Friday, April 20, 2012

၎/ ၂၀/ ၂၀၁၂ သတင်းများ

ပြည်တွင်းရေကြောင်းသင်္ဘောခ ဈေးနှုန်းတွေ ထပ်မံတိုးမြှင့်
ရန်ကုန်ကနေ ဧရာဝတီတိုင်း ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ
ပြေးဆွဲနေတဲ့ အစိုးရပိုင် ပြည်တွင်းရေကြောင်းသင်္ဘောခ ဈေးနှုန်းတွေကို ၄၀
ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအကြား ထပ်မံတိုးမြှင့်လိုက်ကြောင်း ဌာန
ကြေငြာချက်အရ သိရပါတယ်။

ရန်ကုန်-မော်ကျွန်း ရိုးရိုးတန်းလက်မှတ် ယခင် ကျပ် ၁၀၀၀ မှ ယခု ကျပ် ၁၄၀၀၊ ပထမတန်း ယခင် ကျပ် ၃၀၀၀ မှ ယခု ကျပ် ၅၀၀၀၊ ရန်ကုန်- လပွတ္တာ ရိုးရိုးတန်း ယခင် ကျပ် ၁၇၀၀မှ ယခု ကျပ် ၂၈၀၀၊ ပထမတန်း ယခင် ၅၁၃၀ မှ ယခု ကျပ် ၇၇၀၀ တိုးမြှင့်သတ်မှတ်ထားပါတယ်။

 ပြည်တွင်းရေကြောင်းဟာ ပြီးခဲ့တဲ့ ၂၀၁၁ သြဂုတ်လ တုန်းကလည်း သင်္ဘောခတွေကို တိုးမြှင့်ခဲ့ပြီး အဲဒီအချိန်က ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် လက်ရှိ သင်္ဘောခတွေဟာ (၃) ဆ နီးပါးဖြစ်လာကြောင်း စုံစမ်းသိရပါတယ်။

ဒီဗွီဘီ 

သမ္မတကြီးဦးသိန်းစိန်နှင့်မဲခေါင်ဒေသနိုင်ငံ့အကြီးအကဲများ ဂျပန်ဘုရင်မင်းမြတ်၏ လက်ဖက်ရည်ပွဲတက်ရောက်
တိုကျိုဧပြီ ၂၀
ဂျပန်နိုင်ငံတိုကျိုမြို့သို့ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်အပါအ၀င် မဲခေါင်နိုင်ငံများမှ ခေါင်းဆောင်များသည် ဧပြီ၂၀ရက် ညနေ ၃နာရီ ၂၀မိနစ်က ဂျပန်ဘုရင့်နန်းတော်သို့သွားရောက်ကာ လက်ဖက်ရည်ဧည့်ခံပွဲသို့တက်ရောက်ခဲ့ကြသည်။ သမ္မတဦးသိန်းစိန်နှင့် မဲခေါင်ဒေသနိုင်ငံအကြီးအကဲများသည် တည်းခိုရာ ဟိုတယ်နယူးအိုတာနီမှဘုရင့်နန်းတော်သို့သွားရောက်ရာတွင် အခြားဝန်ကြီးများနှင့် ဌာနဆိုင်ရာအရာရှိများမပါဝင်ဘဲ နိုင်ငံ့အကြီးအကဲများသီးသန့်သာ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။သတင်းမီဒီယာများသတင်းရယူရာတွင်လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်မှ ကန့်သတ်မှုများပြုလုပ်ထားသည်ကိုတွေ့ရှိရသည်။
သမ္မတဦးသိန်းစိန်နှင့် မဲခေါင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများသည် ယနေ့ဧပြီ၂၀ရက်မွန်းလွဲပ၁၂နာရီက ဂျပန်စီးပွားရေးလုပ်ငန်းအဖွဲ့ KEIDANREN နှင့် ဂျပန်ကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်းJCCI တို့က တည်ခင်းသည့် နေ့လယ်စာစားပွဲသို့တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။ထိုနေ့လယ်စာစားပွဲသို့ သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဒုတိယ၀န်ကြီးနှင့် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်းနာယက ဦးအောင်ကိုဝင်း၊ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ တက်ရောက်ခဲ့ကြသည်။
ယနေ့ညပိုင်းတွင် ဧည့်သည်နိုင်ငံ့အကြီးအကဲများအား ဂျပန်ဝန်ကြီးချုပ်က ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံရန်ရှိကြောင်းသတင်းရရှိသည်။
 

မဲခေါင်ဒေသနိုင်ငံအကြီးအကဲများ တည်းခိုရာ ဟိုတယ်နယူးအိုတာနီမှ ဘုရင့်နန်းတော်သို့ထွက်ခွာရန်ပြင်ဆင်နေစဉ်။


Yangon Media Group  

ဂျပန် ရင်းနှီးမြှုပ်နှံမှုများအား ဦးသိန်းစိန် ဖိတ်ခေါ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

 နယူးဒေလီ (မဇ္ဈိမ) ။       ။ တိုကျိုမြို့သို့ ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်က ဂျပန်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ အား မြန်မာနိုင်ငံမှ စိတ်အားထက်သန်စွာ လိုအပ်လှကြောင်း သောကြာနေ့က ထုတ်ဖော် ပြသလိုက်သည်။

စတုတ္ထအကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်နေသည့် ဦးသိန်းစိန်က “ကျနော်တို့ အနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်။ အထူးစီးပွားရေးဇုန်တွေလည်း တည်ဆောက်နေ ပါတယ်။ ဒီအခွင့်အရေးမှာ ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေကို ကျနော်တို့ ကြိုဆိုပါတယ်” ဟု ဖိတ်ခေါ်လိုက်ကြောင်း
အေပီသတင်းတရပ်တွင် ရေးသားထားသည်။

“ဂုဏ်သတင်းကြီးပြီး အောင်မြင်လှတဲ့ ဂျပန်ကုမ္ပဏီကြီးတွေအနေနဲ့ ကျနော်တို့ရဲ့ ဒီအားထုတ်မှုကို ကူညီကြလိမ့် မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဂျပန်စီးပွားရေးတွင် သြဇာကြီးလှသည့် Keidanren အဖွဲ့ကြီးက တည်ခင်းသော
နေ့လည်စာ စားပွဲတွင် မြန်မာသမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ငါးရက်ကြာ ခရီးစဉ်အတွင်း ဦးသိန်းစိန်သည် ဂျပန်ဝန်ကြီးချုပ်နှင့်ဆွေးနွေးမည်ဖြစ်သည်။ ဂျပန် အကူအညီများ
ပြန်လည် ရရှိရန်ရှိပြီး ယခင်တင်ရှိနေသော ကြွေးမြီ ဒေါ်လာ သန်းပေါင်း ၃.၇ ထောင်အား ဂျပန်အစိုးရက
လျှော်ပစ်ဖွယ် ရှိနေသည်။

ဂျပန်စီးပွားရေးကုမ္ပဏီအချို့ကလည်း မြန်မာနိုင်ငံတွင် စီမံကိန်းများ စတင်ကာ ရင်းနှီးမြှုပ်နှံကြရန် စိတ်ဝင်စားမှုများ
ပြသနေကြသည်။

Tokyo Stock Exchange နှင့် Daiwa Securities Group တို့ကလည်း လွန်ခဲ့သည့် သီတင်းပါတ်အတွင်းက မြန်မာ့ ဗဟိုဘဏ်နှင့် ၂ဝ၁၅ ခုနှစ်တွင် စတော့ဈေးကွက် စတင်နိုင်ရန် ကူညီမည်ဟူ သဘောတူထားခဲ့ပြီး ဖြစ်သည်။

နည်းပညာကုမ္ပဏီကြီးတခုဖြစ်သည့် NTT Data Corp ကလည်း ရန်ကုန်မြို့တွင် ကုမ္ပဏီခွဲ တည်ထောင်သွားမည်ဟု ကြာသပတေးနေ့က ပြောကြားလိုက်သည်။

JETRO ခေါ် ဂျပန်ပြည်ပ ကုန်သွယ်ရေး အဖွဲ့ကြီးမှ အရာရှိတဦးဖြစ်သည့် Eitaro Kojima ကလည်း လက်ရှိ
မြန်မာနိုင်ငံ၏ အခြေအနေမှာ ဂျပန်စီးပွားရေး လုပ်ငန်းများအတွက် “ဘယ်နည်းနဲ့ကြည့်ကြည့် ဒါဟာ တကယ့် အခွင့်ကောင်းပဲ”ဟု ပြောဆိုလိုက်ပြီး လက်လီအရောင်းသမားများ၊ ထုတ်လုပ်သူများနှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများ ကလည်း မြန်မာပြည်တွင် ရင်းနှီးလုပ်ကိုင်လိုကြသည်ဟု ဆိုသည်။

“နိုင်ငံရေးအရ အဟန့်အတားကတော့ ခုထိ ရှိနေဆဲပါ။ ဒါပေမယ့် ဒီအတားအဆီးဟာ ပြိုလာနေပါပြီ။ ရင်းနှီးမြှုပ်နှံမှု
တွေဟာ ဒီကစပြီး တောက်လျှောက် အရှိန်မြင့်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်”ဟု JETRO အရာရှိက ပြော သည်။

မြန်မာအစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များအရ ၁၉၈၈ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် နိုဝင်္ဘာလအထိ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၂၁၄.၉ သန်းမျှသာ ရှိခဲ့ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး၊ စက်မှုဝန်ကြီး၊ စီးပွား/ကူးသန်းဝန်ကြီး၊ စီမံ/စီးပွားဝန်ကြီးတို့လည်း လိုက်ပါသွားကြောင်း သောကြာနေ့ထုတ်
နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အနေနှင့် ဂျပန်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ စီးပွားရေး ဝန်ကြီးတို့အပြင် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့်လည်း တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်မတက်ရန်သေချာသလောက်ရှိ
ရန်ကုန်၊ ဧပြီ- ၂၀
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ

 ကြားဖြတ်ရွေးကောက်ပွဲတွင်အနိုင်ရကိုယ်စားလှယ်များ ဧပြီ ၂၃ ရက်တွင်ကျင်းပမည့် စတုတ္ထပုံမှန်လွှတ်တော်အစည်းအဝေးများသို့ မတက်ရန်ရာခိုင်နှုန်းများနေပြီဖြစ်ကြောင်း အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဥဏ်ဝင်းက မီဒီယာများသို့ ယခုနာရီပိုင်းအတွင်းပြောကြားလိုက်သည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ပြီးပြတ်အောင် ပြေလည်အောင်ကြိုးစားမယ်။ ဒီနေ့ ၂၀ ရက်ဖြစ်နေတော့ စာအသွားအလာနဲ့တော့မှီနိုင်လောက်တဲ့အနေအထားမတွေ့ဘူး" ဟု ဦးဥဏ်ဝင်းကပြောသည်။ 

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကျမ်းသစ္စာကျိန်ဆိုရာတွင်ပါဝင်သည့် "အခြေခံဥပဒေကို ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်" ဆိုသည့်စကားရပ်အစား "အခြေခံဥပဒေကိုလေးစားလိုက်နာပါမည်" ဆိုသည့်စကားရပ်နှင့်ပြင်ဆင်ပေးရန်အဖွဲ့ချုပ်ကတောင်းဆိုထားခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စကို နေပြည်တော်ရှိဖွဲ့စည်းပုံဆိုင်ရာအခြေခံဥပဒေခုံရုံးက ပြင်ဆင်ရေးသားပေးရန်မလိုအပ်ကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူကိုခေါ်ယူရှင်းပြခဲ့ခြင်းကြောင့်ဖြစ်သည်ဟုဦးဥဏ်ဝင်းကဆိုသည်။ 

"ဒီကိစ္စနဲ့ပတ်သက်ပြီး ခုံရုံးကကျွန်တော်တို့ကို ကောင်းမွန်စွာဆက်ဆံတယ်။ စိတ်ရှည်လက်ရှည်ရှင်းပြတယ်။ ဒါကိုလက်ခံပါတယ်။ ဒါပေမယ့် သူတို့ရှင်းပြတာတွေကို သဘောမတူတဲ့အချက်တွေရှိပါတယ်" ကိုယ်တိုင်သွားရောက်ခဲ့သည့် ဦးဥဏ်ဝင်းကပြောသည်။ 

ဧပြီ ၁ ရက်ကကျင်းပခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်နေရာ ၄၅ နေရာအနက် ၄၃ နေရအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
 7Day News Journal

မူဆယ်မြို့ ၁၀၅ မိုင်ဂိတ်မှာ ဗုံးပေါက်ကွဲလို့ အရာရှိတစ်ဦး သေဆုံး

2012-04-20
တရုတ် မြန်မာနယ်စပ်မြို့ တစ်မြို့ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်းက မူဆယ်မြို့ ၁၀၅ မိုင်ဂိတ်မှာ ဧပြီ ၂၀ ရက်နေ့ ဒီကနေ့ မနက် ၅ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့လို့ ဂိတ်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

AFP
တရုတ်-မြန်မာနယ်စပ်၊ ကျယ်ဂေါင်-မူဆယ် နယ်စပ်ဂိတ်တံခါးကို တရုတ်မြို့ ကျယ်ဂေါင်ဖက်မှနေ၍ မြင်ရပုံ ဖြစ်ပါသည်။ (Photo: AFP)
အဲဒီ ပေါက်ကွဲခဲ့မှုနဲ့ ပတ်သက်ပြီး မူဆယ်မြို့ခံတစ်ဦးက အာအက်ဖ်အေကို အခုလို ပြောပါတယ်။
"ဖြစ်တာတော့ ၅ နာရီကနေ စဖြစ်တယ်။ ကားအ၀င် အထွက်နားမှာ၊ ၁၀၅ မိုင် ခရီးသည်တွေ စစ်တဲ့နေရာ ဂိတ်နားမှာ၊ ဂိတ်ထဲမှာပဲ ခရီးသည်တွေ ဘာတွေ ကြည့်ပြီးမှ၊ အဲဒီ မှတ်ပုံတင်တွေ ဘာတွေ စစ်တဲ့ အဲဒီ ဂိတ်နားမှာပဲ လ၀က ကတစ်ယောက် တခါတည်း သေသွားတယ်။ နာမည်တော့ မသိဘူး။ ဒဏ်ရာတော့ တစ်ယောက်မှ မရဘူး။ တစ်ယောက်ပဲ သေသွားတယ်။"
ဗုံးဒဏ်ကြောင့် သေဆုံးသွားတဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိကိုတော့ မူဆယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆက်ပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့ရတဲ့ ဖြစ်စဉ်အသေးစိတ် သိရှိနိုင်ဖို့ ရဲစခန်းကို ဆက်သွယ်ခဲ့ရာ မူဆယ်ခရိုင် ရဲစခန်းက မြို့နယ်ရဲစခန်းကိုပဲ မေးမြန်းဖို့ ပြောဆိုခဲ့လို့ မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပေါက်ကွဲ သေဆုံးကြောင်း အတည်ပြု ပြောဆိုပေမယ့် အသေးစိတ် ပြောဆိုနိုင်ခြင်း မရှိကြောင်း ပြောပါတယ်။
မူဆယ်မြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ညတုန်းကလည်း ဟိုမွန်ရပ်ကွက် အတွင်းမှာရှိတဲ့ စသုံးလုံးရုံးရှေ့မှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့သလို ဒီဇင်ဘာလ ၃ ရက်မှာလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အပြင်ဖက်က လမ်းမကြီးအနီး စစ်ဆေးရေးဂိတ်ရှေ့မှာ ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့လို့ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိပါတယ်။
နောက်ဆုံးရတဲ့ ဆင်ဟွာသတင်းမှာ သေဆုံးသူ အရာရှိဟာ ဦးကြည်ထွန်းလို့ ဖော်ပြထားပါတယ်။
မူဆယ် (၁၀၅)မိုင်ဇုန်အတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွါး
မူဆယ် (၁၀၅)မိုင်ဇုန်အတွင် ဗုံးပေါက်ကွဲမှု ယနေ့နံနက် ၅နာရီ မိနစ် ၂၀ခန့်တွင် ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။ သေဆုံးသူမှာ လ၀ကမှ အရာရှိတစ်ဦး ဖြစ်ကြောင်း သိရသည်။ ဗုံပေါက်ကွဲသည့်နေရာတွင် ၀ါယာကြိုးအချို့နှင့် ဓါတ်ခဲများတွေ့ရှိရကြောင်း၊ ဖြစ်ပွားသည့်နေရာမှာ မူဆယ် (၁၀၅)မိုင် ၀င်းအတွင်းရှိ ယာဉ်များ စစ်ဆေးသည့် နေရာတွင် ဖြစ်ကြောင်း Eleven Media Group (Facebook)စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်
မြန်မာလူငယ် အုပ်ချုပ်ရေးဝန်ထမ်း ဂျပန်သို့ ပညာသင်ခေါ်မည်
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ကူညီတဲ့အနေနဲ့ ဂျပန်အစိုးရက မြန်မာ လူငယ် အုပ်ချုပ်ရေး ၀န်ထမ်းတွေကို ဂျပန်နိုင်ငံမှာ လာရောက်လေ့လာ ဆည်းပူးဖို့အတွက် ယန်းငွေ သန်း (၂၀၀)
ထောက်ပံ့မယ်လို့ ဆုံးဖြတ်လိုက်ကြောင်း ဂျပန်အစိုးရ သတင်းရပ်ကွက်ကို ကိုးကားပြီး ယူမီယူရီ ရှင်ဘွန်း သတင်းစာက ဖေါ်ပြလိုက်ပါတယ်။

ဒီကနေ့ ဧပြီလ (၂၀) ရက်နေ့ သမ္မတ ဦးသိန်းစိန် တိုကျိုမြို့ကို ရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါ နဲ့ တွေ့ဆုံတဲ့အခါ ဒီအစီအစဉ် ကို ၀န်ကြီးချုပ်က ကြေညာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ် အတွက် ဂျပန်အစိုးရက မြန်မာ လူငယ် အုပ်ချုပ်ရေးဝန်ထမ်း (၂၀) ကို လက်ခံမှာဖြစ်ပါတယ်။ မြန်မာလူငယ်တွေအနေနဲ့ ဂျပန်
တက္ကသိုလ်တွေမှာ ဥပဒေ၊ အုပ်ချုပ်ပုံနည်းစနစ်၊ မူဝါဒချမှတ်ပုံ စတာတွေ အပြင် ဘဏ္ဍာရေး၊ စက်မှုလုပ်ငန်း နဲ့ စိုက်ပျိုးရေးကဏ္ဍတွေ ဖွဲ့ဖြိုး တိုးတက်မှု ဆိုင်ရာဘာသာရပ်တွေကို လေ့လာဆည်းပူး
နိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက ဒီမိုကရေစီ၊ ဈေးကွက်စီးပွားရေး အခြေခံတွေ နဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးတွေ စတင် ဆောင်ရွက်နေပေမဲ့ ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေ မရှိသလောက် ရှားပါးနေတယ်လို့ ယူမီယူရီ ရှင်ဘွန်း သတင်းစာက ရေးသားပါတယ်။

(ဓာတ်ပုံ- ဂျပန်-မြန်မာ ဆက်ဆံရေး -၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိ ချီးရိုး ဂင်းဘာ Koichiro Gemba က ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ရိပ်သာတွင် လက်ခံတွေ့ဆုံစဉ်။ 
RFA
 
AFP PHOTO / TOSHIFUMI KITAMURA)
နာရေးအသင်းဥက္ကဋ္ဌ ဦးကျော်သူ ပြည်သူ့ဂုဏ်ရည်ပွဲ တက်ရောက်မည်
အမေရိကန်ပြည်ထောင်စု မေလ (၂၇)ရက်နေ့ နယူးရောက်မြို့မှာ ကျင်းပမယ့် ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံက
နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ တက်ရောက်မှာ ဖြစ်တယ်လို့
ပြည်သူဂုဏ်ရည်အသင်းက အာအက်ဖ်အေကို အတည်ပြုပြောဆိုပါတယ်။

ဦးကျော်သူ နဲ့အတူ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်လည်းလိုက်ပါလာမှာဖြစ်ပြီး
မြန်မာလူမှုရေးလုပ်ငန်း အခြေအနေတွေနဲ့ပတ်သက်လို့အမေရိကန်
ပြည်နယ်တချို့ကို လှည့်လည်ဟောပြောမယ်လို့ ပြည်သူ့ဂုဏ်ရည် အသင်း ပြန်ကြားရေးတာဝန်ခံ ကိုထိန်လင်း က ပြောပါတယ်။

ဦးကျော်သူဟာ ပြည်သူ့ဂုဏ်ရည်ဆု ပထမဦးဆုံးဆုရှင်ဖြစ်ပါတယ်။
ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ဖို့ ပဏာမအမည်စာရင်း အယောက် (၂၀)ကိုလည်း ဧပြီလ (၁၇)ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ထူးခြားချက်အနေနဲ့ ကချင်ဒုက္ခသည်တွေအရေး ဆောင်ရွက် နေတဲ့ ကချင်လူငယ် လဖိုင်နော်မိန်း အပါအ၀င် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တစိုက်မတ်မတ်ဆောင်ရွက်နေသူ သစ်တောပညာရှင် ဦးအုန်း နဲ့ မနှစ်က မင်္ဂလာတောင်ညွန့် မေတ္တာမွန် ကုန်လှောင်ရုံကို မီးငြိမ်းသတ်ရင်း အသတ်စွန့်သွားကြတဲ့ မီးသတ်သမား (၅) ဦးရဲ့ အမည် စာရင်းတွေလည်း ပါဝင်ပါတယ်။

လာမည့် ဧပြီလ (၂၂)ရက်နေ့နောက်ဆုံးထားပြီး ဆန်ကာတင် ဆုရှင် ငါးဦး (သို့မဟုတ်) ငါးဖွဲ့ အမည် စာရင်းကိုပေးပို့ကြဖို့လည်း ပြည်သူဂုဏ်ရည် အသင်းက ကြေညာထားပါတယ်။

အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်တွင်း
စေတနာ့ဝန်ထမ်း လူမှု လုပ်ငန်းတွေကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူတွေ ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ကို ၂၀၀၉ခုနှစ်ကတည်းက နှစ်စဉ်ချီးမြှင့်ခဲ့တာဖြစ်ပြီး ဆုအတွက် အမေရိကန်ဒေါ်လာ (၁) သောင်း ချီးမြှင့်ပေးအပ်မှာဖြစ်ပါတယ်။
RFA
ဂျပန် ငါးလုပ်ငန်း မြန်မာကို စိတ်ဝင်စား
အခုအခါ ဂျပန် ပင်လယ်စာ သွင်းကုန်လုပ်ငန်းရှင်တွေ အတော်များများ
မြန်မာနိုင်ငံဘက်ကို စိတ်ဝင်စားနေကြ တယ်လို့ ဂျပန် ငါးလုပ်ငန်းဆိုင်ရာ သတင်းဌာနတစ်ခုက ဖေါ်ပြပါတယ်။

ဂျပန် ငါးလုပ်ငန်းရှင်တွေဟာ နော်ဝေးနိုင်
ငံက ငါးသေတ္တာငါးတွေကို တခြားနိုင်ငံကိုတင်ပို့၊ အသင့်စားသုံး နိုင်အောင် ထုတ်ပိုးပြင်ဆင်ပြီး ဂျပန်ကို ပြန်သွင်းကြပါတယ်။ မူလက လူ နဲ့ လုပ်အား ပေါတဲ့ တရုတ်ပြည်ကို အဓိကထားပြီး လုပ်ကိုင်နေခဲ့ပေမဲ့ တရုတ်ပြည်မှာ လုပ်အားခတွေ
ဈေးတက်လာတဲ့အတွက် ထိုင်းနဲ့ဗီယက်နမ် ကိုပါပို့ပြီး ဆောင်ရွက်ခဲ့ ပါတယ်။

အဲဒီနောက် ထိုင်းမှာလည်း လုပ်ခဈေးနှုန်းတွေပြင်ဆင်တိုးမြှင့်လိုက်ရာမှာ အလုပ်ရှင်တွေက အလုပ်သမားခံစားခွင့်တွေရုတ်သိမ်းလိုက်တဲ့အတွက် အလုပ်သမားတွေဆန္ဒပြခဲ့ကြလို့ ဂျပန်ကိုပို့မယ့် ပင်လယ်စာစက်ရုံ လုပ်ငန်းတွေ ထိခိုက်ခဲ့ပါတယ်။

အဲဒါကြောင့် ပွင့်လင်းလာတဲ့ မြန်မာပြည်အပေါ် ဂျပန် ပင်လယ်စာ သွင်းကုန်လုပ်ငန်းရှင်တွေ မျက်စိကျလာကြ ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးထုတ်ကုန်လုပ်ငန်းတွေအတွက် အခြေခံလိုအပ်ချက်တွေ မလုံလောက် သေးတာက အဓိကပြဿနာဖြစ်နေပါတယ်။

ဂျပန်ငါးကုန်သည်ကြီးတစ်ယောက်က - ပင်လယ်စာ ပို့ကုန် လုပ်ငန်းမှာ ကျန်းမာရေးစံချိန်စံညွှန်း အဆင့်မီဖို့ အထူးလိုအပ်လှပါတယ်၊ ဒါပေမဲ့ ဒီအတွက် မြန်မာပြည်မှာ စံချိန်မီ ဥပဒေဆိုင်ရာပြဌာန်းချက်တွေ
မရှိသေးပါဘူး၊ နောင်မှာ တဖြည်းဖြည်းဖြစ်လာမယ်ဆိုပေမဲ့ အချိန် အတော်ယူရပါဦးမယ်၊ ဒီတော့ တရုတ်ကို ပို့နေတဲ့ နော်ဝေး ငါးသေတ္တာငါးတွေကို မြန်မာပြည်ပြောင်းပို့ဖို့ ချက်ခြင်းလက်ငင်း မဖြစ်နိုင်သေးပါဘူးလို့ ပြောဆိုပါတယ်။
RFA
တရုတ် ကြေးနီ ကုမ္ပဏီကို ရွာလုံးကျွတ် ဆန္ဒပြ
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တဲ ကျေးရွာမှာ မနေ့က ရွာလုံးကျွတ်ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကြေးနီစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ တရုတ် ကုမ္ပဏီတစ်ခုက ဆည်တဲကျေးရွာက လယ်ယြာေ
မတွေ ပေါ်မှာ စီမံကိန်းဘေးထွက် ပစ္စည်းတွေ လာရောက် စွန့်ပစ်တဲ့အတွက် ဒေသခံ တောင်သူတွေက တားဆီး ဆန္ဒပြခဲ့ကြပါတယ်။ စွန့်ပစ်ပစ္စည်းတွေ လာရောက် စုပုံတဲ့ တရုတ်ကုမ္ပဏီ ကား ကိုလည်း ဘုန်းကြီးကျောင်းထဲကို ခေါ်ယူလာပြီး ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြတယ် လို့ ဆည်တဲရွာသူတစ်ဦးက ပြောပါတယ်။

အဲဒီလို ဆန္ဒပြ ကန့်ကွက်နေကြစဉ် အတွင်း ဆားလင်းကြီးမြို့ နယ် ရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ပစ်ခတ်လူစုခွဲရလိမ့်မယ်လို့
ခြိမ်းခြောက်ခဲ့ကြောင်း၊ ဆည်တဲရွာကိုလည်း ရဲက ၀ိုင်းထားဆဲ ဖြစ်ကြောင်း
လည်း ဆည်တဲရွာသူက နောက်ဆုံး အခြေအနေကို ပြောဆိုခဲ့ပါတယ်။

ဆည်တဲရွာဟာ တရုတ်ကုမ္ပဏီ တခုက ဦးဆောင်လုပ်ကိုင်နေတဲ့ စီမံကိန်း နယ်မြေထဲမှာ ပါဝင်ပြီး သက်ဆိုင်ရာက ဖိအားပေး ပြောင်းရွေ့ ခိုင်းထားတဲ့ ရွာတစ်ရွာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသခံ တွေက သူတို့  ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာတဲ့ ယာမြေတွေကို မစွန့်ခွာတဲ့ အတွက် အခုလို ကားတွေနဲ့  လယ်ယာမြေပေါ်မှာ စီမံကိန်း ဘေးထွက်ပစ္စည်းတွေ လာရောက်စုပုံနေတာ ဖြစ်ကြောင်း ရွာသူရွာသားတွေ က ပြောဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကလည်း ဆားလင်းကြီးမြို့နယ် ဒုန်းတော၊ ဂုဏ်တော နဲ့ ရွာသာရွာ က တောင်သူတွေရဲ့ စိုက်ပျိုးခင်းတွေပေါ်
မှာ မြန်မာယမ်စီ ကုမ္ပဏီ က ကြေးနီလုပ်ငန်း စွန့်ပစ်မြေတွေ လာရောက် စုပုံခဲ့တဲ့အတွက် သီးနှံတွေ ပျက်စီးခဲ့တာကြောင့် ဒေသခံတောင်သူ (၈၀)
လောက်က ကုမ္ပဏီရုံးကို သွားရောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး နိုင်ငံတော်
သမ္မတထံကိုလည်း စာရေးသား တိုင်ကြားခဲ့ကြ ပါတယ်။

တရုတ်အမျိုးသားပိုင် မြန်မာယမ်စီ ကုမ္ပဏီ ဟာ မြန်မာ့စီးပွားရေး ဦးပိုင်
လိမိတက် နဲ့ ကြေးနီ ထုတ်လုပ်ရေး ဖက်စပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
RFA
မတ္တရာ ဆက်သွယ်ရေး အဂတိလိုက်စားနေ
အထက်ပိုင်းက မည်မျှပင် good government , clean government ဖြစ်ရန်
ကြိုးစားနေသော်လည်း အောက်ခြေကတော့ ယခင်ခေတ်က အဂတိလိုက်စားမှု အတိုင်း
လိုချင်ရချင်စိတ်များမလျှော့နို

င်သော အခြေအနေများ ဖြစ်ပေါ်လျှက်ရှိပါတယ်။
 
မန္တလေးတိုင်း မတ္တရာက ဆက်သွယ်ရေး(တယ်လီဖုန်း)စခန်းဟာ သာမာန်စာရေးကြီး
အဆင့်(တာဝန်ခံ)သာဦးဆောင်ရုံးစိုက်တဲ့ရုံးပါ.။ ဒါပေမယ့် ၄င်းတာဝန်ခံနှင့်
ရုံးဝန်ထမ်း။ဆက်သွယ်ရေးဝန်ထမ်း
များကတော့ တစ်ခါတည်း ချမ်းသာလောက်တဲ့
ငွေကြေးရမှ ဘယ်အရာမဆို ဆောင်ရွက်ပေးတယ်လို့ ပြောလို့ရပါတယ်။

နိုင်ငံတော်က ကြိုးဖုန်းတန်ဖိုး ခြောက်သိန်းခွဲကို
တရားဝင်သတ်မှတ်ပေးထားပေမယ့် သူတို့ရုံးနှင့်မဆိုင်ကြောင်ြးေ
ပာလျှက်
မည်သူမျှ လျှောက်ထား၍ မရနိုင်ကြောင်းတာဝန်ခံ ကိုယ်တိုင်ပြန်ပြောပါတယ်။
ဒါပေမယ့် မြို့ထဲက ဆယ်သိန်းပေးသူ မည်သူမဆို
၎င်းတို့အမည်ပေါက်ရနိုင်နေတာကေ
တာ့ အံ့သြစရာကောင်းလှပါတယ်။

မြို့ထဲမှာလဲ စီးပွားရေးသမားတွေနဲ့ လက်ဝါးခြင်းရိုက်ပြီး
ကြိုးဖုန်းခွဲများကို ကြိုက်သလိုဆင်နိုင်တယ်။ ဆင်က ၁သိန်းခွဲ လစဉ်ကြေး
၅ထောင်နဲ့ ကြိုက်သလောက်ခွဲပေးမယ်ဆိုပြီး ရတဲ့ငွေတွေအားလုံး ရုံးကလူတွေ
ခွဲယူကြတာဟာ တစ်လကို သိန်းဂဏန်းရှိပါတယ်။ အဲ့ဒီငွေတွေဟာ
နိုင်ငံတော်အခွန်ငွေတွေ မဖြစ်ပဲ ၀န်ထမ်းအိပ်ထဲတန်းရောက်သွားတာကိ
ု သိရတော့
နိုင်ငံတော်ကိုယ်စား ရင်နာမိပါတယ်။

နိုင်ငံတော် အစိုးရက ကြိုးဖုန်းလက်ကိုင်ဖုန်းအားလုံး
ကို
လွှဲပြောင်းရောင်းချနိုင်ကြောင်း လိပ်စာပြောင်း ၂သောင်းခွဲ၊
အမည်ပြောင်းလိပ်စာပြောင်း ၅သောင်း နိုင်ငံတော်သို့
ပေးဆောင်ရန်တရားဝင်သတ်မှတ်ပေးထာ
းသော်လည်း ကြိုးဖုန်းတလုံး
ရွှေ့ပြောင်းလိုသဖြင့် တင်ပြရာ ငွေကျပ် (၂)သိန်း ပေးမှ
ပြောင်းပေးနိုင်မည်ဟု တာဝန်ခံနှင့်လိုင်းတာဝန်ခံက တောင်းပါတယ်။
တော်တော်ပြောဆိုတောင်းပန်ပါမှ ၁သိန်းခွဲနဲ့လုပ်ပေးမယ်။ မမေးနိုင်ရင်
လုံးဝမလုပ်ပေးနိုင်ကြောင်း၊ ကြိုက်တဲ့နေရာ တိုင်နိုင်ကြောင်းပြောပါတယ်။
နိုင်ငံတော်ထက် ၄ဆရမှ လုပ်ပေးမယ့် ရုံးမျိုး မတ္တရာမြို့မှာ ရှိနေတာ
သမ္မတကြီး သိမှ သိပါလေစလို့ ပြောရမလိုပါပဲ။

ဖုန်းပျက်လို့ အကြောင်းကြားရင် ဘယ်တော့မှ တစ်ခါတည်း
ဆောင်ရွက်ပေးလေ့မရှိဘဲ အနည်းဆုံး ခြေကြွခ ၃ထောင်ရမှ မျက်နှာကြည်သာတတ်ပြီး
၂ထောင်ပေးတဲ့အိမ်တွေဆို မှတ်လောက်သားလောက်အောင် ပြစ်ထားတတ်ကြောင်း
လိုင်းမန်း ကိုယ်တိုင်ပြောတာ ကြားဖူးပါတယ်။ မတ္တရာဆက်သွယ်ရေးဟာ သူတို့
လုပ်ချင်သလိုလုပ်နေတဲ့ ထင်ရာဆိုင်း ဌာနတစ်ခု ဖြစ်နေသလို အထက်ကလည်း
လုံးဝထိန်းချုပ်ခြင်း မရှိတာတွေ့ရပါတယ်။
 
အံသြစရာကောင်းတာကတော့ ဆက်သွယ်ရေးဝန်ထမ်းတွေဟာ မြို့ကိုရောက်တာ
နှစ်ဆယ်ချီရှိနေကြပေမယ့် ပြောင်းရတာ မကြားရတာပါပဲ။
အဲလိုဝါရင့်ဝန်ထမ်းတွေက ဌာနကို
မိမိစီးပွားရေးလုပ်ငန်းအသွင်ဆော
င်ရွက်လာတာကတော့ ပြောင်းရွှေ့မချထားတဲ့
အကြီးအကဲတွေကိုပဲ အပြစ်တင်ရတော့မလိုဖြစ်နေပါပြီ။

မြို့သူမြို့သားတွေ အနေနဲ့တော့ တယ်လီဖုန်းပျက်ပြင်ဆင်လျှင် မည်မျှပေးရန်၊
တယ်လီဖုန်းရွှေ့ပြောင်းလျှင်မည်
မျှ၊ ဟူ၍ အတိအကျသတ်မှတ်ပေးရန်နှင့်
နှစ်ကြာဝန်ထမ်းဆိုးများပြောင်းေ
ရွှ့ပေးရန်လိုလားလျှက်ရှိပါတယ်။

မတ္တာမှ တာဝန်သိပြည်သူတဦး 
  ပျဉ်းမနားမြို့နယ်အတွင်းရှိသာသနာမြေ ဘုန်းကြီးကျောင်း ၀င်းများအတွင်းကျောက်စရစ်များတူးဖော်ရောင်းချနေ
နေပြည်တော်တိုင်း၊ပျဉ်းမနားမြို
့နယ်၊ ရွာကောက်အုပ်စု၊ ပန်းခင်း(၁)ရပ်ကွက်၊ (၂) ရပ်ကွက်၊ (၃) ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းများဖြစ်ကြသော-----
၁။ တောရစမ်းမြိုင်ကျောင်း
၂။ ရွေဥဒေါင်းအထက်ကျောင်း
၃။အင်ကြင်းတောင်ကျောင်း
၎။ နန္ဒ၀န်ကျောင်း
၅။ သပြေတောင်ကျောင်း
၆။ ဘုရားကြီးကျောင်း
၇။ ဥပုသ်တောရကျောင်း များအတွင်း မြေများကို တူးဖော်၍ ကျောက်စရစ်များ၊ ကျောက်ခဲများကိုတူးဖော်ရောင်းစားခြင်း၊ ကျောင်းဝင်းများအတွင်းကျောက်ခွဲ
စက်ထောင်၍ကျောက်ခွဲရောင်းချနေခြင်းကြောင့် အနီးရှိဘုရားစေတီများပြိုကျပျက်စီးမှာကိုစိုးရိမ်မိပါသည်။ မိုးတွင်းအခါမိုးရေတိုက်စားမှုများကြောင့်လည်းတောင်နံရံများပြိုကျနိုင်ပါသည်။ဘုန်းကြီးကျောင်းများအတွင်း သာသနာမြေများပေါ်တွင် ထိုလုပ်ရပ်များသည် မသင့်တော်ဟုလည်းထင်မြင်မိပါသည်။

သန်းဦး (နေပြည်တော်)

Myanmar News Now
















 

နေပြည်တော်တိုင်း၊ ပျဉ်းမနားမြို့နယ်အတွင်းရှိသာသနာမြေ ဘုန်းကြီးကျောင်းဝင်းများအတွင်းကျောက်စရစ်များတူးဖော်ရောင်းချနေကြစဉ် (ဓါတ်ပုံ-သန်းဦး)

 

 

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေကြတော့ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို “ကာကွယ်စောင့်ရှောက်” ရမယ်၊ သမ္မတနဲ့  ဒုတိယသမ္မတတွေကြတော့ “စောင့်သိလိုက်နာတဲ့

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေကြတော့ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို “ကာကွယ်စောင့်ရှောက်” ရမယ်၊ သမ္မတနဲ့  ဒုတိယသမ္မတတွေကြတော့ “စောင့်သိလိုက်နာ ရိုသေ” ရမယ်လို့  ကွဲပြားစွာ ပြဌာန်းထားနေပါတယ်။































၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့ စည်းပုံဥပဒေမှာ - ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေအတွက် ကတိသစ္စာပြုချက် (သို့ ) ကျမ်းသစ္စာဆိုချက်ကိုကြတော့ “နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး” ဆိုပြီး ပြဌာန်းထားတယ်။ ဒါပေမယ့် နိုင်ငံတော်သမ္မတနဲ့  ဒုတိယသမ္မတများအတွက် ကတိသစ္စာပြုချက်ကြတော့ “နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာ ရိုသေပြီး” လို့  ပြဌာန်းထားတယ်။



































ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေကြတော့ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို “ကာကွယ်စောင့်ရှောက်” ရမယ်၊ သမ္မတနဲ့  ဒုတိယသမ္မတတွေကြတော့ “စောင့်သိလိုက်နာ ရိုသေ” ရမယ်လို့  ကွဲပြားစွာ ပြဌာန်းထားနေပါတယ်။ အခုလို ကွဲပြားခြားနားနေတာ မဖြစ်သင့်ဘဲ အားလုံးဟာ တစ်ပြေးညီတည်း ဖြစ်သင့်ပါတယ်။































ဧပြီလ (၁) ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ်များတင်မက ယခင် လွှတ်တော်ကိုယ်စားလှယ်မည်သူမဆိုကိုကြတော့ ပြဌာန်းတာတစ်မျိုး သမ္မတနဲ့  ဒုတိယသမ္မတတွေကြတော့ ပြဌာန်းတာတစ်မျိုး ဖြစ်နေတာဟာ ၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့ စည်းပုံဥပဒေမှာ သိသိသာသာ ကွဲပြား ခွဲခြားဖြစ်နေပါတယ်။ သမ္မတနဲ့  ဒုတိယသမ္မတတွေဟာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ မဟုတ်လို့ ပါလား။

ယခုလ ၂၃ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေး မတက်ခင် ဧပြီလ (၁) ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာဆိုရမယ့်အခါမှာ နိုင်ငံတော်အခြေခံဥပဒေကို “ကာကွယ်စောင့်ရှောက်” ရမယ်ဆိုတဲ့အစား “လေးစားလိုက်နာ” ရမယ်ဆိုတာ ပြင်ပေးဖို့ တင်ပြခဲ့တာကို အခု နိုင်ငံတော်အခြေခံဥပဒေခုံရုံးမှ ပယ်ချတယ်လို့  သိရပါတယ်။

ဒီအတွက် ပြောစရာတွေ ရှိပါတယ်။

၁။ နိုင်ငံတော်အခြေခံဥပဒေမှာ မှားယွင်းနေတာတွေ ရှိနေရင် ပြင်ဖို့  ပြင်လို့ မရဘဲ မျက်စိစုံမှတ်ပြီး အဆိုပါ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကြီးကို အကာအကွယ်ပြု စောင့်ရှောက်ပေးနေရမှာလား။

၂။ နိုင်ငံတော်အခြေခံဥပဒေကို ပြင်ဆင်ဖို့  တင်ပြတဲ့အခါ လိုအပ်တဲ့အခါမှာ နိုင်ငံတော်အခြေခံဥပဒေခုံရုံးက ပယ်ချတယ်ဆိုတာ နိုင်ငံတော်အခြေခံဥပဒေကို ပြင်ဆင်မှုမှာ အမြင့်ဆုံးဆောင်ရွက်ခွင့်ဟာ ဘယ်သူတွေထံမှာ တည်ရှိပါသလည်း။

၃။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေကြတော့ နိုင်ငံတော်အခြေခံဥပဒေကို “ကာကွယ်စောင့်ရှောက်” လို့  ပြဌာန်းတယ်၊ သမ္မတနဲ့  ဒုတိယသမ္မတတွေကြတော့ နိုင်ငံတော်အခြေခံဥပဒေကို “စောင့်သိလိုက်နာ ရိုသေ” လို့  ပြဌာန်းတယ်ဆိုတာကို ပြင်ဆင်ပေးပါ။

၎။ နိုင်ငံတစ်နိုင်ငံရဲ့  နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ နိုင်ငံရေး၊ စစ်ရေး၊ တရားဥပဒေရေးနဲ့  စီးပွားရေးတွေမှာ နိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာအရ ပြင်ဆင်ဖို့  အထူးလိုအပ်တဲ့အခါမှာ အမြင့်ဆုံးဆောင်ရွက်ခွင့်ဟာ လွှတ်တော် သမ္မတတွေလောက်နဲ့  မရပါဖူး။ ပြည်သူ့ ဆန္ဒရဲ့  သဘောထားကို ကောက်ယူရမယ်လို့  တရားဝင်ပြဌာန်းပေးပါ။

ယနေ့ ယခု လက်ရှိတည်ရှိပြဌာန်းထားတဲ့ ၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့ စည်းပုံဥပဒေပါ အချက်အရ - သမ္မတနဲ့  ဒုတိယသမ္မတတွေကြတော့ နိုင်ငံတော်အခြေခံဥပဒေကို “စောင့်သိလိုက်နာ ရိုသေ” လို့  ပြဌာန်းချက်အရ - တပြေးညီတည်း ဖြစ်စေရန်အတွက် နိုင်ငံတော်အခြေခံဥပဒေကို “စောင့်သိလိုက်နာ ရိုသေ” ပါမယ်ဆိုတာကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် မည်သူကိုမဆို ကျမ်းသစ္စာဆိုလို့  ရပါကြောင်း တရားဝင်ပြုသင့်ပါကြောင်း ပြောဆိုအပ်ပါတယ်။

(နစ်နေမန်း)။



မြန်မာရွှေ့ပြောင်း အလုပ်သမား ယာယီ ပတ်စ်ပို့စ် ထုတ်ပေးရေးရုံး ထိုင်းနိုင်ငံတွင် ဖွင့်လှစ်

2012-04-20
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ယာယီ ပတ်စ်ပို့စ် ထုတ်ပေးရေးရုံး (၂) ရုံးကို ဘန်ကောက်နဲ့ စမုတ်ပရာကန်တို့မှာ သက်ဆိုင်ရာက ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။

RFA
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို တရားဝင်မှတ်ပုံတင်ခွင့် စတင်တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံ စမုတ်ဆာခွန် ခရိုင်၊ မဟာချိုင် အလုပ်သမား မှတ်ပုံတင်ရုံးကို မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်က ထိုင်း အလုပ်သမား ဝန်ကြီး ချလန်ချိုင်း စီရီအွန် နဲ့အတူ သွားရောက် ကြည့်ရှုပြီး အလုပ်သမားများ မှတ်ပုံတင်ရေး ကိစ္စ ရှင်းလင်း ပြောကြားနေပုံ။ (ဓါတ်ပုံ RFA)
လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း HRDF အတိုင်ပင်ခံ မစ္စတာ ANDY Hall က -
“မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် နိုင်ငံသားစီစစ်ရေးရုံး ၂ ရုံး ဒီလို ဖွင့်လှစ်လိုက်တာဟာ မြန်မာအလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းရဲ့ တိုက်တွန်းတောင်းဆိုမှုကြောင့် ဖွင့်ဖြစ်တာဖြစ်ပါတယ်။ ပြီးရင် တနင်္လာနေ့ မနက် (၉) နာရီမှာလည်းပဲ ချင်းမိုင်၊ စမုတ်ဆာခွန်နဲ့ ဆူရတ်ဌာနီ စင်တာ (၃) ခုကိုလည်း ထပ်မံ ဖွင့်လှစ်ဦးမှာ ဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။
ဒီလိုဖွင့်လှစ်တာဟာ ထိုင်းနဲ့ မြန်မာအစိုးရ နှစ်ရပ်လုံးက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့အခွင့်အရေးတွေကို အသိအမှတ်ပြုတာ ဖြစ်သလို၊ ကုန်ကျစရိတ် သက်သာစေဖို့ ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအလုပ်သမား ဒုတိယဝန်ကြီး ဦးမြင့်သိန်းဟာ ထိုင်းအစိုးရ အာဏာပိုင်တွေအပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကို ဘန်ကောက်မြို့မှာ မနေ့က ဆွေးနွေးခဲ့တယ်လို့ အဆိုပါ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ NGO တစ်ခုမှ အရာရှိ ဦးစိန်ဌေးက ပြောပါတယ်။
“အဓိက သူရောက်လာတဲ့ အကြောင်းကတော့ ဒီထိုင်းနိုင်ငံမှာဖွင့်မယ့် နိုင်ငံသားစီစစ်ရေးရုံး (၅) ရုံး ထပ်ဖွင့်မယ့်ကိစ္စပေါ့။ ထိုင်းဘက်က နှောင့်နှေးနေတာကို အမြန်ဆုံး ဖွင့်လှစ်အောင် လာပြီးဆွေးနွေးတာရယ် နောက်ပြီးတော့ အခုတလောမှ ဖြစ်ပွားနေတဲ့ MOU စနစ်နဲ့ ဝင်ရောက်လာတဲ့ တရားဝင် အလုပ်သမားတွေ ဆန္ဒပြကြတဲ့ ကိစ္စပေါ့နော်။ စာချုပ် ချုပ်ထားတဲ့အတိုင်း လုပ်အားခမရတဲ့ကိစ္စ ဖြေရှင်းဖို့အတွက် သူက ဆွေးနွေးသွားတယ်ပေါ့။ အဓိက ပွိုင့် (၂) ချက်ပေါ့”
မြန်မာအစိုးရ အလုပ်သမားအရာရှိနဲ့ သံရုံးက ကိုယ်စားလှယ်တချို့ဟာ မကြာသေးခင်က ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဆွန်ခလာခရိုင်က ဖတ်တနာ ပင်လယ်အစားအစာ စက်ရုံကို ဒီကနေ့ သွားရောက်ပြီး မြန်မာလုပ်သားအရေး ဆွေးနွေး ဖြေရှင်းပေးနေပြီး၊ လာမယ့်တနင်္လာနေ့မှာ ဒုဝန်ကြီးနဲ့အဖွဲ့ဟာ ဆွန်ခလာကို သွားရောက်မယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၂ သန်းကျော်ရှိပြီး၊ သူတို့ မြန်မာနိုင်ငံကို ပြန်လည်ပေးပို့တဲ့ငွေတွေဟာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူဖြစ်တာကြောင့် ဒီအလုပ်သမားတွေကို ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်သမားတွေဖြစ်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းလည်း ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောကြားခဲ့ပါတယ်။
မြန်မာအလုပ်သမား ဗီဇာခကိုလည်း ဘတ် ၂၀၀၀ ကနေ ဘတ် ၅၀၀ ကိုလျော့ချပေးပြီး နောက်ထပ် မြန်မာအလုပ်သမား ၂ သိန်းကို တရားဝင်လက်မှတ်တွေ ပြုလုပ်ပေးပြီး ထိုင်းနိုင်ငံက စက်ရုံတွေမှာ အလုပ်လုပ်ခွင့်ပြုမှာ ဖြစ်ပါတယ်။










နိုဘယ်လ်ဆုရှင်များရဲ့The Elders အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည် အနားယူရမည်

2012-04-20
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားတဲ့ လက်ရှိ The Elders အဖွဲ့မှာ ဂုဏ်ထူးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်နိုင်ငံရေးထဲ မကြာခင် ၀င်ရောက်တော့မှာ ဖြစ်တာကြောင့် The Elders အဖွဲ့ရဲ့ မူဝါဒစည်းမျဉ်းအရ အဲဒီနေရာကနေ အနားယူရတော့မှာ ဖြစ်တယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Photo courtesy of The elders web page
The Elders web page တွင် အဖွဲ့၏ ဂုဏ်ထူးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ပုံအား ဖော်ပြထားပါသည်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်နိုင်ငံရေးထဲ ၀င်ရောက်ခဲ့ပြီဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်အောင် ဆတက်ထမ်းပိုး လုပ်ဆောင်နိုင်မယ်လို့ မိမိတို့အနေနဲ့ ယုံကြည်ကြောင်း၊ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေ အဆင်ပြေအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်သလို နိုင်ငံအနှံ့မှာ ဆက်လက် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း အရေးယူ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေက ပြောကြပါတယ်။
သမ္မတဦးသိန်းစိန် အာဏာရလာခဲ့ပြီးကတည်းက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခဲ့တာ၊ အလုပ်သမားဥပေဒတွေ ပြဋ္ဌာန်းခဲ့တာ၊ မီဒီယာ အကန့်အသတ်တွေ လျော့ချပေးခဲ့တာ စတဲ့ ပြောင်းလဲမှုတွေကိုလည်း ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေက ချီးကျူးထားပါတယ်။
အဲဒီ ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့ The Elders ကို တောင်အာဖရိကနိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားက ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။



No comments: