ခါ အောက်နားမှာ တိုက်ပွဲတွေ ဖြစ်ကြတယ်။ သေနတ်သံတွေ ကြားရတယ်" ဟု ဝှေ့ခါ ကျေးရွာ အုပ်စု မှော်သစ်ကုန်း မှော်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။ဖားကန့် - အင်းတော်ကြီးလမ်းကို ပိတ်ပင်လိုက်ပြီ ဖြစ်သော်လည်း ဖားကန့် မြို့နယ်အတွင်း ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း မရှိပေ။ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖားကန့် ဒေသသို့ ဝင်ထွက် သွားလာသည့် လမ်းကြောင်းများကို ကေအိုင်အေဘက်မှ ပိတ်ပင်လိုက်သည့်အခါ ဆန်တစ်အိတ် ဈေးနှုန်း (၁၆ပြည်) မှာ ရ သောင်းထိပင် မြင့်တက်ခဲ့ဖူးသည်။


"လမ်းပိတ်တာက ခဏပဲ ဖြစ်မယ် ထင်တယ်" ဟု မိုးညှင်းမြို့နယ် ဘီလူးကျေးရွာမှ ဖားကန့်သို့ သွားရန် အတွက် စောင့်နေသူ အမျိုးသား တစ်ဦးက ဆိုသည်။


အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့က ကေအိုင်အေနှင့် ရွှေလီမြို့တွင် ၃ ကြိမ် တွေ့ဆုံပြီးသော်လည်း သဘောတူညီမှု မရရှိသည့်အတွက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေဆဲ ဖြစ်သည်။ကုန်းပိတ်ဒေသ တစ်ခု ဖြစ်နေသော ဖားကန့် မြို့သည် အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ ထိန်းချုပ်နယ်မြေ ဆက်စပ် နေသည့်အတွက် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီ အများစု လုပ်ငန်းခွင်များကို ရပ်နားထားကြကြောင်း ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းရှင်များက တူညီစွာ ပြောဆိုကြသည်။

The Voice Weekly




၂၀၁၂ ခုနှစ် HIV/AIDS လုပ်ငန်း စီမံချက်များ အတွက် အဖွဲ့အစည်း အသီးသီး ပူးပေါင်း ဆွေးနွေး
အခု ၂၀၁၂ ခုနှစ်မှာ HIV/ AIDS လျော့နည်း ပပျောက်ရေး လုပ်ငန်း စီမံချက်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးရဲ့ ပူးပေါင်း ဆွေးနွေးမှု
တစ်ခုကို ဧပြီလ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့ တို့မှာ နှစ်ရက်တာ ကျင်းပလျက် ရှိပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲမှာ ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနဲ့ ပြည်တွင်းရှိ NGO/ INGO အဖွဲ့အစည်းတွေ၊ မီဒီယာ သမားတွေ တက်ရောက်ကာ ၀ိုင်းဝန်း ဆွေးနွေးလျက် ရှိကြတာ ဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ အဖွဲ့အစည်း တစ်ခုစီ အလိုက် ဆောင်ရွက် လျက်ရှိတဲ့ HIV/AIDS လုပ်ငန်း စီမံချက် ဆိုင်ရာ အချက်အလက်တွေ ဆောင်ရွက်ပြီး ဖြစ်တဲ့ လုပ်ငန်းတွေနဲ့ ရှေ့ဆက် လုပ်ဆောင်မယ့် လုပ်ငန်း ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေး ကြတာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်း တစ်ခုစီရဲ့ ရရှိတဲ့ အကျိုး ရလဒ်တွေ၊ လိုအပ်ချက်တွေ အပေါ် မူတည်ပြီး အခု ၂၀၁၂ ခုနှစ်ရဲ့ ဆောင်ရွက်မယ့် လုပ်ငန်း အစီအစဉ်တွေကို ပူးပေါင်း ဆွေးနွေးလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။


အဲ့ဒီမှာ အဖွဲ့အစည်း အသီးသီးရဲ့ လုပ်ငန်း ဆောင်ရွက် လုပ်ကိုင်မှု အလိုက် ပူးပေါင်း ဆောင်ရွက်မှု တွေပြုလုပ်ဖို့နဲ့ HIV/AIDS ရောဂါနဲ့ ပတ်သက်လို့ လိုအပ်ချက် တွေကို ကဏ္ဍအလိုက် ခွဲခြားကာ အစီအစဉ် ရေးဆွဲမှုတွေ ကိုလည်း

ဆောင်ရွက်ခဲ့ ကြတယ်လို့ သိရပါတယ်။
 MRTV-4



ပြည်တွင်းရှိ အကြီးစား စက်မှုလုပ်ငန်း အချို့တွင် ကိုရီးယား နိုင်ငံမှ လာရောက် ရင်းနှီး မြှုပ်နှံသွားရန် ရှိ
ကိုရီးယား စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ Kotra မှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ ကိုရီးယား နိုင်ငံမှ အထည်ချုပ် စက်ရုံများ၊
Electronic ပစ္စည်းများ တပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်း စက်ရုံများ၊ တာယာ စက်ရုံများနဲ့ သတ္တု တူးဖော်ရေး လုပ်ငန်း တွေဟာ မြန်မာနိုင်ငံမှာ လာရောက် စီးပွားရေး အရ ရင်းနှီးမြှုပ်နှံ သွားဖို့ သေချာ သလောက် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက် ရာမှာ အထည်ချုပ် လုပ်ငန်းမှာ စက်ရုံ ၁၀ ရုံခန့်၊ Electronic ပစ္စည်းများ တပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်း များမှာ စက်ရုံ ၃ ရုံခန့်နဲ့ ပြည်တွင်း တာယာ စက်ရုံများမှာပါ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သတ္တုတွင်း တူးဖော်ရေး လုပ်ငန်းမှာ လုပ်ကိုင်ဖို့ အတွက် ကိုလည်း ကိုရီးယား နိုင်ငံမှ Korea Resource Coporation(Kores) မှ တာဝန်ရှိ သူများဟာ သက်ဆိုင်ရာ ၀န်ကြီး ဌာနနဲ့ တွေ့ဆုံမှုများ ပြုလုပ်ပြီး ပြည်တွင်းမှာ ကွင်းဆင်း တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုရီးယား နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တွေဟာ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်နိုင်ဖို့ အတွက် ယခုလ အတွင်းမှာ နေပြည်တော်မှ တာဝန်ရှိသူ များနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်းလည်း သိရပါတယ်။

 MRTV-4



ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တည်ထောင်မှု အတွက် မတည် ရင်းနှီးငွေ
ပုဂ္ဂလိက အာမခံ လုပ်ကိုင်ခွင့် သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ
လုပ်ကိုင်ခွင့် ရရှိသူများဟာ အာမခံ ကုမ္ပဏီ လုပ်ကိုင်ဖို့ အတွက် မတည် ရင်းနှီးငွေ များကို မြန်မာနိုင်ငံ ဗဟိုဘဏ်က သတ်မှတ် ပေးတဲ့ မြန်မာ့ စီးပွားရေး ဘဏ်တစ်ခုခုမှာ ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိတဲ့ ကုမ္ပဏီ တွေဟာ မိမိတို့ လုပ်ကိုင်မယ့် လုပ်ငန်း အလိုက် မတည် ရင်းနှီးငွေ များကို ပေးသွင်း ရမှာ ဖြစ်ပါတယ်။

ဒီလိုပေးသွင်း ရာမှာ အသက် အာမခံ လုပ်ငန်း တစ်မျိုးကိုသာ လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တွေဟာ မြန်မာငွေကျပ် သန်း ၆ ထောင်ပေး သွင်းရမှာ ဖြစ်ပြီး အထွေထွေ အာမခံ လုပ်ငန်း လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေ ကတော့ မြန်မာ ငွေကျပ် သန်းပေါင်း လေးသောင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် အာမခံ လုပ်ငန်းနဲ့၊ အထွေထွေ အာမခံ လုပ်ငန်းကိုပါ လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေ ကတော့ မြန်မာငွေကျပ် သန်းပေါင်း လေးသောင်း ခြောက်ထောင် ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါ မတည် ရင်းနှီးငွေတွေ ကိုတော့ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနက အတည်ပြုချက် ရရှိပြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင် ရုံးမှာ မှတ်ပုံတင် လုပ်ပြီးသား ပုဂ္ဂလိက အာမခံ ကုမ္ပဏီ များကသာ သတ်မှတ် ထားတဲ့ မြန်မာ့ စီးပွားရေး ဘဏ်တစ်ခုခုမှာ စက်တင်ဘာလနဲ့ အောက်တိုဘာလ လောက်မှာ ပေးသွင်း ရမယ့်ငွေများကို တစ်ခါတည်း ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။





ထားဝယ် စီမံကိန်း ဂျပန် ၀င်ရောက်မည်
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (Photo-Google Images)
ရန်ကုန်၊ ဧပြီ ၂၈

ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်း အတွက် ငွေကြေးထောက်ပံ့ရန်ကူညီနိုင်ရန်


ဂျပန်-ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပါဝင်သော သုံးနိုင်ငံ ပူးပေါင်းအဖွဲ့အစည်းတစ်ရပ် ထူထောင်ထားမည်ဖြစ်ကြောင်း အီတလျံ-ထိုင်း ကုမ္ပဏီ ဥက္ကဋ္ဌ ပရီချိုင်း က ပြောကြားသည်။

ထိုင်းနှင့် မြန်မာနိုင်ငံတို့ အဓိက ပူးတွဲ လက်မှတ်ရေးထိုးထားသော ယင်းစီမံကိန်းကို ချေးငွေ ဆက်လက် ထောက်ပံ့ရန် ဂျပန် အစ
ိုးရက သဘောတူထားပြီးဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

"နှစ်ရှည်ချေးငွေအတွက် သဘောတူချက်ကို ဒီနှစ်အကုန် အပြီးသတ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု ယင်းက ဆိုသည်။

ကုမ္ပဏီ အနေနှင့် ယင်း၏ ရေရှည် ဘဏ္ဍာရေး အစီအစဉ်ကို ယခုနှစ်ကုန်တွင် အပြီးသတ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

"ဂျပန် ၀င်လာမယ်ဆိုတော့ ၀မ်းသာနေကြတယ်။ ထိုင်းလုပ်တာထက်စာရင်တော့ သာမယ်။ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဂျပန်တွေလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်"ဟု စီမံကိန်း တည်ဆောက်လျက်ရှိသည့် နဘုလယ်ဒေသမှ အသက် ၄၀ အရွယ် ဒေသခံ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

ထားဝယ်စီမံကိန်း လုပ်ကိုင်ရန် Max Myanmar နှင့် အီတလျံ-ထိုင်း ကုမ္ပဏီတို့ ပါဝင်သော ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီ (DDC) ကို တည်ထောင်ထားသည်။
The Voice Weekly


ဥရောပသမဂ္ဂနိုင်ငံခြားရေးရာအကြီးအကဲနှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ ဥရောပသမဂ္ဂနိုင်ငံခြားရေးရာအကြီးအကဲနှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ ဥရောပသမဂ္ဂနိုင်ငံခြားရေးရာဌာနအကြီးအကဲ Ms.Catherine Ashton နှင့်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ ဧပြီလ ၂၈ ရက် နံနက် ၁၀ နာရီက အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ရုံးမှာတွေ့ဆုံခဲ့သည်။  ယင်းတွေ့ဆုံမှုတွင် အီးယူ နိုင်ငံခြားရေးရာအကြီးအကဲမှာ မိမိအနေဖြင့် မြန်မာနိုင် ငံသို့ လာရောက်ခဲ့ရာတွင် သတင်းအချက်အလက် ၃ခုယူဆောင်လာခဲ့ကြောင်း ၊ ယင်းတို့မှာလက်ရှိဖြစ်ပေါ် လျှက်ရှိသည့် မြန်မာနိုင်ငံ၏နိုင်ငံရေးတိုးတက်မှုများကိုလက်ခံကြောင်း၊ ယင်းနိုင်ငံရေးတိုးတက်မှုများဆက် လက်ပေါ်ပေါက်နိုင်အောင် ဥရောပသမဂ္ဂအနေဖြင့် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အပေါ်ယခုထက်ယုံကြည်မှုရရှိရန် မြန်မာပြည်သူများနှင့် ပူးပေါင်းလက်တွဲ လုပ်ကိုင်သွားမည်ဖြစ်ကြောင်းပြော ကြားခဲ့သည်။   ဥရောပသမဂ္ဂအနေဖြင့်မြန်မာနိုင်ငံသို့ ယူရိုငွေသန်း၁၅၀နှင့်အတူ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များတွင်အ ကူအညီပေးအပ်သွားမည်ဖြစ်ပြီး ၄င်းတို့၏ရုံးခွဲကို အဆိုပါနေ့ နေ့လယ် ၃ နာရီတွင် အင်းယားမြိုင်လမ်း အမှတ် ၄၅ တွင်ဖွင့်လှစ်သွားမည်ဖြစ်ဖြစ်ကြောင်းသိရသည်။ 
 Popular Myanmar News Journal







  မကွေးမြိ့  Green Luck ဓါတ်ဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား၊လူတစ်ဦးသေဆုံး
၂၀၁၂၊မတ်လ(၂၈)ရက်၊ညနေ(၆း၀၅) နာရီတွင် မကွေးမြို့ ASIA WORLD Co.,Ltd ပိုင် Green Luck စက်သုံးဆီအရောင်းဆိုင်တွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ယင်းမီးလောင်မှုတွင် ဦးကျောက်ခဲ(ခ)ဦးမောင်ပု၊၈/မကန(နိုင်)၁၈၅၁၈၈ (ဘ)ဦးဘဆန်း၊ချမ်းမြေ့သာယာရပ်ကွက်(ဂ)အုပ်စု၊၅-လမ်း၊မကွေးမြို့ (သ) ၅၉ နှစ်ရှိ သန့်ရှင်းရေးဝန်ထမ်း ခန္ဓာကိုယ်အားမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

သို့သော် ဆိုင်တာဝန်ရှိသူများသည် မကွေးမြို့ Green Luck ဓါတ်ဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးမီးလောင်မှုကိုဖုံးဖိလိုသဖြင့် ဦးကျောက်ခဲအား ကြိတ်၍ မီးငြိမ်းသတ်ပြီး ည(၉း၃၀)အချိန်ခန့်မှ မည်သည့်ဆေးခန်း၊ပုဂ္ဂလိကဆေးရုံများမှ လက်မခံသဖြင့် မကွေးပြည်သူ့ဆေးရုံကြီးသို့ ဦးကျောက်ခဲဧ။် မူရင်းလိပ်စာကို လိမ်ညာပြီး တပင်ရွာ၊မင်းဘူးဟု လိပ်စာလိမ်လည်ပြီးတင်ပို့ခဲ့ပါတယ်။

သို့သော် မီးလောင်မှုအား မီးလန့်မှုသဘောမျိုးအမှုမဖွင့် ဆေးစာမယူဘဲ ဆေးကုသခဲ့ကြပါတယ်။
 ထိုသို့အကြောင်းအအရာများကို တာဝန်သိလူငယ်များမှ သိရှိf၍ သွားရောက်ကြည့်ရှု့ခဲ့သော်လည်း မလိုအပ်ကြောင်း၊ဘာမှမဖြစ်ကြောင်း အားလုံးသော အာဏာပိုင်အဖွဲ့အစည်းများနှင့် ပြေလည်ပြီးဖြစ်ကြောင်း ဆိုင်တာဝန်ခံများမှ ပြောဆိုငေါက်ငမ်းလွှတ်ခဲ့ကြပါတယ်

၂၀၁၂၊ဧပြီလ (၂၃)ရက်၊ည (၁၁း၄၀)အချိန်ခန့်တွင် ဦးကျောက်ခဲ(သ)၅၉ နှစ်မှာ မီးလောင်မှု ဝေဒနာများဖြင့် မကွေးပြည်သူ့ဆေးရုံကြီးပေါ်တွင် သေဆုံးသွားခဲ့ပါတယ်။၂၃.၄.၂၀၁၂ ညတွင် သေဆုံးသော်လည်း ၂၄.၄.၂၀၁၂နေ့အထိ အမှုဖွင့်အရေးယူထားခြင်းမရှိပါ။(၂၅) ရက် နေ့လည် (၁၁း၃၀) အချိန်မှ မြို့နယ်မှူး၊စခန်းမှူး၊ဒုရဲအုပ် များလာရောက်စစ်ဆေးခဲ့ပါတယ်။

Green Luck စက်သုံးဆီဆိုင် တာဝန်ရှိသူများသည် ဦးကျောက်ခဲဧ။် ဇနီးအား လိမ်ညာချော့မော့ပြီးအမှု မဖွင့်လိုကြောင်း အတင်းအကြပ်လက်မှတ်ရေးထိုးစေခဲ့ပါတယ်။အကြောင်းအရာများတွင် ASIA WORLD ၀န်ထမ်းများသည် အထက်အာဏာပိုင်အဖွဲ့အစည်းများကိုပိုင်လျှင် သာမာန်ဆင်းရဲသား၊ပညာမတတ်သောလူများ၊၀န်းထမ်းများ၊လူပုဂ္ဂိုလ်များဧ။် အသက်တစ်ချောင်းကိုပင်လျှင် တရားဥပဒေကို မထီမဲ့မြင်ပြုကာ ငွေပေးဖုံးကွယ်ပြီးရနိုင်သည်ဟု ယူဆပြီး လုပ်ဆောင်ခဲ့ပါသည်။ 

မကွေးမြို့ရဲတပ်ဖွဲ့များမှလည်း အမှုအား မသိကျိုးကျွံပြုကာ သေဆုံးပြီးမှ အမှုဖွင့်အရေးယူပါသည်။မကွေးပြည်သူဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန်ကြီး ဦးကျော်ကျော်နှင့်တာဝန်ကျဆရာဝန်များသည်လည်း မီးလောင်မှုဖြစ်သော ဦးကျောက်ခဲအား ရဲဆေးစာမပါဘဲ လူသားချင်းရိုင်းပင်းကူညီကာ ကုသပေးခဲ့ပါတယ်။

 သေဆုံးကြောင်းဆေးစာတွင်လည်း ဦးကျောက်ခဲဧ။် အသက်အား (၅၉)နှစ်အစား (၇၅)နှစ်ဟု မှားယွင်းရေးသားထားကြပါတယ်။ယခုကဲ့သို ကိစ္စရပ်များ နောက်နောင်မဖြစ်ပေါ်စေ ရန် နိုင်ငံတော်အကြီးအကဲများ၊သက်ဆိုင်ရာဌာနမှတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အများပြည်သူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။
Myanmar News Now