Tuesday, April 24, 2012

တံခါးပိတ်ပြီး လက်ယပ်ခေါ်နေသော လွှတ်တော်



                                                        ( မောင်မောင်ဝမ်း )

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အများစုအနိုင် ရရှိခဲ့တယ်ဆိုတာ..အားလုံးအသိဖြစ်ပါတယ်…သို့သော် လွှတ်တော် တက်ခါနီးဆဲဆဲမှာ ကျမ်းသစ္စာကျိန် ဆိုခြင်း စာသားနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ကိစ္စကဖြစ်လာတယ်..ဒီကိစ္စဟာ သာမန်ကြည့်မယ်ဆို… အသေးဖွားလေးလိုလို…ကျော်လွှားသွားရင်ပဲဖြစ်တော့မရောင်ရောင် ပြောဆိုနေတဲ့ ခပ်ညံ့ညံ့ လွှတ်တော် ကိုယ်စားလှယ်ဆိုသူများရဲ့အင်တာဗျူးများကိုလည်း နားထောင်လိုက်ရပါတယ်….။
          လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးခင်ရွှေ ကဆို….၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ ကျမ်းသစ္စာကတိပြုချက်(အင်္ဂလိပ်လို ) ဟာနဲ့ တလွဲ ဒီမိုကရေစီဖွံ့ဖြိုးနေတဲ့..နိုင်ငံတွေက…ကျမ်းသစ္စာ ကျိန်ဆို ချက်တွေကိုမဆီမဆိုင် ကိုးကားပြီးပြောသွားလေရဲ့…ပြောသွားတော့လည်း အင်္ဂလိပ်လို တလွဲတွေ ချည်းပဲ… သူပြောသွားတာက………
အမေရိကန်မှာ ဆိုရင် - I will support to defend of the constitution.
ဂျာမနီမှာ ဆိုရင် - Defend of the visit law.
ဂျပန်မှာ ဆိုရင် - I will protect of the defend of the national chatter.
ဂရိမှာလည်း ဒီတိုင်းပဲ...
အိန္ဒယမှာ ဆိုရင် - Will to the best of the ability of the protect of the defend.
ဖိလစ်ပိုင်မှာ ဆိုရင် - Defend of the constitution.
စင်္ကာပူမှာ ဆိုရင် - l will preserve, protect of the defend of the Constitution of the Republic of Singapore.
ဒီလိုမျိုးသစ္စာ ဆိုပြီးမှသာလျှင် လွှတ်တော်ထဲ ၀င်လို့ရတယ်... ဒါကြောင့်မို့လို့ ဘယ်လိုပဲ ဖြစ်ဖြစ် ဟောင်း အဲ့ဘား ပြည်သူတစ်ယောက်နဲ့ နေမယ်ဆိုရင်တော့ ရီစပက် ဆိုတဲ့ စကားလုံးနဲ့ နေလို့ရတယ်။ လွှတ်တော်ထဲ ၀င်မယ်ဆိုရင်တော့ ဒီဖန့်ဆိုတဲ့ စကားလုံးနဲ့မှ ၀င်လို့ရတယ်။ DBV နဲ့ အင်တာဗျူး မှာ ဒေါက်တာ ခင်ရွှေ ပြော သွားတဲ့စကားအချို့ပါ။ မေးတာနဲ့ ဖြေတာတလွှဲစီ ဖြစ်ရတဲ့အထဲ အဓိပ္ပါယ် မသိပဲ ရွတ်ပြသွား တာ တော်တော် ဆိုးတယ်။ ( facebook မှာ တယောက်တင်ထားတဲ့ ဟာပါ )
          ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ..ကျမ်းသစ္စာကျိန်ဆိုချက်မှာ..အင်္ဂလိပ်လိုသူပြောသွားတဲ့အထဲက          
( defend ) ကာကွယ်ပါမည် ဆိုတာ တလုံးမှ မပါဘူး…မဆီမဆိုင်တွေ ငါ့စကားနွားရပြောသွားတယ်. …ဒါက ၂၀၀၈ ဖွဲ့စည်းပုံထဲက ကျမ်းကျိန်ချက်

                                                SCHEDULE FOUR
                                       Form of Oaths or Affirmation
                                                   (Refer to Section 125)
I ................ do solemnly and sincerely promise that as an elected representative
of the Pyithu Hluttaw/ the Amyotha Hluttaw/ the Region or State Hluttaw, I will uphold
and abide by the Constitution of the Union. I will be loyal to the Republic of the
Union of Myanmar and citizenry and hold always in esteem non-disintegration
of the Union, non-disintegration of national solidarity and perpetuation of sovereignty.
In addition, I will carry out the responsibilities uprightly to the best of my ability.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲမ၀င်ပဲ ဆိုင်းငံ့နေမှု့သည်..ဝေါဟာရပြသနာမဟုတ်ပါယုံကြည် ချက်ပြသနာဖြစ်သည်..ဒီကိစ္စကိုပေါ့ပေါ့သဘောထားမရပါ..။ အစိုးရဘက်က ပြဌာန်းထားသော ကျမ်းသစ္စာ ဆိုချက်တွင်..အင်္ဂလိပ်လို..uphold ဆိုတာကို ရှင်းပြချင်ပါသည်..အဓိပ္ပါယ်က..
(To maintain or affirm against opposition - မဆန့်ကျင်ဘို့ အတည်ပြုရမည်၊ထိန်းသိမ်းပါမည် ၊    To prevent  from falling or sinking - ပျက်စီးမသွားအောင် တားဆီးပါမည် ) ......စဉ်းစားကြည့် ပါ... .NLD ရွေးကောက်ပွဲမှာလူထုကို ကတိပေးထားတာက...၂၀၀၈ ဖွဲ့စည်းပုံပြင်မယ်ဆိုတာ...အဓိကမူ. ..ဒီကိစ္စ ကို လွယ်လွယ်လေး ခပ်ပေါ့ပေါ့လုပ်လိုက်ရင်...လူထုကို ပေးထားတဲ့ကတိဖျက်ရာမရောက်ဘူးလား...NLD လုပ်ရပ်မှန်တယ်....ဒီကိစ္စဟာ...လူထုဆန္ဒကို ရွေးကောက်ပွဲအပြီးမှာ ထပ်ဆင့်ဖော်ဆောင်တာ....။
          .အရပ်ထဲ ရွာထဲမှာ ပြောသလို ရမ်းတုတ် ရမ်းပြော ရမ်းလုပ်လို့ ရတဲ့ အရာမဟုတ်… အရေးကြီးပါ တယ်..လွှတ်တော်ထဲမှာ ဖြေရှင်းတယ်ဆိုတာ….တရားရုံးတရုံးမှာထုချေရသလိုဖြစ်ပါတယ်…အချက်အလက်တွေ အထောက်အထားတွေ ယုတ္တိသဘောတရားတွေ လက်ခံနိုင်မှု့တွေနဲ့ ပေါင်းစပ်ကြိုးစားရတဲ့ အမျိုးပါ… ကိုယ်ထင်တာ မြင်တာတွေနဲ့ ရမ်းပြောလို့မရ။ ဥပမာပြောမယ်ဆိုရင်တောင်မှ…ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ်။( မင်းပြောမှလား ငါတို့ သိတယ်လို့ ခွန်းတုန့်မပြန်ပါနဲ့ဦး ) ဆက်ရှင်းပါမယ်… ..အရင်ပြောနေတဲ့လူထုခေါင်းဆောင်ဆိုတာလူထုကသတ်မှတ်ပေးထားတဲ့ခေါင်းစဉ်….အခုလူထုခေါင်းဆောင် ဆိုတာ ဥပဒေအရပါ..( Legally ) လူထုခေါင်းဆောင်ဖြစ်သွားတယ်….။
          တခါ ( defend ) ကာကွယ်ပါမည် ဆိုတဲ့စကားလုံးသုံးရအောင်လည်း…၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဒီမိုကရေစီ အင်္ဂါရပ်များနဲ့ညီညွတ်အောင် ဆောင်ရွက်ထားတဲ့ အရာမဟုတ်…ဒီစကားလုံးကို ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံ ၊ လူ့အခွင့်ရေးဖွံ့ဖြိုးတဲ့ နိုင်ငံများမှာ ပြင်စရာမလိုလောက်တဲ့ အနေထားမို့ သုံးတာ….။
          အမေရိကန်ပြည်ထောင်စုမှာ ကိုယ်စားလှယ်တွေကို လူထုကရွေးချယ်တင်မြှောက်အပြီး… ကွန်ဂရက် မစခင် ကျမ်းသစ္စာ ကျိန်ဆိုရပါတယ် ( နိုင်ငံတော်တော်များများလည်း ဒီအတိုင်းပါပဲ )…

          A solemn affirmation or declaration, made with an appeal to God for the truth of what is
affirmed. The appeal to God in an oath, implies that the person imprecates his vengeance and
renounces his favor if the declaration is false, or if the declaration is a promise, the person
invokes the vengeance of God if he should fail to fulfill it. A false oath is called perjury.”

          ဆိုလိုရင်းအနှစ်ကို ဆီလျှော်အောင်တင်ပြပါမယ်….ကျမ်းသစ္စာ ကျိန်ဆိုတယ်ဆိုတာ အတည်ပြုပြဌာန်း ထားချက်များသည် အမှန်များဖြစ်ပါသည် ဒီအတိုင်း လိုက်နာပါမည် ဆိုတာကို ဘုရားသခင်ဆီ လျှောက်ထား ကတိပြုလိုက်တာ….။ဒါတွေကို ကတိပြုပြီးရင် လိုက်နာရမည်..သို့မဟုတ်က..( လူသားမဆိုထားဘိ ) ဘုရားသခင်ကတောင် ဒဏ်ခတ်မည်။ ကတိသစ္စာပြုပြီး..လိုက်နာရန်ပျက်ကွက်ခြင်းကို မုသားသက်သေခံခြင်း လို့ခေါ်တယ်။
          ဒီလိုကိစ္စမျိုးကို ပေါ့ပေါ့ဆဆ ကျော်လွှားသွားသင့်ပါသလား။ပြင်စရာ မလိုလောက်အောင်နီးပါး ရှိနေသောဖွဲ့စည်းပုံအခြေခံဥပဒေအတွက်အကြောင်းမဟုတ်လှပေမဲ့…ပြင်စရာအများကြီးနဲ့ ပြည့်နှက်နေေ သာ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို…လွယ်လွယ်ကူကူနဲ့..တို့ကတော့ လူထုက တရားဝင်ရွေးချယ် တင်မြှောက်လိုက်တဲ့..လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ပြီ…လွှတ်တော်ထဲ ၀င်ကြစို့ ဆို လုပ်လို့မရ.. လွှတ်တော်တံခါးဝမှာ..ဆီးပိတ်ထားသော ကျမ်းသစ္စာကျိန်ဆိုခြင်း..ဆိုတဲ့အရာကြီးရှိနေ ပါတယ်…  
ဒီ တံခါးနောက် ကနေ..လက်ယပ်ခေါ်နေမှု့များကို…..လူပြိန်းဆန်သည်ဟုပြောချင်ပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘာ့ကြောင့် နဂိုက ဒီကိစ္စကို စမလုပ်တာလဲ
          လွှတ်တော်တွင်း ကိစ္စကို နဂိုက ကြိုတင်ပြင်ဆင်ပြီးလုပ်ဆောင်ရန် ဘောင်မ၀င်နိုင်ပါ။ ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ…တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီတောင်မှ မဟုတ်ပါ…မှတ်ပုံတင်ပြီး သည့် တိုင်အောင် လည်း….လူထုကရွေးချယ်တင်မြှောက်အပ်နှင်းထားတဲ့ ( Mandate ) ပါဝါ မရှိသေး ပါ။ယခုအချိန်ကာလသည်ထိုကဲ့သို့သော ကိစ္စများကို ထောက်ပြပြောဆိုရန်ဥပဒေပါအခွင့်အရေးများနှင့် အညီ ကိုက်ညီနေပြီဖြစ်သောကြောင့်….ဖွင့်ဟညွှန်ပြလိုက်ခြင်းဖြစ်သည်ဟုယုံကြည်မိပါတယ်။( ၁၉၉၀ ခုနှစ်က အကြောင်းအရာများနဲ့အငြင်းပွားမယ်ဆိုရင်တော့…အဓိပ္ပါယ်တွေအများကြီးထွက်နိုင်ပါတယ်.. သို့သော် ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင်က လိုလိုလားလား တဆစ်ချိုးပြောင်းလည်း ဦးတည်သွားခြင်း ကိုတော့ မျက်ခြေမပြတ်မိဘို့ လိုကောင်းလိုပါလိမ့်မည် )
          ယခု အငြင်းပွားဖွယ်ဖြစ်နေသော ကျမ်းသစ္စာ ကျိန်ဆိုခြင်း(Oaths or Affirmation ) သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲတွင် ပြည်သူအား ပေးထားသော ကတိကို စတင်အကောင် ထည်ဖော်ခြင်းပင်ဖြစ်ပေသည်။လွှတ်တော်တွင်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ဝင်ရောက် ဆောင်ရွက် ရန်အခြေနေမပေးသော်လည်း…လွှတ်တော်တွင်း ရှိနေသော…ပါတီအသီးသီး ၊ တသီးပုဂ္ဂိုလ အသီးသီးကနေ..ဒီကိစ္စကို စတင် တင်ပြဆွေးနွေး…ဖြင့်စတင်နိုင်မယ်လို့ထင်ပါတယ်….လွှတ်တော်ပြင်ပမှာ ရှိနေတဲ့ ပြည်တွင်း ပြည်ပဒီမိုကရေစီအင်အားစုများမှလည်း…၀ိုင်းဝန်း ဖိအားပေးကြိုးစား လုပ်ဆောင် ဘို့လိုပါ လိမ့်မည်။
      ယခုကိစ္စသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်(ဈေးသည် စကားနဲ့ပြောရရင်)ဈေးဦးဖောက်ဖြစ် ပါ တယ်…ဈေးဦးဖောက်မှာ…အလားအလာမကောင်းရင်…ဈေးရောင်းမကောင်းတတ်ဆိုတဲ့ဗမာတွေအယူ အ ဆလိုဖြစ်သွားမှာ စိုးရိမ်မိပါတယ်…..အောင်မြင်ခဲ့မယ်ဆိုရင်…၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ၏ ပထမဆုံးပြင်ဆင်ချက်( First Amendment )အဖြစ်သမိုင်းတွင်နေပါလိမ့်မယ်…
အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးအခြေခံဥပဒေပြင်ဆင်ချက်(Bill of Right)ဟာလူသန်းပေါင်းများစွာ ကိုနှစ်ပေါင်းများ စွာ စောင့်ရှောက် သွားနိုင်သလို မြန်မာနိုင်ငံရဲ့ (Oaths or Affirmation amendment )
ဟာလည်းဒီမိုကရေစီပြတင်းပေါက်ကိုစတင်ဖွင့်လှစ်ပြီးအာဏာရှင်တံတိုင်းကြီးကိုစတင်ရိုက်ချိုးမဲ့အစဦးဖြစ်ပါ လိမ့် မယ်။

                                                          အားလုံးကိုလေးစားစွာဖြင့်
                                                          ( မောင်မောင်ဝမ်း )

No comments: