Wednesday, April 25, 2012
၎/ ၂၅/ ၂၀၁၂ သတင်းများ
လူကုန်ကူးမှုရဲ့တရားခံ ဘယ်သူလဲ 
၂၃.၄.၂၀၁၂ နေ့ နံနက်ပိုင်း ၁၀:၃၀ ခန့်တွင် မွန်ပြည်နယ် ရေးမြို့
တံတားကြီးဂိတ်တွင် ယိုးဒယားနယ်စပ်ဘက်သို့ တရားမ၀င်လုပ်သားများ
တင်ပို့နေသော ကားတစီးအား စစ်တပ်မှ အခွန်တောင်းခံနေစဉ်။
 CJMyanmar 
 ကသာမြို့နယ်ရှိ စစ်မှုထမ်းဟောင်းနေအိမ်များ ဒေသအာဏာပိုင်မှ ဖယ်ရှားခိုင်းနေ၍ အခက်အခဲများ တွေ့ကြုံနေရ (ကသာ၊ ၂၂.၄.၂၀၁၂)
မြန်မာနိုင်ငံတွင် ၀န်ကြီးဌာနပေါင်းစုံမှဝန်ထမ်းများစွာရှိကြလေရာ တပ်မတော်သားများသည်လည်း နိုင်ငံတော် (Service)၀န်ထမ်းများပင်
ဖြစ်ကြလေသည်။ ယခင်က တပ်မတော်အကြီးအကဲများသည် တပ်မတော်သားများကို မိမိတို့ အာဏာတည်မြဲရေးအတွက် ဦးစားပေး အသုံးချခဲ့လေရာ တပ်မတော်သားများသည် ပြည်သူ၏ မုန်းတီးခြင်းကို ခံခဲ့ရလေသည်။ တပ်မတော်တစ်ခုလုံး ကြားထဲမှ နာမည်ပျက်ခဲ့ရလေသည်။ မည်သို့ပင်ဖြစ်စေ တပ်မတော်သားများသည်လည်း နိုင်ငံ၏
ဝန်ထမ်းများပင်ဖြစ်ကြလေသည်။
ယခုအခါ ကသာမြို့နယ်၌ ၂၀၀၉ ခုနှစ်က တရားဝင်စစ်မှုထမ်းဟောင်းများအတွက်ပေးထားသော မြေနေရာများကို
ပြန်လည်သိမ်းယူနေရာ စစ်မှုထမ်းဟောင်းများ အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရပါသည်။
“ကျွန်တော်တို့ဟာ တပ်မတော်အငြိမ်းစားတွေပါ။ တပ်မတော်မှာ အနှစ်(၄၀)လောက်လုပ်ပြီး ပင်စင်ယူတော့ နေရာကမရှိဘူးပေါ့။ ဟိုကပ်နေ ဒီကပ်နေ နေခဲ့ရာကနေ ၂၀၀၉ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးဥက္ကဌ ဗိုလ်ချုပ်မြင့်စိုး ကသာ လာတော့
စစ်မှုထမ်းဟောင်းတွေနေစရာမရှိတာကိုသိပြီး ကသာမြို့နယ်အပိုင် လမ်းခွကျေးရွာမှာ ရှိတဲ့ မြေလွတ်မြေရိုင်းကိုရှင်းခိုင်းပြီး မြေကွက်တွေချပေးဖို့ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ကို ညွှန်ကြားပါတယ်။ အဲဒါနဲ့ အဲဒီခေတ်က ခယက အဖွဲ့နဲ့ညှိနှိုင်းပြီး မြေနေရာ
ဖော်ထုတ်ပြီး စစ်မှုထမ်းဟောင်းတွေကို မြေတစ်ကွက် ၄ သိန်းနှုန်းနဲ့ပေးပါတယ်။ အချို့ ငွေကြေးမတတ်နိုင်တဲ့ စစ်မှုထမ်းဟောင်းတွေ
တိုက်ပွဲကျရဲဘော်တွေကိုလည်း အခမဲ့ပေးပါတယ်။
၂၀၁၀ ခုနှစ်၊ မေလ ၅ ရက်နေ့ အထူးစစ်ဆင်ရေးအဖွဲ့မှူး ဗိုလ်ချုပ်ကြီးသာအေး (ယခုစစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်)ကသာလာတော့ ဒါတွေကို သိပြီး တန်ဘိုးနည်းအိမ်ယာဆောက်ဖို့ ငွေသိန်း(၅၀)လှူဒါန်းပေးခဲ့ပြီး ဖွံ့ဖြိုးဝေစည်အောင် ဆိုင်ခန်းတွေဘာတွေဆောက်လုပ်ဖို့ လမ်းညွှန်ခဲ့ပါတယ်။
အဲဒီလိုနဲ့ ကသာကို ခရိုင်အုပ်ချုပ်ရေးမှူးအသစ်ပြောင်းလာပါတယ်။ သူနဲ့ စစ်မှုထမ်းဟောင်းဥက္ကဌ မတည့်ကြတော့ စစ်မှုထမ်းဟောင်းဥက္ကဌအသစ်ကို ပြောင်းပြီး အရင် စစ်မှုထမ်းဟောင်းဥက္ကဌ(အဟောင်း)လုပ်ထားတာတွေဟာ လန(၃၉) မကျဘဲနဲ့လုပ်ထားတာ ဖြစ်လို့ တရားမ၀င်ဘူးဆိုပြီး နေအိမ်တွေ၊ ဆိုင်ခန်းတွေကိုဖျက်ခိုင်း နေပါတယ်။ အဲဒီမှာနေထိုင်ကြတဲ့ ဈေးရောင်းနေကြတဲ့ စစ်မှုထမ်းဟောင်းတွေ ဒုက္ခရောက်ကုန်ကြရပါတယ်။ တစ်ခုရှိတာက စစ်မှုထမ်းဟောင်းကိုပေးထားတဲ့ နေရာနဲ့ ကပ်လျက်ရှိတဲ့ တရုတ်လူမျိုးပိုင် ကားပစ္စည်းအရောင်းဆိုင် တိုက်ခန်းအကြီးကြီးကိုတော့ မဖယ်ခိုင်းတာပါပဲ။ အဲဒါကိုမေးကြည့်တော့ သူ့တိုက်ခန်းက နိုင်ငံတော်ကို လှူပြီးသားဖြစ်တဲ့အပြင် လခပေးရောင်းတာလို့ဆိုပါတယ်၊ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စစ်မှုထမ်းဟောင်းတွေနေစရာမရှိတော့မှာစိုးလို့ လက်ရှိစစ်မှုထမ်းဟောင်း အဖွဲ့အသစ်ကိုသွားပြောတော့လည်း သူတို့ကလည်း ဖယ်ပေးလိုက်လို့ပြောပါတယ်။ စာလည်းထုတ်ပေးပါတယ်။ ဖြစ်နေတာက သူတို့ချင်း နေရာတွေလုကြတာနဲ့ ကျွန်တော်တို့ ဘာမှ မသိတဲ့စစ်မှုထမ်းဟောင်းတွေ ခွေးနေရာမရသလိုဖြစ်နေရတာကတော့ မဖြစ်သင့်ပါဘူး”
ဟု စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသွားခဲ့ပါသည်။
မြစ်ဧရာ (CJMyanmar)
မုံရွာကြေးနီသတ္တုတွင်းစီမံကိန်း မုံရွာမြို့ အနောက်ဘက်ချင်းတွင်းမြစ်တဘက်ကမ်းရှိမြန်မာ.စီးပွားရေးဦးပိုင်လိမိ
တက်နှင့် တရုတ်နိုင်ငံမှ ယန်စီမြန်မာကော့ ပါးလီမိတက်တို့  အကျိုးတူပူးပေါင်း
 ဆောင်ရွက်နေသော စပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီသတ္တုတွင်းစီမံ
ကိန်းသည် ယခင် မ.ဆ.လ အစိုးရလက်ထက် ကပင် ယူဂိုစလာဗီးယား နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များဖြင့် တူးဖော်နေသောကြေးနီသတ္တုတွင်းကြီးပင်ဖြစ်သည်။
န.အ.ဖ အစိုးရလက်ထက်တွင်လည်း နာမည်ကျော်သတ္တုတွင်းကုမ္ပဏီကြီးတစ်
ခုဖြစ်သော Ivanhoe Mines Company နှင့် သတ္တုတွင်းဝန်ကြီးဌာနာ အကျိုးတူပူးပေါင်းလုပ်ကိုင်ခဲ့ သော ကြေးနီအမြောက်အများထွက်သည့် 
သတ္တုတွင်းကြီးတခုဖြစ်ပါသည်။ 
"ကျတော်တို့ ဒီဒေသခံတွေကခေတ်အဆက်ဆက်ဒီသတ္တုတွင်းမှာအလုပ်လုပ်လာ
လုပ်တဲ့ နိုင်ငံခြားသားပေါင်းစုံနဲ့ ဆက်ဆံဖူးကြတာမှာဘာပြဿနာမှ ကြီးကြီးမားမားမကြားဖူးပါဘူး၊အရင်တုန်းကလူတွေကအလုပ်လုပ်တာပိုပီးစနစ်
ကျတယ်ထင်တာပဲ၊ဒေသခံတွေမထိခိုက်မနစ်နာအောင်လည်းတတ်နိုင်
သလောက် ထိန်းပီးလုပ်ကြတယ် ။အခုနောက်ဆုံးလုပ်နေတဲ့ နိုင်ငံခြားသားတွေ နဲ့ ကတော့ နည်းနည်းပြဿနာရှိလာတယ်။သူတို့ ကဒေသခံတွေနဲ့ 
ဆက်ဆံရေးသိပ်မပြေပြစ်ဘူး အလုပ်လုပ်တဲ့ နေရာမှာလည်းဒေသခံတွေ 
နဲ့ ညှိနှိုင်းပီးမလုပ်ပဲ သူတို့ လုပ်ချင်ရာလုပ်နေသလိုပဲ"ဟုအဆိုပါစီမံကိန်း
အနီးနေသောရွာသားတယောက်က CJMyanmar ကိုပြောပြပါသည်။
CJMyanmar
စီမံကိန်းအ၀င်ဂိတ်ဝ
လုပ်ငန်းဆောင်ရွက်နေသောယာဉ်ယန္တရားကြီးများ
မိုင်းစွန့် ပစ်မြေစာများထဲမှ ဒေသခံတချို့ ရဲ့ ဒုတ္တာရှာတဲ့ လုပ်ငန်းခွင်
(စွန့် ပစ်ဓါတုပစ္စည်းတွေကြောင့် အလွန်အန္တရာယ်များတယ်လို့ သိရပါတယ်)
ဒေသခံတို့ ရဲ့ အန္တရာယ်များသောလုပ်ငန်းခွင်တနေရာ
စွန့် ပစ်မြေစာများနဲ့ အပိုင်းလိုက်ပေါင်မုန့် လှီးသလိုအလှီးခံထားရတဲ့ တောင်ကြောကြီး
မိုင်းထဲမှမြေသယ်ယာဉ်ကြီး
Photo - CJMyanmar
စစ်တမ်းတစ်ခုအရ တောင်သူလယ်သမား ၄၆ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးနေ 
Photo (Google Images)
အောင်သူရ
ရန်ကုန်၊ ဧပြီ - ၂၂
မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသ
င်းက ဦးစီး၍ ဆန်စပါး အဓိက စိုက်ပျိုးသော ၄၆ မြို့နယ် ကျေး ရွာ ၉၂ရွာမှ တောင်သူ ၃၄၇၉ ဦးကို ကျပန်းစနစ်ဖြင့် မေးမြန်းစစ်တမ်း ကောက်ယူရာတွင် ၄၆ ရာခိုင်နှုန်းမှာ ဆင်းရဲနွမ်းပါးနေခြင်းအခြေ အနေ၌ခံစားနေရကြောင်း တွေ့ရှိရသည်ဟုသတင်းရရှိသည်။
ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ စစ်ကိုင်းတိုင်းဒေသကြီးတို
့နှင့် ရခိုင် ပြည်နယ်မှ မြို့နယ် ၄၆ မြို့နယ်အား ရွေးချယ်ပြီး ထိုမြို့နယ်များမှ တစ်မြို့နယ်လျှင် ကျေးရွာနှစ်ရွာအား မဲစနစ်ဖြင့် ရွေးချယ်ပြီး ထိုကျေးရွာများမှ တစ်ရွာလျှင် တောင်သူ ၄၀ဦးအား ထပ်မံမဲနှိုက်ရွေးချယ်ကာ မြန်မာနိုင်ငံ ဆန်စပါးလုပ် ငန်းအသင်းက ၂၀၁၂ နှစ်ဆန်းပိုင်း
တွင် စစ်တမ်းကောက်ယူခဲ့သည်။
“လူတစ်ဦးရဲ့ အစားအစာ (Food) ၊ ပညာရေးနဲ့ ကျန်းမာရေး တစ်လအသုံးစရိတ်က သုံးသောင်းကျပ်အောက်ရောက်နေရင် ဆင်းရဲမွဲတေမှုကို ခံစားနေရတယ် လို့ ၂၀၁၀ ( IHLC )ရဲ့ အစီရင်ခံစာ ကိုအခြေခံပြီးပြောတာပါ”ဟု သုတေသနလုပ်ငန်းတွင်ပါဝင်ခဲ့သူဒေါ်ဖြူစင်အောင်ကပြောသည်။ ကောက်ယူသောစစ်တမ်း အရတောင်သူမိသားစု တစ်စု၏ ပျမ်းမျှတစ်လအသုံးစရိတ်မှာ ကျပ်တစ်သိန်းတစ်သောင်းကျော်ရှိပြီး ဆန်နှင့် အခြားအစားအစာ အသုံးစရိတ်မှာ ကျပ်ရှစ်သောင်း (၅၄ ရာခိုင်နှုန်းခန့်) ရှိကာ ပညာရေးအတွက်မှာ ဒုတိယအများဆုံးဖြစ်ပြီး ၂၀ ရာခိုင်နှုန်းခန့် ရှိသည်။
အဆိုပါစစ်တမ်း၏ တွေ့ရှိချက်အရ တောင်သူအများစုမှာ အိမ်ထောင်စုတစ်စုလျှင် မိသားစု ၀င်ငါးဦးမှ ရှစ်ဦးကြား နေထိုင်ကြ သည်ကိုတွေ့ရှိရကြောင်းလည်းဖော်ပြထား သည်။ သို့သော် အစိုးရက တရား ၀င်ထုတ်ပြန်သောစာရင်းအရ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၆ ရာခိုင်နှုန်းသာရှိသည်။ “အဲဒီ့ စာရင်းက ကျေးလက်နဲ့ မြို့ပြနှစ်ခုစလုံးကို အခြေံခံပြီးတွက်ထားတာ။ ၂၆ ရာခိုင်နှုန်းဆိုတာ ကျွန်တော်တို့က ကျေးလက်ပဲကောက်ထားတာ။ နောက်ပြီး UN အဖွဲ့တွေ ကောက်ထားတာက ၂၀၁၀ ခုနှစ်က၊ ကျွန်တော်တို့ က ၂၀၁၂ နှစ်ဆန်းပိုင်းမတူဘူး”ဟု မြန်မာနိုင်ငံဆန်စပါး သုတေသန တာဝန်ခံ ဒေါက်တာစိုးထွန်းက ပြောသည်။
တောင်သူများမှာလည်း ၂၀၁၁ပဲရိတ်သိမ်းချိန်မှစ၍ ၂၀၁၂ မိုးစပါးရာသီထိ စိုက်ပျိုးသောသီး နှံများ ရာသီဥတုဒဏ်ခံခဲ့ရပြီး ယခုနှစ် မိုးစပါးပေါ်ချိန် စပါးနှင့် ပဲဈေး များစွာနိမ့်ကျနေပြီး တောင်သူများ အရှုံးပေါ်နေကြသည်။ အများစုမှာ အစိုးရဘဏ်ကြွေးပင် ပြန်ဆပ်နိုင်ခြင်းမရှိဘဲ ယခုနှစ်သင်္ကြန်ပြီးနောက်ပိုင်းတွင်လယ်ယာမြေကို စွန့်ခွာ၍ ထိုင်းနိုင်ငံသို့ သွားရောက်သူဦးရေ ပြန်လည်မြင့်တက်လာကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်းသည် ကျေးလက်နေတောင်သူများ ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး အခြေအနေနှင့်အကျိုးတူ ပူးပေါင်းလယ်ယာလုပ်ငန်းဆောင် ရွက်မှုရလဒ်အား လေ့လာသိရှိရန် ယခု စစ်တမ်းအား ၂၀၁၁ ဒီဇင်ဘာလကုန်ပိုင်းမှ ၂၀၁၂ ဇန်န၀ါရီလ ဆန်းပိုင်းအထိ ကောက်ခံခဲ့သည်။
 7Day News Journal
 အီတလီနိုင်ငံခြားရေးဝန်ကြီး ယနေ့ နံနက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံမည် 
အီတလီနိုင်ငံခြားရေးဝန်ကြီး ပြည်သူ့လွှတ်တော်ဥက္ကဌဦးသူရရွှေမန်းအား လာရောက်တွေ့ဆုံစဉ် (ဓါတ်ပုံ- Messenger News Journal)
အီတလီနိုင်ငံခြားရေးဝန်ကြီး ပြည်သူ့လွှတ်တော်ဥက္ကဌဦးသူရရွှေမန်းအား လာရောက်တွေ့ဆုံပြီး လွှတ်တော်ကိစ္စရပ်များ နှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။အီတလီနိုင်ငံခြားရေးဝန်ကြီးသည် ယနေ့ညလေယဉ်ဖြင့် ရန်ကုန်သို့လာရောက်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ၂၆ရက်နေ့ နံနက်ပိုင်းတွင်တွေ့ဆုံရန်ရှိကြောင်းသတင်းရရှိသည်။
ဒါအပြင် အီတလီနိုင်ငံခြားရေးဝန်ကြီးသည်  ပြည်ထောင်စုဝန်ကြီးဦကျော်ဆန်း နှင့်  မြန်မာနိုင်ငံရှိ အမျိုးသားအမွေအနှစ်နေရာများကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရန်အတွက် ယနေ့ ညနေတွင်နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးရုံး ဧည့်ခန်းမဆောင်တွင်တွေ့ဆုံဆွေးနွေး ခဲ့သည်။ 
မြန်မာနိုင်ငံ၏ အမွေအနှစ်များ ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်စေရန် အီတလီနိုင်ငံအနေဖြင့်အကူအညီများပေးအပ်ရန်သဘောတူညီမှုရရှိထားပြီး ဖြစ်ကြောင်း  Messenger News Journal သတင်းအရသိရသည်။ 
အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း တွေ့ ဆုံဆွေးနွေးနေစဉ် (ဓါတ်ပုံ-Messenger News Journal)
သုံးခွ ရေရှားမှု ပြဿနာ ကြာရှည်ဖွယ်ရှိ
သုံးခွမြို့ နယ်ကျေးရွာတရွာမှာ တွင်ရေ ကို ခပ်ယူနေစဉ် (ဓါတ်ပုံ-MNN)
ဧပြီ ၂၅၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)
မုတ္တမ ပင်လယ် ကမ်းစပ်အနီး ရှိ သုံးခွမြို့နယ် ကျေးရွာများ၏ သောက်ရေကန်များ ခမ်းခြောက်မှုကြောင့် ကြုံတွေ့နေရသည့် ရေရှားမှု ပြဿနာမှာ ရက်သီတင်းပတ်အနည်းငယ် ဆက်လက် ကြာရှည်ဖွယ်ရှိသည်ဟု သွားရောက်လှူဒါန်းသူ များနှင့် မိုးလေ၀သပညာ ရှင် များကဆိုသည်။
ဧပြီလဆန်းပိုင်းမှ စ၍ ကြုံတွေ့ခဲ့ရသည့် သုံးခွသောက်သုံးရေပြဿနာ၏ အဓိကအကြောင်းရင်းမှာ သောက်ရေက
န်များ ပုံမှန်ထက်စောလျင်စွာ ခမ်းခြောက် သွားခဲ့သည့် အတွက်ကြောင့်ဖြစ်၍ ယင်းရေကန်များ ပြန်လည်ပြည့်ရန် ရာသီဥတုအခြေအနေအရ တလ၀န်းကျင် ကြာမြင့်ဦးမည်ဖြစ်ကြောင်း သောက်ရေများသွားရောက်လှူဒါန်း နေသည့်သုံးခွမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD )မှ အောင်နိုင်ရေးကော်မတီအဖွဲ့ဝင်ဦးမျိုးတင့် ကပြောသည်။
“ပြီးခဲ့တဲ့နှစ်ကဆို မေလကျော်ကျော် မိုးရွာခါနီးလောက်မှရေကန်တွေ ရေခမ်းပြီး သောက်ရေရှားတာလေ ၊ဒီနှစ်က အခုကစပြီး ရှားနေပြီးဆိုတော့ ရေပြသာနာကတော့ အနည်းဆုံးရက် ၂၀ ၀န်းကျင်လောက်တော့ ဆက်ရှိနေဦးမှာပဲ”ဟု ၎င်းကဆိုသည်။
မိုးလေ၀သနှင့်ဇလ ဗေဒ ညွှန်းကြားမှဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ကျော်၏ ပြောကြားချက်အရဆိုလျှင် မြစ်ဝကျွန်းပေါ် ဒေသများဖြစ်သည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် လာမည့်မေလ ၂၂ ရက်မှသာ မုတ်သုန် စတင်ဝင်ရောက်မည် ဖြစ်သည့်အတွက် ရေပြဿနာမှာ ဆက်လက် ရှိနေဦးမည် သဘောရှိသည်ဟုဆိုသည်။
သို့သော်မုတ်သုန်မကျခင်ကြားကာလများတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ပြန်ကျမိုးများ ရွာသွန်းနိုင်သည်ဟု ၎င်းကခန့်မှန်းပြော ကြားသည်။
ယခုကဲ့သို့ ဒေသအချို့ လျင်မြန်စွာ ရေရှားပါးလာခြင်းနှင့်ပတ်သက်၍
“ဒီနှစ်က အပူချိန်လွန်ကဲလို့ ရေရှားတာမဟုတ်ပါဘူး၊ဒီနှစ်ရန်ကန်ုအပူချိန်တွေက မနှစ်ကအပူချိန်ကိုမမှီသေးပါ ဘူး အဓိကကတော့ အခုနောက်ပိုင်း ရေသုံးစွဲတဲ့ လူဦးရေရော၊ လုပ်ငန်းတွေရော ပိုများလာလို့ပါ ၊ နောက်ဆို ရေပြဿနာက ဒီထက်ပိုကြုံလာရမှာပါ”ဟု ဦးချစ်ကျော်ကပြောသည်။
ထို့ကြောင့် သောက်သုံးရေနှင့်ပတ်သတ် ၍ ယခုအချိန်မှစပြီး ကြိုတင်ပြင်ဆင်သင့်သည်များကို ပြင်ဆင်ထား သင့်ကြောင်း ၎င်းကဆက်ပြောသည်။
သုံးခွတွင် လက်ရှိသောက်သုံးရေး ပြဿနာကြုံတွေ့ နေရသော ရွာကြီးများမှာ အောင်ပန်း၊ ဓမ္မဓိက၊ အောင်သာတန်း၊ ထွန်းစိန်တင်၊ ခေမဇလာ၊ သာသာမြိုင်၊ မြိုင်ကြီးကျော်၊ ဘိသိတ်၊ မဟာမိတ်၊သြဘာ ညွှန့်၊ မင်းရွာအသင်း အစရှိသည့် ရွာမကြီးများဖြစ်ပြီး အဆိုပါရွာမကြီးမှာ ဖျာထွက်သွားသည့် ရွာငယ်လေး များလည်း သောက်ရေရှားပါးမှုပြသာနာများကြုံနေရသည်ဟု ဦးမျိုးတင့်ကဆိုသည်။
ယင်းကျေးရွာများ၏ လူဦးရေမှာ ရွာကြီးဆိုပါက လူဦးရေ အများဆုံး ၃ ထောင်ဝန်းကျင်ရှိသည်ဟု သိရှိရသည်။
“သောက်ရေလိုအပ်နေတဲ့အနေအထားနဲ့ သွားလှူနေတဲ့အနေအထားက ဆင့်ပါးစပ်နှမ်းပက် သလိုဖြစ်နေတယ် ။ဒီထက်များများပိုလှူပေးနိုင်မှ အဆင်ပြေမယ်”ဟု ၎င်းကပြောသည်။
လက်ရှိတွင် NLD မှတနေ့လျင် ကားသုံးစီး ၊ကားတစီးလျှင် ရေသန့်ဗူး ၁၅၀ ၀န်းကျင် ယူဆောင်၍သွားရောက် လှူဒါန်းနေကြောင်း နောက်ရက်မှစ၍ ကားလေးစီး ဖြင့်သွားရောက်မည်ဖြစ်ပြီး အဆိုပါ ကျေးရွာများသို့ ရောက်ရှိရန် သုံးခွမြို့နယ်မှ ကားဖြင့်သွားလျင် နှစ်နာရီခွဲဝန်းကျင် ခန့်ကြာသည်ဟုဆိုသည်။
“ကျွန်တော်တို့ပထမ တရက်သွားလှူတယ် နောက် အလှူငွေပြတ်သွားတော့ ကျွန်တော်တို့လည်း ရပ်သွားတယ် အခု အဖွဲ့ ချုပ် မှဒေါ်စုကိုယ်တိုင်ကလည်း ပံ့ပိုးပေးတယ် ၊တခြားအလှူရှင်တွေလည်း လှူလာတော့ ဆက်လှူနေပါတယ်”ဟုဆိုသည်။
အခြားအဖွဲ့အစည်းများမှလာရောက်လှူဒါန်းမှုများလည်း ရှိနေပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှလည်း စက်ရေတွင်းအချို့ လိုက်တူးပေးနေသည်များရှိသည်ဟုဆိုသည်။
သုံးခွမြို့နယ်တွင် ယခုကဲ့သို့ သောက်ရေကန်များ သောက်ရေခမ်းခြောက်မှုကို နှစ်စဉ်ကြုံတွေ့လျက်ရှိပြီး ယခုနှစ်တွင်စောစီးစွာ သောက်ရေပြဿနာရင်ဆိုင်ရခြင်းဖြစ်သည်။
ရွာသားများကသောက်ရေအတွက် လှူဒါန်းသူများထံမှ ရရှိကြပြီး သုံးရေအတွက်မူ ရေခမ်းခြောက်သည့် ကန်များကို ထပ်မံတူးဖော် ၍ သုံးနေကြသည်ဟုဆိုသည်။
ကျေးရွာသားများကိုယ်တိုင် စက်ရေတွင်း အချို့ကိုလည်းတူးဖော်နေကြပြီး အလှူရှင်များ လက်လှမ်းမမီနိုင်ဘဲ သောက်ရေပြဿနာရင်ဆိုင် ကြုံတွေ့နေရသည့် ရွာများလည်း ရှိနေသေးသည်ဟု ဦး မျိုးတင့်ကဆိုသည်။ ။
 Yangon Press International
သုံးခွတွင် ဝမ်းရောဂါ ဖြစ်ပွား
သုံးခွမြို့ နယ် ရဲ့ ရေတွင်း တတွင်းက ရေအခု အခုလိုတွေ့ ရပါတယ်။ (ဓါတ်ပုံ-MNN)
ရန်ကုန်၊ ဧပြီ ၂၄
ရန်ကုန်မြို့တော်နှင့် မိုင် ၇ဝ ခန့် အကွာတွင် တည်ရှိသည့် သုံးခွမြို့နယ် အတွင်း သောက်သုံးရေ မသန့်ရှင်းမှုနှင့် မသန့်ရှင်းသော ရေကန်များမှ ရေများကို သောက်သုံး မိခြင်းကြောင့် ဝမ်းရောဂါ ဖြစ်ပွားလျှက် ရှိကြောင်း သုံးခွမြို့နယ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားသည်။
လွန်ခဲ့သော ရက်သတ္တပတ်မှ စတင်၍ သုံးခွမြို့နယ် အတွင်းရှိ ရပ်ကွက်အခိျု့တွင် ဝမ်းရောဂါ စတင် ဖြစ်ပွားခဲပြီး အဓိက အများဆုံး ဖြစ်ပွားနေသော ရပ်ကွက်မှာ (၁၂) ရပ်ကွက် ဖြစ်ကြောင်း၊ လူကြီးများနှင့် ကလေးများတွင် ဖြစ်ပေါ်လျှက် ရှိခြင်းကြောင့် သုံးခွမြို့နယ် ဆေးရုံသို့ တက်ရောက်ကာ ကုသမှုများ ပြုလုပ်လျှက် ရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
ဝမ်းရောဂါ ဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ သောက်သုံးရေများ သိုလှောင် ထားသော ကန်များမှ ရေများ အညစ်အကြေးများကြောင့် မသန့်ရှင်းမှုများ ဖြစ်ပေါ်ပြီး လူအများ သောက်သုံးခြင်းကြောင့် ယင်းကဲ့သို့ ဝမ်းရောဂါ ဖြစ်ပွားခြင်း ဖြစ်သည်ဟု လာရောက် စစ်ဆေးသူ ကျန်းမာရေး ဝန်ထမ်းများက မှတ်ချက်ပေး ပြောကြားသည်။
သုံးခွမြို့နယ် အတွင်းရှိ ရပ်ကွက် အခိျု့တွင် ဝမ်းရောဂါ ဖြစ်ပွားနေခြင်းကြောင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ရေကို ကြိုချက်၍ သောက်သုံးရန်နှင့် မသန့်ရှင်းသော ရေကန်များကို အသုံးမပြုရန် အတွက် လိုက်လံ နှိုးဆော်မှုများ သတိပေး ဆောင်ရွက်မှုများ ပြုလုပ်လျှက် ရှိကြောင်း သုံးခွမြို့ခံ တစ်ဦးက ပြောကြားသည်။
ရာသီဥတု ပူပြင်း ခြောက်သွေ့လာမှုနှင့် အညီ ခန္ဓာကိုယ်တွင် အငန်ဓာတ် ရရှိရန် မသန့်ရှင်းသော လက်သုတ်စုံများ၊ အစားအသောက်နှင့် ရေများကို စားသောက်မိခြင်းကြောင့်လည်း ဝမ်းရောဂါ ဖြစ်ပွား နိုင်ကြောင်း၊ မိုးရာသီ ကာလတွင်မူ ယင်အန္တာရာယ်ကြောင့် ဖြစ်ပေါ်နိုင်ပြီး ဝမ်းရောဂါ မဖြစ်ပွားအောင် ကြိုတင် ကာကွယ်သင့်ကြောင်း အင်းစိန်မြို့နယ် သီရိစန္ဒာ ဆေးရုံမှ ဆေးရုံအုပ်ကြီး ဦးခင်မောင်တင်က သုံးသပ် ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ၆၁ နှင့် ၆ရ ရပ်ကွက်များတွင်လည်း လွန်ခဲ့သော တစ်ပတ်ခန့်မှ စတင်၍ သောက်သုံးရေ မသန့်ရှင်းမှုနှင့် ပတ်သက်ပြီး ဝမ်းပျက် ဝမ်းလျှော ရောဂါများ ဖြစ်ပွားလျှက် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
သုံးခွတွင် ဖြစ်ပွားသည့် ဝမ်းရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ယခုအချိန် အထိ လူအသေအပျောက် မရှိ သေးကြောင်း သုံးခွမြို့နယ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးက The Voice Weekly သို့ အတည်ပြု ပြောကြား သည်။
The Voice Weekly
နှစ်သိန်း ဖုန်းများ သတ်မှတ်ဈေးထက် တင်ရောင်းပါက မြန်မာ့ဆက်သွယ်ရေးက အရေးယူမည်
ရန်ကုန်၊ ဧပြီ ၂၄
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ဂဏီများ ပူးပေါင်း၍ ယခုလမှ စတင်ကာ ကျပ်နှစ်သိန်းဖြင့် ရောင်းချပေးသည့် GSM ဖုန်းများကို ဈေးတင် ရောင်းပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အကြောင်းကြား ထားကြောင်း ယင်းဖုန်းကတ်များ ဖြန့်ဖြူးနေသည့် E-lite ကုမ္ဂဏီမှ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးက ပြောကြားသည်။
ယင်းကဲသို့ အကြောင်းကြားထားသည် ဆိုသည်မှာ မှန်ကန်ပါကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ်ဖုန်း အတွက် တာဝန်ရှိသူ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။
"သတ်မှတ်ဈေး အတိုင်း ရောင်းရမှာပေါ့၊ ဆက်သွယ်ရေး ပစ္စည်းကို ဈေးတင် ရောင်းလို့မရဘူး၊ ဥပဒေတွေ ရှိတယ်" ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ်ဖုန်း အတွက် တာဝန်ရှိသူ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောကြားပြီး ဖုန်းရောင်းသည့် စာချုပ် ကျောဘက်တွင် ဖော်ပြထားသည်ကို တွေ့နိုင်မည် ဖြစ်ပြီး မည်သို့ အရေးယူမည်ကိုမူ အသေးစိတ် မပြောကြား သေးပေ။ဖုန်းအရောင်းဆိုင် များတွင် ဈေးနှုန်းများ သတ်မှတ်ဈေးထက် ကျော်လွန်နေခြင်းမှာ မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ပေးထားသည့် E-lite နှင့် ရတနာပုံ ကုမ္ဂဏီတို့က အရောင်းဆိုင်များနှင့် ပေါင်းကာ ဈေးကစားခြင်း၊ ဈေးတင်ခြင်းများ ပြုလုပ်နေသည်ဟု ပြင်ပတွင် သတင်းများ ထွက်ပေါ်လျက် ရှိသည်။
The Voice Weekly 
 NLD ကိုယ်စားလှယ်တွေ လွှတ်တော်တက်နိုင်မယ်လို့ မျှော်လင့်
ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ နေပြည်တော်မှာ လက်ရှိကျင်းပနေတဲ့ ပထမ အကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကို တက်ရောက်နိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း NLD က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
NLD လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုရေးအတွက် အခြေခံဥပဒေ ဇယား ၄ ပါ စာသားကို ပြင်ဆင်ပေးဖို့ တင်ပြချက်ကို နိုင်ငံတော်သမ္မတအနေနဲ့ ဒီရက်ပိုင်းအတွင်း ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ခုလို ပြောဆိုရတာဖြစ်ကြောင်း NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ရောက်ခင် ကျမ်းသစ္စာကျိန်ဆိုရမဲ့ အထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို " ကာကွယ်စောင့်ရှောက်ပါမည် " ဆိုတဲ့ စာသားကို NLD က သဘောမတူနိုင်တာကြောင့် " လေးစားလိုက်နာ ပါမည် " ဆိုတဲ့ စာသားနဲ့ ပြင်ဆင်ပေးဖို့ ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ် တာကြောင့် အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးကို NLD ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ခြင်း မရှိသေးပါဘူး။
ဒီစာသားကို ပြင်ဆင်ပြောင်းလဲ မပေးမချင်း ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ကို တက်ရောက်မှာမဟုတ်ဘူးလို့ NLD ပါတီက ပြောကြား ထားပါတယ်။
RFA (မြန်မာပိုင်း)
 NLD လွှတ်တော်တက်ရန် တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်များ တိုက်တွန်း 2012-04-25
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်လာဖို့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်တွေက ဒီကနေ့ စာရေးသား တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ ၁၀ ခုလောက်က လွှတ်တော်အမတ်တွေ စုပေါင်း လက်မှတ်ရေးထိုးတဲ့စာကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်တာ ဖြစ်တယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက အခုလိုပြောပြပါတယ်။
" ပထမဦးဆုံး အဆင့်အနေနဲ့ NLD ကို ကျွန်တော်တို့ တောင်းပန်မယ်။ လာခဲ့ပါ။ တောင်းဆိုမယ်။ တောင်းပန်မယ်။ ဖိတ်ခေါ်မယ်။ လာခဲ့ပါ။ ဝိုင်းပြင်ရအောင်၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ လက်မှတ်ထိုးပြီးတော့ အဲဒီ တောင်းပန်လွှာကို ကျွန်တော်တို့ ဒီနေ့ပဲ ပို့လိုက်တယ်။ ကျွန်တော်တို့ ပါတီပေါင်းစုံ တိုင်းရင်းသားပါတီတွေ အားလုံးပါတယ်။ ၁၀ ခုကျော်တယ်လေ။ ကျွန်တော်တို့ မြင်တာက ဘာလဲဆိုတော့ ပြည်သူတွေက လွှတ်တော်ထဲကို ဝင်ဖို့အတွက် ရွေးထားတယ်။ မဲပေးထားတယ်။ ကျွန်တော်တို့လည်း လိုလားတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီအနေနဲ့ ကျွန်တော်တို့ ပုဂ္ဂိုလ်အရပေါ့လေ၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျွန်တော်တို့ ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်း လိုလားတယ်။ ပြည်သူတွေကလည်း လိုလားတယ်။ ဒါကြောင့် ဝင်လာဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ လက်မှတ်ထိုးကြတယ်။"
NLD က တောင်းဆိုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ကျမ်းသစ္စာ ကျိန်ဆိုရမယ့်စာသား ပြင်ဆင်ရေးအတွက် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အဆိုပြုရေးနဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံရေးကိစ္စတွေကို လွှတ်တော်တွင်းမှာ လတ်တလောရှိနေတဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစု ပါတီတွေက လွှတ်တော်အမတ်တွေရဲ့ အင်အားနဲ့ ဖြစ်မြောက်အောင် ဆောင်ရွက်ဖို့ မလွယ်ကူဘူးလို့လည်း ဒေါက်တာ ဗညားအောင်မိုးက ပြောပါတယ်။
RFA (မြန်မာပိုင်း) 
လွှတ်တော်တွင်တပ်မတော်သားကိုယ်စားလှယ်များက ပြည်သူဘက်က ရပ်တည်နေ  
ဗိုဟိန်+ရှု့မ၀(မြစ်မခ)
ဧပြီ(၂၄)ရက်၊၂၀၁၂ခုနှစ်။
 အစားထိုးပြောင်းလဲလိုက်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှာ ဒီမိုကရေစီမိတ်ဘက် ပါတီများက တင်သွင်းသည့်အဆိုများအား ထောက်ခံအားပေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ထံက သိရှိရသည်။
မတ်လ(၂၄)ရက်လွှတ်တော်အစည်းအဝေးတွင် ရှေ့နေနှင့်တရားသူကြီးများ အဂတိလိုက်စားသည့် တရားစီရင် ရေး မဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်စေရန်အတွက် ၀ိုင်းဝန်းကူညီထောက်မပေးရေး အဆိုအား အမျိုးသားဒီမိုကရေစီ ပါတီသစ်က ပြည်သှုလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များက တင်သွင်းရာ တပ်မတော်သားကိုယ်စားလှယ်များက ထောက်ခံအားပေးခဲ့ ခြင်းဖြစ်သည်။
“မနေ့ကတင်သွင်းခဲ့တဲ့ ရှေ့နေတွေ တရားသူကြီးတွေအဂတိလိုက်စားမှုကို အဆိုတင်သွင်းရာမှာ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေနဲ့တသားထဲ အဲ့ဒီအဆိုကို လက်ခံတဲ့အတွက် ကျေနပ်အား ရတယ်၊”ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီက ပြည်သှုလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြော သည်။
တပ်မတော်သားကိုယ်စားလှယ် အစားထိုးပြောင်းလံနေရာချထားမှုကြောင့် အရာရှိငယ်များအစား အရာရှိကြီး များရောက်ရှိလာသဖြင့် လွှတ်တော်တွင်းရှိ ကိစ္စရပ်များအား အကဲ့ဖြတ်ရာတွင် ပိုမိုအားကောင်းစေနိုင်ကြောင်း ၄င်းက သုံးသပ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်သို့ ၀င်ရောက်လာမည် ဖြစ်သဖြင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွင် အရာရှိကြီးများအား အစားထိုးပြောင်းလဲမှုနှင့် ပတ်သက်၍  အထင်နှင့်မှတ်ချက်မပေးလိုကြောင်း ဦးသိန်းညွှန့်က ဆက်လက်ပြောဆိုခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ကိုယ်စားလှယ်များ လွှတ်တော်အတွင်း ၀င်ရောက်မည်ဖြစ်သဖြင့် တပ်မတော်သား ကိုယ်စားလှယ်များဘက်က ကြိုတင်ပြင်ဆင်မှု အနေဖြင့် အစားထိုးပြောင်းလဲခြင်းဖြစ်ကြောင်း အငြိမ်းစားတပ်မတော်သားဟောင်းတစ်ဦးက သုံးသပ်သည်။
‘’အခုဆို လွှတ်တော်မှာ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်တွေလည်း ၀င်ရောက်ရမယ်ဆိုတော့ စစ်တပ်ဘက်က ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အစားထိုးတာဖြစ်နိုင်တယ်”ဟု တပ်တော်ကြည်း အငြိမ်းစားဗိုလ်မှူးဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပထမအကြိမ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမည် စာရင်းတင်သွင်းထားသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအနက်  ပြည်သူ့လွှတ်တော်တွင် (၃၉)ဦး၊ အမျိုးသားလွှတ်တော်တွင် (၂၀)ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစစ်၍ ဗိုလ်မှူးချုပ် အဆင့်၊ ဗိုလ်မှူးကြီးအဆင်နှင့် ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိ တပ်မတော်သားများအား သက်ဆိုင်ရာလွှတ်တော် များတွင် ပြောင်းလဲတာဝန်ထမ်းဆောင် စေခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများက သတင်းထုတ်ပြန်သည်။
“လွှတ်တော်ထဲမှာ NLD ပါလာမှာမို့လို့ ပြင်ဆင်တာလားဆိုတာ သူတို့ကိုယ်တိုင်ပဲ သိနိုင်ပါလိမ့်မယ်၊ တကယ်တမ်းကျတော့ တကယ့်ကောင်းကျိုးလုပ်မယ်ဆိုရင် အရာရှိငယ် အရာရှိကြီးဆိုတာ မရှိပါဘူး အကုန်ပါလာပါလိမ့်မယ်၊ တကယ်လို့ လွှတ်တော်မှာ တစ်ခုခုမကောင်းတာရှိရင် အရာရှိငယ်တွေက မပယ်ဖျက်နိုင်ဘူး၊ အရာရှိကြီးတွေကတော့ တားနိုင်လိမ့်မယ် “ ဟု တပ်မတော်တွင် တာဝန်ထမ်း ဆောင်ဖူးသည့် ဦးမျိုးသန့်ကပြောသည်။
နိုင်ငံသားတစ်ဦးနှင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးအနေဖြင့် လွှတ်တော်တွင် အရာရှိငယ်များအား တာဝန်ပေးခြင်းထက် လုံခြုံရေးအသိအပြည့်အ၀ရှိသည့် အရာရှိကြီးများအား တာဝန်ထမ်းဆောင်စေခြင်းက ပိုမိုသင့်လျော်ကောင်းမွန်ကြောင်းကိုလည်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။
အဆိုပါထုတ်ပြန်ချက်ကို ကြေညာချက်အမှတ်(၂၂/၂၀၁၂)နှင့်(၂၃/၂၀၁၂)ဖြင့် ဧပြီလ(၂၂)ရက်နေ့တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၅၉)ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဝင်းကိုက အစားထိုးပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ကျင်းပပြုလုပ်နေသော လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်တစ်ရပ်လုံး၏ ၂၅%ရှိသော တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်(၁၁၀)ဦးနှင့် အမျိုးသားလွှတ်တော်တွင် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၅၆)ဦး တတ်ရောက်တာဝန်ထမ်းဆောင်နေရာမှာ ယခုကဲ့သို့ လွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သားကိုယ်စားလှယ် (၅၉)ဦးအား ပြောင်းလဲ အစားထိုးတာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ(၂၃)ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး(၁၉)ရက်မြောက်ကို နေပြည်တော်ရှိ သက်ဆိုင်ရာလွှတ်တော်ခန်းမအသီးသီးတွင် ကျင်းပခဲ့သည်။
Shwe Myitmakha Media Group  
လွှတ်တော်ကကောင်တွေ ဆယ်တန်းတောင်မအောင်ပါဘူး
ဧပြီလ ၂၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များပန်ကြားစာ
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအား စော်ကားကျူးလွန်မှုမျာကို တရားဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်
ယင်းကိစ္စအပေါ်ယ္ခုအချိန်ထိ မည်သည့်တုံ့ ပြန်မှုမှမရှိသေး
ဧပြီလ ၂၃ ရက်နေ့ က လွှတ်တော်ပုံမှန်အစည်းအဝေးကျင်းပနေစဉ်
Hot News ဂျာနယ်တွင်ပါဝင်သော လယ်/ဆည် ၀န်ကြီးနှင့် ဂျာနယ်ဆို့ ၏ ဆွေးနွေးမေးမြန်းမှုတွင်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားများအား ပြည်သူလူထုက အထင်လွဲမှားစေရန်၊ အယုံအကြည်
ကင်းမဲ့စေရန် နှင်ဂုဏ်သိက္ခာလုံးဝကျဆင်းစေရန် ပြောကြားခဲ့မှုအတွက် လွှတ်တော်ကိုယ်စားလှယ်
များအား နိုင်ငံတော်ပိုင် သတင်းစာများ ၊ ရုပ်မြင်သံကြားတို့ ၌ တရားဝင် ၀န်ခံခြင်း ၀န်ချတောင်းပန်
ခြင်းများ ပြုလုပ်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များက (၂၃-၄-၂၀၁၂)ရက်နေ့ က လက်မှတ်
ရေးထိုးတောင်းဆိုခဲ့ ကြောင်းသတင်းရရှိသည်။
အဆိုပါတောင်းဆိုချက်ကို ယ္ခုအချိန်အထိ မည်သည့်တုံ့ ပြန်မှုမှမရှိသေးကြောင်းသိရပါသည်။
Hot News နှင့် အင်တာဗြူးတွင် လည်/ဆည် ၀န်ကြီးဦးမြင့်လှိုင်က "လွှတ်တော်ကကောင်တွေ ဆယ်တန်းတောင်မအောင်ပါဘူး " ဟုပြောဆိုခဲ့တာဖြစ်ပါသည်။
နေပြည်တော် သတင်းထောက် (Myanmar News Now)
 တရားစီရင်ရေး မဏ္ဍိုင် ကြံ့ခိုင်ရေး အကြိတ် အနယ် ဆွေးနွေး  
ပါလီမန် လွှတ်တော် အစည်း အဝေးတွေ ပြန်လည် ကျင်းပတဲ့ ဒုတိယမြောက် နေ့မှာ မြန်မာ့ လက်ရှိ တရား စီရင်ရေး စနစ် အတွင်း လာဘ်ပေး လာဘ်ယူမှုတွေ ရှိနေတာ၊ မမျှတ မှုတွေ ဖြစ်နေ တာကို ပြည်သူ့ လွှတ်တော် အမတ်တွေ အဓိက ဆွေးနွေး ခဲ့ကြ ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ကလည်း ဒုတိယ နေ့မှာ ဆွေးနွေးခဲ့
ကန်ပက်လက်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကို တင်သွင်း ခဲ့တဲ့ တရား စီရင်ရေး မဏ0x081ဍိုင် ဖြောင့်မတ် ကြံ့ခိုင် စေရေး ဝိုင်းဝန်း ကူညီ ထောက်မ ပေး ဆိုတဲ့ အဆိုကို လွှတ်တော် အမတ်တွေ က အထောက် အထားတွေနဲ့ တင်ပြ ဆွေးနွေး ခဲ့ကြ တယ်လို့ ကိုယ်တိုင် ပါလီမန်ထဲ မှာ သတင်း ရယူထားတဲ့ နေပြည်တော်ရောက် ဘီဘီစီ သတင်းထောက် ကိုချိုက ပြောပါတယ်။
တရားလွှတ်တော် ရှေ့နေ လည်းဖြစ် သင်္ဃာန်းကျွန်း မြို့နယ် လွှတ်တော် အမတ်လည်း ဖြစ်တဲ့ ဦးသိန်းညွန့်က တရားရုံး တွေမှာ တင်ထားတဲ့ ဆိုင်းဘုတ် တွေမှာ ရေးထား တာက တခြား၊ လုပ်နေတာက တခြား ဖြစ်နေ တယ်လို့ တင်ပြ ဆွေးနွေး သွားခဲ့ ပါတယ်။
အင်းတော် မဲဆန္ဒနယ်က အမတ် ဖြစ်သူ ဦးကျော်နိုင်ဌေး ကလည်း တရားရေး စနစ်မှာ လာဘ်ပေး လာဘ်ယူ ကိစ္စ အမြစ် တွယ်နေပေမဲ့ တရားသူကြီး တွေနဲ့ ရှေ့နေတွေ ဖြောင့်မတ် မှန်ကန်ဖို့ လိုတယ်လို့ ထောက်ပြ ဆွေးနွေး သွားခဲ့ ပါတယ်။
ပြည်ထောင်စု လွှတ်တော် မှာတော့ ထူးထူး ခြားခြား ဆွေးနွေးမှုတွေ မရှိခဲ့ပေမဲ့ သမ္မတက သဝဏ်လွှာတွေ ပေးပို့ပြီး မြန်မာ့ ဒီမိုကရေစီရေး လုပ်ဆောင်မှု တွေကို ရှင်းပြခဲ့တယ်လို့ သတင်းထောက် ကိုချိုက ပြောပါတယ်။
အဂင်0x081ါနေ့က လွှတ်တော်တွင်းမှာ အခုလို ဆွေးနွေးမှုတွေ ရှိခဲ့ကြ ပေမဲ့ မကြာသေးခင်က ပြုလုပ် ခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကအနိုင်ရ အမတ်တွေ ကတော့ ကျမ်း သစ0x081စာ ကျိန်ဆိုမယ့် စကားလုံး သုံး အနှုန်း ပြင်ဆင်ရေး ကိစ0x081စ ညှိနှိုင်းမှုတွေ မပြီးပြတ် သေးတဲ့ အတွက် လွှတ်တော် တွင်းကို ရောက် မလာကြ သေး ပါဘူး။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကတော့ အခြေခံ ဥပဒေ အပါအဝင် ပြဌာန်း ဥပဒေတွေကို ပြင်ဆင် နိုင်ဖို့အတွက် အန်အယ်လ်ဒီ အမတ်တွေ လွှတ်တော်တွင်းကို အရင် လာပြီး လွှတ်တော်တွင်းက နေသာ လုပ်ဆောင် နိုင်မယ်၊ အခြေခံ ဥပဒေကို ပြည်ထောင်စု လွှတ်တော် ကသာ ပြင်ဆင်နိုင်တယ်လို့ ပြောပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ မှာ ပါတဲ့ အတိုင်း လွှတ်တော် အမတ် ၂၀ ရာခိုင်နှုန်းရှိရမယ်၊ လောလောဆယ်မှာ အဲဒီလောက် မရှိတဲ့ အတွက် ပြင်ဆင်နိုင်ရေးမှာ အခက်အခဲ ရှိနိုင်တယ် ဒါပေမယ့် လွှတ်တော်တွင်မှာ ပါတီပေါင်းစုံနဲ့ ညှိနှိုင်းပြီး အပြန်အလှန် နားလည်မှု ရယူ ဆောင်ရွက်နိုင်အောင် ကြိုးစား သင့်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း) 
  ကြံ့ခိုင်ရေးပါတီက NLD အမတ် လေးဦးကို ကန့်ကွက်လွှာတင်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အနိုင်ရ လွှတ်တော်အမတ် လေးဦးကိုမဲမသမာမှုဖြင့် ကန့်ကွက်လွှာ တင်သွင်းထားပြီး NLD အမတ်တဦးကလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတဦးကို ဥပဒေမဲ့ပြုကျင့်မှုဖြင့် ပြန်လည် ကန့်ကွက်လိုက်ကြောင်း သတင်းရရှိသည်။
ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ်ကာလက တွေ့ရသည့် မဲင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်း (ဓာတ်ပုံ - Reuters / Soe Zeya Tun)
NLD ရွေးကောက်ခံ အမတ်များဖြစ်ကြသည့် မင်္ဂလာ တောင်ညွှန့်မြို့နယ်မှ ဒေါ်ဖြူဖြူသင်း၊ လှည်းကူးမြို့နယ်မှ ဦးဖြိုးမင်းသိန်း၊ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှ ဒေါ်တင်တင်ရီ၊ စစ်ကိုင်းမြို့မှ ဦးခင်မောင်သိန်းတို့ကို မဲမသမာမှုများ ပြုလုပ်သည်ဟုဆိုကာ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ငွေဆယ်သိန်းတင် ကန့်ကွက်လွှာတင်သွင်းထားကြောင်း နေပြည်တော်ရှိ ကော်မရှင်ရုံးတွင် ရောက်ရှိနေသည့် ဒေါ်ဖြူဖြူသင်းက ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံတွင် ကန့်ကွက်လွှာ တင်သွင်းခံထားရသော ဒေါ်ဖြူဖြူသင်းကလည်း ကြံ့ခိုင်ရေးပါတီမှ ဒေါ်လဲ့လဲ့အေးကို ဘာသာရေးခုတုံးလုပ် မဲဆွယ်သည်ဟုဆိုကာ ပြန်လည် ကန့်ကွက်လွှာ တင်သွင်းလိုက်ကြောင်း သိရသည်။
“ကျမ အခုတင်ပဲ ကြံ့ခိုင်ရေးပါတီက ဒေါ်လဲ့လဲ့အေးကို ပြန်ပြီး တရားစွဲလိုက်တယ်။ အဓိက ဘာသာရေး အဆောက်အအုံတွေကို မဲဆွယ်မှုအတွက်သုံးတာ၊ နောက်ပြီး ဓမ္မာရုံတွေ ဆောက်ပေးတယ်၊ ဗလီဆောက်ပေးတယ်ဆိုပြီး ကြံ့ခိုင်ရေးက ဝေတဲ့ လက်ကမ်းကြော်ငြာတွေမှာ ထည့်သွင်းရိုက်နှိပ် မဲဆွယ်ထားတွေ အပါအ၀င် တရားမဲ့ ပြုကျင့်တာတွေအတွက် ကျမတို့ဘက်ကလည်း ကြံ့ခိုင်ရေးကိုယ်စားလှယ်ကို ပြန်ပြီး တရားစွဲထားပါတယ်။ ဒီနေ့ပဲ စွဲလိုက်တာပါ” ဟု ဒေါ်ဖြူဖြူသင်းက ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒေါ်ဖြူဖြူသင်းကို ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားကြောင်း တရားဝင် အကြောင်းကြားထားပြီး ဖြစ်သော်လည်း ဦးဖြိုးမင်းသိန်း၊ ဒေါ်တင်တင်ရီနှင့် ဦးခင်မောင်သိန်းတို့ကို အကြောင်းကြားခြင်း မရှိသေးဟု သိရှိရသည်။
“ကျမကတော့ အကြောင်းကြားစာ ရထားပြီးပြီ။ ကျန်တဲ့သုံးဦးကတော့ ဒီနေ့ တရားဝင် စာထွက်မယ်လို့တော့ ကြားတယ်။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားတဲ့ စာတွေတော့ ရွေးကောက်ပွဲကော်မရှင်ဆီ ရောက်နေပြီဆိုတာတော့ သိထားတယ်” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။
ဦးဖြိုးမင်းသိန်းကမူ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ အောင်မြတ်သူက ကန့်ကွက်ထားသည်ဟုသာ ကြားသိထားပြီး တရားဝင် အကြောင်းကြားစာ မရရှိသေးဟု ဆိုသည်။
“ကျနော်ဆီကိုတော့ တရားဝင် အကြောင်းကြားတဲ့စာတော့ မရသေးဘူး။ ဒါပေမယ့် နေပြည်တော်မှာ ရောက်နေတဲ့ မဖြူဖြူသင်းဆီက သိရတာကတော့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားတာ ရှိတယ်လို့ သိရပါတယ်” ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။
ဧရာဝတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ကော်မရှင်က တစုံတရာ အတည်ပြုပြောဆိုခြင်း မရှိပေ။
ပြည်တွင်းနိုင်ငံရေးသမားတဦးက NLD အနေဖြင့် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းကို ပြန်လည်ကန့်ကွက်ခြင်းသည် အတိုက်အခံပါတီတရပ်၏ သဘောသဘာဝကို ပိုမိုပီပြင်စေသည်ဟု သုံးသပ်ပြောဆိုသည်။
“၂၀၁၀ တုန်းက ပြည်ခိုင်ဖြိုးက အင်အားကြီးပါတီ ဖြစ်တဲ့အပြင် အခုအချိန်မှာ အာဏာရပါတီဖြစ်နေပြီ။ ကြံ့ခိုင်ရေးက NLD အမတ်ကို မဲမသမာမှုရှိတယ်ဆိုပြီး တရားစွဲတာကို NLD က ပြန်ပြီးတော့ ကြံ့ခိုင်ရေးကို မသမာမှုနဲ့ တရားစွဲတယ်ဆိုတာက ဒါက ဒီမိုကရေစီစနစ်ပုံစံကို ပိုပြီးတော့ပီပြင်စေတယ်။ နိုင်ငံရေးပါတီ အချင်းချင်း Check and Balance ဖြစ်တယ်။ တခုပဲ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဘယ်ပါတီဘက်မှ မလိုက်ဘဲ တရားမျှမျှတတ ဆုံးဖြတ်ဖို့ပဲ အရေးကြီးတယ်” ဟု ၄င်းက ဆိုသည်။
လတ်တလောတွင် ဧပြီလ ၂၃ ရက်နေ့၌ ပြန်လည်စတင်သော လွှတ်တော်များသို့ ကျမ်းကျိန်လွှာ မပြင်ဆင်ပေးသေးသည့် ကိစ္စကြောင့် NLD အနိုင်ရအမတ်များက တက်ရောက်ခြင်း မရှိသေးပေ။
အောင်သက်ဝိုင်း (ဧရာဝတီ) 
မြန်မာ့နိုင်ငံရေးပြေလည်ရင် အာရှထိပ်တန်းဖြစ်နိုင်
NLD ပါတီ လွှတ်တော်မတက်နိုင်တဲ့ အခြေအနေကို ညှိနှိုင်းဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း ကုလ၊ မြန်မာ ဆိုင်ရာ အထူးအကြံပေး ဘီဂျေ၊ နမ်ဘီးယားက ပြောပါတယ်။
ကျမ်းသစ္စာကျိန်ဆိုရမယ့် စကားအသုံးအနှုန်းအပေါ် အချေအတင် ဖြစ်နေရတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကိုယ်စားလှယ်တွေ လွှတ်တော်မတက်နိုင်ဘဲ ဖြစ်နေရတဲ့အခြေအနေတွေကို ညှိနှိုင်းဖြေရှင်းသွားနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။ နိုင်ငံရေးအရ တိုးတက်အောင်လုပ်နိုင်မယ်ဆိုရင် အာရှမှာ ထိပ်တန်းနိုင်ငံတခု အထိတောင် ဖြစ်လာနိုင်တယ်လို့လည်း အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar က ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
နိုင်ငံရေးအရ ကွဲလွဲမှုတွေ ရှိနေပေမဲ့ နောက်ဆုံးမှာ ပြေလည်မှု ရလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးအကြံပေးပုဂ္ဂိုလ်က ပြောလိုက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဒီလဆန်းမှာ ကျင်းပတဲ့ ကြားဖြတ် ရွေးကောက် ပွဲတွေမှာ အနိုင်ရခဲ့ပေမဲ့ ကျမ်းသစ္စာ ကျိန်ဆိုရာမှာ သုံးနှုန်းတဲ့ စကားလုံးအပေါ် သဘောကွဲလွဲရာက လွှတ်တော် မတက်နိုင်ဘဲ ဖြစ်နေရတဲ့အခြေအနေကို နှစ်ဘက်အကြား ညှိနှိုင်းပြေလည်မှု ရစေ ဖို့ ပြည်တွင်းပြည်ပက တိုက်တွန်းနေတဲ့အထဲ အခုနောက်ဆုံး အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။ အစိုးရနဲ့ NLD ကြား ကွဲလွဲမှုတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း AP သတင်းဌာနနဲ့ သီးခြားတွေ့ဆုံ မေးမြန်းရာမှာ ပြောလိုက်တာ ဖြစ်ပါတယ်။
“ဒီကိစ္စကို ပြေလည်အောင် နှစ်ဘက်စလုံးက ဖြေရှင်းနိုင်တဲ့ ဉာဏ်အမြော်အမြင်ရှိမယ်ဆိုတာ ကျနော် သေချာပေါက် ပြောနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေ အနေနဲ့ အောင်မြင်မှုတွေ ရနိုင်ဖို့ အတွက် ရွေးကောက်ပွဲ အဆင့်အထိ ရောက်လာတဲ့ တကယ့် ခြေလှမ်းတွေကို လှမ်းခဲ့ကြတာတွေကို ကျနော်ဖြင့် တွေးတောင် မတွေးမိပါဘူး။”
မြန်မာနိုင်ငံကို သီတင်းပတ်ကုန် သွားမယ့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ သဘောထား မတူတာတွေကို ညှိနှိုင်းဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုထားတာဖြစ်သလို အမေရိကန် ပြည်ထောင်စုကလည်း အခြေအနေကို ဆွေးနွေးအဖြေရှာနိုင်ဖို့ လိုလားတဲ့ အကြောင်း ပြောဆိုထားတာပါ။ တနင်္လာနေ့တုန်းက လွှတ်တော် အခမ်းအနားတွေ ပြန်လည် စတင်ရာမှာတော့ ကြားဖြတ် ရွေးကောက်ပွဲမှာ အမတ်နေရာ အများစု အနိုင်ရထားတဲ့ NLD ကိုယ်စားလှယ်တွေ မပါဘဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်အမတ်တွေအဖြစ် ကျမ်းသစ္စာကျိန်ဆိုရာမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည် လို့ ပြောင်းလဲဖို့ NLD ပါတီက လိုလားနေတာ ဖြစ်ပေမဲ့ ဒါဟာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်နေတာမို့ လွှတ်တော်တွင်း ဆွေးနွေးမှ သာ ဖြစ်နိုင်စရာရှိတယ်လို့ အာဏာရ နိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ပြောဆိုထားပါတယ်။ ကျမ်းသစ္စာကျိန်ဆိုရမယ့် ကိုယ်စားလှယ်တွေထဲက တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စ ပြေလည်စေဖို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းနိုင်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း သူ့ကိုပြောပြတယ်လို့ အထူးအကြံပေးပုဂ္ဂိုလ် နမ်ဗီယား ကပြောပါတယ်။
“လက်ရှိ အခြေအနေသစ်နဲ့ ပတ်သက်လို့ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ ဆိုတာကို ကျနော် သူ့ကို မေးကြည့်ပါတယ်။ သူပြောတာကတော့ အာဏာရပါတီ၊ စစ်တပ်တို့နဲ့ ဆက်သွယ်မယ်လို့ ပြောပါတယ်။ လွှတ်တော်ထဲမှာ ရောက်နေကြတဲ့ စစ်တပ်ထဲက ပုဂ္ဂိုလ်တွေအပါအ၀င် လူအတော်များများဟာ သူ့ရဲ့နိုင်ငံရေးအမြင်နဲ့ သဘောထားတွေကို တကယ်တမ်း လက်ခံတုံ့ပြန်လိုတယ်လို့ သူ့အနေနဲ့ ခံစားမိတဲ့ အကြောင်းလည်း ပြောပါတယ်။”
သမ္မတဦးသိန်းစိန်ကတော့ မြန်မာလူထုအတွက် အကျိုးရှိမယ်ဆိုရင် ပြင်ဆင်ဖို့ မဖြစ်နိုင်စရာမရှိတဲ့ အကြောင်း ဂျပန်နိုင်ငံမှာ အလည်အပတ်ရောက်နေစဉ် တနင်္လာနေ့က ပြောခဲ့တာပါ။ ကျမ်းသစ္စာကျိန်ဆိုဖို့ အငြင်းပွားစရာ ဖြစ်နေရတဲ့ကိစ္စကို မနက်ဖြန် ကြာသပတေးနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပွဲတွေ အတွင်း ဆွေးနွေးနိုင်ဖို့ မျှော်လင့်ရကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ကွဲလွဲမှုတွေကို ပြေလည်အောင် ဖြေရှင်းပြီး နိုင်ငံရေးအရ တိုးတက်အောင်လုပ်နိုင်မယ်၊ တိုင်းပြည် ထူထောင်ရေးအတွက် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအောင်မြင်ပြီး ဒေသတွင်းမှာ မြန်မာနိုင်ငံဟာ ရှေ့တန်းရောက်လာနိုင်စရာ ရှိတယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်က ပြောဆိုလိုက်တာပါ။
“အိမ်နီးချင်းတိုင်းပြည်တွေက အတွေ့အကြုံတွေကနေ သင်ခန်းစာယူဖို့ မြန်မာနိုင်ငံအတွက်တော့ အခွင့် အလမ်းကောင်းတခုပါ၊ ကျွမ်းကျင်မှု အတွေ့အကြုံရှိတဲ့ ပြည်ပရောက်တချို့ကိုလည်း ပြန် လက်ခံပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ပါနေကြပြီလို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့လည်း လစ်ဟာမှုတွေ အများအပြား ရှိနေတာပါ၊ စွမ်းဆောင်ရည်ရှိတဲ့ လူသားအရင်းအမြစ်တွေ အကြီးအကျယ် အားနည်းနေတဲ့အတွက် ပြန်လည် တည်ဆောက်ဖို့ လိုအပ်နေပြီး ဒါတွေကိုသာ ဖြည့်ဆည်းနိုင်မယ် ဆိုရင် မြန်မာနိုင်ငံဟာ အာရှမှာ ကျားတကောင် အဖြစ်နဲ့ ခေါင်းထောင်ထလာနိုင်စရာ အခြေခံတွေ ခိုင်ခိုင်မာမာ ရှိတယ်လို့ ကျနော်ယူဆပါတယ်။”
မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့တာလို နိုင်ငံရေး အပြောင်းအလဲတွေရှိခဲ့ တဲ့နောက်မှာတော့ အမေရိကန်၊ ဥရောပ သမဂ္ဂ (EU) သြစတြေးလျ၊ ကနေဒါ စတဲ့ နိုင်ငံတွေက အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့တာ၊ ဖယ်ရှားတာတွေ လုပ်ခဲ့ကြတာပါ။ ဒီအတွက် ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေနဲ့ အတူ မြန်မာ့စီးပွားရေးမှာလည်း တိုးတက်မှု အလားအလာတွေ ရှိလာနိုင်တယ် လို့ မျှော်လင့်မှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
By; အောင်လွင်ဦး (ဗွီအိုအေ-မြန်မာပိုင်း)  
အမေရိကန် မြန်မာဆက်ဆံရေး တရုတ်အစိုးရ စိုးရိမ်
အမေရိကန်က မြန်မာအစိုးရနဲ့ ဆက်ဆံရေး ပြန်ပြီး တည်ဆောက် လာတာဟာ တရုတ်နိုင်ငံကို ဦးတည်ထား ကန့်သတ်လိုတဲ့ ရည်ရွယ်ချက် မဖြစ်သင့်သလို၊ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ ဆက်ဆံရေးမျိုး မဖြစ်သင့်ဘူးလို့ တရုတ်အစိုးရ နိုင်ငံခြားရေးဌာန ထိပ်တန်း အရာရှိတဦးက ဒီကနေ့ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်ပေါ်လာတာနဲ့ အမျှ အမေရိကန်က ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်လာနေ တာဟာ တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို အမေရိကန် မဟာမိတ်
ဖြစ်အောင် ကြိုးပမ်းနေတာလို့ တရုတ်အစိုးရ သတင်းစာတွေက
ရေးသား ဖော်ပြကြပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး
ကိုယ်စားလှယ် Mr. Derek Mitchell တရုတ်နိုင်ငံကို လည်ပတ်ခဲ့စဉ်က အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ တရုတ်အကျိုးစီးပွားကို ထိခိုက်အောင် ဆောင်ရွက်မယ့် ဆက်ဆံရေး မဟုတ် ကြောင်း
ပြောခဲ့တယ်လို့ သိရပါတယ်။
RFA (မြန်မာပိုင်း)
 အိမ်ထောင်ဦးစီးလယ်သမား ၅၀ ရာခိုင်နှုန်းကျော် စာရေး၊ စာဖတ်နိုင်ရုံအဆင့်သာရှိ
(ဓါတ်ပုံ-Google  Images)
ရန်ကုန်၊ ဧပြီ - ၂၁
လယ်သမားမိသားစုများ၏ အိမ်ထောင်ဦးစီးများတွင် ၅၀ ဒသမ ၉ ရာခိုင်နှုန်းကျော်မှာ စာရေးနိုင်၊ ဖတ်နိုင်အဆင့်တွင်သာရှိကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသ
င်းမှ ကောက်ယူထားသည့် သုတေသနစာတမ်းတစ်ခုကဆိုသည်။
မြန်မာနိုင်ငံဆန်စပါးလုပ် ငန်းအသင်းက ဆန်စပါး အဓိက စိုက်ပျိုးသောဒေသများဖြစ်သည့် ဧရာဝတီ၊ ပဲခူး(အရှေ့၊ အနောက်)၊ စစ
်ကိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့ နယ် ၄၆ ခုမှ တောင်သူလယ်သမား ၃၄၇၉ ဦးထံမှ စစ်တမ်းကောက် ယူခဲ့ခြင်းဖြစ်သည်။ ယင်းတို့ထဲတွင် စာရေးတတ်၊ ဖတ်တတ်သူဦးရေမှာ ၁၇၆၈ ဦး ရှိသည်။ မူလတန်းနှင့် အလယ်တန်းဦးရေမှာ ၁၄၄၉ ဦးရှိပြီး ၄၀ ရာခိုင်နှုန်း၊ ပညာမတတ်သူ ဦးရေ မှာ ၃၇ ဦးနှင့် ၁ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။
“လယ်သမားတွေ တိုးတက်မှုနည်းတာ ပညာတတ်မှုနည်းလို့ပဲ။ ငွေကြေးအထောက်အပံ့ရရင် တောင် အလောင်းအစား၊ ဆိုင်ကယ်ဝယ်စီးတာနဲ့ လယ်ထဲရောက် တဲ့ပမာဏတစ်ဝက်လောက်ပဲ”ဟု စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းကဆိုသည်။ထိုကဲ့သို့ ပညာအခြေခံမရှိ သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် နည်းပညာများဖြန့်ဝေရာ၌လည်း အခက်အခဲများရှိသည်။ ပညာရေးအခြေခံအားနည်းမှုကြောင့် လက်ရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် ကြုံတွေ့နေရသည့် ရာသီဥတုဖောက်ပြန်မှုများ၊ ပိုးမွှား အန္တရာယ်များကို ခုခံထိန်းချုပ်ရာ တွင် ဆုံးရှုံးမှုများနှင့်ကြုံတွေ့နေရသည်ဟု စစ်တမ်းကဆိုသည်။
“ဒီနှစ်ဆို ငမြှောင်တောင်ကျတာ၊ ပြည်တွင်းက ပိုးသတ်ဆေးနဲ့ မရဘူး။ ထိုင်းက ဆေးတွေဝယ်သုံးမှ အဆင်ပြေတယ်။ ဒီဆေးက ဘယ်
လောက်ထိ ပြင်းလဲဆိုရင် ဖျန်းတဲ့လူပါ မူးမေ့ပြီးပစ်လဲတာ တွေရှိတယ်”ဟု ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းမှ ပဲစိုက်ပျိုးသည့် လယ်သမား
တစ်ဦးကဆိုသည်။
ထို့အပြင် လယ်သမားများ အခြေခံပညာရေးအားနည်းမှုကြောင့်ကန်ထရိုက်လယ်ယာစနစ်များကို အကောင်အထည်ဖော်ရန်၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်အတွက် စည်းရုံးရာတွင် အခက်အခဲများရှိကြောင်း ကဉ္စနကျွန်းသာအထူးပြုကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ အဆိုပါစစ်တမ်းတွင် ကျန်ရှိနေသော လယ်သမားမိသားစုအိမ်ထောင်ဦးစီးများ၌ ၄၀ရာခိုင်နှုန်းကျော်မှာ မူလတန်းနှင့် အလယ်တန်းအထိ ပညာသင်ကြားခဲ့ကြောင်းတွေ့ရသည်။ ဘွဲ့ရသည်အထိ ပညာပြီးစီးအောင် သင်ကြားခဲ့သူမှာ ၄ရာခိုင်နှုန်းသာရှိသည်။
စစ်တမ်းကောက်ယူရာတွင် တိုင်းဒေသကြီးအလိုက် သက်ဆိုင်ရာမြို့နယ်များရှိ ကျေးရွာအုပ်စုများ၊ ကျေးရွာများမှ ကန်ထရိုက် လယ်ယာ လုပ်ကိုင်သူ တောင်သူ ၁၂၈၆ ဦးနှင့် ကိုယ်ပိုင်သီးသန့် စိုက်ပျိုးလုပ်ကိုင်သူတောင်သူ ၂၁၈၆ ဦးတို့ကို တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်
 7Day News Journal
  အမျိုးသမီးတဦးအား ထိုးကြိတ်ခဲ့သူများ အရေးယူမခံရသေး
ပဲခူးတိုင်း ဝေါမြို့နယ်မှာ မြို့ နယ်အုပ်ချုပ်ရေးမှူးရဲ့ သား အပါအဝင် အမျိုးသား ၃ ဦးက အမျိုးသမီးတဦးကို ထိုးကြိတ်မှု ရဲစခန်းမှာ အမှုဖွင့်တာ တပတ်ကြာပေမယ့် အရေးယူခြင်း မရှိဘူးလို့ ထိုးကြိတ်ခံရတဲ့ အမျိုးသမီးက ပြောပါတယ်။
သင်္ကြင်္န်တွင်း ဧပြီ ၁၆ ရက် မွန်းလွဲပိုင်းက ဝေါမြို့ နယ် သင်္ကြန်မဏ္ဍပ်တခုရှေ့ လူမြင်ကွင်းမှာ သူငယ်ချင်းတွေနဲ့ စကားပြောနေတုန်း ဝင်ရောက် ထိုးကြိတ်ခံခဲ့ရတယ်လို့ ကာယကံရှင်ဖြစ်သူ အသက် ၂၁ နှစ်အရွယ် မနှင်းလြပည့်ဝန်းက ပြောပါတယ်။
“သမီးတို့ သူငယ်ချင်းတွေ ရေကစားမဏ္ဍပ်မှာ စကားရပ်ပြောနေချိန်မှာ မြို့ နယ်အုပ်ချုပ်ရေးမှူးရဲ့ သား ထွန်းစိန်ဝင်း၊ သူ့ယောက်ဖ ကျော်လင်းနဲ့ သူ့ရုံးစာရေး ချမ်းမင်းဇော်တို့က သမီးတို့ကို အကြောင်းမဲ့ ဝင်ရောက် ထိုးကြိတ်တယ်။ မျက်နှာတွေကိုထိုးတာ ပေါက်ပြဲကုန်ပြီး မျက်မှန်လည်းကွဲသွားတယ်။ အင်္ကျီကြယ်သီးတွေလည်း ပွင့်ထွက်သွားတယ်။ ရင်ဘတ်ကိုလည်း ထိုးတယ်။ အင်္ကျီလည်း ပြဲသွားတယ်။ ထိုးကြိတ်ပြီးတော့ သမီးကမေ့သွားပြီး ဆေးရုံရောက်သွားတယ်။”
ထိုးကြိတ်ချိန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သူ့ဇနီး မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌတို့ နှစ်ဦးစလုံး မဏ္ဍပ်တွင်းမှာ ရှိနေပါတယ်လို့ သူက ပြောပါတယ်။
“မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လေးနဲ့ သူ့မိန်းမ သီတာဝင်းကလည်း အမျိုးသမီးရေးရာ ဥက္ကဋ္ဌ။ ဘာမှဆောင်ရွက်ပေးခြင်း မရှိဘူး။ ဖြစ်နေတဲ့အချိန်လည်း မလာဘူး။ ဆေးရုံရောက်တော့လည်း မလာဘူး။ အိမ်လည်းသိလျက်နဲ့ မလာဘူး။ ဖုန်းနဲ့လည်း မလာဘူး။”
ဝင်ရောက် ထိုးကြိတ်သူတွေဟာ မူးနြေပီး အရင်တုန်းကလည်း အသိအကျွမ်း မရှိခဲ့ဖူးဘူးလို့လည်း ဆိုပါတယ်။
မျက်နှာနဲ့ ရင်ဘတ်တွေကို ထိုးကြိတ်တဲ့ဒဏ်ကြောင့် မျက်မှန်ကွဲကြေပီး သတိလစ်မေ့မြောခဲ့တဲ့ သူမကို သူငယ်ချင်းတွေက ဝေါမြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ဝေါမြို့ နယ်ဆေးရုံအုပ်က ပဲခူးဆေးရုံကို လွှဲစာပေးလို့ ပဲခူးဆေးရုံကို သွားရောက်ကုသပြီး တညအိပ်ခဲ့ရပါတယ်။
“ဆေးရုံရောက်တော့လည်း ဆေးရုံက ဆရာဝန်ကြီးက မျက်နှာလွှဲခဲပစ်၊ လာလည်း မြကည့်ဘူး။ ဆေးတလုံးထိုးပေးပြီးတော့ ကျမနာမည်ပို့ပြီးတော့ သမီးကို မြကာဘူး။ ပဲခူးဆေးရုံကို လွှဲစာပေးတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတွေက သေလောက်အောင်ဖြစ်တဲ့ ရောဂါမဟုတ်ဘဲနဲ့ ဘာလို့ပဲခူးကို လွှဲစာပေးရတာလဲ မေးတော့ ဆေးရုံအုပ်ကြီးက မင်းတို့နဲ့ ဥက္ကဋ္ဌကြားမှာ ငါဝင်မပါချင်လို့ဆိုပြီး ခေါင်းရှောင်တယ်လေ။”
ကာကယံရှင်အမျိုးသမီးက ဒီကိစ္စကို ဝေါမြို့ နယ်ရဲစခန်းမှာ ဧပြီ ၁၉ ရက်က အမျိုးသမီးကာယအိနြေ္ဒပျက်ပြားမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေနဲ့ အမှုဖွင့်ခဲ့ပါတယ်။ ရဲက သက်သေတွေကို စစ်ဆေးပေမယ့် ထိုးကြိတ်သူ ၃ဦးကို ဒီနေ့ထက်ထိ အရေးယူခြင်း မရှိသေးတဲ့အတွက် မနှင်းလပြည့်ဝန်းက မကျေမနပ် ဖြစ်နေတာပါ။
“အမှုကိုလက်ခံတယ်။ ခုချိန်ထိ တရားခံတွေကို ဖမ်းဆီးခြင်း မရှိသေးဘူး။ တရားခံတွေက ဒီတိုင်းပဲ သွားလာနေတုန်းပဲ၊ သူတို့အမှုကို အချိန်ဆွဲနေသလိုပဲ။ မိန်းကလေးမှန်း သိလျက်နဲ့ တမင်တကာလည်းထိုးတယ်။ လူပုံအလယ်ထဲမှာ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတယ်။ သူတို့ကို တရားဥပဒေအတိုင်း လုပ်ချင်တယ်။ အုပ်ချုပ်ရေးမှူးကလည်း သူတို့သားကိစ္စကို အမှုလုပ်မှာကြောက်လို့ တိုးတိုးတိတ်တိတ် လိုက်ပိတ်ခိုင်းတယ်။”
သူမဟာ ဆေးရုံစရိတ် ကိုယ့်ဘာသာကျခံရပြီး ကျူးလွန်သူတွေဘက်ကတော့ သတင်းလည်းမမေး၊ ဆေးဖိုးလည်း မပေးဘဲ အမှုကျေအေးပေးဖို့သာ လာရောက်ညှိနှိုင်းနေတာ ၃ ကြိမ်ရှိပြီလို့ မနှင်းလပြည့်ဝန်းက ပြောပါတယ်။
အမျိုးသမီးတဦး နစ်နာတဲ့ကိစ္စကို တရားလွှတ်တော်ရှေ့နေ ဒေါ်နှင်းဝင်းအောင်က လိုက်ပါကူညီဖို့ရှိပြီး ရဲစခန်းက အမှုကို တရားရုံး လွှဲပြောင်းတာ စောင့်ဆိုင်းနေပါတယ်။
အခုလို အမှုကြန့်ကြာတာဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘူးလို့ သူထင်မြင်တဲ့အကြောင်းနဲ့ လိုက်ပါ ကူညီဆောင်ရွက်သွားမယ်လို့ ရှေ့နေ ဒေါ်နှင်းဝင်းအောင်က ပြောပါတယ်။
“အမှန်တကယ် ဥပဒေအတိုင်း သွားမယ်ဆိုရင် သူတို့အမှုဖွင့်တာနဲ့ တရားလိုပြ သက်သေ၊ အခင်းဖြစ်ချိန်မှာရှိတဲ့ သက်သေကိုစစ်၊ စစ်ပြီးပြီဆိုရင် သူတို့ ရဲအနေနဲ့ ဘာလုပ်ရမလည်းဆိုတော့ ပုံမှန်ဆိုရင် တရားခံကို ဖမ်းရမယ်။ ဖမ်းပြီးမှ အာမခံနဲ့ ခံဝန်နဲ့ ရဲစခန်းကနေ ခံဝန်နဲ့ အြပင်မှာထားလို့ရတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်တော့ မလုပ်ဖူးလို့ ကျမအနေနဲ့မြင်တာပေါ့။ တြခားဖြစ်ရိုးဖြစ်စဉ်၊ တခြားအမှုတွေဆို သူတို့လုပ်တာပဲလေ။ သာမန်ပြည်သူတွေဆို သူတို့လုပ်တာပဲလေ။”
ဒီအမှုနဲ့ ပတ်သက်လို့ ဝေါမြို့ ရဲစခန်းကို မေးမြန်းဖို့ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် မရပါဘူး။
မနှင်းလပြည့်ဝန်းတို့ဘက်ကတော့ ဒီကိစ္စကို ရဲကအရေးမယူရင်တော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီ တင်ပြ တိုင်တန်းမယ်လို့ ပြောပါတယ်။
 by အေးနိုင် (DVB)
မင်္ဂလာဒုံရဲစခန်းရဲ့မော်တော်ဆိုင်ကယ်များကိုမတရားဖမ်းဆီနေမှု ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ မင်္ဂလာဒုံရဲစခန်းက ရဲတပ်ဖွဲ့ဝင်များဟာမင်္ဂလာဒုံမြို့နယ်အတွင်းမှာရှိတဲ့ တရားမ၀င် မော်တော်ဆိုင်ကယ်တွေကိုမကြာခဏလှည့်လယ် ဖမ်းဆီးနေပါတယ်။
 အဲဒီလိုဖမ်းအရေးယူတဲ့အခါမှာ လည်း မော်တော်ဆိုင်ကယ်များစီနင်းသွားလာတဲ့
အခါမှာ စနစ်တကျ တားဆီးပြီး စစ်ဆေး ဖမ်းဆီးတာမျိုးမဟုတ်ဘဲ ရှောင်တခင်
ရပ်ကွက်အတွင်းရှိ  လမ်းကျိုလမ်းကြားများ အထိမော်တော်ကားတစ်စီးဖြင့်
ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်နေကြပါတယ်၊ ယာဉ် စည်းကမ်းဥပဒေအရ
ယာဉ်စည်းကမ်းဖေါက်ဖျက် ကျူးလွန်မှုကို ငွေဒဏ်နှင့် ထောင်ဒဏ်သာကြား
ဖူးပါတယ်။
 ယခုအခါမှာတော့ အဲလိုမဟုတ်ဘဲ မော်တော်ဆိုင် ကယ်စီးနင်းသူများကို
မောင်းလာစဉ်  ရှေ့ကနေ မျက်နှာကို ဖြတ်ရိုက်ပြီး ဆိုင်ကယ်လဲပြီဆိုမှ ဆိုင်ကယ်ကို
သိမ်းဆီးဖမ်းကြတာပါ၊ အဆိုပါမြို့နယ်အတွင်း မှာရှိကြတဲ့ ဒေသခံလူငယ်တွေဟာ
အလုပ်အကိုင်ရှားပါးမှုနဲ့ မိသားစုဝင်ငွေ မျှတစေဖို့အတွက် မော်တော်ဆိုင်ကယ်
တစ်စီးကို သုံးသိန်းခွဲမှ ငါးသိန်းခွဲ ခြောက်သိန်းအထိရင်းနှီးကာရပ်ကွက်အတွင်းခရီး
သည်တင်ယာဉ်လိုင်းများမရောက်သည့်နေရာများကို ခရီးတိုအဖြစ် ငွေကျပ်နှစ်ရာ
သုံးရာကျပ် တို့နဲ့နေ့စဉ်  လုပ်ကိုင်ရှာဖွေစားသောက်နေကြသူများဖြစ်ပါတယ်။
တချို့လူငယ်တွေမတည်ရင်းနှီးစရာမရှိတာကြောင့် ရှိတဲ့ မြေဂရံ၊ အိမ်ဂရံ လေးတွေကို
အတိုးနဲ့ ပေါင်နှံ ပြီးမှမော်တော်ဆိုင်ကယ်တစ်စီး ၀ယ်ယူကာ မိသားစုစားဝတ်နေရေးကို
 ဖြေရှင်း  နေကြရတာပါ၊နိုင်ငံတော်အကြီးအကဲများကလည်း  ဆင်းရဲမွဲတေမှုလျော့ကျ
 ရေး ဆိုတဲ့အစီအမံများကိုဆောင်ရွက်လုပ်ကိုင်နေကြသလို၊သန့်ရှင်းတဲ့အစိုးရကောင်း
မွန်တဲ့အုပ်ချုပ်မှု ဆိုတဲ့ မှုဝါဒတွေကိုလည်း ချမှတ်ဆောင်ရွက်နေတာကလည်း အရှင်း
သားဖြစ်ပါတယ်။
ဒါပေမယ့် အပေါ်ကဘယ်လောက်အထိ ကောင်းအောင် လုပ်နေပါစေအောက်ချေ
အကျင့်ပျက်ဝန်ထမ်းများရဲ့ အကျင့်ပျက်ချစားမှုများ ရှိနေသရွေ့နိုင်ငံတော်အကြီးအက
ဲများရဲ့ ရည်မှန်းချက်ဟာ အကောင်အထည် ပေါ်လာနှိုင်စရာမရှိဘူးဆိုတာကိုလည်း
 ရဲရဲကြီးပြောရဲပါတယ်။
 အခုဆိုရင် လည်း နိုင်ငံ့ဝန်ထမ်းများကို အဲဒီလို အဂဓိလိုက်စားမှုမျိုးတွေ မရှိအောင်
လစာဝင် ငွေတွေကအစတိုးမြှင့်ပေးထားတာကလည်းပြည်သူအားလုံးအသိဖြစ်ပါတယ်။
လွန်ခဲ့တဲ့လထဲကဆိုရင် မင်္ဂလာဒုံအမှတ်(၃)လမ်းဆုံကနေ အမျိုးသမီးငယ်တစ်ဦးဟာ
 စမ်းကြီးဝရပ်ကွက်ကိုပြန်ဖို့ မော်တော်ဆိုင်ကယ် တက္ကစီကိုငှားစီ လာရာ  ခရေပင်
ရိပ်မွန်ရှေ့ရှိ(၄၃)အထူးကားကြီးဂိတ်အနီးကနေ ဖမ်းဆီးတဲ့သူတွေက မော်တော်
ဆိုင်ကယ်အရှိန်နဲ့စီးလာစဉ်မှာ ကားကြီးအကွယ်မှ ရုတ်တရက်ထွက်ပြီး ဆိုင်ကယ်
 မောင်းလာသူ လူငယ်ကို မျက်နှာအားဖြတ်ရိုက်လိုက်တာကြောင့် ဆိုင်ကယ်
 ဟာအရှိန်ပြင်းစွာနဲ့ မှောက်သွားပြီး ငှားစီးလာတဲ့ အမျိုးသမီးငယ်မှာ ၀ဲဘက် တင်ပါးနဲ့
မျက်နှာများမှာ ဒဏ်ရာများပြင်းထန်စွာရရှိတဲ့အပြင် ၀ဲဘက်လက် ကျိုးသွား
ကာဆိုင်ကယ်မောင်းနှင်လာသူလူငယ်မှာလည်း ဦးခေါင်းပေါက်ပြဲကာ တတောင် ဆစ်များမှာပွန်းပဲ့ဒဏ်ရာများပြင်းထန်စွာရရှိသွားခဲ့တယ်လို့သိရပါတယ်။
ယခုလိုစည်းကမ်းမဲ့ဥပဒေမဲ့ဖမ်းဆီးတာမျိုးဟာ အင်မတန်မှ အန္တရာယ်ကြီးမားနေပြီးတော့
 မတော်လို့ မော်တော်ယာဉ်များမောင်းနှင်လာစဉ် အလားတူဖြစ်ရပ်မျိုးများ ဖြစ်ပွားခဲ့ပါက
 အသက်ပါဆုံးရှုံးသွားနှိုင်ပါတယ်၊ ဖမ်းဆီးထားတဲ့ မော်တော်ဆိုင်ကယ် များကိုလည်း
မည်သည့်နေရာကိုပို့တယ်ဆိုတာကိုမသိရဘဲ မင်္ဂလာဒုံမြို့နယ် ရဲစခန်း အတွင်းမှာ
နှစ်ပရိတ်ဆေဒကြာမြင့်စွာ ဖမ်းဆီးထားတဲ့ ဆိုင်ကယ်များရှိနေပြီး ဆိုင်ကယ်များရဲ့မီးလုံး
များ၊ဘယ်ထရီအိုးများ၊ဒူးကာများ၊ တချို့သော မော်တော် ဆိုင်ကယ်များမှာ
အင်ဂျင်ပင်မရှိတော့တာတွေလည်းရှိပါတယ်။
ယခုလက်ရှိမင်္ဂလာဒုံရဲစခန်းအတွင်းမှာဖမ်းဆီးထိန်းသိမ်းထားတဲ့မော်တော်ဆိုင်ကယ်
ပေါင်းထောင်ချီရှိနေပြီးရင်းနှီးမြှုပ်နှံရှာဖွေလုပ်ကိုင်သူများရဲ့ပစ္စည်းများကိုနိုင်ငံတော်
ဘဏ္ဍာအဖြစ်ထားရှိမယ်ဆိုရင်တောင်ဖြေသာပေမယ့်နေ့စဉ်ဖမ်းဆီးထားတဲ့မော်တော်
ဆိုင်ကယ်များကိုရဲစခန်းအတွင်းပြစ်စလတ်ခတ်ထားရှိထားတာကိုတွေ့ရခြင်းအားဖြင့်
အလွန်တရာမှစိတ်ပျက်မိပါတယ်။
ဒါဟာနိုင်ငံတော်အကြီးများရဲ့မူဝါဒလားဒါမှမဟုတ်အောက်ချေမမာသူဝန်ထမ်းတွေ
ရဲ့ပြည်သူတွေအပေါ်မတရားနိုင်လိုမင်းထက်ပြုလုပ်ထားတာလားဆိုတာကိုတာဝန်ရှိ
သူများသိရှိနှိုင်ဖို့ တင်ပြလိုက်ရပါတယ်။
ပေါက်ကျိုင်း
Myanmar News Now
ရွှေလောင်းမြို့ နယ်မှာ အရက်ဆီကို ပုလင်းထဲ ပြောင်းထည့်ပြီး ချိတ်ပြိတ်နေစဉ် မီးလောင်မှု ဖြစ်ပွား လွန်ခဲ့သည့် ဧပြီလ (၁၂) ရက်နေ့ ၌ ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့ နယ်
ရွှေလောင်းတိုက်နယ်၊ ရွှေလောင်းမြို့ ရှိ ဒေါ်စီစီညွန့် (ခ)
ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်တွင် အရက်ဆီကို ပုလင်းထဲ ပြောင်းထည့်ပြီး
ချိတ်ပြိတ်နေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။
ယင်းနေအိမ်သည် အရက်ပုလင်းများ၊ အရက်ဆီပေပါများ၊
နိုင်ငံခြားဖြစ်အရက်များကို လှောင်ထားသော နေအိမ် ဖြစ်ပါသည်။ ထိုအိမ်မှ
မီးစတင်လောင်ကျွမ်းခဲ့ပါသည်။ မီးလောင်မှုဖြစ်ပွားချိန်မှာ ညနေ (၆) နာရီ
(၁၀) မိနစ်ခန့် တွင် လောင်ကျွမ်းခဲ့ပြီး ယင်းမီးလောင်မှုတွင်
အနီးနားပတ်ဝန်းကျင်မှ အိမ်ခြေ (၈) လုံး နှင့် သင်္ဘောဆိပ်ဟောင်း ဆိုင်ခန်း
(၁၁) ခန်း လောင်ကျွမ်းသွားရာ ည (၁၀) နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါ ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်တွင် အရက်ဆီမှ
မီးလောင်နေသည်ကို ကိုဝင်းဦး (ခ) ကိုစာကလေးမှ မီးလောင်မှုဖြစ်ပွားရာတွင်
ဝင်ရောက်ငြိမ်းသတ်ခဲ့ပါသည်။ မီးငြိမ်းသတ်ပေးရာတွင် ကူညီခဲ့သော ကိုဝင်းဦး
(ခ) ကိုစာကလေးသည် ၄င်းဘေးနားတွင် ရှိသော အရက်ဆီပေပါမှ မီးစွဲလောင်ခဲ့ရာ
ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါသည်။ ကိုဝင်းဦး (ခ) ကိုစာကလေးအား ၀ါးခယ်မမြို
့နယ်ဆေးရုံတွင် လေးရက် ကုသခဲ့သော်လည်း ဒဏ်ရာမသက်သာ၍ ပုသိမ်မှ
နာရေးကူညီမှုကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ 
ခေါ်ဆောင်သွားခဲ့ပါသည်။ 
ယခုအခါ ကိုဝင်းဦး (ခ) ကိုစာကလေးသည် ရန်ကုန်ပြည်သူ
့ဆေးရုံ အရေးပေါ်လူနာဌာန အမှတ် (၅၊၆)၊ အခန်း (၉)၊ အခန်း (၁၀) တွင်
အတွင်းလူနာအဖြစ် ကုသမှုခံယူနေရပါသည်။ ယင်း ကိုဝင်းဦးအား ဒေါ်စီစီညွန့်
(ခ) ဒေါ်မျိုးမျိုးခိုင် က တာဝန်ယူကုသပေးခြင်း မရှိသေးပါ။
ထိုသို့ မီးလောင်သွားခဲ့သော်လည်း ၀ါးခယ်မမြို့ နယ်အုပ်ချုပ်ရေး၊
တိုက်နယ်စခန်းမှုးတို့မှ အစ မီးစတင်လောင်ကျွမ်းခဲ့သောနေအိမ်
မှ
ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်အား အရေးယူခြင်းမျိုးကို မရှိခဲ့ပါ။
မီးလောင်ကျွမ်းခြင်းခံခဲ့ရသော နေအိမ်များမှ ကျိတ်မနိုင်ခဲမရ
ဖြစ်ခဲ့ရပါသည်။ ထို့ အတူ ၀ိုင်းဝန်းကူညီသူ ထိခိုက်ဒဏ်ရာရရှိမှုအားလည်း
မီးလောင်ကျွမ်းရမှု တရားခံဖြစ်သူ ဒေါ်စီစီညွန့် (ခ)
ဒေါ်မျိုးမျိုးခိုင်နှင့် သက်ဆိုင်ရာမှ တာဝန်ယူဆေးကုသပေးခြင်း မပြု
လစ်လျူရှုနေမှုသည်လည်း မတရားသောလုပ်ရပ် ဖြစ်ပါသည်။
အရက်သိုလှောင်ရောင်းချ စီးပွားရေးရှင် ဒေါ်စီစီညွန့် (ခ)
ဒေါ်မျိုးမျိုးခိုင်နှင့် ငွေကြေးရယူကာ မီးလောင်မှုအား လုံးဝအရေးယူခြင်း
မရှိဘဲ နှုတ်ပိတ်နေသော ၀ါးခယ်မမြို့ နယ်အုပ်ချုပ်ရေး၊
ရွှေလောင်းတိုက်နယ်စခန်းမှုးတို့ ၏ လုပ်ရပ်အားလည်း
ပြည်ထဲရေးဝန်ကြီးဌာနနှင့် သမတကြီးများ သိရှိစေရန် တိုင်ကြားအပ်ပါသည်။
မီးလောင်ကျွမ်းခြင်းခံခဲ့ရသော ပြည်သူများ၊
(ရွှေလောင်းတိုက်နယ်၊၀ါးခယ်မမြို့ နယ်)။
Myanmar News Now
ရွှေလောင်းမြို့ မီးလောင်မှုမြင်ကွင်း
မြန်မာပြည်မှာ အလုပ်လက်မဲ့ဦးရေ လျော့နည်းနေတယ်ဆိုပြီးတော့
ဧပြီလ ၂၅ ရက်နေ့ ယနေ့ အလုပ်လျှောက်လွှာအား ၀ိုင်းကြည့်နေသူများကိုတွေ့ ရစဉ်
ဧပြီလ၂၅ ရက်နေ့ ၂၀၁၂
    (၂၅-၄-၂၀၁၂) နေ့က နေပြည်တော်ပျဉ်းမနား ဗိုလ်တောက်ထိန်လမ်းမပေါ်ရှိ အသစ်ဖွင့်လှစ်လိုက်မည့်ကမ္ဘောဇ ဘဏ် အတွက် လုပ်သား စုစုပေါင်း (၂၀)လောက် လိုအပ်သဖြင့် အလုပ်လျှောက်လွှာများ ဝေငှရာ အလုပ်လျှောက်လိုသူ အင်အားများ အဆမတန် များပြားနေသဖြင့်  ဘဏ်တစ်ဝိုက်ရှိ ဗိုလ်တာရာလမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု နာရီဝက်အကြာဖြစ်ပြီးပြီး ဘဏ်အဆောက်အဦးရှိ ရှေ့ ၀င်မှန်တံခါးပင် တိုက်မိ ပြီး ကွဲအက်သွားအောင်ပင် အလုပ်လာလျှောက်လိုသူ များပြားလာခဲ့ကြောင်း သိရသည်။
    ``အလုပ်လျှောက်လွှာတင်ရက်မဟုတ်ပါဘူး။ အလုပ်လျှောက်လွှာ ဝေတဲ့ရက်မှာကို ဘဏ်ရှေ့က ဗိုလ်တောက်ထိန်လမ်းမတစ်ခုလုံး ယာဉ်ကြောတောင်ပိတ်ဆို့သွားတယ်။ အမှန်တကယ် ဘဏ်အနေနဲ့လူလိုတာက (၂၀)ကျော်ကျော်ပါပဲ လျှောက်လွှာလာယူတာတွေက အဆမတန်ပါပဲဗျာ။ နေ့လည် (၁၀)နာရီနောက်ပိုင်းက အဆိုးဆုံး လူများချိန်ပဲ တိုးကြဝှေ့ကြနဲ့ပေါ့´´ ဟု အလုပ်လျှောက်လွှာ  သွားယူသူ လူငယ်တစ်ဦးက ပြောဆိုသည်။
    လျှောက်လွှာသွားယူသူ အမျိုးသမီးတစ်ဦးကလည်း ``ဒီလောက်မထင်ထားပါဘူး လူတွေက ပိတ်ညှပ်သပ်နေတယ်။ လျှောက်လွှာတွေ ဝေပြီလို့လဲ ကြော်ငြာလိုက်ရော ဘဏ်အဆောက်အဦးထဲ တိုးဝှေ့ပြီးဝင်လိုက်ကြတာ လူဝင်ပေါက်က မှန်တခါးတောင် ကွဲထွက်သွားလို့ ဘဏ်က တာဝန်ရှိသူက လျှော် လျှော် နင်တို့အားလုံးကြောင့်ဖြစ်ရတာ စုလျှော်ကြဆိုလို့ အလုပ်တောင်မရကြသေးဘူး အလျှော်က အရင်ဆိုတော့ ကျမတို့တောင် စိတ်ပျက်သွားတယ်´´ဟု ယင်း၏ အတွေ့အကြုံကို ရင်ဖွင့်လာသည်။
    ဆက်လက် ယင်းက ပြောဆိုသွားသည်မှာ ``တလောက အစိုးရရဲ့ ထုတ်ပြန်ချက်အရ မြန်မာပြည်တစ်နိုင်ငံလုံးမှာ အလုက်လက်မဲ့ဦးရေ ရာခိုင်နှုန်း (၂၀)ကျော်ပဲရှိတဲ့အတွက် တစ်ခြားနိုင်ငံတွေနဲ့စာရင် မြန်မာပြည်မှာ အလုပ်လက်မဲ့ဦးရေ အနည်းဆုံးလို့ သိရပါတယ်။ ဒါဆို ကျမ ပြန်မေးပါရစေ အဲသည့် ရာခိုင်နှုန်း (၂၀)ကျော်ထဲက အများစုက နေပြည်တော်ဒေသတွင်းနေထိုင်သူတွေလားလို့---´´
နေပြည်တော်သတင်းထောက် (Myanmar News Now)
အလုပ်လျှောက်လွှာ
ဟန်းဖုန်းတစ်လုံးကြောင့် လူသတ်မှု မှ အာမခံ ရရှိသွားတဲ့ နေပြည်တော်ကဖြစ်ရပ်
 နေပြည်တော် ဥတ္တရသီရိ၊ သရက်တောကျေးရွာအုပ်၊ ပိုးစာတောကျေးရွာ တွင် (၂၃.၃.၂၀၁၂)နေ့က ဖြစ်ပွားခဲ့သော လူသတ်မှုမှ တရားခံများကို အမှုမှ အာမခံပေးခွင့်
မရှိပဲ တက်ရှိန်းစခန်းမှူးရဲအုပ်အောင်ဝင်းထံ တရားခံများ၏ ဆွေမျိုးအသိုင်းအ၀ိုင်းမှ
ထောက်ပံမှုအသီးသီးနှင့် ဟန်းဖုန်းတစ်လုံးပေးလိုက်မှုကြောင့် တရားခံများအား အာမခံပေးလိုက်ကြောင်း သေဆုံးသူ၏ ဆွေမျိုးအသိုင်းအ၀ိုင်းများက ပြောဆိုသည်။
ဖြစ်စဉ်မှာ (၂၃.၃.၂၀၁၂)နေ့ ညပိုင်းက နေပြည်တော်ဥတ္တရသီရိ၊ သရက်တော
ကျေးရွာအုပ်၊ ပိုးစာတောကျေးရွာနေ ဇင်မင်းပိုင်မှာ နေအိမ်တွင်ရှိနေစဉ် ယင်း၏
သူငယ်ချင်းဖြစ်သူ ဖိုးတုတ် (၂၅)နှစ်၊ (ဘ)ဦးထွန်းဝေ နေပြည်တော်ဥတ္တရသီရိ၊
သရက်တောကျေးရွာအုပ်၊ ပိုးစာတောကျေးရွာနေနှင့် နေပြည်တော်ဥတ္တရသီရိ၊
သရက်တောကျေးရွာအုပ်၊ မသိမ်ကျေးရွာနေ တင်နိုင်ဦးတို့ အကြိမ်ကြိမ်လာရောက်
 ခေါ်သဖြင့် ဇင်မင်းပိုင်းလည်း ယင်းတို့နှင့်အတူ ဆိုင်ကယ်တစ်စီးတည်းစီးနင်းပြီး
မသိမ်ရွာဘက်သို့ လိုက်သွားကြောင်း၊ နောက်တစ်နေ့မနက် (၈း၀၀)အချိန်ခန့်တွင်
 ယင်း ဇင်မင်းပိုင်မှာ ရွာနှစ်ရွာကြားရှိ လမ်းဘေးတွင် စူးဝင်ဒါဏ်ရာ (၅)ချက်၊ ခေါင်းကွဲဒါဏ်ရာနှစ်ချက်တို့ရရှိပြီး သေဆုံးနေကြောင်းသိရသဖြင့်
ဇင်မင်းပိုင်၏ မိဘများက တက်ရှိန်းရဲစခန်းသို့ အမှုဖွင့်ခဲ့ကြောင်း သိရသည်။
    တက်ရှိန်းရဲစခန်းမှ စခန်းမှူးရဲအုပ်အောင်ဝင်းနှင့်အဖွဲ့က ဇင်မင်းပိုင်အား ခေါ်ဆောင်
သွားသော ဖိုးတုတ်နှင့် တင်နိုင်ဦးအား ဖမ်းဆီးစစ်ဆေးရာ ကွင်းဆက်တရားခံအဖြစ် ၀ဲကျော်(ခ)နေထက်လင်းအား ဖမ်းဆီးရမိပြီး ၀ဲကျော်(ခ)နေထက်လင်း၏ ထွက်ဆိုချက်
အရ အခင်းဖြစ်ပွားစဉ်က ၀ဲကျော်(ခ)နေထက်လင်းက ဇင်မင်းပိုင်အား တံပိုးကြီးတုတ်ဖြင့်
ရိုက်ပြီး ဖိုးတုတ်ဆိုသူက ယင်းဆိုင်ကယ်ထိုင်ခုံအောက်တွင်ပါသော စကေဘာဖြင့်
ထိုးခဲ့ကြောင်း ထွက်ဆိုသဖြင့် ရဲစခန်းမှူးက သွေးများစွန်းကျန်ရစ်နေသော သက်သေခံ
 တံပိုးကြီးဒုတ်အား သိမ်းဆည်းခဲ့ပြီး ယင်းပြစ်မှုကျူးလွန်သူတို့အား ဖမ်းဆီးသွား
ခဲ့ကြောင်းဆို၏။
    အဆိုပါ အမှုအတွက် စစ်ဆေးဆောင်ရွက်နေချိန်တွင် ဖိုးတုတ်၏ ဦးလေးတော်
စပ်သူ ကောက်ကြီး (ခ)ဇော်မင်းထွန်း (၃၈)နှစ်ခန့်က အမှုစစ်အရာရှိ တက်ရှိန်းစခန်းမှူး သွားလာလှုပ်ရှားသမျှ ကားဖြင့် အကြိုအပို့ ပြုလုပ်ပေးခြင်း၊ အထောက်အပံ့များပေးခြင်း၊
 ငွေကြေးများပေးခြင်း စခန်းမှူးအား နေပြည်တော် ငါးသိန်းတန် CDMA ဖုန်းတစ်လုံး
 ပေးခြင်းတို့ ပြုလုပ်ရာ ၀ဲကျော်(ခ) နေထက်လင်း၏ ထွက်ဆိုချက်မှာ မခိုင်လုံကြောင်း
ယင်းထံမှ သိမ်းဆည်းထားသော သွေးများပေနေသည့် တံပိုးကြီးတုတ်မှ သွေးများသည် လူသွေးများမဟုတ် နွားသွေးများသာဖြစ်ကြောင်း သတင်းလွှင့်ခဲ့သည်။ အမှန်တကယ်တော့ တံပိုးကြီးတုတ်အား သက်ဆိုင်ရာ မှုခင်းဌာနမှ ယင်းအကြောင်း (စစ်ဆေးတွေ့ရှိချက်)ကို တစုံတရာပြန်ကြားမှု မရှိသေးပါ။
    ရဲစခန်းတွင် အဆိုပါ အမှုနှင့် ချုပ်နှောင်ထားသူများ (22.4.2012)နေ့တွင် အမှုမှ အာမခံ ပေးသည်ဟုဆိုကာ ပြန်လည်လွှတ်ပေးထားသည်ကို တွေ့ရသဖြင့် သေဆုံးသူ
ဇင်မင်းပိုင်ဘက်မှ မိဘဆွေမျိုးများက များစွာ မကျေမနပ်ဖြစ်နေသည်ကို သိရသည်။
      ``သေတဲ့သူကသေသွားတာတော့ အမှန်ကို အမှန်တိုင်းဖြစ်စေချင်တာပါ။ ပြီးတော့ တရားခံဘက်က ပြစ်မှုကျူးလွန်စဉ်ကသုံးတဲ့ သက်သေခံပစ္စည်းအပ်ထားသလို ၀န်ခံထွက်ဆိုချက်တွေလည်း ပေးထားပြီးသားပါ။ ဒါကိုတောင် ဒီလိုလူသတ်မှုမျိုးက
တရားခံကိုတောင် အာမခံပေးထားတယ်ဆိုတော့ ကျနော်တို့အနေနဲ့ ဘယ်လိုနားလည်ရမှန်းမသိ ဖြစ်နေတယ်ဗျာ´´ ဟု သေဆုံးသူ၏ ဦးလေးတော်စပ်
သူက ပြောဆိုသည်။
နေပြည်တော်သတင်းထောက် (Myanmar News Now)  
ယာဉ်တိုက်မှုကို ဥပဒေအတိုင်း အမှုဖွင့်အရေးယူ ဆောင်ရွက် ထားခြင်းမရှိ
ဓါတ်ပုံ (Google Images)
၁၃.၄.၂၀၁၂ နံနက်(၁၀)နာရီအချိန်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်၊ ကမ်းနားလမ်းရှိဗဟိုမဏ္ဍပ်၏ ရေကစားမဏ္ဍပ်ရှေ့တွင် ရေပက်ခံထွက်လာသော ရတခ စစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းနိုင်ဦး၏ သမီးနှင့်သားပါ တပ်မတော်သုံး အစ်ဆူဇူး အမျိုးအစားမော်တော်ယာဉ် သည်ရုတ်တရက်ထိုးရပ်လိုက်သဖြင့် နောက်မှလိုက်လာသော မောင်မျိုးထက်အာကာနှင့် မောင်ပြည်သိမ်းတို့မောင်းနှင်လာ
သော ဆိုင်ကယ် ၁၃ယ/၄၀၅၀၅ သည် စစ်ကား၏ ညာဘက်နောက်မီးအား မတော်တဆ ၀င်တိုက်မိရာ နောက်မီးခွက်အနည်းငယ် ကွဲသွားသော်လည်း စစ်ကားမှ မည်သူမှ မသိရှိပါ။
 ဆိုင်ကယ်မောင်းသူနှစ်ဦးမှ မဏ္ဍပ်အလွန် ကားရှင်း သောနေရာတွင် စစ်ကားအလာကို ရပ်စောင့်ပြီး လူမှုရေးအရ ကားအားဝင်တိုက်မိကြောင်း ကားဘာဖြစ်သွားသလဲဟုမေးမှ စစ်ကားမှ နောက်မီးအနည်းငယ် ကွဲသွားကြောင်းသိရှိရာ မီးခွက်လဲလှယ်ပေးရန် အတွက် သွားရောက်ဝယ်ယူရာ ဆိုင်ရှင်မှ သင်္ကြန်လွန်မှရမည်၊ ရန်ကုန်မှာပေးမည် တန်ဘိုးမှာ ၂သောင်းခွဲ၊ ၃သောင်းသာကျမည်ဟုပြောပါသည်။ 
ကားပေါ်မှ အရပ်ဝတ်တစ်ဦးမှ ထိုပစည်းမှာ ၂သိန်းခွဲ၊ ၃သိန်းတန်ကြောင်းပြောဆိုပြီး မောင်မျိုးထက်အာကာနှင့် မောင်ပြည်သိမ်းတို့ကို ဆိုင်ကယ်နှင့်အတူ ရတခသို့ခေါ်ဆောင်သွားပြီး လျှော်ကြေးငွေ ၃သိန်းပေးရန်၊ မပေးပါက အချုပ်ထဲထည့်ထားမည် ဆွဲရိုက်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး အတင်းအကြပ်လက်မှတ်ရေးထိုးခိုင်း
ခဲ့ပါသည်။ ၁၄ရက်နေ့တွင် မောင်မျိုးထက်အာကာဖခင်မှ ၄င်းဖြစ်စဉ်အား ဥပဒေအရ အရေးယူဆောင်ရွက်ရန်သွားရောက်ပြောဆိုသော်လည်း လျှော်ကြေးငွေ ၃သိန်းသာပေးရန် ပြောဆိုခဲ့ပါသည်။
၁၆ရက်နေ့နံနက်တွင် ဥပဒေအတိုင်း အမှုဖွင့်အရေးယူ ဆောင်ရွက် ထားခြင်းရှိ၊ မရှိ မော်လမြိုင်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့တွင် သွားရောက် မေးမြန်းရာ ဥပဒေအရ ဆောင်ရွက်ထားခြင်းမရှိကြောင်း သိရှိရသဖြင့် ၁၇ရက်နေ့ နံနက်တွင် ငွေ၃သိန်းဖြင့် ဆိုင်ကယ်အား သွားရောက် ရွေးယူခဲ့ရပါသည်။
၎င်းဖြစ်စဉ်တွင် ယာဉ်တိုက်မှုဥပဒေအတိုင်း အမှုဖွင့်အရေးယူဆောင်ရွက်ခြင်း
မရှိခြင်း၊ ဥပဒေကိုသိရှိနားလည်သူ အရာရှိတစ်ဦးမှ ဥပဒေအတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ မိမိပိုင်နက်အတွင်းသို့ ခေါ်ဆောင်ကာ အတင်းအကြပ်ခြိမ်းခြောက် လက်မှတ်ရေးထိုးခိုင်းခြင်း၊ ငွေ၃သိန်းတောင်းခံခြင်းတို့မှာ ပြန်ပေးဆွဲသကဲ့သို့ ဖြစ်ပွါးခဲ့ပါသည်။
ကိုဇော် (မော်လမြိုင်)
Myanmar News Now 
ရန်ကုန်တိုင်းဒေသကြီးအတွင်းအလုပ်သမား အဖွဲ့အစည်း ၈ ဖွဲ့ တရားဝင်ဖွဲ့စည်းခွင့်ရရှိ
အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန မှတ်ပုံတင်အရာရှိချုပ် ဦးမျိုးအောင် က ရှင်းလင်းစဉ်
အလုပ်သမား ညွှန်ကြားမှု ဦးစီဌာနမှ ဧပြီ ၂၅ ၇က် က လှိုင်သာယာ စက်မှုဇုန်တွင်ပြုလုပ်သည့် အခမ်းအနားတွင် အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းခွင့် ကိုတရားဝင် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း လှိုင်သာယာ စက်မှုဇုန် ၊သာဓုကန် စက်မှုဇုန် နှင့် ရွှေပေါက်ကံ စက်မှုဇုန် တို့မှ အလုပ်သမားအဖွဲ့အစည်း (၇) ခုကို နိုင်ငံတော်မှ တရားဝင် အဖွဲ့အစည်းများ တိုက်ရိုက် ဖွဲ့စည်းခွင့် အသိအမှတ်ပြု လတ်မှတ်များကို ထုတ်ပေးခဲ့ ကြောင်း သိရ သည်။
 အလုပ်အသမား  အဖွဲ့အစည်းများ ဖွဲ့စည်းရန် အသင်းအဖွဲ့(၉)ခုမှ ဖွဲ့စည်းခွင့် လျှောက်ထားခဲ့ပြီး အလုပ်သမားအဖွဲ့အစည်း(၇) ခုနှင့် မြန်မာနိုင်ငံ သင်္ဘောသားများ အဖွဲ့ချုပ်တို့ကို တရားဝင် အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် အလုပ်သမား  အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းခွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖွဲ့စည်း လိုက်သည့်   အလုပ်သမား အဖွဲ့အစည်း ၈ ဖွဲ့ မှာ
၁. တိုင်ရီ စက်ရုံ
၂. အိုပယ် စက်ရုံ
၃. အိုစန် စက်ရုံ
၎. ပုဝါ စက်ရုံ
၅. သာဓုကန် စက်မှုဇုန် (အထည်စက်ရုံ)
၆. ရွှေဇင်မင်း အထည်ချုပ် စက်ရုံ
၇. ရွှေပေါက်ကံ စက်မှုဇုန်မှ အထည်ချုပ်စက်ရုံ
၈. မြန်မာနိုင်ငံ သင်္ဘောသားများ အဖွဲ့ချုပ် တို့ဖြစ်ကြောင်း သိရသည်။
Yangon Media Group  
မြန်မာနိုင်ငံတွင် အလုပ်သမား အဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့်ပြုလုပ်ပြီ
 မြန်မာနိုင်ငံတွင်အလုပ် သမားများအဖွဲ့အစည်းများကိုလွတ်လပ် စွာဖွဲ့စည်းခွင့်ပြု လုပ်ပြီးကြောင်း သိရသည်။ ထိုသို့အလုပ်သမားများအဖွဲ့ များအပြင်အလုပ်ရှင်များအဖွဲ့အစည်းများ ကိုလည်ဖွဲ့စည်း ခွင့်ပြုသွား မည်ဖြစ်ကြောင်း သိရသည်။
”ကျွန်တော်တို့ အနေနဲ့အလုပ် သမားများ အဖွဲ့အစည်း  ကိုရန်ကုန်မှာ ပထမဆုံး ဖွဲ့စည်း ခွင့်ပြုတာ ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်မှာ ဧပြီလဆန်းက လျှောက်ထားကြ တဲ့အလုပ်သမား အဖွဲ့အစည်း ရှစ်ဖွဲ့နဲ့ အသင်း ချုပ် တစ်ခုထဲက  အလုပ်သမား အဖွဲ့အစည်း ခုနှစ်ခုနဲ့ အသင်းချုပ် တစ်ခုဖွဲ့ကိုတရား ဝင်ဖွဲ့စည်းခွင့်ပြုပေး တာဖြစ်ပါတယ်။ ကျန်တဲ့တစ်ဖွဲ့ကိုတော့ သက်မှတ်ထားတဲ့ စည်းကမ်းတွေ မကိုက်ညီတဲ့ အတွက် ဆက်လက် စိစစ် နေပါတယ်” ဟုအလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ မှတ်ပုံတင် အရာရှိချုပ် ဦးမျိုးအောင်ကပြောသည်
ယင်းအလုပ်သမားအဖွဲ့အစည်း များဖွဲ့စည်း လိုသောအလုပ်သမား များအနေနှင့်အသင်း လူဦးရေ(၃၀)ဦး ရှိရမည်ဖြစ်သည့် အပြင်စက်ရုံရှိ အလုပ်သမား အားလုံး၏ဆယ်ရာခိုင်နှုန်းက  ထောက်ခံရမည်ဖြစ်ကြောင်း သိရသည်။ ”ကျွန်တော်တို့  အခု ဖွဲ့စည်းခွင့် ပြုလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်းတွေ နဲ့ပတ်သက်ပြီး ဘာမှ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပါဘူး။ သူတိုအဖွဲ့နဲ့ သူတို့လွတ်လပ် စွာလုပ်ကိုင်ခွင့်ပြုပေး မှာဖြစ်ပါ တယ်။ အလုပ် သမား အဖွဲ့ အစည်း များအနေနဲ့အ လုပ်သမား များနှင့် သက်ဆိုင်တဲ့ အစည်းအ ဝေးတွေနဲ့ နိုင်ငံတော် အဆင့် အလုပ်ရုံဆွေး နွေးပွဲများမှာပါ  တက်ရောက်  ပါဝင်ခွင့်ရဖို့ ကျွန်တော်အလုပ်သမား  ဦးစီး ဌာန က  ကူညီ ပေးသွား မှာပါ”ဟုယင်းကရှင်းပြသည်။
အဆိုပါ အလုပ်သမား အဖွဲ့အစည်းများ အနေနှင့် အဖွဲ့ရန်ပုံငွေ အတွက် အသင်းဝင်များ အနေနှင့် လစာ၏ နှစ်ရာခိုင်နှုန်း  ကိုလစဉ်ထည့် ဝင်ရမည်ဖြစ်ကာ  ရန်ပုံငွေရရှိရန်  စီးပွာရေး လုပ်ငန်းများ  လုပ်ကိုင်ခွင့် မရှိကြောင်း သိရသည်။ ပထမဆုံး အလုပ်သမားအဖွဲ့  ဖွဲ့စည်းခွင့် ရရှိသောအလုပ်သမား  အဖွဲ့များမှာ တိုင်ရီစက်ရုံ၊ အိုပယ် (အထည်ချုပ်) စက်ရုံ ပဉ္စသုန္ဒရီ (အထည်ချုပ်) စက်ရုံ၊ ဘိုဆန်(ပိုက်) စက်ရုံ၊  ပုဝါမင်းသမီး စက်ရုံ၊  အောင်ကြွေပြား စက်ရုံ၊  ဆွေဇင်အေး (အထည်ချုပ်) စက်ရုံတို့ ဖြစ်ပြီး အသင်းချုပ် အနေနှင့် မြန်မာနိုင်ငံ သင်္ဘောသား များအသင်း  ချုပ်ဖြစ် ကြောင်း သိရသည်။
ဇော်လင်းထွဋ် (Yangon Media Group)
အစိုးရက ဗန်းမော်မြို့နယ်လူထုရှေ့မှောက် တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် KIO ကို ကမ်းလှမ်း
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေဆဲပါ (ဓါတ်ပုံ-Google Images)
နေပြည်တော်၊ ဧပြီ - ၂၃
ငြိမ်းချမ်းရေးဆွေးနွေးနေဆဲဖြစ်သော KIO, KIA အဖွဲ့နှင့် မြစ်ကြီးနား (သို့မဟုတ်) ဗန်းမော်မြို့နယ်တွင် လူထုရှေ့မှောက်၌ ထင်သာ၊ မြင်သာ
ဖြစ်စေရန်အတွက်ဆွေးနွေးရန် KIO, KIA အဖွဲ့ကိုအဆိုပြုထားကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ
့ခေါင်းဆောင်ဦးအောင်သောင်းက ပြောသည်။
လူထုရှေ
့မှောက်၌ ဆွေးနွေးမည်ဆိုသည်မှာ မျိုးနွယ်စုခေါင်းဆောင်များ၊ မြို့မိ၊ မြို့ဖများ၊ အငြိမ်းစားများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များပါဝင်မည်ဖြစ်သည်ဟု ဦးအောင်သောင်းကပြောသည်။ “ဆွေးနွေးဖို့အတွက် အစစအရာရာ တာဝန်ယူပါတယ်။ဆွေးနွေးမယ့်ရက်ကတော့ သူတို့ဘက်က ပြန်ကြားတာကိုပဲ စောင့်နေပါတယ်”ဟု ဦးအောင်သောင်းကပြောသည်။လက်ရှိ ငြိမ်းချမ်းရေးရယူလျက်ရှိသည့် အခြားသောလက်နက်ကိုင်အဖွဲ့များနှင့်
လည်း တတိယအကြိမ်၊ စတုတ္ထအကြိမ်ဆွေးနွေးမှုများ မကြာမီ ပြုလုပ်သွားမည်ဟုဆိုသည်။
အစိုးရသစ်လက်ထက်တွင် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေး နွေးလျက်ရှိရာ၌ အခြားအဖွဲ့များမှာ အပစ်အခတ်ရပ်စဲရေးကို
ဦးစွာဆွေးနွေးကာ နောက်ပိုင်းမှနိုင်ငံရေး ဆွေးနွေးခြင်းဖြစ်ပြီး KIO/KIA အဖွဲ့နှင့်မူ နိုင်ငံရေးအား ဦးစွာ ဆွေးနွေးနေရကြောင်း ဦးအောင်သောင်းက ပြောသည်။
ယခုကမ်းလှမ်းထားသည့်တွေ့ဆုံမှုဖြစ်မြောက်ပါကအစိုးရနှင့်ကေအိုင်အိုတို့ စတုတ္ထအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်လာမည်ဖြစ်ပြီး ပြီးခဲ့သောဆွေးနွေးမှု
သုံးကြိမ်စလုံးကို တရုတ်နိုင်ငံရွှေလီမြို့တွင်တွေ့ဆုံခဲ့သည်။
7Day News Journal
ကချင်ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ သမ္မတနှင့်တွေ့ရန် တောင်းဆို
တရုတ်နိုင်ငံ ရွှေလီတွင် ငြိမ်းချမ်းရေးဆွေးနွေးစဉ်က (ဓါတ်ပုံ-Google Images)
ရန်ကုန်၊ ဧပြီ-၂၄
မြန်မာအစိုးရနှင့် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေးတွေ့ဆုံရန် အကျိုးဆောင်ညှိနှိုင်းပေးသော အဖွဲ့တစ်ဖွဲ့ဖြစ် သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG) သည်ကချင်ပြည်နယ်တွင်း လက်ရှိဖြစ်နေသော အခြေအနေများ၊ ပြည်သူ များ ကြုံတွေ့ခံစားနေရသည့် အခက်အခဲများနှင့် ကေအိုင်အေ၏ သဘောထားများကို ပြောပြနိုင်ရန်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရန်စာဖြင့်ပေးပို့တောင်းဆိုထားသည်ဟု အဖွဲ့ဝင်တစ်ဦးကပြောသည်။
သမ္မတနှင့် တွေ့ဆုံခွင့်ရခဲ့ပါက မကြာမီ မိုးတွင်းကာလရောက်ရှိတော့မည်ဖြစ်သဖြင့် စစ်ဘေး ဒုက္ခသည်များကြုံတွေ့နိုင်သည့် အခက်အခဲများ၊ ကချင်ပြည်နယ်အတွင်း သင်္ကြန်ကာလ မတိုင်မီမှ စကာတိုက်ပွဲများ အရှိန်မြင့်လာ သည့်အကြောင်းများနှင့် ကေအိုင် အို၏သဘောထားများကို ပြောပြသွားမည်ဟု အဖွဲ့ဝင်တစ်ဦးကပြောသည်။
သမ္မတနှင့် တွေ့ဆုံနိုင်ရန် စာတစ်စောင်ရေးသားကာ ဧပြီ ၉ ရက်ကပေးပို့ထားပြီး အကြောင်းပြန်လာမည်ကို စောင့်မျှော်နေကြောင်း ယင်းအဖွဲ့ဝင်က ပြောသည်။ PCG အဖွဲ့သည် ကချင်တိုင်း ရင်းသား ၄ ဦးဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး အစိုးရနှင့် ကေအိုင်အိုတို့အကြားတွင် ငြိမ်းချမ်း ရေးတွေ့ဆုံဆွေးနွေးမှုများကြား ၀င်ညှိနှိုင်းဆောင်ရွက်နေသော အဖွဲ့ဖြစ်ပြီးထိုအဖွဲ့တွင် ဂျိတ်လန်းကုမ္ပဏီအကြီးအကဲ ဦးယွပ်ဇော်ခေါင်၊ ဦးလမိုင်ဂွန်ဂျာ၊ ဦခွန် အွမ်၊ ဦအန်ရှန်စန်အွမ်တို့ ၄ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အစိုးရ နှင့် ကေအိုင်အိုအဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့ ၃ ကြိမ်တိုင် တွေ့ဆုံနိုင်ရေး အကျိုးဆောင်ပေးခဲ့သည်။
လက်ရှိ ကချင်ပြည်နယ်တွင်းတွင် တိုက်ပွဲများမှာ အရှိန်မြင့်လာပြီး နေရပ်စွန့်ခွာထွက်ပြေးသူဦးရေမှာ ထပ်တိုးလာနေကြောင်း ပြည်နယ်တွင်း အကူအညီ ပေးရေးအဖွဲ့အစည်းများထံမှ သိရသည်။
 7Day News Journal
မြစ်ကြီးနားမြို့တွင် ဗုံးပေါက်၊ ၃ဦးဒဏ်ရာရ
ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ မြစ်ကြီးနားမြို့ ဆေးရုံလမ်းထောင့်
ပေါက်ကွဲမှုဖြစ်ပြီး မိနစ်အတန်ကြာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ စစ်ဆေးနေကြစဉ်
ယနေ့နံနက် မြစ်ကြီးနားမြို့ တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးတနာရီကျော်အကြာ မြင်တွေ့ရပုံ
ဧပြီ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်၊ နံနက် ၈နာရီ၁၅ မိနစ်-ဆိုင်းဆွတ် YPI
ယနေ့နံနက် ၇နာရီခွဲက မြစ်ကြီးနားမြို့ ဆေးရုံထောင့် ယာဉ်ထိန်းရဲကင်း အနီး ဗုံးတလုံးပေါက်ကွဲရာ အနည်းဆုံး ၃ ဦးဒဏ်ရာရပြီး ယင်းတို့အနက် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားသူ တဦးပါဝင်ကြောင်း မျက်မြင်သက်သေများကပြောသည်။
မြစ်ကြီးနားမြို့ ဆေးရုံကြီးမှ ပြောဆိုချက်အရ ဗုံးပေါက်ကွဲမှုကြောင့် ဆေးရုံ...သို့ ဒဏ်ရာရရှိသူ ၃ ဦးရောက်ရှိလာသည်ဟု အတည်ပြုပြောဆိုသည်။
ဗုံးအမျိုးအစားနှင့် မည်သည့် အဖွဲ့အစည်းလက်ချက် ဖြစ်သည် ဆိုသည်တို့ကို မသိရှိရသေးပဲ လတ်တလော အဆိုပါ လမ်းထောင့်တွင် ယာဉ်ထိန်းရဲများ၊ လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြား ကြည့်ရှုစစ်ဆေးနေသည်ကို တွေ့ရသည်။
ယခုလ ၁၄ ရက်နေ့ ညပိုင်းကလည်း မြစ်ကြီးနားမြို့ အထွက် ရထားလမ်းအနီး ဗုံးတလုံးပေါက်ကွဲ ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပေ။ ။
 Yangon Press International
  သဘာဝဓါတ်ငွေ့တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃ ဘီလျံခွဲကျော် ရရှိ
ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့မြေ
မြန်မာနိုင်ငံဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ သဘာဝဓါတ်ငွေ့တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃ ဘီလျံခွဲကျော် ရရှိခဲ့ကြောင်း ဆင်ဟွာသတင်းမှာ ရေးသားထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်နဲ့နှိုင်း ယှဉ်ရင် အမေရိကန်ဒေါ်လာ သန်း ၆၄၀ ပိုများတယ်လို့ ဆိုပါတယ်။
 လောလောဆယ် ရဲတံခွန်နဲ့ ရတနာ ဓါတ်ငွေ့စီမံကိန်းကနေ ပြည်ပကို ဓါတ်ငွေ့အများဆုံး တင်ပို့နေပြီး လာမဲ့ ၂၀၁၃ မှာတော့ ရွှေနဲ့ ဇောတိက စီမံကိန်းတွေကနေ တင်ပို့သွားမယ်လို့ သိရပါတယ်။
 ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအထိ မြန်မာ့ရေနံနဲ့ သဘာဝ ဓါတ်ငွေ့လုပ်ငန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၄ ဘီလျံနီးပါး ( 13.815 billion ) ရရှိခဲ့ကြောင်း အစိုးရစာရင်းအင်းဌာနကို ကိုးကားပြိး ဆင်ဟွာသတင်းမှာ ရေးသားထားပါတယ်။
 ဒီဗွီဘီ
  နှစ်ဆန်း တစ်ရက် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်ဆိုင်းရေး လူပ်ရှားမူ လူပေါင်းရာချီ၍ ပူးပေါင်းပါဝင် ဧပြီလ ၁၇ ရက်နေ့က ရခိုင် ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း ရပ်ဆိုင်းရေး အတွက် စစ်တွေမြို့တွင် ပြုလုပ်ခဲ့သော လူပ်ရှားမူ အတွင်း ဒေသခံ ပြည်သူများ ရာချီ၍ တက်ကြွစွာ ပူးပေါင်း ပါဝင်ခဲ့သည်။
 စစ်တွေတွင် ဤကဲ့သို့ နှစ်ဆန်း တစ်ရက်နေ့က လူပ်ရှားခဲ့ကြသည်။
ရက္ခအလင်းတန်း အဖွဲ့မှ ဦးဆောင် ပြုလုပ်သော တီရှပ် အကျီင်္များ ဆင်တူ ၀တ်ဆင်ပြီး လူပ်ရှားမူ ပြုလုပ်ရာတွင် ထိုသို့ ပြည်သူများ ပူးပေါင်း ပါဝင်လူပ်ရှားခဲ့ကြခြင်း ဖြစ်ကြောင်း ပါဝင်လူပ်ရှားခဲ့သူ ကိုစိုးမြကျော်က ပြောသည်။
" ကျွန်တော်တို့က မိမိ အသိစိတ်ဓါတ်နဲ့ ပူးပေါင်း ပါဝင် လူပ်ရှားတာ ဖြစ်ပါတယ်။ ရခိုင်ပြည်သူတွေ အကျိုး တစ်စုံတစ်ရာ မခံစားရတဲ့ ဒီစီမံကိန်းကို ကျွန်တော်တို့ အလိုမရှိဘူး။ ဒါကြောင့် ကန့်ကွက်ဖို့ လိုအပ်တယ်လို့ ထင်မြင်တဲ့ အတွက် ပူးပေါင်း ပါဝင် ကန့်ကွက်တာ ဖြစ်ပါတယ်" ဟု ပြောသည်။
ဒေသခံ လူငယ် အများအပြားသည် " Our gas, Our Future" ဟု စာတန်းပါ တီရှပ် အကျီင်္များကို ဆင်တူ ၀တ်ဆင်ပြီး သံချပ်များထိုး၍ စစ်တွေမြို့ အနှံ့ လျှောက်လည်ကာ လူပ်ရှားခဲ့ကြသည်ဟု သူက ဆက်ပြောသည်။
" ကျွန်တော်တို့က တစ်မြို့လုံးကို အင်္ကျီတွေကို ဆင်တူ ၀တ်ဆင်ပြီး ရက္ခပူရ မြင်ကွင်း သံချပ်တွေထိုးကာ လျှောက်လည်ကြပါတယ်။ အစိုးရရုံးတွေရှေ့ကိုလည်း ရောက်ပါတယ်။ အရေးကြီးပြီး လူစည်ကားတဲ့ နေရာတိုင်းကို သွားကြပါတယ်။ ဟန့်တား နှောင့်ယှက်မူတွေလည်း မခံရပါဘူး။ အစိုးရက အရင်ထက် စာရင် သဘောကောင်းလာပါတယ်" ဟု သူက ပြောသည်။
နှစ်ဆန်း တရက်နေ့တွင် ရွှေဂတ်စ် ရပ်တန့်ရေး လူပ်ရှားမူ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ရက္ခ အလင်းတန်း တာဝန်ရှိသူ တစ်ဦးကို မေးမြန်းရာ အဖွဲ့ ခေါင်းဆောင် ဖြစ်သူ ဒေါ်မာမာကျော်ဇော က ယခုလို နိရဉ္စရာသို့ ပြောသည်။
" သာမန်နေ့တွေမှာ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်တန့်ရေး အတွက် ကျွန်မတို့ တော်တော် များများ လူပ်ရှားမူတွေ ပြုလုပ်လာခဲ့ပြီး ဖြစ်ပါတယ်။ အဲသလို နေ့တွေမှာ လုပ်ရင် ဟန့်တားတာတို့၊ နှောင့်ယှက်တာတို့ ရှိတဲ့ အတွက် သင်္ကြန်ကာလ နှစ်ဆန်း တစ်ရက်နေ့ကို ရွှေးပြီး စစ်တွေမှာ ပြုလုပ် တာ ဖြစ်ပါတယ်။ ခုလူပ်ရှားမူမှာ ဘာမှ နှောင့်ယှက်တာ၊ တားဆီးတာတွေ မရှိပါဘူး" ဟု ပြောသည်။
ရက္ခအလင်းတန်း အနေဖြင့် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်တန့်ရေး အတွက် အစိုးရအား တောင်းဆို ဆန္ဒပြမူများ နေရာ အများအပြားတွင် အကြိမ်ကြိမ် ပြုလုပ် လာခဲ့ပြီ ဖြစ်သော်လည်း အစိုးရ တာဝန်ရှိသူများမှ အပြုသဘော တုန့်ပြန်မူများကို ယခုအချိန်ထိ ရရှိခြင်း မရှိသေးသဖြင့် သူတို့အနေနှင့် ဆက်လက် တွန်းအားမြှင့် လုပ်ဆောင်သွားမည်ဟု သူမက ဆက်ပြောသည်။
" အခု အခြေအနေမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကလည်း ရခိုင်ပြည်နယ် အတွင်း ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အတွက် စာတန်းဖတ်တာတို့၊ တောင်းဆိုတာတို့ ပြုလုပ်နေပါတယ်။ ကျွန်မတို့ကလည်း တောင်းဆို လူပ်ရှားနေပါတယ်။ ဒါပေမယ့် အခုအချိန်ထိ ဘာမှ ထူးခြား ပြောင်းလဲမူ ရှိမလာသေးပါဘူး။ လူတွေက ကျွန်မတို့ လူပ်ရှားမူ ပြုလုပ်တာတွေကိုဘဲ မြင်နေကြတယ်။ အစိုးရဘက်က ဘာမှ လုပ်မပေးတာကျတော့ မမြင်ကြဘဲ ဖြစ်နေပါတယ်" ဟု ပြောသည်။
ရက္ခအလင်းတန်း အဖွဲ့သည် ယခုနှစ် သင်္ကြန်တွင် ရက္ခပူရ မြင်ကွင်း ရခိုင်သင်္ကြန် သံချပ်ခွေ တစ်ခုကိုလည်း ဖြန့်ချီခဲ့ပြီး ရခိုင်ပြည်သူများ၏ ကြုံတွေ့နေရသော ဒုက္ခ အ၀၀ကို သံချပ်မှ တဆင့် ပြည်သူများသို့ တင်ပြခဲ့သည်ဟု သူမက ပြောသည်။
ရက္ခအလင်းတန်း အဖွဲ့သည် ဧပြီလ ၁၉ ရက်နေ့ကလည်း မောင်တောမြို့တွင် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်တန့်ရန် လူပ်ရှားမူ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။
နိရဉ္စရာ
ဂက်စ်ပိုက်လိုင်းအတွက်လျော်ကြေး ဒေသခံမကျေနပ် သျှမ်းပြည်ဝန်ကြီးချုပ်ထံစာတင်
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ဆိုင်းခေါင်ဝ်အုပ်စု ဒေသခံများ၏ဂက်စ်ပိုက်လိုင်းဖြတ်သန်း မှုလျော်ကြေးငွေများအပေါ် မြေတိုင်းဦးစီးမှူးနှင့်အဖွဲ့က ဖြတ်စားသည့်အပြင် အသေးစိတ်စာရင်းကိုလည်း လယ်ယာပိုင်ရှင်များအား ရှင်းလင်းချပြခြင်း မရှိကြောင်း ဒေသခံများကပြောသည်။
0204
“နမ္မတူမြို့နယ် ဆိုင်းခေါင်ဝ်အုပ်စု ပန်မန့်ရွာသား ၄ ယောက်၊ ပိန်းကျောင်းရွာသား ၁ ယောက်။ သူတို့ရဲ့လယ်မြေတွေမှာ ဂက်စ်ပိုက်လိုင်းချတော့ မနှစ်က အောက်တိုဘာလက မြေတိုင်းဦးစီးမှူး ဦးဝင်းနိုင် မြင့်နဲ့အဖွဲ့ လျော်ကြေးပေးတယ်။ ဒါပေ မယ့် လျော်ကြေးရဲ့ ၂၀ % ကနေ  ၃၀% ကို  ဖြတ်ယူတယ်။ ရွာသားတွေကနေ လျော်ကြေးပေးတဲ့ စာရင်းတောင်းကြည့် တော့လဲ မပေးဘူး။ ဒီအတွက် ရွာသားတွေက မကျေနပ်လို့ သျှမ်းပြည်ဝန်ကြီးချုပ်ဆီကိုစာတင်ကြတယ်” ဟု နမ္မတူဒေသခံ စိုင်းခမ်းကပြောသည်။
ဖြတ်ယူထားသောလျော်ကြေးငွေများအား ဝေငှယူသည့် အာဏာပိုင်များမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ငွေ၊ မြေတိုင်း ဦးစီးမှူး ဦးဝင်းနိုင်မြင့်၊ ဆိုင်းခေါင်ဝ်အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြနှင့် စာရေးမ ဒေါ်ဝင်းဝင်းစိုး တို့ဖြစ်ကြောင်း၊ နမ္မတူမြို့နယ် ဆိုင်းခေါင်ဝ်အုပ်စုအတွင်း ပိုက်လိုင်းဖြတ်သန်းခံရသော လယ်မြေခန့်မှန်းခြေ ဧက ၆၀ ဝန်းကျင်ရှိပြီး လယ်ပိုင်ရှင် ၃၀ ဦး၏ လယ်မြေများဖြစ်ကြောင်း စိုင်းခမ်းကပြောသည်။
ပိန်းလောင်းရွာသားတဦးကမူ ၎င်း၏ ဒညင်းသီးခြံမှ ဒညင်းပင် ၁၈ ပင်ပါသွားရာ လျော်ကြေးမှာမူ ၁၄ ပင်စာသာရကြောင်း၊ အာဏာပိုင်များထံ ဆက်သွယ်မေးမြန်းရာ ၄ ပင်စာမှာအာဏာပိုင်များမှဖြတ်ယူထား လိုက်ပြီဟု ပြောကြောင်း၊ ထို့အတွက် ပြန်လည်ရရှိရန်နှင့် လျော်ကြေးစာရင်း အသေးစိတ်ရှင်းလင်းပြသပေး ရန်အတွက် သျှမ်းပြည်ဝန်ကြီးချုပ်ထံ ဧပြီလ ၂၃ ရက် က တိုင်ကြားလိုက်ပြီဖြစ်ကြောင်း  တိုင်ကြားသည့် လယ်ပိုင်ရှင် ၅ ဦး အနက် တဦးကပြောသည်။
“ကုမ္မဏီက ပြောတုန်းက ၅ နှစ်စာအတွက် လျော်ပေးမယ်လို့ပြောတယ်။ ခုကျတော့ စာရင်းမရှိဘာမရှိနဲ့ဘာ အတွက် လျော် တာလဲ မြေအတွက်လား သီးနှံအတွက်လား ဘယ်လောက်လျော်ပေးလဲ အာဏာပိုင်တွေက ဘယ်လောက် ဖြတ်ယူထားလဲ စသဖြင့်ပေါ့။ အတိအကျသိချင်နေကြတယ်” ဟု စိုင်းခမ်းကပြောသည်။
အဆိုပါကိစ္စများအတွက် ယခင်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ငွေနှင့် ကျားဖြူပါတီလွှတ်တော်အမတ် နန်းခမ်းအေး ထံ လည်း အကြိမ်ကြိမ်တိုင်ကြားခဲ့ကြောင်း၊ ယခုတကြိမ် ပိုမိုထိရောက်အောင် လယ်ပိုင်ရှင် ကိုယ်တိုင် သျှမ်းပြည်ဝန်ကြီးချုပ်ထံ သွားရောက်တိုင်ကြားခြင်းဖြစ်ကြောင်း နမ္မတူဒေသခံတဦးက လည်းပြော၏။
၂၀၁၁ ဒီဇင်ဘာလကလည်း နမ္မတူမြစ်ကို   မြစ်ရေစီးကြောင်း လွှဲပြောင်းရန် မြစ်ကမ်းဘေးရှိ ဒေါ်မြဦးဆာ၊ ဦးအိုက်ထွန်း၊ စိုင်းပန်းလူနှင့်ဦးဆန်လူ တို့၏လယ်ယာခြံမြေများကို ပိုင်ရှင်များအား အသိမပေးဘဲ  ကြိုးနီခတ်  သိမ်းယူလိုက်ကြောင်း၊ ဆိုင်းခေါင်  အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြ၊ ပိန်းလောင်းရွာလူကြီးဦးစံငြိမ်း၊ တရုတ်ကုမ္ပဏီက တာဝန်ခံနှင့် တရုတ်စကား ပြန်များက အဆိုပါ မြေပိုင်ရှင် လေးဦးကို စီမံကိန်းရုံးသို့ခေါ်ယူပြီး မြေများကို သိမ်းယူတာမဟုတ်  ၊ ၆ လတာကာလအတွက် ခေတ္တ ငှားရမ်းခြင်းဖြစ်ကြောင်း၊ စီမံကိန်း ပြီးဆုံးပါက ပြန်လည်ရယူ စိုက်ပျိုးနိုင်ကြောင်း ပြောကာ လျော်ကြေးငွေ အနည်း အကျဉ်း ပေးချေပြီး တရုတ်ဘာသာဖြင့် ရေးထားသော စာရွက်၌ လက်မှတ် ရေးထိုးခိုင်းကြောင်း www.kawli.info ကော့လီမီဒီယာက ရေးသားပါသည်။
သျှမ်းသံတော်ဆင့်
ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းအဖြစ် ကူးပြောင်းနိုင်
(၂၃-၄-၂၀၁၂) ည သန်းကောင်ယံကျော်အချိန်ကစပြီး ဘင်္ဂလား ပင်လယ်အော် အနောက်တောင် ပိုင်းမှာ ပြန့်ကျဲနေတဲ့တိမ် အစတွေဟာ တဖြည်းဖြည်းစုစည်း လာပြီး လေဖိအားနည်းရပ်ဝန်းတစ်ခု အဖြစ်ရောက်ရှိ လာပါတယ်။ 
 ဒီလေဖိအားနည်းရပ်ဝန်းဟာ အနောက်ဖက်ကို တဖြည်းဖြည်း ဆက်လက်ရွေ့သွားပြီး အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေကိုဝင်ရောက်ပြီး အားပျော့သွားမလား ဒါမှမဟုတ် အရှေ့မြောက် ဖက်ကို မျောပါသွားရင်း ကမ်းလျှောက် မုန်တိုင်းအဖြစ်နဲ့ပဲ ပိုမိုအားကောင်းလာမလား ဆိုတာ နောက်ထပ်(၂၄)နာရိလောက်စောင့်ကြည့်ရ့ါဦးမယ်။ 
ဘာဘဲပြောပြော မြန်မာပြည်အတွက်တော့  အန္တရာယ်ပေးဖို့ အများကြီး လိုပါသေးတယ်။ အရှေ့မြောက်ဖက်ကို မျောပါလာရင်တော့ (၂၈-၂၉) ရက်နေ့လောက်မှာ မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဘင်္ဂလားဒေ့ရှ် နဲ့ ရခိုင်မြောက်ပိုင်းစွန်းကမ်းခြေတွေ ကို စောင့်ကြည့်ရ ပါလိမ့်မယ်။  မြစ်ဝကျွန်းပေါ်ဒေသနဲ့တော့  မပတ်သက်နိုင်ဘူးလို့ ခန့်မှန်းရပါတယ်။
ကျွန်တောာ်က ဒီကနေ့ပဲ ဟိုင်းကြီးကို ဟောပြောပွဲအတွက် ခရီးထွက်ရပါ့မယ်။ (၂၆)ရက်နေ့မှ ပြန်ရောက်ပါ့မယ်။
အခြေအနေပေးသလို လမ်းမှာ update လုပ်ပါ့မယ်။
မိုးလေ၀သနှင့် ဇလဗေဒပညာရှင်ဦးထွန်းလွင်
ထိုင်းစက်မှု ဥက္ကဌ ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင် ရှစ်ဆယ်ကျော် ရင်းနှီးမြုပ်နှံရန် လာရောက် ဆွေးနွေးမည်
ထိုင်းနိုင်ငံ စက်မှု အသင်းချုပ် ဥက္ကဋ္ဌ Mr. Payungsak Chartsutipol
ရန်ကုန်၊ ဧပြီ ၂၄
ထိုင်းနိုင်ငံ စက်မှု အသင်းချုပ် ဥက္ကဋ္ဌ Mr. Payungsak Chartsutipol ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင် ရှစ်ဆယ်ကျော်သည် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန်နှင့် ရင်းနှီးမြုပ်နှံရန် အတွက် လာရောက်မည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ စက်မှုလ
က်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံမှ စုံစမ်းသိရှိ ရသည်။
အဆိုပါ စီးပွားရေး လုပ်ငန်းရှင် အဖွဲ့သည် ဧပြီလ ၂၅ ရက်နေ့ တစ်နာရီခွဲတွင် UMFCCI အသင်းချုပ်၌ မြန်မာ-ထိုင်း စီးပွားရေး လုပ်ငန်းများအလိုက် တွေ့ဆုံ ဆွေးနွေးရန် ရှိကြောင်း UMFCCI အသင်းချုပ်၏ သတင်း ထုတ်ပြန် ကြေငြာချက်အရ သိရသည်။
ယင်း စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့တွင် မော်တော်ယာဉ် အပိုပစ္စည်း စက်မှုလုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်ရေး စက်မှုလုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း၊ အလှကုန် လုပ်ငန်း၊ ရေနံ ဓာတုနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း၊ လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ စက်ပစ္စည်း၊ သကြား ထုတ်လုပ်မှု လုပ်ငန်း၊ သံ၊ စတီး စက်မှုလုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်း၊ ကြွေထည် မြေလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတို့ ပါဝင်ကြောင်း ယင်းထုတ်ပြန် ကြေငြာချက်တွင် ဆက်လက် ဖော်ပြထားသည်။
The Voice Weekly  
တရုတ်က မြေသိမ်းတဲ့ အရာရှိတွေကို အရေးယူ
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး ဝုကန်ရွာသားတွေ ဆန္ဒပြခဲ့ကြ
တရုတ်နိုင်ငံမှာ ဟိုးလေး တကျော်ဖြစ်ခဲ့တဲ့ မြေသိမ်းခံရွာသားတွေ ဆန္ဒပြကြတဲ့ကိစ္စမှာ တရုတ် အာဏာပိုင်တွေက တာဝန်ရှိတဲ့ ရွာလူကြီးတွေကို အခုတော့ အရေးယူလိုက်ပါပြီ။
တရုတ်တောင်ပိုင်း ဝုကန်ရွာက ခေါင်းဆောင် ဟောင်း နှစ်ဦးကို မြေသိမ်းမှု၊ ရွေးကောက်ပွဲ မဲမသာမှုတွေနဲ့ တရုတ် ကွန်မြူနစ် ပါတီထဲကနေ ထုတ်ပယ်ပစ်လိုက်ပါတယ်။
နောက်ထပ် အစိုးရ အရာရှိ နှစ်ဦးလည်း အပြစ်ပေးခံရပါတယ်။
မြေသိမ်းခံရတဲ့ ဝုကန်ရွာသားတွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စပြီး စုဝေး ဆန္ဒပြမှုတွေ ဆက်တိုက် လုပ်ခဲ့ကြပါတယ်။
အဲဒီ နောက်ပိုင်း အာဏာပိုင်တွေဟာ ရွာသားတွေကို သူတို့ကြိုက်တဲ့ ခေါင်းဆောင်သစ်တွေ ရွေးကောက် တင်မြှောက် ခွင့်လည်း ပေးခဲ့ပါတယ်။
ဘီဘီစီ(မြန်မာပိုင်း) 
မတ္တရာမြို့လယ်ခေါင်ရှိ တရားမ၀င် ဓါတ်ဆီဆိုင်များကို အာဏာပိုင်များ မသိချင်ယောင်နေ
မန္တလေးတိုင်း   မတ္တရာမြို့ အမှတ်(၂)နယ်မြေ၊ ဘူတာရပ် အထင်ကရ လမ်းမကြီး (ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး) ဘေးတွင် Top Cafe ဆိုင်ပိုင်ရှင် ဦးနေ၀င်း သည် 
လက်ဖက်ရည်ဆိုင်ကို အကြောင်းပြုပြီး တရားမ၀င် ဓါတ်ဆီဒီဆယ်ဆီများ သိုလှောင်
လျှက်   (ဂါလံခွက်များရှေ့ချလျှက်) ပေါ်ပေါ်တင်တင်ရောင်းချပေးလျှက် ရှိပါသည်။ 
သို့သော်  မည်သည့် စည်ပင်သာယာ၊ မီးသတ်၊ ရယက၊ မယက အုပ်ချုပ်ရေးမှုးကမျှ
မတားဆီးတာကို တွေ့ရပါတယ်။
( မြို့နယ်အုပ်ချုပ်ရေးမှုး-ဦးအောင်ဆွေမြင့်၏ ကားများပင်လျှင် အဆိုပါဆိုင်မှာ
(အခမဲ့) ဆီဖြည့်တာ မကြာခဏတွေ့ရသကဲ့သို့ ၄င်း၏အလှူတွင်လည်း ကူညီသော
ကားများကို အဆိုပါ(တရားမ၀င်ပေါ်တင်) ရောင်းနေသော တော့ပ်ကဖေး-ဆီဆိုင်မှ ထည့်ပေးတာတွေ့ရပါတယ်။)
ထိုနည်းတူ ဘူတာပေါက်မှ ဒေါ်အမီနာသည်လည်း ထိုဆိုင်ကဲ့သို့ပင် တရားဝင်ကဲ့သို့ 
ရောင်းချနေသော်လည်း မည်သည့်အာဏာပိုင်ကမျှ မတားဆီးတာကို တွေ့ရပါသည်။
ထိုသို့တရားမ၀င်ရောင်းချသဖြင့် မတ်လတတိယပတ်က တော့ပ်ကဖေးဆိုင်အတွင်း 
မီးလောင်မှုဖြစ်ပွားခဲ့ရာ ရဲစခန်းနှင့် မီးသတ်တို့အား ၁၅သိန်းစီပေးရကြောင်း ပိုင်ရှင်
 ဦးနေ၀င်းက လူအများကို ၀မ်းသာအားရ ရှင်းပြပီး အရောင်းအ၀ယ်မပျက်(ယနေ့
အထိ ဆက်လက်ရောင်းချနေသည်မှာ လည်း အံ့သြစရာပင် ဖြစ်ပါသည်။ )
ထိုမျှ အန္တရယ်ရှိလှသော လုပ်ငန်းကို အာဏာပိုင်များက မတားဆီးသည့်အပြင်
အဆိုပါတရားမ၀င်
ဆီရောင်းချသူဦးနေ၀င်းက ၄င်းဆိုင်အနီးတွင် (ဘူတာကြီးနှင့် 
မျက်နှာချင်းဆိုင်)တွင် ဓါတ်ဆီဆိုင်အသစ်ဖွင့်လှစ် မည်ဖြစ်ကြောင်း သတ္တုတွင်း
ကို သိန်း ၁၀၀ စွမ်းအင်ဝန်ကြီးဌာနကို သိန်း ၁၀၀ ပေးပြီးဖြစ်ကြောင်း ဆီကန်ကြီးပြု
လုပ်ပြီး အဆိုပါနေရာတွင်ထားရန် အဆင်သင့်အနေအထား ဖြစ်နေပြီ ဖြစ်ကြောင်း
 တွေ့ရပါသည်။
မြို့လယ်ခေါင်တွင် ဘယ်သူမှ ဆီဆိုင်ပါမစ်ချပေးတာ မဖြစ်နိုင်သော်လည်း
ထိုလော
ဘဇော်မသတ်နိုင်သူ ကဖြင့်မကြာမီ ရောင်းချတော့မည့်အနေအထားပင်
ရောက်ရှိနေသဖြင့် မြို့နေလူထုမှ မီးဘေးစိုးရိမ်လျှက် (အာဏာပိုင်များကိုလဲ
အားမကိုးရသဖြင့်) ကူကယ်ရာမဲ့ ဖြစ်နေလေသည်။
မြို့နေလူထုအနေနှင့် သတိအနေအထားဖြင့် စောင့်ကြည့်လျှက်ရှိပြီး
ဆီဆိုင်ဖွင့်ဖြစ်မည်ဆိုပါက   ရအောင်တားဆီးသွားမည်ဖြစ်ကြောင်း တင်ပြ
လိုက်ပါသည်။
ထိုင်းနိုင်ငံ လွှတ်တော်တွင်း ညစ်ညမ်း ဓါတ်ပုံ ပြသမှု ပညာရှင် အဖွဲ့မှ စစ်ဆေးမှု ပြုလုပ်ပြီ 381631 
လွှတ်တော် အတွင်း၌ ညစ်ညမ်း ဓါတ်ပုံကို Plasma ဖန်သားပြင်ပေါ်တွင် ပြသ ခဲ့ခြင်းနှင့် ပတ်သက်၍ CAT Telecom နှင့် ပါလီမန် အိမ်တော် IT ကျွှမ်းကျင် ပညာရှင်များ အဖွဲ့မှ ယမာန်နေ့က စစ်ဆေးမှုများ ပြုလုပ် ခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါ ညစ်ညမ်း ဓါတ်ပုံသည် ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့၌ လွှတ်တော် ကိုယ်စားလှယ်များ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်နေစဉ် ငါးစက္ကန့်ခန့် ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ရုံး အိမ်တော် အရာရှိချုပ် Khamphi Ditthakorn က “မနေ့က ကျွန်တော်တို့ ကျွှမ်းကျင် ပညာရှင်အဖွဲ့ကို ဖိတ်ပြီးတော့ ဧပြီလ (၁၆) ရက်နေ့က လွှတ်တော်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ညစ်ညမ်းဓါတ်ပုံ ပြသမှုဖြစ်ရပ်ကို စစ်ဆေးမှုတွေ ပြုလုပ် စေခဲ့ပါတယ်။ စစ်ဆေး တွေ့ရှိချက် အရတော့ ဒီညစ်ညမ်း ဓါတ်ပုံဟာ လွှတ်တော် စတီရီယိုခန်း တာဝန်ကျ အမှုထမ်းက ထုတ်လွှင့်ခဲ့တာ မဟုတ်ဘူး ဆိုတာကို တွေ့ရတယ်” ဟု ပြောဆို သွားပါသည်။
ပညာရှင် အဖွဲ့များသည် လွှတ်တော် စတီရီယိုခန်း တာဝန်ကျ အမှုထမ်း၏ Smartphone နှင့် မိုဘိုင်းဖုန်း အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ iPhone, Samsung Galaxy Notes, Samsung Galaxy Tabs နှင့် iPad များ အပါအဝင် Smartphone များနှင့် Tablets အများအပြားကို စစ်ဆေးမှုများ ပြုလုပ် ခဲ့ကြသည်။ တစ်နာရီကြာ နည်းပညာရပ်များ စစ်ဆေးမှုအပြီး၌ လွှတ်တော် စတီရီယိုခန်းများမှ အမှုထမ်းများမှ ပေးပို့ ထုတ်လွှင့်ခဲ့ခြင်း မဟုတ်ကြောင်း ပညာရှင်များအဖွဲ့မှ ကောက်ချက်ချခဲ့သည်။
20120424.093914_samsung
ကျွှမ်းကျင် ပညာရှင် အဖွဲ့မှ ယမာန်နေ့က လွှတ်တော်အတွင်း
နည်းပညာ စစ်ဆေးမှုများ ပြုလုပ်ခဲ့စဉ် (ဓါတ်ပုံ - အင်တာနက်)
ပညာရှင်များအဖွဲ့မှ Samsung Galaxy Notes နှင့် Samsung Galaxy Tabs အမျိုးအစား နှစ်မျိုးသာလျှင် “All Share” ပရိုဂရာမ်ကို အသုံးပြုကာ ဒေတာ ပေးပို့မှုများကို Password မလိုအပ်ပဲ ပေးပို့နိုင်ကြောင်း တွေ့ရှိခဲ့သည်။ Samsung Devices ၏ ဒေတာ ထုတ်လွှင့်မှု signals များကို စစ်ဆေးအပြီး၌ ပညာရှင်အဖွဲ့မှ ထိုသို့ ထုတ်ဖော် ပြောကြားခြင်း ဖြစ်သည်။
သို့သော် ထိုညစ်ညမ်း ဓါတ်ပုံအား Wi-Fi system ဖြင့် ပေးပို့ကာ လွှတ်တော်ရှိ Plasma ဖန်သားပြင်ပေါ်တွင် ပြသခဲ့သူ၏ ဖုန်းနံပါတ်ကိုမူ မစစ်ဆေး နိုင်သေးကြောင်း သိရှိရပါသည်။ ထိုသို့ သဲလွန်စ ရပြီးနောက် ဖုန်းနံပါတ်နှင့် ပိုင်ရှင်ကို တစ်ရက်အတွင်း သိရှိနိုင်မည် ဖြစ်ကြောင်း ပညာရှင် အဖွဲ့မှ ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ထိုညစ်ညမ်းဓါတ်ပုံ ပေးပို့ပြသခဲ့ခြင်းအပေါ် အတိုက်အခံ ဒီမိုကရက်ပါတီ၏ လက်ချက် ဖြစ်ဖွယ်ရှိကြောင်း ထင်ကြေးပေးနေကြသည်။
381113
လက်သည်အဖြစ် ထင်ကြေးပေးခံရသူ ဒီမိုကရက်တစ် ပါတီ၏ ဗန်ကောက် အမတ်
မစ္စတာ Nat Bantadtan အား ညစ်ညမ်းပုံ ကြည့်နေစဉ် မှတ်တမ်း တင်ထားပုံ
(ဓါတ်ပုံ - အင်တာနက်)
ထိုကိစ္စနှင့် ပတ်သက်၍ အတိုက်အခံပါတီ ခေါင်းဆောင် မစ္စတာ အဖိဇစ် ဝေ့ချာချီဝမှ “ ကျွန်တော်တို့ပါတီအနေနဲ့ ကျွန်တော်တို့ရဲ့ ဗန်ကောက်မြို့တော် အမတ်ဖြစ်တဲ့ Nat Bantadtan ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ကြိုဆိုပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုကို ပူးပေါင်းပါဝင် ဖို့လည်း ဗန်ကောက်မြို့တော် အမတ်ကို ကျွန်တော် ပြောထားပြီးပါပြီ။ အကယ်၍ သူလက်ချက် ဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ပြသနိုင်ရင် ကျွှန်တော်တို့ပါတီရဲ့ စည်းမျဉ်း စည်းကမ်းများအတိုင်း အရေးယူရပါလိမ့်မယ်” ဟု ပြောဆိုသွားခဲ့ပါသည်။
ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့သည့်နေ့၍ မစ္စတာ Nat သည် မိမိ၏ ဖုန်းပေါ်၌ ညစ်ညမ်း ဓါတ်ပုံများကို ကြည့်ရှူ့နေသည်ကို အမည်မဖော်လိုသည့် ဓါတ်ပုံသတင်းထောက် တစ်ဦးက ဓါတ်ပုံရိုက်ကူး မှတ်တမ်းတင်ခဲ့သည်။ ဖန်သားပြင်ပေါ်၍ ပေါ်ခဲ့သည့် ညစ်ညမ်း ဓါတ်ပုံမှာ တစ်ဝက်ခန့် ဝတ်လစ်စလစ် မိန်းမပျို တစ်ဦးပုံဖြစ်၍ ထိုအဖြစ်အပျက်ကြောင့် လွှတ်တော် အမတ်များ အံ့အားသင့်ခဲ့ကြပြီး လွှတ်တော် တွင်း၌ အကြီးအကျယ် ဂယက်ရိုက်ခတ်မှု ခံခဲ့ရကြောင်း သိရှိရပါသည်။
ရွှေဟင်္သာသတင်းဌာန
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ခေါင်းဆောင်ေ၇ွးချယ်တင်မြောက်
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ကို နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ဖို့ မနေ့က ဆုံးဖြတ်လိုက်ပါတယ်။ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ပင်လုံအိမ်ယာက ပါတီဝင်တဦး နေအိမ်မှာ ပြုလုပ်တဲ့ ALD ပါတီ အစည်းအဝေးကနေ အခုလို ဆုံးဖြတ်လိုက်တာပါ။
အစည်းအဝေးကို ၉၀ ခုနှစ် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအ၀င် ပါတီဝင် ၂၁ ဦးတက်ရောက်ခဲ့ပြီး ပါတီဖွဲ့စည်းပုံ၊ မူဝါဒ၊ မှတ်ပုံတင်ပြီးပါက ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများ ရခိုင်တိုင်းရင်းသားအင်အားစုအချင်းချင်းပေါင်းစည်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ လွှတ်တော်ပြင်ပနိုင်ငံရေးနှင့် ဒေသဖွံ့ဖြိုးမှုနှင့် ပတ်သက်ပြီး လုပ်ဆောင်သွားမည့်ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးမှာ ပါတီခေါင်းဆောင်အဖြစ် ဦးအေးသာအောင်၊ ဒုခေါင်းဆောင်အဖြစ် ဦးကျော်မြင့်တို့ကို တင်မြှောက်ခဲ့ပြီး ပါတီတရားဝင် မှတ်ပုံတင်ပြီးရင် ပါတီဥက္ကဋ္ဌ ရာထူးအပါအ၀င် CEC အဖွဲ့ဝင်များကို
ပြန်လည်ရွေးချယ်မယ်လို့ သိရပါတယ်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ပါတီဟာ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် နေရာ တတိယ အများဆုံး ရရှိခဲ့ပေမယ့်
နောက်ပိုင်းမှာ စစ်အစိုးရက ပါတီကို ဖျက်သိမ်းတာ ခံခဲ့ရပါတယ်။ ဒါပေမယ့် ၁၉၉၈ ခုနှစ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် တခြား တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းပြီး လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ကို ဖွဲ့စည်းခဲ့ပါတယ်။
RFA (မြန်မာပိုင်း)
No comments: