Thursday, April 26, 2012

NLD က ကျမ်းသစ္စာ ကျိန်ဆိုရမဲ့ စားသားပြင်ဆင်ရန် တောင်းဆိုမှုကို အလေးထားစဉ်စားပေးသင့်




 
NLD က ကျမ်းသစ္စာ ကျိန်ဆိုရမဲ့ စားသားပြင်ဆင်မှု တောင်းဆိုတာဟာ ပြည်သူများ၏ အကျိုးစီးပွားကို
ရှေ့ ရှုမျှော်ကိုးပြီး ဒီမိုကရေစီနည်းကျကျ တောင်းဆိုနေခြင်းဖြစ်ပါတယ်။ ကျနော်ကတော့ ဒေါ်အောင်
ဆန်းစုကြည်အပါအ၀င် NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ သဘောထားပြည့်ဝပြီး ငြိမ်းချမ်းစွာဖြင့်
မြန်မာနိုင်ငံရဲ့  လွှတ်တော်သမိုင်းကို ဂုဏ်သိက္ခာရှိရှိဖြစ်နိုင်ဖို့  ပြင်ဆင်ပေးဖို့ တောင်းဆိုနေတာလို့ 
ထင်မြင်မိပါတယ်။

ဒီကိစ္စဟာ ပေါ့ပေါ့သေးသေးလေးလို့ မထင်ပါနဲ့  သမ္မတကြီးနှင့် ရွေးကောက်ပွဲကော်မတီက NLD 
ရွေးကောက်ပွဲဝင်နိုင်ဖို့  " လေးစားလိုက်နာပါမည် " ဆိုတဲ့ စာသားနဲ့ ပြင်ဆင်ပေးခဲ့ပြီးပါပြီ။ လွှတ်တော်
 ကျမ်းသစ္စာ ကျိန်ဆိုရမဲ့ အခြေခံဥပဒေ ဇယား ၄ ပါ စာသားသာ မပြင်ဆင်ရသေးတာပါ။ဒါဟာ ဥပဒေ
ပိုင်းဆိုင်ရာ အားနည်းချက်ပါ အမြန်ဆုံးပြန်လည်ပြင်ဆင်ဖို့  လိုအပ်ပါတယ်။

 အာဏာပိုင်အစိုးရက NLD အား ရွေးကောက်ပွဲဝင်ရန် ပြောဆိုခဲ့မှုကို NLD မှ တောင်းဆိုချက်များဖြင့်
တောင်းဆိုခဲ့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေကို " ကာကွယ်စောင့်ရှောက်ပါမည် " ဆိုတဲ့စာသားကို ပြင်ဆင်
ပေးဖို့ ပါဝင်ခဲ့ပြီး ရွေးကောက်ပွဲကော်မတီက ပြင်ဆင်ပေးခဲ့ပြီးဖြစ်ပါသည်။ " ထိမ်းသိမ်း ကာကွယ်စောင့် ရှာက်ပါမည် "ဟုဆိုခြင်းသည် ပြင်းထန်သောအမိန့် နှင့်တူပြီး အခြေခံဥပဒေအပေါ် အာဏာသက်ရောက်
လျှက်ရှိကာ တပ်တွင်းဥပဒေကဲ့သို့  မဖြစ်မနေ အသက်ပေး၍ကာကွယ်စောင့်ရှောက်ရမည့်သဘော
သက်ရောက်နေသည်ကို တွေ့ ရပါသည်။ ဥပဒေ အထက်တွင် မည်သူမျှမရှိစေရပါ။

အခြေခံဥပဒေဟု ဆိုရာဝယ် အများပြည်သူ၏ အကျိုးစီးပွားနှင့် အသက်အိုးအိမ်စည်းစိမ်ကို ဥပဒေနှင့်
အညီ ထိမ်းသိမ်းစောင့်ရှောက်ရမည်ဟု အဓိပ္ပါယ်သက်ရောက်သောကြောင့် ဒီမိုကရေစီ၏ မှုနှင့်လည်း
ကိုက်ညီပါသည်။NLD ၏ မျှော်မှန်းချက်ဖြစ်သော ၂၀၀၈ အခြေခံဥပဒေတွင် ဒီမိုကရေစီစံနှုန်းနှင့်မကိုက်
ညီသော အချက်များကို ပြန်လည်ပြင်ဆင်ရန် ပြည်သူများအား ဂတိပြုထားသောကြောင့် သမ္မတ ဦးသိန်း
စိန် ဂျပန်နိုင်ငံ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပါတ်သက်ပြီး သာမှန်စဉ်းစားချက်အရ (ပြည်သူများ၏အကျိုးစီးပွား တိုးတက်မှုအတွက်ဆိုလျှင် ပြင်ဆင်ရန်အလား
အလာရှိပါသည်)ဟု ပြောဆိုခဲ့သောကြောင့် ပြင်ဆင်ပေးဖို့ တာဝန်သည် အစိုးရတွင်ရှိပြီး ပြည်သူ့ 
အကျိုးအတွက် အခြေခံဥပဒေကို ပြင်ဆင်မလား မပြင်ဆင်ဘူးလားဆိုတာ အပြောနှင့်အလုပ် လက်တွေ့  ကျလား မကျလားဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်ကြရတော့မည့် အချိန်ဖြစ်ပါသည်။

NLD သည် တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွားကို ရှေ့ ရှု၍ အခက်အခဲအမျိုးမျိုးကို နှစ်ပေါင်း ၂၀ ကျော် ရင်ဆိုင်ကာ ပြည်သူဘက်မှ မားမားမတ်မတ်ရပ်တည်၍ ရွေးကောက်ပွဲဝင်ဖို့ အခြေအနေများပေးခဲ့
သောကြောင့် အများဆန္ဒနှင့်အညီ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူများ၏ ထောက်ခံအားပေးမှု
ကြောင့် ပထမ ခြေလှမ်းကို အောင်မြင်စွာလှမ်းနိုင်ခဲ့ပေပြီ။ ယခုအရေးသည် ပြည်သူသို့ ကတိပေး ထားသော အခြေခံဥပဒေပြင်ဆင်ရေး၏ ပထမ ခြေလှမ်းတရပ်ဖြစ်ပြီး ဒီမိုကရေစီမူအရ အောင်မြင်
နိုင်မည်ဟုယူဆမိပါသည်။

အခြေခံဥပဒေမူအရ အများဆန္ဒခံယူမည်ဆိုလျှင်လည်း ပြည်သူများ၏ သဘောထားအမှန်ကို သိရှိ
နိုင်မည်ဖြစ်သည်။ဒီမိုကရေစီအစိုးရဆိုလျှင် ပြည်သူ့ ဆန္ဒကို လေးစားလိုက်နာရမည်ဖြစ်သည်။

Posted by mya thein

No comments: