Tuesday, April 24, 2012

အနုပညာကမ္ဘာမှာ



ဆို၊က၊ရေး၊တီးစုစည်းတင်ပြတာ
အနုပညာပါ အနုပညာမှာ
ဘယ်ဟာ ဘယ်ရုပ်
ဘယ်သဏ္ဌာန်လုပ်လုပ်
ဘယ်သရုပ်ဆောင်ဆောင်
ဘောင်ဝင်အောင် ဆောင်တဲ့ရုပ်
လုပ်တဲ့သဏ္ဌာန်နဲ့
အန်ဝင်ဂွင်ကျ ရသမြောက်အောင်
သရုပ်ဆောင်ပေးရ
ကိုက်ညီရအောင်ရေးပေးရပါတယ်။

လူဆိုးသဏ္ဌာန်ရုပ် ပေါ်လွင်အောင်
သရုပ်ဆောင်ရဲ့အမူရာ
လူဆိုးနဲ့တူစွာ ကြမ်းတမ်းပေး
ရက်စက်ပေးရပါတယ်။

ရေးပေးတဲ့စာမှာလည်း
ညင်သာပျော့ပျောင်းပေးလို့မရ
စရိုက်နဲ့ကိုက်ညီလှအောင်
ဒေါသရသနဲ့ရေးပေးရပြန်တယ်။

ဒေါ်သလွှမ်း စာတွေကြမ်းလေ
လူကြမ်းလူဆိုးတွေရဲ့စာရိတ္တနဲ့ကိုက်ညီလေမို့
စာပေရသ မြောက်လေလေဖြစ်၏။

စာပေသဘော နားမလည်သောသူအဖို့
ဒေါကိုလျှော့ စာတွေကိုပျော့အောင်
စွမ်းဆောင်ပါလို့ အမြင်ဝေး
အထင်သေးပြီး ဝေဖန်ရေးပင်လုပ်လာတယ်။

အာဏာရှင်ရဲ့ ရက်စက်ဟန် ရုပ်သဏ္ဌာန်ကို
အမှန်တိုင်းတင်ပြ ရေးပြတာကို
ဘ၀င်မကျသူများ အသိပွားအောင်
ဤကဗျာကိုရေးသားလိုက်ရပါကြောင်း။

တက္ကသိုလ်ဘုန်းကြွယ(ဧပြီ ၂၃ ၂၀၁၂)

No comments: