Saturday, April 28, 2012

ဦးအောင်သောင်း ငြိမ်းချမ်းရေးပါမစ်ဖြင့် နယ်စပ်မှ ကားများဝင်ရောက်


by Yangon Chronicle on Friday, April 27, 2012 at 5:49am ·

ထိုင်းမြန်မာနယ်စပ် မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင်

့ မိသားစုစီးနိုင်သည့်

ဂျပန်တစ်ပတ်ရစ် ကားများကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၏


ပါမစ်ဖြင့် ဝင်ရောက်နေကြောင်း ရန်ကုန် ကားဝယ်ရောင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။


သိန်းခြောက်သောင်းဖိုးအထိ တင်သွင်းခွင့်ရထားကြောင်း ယခုကားတင်သွင်းခွင့်သည် ယခင်


DKBA ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်း အဖွဲ့များ တင်သွင်းသော ကားများမဟုတ်ဘဲ ဦးအောင်သောင်း


နှင့်နီးစပ်သူ ငြိမ်းချမ်းရေး အကျိုးဆောင်များက တင်သွင်းသောကားများဟု သိရကြောင်း ကားဝယ်ရောင်း


တစ်ဦးက ဆိုသည်။


ထိုင်းနိုင်ငံကို ဖြတ်ကျော်ကာ ကားမှောင်ခိုများ တင်သွင်းသည့်လမ်းကြောင်း မဲဆောက်မြဝတီနယ်


စပ်တွင် စီးပွား ဖြစ်ခဲ့သူများ ရှိကြောင်း၊ နောက်ပိုင်း ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေး စီမံချက်အရ ဂျပန်


ကားများကို ဆိပ်ကမ်းမှ တင် သွင်းချိန်တွင် မဲဆောက်ကားတင်သွင်မှု ပပျောက်သွားကြောင်း မြဝတီမြို့


ကုန်သည်တစ်ဦးက ပြောကြားသည်။


ယခုတင်သွင်းသည့်ကားများမှာ ထိုင်းဘတ်ငွေငါးသောင်းခန့်တန်ြေ
ကးရှိ ကားများဖြစ်ပြီး မြန်မာ

ကျပ်ငွေနှင့် သိန်း ဆယ်ဂဏန်းသာရှိကြောင်း မိသားစုအိမ်သုံး အင်ဂျင်ပါဝါနည်း တူးစီ(2c) ကားများဖြစ်ပြီး


ဖားအံမြို့ပေါ်တွင် စီးကြကြောင်း တရက်ကို ကားအစီးတစ်ရာကျော် မြန်နိင်ငံသို့ ဝင်နေကြောင်း ၎င်းက


ဆက်လက်ရှင်းပြသည်။


MP

No comments: