Sunday, April 22, 2012
၎/ ၂၂/ ၂၀၁၂ သတင်းများ
အကျဉ်းကျဆဲ နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို နိုင်ကျဉ်းအဖွဲ့ သွားရောက်ကူညီ
2012-04-22
နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က နိုင်ငံရေး အကျဉ်းသား ကိုအောင်မိုးဇော်နဲ့  ကိုရန်ရွှေတို့ရဲ့  မိဘတွေဆီကို ဒီကနေ့  သွားရောက်တွေ့ဆုံပြီး အားပေးခဲ့တယ်လို့ သိရပါတယ်။
AFP
မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်မြောက်လာမည့် သူများကို အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသည့် မိသားစုဝင်များ။
မလွတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မမေ့လျော့တဲ့ အနေနဲ့  နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က သူတို့ရဲ့ မိသားစုတွေဆီကို အလှည့်ကျ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သွားရောက်တွေ့ဆုံ အားပေးနေပါတယ်။ အခုတပတ်မှာ အင်းစိန်ထောင် မှာ ကျနေတဲ့  ကိုအောင်မိုးဇော် ရဲ့ မိခင် ရှိရာ တောင်ဒဂုံ ၅၃ ရပ်ကွက် နဲ့  ကလေးထောင်ရောက် ကိုရန်ရွှေ ရဲ့ မိဘများရှိတဲ့ ထန်းတပင်မြို့ နယ် ၀ါးတရာအနောက်ရွာကို သွားရောက်ခဲ့တယ်လို့  နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ကိုထွန်းကြည်က ပြောပါတယ်။ "အဓိကတော့ သူတို့ကို မမေ့ဘူး၊ လစ်လျူမရှုဘူးပေါ့ဗျာ။ သူတို့နဲ့ ကျွန်တော်တို့နဲ့ တစိတ်တ၀မ်းထဲ၊ သူတို့ လုပ်ရပ်ကို ဂုဏ်ပြုတယ်ပေါ့။သူတို့ရဲ့ ယုံကြည်ချက် အားမာန်တွေ ဖြစ်စေမယ့်၊ မျှော်လင့်ချက်တွေ ရှင်သန်စေမယ့် စကားတွေ သွားရောက်တွေ့ဆုံပြီး ပြောတယ်။ နိုင်သလောက်ပေါ့၊ ဖတ်ဖို့ စာအုပ်တွေ ခေါက်ဆွဲခြောက်၊ သွားတိုက်ဆေး သွားပွတ်တန်၊ နောက် အလှူရှင်တယောက်ကတော့ ၂ သောင်းခွဲ ချီးမြှင့်ထားတယ်။ ထန်းတပင်ကျတော့ ကိုရန်ရွှေ၊ ဒီလို လူတွေ အုံနဲ့ကျင်းနဲ့ လာတာ မရှိတော့ သူတို့ အရမ်းဝမ်းသာပြီးတော့ မျက်ရည်တွေကျပြီးတော့ ရှိတဲ့ ဆန်လေးကို ချက်ပြီးတော့ လူအယောက် ၂၀-၃၀ စာကို ကျွေးမလို့လုပ်တာ မနဲတားထားရတယ်။" အင်းစိန်ထောင်ရောက် ကိုအောင်မိုးဇော်ဟာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ရခိုင်လူငယ်များ အစည်းအရုံးက ဖြစ်ပြီး ပုဒ်မ ၁၃-၁ ၊ သင်းဖွဲ့ ၇ နဲ့  ၂၀၀၈ ခုနှစ် မှာ ထောင် ၆ နှစ်ကျခံရပြီး ကလေးထောင်ရောက် ကိုရန်ရွှေ ကတော့ ၁၃ - ၁ ၊ ၁၇-၁ ၊ ဖေါက်ခွဲ ၃ ပုဒ်မ နဲ့  ၂၀၀၈ မှာ တကျွန်း နဲ့ ၁၀ နှစ်ချခံ ရတာဖြစ်ပါတယ်။ နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ က ပြုစုထားတဲ့ စာရင်းအရ မလွတ်မြောက်သေးတဲ့  နိုင်ငံရေး အကျဉ်းသား ၄၄၅ ဦး ရှိပြီး သူတို့ ရဲ့ မိသားစုတွေကို နိုင်ငံရေး အကျဉ်းသားများ အဖွဲ့ က အားပေးနှစ်သိမ့်မှုတွေ လုပ်နေသလို ကျန်နေသေးတဲ့  နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး အတွက် တောင်းဆိုသွားမယ်လို့  ပြောပါတယ်။
တိုးလ်ဂိတ်တွေမှာအချိန်တွေကုန်(ကျိုက်ထီးရိုးဘုရားဖူးကားများသတိပြုရန် (ပေးစာ)
ဘုရားကြီးရှိရွှေသံလွင်ဟိုင်းဝေးတိုးလ်ဂိတ်
တိုးလ်ဂိတ်များတွင်စိတ်ညစ်စရာ
တစ်ခုကတော့  ဂိတ်ကြေးတစ်ခါပေးရဖို့
ယာဉ်တန်အရှည်ကြီးတွင် အကြာကြီး စောင့်ဆိုင်း နေရခြင်းဖြစ်ပါသည်။
ဂိတ်ကြေးပေးဆောင်ရန် ယာဉ်ကြောလေးကြော လုပ်ထားသော်လည်း အလယ်ယာဉ်
ကြောနှစ်ကြောကို အကြောင်းမဲ့ ပိတ်ထားပါ သည်။
နိုင်ငံတော်အကြီးအကဲများအတွက် ဆိုလျှင်လည်း သူတို့က နေ့တိုင်းမဖြတ်သဖြင့်
သူတို့ဖြတ်သည့်အချိန်၊သူတို့လာမည်ဟု သတင်းရသည့်နေ့များမှလွဲ၍
ကျန်အချိန်များ တွင် ဖွင့်ပေးထားခြင်းအားဖြင့်
ပြည်သူများအားလုံးလွယ်ကူလျှင်မြန်စွာဖြင့် လိုရာ ခရီးသို့
မြန်မြန်ရောက်မည် ဖြစ်ပါသည်။ယခုတော့ အလယ်ယာဉ်ကြောနှစ်ကြောကို
အသုံးပြုခွင့်မပေး သည့်အတွက် ခရီသွားများအားလုံး မလိုအပ်ပဲ
အချိန်ကုန်ကြံ့ကြာနေကြရပါသည်။
ထပ်မံ စိတ်ညစ်ရသည်က ဘုရားကြီးရှိရွှေသံလွင်ဟိုင်းဝေးတိုးလ်ဂိတ်တွင်
ဘုရားကြီး-ကျိုက်ထိုလမ်းပိုင်း အတွက် ၉၂၄ကျပ်ကျသည်ကို ၁၀၀၀
တောင်းခြင်းပင်။ယခုကျွန်တော်ပြောနေခြင်းသည် ၇၆ ကျပ် ပိုပေးနေရ
သည့်အတွက်နှမျောသောကြောင့်ပြောနေခြင်းမဟုတ်သည်ကို နားလည်ပေးစေလိုပါသည်။
လမ်းကြေး ကောက်ခံမှု့တွက်ချက်ရာတွင် တစ်မိုင်ကို
၅ကျပ်နှုန်းဖြင့်တွက်ချက်ပြီးကောက်ခံသဖြင့် ၇၄.၈၇၅ မိုင်အတွက်
၃၇၄ကျပ်ကျသင့်ပါသည်။ ယခုလိုအခြေအနေမျိုးတွင် အကြွေအမ်းစရာမလိုပဲ
လမ်းကြေးပေးဆာင်ခြင်း လျှင်မြန်ချောမွေ့ စွာ ပြီးမြောက်စေရန် ၄၀၀ကျပ်ဟု
သတ်မှတ်သင့်ပါသည်။ တံတားကြေးကိုလည်း ၂၀၀ကျပ်သတ်မှတ်သင့်ပါသည်။
မသတ်မှတ်သော်လည်း ကားတိုင်းသည် ၇၆ကျပ်ပိုပေးနေရပါသည်။ ထို့ကြောင့်
ကားတစ်စီးဖြတ်တိုင်း ၀န်ထမ်းတစ်ယောက်သည် ၇၆ကျပ် အပိုငွေရသလိုဖြစ်နေပါသည်။
ထို၇၆ကျပ်သည် တိုးလ်ဂိတ်တွင် တာဝန် ကျနေသော ၀န်ထမ်း၏ အကျင့်စာရိတ္တကို
ပျက်ပြားစေပါသည်။
ယခုရက်ပိုင်းတွင် လေးကြိမ်လောက်ထိုနေရာမှဖြတ်သန်းသွားလာခဲ့သဖြင့်
ကျသင့်ငွေအတိုင်းအတိအကျပေးကြည့်ရာ ပိုက်ဆံကို လက်ခံပါသည်။ သို့သော်
လူထူးလူဆန်းကိုတွေ့သလိုအကြည့်မျိုး၊ လူ့ဂွစာ တစ်ယောက်ကို တွေ့ရသလိုမျိုး
အကြည့်မျိုးဖြင့် ကြည့်ပြီး မှယူပါသည်။ ထို၇၆ကျပ်သည် တိုးလ်ဂိတ်တွင်
တာဝန်ကျနေသော ၀န်ထမ်း၏ အကျင့်စာရိတ္တကို ပျက်ပြားစေသောကြောင့် ထို၇၆ကျပ်
ကို ရွှေသံလွင် ကုမ္ပဏီသို့သာ တရားဝင်ပေးလိုပါသည်။ယခုတော့ ၀န်ထမ်းများသည်
အလွယ်လိုက်ပြီး အမ်းစရာ အကြွေရှိလည်း ပြန်မ အမ်းတော့ပါ။ ipay ဆိုတဲ့
နတ်ပိုက်ဆံကဒ်ဆိုတာ ပေါ်လာပြီးအသုံးတွင်ကျယ်လာလျှင်တော့
အကြွေပြဿနာကြောင့်စိတ်ညစ်ရတာ နဲနဲ လျှော့သွားမည်ထင်ပါသည်။
(ရန်ကုန်က ဘတ်စ်ကားလက်မှတ်ရောင်း(စပါယ်ယာ)
တစ်ချို့လည်းယခုလိုပြုမူနေကြပါသည်။ ၁၅၀ကျပ်ခရီးကို ၂၀၀ကျပ်တန်
ပေးလိုက်လျှင် ပြန်မအမ်းတော့ပါ။ တခြားလူတစ်ယောက်ယောက်က
၅၀ကျပ်တန်ပေးခဲ့လျှင်လည်း ထို၅၀ကျပ်တန်ကို ချက်ချင်း
အိပ်ထောင်ထဲထည့်ဖွက်လိုက်ပြီး လက်ထဲတွင် ၁၀၀ကျပ်တန်ကိုသာ အသေးဆုံး
ထားကိုင်ထားပါသည်။ မယုံလျှင် ဘတ်စ်ကားစီးတိုင်း သတိပြုကြည့်ပါ။
အားလုံးကိုမဆိုလိုပါ။ အများစုက ပြန်မအမ်းလိုကြပါ။ ငွေ၅၀ကျပ်နှင့်
အလွယ်လိုက်ပြီး သူတို့၏ စာရိတ္တပျက်နေ သည်ကို တွေ့ရသည်မှာ နှမျောစရာကောင်း
လှပါသည်။)
နောက်ထပ်စိတ်ညစ်စရာတစ်ခုကတော့ တိုးလ်ဂိတ်တည်နေရာဖြစ်ပါသည်။
ဘုရားကြီး-ကျိုက်ထိုလမ်းပိုင်း အတွက် ဘုရားကြီးအထွက်တွင်
တိုးလ်ဂိတ်တစ်ခုရှိပါသည်။သို့ဖြစ်ပါသောကြောင့်
ဘုရားကြီးနှင့်ကျိုက်ထိုကြား တွင် နောက်ထပ်
တိုးလ်ဂိတ်တစ်ခုရှိရန်မလိုအပ်တော့ပါ။ သို့သော်လည်း ကျိုက်ထိုအ၀င်တွင်
ကျိုက်ထို-သထုံ လမ်းပိုင်းအတွက် လမ်းအသုံးပြုခကောက်ခံသော
တိုလ်းဂိတ်တစ်ခုဆောက်ထားပါသည်။ ကျိုက်ထီးရိုး သို့လာသော
ဘုရားဖူးယာဉ်များကို ရည်ရွှယ်ပြီးဆောက်ထားပုံရပါသည်။
ကျိုက်ထီးရိုးသို့သွားမည့်ကားများသည် ကျိုက်ထို တိုးလ်ဂိတ်တွင်
ယခုလမ်းကြေးအတွက် မရှင်းလင်းသောကြောင့် မေးမြန်းသော်လည်း ၀န်ထမ်းများက
ရေရေလည်လည် ပြန်လည်းမရှင်းပြပဲ မချေမငံဆက်ဆံပါသည်။
ဘုရားကြီးနှင့်ကျိုက်ထိုကြားတွင် ကျိုက်ထို-သထုံလမ်းပိုင်းအတွက် လမ်းကြေး
ကောက်ခံမှု့မှာ ဘယ်လိုမှသဘာဝမကျပါ။
ယခုလို ကျိုက်ထုံ-သထုံလမ်းပိုင်းအတွက် လမ်းအသုံးပြုခကောက်ခံသည့်
တိုးလ်ဂိတ်ကို ဘုရားကြီးနှင့်ကျိုက်ထိုမြို့အကြား ကျိုက်ထိုမြို့
အ၀င်တွင် တည်ဆောက်ထားသဖြင့် ကျိုက်ထိုမြို့နှင့်သထုံမြို့ကြားတွင်
ကျိုက်ထို-သထုံလမ်းပိုင်းအတွက် လမ်းအသုံးပြုခကောက်ခံသည့်
တိုးလ်ဂိတ်မရှိပါ။ သထုံမြို့ နှင့် ကျိုက်ထိုမြို့ အကြားသာသွားလာသော
ကားများအနေနှင့် မည်သည့်လမ်းအသုံးပြုခမှ ပေးဆောင်စရာ မလိုတော့သလို
ဖြစ်နေပါသည်။ သထုံမြို့ နှင့်ကျိုက်ထိုမြို့ အကြားသာ သွားသောကားကလည်း
အလွန့်ကိုနည်းပုံရပါသည်။ အမှန်ဆို လျှင် ကျိုက်ထိုမြို့ နှင့်သထုံမြို့
အကြားတွင်သာ ကျိုက်ထုံ-သထုံလမ်းပိုင်းအတွက်
တိုလ်းဂိတ်ဖွင့်ပြီးကောက်ခံသင့်ပါသည်။ သထုံ-မုတ္တမ လမ်းပိုင်းအတွက်ကိုတော့
သထုံမြို့အထွက်တွင် ကောက်ခံသဖြင့် သဘာဝကျပါသည်။
လမ်းအသုံးပြုသူ ခရီးသွာအများစုက ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီ၏
လမ်းခင်းစနစ်ကောင်းမွန်မှု့ကို ချီးကျူးသဘောကျ ကြပါသည်။ ရွှေသံလွင်
ဟိုင်းဝေးကုမ္ပဏီ မှကောက်ခံသမျှလမ်းဖြတ်သန်းခကိုလည်း
ကြည်ကြည်ဖြူဖြူပေးလိုကြပါသည်။ ယခုစာသည် လည်း ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီ၏
အားနည်းချက် တစ်ချို့ကို စေတနာဖြင့်အကြံပေးခြင်းသာဖြစ်ပါသည်။ အထက်ပါ
အချက်များ ကို ပြင်ဆင်လိုက်လျှင် ရန်ကုန်-မော်လမြိုင် မော်တော်ကား
လမ်းခရီးသည် ယခုထက်ပိုပြီး အရမ်းကိုစိတ်ချမ်းသာစရာကောင်းသော 
ခရီးတစ်ခုဖြစ် လာပေလိမ့်မည်။
အုန်းမောင် 
တပ်မတော်ရေဦးစီးချုပ်နှင့်ဇနီးတို့၏မတရားမှုများ
တပ်မတော်ရေဦးစီးချုပ်နှင့်ဇနီးတို့၏မတရားမှုများ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် သမ္မတကြီးအပါအ၀င် လွှတ်တော်တစ်ခုလုံး နှင့် ပြည်သူများသိစေရန်တင်ပြလိုက်ရပါတယ်။
မိသားစုအရေး-
လက်အောက်တွင်တာဝန်ထမ်းဆောင်နေသောအရာရှိများအနေဖြင့် မိမိတို့၏မိသားစုအရေးကိစ္စများရှိသဖြင့်-၄-၅နှစ်နေမှ ခွင့်တစ်ကြိမ်တောင်းခံလျှင်ပင် ဦးစီးချုပ်ကတော်ထံ ၁၀ပုံး-ပုံး၂၀ထက်မနည်းသောငွေကြေးဖြင့် သွားရောက် တောင်းခံမှခွင့်ပြုပေးပါသည်။ သူမထံ စဉ်ဆက်မပျက်လစဉ် ၁၀ပုံး-ပုံး၂၀ထက်မနည်းဆက်ကြေး ပေးနေသူများကိုတော့ ကြိုက်သလိုခွင့်ပြု အခြေအနေဖန်တီးပေးပါသည်။ လက်အောက်အရာရှိများအနေဖြင့် မိမိဘာသာမိသားစုကြောင့် (သို့) ဈေးကွက် အပြောင်းအလဲကြောင့် ရှေးကငွေအနည်းငယ်ဖြင့်စုဆောင်းထားသော မြေ၊အိမ်များဈေးတက်ပြီး ချမ်းသာ လာသူများကိုလည်း မုဒိတာမပွားနိုင်ဘဲ ၄င်းအိမ်သို့ဆက်ကြေးမပေးလျှင် အာဏာကိုအသုံးချပြီး အလွန်ခက်ခဲသော နေရာဌာန၊ ပြဿနာအဖြစ်နိုင်ဆုံးနေရာများကိုပို့ပြီးဒုက္ခရောက်အောင်လုပ်ပါသည်။ ဦးစီးချုပ် ဖြစ်သူ ကလည်း မိန်းမပြောသည့်အတိုင်းအကုန်လိုက်လုပ်နေသည်မှာထင်ရှားနေပါသည်။ ဒေါ်ခင်အေးမြင့်သည် စစ်သူနာပြုတစ်ဦး ဖြစ်ခဲ့ဘူး သဖြင့် ယခုရေတပ်တွင် စစ်သူနာပြုများကိုယူထားသော အရာရှိများကို အရည်အချင်းရှိရှိ မရှိရှိ ဆီ၊သဘောင်္များနှင့်ဆိုင်သောနေရာများတွင်ရှိပြီးသူများကို အကြောင်းရှာဖယ်ထုတ်ပြီး ၄င်းတို့ကိုနေရာပေးနေပါသည်။ ၄င်းအနီးနေ ဗိုလ်မှူးထက်လျှံဖြိုးဆိုသူ၏ဇနီးမှာလည်းစစ်သူနာပြုဖြစ်ပြီး ဒေါ်ခင်အေးမြင့်အားကိုးဖြင့်မိမိထက်စီနီယာ အရာ၇ှိကြီးများနှင့်ဇနီးများကိုပင် ရိုင်းပြစွာမတူသလို ဆက်ဆံတက်သူဖြစ်ပါသည်။ ၄င်း၏စစ်သူနာပြုသင်တန်းဆင်း ဇနီးများရှိသူ အရာရှိတိုင်းကို ပင်လယ်ပြင်နှင့် ပြည်သူဘဏ္ဍာငွေမှ၇သလောက်စာရင်းလိမ်၊ ဆက်ကြေးကောက် လုပ်နိုင်သော နေရာများကိုပို့ပေးထားပြီး ၄င်းအရာရှိများကလည်းရသမျှအကုန်လုပ်ကာ သဘောင်္ပြင်ဆင်ရေး၊ တပ်ဖွံ့ဖြိုးရေးနှင့် လက်အောက်ငယ်သား ရဲဘော်များအတွက် မဟုတ်ဘဲ မိမိအိပ်ထဲနှင့်ဦးစီးချုပ်အိမ အတွက်ပို့ပေးခြင်းဖြင့် ရေတပ်ကိုခုတုံးလုပ်စားနေကြပါတယ်။ရေတပ်မှာရှိတဲ့အရာရှိထဲက ရာခိုင်နှုန်းအနည်းငယ်သော အရာရှိများနှင့် ဦးစီးချုပ်မိသားစုကတော့ ၄င်းတို့မိသားစုအရေးဆို အချိန်တိုင်းအခွင့်ရလုပ်ဆောင်နေပါတယ်။ သမီးမင်္ဂလာဆောင် ဆိုရင်လည်း နိုင်ငံကြော်မင်းသားနှင့်မင်းသမီးမင်္ဂလာဆောင်ထက်ကြီးကျယ်အောင်လုပ်ခဲ့ပါတယ်၊ သူတို့ရဲ့သားသမီး ကိစ္စဆိုဖျားနာတာကအစသူတို့ရန်ကုန်ဆင်းလာတာပါ။ ခက်ခဲတဲ့နေရာတွေမှာရောက်နေတဲ့ အရာရှိတွေ (အထူးသဖြင့် အိမ်ကို ဆက်ကြေးမပေးနိုင်သူတွေ)အတွက်တော့ တစ်နှစ်နေလို့တစ်ခါ မိသားစုအရေး အလွန်အရေးကြီးရင်တောင် ခွင့်မရကြပါဘူး၊ တောထဲကရန်ကုန်မတက်ရပါဘူး။ တပ်ချုပ်ကြီးပြောတဲ့ တပ်မိသားစု welfare ဆိုတာအဲဒါကိုပြောနေသလို ရေတပ်မှာတော့ဖြစ်နေပါတယ်၊ နောင်လာနောက်သားတွေအတွက် ပေးတဲ့ message ကလည်း မင်းတို့တပ်အတွက်အလုပ်လုပ်ပြီး ရဲဘော်တွေချစ်နေတာရဖို့ထက် မဟုတ်တာအကုန်လုပ် ပိုက်ဆံရသလောက်ရှာပြီး ငါ့သားဇော်ကြီးနဲ့ဆက်သွယ် ငါ့အိမ်ကိုပူဇော်မှ ဆိုတာဖြစ်နေပါတယ်။ ဒီတော့တကယ်တမ်း ဝေးလံတဲ့နေရာတွေမှာ ကာလရှည်တာဝန်ထမ်းဆောင်ရသူများ စိတ်ဓါတ်တွေပျက်ကုန်ပါပြီ။ နာဂစ်ဖြစ်တုန်းက သဘောင်္နစ်တဲ့ အထဲပါသွားတဲ့ ဗိုလ်ကြီးရဲ့ဇနီးက ဒေါ်ခင်အေးမြင့်နဲ့တွေ့ချင်လို့ခွင့်တောင်းတာ မရှိဘူးဘဲငြင်းပြီး ရှောင်တယ်-ကလေးမကခေါင်းဆောင်ကနှစ်သိမ့်တာခံချင်တာပါ၊ အခု၃နှစ်လောက်ကြာပြီးမှ ကောင်မလေးက အလှပြင်ဆိုင်မှာအလုပ်လုပ်နေတာပြန်တွေ့တော့ ဒေါ်ခင်အေးမြင့်ကမေးတယ်တဲ့ ယောကျာင်္းရှာပေးရမလားလို့တဲ့ ကဲဘယ်လိုမျိုး စိတ်ဓါတ်ရှိတဲ့မိန်းမက တပ်မတော်မှာဦးဆောင်နေတဲ့သူ တစ်ဦးရဲ့မိန်းမပါတဲ့လဲ၊ ထိုကလေးမ ဒေါသတွေထွက်တာ လူကြီးမိန်းမမို့လို့ပြန်မပြောလိုက်တာလို့ သိရပါတယ်။ သူသာကိုယ်ချင်းစာတတ်ရင်သူတို့ ငယ်စဉ်ကလည်း အထက်လူကြီးကြောင့်ခံစားရတာတွေရှိခဲ့တာဘဲ၊ သူကိုယ်တိုင်လဲ ယောင်္ကျားလစာနဲ့မလောက်လို့ ဆေးရုံဖိုကြီးမှာ ကလေးတွေလူတန်းစေ့အောင်ရှာကျွေးခဲ့ရတာကို အခု လက်အောက်ငယ်သားတွေရဲ့ဇနီးတွေ အလုပ်လုပ်တာ မကြိုက်ဘူးဆိုဘဲ မှတ်သားလောက်ပါတယ်။
ရာထူးနေရာများ-
ဒုဗိုလ်မှူးကြီးနိုင်မင်းကျော်ကိုလည်း စီမံG-1 နေရာကိုပေး နိုင်ငံတော်ကချပေးတဲ့ ဆီတွေစီမံစာရင်းလိမ်စေပေါ့၊ ဒီတော့နိုင်မင်းကျော်နဲ့သူမိန်းမကလည်း လက်ခမောင်းခတ် မိမိထက်စီနီယာများပင် သူတို့ကို အရိုအသေပေးရမလို မတူသလိုမတန်သလို ဆက်ဆံပေါ့၊ ဒုဗိုလ်မှူးကြီးကျော်ရွှေထွန်းဆိုတာကိုက တာဝန် G-1 အဖြစ်ထား ဒေါ်ခင်အေးမြင့်က သူ့အိမ်ကိုဆက်ကြေးပေးသူကို နေရာဌာနရာထူးတင်ခိုင်းပေါ့၊ ပြီးမှ ဦးစီးချုပ်က မကျေနပ်လို့မေးသူရှိရင် ဒီကောင်တွေငါခရီးသွားနေတုန်းဘယ်လိုလုပ်လိုက်တာလဲဆိုပြီး မသိချင်ရောင်ဆောင်၊ သူမသိဘဲရာထူးနေရာတွေ အပြောင်းအရွှေ့တွေလုပ်လို့ရပါ့မလားအရပ်ကတို့ရေ။ အခုဆိုလည်းကြည့် NTC တက်ဖို့ ရေတပ်မှာ လက်အောက် ငယ်သားတွေကကြီုက်တဲ့လူတွေ ဘာပြစ်မှုမလည်းမရှိဘဲ ပေးစရာနေရာ တွေရှိတာကို တမင်ချန်ထားပြီး လုပ်ချင်သလိုလုပ် ပြီးတော့မှ ကကထူးကလုပ်တာဆိုပြီး လွှဲချလိုက်တာ လွယ်လွယ်လေးပေါ့။ လူတွေအပြစ်မကင်းတာ မှန်တယ်၊ အပြစ်ကဘယ်လောက်ကြီးလဲ၊ ဘယ်သူကိုထိခိုက်တာလဲ-တပ်မတော်ကြီးကိုထိသွားလားဆိုတာမဟုတ်ဘဲ၊ ဘာမှမကြီးကျယ်တာတွေကိုတော့ အပြစ်လို့ပြောတယ်၊ ဒီလိုဆို အခု NTC တက်ဖို့ပါသွားတဲ့ ကျော်ကျော်ဦးဆိုတဲ့လူဆိုရင် ကကထောက်မှာ Q-1 ဆိုတာလုပ်နေတာအိုသေတော့မှာ သူကိုတော့ ဗိုလ်မှူးကြီးမပါပါအောင်အတင်းကို-၃ကြိမ်၃ခါဆွဲတင်တယ်၊ ကျော်ကျော်ဦးမိန်းမက ဆံပင်အနီရောင်ဆိုးဘောင်းဘီတို ၀တ်ပြီးလမ်းသလားနေတာ တပ်ရဲ့စည်းကော်ဆိုတာ လာချင်မှလာတာ ကိစ္စမဟုတ်ဘူး၊ ဦးစီးချုပ်ရဲ့ ရန်ကုန်က-၃ထပ်တိုက်ကြီးဆောက်တာခလုတ်နှိပ်ပေးတယ်လေ၊ လစဉ်ဆက်ကြေးပို့တယ်လေ၊ အခြားအရာရှိတွေ ရဲ့မိန်းမတွေက အမျိုးသားလစာမလုံလောက်လို့ မိမိပညာနဲ့ လုပ်ငန်းခွင်ဝင် စီးပွားေ၇းလုပ် သားသမီးတွေ လူတန်းစေ့ဖို့လုပ်နေတဲ့ ကြားကတတ်နိုင်သလောက် သူတို့ယောင်္ကျားတွေရှိတဲ့အဝေးကိုသွားချည်လာလှည့်နဲ့ တပ်အလုပ်တွေလုပ်နိုင် သလောက်အားဖြည့်တာ အမှား အနည်းငယ်ရှိတာနဲ့ အပြစ်ဖြစ်တယ်၊ တပ်မတော်မှာတာဝန်ခန့်ထားတာ ယောင်္ကျားကိုပါ၊ မိန်းမတွေကပါရမီ ဖြည့်ဖက် ဖြစ်ရမယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ကတော် ဒေါ်ခင်ကြည်လိုလား အခုခေတ်ဖြစ်နေသလို ဦးစီးချုပ်အိမ်မှာအ၀တ်ခေါက် ငွေပို့သူ့အိမ်ကိစ္စ လုပ်ပေးလားဆိုတာသိချင်ပါတယ်။ နောက်လာ နောက်သားတွေ အတွက် ပေးတဲ့message ကတော့ ယောကျာင်္းရာထူးတက်ချင်ရင် ဦးစီးချုပ်ကတော်ဆီမှာ ဖင်ဘူးတောင်း သွားထောင်၊ ယောကျာင်္းကို မဟုတ်တာအကုန်လုပ်ဖို့တိုက်တွန်း တပ်ကို ဟန်ပြထုံးသုတ်လုပ်၊ ဦးစီးချုပ်အိမ်ဆက်သ ဘာလို့လဲဆိုတော့ အဲဒီလိုမလုပ်ရင် ရဲဘော်ကဘဲချစ်မှာ ရာထူးမရဘူး တပ်ပြုပြင်တာ လူကြီးတွေအမြင်ကောင်း အောင် လုပ်ရင်ရပြီ ရှာသမျှငွေကိုယ့်အိပ်ထဲရယ် ဦးစီးချုပ်ရယ်ခွဲပေးလိုက်။ တကယ်ပြောတာ-ရေတပ်မှာ ရဲဘော်တွေလဲပြဿနာမရှာ၊ ပျော်အောင်လုပ်ပေးတယ်၊ အရာရှိငယ်တွေကိုလည်း မျှတတယ်၊ သူနဲ့နေတဲ့လူကြီးတိုင်းလဲအမှတ်တွေရအောင်သူဘဲလုပ်ရတာ၊ သူ့မိန်းမကလည်း ဘယ်သူကိုမှအဆင့်အတန်းမခွဲဘူး၊ သူတို့ရာထူးမရဘူး၊ လူတိုင်း စိတ်မကောင်းကြဘူး၊ ဒါတောင်အဲဒီလူက သူ့တို့ကိုရာထူး တစ်နေရာတော့ပေးမှာပါလို့ထင်နေတုန်း၊ သူတို့ဘာမှမဟုတ်တာ မလုပ်ထားဘူး၊ သူတို့တာဝန်သူကျေတယ်၊ လူကြီးတွေကဒီလိုမဟုတ်ဘူးလို့ထင်နေတယ်၊ ဒီလူတွေတော်ပေမယ့်ရိုးလွန်းတော့ အတယ်လို့ ပြောရတော့မယ်၊ သူတို့ကိုကျော်ပြီး နိုင်မင်းကျော်တို့ ကျော်ရွှေထွန်းတို့ရသွားမှာ၊ ခင်များအလုပ်မှာတော်တာဘာလုပ်မှာလဲ ခင်များဘာမှမပေးဘဲနဲ့၊ သူလိုဖြစ်တာသူတစ်ယောက်ထဲမဟုတ်ဘူး၊ ယခင်တပ်ကထွက်သွားသူတွေမှာကော ယခုလက်ရှိ ရာထူး အတိုးမခံရသူတွေထဲမှာပါ အများကြီးဘဲ ကဲအရပ်ကတို့ ဘယ်လိုလုပ်မလဲ တပ်တွင်းစည်းရုံးရေး လို့ပြောတယ်၊ ထိပ်ဆုံးကစပြီးမျှတမှုမရှိဘဲ သွေးခွဲအုပ်ချုပ်တယ်၊ ဘယ်လိုစည်းရုံးရေး လုပ်မှာလဲ၊ သေချာတာက မယုံရင် အခု NLD ကို တစ်နိုင်ငံလုံးမဲရွေးခိုင်း တပ်တွေရှိတဲ့နေရာတိုင်း လွပ်လပ်စွာမဲပေးခိုင်း NLD နိုင်လိမ့်မယ် ဘာလို့လဲ သူဘာမှလုပ်မပေးနိုင်ပေမဲ့ အခုလက်ရှိ အာဏာရှင်လိုဖြစ်နေတာကို အခွင့်ထူးခံရတဲ့ ၂၀%ကသာပျော်နေတာ ကျန်တာတွေက ရင်ထဲမှာနာနေကြပြီ၊ အမြန်ပြင်ဖို့အချိန်ရပါသေးတယ်။ တပ်ကနေအချိန်မကျသေးဘဲ ထွက်သွားရသူတွေဆိုလည်း ဒီဦးစီးချုပ် လက်ထက်မှာအလွန်ဒုက္ခရောက်ပါတယ်၊ ဘာမှကိုပြန်မကြည့်ပေးတာပါ၊ သူတို့မှာပြစ်မှုအကြီးကြီး တွေရှိတာလဲမဟုတ်၊ ရာထူးတိုးမပေးချင်တာ အောက်က အငယ်ကို နေရာပေးချင်တာနဲ့ စိတ်ဓါတ်ကျအောင် လုပ်တယ်၊ ဟိုးရှေးက ဦးစီးချုပ်တွေဆိုရင် ကိုယ့်ဆီမှာ သူရာထူးတက်ဖို့နေရာမရှိရင် ဘာလုပ်ချင်လဲမေးတယ်၊ အရပ်ဖက်ပြောင်းချင်ရင်၊ သင့်တော်မဲ့ဝန်ကြီးဌာနကို ချိတ်ပြီး သူနဲ့ဘယ်လိုနေရာဆို ကိုက်ညီမယ်ဆိုတာ စဉ်စားပေးတယ်၊ အခုဦးစီးချုပ်က ခွေးသေ၀က်သေ လွှင့်ပစ်သလို ပစ်လိုက်တာ ကိုယ့်ဘာသာရှာစားဘဲ၊ ငယ်စဉ်ကဒီအိမ်ကိုဝင်နေကျမို့ အိမ်သွားပြီးနေစရာအိမ်မရှိ ကလေးကျောင်းစရိတ် လိုနေတာကို သွားပြောပြတာတောင် မုန့်ဖိုးတစ်သောင်း နှစ်သောင်းပေးလိုက်တယ် နောက်တစ်ခါတွေ့တော့ဘူး၊ သူမ၀တ်တဲ့သူ့ကို လာကန်တော့တဲ့ ချိတ်လုံခြည်တစ်ထည်တောင်သိန်းချီပါတယ်၊ အဲဒီလိုလက်အောက်ငယ်သားများကို တရားမျှတစွာကြည့်ရှုနေလို့ ရေတပ်ကြီးပျက်သထက်ပျက်တော့မှာဘာမှမလုပ်ကြတော့ဘူးလား။
ကျုပ်မှာ ဒီဦးစီးချုပ် ရဲ့ အိမ်ကို ဘယ်သဘောင်္က လစဉ် ဘယ်လောက် ဘယ်သူကဘာတွေလုပ်ပေးတယ်၊ အလားလာရှိတဲ့ ဌာနချုပ်တွေမှာ မြေတွေကို ဦးဥာဏ်ထွန်း အမည်နဲ့ယူထားတယ်ဆိုတာ စာရင်းလုပ်ထားတယ်၊နိုင်ငံတကာစစ်တရားရုံးပါ ဒီကိစ္စတွေ ဘာသာပြန် တင်ပြပေးနိုင်ဖို့ ပြင်ထားပါတယ်။ သူနေရာပေးထားတဲ့ဌာနချုပ်မှူးတွေက ဘယ်လောက် မှန်ကန်ခဲ့ကြသူတွေ ဆိုတာလည်းတင်ပြချင်ပါတယ်-သဘောင်္ကဆီ-၃၀၀၀ ရောင်းယူပြီးသင်တန်းတက်ခဲ့တဲ့သူ နဲ့ ယိုးဒယားငါးဖမ်းလှေတွေကို ရောင်းစားပြစ်ပြီး ချမ်းသာတဲ့သူတွေနဲ့ပါ၊ သေချာချင်ရင် အ၇ပ်ဖက်ထောက်လှမ်းရေးတွေနဲ့ လိုက်စုံစမ်းလိုက်ပါ ဒီစာရေးတဲ့သူကိုရှာပြီး ဖမ်းတာကအနောပေါ်တုတ်ကျ မဟုတ်တာတွေဆက်လုပ်နေတာ အားပေးခြင်း တစ်ခုပါဘဲ။နမူနာတစ်ခုပြောမယ်-ဒုဗိုလ်မှူးကြီးခင်ဇော်သိန်းဆိုတာ အခု ရေယာဉ်စု-၃၆ မှာတာဝန်ပေးထားပြီးအနီးကပ် ဦးစီးချုပ်အိမ်ကိုလစဉ် ပ့ါပိုးဖို့ထားပေးထားတာ၊သူဆိုဒုဗိုလ်မှူးကြီးဖြစ်ဖို့ အရမ်းနောက်ကျကျန်ခဲ့တာ ဦးစီးချုပ်အိမ်ဆောက်တာ landscaping လုပ်ပေးလိုက်တယ်၊ ဦးစီးချုပ်သားဇော်ကြီးလိုချင်တဲ့ ကားတစ်စီးဝယ်ပေးလိုက်တယ်၊ ဘာမှမဆိုင်ဘဲ အဲဒီအချိန်က ခင်ဇော်သိန်းကို ၅၅၃ရေယာဉ်နဲ့ အောက်ဖက်လို့ခေါ်တဲ့ တနင်္သာရီတိုင်းဖက်လွှတ်ပြီး ငါးဖမ်းလှေတွေကို ဓါးပြတိုက်ခိုင်းပြီး ဒုဗိုလ်မှူးကြီးပေးလိုက်ပြီး အခုရေယာဉ်စု-၃၆မှာထားပေးပြီးဆက်ကြေးဆက်ကောက်တာပေါ့။
အဲဒီလိုမတရားတွေလုပ် ကြည်းနဲ့လေမှာတောင် သူ့အစဉ်အတိုင်းရာထူးပေးရမယ့်လူတွေကိုတင်ပေးတယ် တကယ်အပြစ်ကြီးကြီးမားမားရှိမှကျန်ခဲ့တာ၊ ရေတပ်ကတော့ အိမ်ကိုအများဆုံးပေးတဲ့သူကို အစဉ်အလာတွေကျော်ပြီး လုပ်နေတယ်၊ အပြစ်မရှိလဲကျန်ခဲ့ဘဲ၊ အလိုက်မသိဘူးဆိုတဲ့ပုဒ်မကတော်တော်ကြီးတဲ့ တပ်မတော်တိုးတက်ရေး နဲ့ဆိုင်တဲ့ပုဒ်မဆိုတော့ ရေလဲသုံးပြီးလုပ်နေတာပါ။ နိုင်ငံရေးပြစ်မှု၊ တပ်မတော်ဘဏ္ဍာငွေနဲ့ ပစ္စည်းတွေ အလွဲသုံးစားလုပ်မှုကတော့ ပြစ်မှုမဖြစ်ဘူးဖြစ်နေတယ်၊ တရားကိုနတ်မစောင့်ဘူး၊ ရေတပ်မှာဦးစီးချုပ်ကတော် စောင့်ပါတယ်။ နောင်တက်လာမဲ့သူတွေကတော့ သူ့ထက်သာမသာကိုစောင့်ကြည့်ရတော့မှာပေါ့။ သူတို့လဲမဟုတ်တာ လုပ်ပေးပြီးတက်လာတာဆိုရင် ကိုယ့်အလှည့်လဲဒါမျိုးလုပ်ပြီး ကိုယ်ပေးထားတာပြန်ရအောင် လုပ်မယ်ဆိုတဲ့ သူတွေဘဲဖြစ်လာမှာပါ။ နမူနာကောင်းတွေခေါင်းဆောင်ကလုပ်ပြတော့နောက်ကလိုက်လုပ်တာပေါ့ မဆန်းပါဘူး။ ကြည်း၊ရေ၊လေထဲမှာ ရေတပ်ဟာစည်းလုံးမှုမရှိဆုံးပါ၊ Senior ကလည်း junior ထဲကလက်အောက်ငယ်သား ချစ်တဲ့သူဆို နှိပ်ကွပ်မယ်၊ junior တွေကလည်းဦးစီးချုပ်နဲ့ပိုင်တယ်ဆိုရင် senior တွေကို လုံးဝမရိုသေ မိုက်ရိုင်းသေးတယ်၊ ကြောက်လို့ငြိမ်နေကြပြီး အထဲမှာမြုံနေတဲ့အနာတွေဖြစ်နေတာ၊ တစ်ယောက်ကိုတစ်ယောက် နင်းချဖို့ဘဲချောင်းနေတယ်၊ ဘယ်ရာထူးနေရာက ငွေအများဆုံးဝင်အောင်လုပ်လို့ရတဲ့နေရာလဲ ဆိုပြီးလုဖို့ စောင်နေတယ်၊ ဥပမာ-ရခိုင်ပြည်နယ်လိုမျိုးဘာမှမရတဲ့နေရာဆို အလုပ်လုပ်ခိုင်းဖို့လူတွေကို လွှတ်လိုက်တယ်၊ ရာထူးပေးမယ်ဆို ချန်ထားလိုက်တယ်၊ ဦးစီးချုပ်အနားက အိမ်ကိုပံ့ပိုးသူများ ရခိုင်ပြည်နယ်ဆိုတာ ဘာလဲလို့မေးရမှာပါ၊ မြေပုံထဲမှာမြင်ဘူးတယ်ပေါ့၊ ယခင်ဦးစီးချုပ်များလက်ထက်မှာ ဒါမျိုးအဖြစ်တွေလုံးဝမရှိခဲ့ပါဘူး၊ ဦးစီးချုပ်ဟောင်းများရဲ့ ကတော်များမှားလည်းဒီလိုအမည်မပျက်ကြပါ၊ ယခုလက်ထက်ဟာ ရေတပ်မှာအပျက်စီးဆုံးကာလကိုစတင်တာပါဘဲ၊ ဘယ်လိုပြန်အဖတ်ဆယ်မလဲဆိုတာထက် ဒီထက်ပိုပျက်ဖို့ဘဲ အရှက်မရှိ သူတို့ထိပ်ဆုံးက ပဒေသရာဇ်လို လုပ်ချင်ရာ လုပ်နေတာပါ။
ကျုပ်ကတော့မနေနိုင်လို့ရေးလိုက်တယ်၊ ဒီမိုကရေစီစနစ်ကိုကူးပြောင်းရင်၊ တပ်မတော်မှာလည်း အကျင့်တွေ ပြောင်းရတော့မယ်၊ တပ်မတော်ကိုလူတွေ ၁၉၉၀နောက်ပိုင်းမှ မုန်းကုန်တာဘာကြောင့်လဲ ပြန်စဉ်းစားပါ။ တပ်မတော်ဆိုတာနိုင်ငံတစ်ခုမှာရှိသင့်တာမှန်တယ်၊ သူကဘယ်နေရာကနေမှာလည်း၊ ဘယ်လိုမှန်ကန်သင့်လည်း၊ တပ်ပြင်စည်းရုံးရေးပြောတယ်၊ အရာရှိတွေအရာရှိကတော်တွေက ကိုယ့်ကိုယ်ကို အခြားလူတွေနဲ့ မတူတဲ့လူတန်းစားလို နေတယ်ပြောတယ်၊ ချမ်းသာတာကိုလူတွေဘာမှမပြောဘူး၊ လွန်လွန်ကဲကဲချမ်းသာနေတာ နဲ့ လူတွေကိုတန်းတူ မဆက်ဆံတာကြောင့် လူထုနဲ့ကွဲသွားရခြင်းဆိုတာမမြင်သေးဘူးလား။ ကိုယ်ကဘယ်ကလာတာလဲ လူထဲကလာတာဘဲ။ ကိုယ့်ကိုအခြားသူတွေဆက်ဆံစေချင်သလို ကိုယ်လည်းအခြားသူတွေကိုပြန်ဆက်ဆံရမှာပေါ့၊ တပ်မှာ အမိန့်ပေးတာမှန်တယ်၊ ရပ်ရွာထဲကလူထုက တပ်မတော်ကမဟုတ်ဘူး သူတို့နဲ့ကဆွေးနွေးပြီး လုပ်ဆောင်ရမှာ။ မြန်မာတပ်မတော် အမှန်တကယ်ပြည်သူချစ်တာခံရမဲ့တပ်မတော်ပြန်ဖြစ်ပါစေ၊ ဒီတိုင်းဆက်သွားရင်တော့ ပြည်သူမုန်းတဲ့ တပ်မတော်ကြီးဖြစ်သွားမှာပါ်။ မိမိလူတွေကို အခြားသူတွေ ဖြစ်အောင်လုပ်တာ သိပ်တော်တဲ့ ခေါင်းဆောင်တွေ အကျင့်အရင်ပြင်ပါ။ ကိုယ့်လူတွေကတောင်ကိုယ့်ကို မုန်းလာပြီဆိုရင် အခြားသူကကိုယ့်ကို ချစ်နိုင်မှာလား။ သူတို့လိပ်ပြာသန့်နေတာအံ့ပါရဲ့။
ဒီစာကိုဒေါ်အောင်ဆန်းစုကြည်လဲဖတ်ဖြစ်မယ်ဆိုရင်၊ ဖခင်ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့တပ်မတော် ပြန်စုစည်းဖို့ အကြံပြုပေးပါဦး၊ လူတစ်စုကြောင့်တပ်မတော်မှာအခက်တွေ့တာပါ၊ တပ်မတော်ကိုတပ်မတော်လိုဘဲ ချစ်လို့ နေချင်လို့တပ်မတော်သားလုပ်နေသူတွေ အများကြီးရှိပါသေးတယ်။ ထပ်ပြီးသွေးကွဲတာတွေမဖြစ်စေချင်လို့ပါ။ လူမှန်နေရာမှန်တွေရှိစေဖို့ တပ်မတော်စည်းလုံးရေးကို တကယ်လုပ်နိုင်မဲ့သူတွေခေါင်းဆောင်ဖြစ်ပါစေ။
ရဲရန်အောင်
လွှတ်တော်သို့ သွားရေက်နိုင်မည့်အခြေအနေကို စောင့်ဆိုင်းနေ ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
ဧပြီ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၃ နာရီ အထိ  NLD ရုံးချုပ်တွင် ပြုလုပ်သော ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ်များအား ပို့ချသည့် ဥပဒေသင်တန်း အပြီးတွင်ဒေါ်အောင်ဆန်းစုကြည်အား စောင့်ဆိုင်းနေသော ပြည်တွင်းပြည်ပမီဒီယာများထဲမှ လွှတ်တော်ကိစ္စနှင့်ပတ်သတ်၍မေးမြန်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က `လွှတ်တော်သို့သွားနိုင်မယ့် အချိန်ကိုစောင့်နေပါတယ်´ဟုသာပြောဆိုပြီး ထွက်ခွာသွားသည်။
နောင်တော်လေး (Hot News)
မီးဘေးသင့်ဟေမ၀န်ဈေးမူလအတိုင်းဈေးရုံများ ပြန်လည်တည်ဆောက်ပေး
ရန်ကုန်တိုင်းဒေသကြီး၊တောင် ဥက္ကလာပမြို့နယ်ဟေမ၀န်ဈေးသည် ၂၀၁၂-ခုနှစ်ဧပြီ(၁၀)ရက်နံနက်    ၁း၂၀နာရီတွင်မီးဘေးသင့်ခဲ့ရာပျက် စီးသွားသောဈေးရုံများကိုမူလနေ     ရာ၊မူလပေအကျယ်အတိုင်းပြန် လည်ဆောက်လုပ်လျက်ရှိသဖြင့် အခွန်ထမ်းဈေးသူဈေးသားနှင့်အများ ပြည်သူတို့အဆင်ပြေစွာပြန်လည် ရောင်းဝယ်ကြရမည်ဖြစ်ကြောင်း သိရသည်။
မီးလောင်၍ပျက်စီးဆုံးရှုံးသွား သောဆိုင်ခန်းပေါင်း၈၉၃-ခန်းကို    ဈေးသူဈေးသားတို့၏ဆန္ဒအတိုင်း မူလဈေးရုံတွင်မူလနေရာ၊မူလပေ အကျယ်အတိုင်းပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ဘတ်ဂျက် ဖြင့်အကုန်အကျခံလျက်စည်ပင်  သာယာအင်ဂျင်နီယာဌာနခွဲမှူး ဦးသန်းထွန်းအားတာဝန်ပေးဆောက် လုပ်လျက်ရှိသည်။မူလဈေးရုံများ ကိုအမြန်တည်ဆောက်လျက်ရှိရာ ဇွန်လလယ်ခန့်တွင်ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်မည်ဟုမျှော် မှန်းထားကြောင်းဈေးတာဝန်ခံ      ဦးခင်မောင်ဝင်းထံမှသိရသည်။
ဈေးရုံများပြန်လည်တည် ဆောက်ရာတွင်ဈေးရုံကြီးများ၏ မူလပုံစံအကျယ်အ၀န်း၊အုတ်မြစ်  များ၏တိုင်နေရာအတိုင်းတည် ဆောက်ထားပြီးတစ်ဝက်တစ်ပျက်၊ တစ်စိတ်တစ်ပိုင်းလောင်ကျွမ်းခံရ သောဈေးရုံများကိုမူလသစ်သား ထည်အတိုင်းအစားထိုးပြုပြင်ဆောက် လုပ်နေပြီးဈေးရုံတစ်ရုံလုံးလောင် ကျွမ်းခဲ့သောရုံများကိုမူသံမဏိအမာ ထည်တိုင်နှင့်ယက်မများအသုံးပြု ၍မူလခေါင်ထက်နှစ်ပေခန့်မြှင့်၍ ဆောက်လုပ်နေသည်ကိုတွေ့ရှိရ သည်။ထို့ပြင်ဈေးဆိုင်ရှင်များ၏ ရောင်းချသောကုန်ပစ္စည်းများလုံ ခြုံစွာသိမ်းဆည်းနိုင်ရန်ဈေးခုံ၊အခင်း အကာစသည်တို့ကိုဆိုင်ရှင်၏အစီ အစဉ်ဖြင့်မိမိစိတ်ကြိုက်လုပ်ဆောင် ခွင့်ပေးထားကြောင်းလည်းဦးခင်မောင် ၀င်းမှဆက်လက်ပြောကြားခဲ့သည်။  
 ဟေမ၀န်ဈေးကိုတောင်ဥက္ကလာမြို့နယ်၏တိုင်းအားကစားကွင်း၊ ပဒေသာရုပ်ရှင်ရုံတို့နှင့်နီးကပ်စွာ တည်ရှိပြီး၁၉၆၀-ခုနှစ်တွင်စတင် တည်ဆောက်ဖွင့်လှစ်ခဲ့သည်။ဈေးရုံအမျိုးမျိုးရှိပြီးဆိုင်ခန်းပေါင်း ၁၂၀၀-ခန့်ရှိရာအထည်အလိပ် သီးသန့်ရောင်းချသောဆိုင်ခန်း၇၅၅ ခန်းပါဝင်သဖြင့်တစ်ချိန်ကရန်ကုန် မြို့၏အထည်အလိပ်ဖြန့်ချီရာအဓိ ကနှင့်အထူးစည်ကားသောဈေးကြီး ဖြစ်ခဲ့သည်။
မိုးမြင့်ဆွေ (Hot News) 
 ကျမ်းသစ္စာဆိုရမည့် စာသားပြုပြင်ပြီးမှသာ NLD လွှတ်တော်တက်မည်ဟုဆို  ကြားဖြတ်ရွေးကောက်ပွဲတွင် ရာခိုင်နှုန်းအများစု အနိုင်ရထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဇယား ၄ ပါ ကျမ်းသစ္စာဆိုရမည့် စာသား ပြုပြင်ပြီးမှသာ လွှတ်တော် တက်ရောက်နိုင်ဖွယ် ရှိကြောင်း အဆိုပါ ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးအုန်းကြိုင်က ပြောကြားသည်။”ခုချိန်ထိတော့ သွားဖို့ မရှိသေးဘူး။ တာဝန်ရှိတဲ့သူတွေနဲ့တော့ အချိန်နဲ့အမျှ ညှိနေတယ်။ မပြင်ပေးလို့တော့ မရဘူး ထင်တယ်” ဟု ၄င်းက ဆက်လက် ပြောကြားသည်။
နေပြည်တော်၌ ဧပြီလ ၂၃ ရက်နေ့တွင် စတင်ကျင်းပမည့် လွှတ်တော် အစည်းအဝေးများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် မတက်ရောက်ရန် ရာခိုင်နှုန်း ပိုများကြောင်း NLD ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ဧပြီလ ၂ဝရက်နေ့က NLD ရုံးချုပ်တွင် ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ သင်တန်းတွင် ပြောကြားခဲ့သည်။
“ကျွန်မတို့က လွှတ်တော်ကို Boycott လုပ်တာ မဟုတ်ပါဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ညနေ သုံးနာရီအချိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
NLD ကိုယ်စားလှယ်များ ကျမ်းသစ္စာဆိုရမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဇယား ၄ ပါ ကျမ်းသစ္စာ ဆိုချက် ပုံစံတွင် ဖော်ပြပါရှိသော “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်မည်” ဆိုသည့် စကားရပ်အစား “လေးစားလိုက်နာပါမည်” ဟု ပြင်ဆင်ရန် အဆိုပါပါတီက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
NLD ပါတီ ပြင်ဆင်စေလိုသည့် အချက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များ ဖြစ်နေသဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမှု ရှိမှသာ ပြင်ဆင်နိုင်ဖွယ် ရှိပြီး အဆိုပါ အချက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ပြီး ကတည်းက တစ်ပါတည်း ပြင်ဆင်ပေးရမည့် အချက်ဖြစ်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။
The Voice Weekly
ပြည်မြို့ ပြည်သူ၊ပြည်သားတွေကလဲ လက်ခုပ်တွေတီးပြီးအားပေးကြတဲ.မြင်ကွင်းတွေ တွေ.ခဲ.ရပါတယ်အကို။ အရမ်းလဲအားရကျေနပ်မိပါတယ်။ ဒါပေမဲ.တစ်ခုအကြံလေးပေးချင်တာကတော. ယိမ်းကားလာတဲ.လမ်းကြောင်းမှာ လုံခြုံရေးတာဝန်ယူပေးကြတဲ. ညီအကို၊မောင်နှမတွေဟာ လမ်းပိတ်ဆိုမှူဖြစ်ပေါ်နေချိန်မှာ အပြုံးလေးတွေ၊ ယဉ်ယဉ်ကျေးကျေးလေး ပိုပြီးဆက်ဆံမယ်ဆိုရင် ပြည်သူတွေ အတွက် ပိုပြီး အားရကျေနပ်စေမယ်လို.ထင်ပါတယ်ခင်ဗျ။ ဝေဖန်တာမဟုတ်ပါဘူး၊ ကျွန်တော်ချစ်တဲ.ပါတီကို သူများမျက်စိဆံပင်မွှေးမစူးအောင်လို. ဝေဖန်အကြံပေးချင်တာပါ။
ပြေလင်းဆက်
Myanmar News Now
လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေဆိုင်ရာ သင်တန်းနောက်ဆုံးနေ့ကျင်းပ
ယနေ့ ပြုလုပ်သော NLD ဥပဒေသင်တန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဌာနချုပ်)ရုံးခန်းတွင်ပြုလုပ်နေသော ဥပဒေသင်တန်းကို
 ယနေ့ ၂၂၊၄၊၂၀၁၂ တွင် နံနက် ၁၀နာရီမှ ၁၂ နာရီအထိ ဦးမျိုးရန်နောင်သိန်းမှဆွေးနွေးခဲ့ပြီး ၁၂နာရီမှ နေ့လည်၁ နာရီအထိ ခတ္တရပ်နားခဲ့ပါတယ်။
 ၁နာရီတွင် သင်တန်းပြန်လည်စတင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သော 
ဦးအောင်ကြည်ညွှန့် မှ လယ်ယာမြေ ဥပဒေနှင့် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးဥပဒေများကို ဆွေးနွေးခဲ့ကာ နေ့လည် ၃နာရီတွင် အခမ်းအနား
ပြီးဆုံးခဲ့ပါသည်။
D-Wave (ဒီလှိုင်း)
ကြို့ပင်ကောက်မြို့မှာ ယခုနွေရာသီမှာ ရေအလွန်ရှားနေ လူကြီးမင်းများခင်ဗျာ....
ကျွန်တော်တို့..ကြို့ပင်ကောက်မြို့မှာ ယခုနွေရာသီမှာ ရေအလွန်ရှားနေပါတယ်..
စည်ပင်ကလဲရေမပေးနိုင်တာ..နှစ်ချီနေပါပြီ..မြို့အရှေ့ခြမ်းကတော့..ဆည်ရေရလို့အဆင်ပြေကြပါတယ်.
အနောက်ခြမ်းကတော့ဆည်ရေမရောက်လို့..ရေရှားပါတယ်
စည်ပင်ရေကလဲ..မလာတော့ပြည်သူတွေရေခက်ခဲနေပါတယ်..
အဲဒါနဲ့စည်ပင်မှာစုံစမ်းလိုက်တော့.အဖြစ်မှန်သိရပါတယ်..
အရင်ကမီးမလာလို့ရေမပေးနိုင်တာ..နားလည်ပါတယ်..ခုမီးလဲမှန်...မီးအားလဲပြည့်ဆိုတော့.
အဲဒါတောင်ရေမပေးတာ..နှစ်ချီနေပါပြီ..
ရေခွန်လဲလာမကောက်နိုင်တော့ပါဘူး....ရေမီတာနဲ့ဆိုတော့..ကောက်မရတော့ဘူးဖြစ်နေတယ်သိရပါတယ်..
အဲဒီတော့..ရေခွန်ဘတ်ဂျတ်မပြည့်လို့..အထက်ရုံးက..လူကြီးတွေက...ထုချေလွာတောင်းခံရမှာစိုးလို့
စည်ပင်အင်ဂျင်နိယာနဲ့အရာရှိတွေ .ရေခွန်ဖိုးစိုက်ပြီးဆောင်လိုက်ကြလို့...အဆင်ပြေသွားတယ်သိရပါတယ်..
အဲဒီတော့ပြောချင်တာက..လူကြီးမင်းတို့တိုင်းအဆင့်ကလဲ..အောက်ခြေမှာရေပေးနိုင်/မပေးနိုင် စစ်ဆေးပေးပါ..
ရေခွန်ပြည့်တိုင်း ရေပေးနေတယ်..ထင်နေယင်..မဟုတ်သေးဘူး..
အဲတော့.....အခွန်ပြည့်ဖို့ချည်းလဲ..မကြီးကြပ်ပါနဲ့..
ရေတကယ်ပေးနိုင်အောင်လဲ..ကြီးကြပ်ပေးပါ..
စည်ပင်ဝန်ထမ်းဟောင်းတစ်ဦးပြောသလို.....ရေပေးတဲ့ပြန်တမ်းမှတော့... နေ့တိုင်းရေပေးပါတယ်....
မြေပြင်မှာသာမရောက်တာပါတဲ့..ကြည့်လဲလုပ်ကြပါဦး..လူကြီးမင်းတို့.
ဟိုးအရင်နှစ်ကလဲ...မြေမြုတ်ပန့်တပ်တယ်တဲ့၊ပြီးတော့...မီးမလာရင်ပေးနိုင်ဖို့............အင်ဂျင်ဝယ်တယ်ကြားတယ်..
အဲဒါတွေဘယ်ရောက်ကုန်လဲ...
ရာခိုင်းနှုန်းပဲဖြတ်စားနေတဲ့...လူကြီးတွေ..ကြည့်လုပ်ပါဦးဗျို့..
ကျွန်တော်များ...မြို့သူ/သားတွေ...အမှန်တကယ်ရေလိုအပ်နေလွန်းလို့ပါ...
တစ်ခါက..အသိတစ်ယောက်က
စည်ပင်အင်ဂျင်နီယာလူကြီးကို...သွားပြောတယ်..
ရေပေးဖို့ကိစကိုတဲ့..
အဲဒီအင်ဂျင်နီယာပြောပါတယ်တဲ့..
မီးမှန်ရင်ပေးနိုင်ပါတယ်တဲ့
နောက်အင်ဂျင်နီယာက
စက်ပြင်နေလို့ပါတဲ့..
နောက်အင်ဂျင်နီယာက ..ပိုက်ပေါက်နေလို့ပါတဲ့.....
ကဲအဖြေကရှင်းနေတာပါဘဲ.....
စည်ပင်ဝန်ထမ်းဟောင်းတစ်ဦးထံ..ချည်းကပ်စုံစမ်းကြည့်တော့မှဘဲအဖြေကရှင်းသွားပါတယ်.....
ရေပေးစက်တွေပျက်မှ ငွေများများနဲ့ပြင်နိုင်မှာ..အဲဒါမှ လူကြိးတွေ..%များများရမှာတဲ့.အဲဒါကြောင့် အရာရှိတွေကပျက်လေကြိုက်လေတဲ့
ကောင်းလိုက်တဲ့...စကားဗျာ
ကဲဒီတော့...စည်ပင်လူကြီးမင်းများ...ရေပေးရေူးကိစလေးကို..အောင်မြင်အောင်...
ကူညီဆောင်ရွက်ပေးနိုင်ကြပါစေလို့..ဆုတောင်းနေကြကြောင်း...မြို့လူထုကိုယ်စား...
ပြောကြားပေးလိုက်ရပါတယ်....
××××××××××××××××××××××××××
ရိုသေစွာဖြင့်
မြို့သူမြို့သားများ(ကိုယ်စား)
အဖြူအမဲ
 မသင်မနေရ မူလတန်း ပညာရေးဝန်ကြီးဌာန ကူညီမည်
ရန်ကုန်၊ ဧပြီ ၁၇
တစ်နိုင်ငံလုံးရှိ မူလတန်း ကျောင်းနေအရွယ်ကလေးများ ပညာဆည်းပူးနိုင် ရန်အတွက် ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဟု ပညာရေးဝန်ကြီး ဌာနမှ သိရသည်။
''အရင်တုန်းက တစ်ရာမှာ ရှစ်ဆယ် တက်တယ်။ အခုဆိုရင် လာမယ့်နှစ်မှာ ၈၅-၉ဝ လောက် တက်နိုင်အောင် ဆောင်ရွက်သွားမယ်''ဟု ဒုတိယဝန်ကြီး ဦးအေးကြူ က ပြောသည်။
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်အတွင်း မသင်မနေရ မူလတန်းစနစ်ကို အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ယခုနှစ်တွင် တစ်နိုင်ငံလုံးရှိ မူလတန်းအဆင့် ကျောင်းသား များအား ပြဋ္ဌာန်းစာအုပ်များအပြင်
ကျောင်းသုံး ဗလာစာအုပ်အခမဲ့ ထောက်ပံ့သွားမည်ဖြစ်ရာ မူလတန်း အဆင့် ကျောင်းနေကလေး တိုးတက်မြင့်မားရေး အတွက် ထိုထောက်ပံ့ ကူညီမှုများမှာ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ထပ်လောင်း ဆိုသည်။
''ဒါက မူလတန်းအဆင့်ပါ။ ကျောင်းနေကလေးတွေ တိုးဖို့လုပ်ပေးတာ မျိုး ဖြစ်တယ်။ နောက်ပြီးတော့ ဆင်းရဲနွမ်းပါးပြီး ကျောင်းမတက်နိုင်တဲ့ ကလေးတွေအတွက် ပညာရေးဝန်ကြီးဌာန ကနေပြီးတော့ လာမယ့်ပညာ သင်နှစ်မှာ ထောက်ပံ့ကြေးပေးဖို့လည်း ရှိတယ်''ဟု ၄င်းကဆိုသည်။
နိုင်ငံရှိ မူလတန်းကျောင်းနေအရွယ် ကလေးငယ်အချို့ စာသင်ခန်းပြင်ပ သို့ ရောက်ရှိကာ အလုပ်ခွင်ထဲသို့ ရောက်ရှိနေမှုအား ဆွဲထုတ်နိုင်မှ နိုင်ငံ၌ ပညာတတ် လူငယ်လူရွယ်များစွာ တိုးတက်နိုင်မည်ဟု မြန်မာ့ပညာရေး စောင့်ကြည့်လေ့လာသူ အချို့က သုံးသပ်ကြသည်။
''ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးငယ်တွေ စာသင်ခန်းမှာပဲ ရှိနေရမယ်။ အခု ဒီလိုမဟုတ်ဘဲ မြို့ကြီးတွေနဲ့ နယ်မြို့အချို့တွေမှာ စားပွဲထိုးလုပ်နေရတာ၊ အိမ်ဖော် လုပ်နေရ တာတွေကို တွေ့ရတယ်။ ဒါတွေ မြင်နေရတာ စိတ် မသက်သာဘူး။ နိုင်ငံအနေနဲ့ ဒါတွေကို ကူညီပေးသင့်တယ်။ ဆိုလိုတာကတော့ သူတို့တွေကို စာသင်ခန်းထဲထိ ရောက်အောင် ဆွဲခေါ်ပေး ရမယ်'' ဟု မြန်မာ့ပညာရေး စောင့်ကြည့်သူ တစ်ဦးကဆိုသည်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ အမျိုးသားစီမံကိန်း စီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စစ်တမ်း အရ နိုင်ငံ၌ မူလတန်း ပညာရေး ပြီးဆုံးမှုနှုန်း၊ မူလတန်း တက်ရောက်မှုနှုန်း မှာ ထွက်ပေါ်လာသည့် စာရင်းအရ အားရမှုမရှိဟု မြန်မာ့ပညာရေး လေ့လာ သူအချို့က ထောက်ပြသည်။
 Popular Myanmar News Journal 
ကျမ်းသစ္စာ အသုံးအနှုန်းပြောင်းလဲပေးရေး အဆို လွှတ်တော်မှာ တင်မည်
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLDက တင်ပြထားတဲ့ လွှတ်တော်တွင်း ကျိန်ဆိုရမယ့် ကျမ်းသစ္စာအသုံးအနှုန်းပြုပြင်ပြောင်းလဲပေးဖို့ အဆိုကို မနက်ဖြန် တနင်္လာနေ့မှာ စတင်ကျင်းပမယ့် တတိယအကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ တင်သွင်း မှာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အာအက်ဖ်အေကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ပြင်ဆင်ခဲ့တုန်းက လေးစားလိုက်နာပါမယ် ဆိုတဲ့ အသုံးအနှုန်း ပြောင်းလဲပေးခဲ့သလို အခုကျမ်းသစ္စာ ကျိန်ဆိုတဲ့နေရာမှာလည်း အဲဒီအတိုင်းပြောနိုင်ဖို့ လွှတ်တော်မှာ ဆွေးနွေးတင်ပြမှာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင် ကပြောပါတယ်။
"ကျနော်တို့သုံးသပ်တာကတော့ ဒီ ကဏ္ဍနဲ့ ပတ်သက်လို့ လုပ်ပေးရမယ့် အဓိက ပုဂ္ဂိုလ် အင်အားစုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထက်ကို ပြည်ခိုင်ဖြိုးပါတီရဲ့ တာဝန်ကြီး ဖြစ်သွားပြီ။ တကယ်လို့ ဒီအသုံးအနှုန်းလေးတွေကို လိုက်လောညီထွေဖြစ်အောင် ပြည်ခိုင်ဖြိုးပါတီကများ မလုပ်ဘူးဆိုရင်တော့ ကျနော်တို့ကပဲ ဆွေးနွေးတင်ပြရမှာဖြစ်တယ်။"
NLD က တင်ပြထားတဲ့ ကျမ်းကျိန်လွှာကိစ္စ အဆင်ပြေအောင် ဆောင်ရွက်နိုင်ဖို့ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေမှာလည်း တာဝန်ရှိတယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ဒေါက်တာအေးမောင်က ပြောပါတယ်။
လာမယ့်လွှတ်တော် အစည်းအဝေးမှာ အရင်လွှတ်တော် သုံးရပ်မှာ မပြီးပြတ်ခဲ့တဲ့ ဥပဒေဆိုင်ရာ ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေပြဌာန်းဖို့ ကိစ္စတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
RFA
ဒေါက်တာအေးမောင်
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများ ရွှေညဝါဆရာတော်ထံမှာ ဒုလ္လဘ ရဟန်းခံမည်နှင့် ကြည်ညိုစရာ ရွှေညဝါ.. (ရုပ်သံ)
လာမယ့်(၂၄)ရက်နေ့ မှာ ရွှေညဝါဆရာတော်ကြီးအား သိက္ခာထပ်ပွဲ မင်္ဂလာအခမ်းအနားနှင့် အတူ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများမှ ရွှေညဝါဆရာတော်ထံမှာ ဒုလ္လဘ ရဟန်းခံပြီး  ရွှေညဝါတောရကျောင်း (မှော်ဘီ)မှာ သီတင်းသုံးနေထိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။ 
၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးဇော်ဇော်မင်း၊ ဦးကိုကိုကြီး(စမ်းချောင်း)၊ ဦးနေဝင်းထွန်း၊ ဦးဥာဏ်လင်းတို့နှင့် ဗမာ့နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ)မှ ကိုဒီငြိမ်းလင်း အပါအဝင် ရဟန်းလောင်း (၂၄)ဦးတို့၏ ဒုလ္လဘ ရဟန်းခံပွဲ  မင်္ဂလာအခမ်းအနားအား သာဓုကျောင်းတိုက်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ရေစက်ချ တရားနာယူရန်နေရာအား ရွှေညဝါတောရကျောင်း မှော်ဘီမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်..။
ကြည်ညိုစရာ ရွှေညဝါ 
ညီငယ် ဇေယျာ ဖန်တီး တင်ဆက်သည်။
ပန်းပေးတာ ကျေနပ်မှာလား၊ ဦးထုပ်ဆောင်းပေးတာ ကြည်ဖြူမှာလား..
ပန်းပေးတာ ကျေနပ်မှာလား၊ ဦးထုပ်ဆောင်းပေးတာ ကြည်ဖြူမှာလား..
  ယနေ့ ဂျပန်နိုင်ငံမှာ လေးရက်ကြာ မဲခေါင်မြစ်ဝှမ်းနိုင်ငံများရဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေတဲ့ သမ္မတဦးသိန်းစိန်နဲ့အဖွဲ့  အပူဓာတ်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ Tokyo Electric Power Co's (TEPCO)ကို သွားရောက် လေ့လာခဲ့ပါတယ်..။  Tokyo Electric Power Co's (TEPCO)ကို သွားရောက် လေ့လာစဉ်မှာ ဂျပန် အမျိုးသမီးဝန်ထမ်း တဦးက Safety ဦးထုပ်ဆောင်းပေးနေတာ မြင်မိတော့ တရုတ်က ဆောက်လုပ်ပေးပြီး ၂၀၁၁ဇန္နဝါရီလ ၂၁ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ တာပိန် ရေအားလျှပ်စစ်စီမံကိန်း ဖွင့်ပွဲမှာ သမ္မတကြီးကို ပန်းပွင့်လေးတပ်ဆင် ပေးတဲ့ တိုင်းရင်းသူ တဦးရဲ့ ပုံကို သွားမြင်ယောင်မိတယ်...။
တလောကတော့ ဂျပန်ကုမ္ပဏီတွေ မြန်မာပြည်ကို ပြန်လည် ဝင်ရောက်မယ့်အကြောင်းအရာနဲ့ ပတ်သက်ပြီး နိုင်ငံရေး မိတ်ဆွေတဦးနဲ့ ဆွေးနွေးဖြစ်ခဲ့တုန်းက ကျွန်တော်အမြင်လေး ပြောပြခဲ့မိပါတယ်..။ ကွန်မြူနစ်စံနစ် တရုတ်နဲ့ ဒီမိုကရေစီစံနစ် ဂျပန် ကွာခြားပုံပေါ့။ ကျွန်တော်မြင်မိတာကတော့ ကမ္ဘာက ပစ်ပယ်ထားတဲ့ ဆင်းရဲတဲ့ အာဏာရှင် နိုင်ငံတွေမှာ ရသမျှ ဖြစ်ညှစ်ယူပြီး၊ လူ့အခွင့်အရေး လေးစားလိုက်နာမှုမရှိတဲ့ တရုတ်ထက်စာရင် နည်းပညာတိုးတက်ပြီး လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ ဒီမိုကရေစီနိုင်ငံတွေက ရင်းနှီးမြုပ်နှံတာကို ပိုပြီးထောက်ခံသင့်တယ်လို့ ပြောပြခဲ့ပါတယ်..။ ယခုလောလောဆယ်မှာပဲ ဂျပန်နိုင်ငံက မြန်မာပြည်မှ ပေးဆပ်ရန်ရှိတဲ့ အမေရိကန်ဒေါ်လာ ၃.၇၂ ဘီလျံကိုလျှော်ပစ်လိုက်ပါပြီ။
၂၀၀၉ခုနှစ် ၅လပိုင်းက ဖွင့်လှစ်ခဲ့တဲ့ ရွှေလီရေကာတာဟာ ၂၀၁၂ခုနှစ်မှာတော့ အောက်ခြေတမံတွေ ပျက်စီးနေလို့ ပြန်လည် ပြင်ဆင်နေရပါပြီ..
ဒီနေ့လည်း သမ္မတနဲ့အဖွဲ့ ဂျပန်က လျှပ်စစ်စီမံကိန်းတွေ သွားရောက် လေ့လာတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာပါ။ ပန်းဆိုတာ သဘာဝအတိုင်း ကြာလေ လန်းဆန်းလေ ဆိုတာမရှိပါဘူး..။ ထို့အတူ တရုတ်ပစ္စည်းတွေလဲ ကြာလေ ဆိုးလေပေါ့..။ တရုတ်ကဆောက်လုပ်ပေးပြီး ၃နှစ်အတွင်း စက်ပစ္စည်းတွေ ပြန်လဲလှယ်တပ်ဆင်ရ၊ ရေတားတမံတွေ ပျက်ဆီးနေရတဲ့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းနဲ့ နှစ်(၆၀)ရှိပြီ ဖြစ်တဲ့ လောပိတရေအား လျှပ်စစ်ဓာတ်အားပေးစက် အခြေအနေ နှိုင်းယှဉ်ကြည့်ပါ။ စေတနာ အသပြာကွာသလို ဒီဓာတ်ပုံထဲက ဖိုင်ဘာဦးထုပ်နဲ့ ပန်းလို ကွာခြားပါတယ်..။ ဂျပန်ပစ္စည်းနဲ့ တရုတ်ပစ္စည်း ဘယ်ဟာကြိုက်မကြိုက် ကျွန်တော်တို့ ပြည်သူတွေ စစ်တမ်းကောက်စရာ မလိုပါ..။ 
ဒီတော့ သမ္မတကြီး အနေနဲ့ ပန်းပြပြီး အဆီကိုစား အသားကိုမျို ရသမျှယူနေတဲ့ တရုတ်စီမံကိန်းတွေကို ဒီဘဝဒီမျှသာနဲ့ ရပ်တန်းက ရပ်သင့်ပါပြီ။ ပုံ(၂)ပုံကို နှိုင်းယှဉ် ကြည့်ရသလို တရုတ်ရဲ့ အဆင်းသာရှိတဲ့ တခဏတာ ပန်းကို ယူမလား၊ ပြည်သူ့အကျိုးအတွက် နှစ်ရှည် ခံမယ့် ဦးထုပ်ကိုသာ ဆောင်းမလားဆိုတာ သက်သေပြရပါတော့မယ်..။ ထို့အတူ သမ္မတကြီးအနေနဲ့ သမိုင်းတကွေ့မှာ မှတ်ကျောက်အတင်ခံဖို့ ပြည်သူ့အကျိုးကို မျှော်ကိုးပြီး ပြည်သူ့ပါတီနဲ့ ပူးပေါင်း လက်တွဲ၊ ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါတယ်..။
ဒီမိုဝေယံ
ဓာတ်ပုံ ဒီမိုဝေယံ၊ Getty Images
(မှတ်ချက်... ပုံထဲမှ ဦးထုပ်နှင့် ပန်းအား ရည်ရွယ်၍ ဝင်လာသည့်အတွေးအား ရေးသားချင်း ဖြစ်ပါသည်။ ဘယ်နိုင်ငံက ဘာပဲဆောက်ဆောက် ဧရာဝတီမြစ်ဆုံနဲ့ သဘာဝဝန်းကျင်များ ပျက်ဆီးမည် ဆိုပါက ကန့်ကွက်ပါမည်)
 တရုတ်ကဆောက်ပေးပြီး တဲ့ ၃နှစ်အတွင်း ပြင်ဆင်နေရတဲ့ ရွှေလီရေကာတာ ပြန်ဖတ်ချင်ရင် http://www.demowaiyan.org/2012/04/blog-post_06.html
မြစ်ဆုံဆည်ကို ၂၀၁၁ ဇန္နဝါရီလက သွားရောက်လေ့လာခဲ့တဲ့ သမ္မတဦးသိန်းစိန်သတင်း ပြန်ဖတ်ချင်ရင်
http://www.demowaiyan.org/2011/10/blog-post_22.htmlSee More
ရွှေလီလျှပ်စစ်စက်ရုံ အသေးစိတ် အစီရင်ခံစာ..
http://www.demowaiyan.org/2012/04/blog-post_20.html
၁၉၈၉ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ဂျပန်တာဘိုင်စက်တွေ အသုံးပြုထားတဲ့ ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်း..
ဖွင့်လှစ်ပြီး (၃)နှစ်အတွင်း ပျက်ဆီးသွားတဲ့ ရွှေလီရေကာတာမှ ရေထိန်းတမံပြင်ဆင်နေရမှု
သက်ပြင်းတွေလာချထားတဲ့မြို့ 
ဖားကန့်မြို့နယ် ဆိုင်းတောင်၊ချင်းပြည်နယ်၊တီးတိန်မြို့နယ် မွောလ်ဘဲမ်း [Mualbem] ကျေးရွာ
ဥပဒေရဲ့ အထက်မှာ ဘုန်းတော်ကြီးများလည်းရှိတယ် 
by Jinghpaw Kasa on Wednesday, 18 April 2012 at 02:26 ·
စာရေးသူဤဆောင်းပါးရေးဖို့အတော်လေးသတ္တိမွေးခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာနဲ့အစ္စ လာမ်ဘာသာကိုအခြေခံနေတဲ့ ပြဿနာဖြစ်နေလို့ပါဘဲ။ တစ်ဖက်ကကြည့်ပြန်တော့လည်း လူများစုကိုး ကွယ်တဲ့ ဘာသာ တစ်ခုက လူနည်းစုကိုးကွယ်တဲ့ ဘာသာတစ်ခုကို နှိပ်ကွပ်မှုလို့ဆိုရင်လည်း မမှားပါဘူး။ ဒီမို ကရေစီနိုင်ငံသစ်ဆီဦးတည်သွားနေပါတယ်ဆိုတဲ့အစိုးရရဲ့စကားတွေဟာလည်းသံသယဖြစ်ဖွယ်ကောင်း လာပါတယ်။
ကံဆိုးမှုတွေက မဖိတ်ခေါ်ဘဲ သင်္ကြအကျနေ့မှာ ဖားကန့်မြို့နယ် ဆိုင်းတောင် ကျေးရွာက အစ္စလာမ် ဗလီဝင်း မှာစတင်လာပါတယ်။လွန်ခဲ့တဲ့ နှစ်၂၀ လောက်က စတင်ပြီး ၀တ်ပြုကိုး ကွယ်ခဲ့ တဲ့ဗလီ လို့ဆို ရင် လည်း မမှားဘူး။ အစ္စလာမ်ဘာသာဝင် ၇၀၀ လောက်ရှိတဲ့ ဆိုင်းတောင်မှာ ဘုရားဝတ်ပြုသူ ၄၀၀ လောက် ရှိ တယ်လို့သိရတယ်။ လူဦးရေ၁၅၀ လောက်သာဆန့်တဲ့ ဗလီကို ချဲ့ထွင်ဖို့ကြိုး စားရာမှ ပြဿနာကစတင် လာ ပါတော့တယ်။ဆိုင်းတောင်အုပ်ချုပ်ရေးမှူးကိုတိုင်ကလည်းအစ္စလာမ်ဘာသာဝင်ဖြစ်နေပြန်တော့ ပြဿနာကပိုပြီးရှုပ် ထွေးလာတယ်။ ဆိုင်းတောင်ဒေသခံတွေနဲ့ ဘုန်းတော်ကြီးတချို့ အထက်ကို အကြိမ်ကြိမ်စာတင်ပေမဲ့လည်း ထူးခြားမှု မရှိ လာဘူး လို့သိရတယ်။ နောက်ဆုံးတော့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုင်းဘုတ်ဖြုတ်ပေး ဖို့ကိစ္စနဲ့ အခန်းဟောင်းဖြုတ်ပေးဖို့ကိစ္စတွေကိုပြောဆိုလာတယ်လို့သိရတယ်။ ဒီလ ၇ ရက်နေ့ကစပြီး ၀တ်မပြုရဘူး ဆိုတဲ့ဆိုင်းဘုတ်လည်း လာချိတ်သွားတယ်လို့သိရတယ်။ နောက်ဆုံးမတော့ ၁၃ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကျောင်းထိုင်ဘုန်း တော်ကြီး ၅ ပါးနဲ့ သံဃာအပါး ၁၅၀ ခန့်က ဗလီကျောင်းဝန်းကို စတင်ဖြို ဖျက်ဖို့ ကြိုးစားလာပါတော့တယ်။ ထိုအချိန်မှာ ဆိုင်းတောင်အုပ်ချုပ်ရေးမှူး က “အရှင်ဘုရား ကျွန်တော်တို့ မနက်ဖြန်ခါဖျက်ပေးပါ့မယ်” လို့ ပြောပေမဲ့ ကျောင်းထိုင်ဘုန်းတော်ကြီးတပါးက “ကုလားပါးစပ်က အရှင် ဘုရားလို့လဲမခေါ်နဲ့၊ ကုလားပါးစပ်က မနက်ဖြန်ဖြုတ်ပေးမယ်ဆိုတဲ့ ကတိကို လည်းမယံဘူး” ဆိုပြီး တုန့်ပြန် တာကိုပြန်ကြားမိလိုက်ပါတယ်။ နာရီပိုင်း အတွင်း လာကြည့်တဲ့ပြည်သူ ၃၀၀၊ ၄၀၀ ခန့်ရှိသွား ပါ တယ်။ လက်သမားတွေကို ခေါ်ပြီးဖျက်ခိုင်းတယ်လို့ သိရ ပါတယ်။ ည ၉း၀၀ နာရီလောက်ရောက်တော့ စစ်ကြောင်း တစ်ခုက ဖြန်ဖြေရမဲ့အစား လုံခြုံရေးယူပေးနေတာကို မြင်တွေ့လိုက်ရပါတယ်။ စိတ်ကြိုက် ဖျက်ပြီးတော့ အချိုရေတွေ၊ ရေသန့်ဘူးတွေတောင် အလှူလုပ်ပြီးပျော်ရွှင် နေတာကို ၀မ်းနည်းစွာတွေ့ခဲ့ရပါတယ်။ အသက် အန္ဒရာယ်စိုးရိမ်ပြီး မိသားစုလိုက် ထွက်ပြေးနေတဲ့ မိသားစု တွေကိုလည်း စိတ်မကောင်းစွာနဲ့ ငေးကြည့် မိပါ တယ်။ မတရားမှုပြုကျင့်နေတာကို သိပါလျက်နဲ့ အားပေးနေတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ အစိုးရအာဏာပိုင်တွေ၊ ဘုန်းတော်ကြီးတွေကို စာရေးသူနားမလည်နိုင်ခဲ့ပါ။ တကယ်တော့ ဤကိစ္စက သာသနာရေးဝန်ကြီးဌာနက ဥပဒေအရ ဖြေရှင်းရမယ့်ပြဿနာပါ။ သာသနာရေးဝန်ကြီးဌာနက မရှင်းနိုင်လို့ ဘုန်းတော်ကြီးများက ၀င်ရှင်း လိုက်တဲ့သဘောသက်ရောက်နေပါတယ်။ ဤအရာသည် ဥပဒေမဲ့ပြု ကျင့်ခြင်း သက်သက်သာဖြစ်သည်ဟု စာရေးသူကယူဆမိပါသည်။
အိမ်ပြန်ရောက်တော့ စာရေးသူ အတော်လေး စိတ်မကောင်းကြီးစွာနဲ့ ပြန်လည်စဉ်းစားမိတယ်။ တချိန်တုန်း က ဖားကန့်ခရစ်ယာန်ဘုရားကျောင်း ဆောက်လုပ်ခွင့် ပိတ်ပင်ထားတဲ့ကိစ္စတွေ၊ မြန်မာနိုင်ငံဓမ္မ တက္ကသိုလ် အဆောက်အုံသစ် ၁၀ နှစ်ခန့်ဆောက်လုပ်ခွင့် ပိတ်ထားတဲ့ ကိစ္စတွေကို ပြန်ပြီးမြင်ယောင်လာပါ တယ်။ လူ့အခွင့်အရေးနဲ့ဆိုင်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၃၄၉ တွင် “ နိုင်ငံတော်သည် မည် သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုး သား၊ အမျိုးသမီး၊ ဆင်းရဲချမ်း သာတို့ကို အကြောင်းပြ၍ ခွဲခြားမှုမရှိစေရ” လို့ဖော်ပြထားတယ်။ နောက်ပြီး ပုဒ်မ၃၆၂မှာ“ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုး ကွယ်မှု ဘာ သာတို့ကို နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်” ဟု အတည့် အလင်းကြေငြာ ထားပါလျက်နဲ့ ဤ ကဲ့သို့သောပြဿနာများဖြစ်လာသည်မှာ အလွန် စဉ်းစား ဖွယ်ကောင်း ပါ သည်။ ပုဒ်မ ၃၆၃ တွင် “ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသနာများကို တတ်နိုင် သမျှ ကူညီစောင့်ရှောက်မည်” ဟုဖော်ပြထားသော်လည်း ကူညီဖို့ဝေးစွ၊ လုံခြုံစွာဖျက်ဆီးနိုင်ရန် လုံခြုံရေးပင် ယူထားပေးသည်ကို ၀မ်းနည်းစွာ မြင်တွေ့ရပါသည်။ ဒီမိုကရေစီလမ်းစဉ်သွားမည် ကုလားမပါ၊ တရုတ်မပါ၊ တိုင်းရင်းသားတွေမပါ စတဲ့သဘော သက်ရောက်နေပါတယ်။ အထူးဝမ်းနည်းဖို့ကောင်းတာက ဘက်လိုက် မှုမရှိရသော မီဒီယာများတွင် ဤကိစ္စ သည် အသေးအဖွဲ သတင်း အဖြစ်သာပါဝင်ခဲ့ပါသည်။ မှားယွင်းမှုကို မီးမောင်းမထိုးပြနိုင်ခဲ့ပါ။ နောင်လာနောင် သားများအတွက် အတုခိုးမှားနိုင်သော ပြဿ နာများ လည်းဖြစ် ပါသည်။တရားဝင်ဥပဒေများပြဌာန်းထားပါလျက်နဲ့ ဤသို့လက်လွတ်စပယ်ပြုကျင့်မှုများ၊ ဥပဒေမဲ့ပြုကျင့် မှုများသည် ယဉ်ကျေးသောလူ့အဖွဲ့ အစည်း တွင်း မရှိသင့်တော့ပါ။ ဥပဒေအကြောင်းအရသာ သွားရမည့် ကိစ္စများသာဖြစ်ပြီး ဥပဒေအရကြည့်ပါက ဘုန်းတော်ကြီးများသည် ဥပဒေချိုးဖောက်သည် ဟုပင်ယူ ဆရပေ မည်။ ယနေ့အချိန်အထိ ခေါ်ယူစစ်ဆေးခြင်း၊ တရားခံရှာခြင်း၊ အပြစ် ရှိသူကို အပြစ်ပေးခြင်းလည်းမရှိပါ။ ဒီမိုကရေစီအရေးအလှမ်းဝေးသည်ဟု ရိုးသားစွာ ဆိုပါရစေ။
အစ္စလာမ်ဘာသာသည် ခရစ်ယာန်၊ ဟိန္ဒူဘာသာများနှင့် တန်းတူသတ်မှတ်ထားခြင်းခံရသော ဘာသာ ဖြစ် ပါသည်။အစ္စလာမ်ဘာသာအားထိုသို့ပြုမူပါကကျန်ဘာသာများကိုလည်းမပြုနိုင်ဘူးဟု မည်သူမျှအာမမခံနိုင် ပါ။ ယခင်က ဥပဒေ၏ အထက်တွင် စစ်ဗိုလ်ချုပ်များသာရှိသည်ဟု ထင်ခဲ့သော်လည်း ယခု သံဃာများ လည်းရှိသေးသည်ဟု ဤပြဿနာက မီးမောင်းထိုးပြလျက်ရှိသည်။
ချင်းပြည်နယ်၊တီးတိန်မြို့နယ် မွောလ်ဘဲမ်း [Mualbem] ကျေးရွာရှိ ဧဝံဂေလိ အသင်းတော် [Assemblyof God] ငွေရတုအထိမ်းအမှတ် နာရီစင်လက်ဝါးကပ်တိုင် ကို ကြံ့ဖွ့ံ့ပါတီဝင် ကျေးရွာ အုပ်ချုပ်ရေးမှုးဦးဆောင် ၍ ၁၁ဧပြီ ၂၀၁၂ နေ့ တွင် ဘူလ်ဒိုဇာဖြင့်ဖြိုချဖျက်စီးခဲ့ကြကြောင့် သိရသည်။
အဆိုပါ နာရီစင်လက်ဝါးကပ်တိုင်ကိုရွာလုံးကျွတ် ဂိုဏ်းပေါင်းစုံခရစ်ယာန်ဘာသာဝင်များမှ ထည့်ဝင်လှူ ဒါန်းငွေဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။
၂၆မတ်၂oo၉ရက်နေ့ တွင်ကျေးရွာအုပ်ချုပ်ရေးမှုးဦးကိုင်ရှန်းမုန်[KaiSianMung]ဦးဆောင်၍၊ ကျေးရွာ လူကြီး များ MualbemChristianFamilyမှဘာသာရေးခေါင်းဆောင်များမှဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟုလည်းသိရ သည်။
၎င်းနာရီစင်လက်ဝါးကပ်တိုင်ဖျက်စီးမှုတွင် တီးတိန်မြို့နယ် ကြံ့ဖွ့ံပါတီလက်အောက်ခံ ကျေးရွာ အုပ်ချုပ်ရေး မှုးမှ ဦးဆောင်ဖျက်ဆီးခဲ့ကြောင့် သိရသည်။
အလားတူယခုနှစ်ဖေဖေါ်ဝါရီလအတွင်းချင်းပြည်နယ်ဟားခါးမြို့တွင်သော်လည်းကောင်း၊ချင်းပြည်နယ်တောင် ပိုင်းမင်းတပ်မြို့နယ်ကျင်ဒွေးရွာအတွင်းခရစ်ယာန်များ၏စိုက်ထူထားသည့်လက်ဝါးကားတိုင်များဖြိုလှဲမှုများဖြစ် ပွားခဲ့ကြောင့် သိရသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတွင် ဗုဒ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ဘာ သာ စသည့်ဘာသာများကို ကိုးကိုယ်နေထိုင်ကြသည်။
၎င်းတို့အနက် ဗုဒ္ဒဘာသာကိုမူ ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာအဖြစ်၂၀၀၈ ဖွဲ့ စည်း ပုံ အခြေခံဥပဒေအရအသိအမှတ်ပြုထားကြောင့်ကျန်(၄)ဘာသာကိုမူနိုင်ငံတော်တွင်ရှိနေကြသည့်ဘာသာများ ဟူ၍သာ အသိအမှတ်ပြု ထားသည်။
ကျမ်းကျိန်စာသားကိစ္စကြောင့် NLD ကိုယ်စားလှယ်များ
ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်
သတင်း - အာရ်အက်ဖ်အေ (၂၂-၄-၂၀၁၂)
ဧပြီလ ၂၃ ရက် မနက်ဖြန်မှာ ပြန်လည်စတင်မယ့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နိုင်မှာ မဟုတ်သေးဘူးလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။
ဒါဟာ လွှတ်တော်ကို သပိတ်မှောက်တာမဟုတ်ဘဲ ပြင်ဆင်ပေးဖို့ တောင်းဆိုထားတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းနေဆဲမို့ မတက်ရောက်နိုင်တာ ဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က RFA ကို ဒီကနေ့ အတည်ပြုပြောပါတယ်။
“ကျနော်တို့က တက်ဖို့ အဆင်သင့်ပဲ။ ဒါပေမယ့် ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်တဲ့အတွက်ကြောင့်၊ တစုံတရာ တိုးတက်မှု မရသေးတဲ့အတွက်ကြောင့် ဒီကနေ့ နေပြည်တော်ကို သွားဖို့ အစီအစဉ် မရှိပါဘူး။ ဒါကြောင့်မို့လို့ မနက်ဖန် ကျင်းပမယ့် ပထမအကြိမ် ကျင်းပမယ့် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကို ကျနော်တို့ တက်ရောက်ဦးမှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ ရှင်းပြကြပါတယ်။ ဦးဉာဏ်ဝင်းတို့ ဆက်လက်ပြီး ဆောင်ရွက်နေပါတယ်။ ညှိနှိုင်းဆွေးနွေးလို့ ပြေလည်သွားမယ်ဆိုရင် အမြန်ဆုံး လွှတ်တော်တက်ရောက်တာကို တွေ့ရမှာပါ။”
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ Uphold စကားရပ်အစား respect လေးစားလိုက်နာပါမည်လို့ ကျမ်းကျိန်ဆိုရာမှာ ပြောင်းလဲပေးဖို့ တောင်းဆိုထားပါတယ်။ ဒီကိစ္စ ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ပြီး မပြီးပြတ်သေးတဲ့အတွက် မတက်ရောက်သေးတာလို့ ပြောပါတယ်။
ဒီနေ့ဟာ NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ဆွေးနွေးပွဲသင်တန်း နောက်ဆုံးနေ့ဖြစ်ပြီး ဒီအခမ်းအနားကာလအတွင်း သတင်းထောက်တွေက မေးမြန်းတဲ့အခါ သပိတ်မှောက်တာမဟုတ်ဘဲ အချိန်အခါသင့်ချိန်ကို စောင့်နေတာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေကြားတယ်လို့လည်း အေအက်ဖ်ပီသတင်းမှာ ပါရှိပါတယ်။ 
မြန်မာလူငယ်ကို ဆိုရှယ်လစ်လူငယ်အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ တာဝန်ပေးအပ်
2012-04-22
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ လူငယ်ဥက္ကဋ္ဌ နော်မေဘယ်ထူးကို နိုင်ငံတကာ ဆိုရှယ်လစ်လူငယ်အဖွဲ့ချုပ် (IUSY) ညီလာခံက အာရှပစိဖိတ် ဒေသဆိုင်ရာတာဝန်ခံနဲ့ အဖွဲ့ချုပ်ရဲ့ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ကျော် ကာလအတွင်းမှာ မြန်မာလူငယ် တယောက်အနေနဲ့ ဒီတာဝန်ကို ပြန်လည်ခန့်အပ် ခံခဲ့ရတာဖြစ်ပါတယ်။
၁၉၅၀ လွန်ကာလများကတော့ ဆိုရှယ်လစ်ပါတီက လူငယ်ခေါင်းဆောင်တဦးက ဒီတာဝန်ကို လက်ခံခဲ့ဖူးတယ်လို့ သိရှိရပြီး နော်မေဘယ်ထူးကတော့ ဒုတိယမြောက် မြန်မာလူငယ် ဖြစ်ပါတယ်။ တောင်အမေရိကတိုက်၊ ပါရာဂွေးနိုင်ငံမြို့တော် Asuncio’n အော်ဆွန်စီယမ်မှာ ဧပြီလ (၂၀) ရက်နေ့က စတင် ကျင်းပနေတဲ့ ဆိုရှယ်လစ်လူငယ် ညီလာခံကနေ အခုလို တာဝန်ပေး ခန့်အပ်ခဲ့တာဖြစ်ပြီး၊ ဒါဟာမြန်မာလူငယ်တွေရဲ့ ဦးဆောင်မှုအရည်အချင်းနဲ့ ပတ်သက်လို့ ကမ္ဘာက အသိအမှတ်ပြုမှု တခု ဖြစ်ပါတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင် ကော်မတီဝင် တဦးဖြစ်တဲ့ ဦးဇော်ဇော်ထွန်းက အခုလို ပြောပါတယ်။ “ကျနော်တို့မြန်မာနိုင်ငံ ဒီမိုကရေစီရေးတိုက်ပွဲ မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့အနေနဲ့၊ နောက်တခါ ကျနော်တို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကလည်း ဒီနိုင်ငံတကာ ဆိုရှယ်လစ် လူငယ် အဖွဲ့ချုပ်မှာ ကျနော်တို့ လူငယ်အဖွဲ့အစည်း တရပ်အနေနဲ့ အဖွဲ့ဝင်ဖြစ်ထားတာကြာပါပြီ၊ အဲဒီတော့ ဒီအပေါ်မှာ ကျနော်တို့ရဲ့ ပါဝင်ဆောင်ရွက်မှုတွေ ရုန်းကန်လှုပ်ရှားမှုတွေ အပေါ်မှာ အသိအမှတ်ပြုတဲ့အနေနဲ့၊ နောက်တခါ ကျနော်တို့ ဗမာလူငယ်တွေဟာ ဒီလိုတာဝန်မျိုးကို ထမ်းဆောင်နိုင်ပါတယ်ဆိုတာ ယုံကြည်လို့ ပေးတာလည်းဖြစ်ပါတယ်။” အခုကျင်းပနေတဲ့ ညီလာခံမှာ အင်ဒိုနီးရှားနိုင်ငံက Akbaryan ပါတီကလည်း နော်မေဘယ်ထူးကို အမည်စာရင်း တင်သွင်းသူတွေထဲမှာ ပါဝင်ပါတယ်။ ညီလာခံကို ကမ္ဘာ့နိုင်ငံပေါင်း (၁၇၀) ကျော်က လူငယ်ကိုယ်စားလှယ်တွေ တက်ရောက်နေကြတာဖြစ်ပြီး မနက်ဖြန်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်၊ နိုင်ငံတကာ ဆိုရှယ်လစ်လူငယ် အဖွဲ့ချုပ်ဟာ ကုလသမဂ္ဂရဲ့ အတိုင်ပင်ခံ အဖွဲ့အစည်းဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း(၁၀၀) ကျော်ပြီ ဖြစ်ပါတယ်။ 
ရွှေဂတ်စ် စီမံကိန်းကြောင့် ကံ့ကော်တော ဘုရားဖူး လာသူများ ဒုက္ခတွေ့
ဧပြီလ ၁၇ ရက်နေ့မှ စတင်ခဲ့သော ကျောက်ဖြူ ကံ့ကော်တော ဘုရားပွဲတော်မှာ အထူး စည်ကားခဲ့သော်လည်း ဘုရားပွဲတော် ကျင်းပရာ ကွင်းပြင်တွင် ရွှေဂတ်စ်စီမံကိန်းမှ ပိုက်လုံးများကို စုပုံထားသဖြင့် ပွဲတော်လာ ဘုရားဖူး ပြည်သူများ အတွက် နားခိုစရာ နေရာများ အခက်အခဲ ဖြစ်ပေါ်ခဲ့ရကြောင်း သတင်း ရရှိသည်။
ကျောက်ဖြူမြို့နယ် နှင့် (၄) မိုင်ခန့်ရှိ ဂုံချိန်ကျေးရွာ အနီး ပေါ်တော်မူ ကံကော်တောဘုရားပွဲကို ဧပြီလ ၁၇ ရက်နေ့ နံနက်မှ စတင် ကျင်းပခဲ့ရာ ပိုက်လုံးများ စုပုံထား၍ နေရာကျဉ်းသွား သဖြင့် လူများမှာ သွားလာ၍ မရအောင် ဘုရားပွဲ ကျင်းပရာ ကွင်းပြင်တွင်ပြည့်ကျပ် သွားခဲ့ကြောင်း ကျောက်ဖြူမြို့မှ လူကြီး တစ်ဦးက ပြောသည်။
"အယင်နှစ်တွေက ဆိုရင် ဘုရာဖူး ပရိတ်သတ်တွေလည်း ဘယ်လောက်များများ နေရာ ကျယ်ကျယ်ဝန်းဝန်း နေထိုင်လို့ ရတယ်။ အခုက ထိုင်စရာ နေရာလဲ သိပ်မရှိဘူး။ ဘုရားပုရ၀ုဏ်နားမှာ သံပိုက်တွေ စုပုံထားတဲ့ အတွက် ဘုရားပွဲ ကျင်းပနေတဲ့ ကွင်းက အရမ်းကျဉ်းသွားတယ်။ ဒီလို နေရာ ကျဉ်းသွားတော့ ဘုရာဖူး ခရီးသည်များ အနေနဲ့ နားခိုမဲ့နေရာ အခက်အခဲရှိခဲ့ကြပါတယ်" ဟု သူက ပြောသည်။
ရွှေဂတ်စ် စီမံကိန်းကြောင့် ကံ့ကော်တော ဘုရား ကျင်းပရာ ကွင်းပြင်တွင် လူများ တည်းခိုနေထိုင်ရန် အခက်အခဲ ဖြစ်သွားခဲ့ သလို ကံ့တော်ဘုရားသို့ သွားရာလမ်းမှာလည်း စီမံကိန်းမှ ကားများ အသုံးပြုပြီး မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် သွားလာ၍ မရအောင် ပျက်စီးနေကြောင်း သိရသည်။
" ဒီလမ်းဟာ အရင် ကိုယ်ထူကိုယ်ထ ကတ္တရာ ခင်းထားတဲ့ လမ်းဖြစ်ပါတယ်။ ဘုရားကို သွားတဲ့လမ်းမို့ လူထုက ကိုယ့်အား ကိုယ်ကိုးပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကတ္တရာ ခင်းထားတဲ့ အတွက် ဖုန်လဲမထပါဘူး။ အခုတော့ ဒီလမ်းကို ရွှေဂတ်စ် စီမံကိန်းက ကားကြီးတွေ အသုံးပြုပစ်တဲ့ အတွက် ရစရာ မရှိအောင် ပျက်စီးသွားပါတယ်။ ဒီလမ်းကို ဘုရားပွဲ မတိုင်မှီ ပြန်ပြင်ပေးမယ်ဆိုပြီး နိုင်ငံခြား ကုမ္ပဏီ တာဝန်ခံတွေက ကတိခံထားပေးမယ့် အခုအချိန်ထိ ပြန်မပြင်ပေးတဲ့ အတွက် ဘုရားဖူးလာတဲ့ သူတွေ သွားလာရတာ အထူး ဒုက္ခတွေ့ရသလို ဖုံတွေထတဲ့ အတွက် လူတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်ကုန်ပါတယ်" ဟု သူက ဆက်ပြောသည်။
ကံ့ကော်တော ဘုရားပွဲသို့ မြေပုံ ၊ အမ်းမြို့၊ တောင်ကုတ်၊မာန်အောင်၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်မှ ဘုရားဖူး နှစ်သိန်းခွဲခန့်ရောက်ရှိခဲ့ပြီး နားနေစရာ နေရာများ မရှိတော့သဖြင့် တချို့ရပ်ဝေးမှ ဘုရားဖူးများမှာ ကံကော်တော ဘုရားပွဲ မပြီးမှီ အိမ်ပြန်သွားခဲ့ရကြောင်း သိရသည်။
" ကျွန်မတို့က ဘုရားပွဲကို ၁၇ ရက်နေ့ မနက်ကတည်းသွားကြပါတယ်။ ခါတိုင်းနှစ်တွေလို နေရာ အလွတ်တွေ မရှိတော့ဘူး။ ထိုင်စရာ နေရာတောင် မရဘူး။ ဘုရားပွဲမှာလည်း လူတွေ ပြည့်ကျပ်နေပြီး ပုရ၀ုဏ် အတွင်းမှာလည်း လူတွေ မဆန့်တဲ့ အတွက် နေထိုင်ဖို့ အခက်အခဲကြောင့် ကိုယ်အိမ်ကို နောက်တစ်နေ့မှာ ပြန်ခဲ့ကြရပါတယ်။ ပွဲတော်ဆုံးအောင် မနေခဲ့ရပါဘူး" ဟု ကျောက်နီမော်သူ မစန်းစန်းကြည်က ပြောသည်။
အများစု ဘုရားဖူးများမှာ ဒေသတွင် အသုံးများသည့် ထော်လာဂျီများများဖြင့် လာရောက်ကြသဖြင့် ပျက်စီးနေသော လမ်းမှ ဖုံထ၍ ဘုရားဖူးလာသူများမှာ ဖုံများဖြင့် ညစ်ပတ်ပေရေခဲ့ကြာင်း သိရသည်။
ကျောက်ဖြူ ကံ့ကော်တော် ဘုရားမှာ ပေါ်တော်မူ ဘုရား ဖြစ်ပြီး ၎င်းဘုရား၏ ထူးခြားချက်မှာ ဘုရား အနီးရှိ တစ်တောင်ပတ်လည်ရှိ ကျောက်ရေကန်ငယ်အတွင်း၌ ရေအနက်မှာ ၂-ပေခန့်သာ ရှိသော်လည်း ဘုရားဖူး ခရီးသည် မည်မျှပင် သုံးစွဲသော်လည်း မကုန်ခမ်းနိုင်ခြင်းပင် ဖြစ်သည်။ ၎င်းရေကန်ငယ်ကို ဒေသခံများက နတ်ရေကန်ဟု အမည်သမုတ်ခေါ်ဝေါ်ကြကြောင်း သိရသည်။
၎င်းပြင် ဘုရားအနီးရှိ ပိန်ခင်းများမှ ပိန်းဟင်းမှာ တခြားနေရာများသို့ ယူဆောင် စားသုံးသောအခါ ယားယံမှု ရှိသော်လည်း ဘုရားအနီးတွင် ချက်ပြုတ် စားပါကလုံးဝ ယားယံမှုမရှိခြင်းပင် ဖြစ်သည်။ ထိုအချက်သည်လည်း ကံကော်တော ဘုရားအတွက် ထူခြားသော သမိုင်းမှတ်တိုင်ရ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယခုနှစ် ကံ့ကော်တော ဘုရားပွဲတွင် ရခိုင်ရိုးရာ ကျင်ပွဲကို ထည့်သွင်း ကျင်းပခဲ့ပြီး နေ့လည် မြတ်ခိုင်ကျော် ဇာတ်အဖွဲ့မှ ငါးရက်တိတိ ကပြဖြေဖျော်ခဲ့ကြောင်း သိရသည်။
" ဘုရားပွဲကို ဧပြီ ၁၇-ရက်နေ့ကနေ ၁၉ နေ့ရက်နေ့ထိ ကျင်းပပါတယ်။ ဇာတ်ပွဲကတော့ ဧပြီလ ၂၂ -ရက်နေ့အထိ ကပြဖြေဖျော်မှာ ဖြစ်ပါတယ်" ဟု ဒေသခံ လူကြီးက ပြောသည်။
ယခုကဲ့သို့ ဘုရားပွဲတော်တွင် လာရောက်သူများ ပိုက်လုံးများ စုပုံထားသဖြင့် နားခိုစရာ နေရာ မရှိခြင်၊ ဘုရားသို့ သွားရာ လမ်းမှာလည်း ဖုံထပြီး ပျက်စီးနေခြင်းတို့ကြောင့် ရွှေဂတ်စ်စီမံကိန်း အပေါ် မကျေနပ်မူများ တိုးပွားနေကြောင်း သတင်း ရရှိသည်။
-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ အသုံးပြုနိုင်ပါသည်။ သို့သော်လည်း သတင်း ရင်းမြစ်နေရာတွင် နိရဉ္စရာ၏ အမည်ကို ရေးသား ဖေါ်ပြပေးစေလိုပါသည်။  
အမရပူရ ဒေါ်မြကြည် ၁၂၀ ပြည့်ပြီ
အမရပူရမှာ နေထိုင်တဲ့ ဒေါ်မြကြည် အသက် ၁၂၀ ပြည့်ခဲ့ပါပြီ။
ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် နိုင်ငံတကာက သိရှိနိုင်ဖို့ ဂင်းနက်စ်မှတ်တမ်းဝင်ရေးအတွက် ဆောင်ရွက်ပေးသင့်ကြောင်း ဒီနေ့ထုတ် မြန်မာ့အလင်းစာမှာ တိုက်တွန်း ရေးသားထားပါတယ်။
အဘွားက သက်သတ်လွတ်စားတယ်၊ နှမ်းဖတ်သုပ်ကို အကြိုက်ဆုံးပဲ တဲ့။
SAW အဖွဲ့ရဲ့ အလှူ
ဓာတ်ပုံ - ဧရာဝတီ။
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ အခြေစိုက်တဲ့ အမျိုးသမီးများလူမှုစောင့်ရှောက်ရေးအဖွဲ့ SAW က ကလေးငယ် ၃၀ ကျော်ကို ဒီနေ့မှာ ရှင်သာမဏေများအဖြစ် သာသနာ့ဘောင်ထဲကို သွတ်သွင်းခဲ့ပါတယ်။
ဒီကလေးတွေကတော့ SAW အဖွဲ့က စောင့်ရှောက်ထားတဲ့ မိဘမဲ့ကလေးငယ်တွေနဲ့ သူတို့အဖွဲ့ရဲ့ စာသင်ကျောင်းမှာ တက်ရောက်နေကြတဲ့ ကလေးတွေ ဖြစ်ပါတယ်။
SAW အဖွဲ့က လက်ရှိ မဲဆောက်မှာ မူကြိုအရွယ်ကနေ အထက်တန်းအဆင့်ထိ အခမဲ့ ဖွင့်ထားတဲ့ကျောင်းမှာ မိဘမဲ့ကလေးတွေ၊ စွန့်ပစ်ခံရတဲ့ကလေးတွေနဲ့ မဲဆောက်အနီး ပတ်ဝန်းကျင်က မြန်မာကလေးငယ် ၄၀၀ ခန့် ပညာ သင်ကြားနေကြပါတယ်။
နောက်ပြီး မဲဆောက်မြို့အတွင်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေကို စောင့်ရှောက်မှု ပေးနေတဲ့ ဂေဟာ ၆ ခု ဖွင့်ထားပြီးတော့ အကြောင်း အမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြတဲ့ မြန်မာအမျိုးသမီးတွေ၊မိဘမဲ့ကလေးတွေ၊ စွန့်ပစ်ခံကလေးတွေ၊ မဲဆောက်ထောင်ထဲရောက်နေတဲ့ မြန်မာပြည်သားတွေရဲ့ ကလေးတွေ၊ ကျန်းမာရေး ချို့တဲ့တဲ့ ကလေးတွေ၊ လုံးဝ ကုသလို့ မရတော့တဲ့ ဝေဒနာ ခံစားနေရတဲ့သူတွေကို လက်ခံ စောင့်ရှောက်ပေးနေပါတယ်။
၂၀၀၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ SAW အဖွဲ့ရဲ့ အမျိုးသမီး လူမှုစောင့်ရှောက်ရေး ဂေဟာတွေမှာ အမှန်တကယ် ခိုကိုးရာမဲ့ပြီး ဒုက္ခရောက်နေကြတဲ့ အမျိုးသမီးများနဲ့ ကလေးသူငယ်တွေကို လက်ခံကူ ညီပေးနေပါတယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုမင်းမင်းက ဧရာဝတီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ကျပ်တထောင်တန်ဖုန်းကတ် (နိုင်ငံခြားမှာ)
 သူများနိုင်ငံတွေမှာ တယ်လီဖုန်း SIM ကဒ်တွေကို ဇီးထုပ်၊ နေကြာစေ့ထုပ် တွေလိုဟော့ဒီလိုရောင်းနေပါတယ်..ကျနော်တို့ ဆီမှာတော့ စိန်တွေရွှေတွေရောင်းနေသလိုပဲ...​.သြော်....တန်ဖိုးလဲကြီးတာကိုး.​ ....ဒါလဲရတနာတစ်ပါးပဲလား.......​။
မြန်မာပြည်မှာ ဖုန်းနံပါတ် (sim card) တစ်ခုကို မြန်မာကျပ်ငွေ ၅၀၀၀ နဲ့ ရဖို့ အမျိုးမျိုး ပြောဆို ဆန္ဒထုတ်ဖေါ်နေကြတာ မကြာခဏ မြင်တွေ့နေရတော့ ...
တစ်ရက်မှာ ကျွန်တော် အခုနေတဲ့ အိမ်နားက ဈေးဆိုင်မှာ ဖုန်းနံပါတ် (sim card) တွေကို .. မြန်မာပြည်က ဈေးဆိုင်တွေမှာ ဆီးထုတ်၊ နေကြာစေ့ထုတ်တွေ ရောင်းသလို တိုင်မှာ ချိတ်ထားပြီး တစ်ခုကို ၇၉ ပြား၊ (မြန်မာငွေ ၁၀၀၀ ခန့်) နဲ့ ရောင်းနေတာ တွေ့လို့ ဓါတ်ပုံရိုက်ယူလာတာပါ။
(တနေ့နေ့တော့ မြန်မာနိုင်ငံမှာ ဒီလို ဖြစ်လာစေရမယ်လို့သာ စိတ်ထဲ ကြုံးဝါးနေမိတာပါပဲ။)
ဒုဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်သို့ အိတ်ဖွင့်ပေးစာ
“Yellow Cat UAV” လေ့ကျင့်ပျံသန်းမှုအား ကာကွယ်ရေးဦးစီးချုပ် (လေ) မှ ကြည့်ရှုစစ်ဆေးစဉ်
သို့ ဗိုလ်ချူပ်မှူးကြီးခင်ဗျား
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရဟာ ပြုပြင်ပြောင်းလဲရေးဆိုပြီး နိုင်ငံတကာနဲ့ ပြည်တွင်း နယ်ပယ်အသီးသီမှာ image တက်အောင် လုပ်ကိုင်ပြနေသော်လည်းပဲ တပ်မတော် အတွင်းမှာတော့ အဲဒီလို ကောင်းသောပြောင်းလဲမှုတွေနဲ့ လားလားမှ မသက်ဆိုင်သလို ရှိနေပါတယ်။ ယခင်ကလို စီးပွားရေးလုပ်ငန်းတွေကို လှည့်လည်စစ်ဆေး အကြောင်းရှာဖို့ မဖြစ်နိုင်တော့တာမို့ နိုင်ရာဖိထောင်းတတ်တဲ့ စစ်အာဏာရှင် ဗိုလ်ချူပ်တွေရဲ့ အမူအကျင့်အတိုင်း တိုင်းစစ်ဌာနချူပ် နယ်မြေအတွင်းက တပ်ရင်းတပ်ဖွဲ့များအား အကြိမ်ကြိမ် လှည့်လည်ရင်း တပ်စစ်နေပါတော့တယ်။
ယောကျာင်္းက တပ်စစ်၊ မိန်းမက စည်းကော်စစ်နေချိန်မှာ တပ်ရင်းတပ်ဖွဲ့များအတွက် ဧည့်ခံစရိတ်ထောင်းပြီး မညှစ်ထုတ်နိုင်တော့လို့ လာစစ်တဲ့ ဗိုလ်ချူပ်တွေကိုလည်း မျက်နှာညိုစေပါတယ်။ အဲဒီဗိုလ်ချူပ်တွေဟာ မည်သည့်ထောက်ပံ့မှုမျိုး၊ ဖြည့်ဆည်းမှုမျိုးမှ မလုပ်ပေးနိုင်ပဲနဲ့ သက်သာဆိုင်၊ ဆံသဆိုင်၊ ရိပ်သာ စတဲ့ အဆောက်အဦးတွေကို အုတ်ကာ၊ သွပ်မိုးဖြစ်ရမယ်လို့ ဇွတ်အတင်း ညွှန်ကြားချက်တွေကြောင့် တပ်မှူးတွေအနေနဲ့ မိမိကိုယ်ပိုင်ငွေနဲ့ စိုက်ထုတ်လုပ်ရမဲ့သဘော ဖြစ်နေပါတယ်။
ယခု လေတပ်ထဲမှာ တိုက်လေယာဉ်များနဲ့ MI - 24 P တိုက်ခိုက်ရေး ရဟတ်ယာဉ်များအား ပုံမှန်မဟုတ်ဘဲ 2011 ခုနှစ် ဒီဇင်ဘာလမှစပြီး စစ်ဆင်ရေး stand by အသင့်အနေအထား လုပ်ခိုင်းနေလို့ လေသူရဲများဟာ စိတ်ပျက် ညီးညူနေကြပါတယ်။ မကြာသေးမှီကလေးကမှ လေတပ်က အရာရှိတချို့ကို ကာကွယ်ရေးဦးစီးချူပ် (လေ) ဗိုလ်ချူပ်ကြီးမြတ်ဟိန်းဟာ အင်တာနက် သတင်း စာမျက်နှာတွေပေါ်မှာ ရေးသားမှုနဲ့ ပြင်းထန်စွာ အရေးယူတဲ့အပေါ် ဗိုလ်ချူပ်မှူးကြီးအနေနဲ့ သက်ညှာစွာ ပြန်လည် စဉ်းစားပေးသင့်ပါတယ်။
လေတပ်ရှိ အရာရှိစစ်သည် အများစုဟာ မြို့ကြီးပြကြီးများနဲ့ လူထုကို ထိတွေ့ဆက်ဆံမူ ပိုမို ရရှိတာနဲ့အမျှ ပညာထူးချွန်သူများ ဖြစ်နေတာကြောင့် အင်တာနက် သုံးစွဲနိုင်သူ များပြားပြီး သုံးစွဲနိုင်တဲ့ အခွင့်အလမ်းလည်း ပိုရှိပါတယ်။ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ မှန်ကန်သင့်မြတ်ပြီး နိုင်ငံတစ်ခုမှာ မရှိမဖြစ်တဲ့ တပ်မတော်ကို ဂုဏ်ကျက်သရေ ရှိစေချင်သူများ ဖြစ်ကြပါတယ်။ ပြုပြင်ပြောင်းလဲရေးကို တပ်တွင်းအောက်ခြေကအစ နိုင်သလောက် လုပ်ရမှာ နိုင်ငံခေါင်းဆောင်တွေ အနေနဲ့ သိပါလိမ့်မယ်။ ဒါကြောင့် အဲဒီလေတပ် အရာရှိသုံးဦးကို ပစ်မှတ်မထားသင့်ဘဲ တပ်တွင်း သက်သာချောင်ချိရေးကိုသာ အမှန်တကယ် ထိထိရောက်ရောက် ပြုလုပ်ပေးသင့်ပါတယ်။
မတရားမှုတွေကိုလည်း တပ်အတွင်းမှာ ကိန်းအောင်းခွင့် မပေးသင့်တော့ဘူးလို့ ယုံကြည်ပါတယ်။ ဗိုလ်ချူပ်မှူးကြီးတို့ အထက်အကြီးအကဲများ ဖြစ်ကြတဲ့ လက်ရှိအစိုးရက ဒီမိုကရေစီ အနှစ်သာရများ ပီပြင်လာစေဖို့ သက်သေပြတဲ့ အနေနဲ့ မီဒီယာများတွင် လွတ်လပ်စွာ တင်ပြနိုင်တဲ့ အခွင့်အရေးများ ပေးနေပြီဖြစ်သလို လက်နက်ကိုင် ယှဉ်တိုက်ခဲ့တဲ့ ရန်သူများကိုပင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ အမှန်တရားကို ရင်ဖွင့်တဲ့ အဲဒီအရာရှိတွေကို နှိပ်ကွပ်ရုံနဲ့ ရပ်တန့်ကြောက်ရွံ့သွားကြမှာ မဟုတ်ဘဲ တပ်မတော်သား အများစုဟာ ပိုမိုကရုဏာသက်လာပြီး ရင်ထဲကဆန္ဒများအား ဆက်လက်ဖေါ်ထုတ်ဖို့ ကြိုးစားသွားကြမှာ ဧကန်မုချ ဖြစ်ပါတယ်။
ဗိုလ်ချူပ်မှူးကြီးအား တစ်ခုထဲ ပြောလိုသည်မှာ စစ်တပ်တွင် ဒီမိုကရေစီပေးလို့ မရသည်မှာ အတိုင်းအတာတစ်ခုအထိ မှန်သော်လည်း တပ်တိုင်းပြုလုပ်နေကြ ဆန္ဒဖေါ်ထုတ်ပွဲ (ဒါဘာ) တွေဆိုတာ စစ်မှန်မှုရှိရဲ့လား ဘာအနှစ်သာရလဲလို့ မေးချင်ပါတယ်။ အဖြေပေးစေလိုပါတယ်။ ရဲဘော်တွေရဲ့ ပါးစပ်ဖျားမှာ ဒါပါဘဲကွာလို့ စိတ်ပျက်ညီးညူသံတွေကို ပျောက်အောင် မလုပ်သရွေ့ တပ်မတော်အင်အားရှိဖို့ တိုင်းပြည်အင်အားရှိဖို့ မဖြစ်နိုင်သေးသလို အင်တာနက် စာမျက်နှာတွေပေါ်မှာလည်း ဖြစ်ရပ်မှန်များ ပျောက်ကွယ်ဆိတ်သုန်းသွားမှာ မဟုတ်ပါကြောင်း လေးလေးနက်နက် တင်ပြလိုက်ရပါတယ်။
အိန္ဒိယစစ်သံမှူး နေပြည်တော်မှာ တည်းခိုနေစဉ် ပစ္စည်းအခိုးခံရမှုသတင်း
အိန္ဒိယ စစ်ဖက်အရာရှိကြီးများအား အစည်းအဝေးတစ်ခုတွင် တွေ့ရပုံ
(၂၀၁၂) ခုနှစ် ဧပြီလ (၉) ရက်တုန်းက အိန္ဒိယစစ်သံမှူးဖြစ်သူ Col-ragesh kumar ဟာ နေပြည်တော်ရှိ ရွှေနန်းတော် ဟိုတယ်မှာ တည်းခိုနေစဉ် အိပ်ခန်းထဲမှ သူ့ရဲ့ပစ္စည်းများ အခိုးခံလိုက်ရကြောင်း သတင်းရရှိပါတယ်။ အခိုးခံရတဲ့ ပစ္စည်းများထဲမှာ ပတ်စပို့နှင့် ဒေါ်လာငွေပေါင်းများစွာ ပါသွားတာကြောင့် နေပြည်တော်တဝိုက် ဂယက်ရိုက်သွားတယ်လို့ သိရပါတယ်။ ဘာလို့လည်းဆိုတော့ နေပြည်တော်ဟာ အစိုးရအဖွဲ့ ရုံးဆိုက်ရာ မြို့တော် ဖြစ်တဲ့အပြင် ဗိုလ်ချူပ်အများစုက နေပြည်တော်ကို ကြပ်ပြေးရယ်လို့ တောဇနပုဒ်မြို့လို အခေါ်မခံချင်တာကြောင့် တမင်သက်သက် စည်ကားဖွံ့ဖြိုးအောင် ငွေကုန်ကြေးကျ မြောက်များစွာ တည်ဆောက် နေခဲ့ပါတယ်။
ဒီကြားထဲ နေပြည်တော်မှာ နိုင်ငံခြားသား ပစ္စည်းခိုးခံရတဲ့ ဖြစ်စဉ်ဟာ ပထမဦးဆုံး အကြိမ်ဖြစ်ပြီး အဲဒီနိုင်ငံခြားသားကလည်း မြန်မာနိုင်ငံရဲ့အိမ်နီးချင်း အိန္ဒိယနိုင်ငံသား သံတမန်တစ်ဦး ဖြစ်နေတာကြောင့် နေပြည်တော် အစိုးရအဖို့ ဂုဏ်သိက္ခာ ကျဆင်းဖွယ် ဖြစ်နေပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနအဖို့ သူခိုးအား အမြန်ဖမ်းမိနိုင်ဖို့အတွက် အပူတပြင်း ကြိုးစား ရှာဖွေနေသလို ရဲတပ်ဖွဲ့ကြီးအား စိန်ခေါ်တဲ့ဖြစ်စဉ် ဖြစ်ပါကြောင်း နေပြည်တော်ရပ်ကွက် တချို့က သုံးသပ် ပြောဆိုနေကြပါတယ်။
ကျွန်ုပ်၏ မြန်မာနိုင်ငံ (သို့) မြန်မာ့တရားစီရင်ရေးကောက်ကြောင်း
သန်းစိုးလှိုင်
ဧပြီ ၂၂၊ ၂၀၁၂
  • • ဘာသာပြန်ဆိုသူ - စိန်ဝင်းစိန်
  • • ထုတ်ဝေသည့်ခုနှစ် - ပထမအကြိမ်၊ ဇွန်လ ၂၀၁၀ ခုနှစ်
  • • ထုတ်ဝေသည့်တိုက် - လောကသစ်စာပေ
  • • တန်ဖိုး - ၃၀၀၀ ကျပ်
  • • စာမျက်နှာ - ၃၅၄ မျက်နှာ
........ ...... .....
၁၉၅၀ ခုနှစ်ကျော်ကာလက သမ္မတဖြစ်သူ ဦးဘဦးက ၎င်း၏ကိုယ်ရေးအထ္ထုပ္ပတ္တိစာအုပ်ကို ထိုစဉ်ကတည်းက အင်္ဂလိပ်ဘာသာဖြင့် ရေး သားခဲ့သည်။ လွန်ခဲ့သည့်တနှစ်ကျော်ကမှ ယင်းစာအုပ်ကို ကျွန်ုပ်၏မြန်မာနိုင်ငံဆိုသည့်အမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုထုတ်ဝေလိုက် ခြင်းဖြစ်သည်။
ဦးဘဦးမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရွေးကောက်ခံသမ္မတဖြစ်သည်။ ဦးဘဦး၏အကြောင်းကိုဖတ်ရှုရင်း သူဖြတ်သန်းခဲ့သည့် ကိုလိုနီခေတ် တလျှောက် တရားစီရင်ပုံများ၊ အင်္ဂလိပ်ဆုတ်ခွာသည့်ကာလ၊ ဂျပန်ခေတ်နှင့် လွတ်လပ်ရေးရပြီးနောက် ဖဆပလခေတ် တရားစီရင်ရေး နောက်ခံပုံရိပ်များစွာကို သိရှိခွင့်ရသည့်စာအုပ်တအုပ်ဖြစ်သည်။
ကိုလိုနီခေတ်နှင့် ပတ်သက်သည့် နိုင်ငံရေးအတွေ့အကြုံ၊ ကိုယ်ရေးမှတ်တမ်း၊ သမိုင်းစာအုပ်စသဖြင့် မရှားလှသော်လည်း တရားစီရင်ရေးနှင့် ပတ်သက်၍ ရေးသားဖော်ပြထားသည့်စာအုပ်ကား သိပ်မတွေ့ရပေ။
မြန်မာနိုင်ငံ ကိုလိုနီခေတ် သမိုင်းများ၊ အထ္ထုပ္ပတ္တိစာအုပ် အများအပြားဖတ်ရသည့်အခါ နိုင်ငံရေးလှုပ်ရှားမှုများကို ဖတ်ရှုရလေ့ရှိသော်လည်း ယခုစာအုပ်ကဲ့သို့ တရားစီရင်ရေးနှင့်သက်ဆိုင်သည့်ကိစ္စရပ်များ ဖတ်ရှုရခဲသည်။
ယခုစာအုပ်တွင် ကိုလိုနီခေတ်လယ်နှင့် နှောင်းပိုင်း မြန်မာနိုင်ငံ၏တရားစီရင်ရေးစနစ်ကို ရှားရှားပါးပါး ဖတ်ရှုခွင့်ရသည့် စာအုပ်တအုပ်ဖြစ် သည်။
ကိုလိုနီခေတ် တရားစီရင်ရေးနှင့်ပတ်သက်ပြီး မောရစ်ကောလစ်၏ မြန်မာပြည်မှ မှုခင်းများ (Trials in Burma) စာအုပ်တွင် ဖတ်ရှုခဲ့ရဖူးသည်။ မောရစ်ကောလစ်က အရေးပိုင်ဘ၀ဖြင့် တရားစီရင်ခဲ့ရသည့် အတွေ့အကြုံများကို ရေးခြယ်ထားခြင်းဖြစ်သည်။ ယင်းစာအုပ်မှာလည်း စိတ် ၀င်စားစရာ စာအုပ်တအုပ်ဖြစ်သည်။
လူထုဒေါ်အမာက အစောပိုင်းတွင် ဘာသာပြန်ထုတ်ဝေခဲ့သလို နောက်ပိုင်းတွင် စာရေးဆရာ ကျော်အောင်ကလည်း မြန်မာပြည်မှ မှုခင်းများ ခေါင်းစဉ်ဖြင့် ဘာသာပြန်ဆို ထုတ်ဝေခဲ့ဖူးသည်။ အင်္ဂလိပ်မျက်နှာဖြူတဦးအနေဖြင့် တရားစီရင်ရာတွင် ဘက်မလိုက်ပဲ မျှတအောင် စီရင်ခဲ့ သည့်အဖြစ်များကို မောရစ်ကောလစ်၏ စာအုပ်တွင် ဖတ်ရှုခဲ့ရသကဲ့သို့ ယခု “ကျွန်ုပ်၏ မြန်မာနိုင်ငံ” ထဲတွင် အင်္ဂလိပ်လူမျိုး အုပ်ချုပ်သူများ လက်အောက်တွင်လုပ်ကိုင်ရာတွင် လူမျိုးခွဲခြားမှုများ၊ တရားမျှတမှုကိုသာ ဦးစားပေးသည့် အင်္ဂလိပ်တရားသူကြီးများလည်း ရှိပုံ စသည့် အတွေ့အကြုံများက စာဖတ်သူစိတ်ဝင်စားစေသည်။
ခရိုင်တရားသူကြီးဘ၀တွင် ၁၉၃၀ ခုနှစ် တောင်သူလယ်သမားအရေးတော်ပုံနှင့် ကြုံတွေ့ရသည့် အတွေ့အကြုံသည်လည်း စိတ်ဝင်စား ဖွယ်ရာ ဖတ်ရှုရသည်။ ဖျာပုံခရိုင်တွင် လက်နက်ကိုင် ပုန်ကန်သူများအား အင်္ဂလိပ်အစိုးရက သေဒဏ်ပေးဖို့ ကြိုးစားရာတွင် ဒေါက်တာဘဦး အနေဖြင့် လူသတ်မှု၊ ဓါးပြမှု၊ မုဒိမ်းမှုများနှင့်မပတ်သက်ပါက သေဒဏ်မချမှတ်ရန် ကြိုးစားခဲ့ပုံကို ဖတ်ရှုရသည်။
ထိုအခန်းတွင် ရေးသားထားသည်မှာ “အင်္ဂလိပ်လူမျိုးအချို့က ပုန်ကန်မှုပေါ်ပေါက်ရသည်မှာ သူတို့၏ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ယူဆပြီး ဥပဒေကခွင့်ပြုထားသော အမြင့်ဆုံးပြစ်ဒဏ်ကိုချမှတ်ပေးရန် တောင်းဆိုခြင်းဖြစ်သည်။ ဤအမှုတွင် ရင်တွင်းခံစားချက်နှင့် တာဝန် သိစိတ်၏ ပဋိပက္ခဖြစ်ပါသည်။ တရားဥပဒေရှုထောင့်မှကြည့်လျှင် တရားခံများသည် သူပုန်များ၊ သို့သော် လူထုအမြင်တွင် တရားခံများသည် မျိုးချစ်ပုဂ္ဂိုလ် အာဇာနည်များဖြစ်နေကြသည်။ ကျွန်ုပ်၏ တာဝန်သိစိတ်က အခြေခံအားဖြင့် ကျွန်ုပ်အား လွှမ်းမိုးလျှက်ရှိသည်။ သို့သော် ခေါင်းဆောင် အစစ်အမှန်များနှင့် လူသတ်မှု၊ မုဒိမ်းမှုကျူးလွန်ခဲ့သူများမှအပ မည်သည့်တရားခံကိုမျှ သေဒဏ်မပေးရန် ကျွန်ုပ်သံဓိဋ္ဌာန်ချထား လိုက၏” ဟုရေးသားဖေါ်ပြထားသည်။
ဆရာစံ တောင်သူလယ်သမား သူပုန်ထပြီး လအနည်းငယ်အကြာတွင် သူပုန်များအား စစ်ဆေးရန် ခုံရုံးဖွဲ့သည့်အခါ ဟိုက်ကုတ်တရားသူကြီး ဂျေ-ကန်းလစ်ဖ် က ခုံရုံးဥက္ကဋ္ဌ၊ အေ-ဂျေ-ဒါဝတ်နှင့် ဦးဘဦးက ခုံရုံးအဖွဲ့ဝင်များ အဖြစ်ဆောင်ရွက်ခဲ့ကြသည်။ ယင်းခုံရုံးမှ တောင်သူလယ်သမား သူပုန်ခေါင်းဆောင် ဆရာစံကိုလည်း စီရင်ချက်ချခဲ့ရသည်။
ဦးဘဦးသည် အင်္ဂလိပ် အစိုးရလက်အောက်တွင် ၀တ်လုံ၊ တရားသူကြီး၊ ခရိုင်တရားသူကြီး၊ ဟိုက်ကုတ်တရားသူကြီး စသဖြင့် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ကိုလိုနီစနစ်ကို လက်ခံခဲ့သူတဦးမဟုတ်ကြောင်း၊ အမျိုးသားရေးစိတ်ဓါတ်ရှိပုံကိုလည်း သူလုပ်ဆောင်ခဲ့ သည့်အဖြစ်အပျက်များဖြင့် ဖေါ်ပြရေးသားထားသည်။
အင်္ဂလိပ်လူမျိုး ဟိုက်ကုတ်တရားသူကြီး ကန်းလစ်ဖ်က ဒီမိုကရေစီစနစ်နှင့်တရားစီရင်ရေးအကြောင်းပြောရာတွင် “တရားစီရင်ရေးဟာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ အဓိကကျောထောက်နောက်ခံဖြစ်ပါတယ်။ အဆုံးစွန်သုံးသပ်ကြည့်လိုက်တဲ့အခါ ဒီမိုကရေစီစံနစ်ကို သင့်တင့် လျောက်ပတ်စွာလည်ပတ်စေနိုင်ဖို့ တရားစီရင်ရေးက ထောက်ကူပေးတယ်ဆိုတာတွေ့လာရတယ်။ ဒါကြောင့် ခင်ဗျားတို့ဟာ တရားသူကြီး တွေအနေနဲ့ အချင်းချင်းဘယ်လိုပဲ သဘောထားကွဲကြသည်ဖြစ်စေ လူထုကို မသိစေသင့်ပါဘူး။ လူထုနဲ့ဆက်ဆံရာမှာဖြစ်ဖြစ် အုပ်ချုပ်ရေး ပိုင်းနဲ့ ဆက်ဆံရာမှာဖြစ်ဖြစ် ခင်ဗျားတို့ဟာ အပြင်ပန်းအားဖြင့် စည်းစည်းလုံးလုံးဖြစ်နေသင့်တယ်။ အသံထွက်ရင်လည်း တစ်သံတည်းပဲဖြစ် သင့်တယ်။ အချင်းချင်း သွားပုပ်လေလွင့် စကားတွေပြောပြီး လူထုကိုဒုက္ခမပေးသင့်ပါဘူး။ အုပ်ချုပ်ရေးပိုင်းကို မျက်နှာလိုမျက်နှာရ မလုပ် သင့်ပါဘူး” ဟု ပြောဆိုခဲ့သည်ဟု စာအုပ်တွင်ဖေါ်ပြထားသည်။
ကိုလိုနီခေတ်တွင် အင်္ဂလိပ်အစိုးရဖွဲ့ထားပေးသည့် မြန်မာအမျိုးသားဝန်ကြီးများအကြား နိုင်ငံရေး အုပ်ချုပ်ရေးနှင့်ပတ်သက်သည့်အတွေ့ အကြုံတို့မှာ အခြားသောသမိုင်းစာပေများနှင့် ရှုထောင့်မတူပဲ ဖတ်ရှုရသည်မှာ စိတ်ဝင်စားစရာတမျိုးကောင်းသည်။
ဒုတိယကမ္ဘာစစ်ဖြစ်ပွားလာသည့်နောက်တွင် အင်္ဂလိပ်အစိုးရဆုတ်ခွာသည့်နောက် ကသာအထိ တိမ်းရှောင်သွားခဲ့ပြီး ဂျပန်အုပ်စိုးစကာလ ကသာတွင် နေထိုင်ရသည့် အတွေ့အကြုံ၊ ၎င်းနောက် မန္တလေးသို့ ပြန်ဆင်းလာပြီးနောက် ရန်ကုန်သို့ ပြန်လာသည့်နောက်တွင် ဒေါက်တာ ဘမော် ဂျပန်ဝင်လာသည့် အခါ ဂျပန်စစ်သေနာပတိက ရှာဖွေခေါ်ယူပုံ၊ ဒေါက်တာဘမော်နှင့် ပတ်သက်သည့် ကိုယ်တွေ့ အတွေ့အကြုံများကို ရေးခြယ်ထားသည်မှာလည်း စိတ်ဝင်စားစရာပင်။
ဂဠုန်ဦးစောနှင့်ပတ်သက်၍ ဖေါ်ပြထားရာတွင် “ ဦးပုနေရာသို့ နန်းရင်းဝန်အဖြစ် အစားဝင်ရောက်လာသော ဦးစောကား အလွန်လျင်သော နိုင်ငံရေးသမားတယောက်ဖြစ်သည်။ သူတို့၏ အမျိုးသားရေးရည်မှန်းချက်မပြည့်ဝပါက မြန်မာများ၊ အထူးသဖြင့် မြန်မာလူငယ်များသည် သည်အတိုင်းငြိမ်နေလိမ့်မည်မဟုတ်ကြောင်းကို သူသိသည်။ ထို့ကြောင့် စစ်ကြီးအပြီးတွင် မြန်မာနိုင်ငံအား ဒိုမီနီယန်အဆင့်ပေးရန် တောင်း ဆိုခြင်းဖြင့် ပုံကြီးချဲ့ပြောဆိုလေသည်။ သို့သော် သခင်များအား နှိပ်ကွပ်ရာတွင် သူအမှားကြီးမှားသွားသည်။ သခင်အများစုမှာ လူငယ်များနှင့် ကျောင်းသားများဖြစ်ကြပြီး သူတို့၏ နိုင်ငံရေးခံယူချက်မှာ မြန်မာ့လွတ်လပ်ရေးဖြစ်သည်။ ဗြိတိသျှ အုပ်ချုပ်သူများနှင့် အဆင့်အတန်းတူ ညီကြောင်းပြသရန်အလို့ငှာ သူတို့ကိုယ်သူတို့ သခင်များဟုခေါ်ကြသည်။ သခင်လှုပ်ရှားမှုကို မချေမှုန်းနိုင်လျှင် နိုင်ငံရေးခေါင်းဆောင် အ ဖြစ် သူ့အနေအထား ပျောက်ကွယ်သွားနိုင်သည်ကို ဦးစောသဘောပေါက်ထား၏။ သို့ဖြင့်သူသည် ငဠုန်တပ်အမည်ရှိ နိုင်ငံရေး တပ်ဖွဲ့တခုကို ထူထောင်လိုက်သည်တွင် ဂဠုန်တပ်နှင့် သခင်တို့ ထိပ်တိုက်တွေ့ကြတော့သည်” ဟု ရေးသားထားသည်။
ခြုံ၍ပြောရလျှင် ဦးဘဦး၏ ကိုယ်ရေးအထ္ထုပ္ပတ္တိသည် ယင်းစာအုပ်ကိုကို ဖတ်ရှုရင်း ကိုလိုနီခေတ်လယ်၊ ခေတ်နှောင်းပိုင်း တရားဥပဒေ ၀န် ထမ်းဘ၀အတွေ့အကြုံများ၊ အင်္ဂလိပ်ဆုတ်ခွာပြီး ဂျပန်တို့က တရားစီရင်ရေးစံနစ်ကို မည်ကဲ့သို့ဖေါ်ဆောင်ခဲ့ပုံ၊ လွတ်လပ်ရေးရသည့်ခေတ် တွင် တရားရေးစံနစ်ကို ပြန်လည်တည်ဆောက်မှု တစိတ်တပိုင်းတို့ကို သူ့ဘ၀အကြောင်း ဖတ်ရှုရင်း သိရှိနိုင်သည့် စာအုပ် တအုပ်ဖြစ်ပေသည်။
အင်္ဂလိပ်ဘာသာဖြင့်ရေးသားသည့်စာအုပ်ဖြစ်သည့်အားလျှော်စွာ အချို့သောအရေးအသားများမှာ မြန်မာဝါကျကဲ့သို့ တိုတိုရှင်းရှင်း ဖြစ်ချင် မှဖြစ်ပေလိမ့်မည်။ သို့ရာတွင် အကြောင်းအရာနှင့်အတွေ့အကြုံက စိတ်ဝင်စားဖွယ်ရာဖြစ်သဖြင့် အသေးအဖွဲ အားနည်းချက်များမှာ သတိ သိပ်မပြုမိလောက်ဟု ထင်မြင်မိပါသည်။
၂၀၁၂ မှာ ပြည်သူ့ဂုဏ်ရည်ဆု ဘယ်သူရမလဲ
http://www.citizenofburma.org/
ဧပြီ ၂၂၊ ၂၀၁၂
မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) အတွက် လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့၏ အမည်စာရင်းများတင်သွင်းခြင်းကို မတ်လ ၃၁ ရက်နေ့အထိ လက်ခံခဲ့ရာ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၃၃ ဦး အဆိုပြုခဲ့ပါသည်။ ယင်းတို့အနက် အောက်ဖော်ပြပါ ၂၀ ဦးကို ဂုဏ်ပြုပွဲအခမ်းအနားများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက ပဏာမ ရွေးချယ်ခဲ့ပါသည်။
မှတ်ချက် ။ ။ အမည်များကို မြန်မာအက္ခရာစဉ်အတိုင်း စီထားပါသည်။
၁။ ဇီဝိတဒါန သံဃာ့ဆေးရုံ
အမှတ် ၃၈၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တွင် တည်ရှိသော ‘ဇီဝိတဒါန သံဃာ့ဆေးရုံကြီး’ကို ဗြိတိသျှကိုလိုနီလက်ထက် ၁၉၄၀ ပြည့်နှစ် မေလ ၈ ရက်နေ့တွင် ဆေးပေးခန်းကလေးမှ စတင်ခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ “လူမျိုး မရွေး၊ ဘာသာ မရွေး၊ ဆင်းရဲချမ်းသာ အဆင့်အတန်းမရွေး၊ ကျားမ မရွေး၊ လာလာသမျှ မကျန်းမာသူ ဂိလာန ပုဂ္ဂိုလ်ဟူသမျှကို အခမဲ့စမ်းသပ် ဆေးဝါးကုသ ပေးကမ်းလှူဒါန်းရန်” ဖြစ်သည်။ ဆေးခန်း စတင်ဖွင့်လှစ်စဉ်က ပြည်သူများ၏ အလှူငွေများနှင့် ဆေးပညာရှင်များ၊ စေတနာရှင် ပုဂ္ဂိုလ်များ၏ လုပ်အားဒါနအပေါ် အခြေပြုခဲ့ရာ ရည်ရွယ်ချက်ကောင်းမွန်ခြင်း၊ စေတနာကောင်းမွန်ခြင်း၊ ပြည်သူများ၏အားပေးမှုကြောင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ခေတ်ကာလတွင်လည်း တည်တံ့ခဲ့သည်။ ရဟန်းသံဃာ သီလရှင်များ နှင့် လူပုဂ္ဂိုလ်များ အားထားကုသရာ ဆေးရုံကြီးဖြစ်သည်။
၂။ အရှင်ဥာဏိဿရ (သီတဂူဆရာတော်)
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပါအဝင် ၁၉၈၀ ခုနှစ်များ ကတည်းက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း အခြေပြုပြီး သောက်သုံးရေ၊ ဆေးကုသမှု၊ သံဃာတော်များပညာရေးနှင့် လူမှုလုပ်ငန်းများကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်၊ အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် ဆရာတော်ကြီးဖြစ်သည်။ ၁၉၈ဝ ပြည့်နှစ်တွင် စစ်ကိုင်းတောင် ‘သီတဂူ ရေအလှူတော်စီမံကိန်း’ကို တည်ဆောက်ခဲ့သည်။ ၁၉၈၅ တွင် ကျပ်သိန်း ၅ဝဝ ကျော် ကုန်ကျသော ခုတင် ၁ဝဝ ဆံ့ ‘သီတဂူ အာယုဒါနဆေးရုံတော်’ကို စတင်တည်ဆောက်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ဆရာတော်သည် မြန်မာနိုင်ငံရှိအကျဉ်းထောင်တို့တွင် နှစ်စဉ် အစာအာဟာရများ ကျွေးမွေးလှူဒါန်းခြင်း၊ တရားဓမ္မချီးမြှင့်ခြင်းတို့အပြင် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကလေးများ၊ မျက်မမြင် ဆွံ့အ နားမကြား ဝေဒနာရှင်များ၊ စစ်မှုထမ်းဟောင်းများကို ငွေကြေး၊ ဆေး အစားအစာများ မကြာခဏ လှူဒါန်းလေ့ရှိသည်။
၃။ အရှင်နာယက (မန္တလေး ဖောင်တော်ဦးကျောင်းဆရာတော်)
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၁၀ စုနှစ် တစ်ခုကျော် ဦးဆောင် အကောင်အထည်ဖော်ခဲ့သူဖြစ်သည်။ အလှူရှင်များ၊ အဖွဲ့အစည်းများ၊ စေတနာရှင်လုပ်အားပေးများဖြင့် ဘုန်းတော်ကြီးကျောင်းအခြေပြု နေ့ကျောင်းနှင့် အဆောင်ကျောင်းများတွင် ပညာသင်ဦးရေ ၅ ထောင်ကျော်ကို ပညာသင်ပေးနေသည်။ ပြည်နယ် အစွန်အဖျား အနှံ့မှ ကလေးသူငယ်များကိုလည်း စောင့်ရှောက်ပျိုးထောင်ပေးလျက်ရှိသည်။ ဘုန်းတော်ကြီးသင်ကျောင်းများမှတဆင့် အဆင့်မြင့်ပညာရေး ဆက်နိုင်အောင်လည်း အားပေးဆောင်ရွက်နေသူဖြစ်သည်။
၎။ အရှင် ပညာစာရ
ဆရာတော် အရှင်ပညာစာရသည် သက်တော် ၅၇၊ ဝါတော် ၃၇ ဝါ ရှိပြီး၊ စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်တွင် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကို ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ခဲ့သည်။ အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသော ပရဟိတ ရဟန်းတော်တစ်ပါးဖြစ်သည့်အပြင် မိဘမဲ့ လူမမယ် ကလေးများအကျိုးကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။ ရခိုင်ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို ရှာဖွေ စုဆောင်းလေ့ရှိသည့် သမိုင်းသုတေသီတစ်ဦးဖြစ်ပြီး၊ ဆရာတော်ပြုစုခဲ့သည့် သမိုင်းစာပေများကို မှီငြမ်းကိုးကားကာ အမျိုးသားစာပေဆုနှင့် Ph.D ဒေါက်တာဘွဲ့များ ရရှိခဲ့ကြကြောင်း သိရှိရပါသည်။ ဆရာတော်အား ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က လူဝတ်လဲ ဖမ်းဆီးပြီးနောက် ဘာသာ သာသနာ ညှိုးနွမ်းစေမှု၊ သာသနာ့မြေကို ငှားရမ်း အသုံးပြုမှု၊ နိုင်ငံတည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊ လိမ်လည်မှု၊ စည်ပင်သာယာ အက်ဥပဒေ၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေ စသည့်ပုဒ်မ ၇ ခုတပ် တရားစွဲဆိုခဲ့ပြီး စက်တင်ဘာလ ၂၉ ရက်နေ့က ထောင်ဒဏ် ၈ နှစ်နှင့် ၃ လအပြင် ငွေဒဏ် ကျပ်ငွေတစ်သောင်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သရက်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
၅။ ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်
နိုင်ငံရေးအမှုအခင်းများကို အခမဲ့လိုက်ပါ အကျိုးဆောင်ပေးရန် ဥပဒေကျောင်းသား လူငယ်များကို စည်းရုံး စုစည်းလျက် Myanmar Youth Law Firm ကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များကို အမှုလိုက် အကျိုးဆောင်ပေးခဲ့သည်။ ရဲရဲရင့်ရင့် ခုခံအကျိုးဆောင်ပေးတတ်သူ ဖြစ်သည့် ဦးဖိုးဖြူ ကိုယ်တိုင်လည်း တရားရုံးကို မထီမဲ့မြင်ပြုမှု အကြောင်းပြချက်ဖြင့် ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပြီး ရှေ့နေလိုက်ခွင့်လိုင်စင်လည်း ပိတ်ပင်ခံရသည်။ သို့သော် ယနေ့အချိန်ထိ အလုပ်သမားအခွင့်အရေး ဆောင်ရွက်သူများနဲ့အတူ အလုပ်သမား အမှုအခင်းများကို အခမဲ့ လိုက်ပါဆောင်ရွက်ပေးခြင်း၊ တောင်သူလယ်သမားများကို သမဂ္ဂဖွဲ့စည်းရေးအတွက် ဥပဒေဆိုင်ရာ အကြံပေးခြင်းများနှင့် လယ်မြေအမှုအခင်းများကို လိုက်ပါဆောင်ရွက်ပေးလျက်ရှိသည်။
၆။ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း
မန္တလေးမြို့အခြေစိုက် အသင်းကြီးဖြစ်ပြီး လူမှုရေးလုပ်ငန်းများကို စိတ်ဝင်စားအားပေးတော်မူကြသည့် ဆရာတော်ကြီးများ၏ သြ၀ါဒကိုခံယူ၍ မြို့မိမြို့ဖလူကြီးများ ပါဝင်ဖွဲ့စည်းမှုဖြင့် ၁၉၉၈ ခုနှစ် မေလ ၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ဖွဲ့စည်းချိန်မှစတင်ကာ လူမျိုးဘာသာ ကျားမ မရွေး အားလုံး၏ နာရေးကူညီမှုလုပ်ငန်းအတွက် ကူညီမှုများ ဆောင်ရွက်ခဲ့ပြီး နာရေးပို့ဆောင်ခြင်းလုပ်ငန်းကို မှန်လုံကား ၄ စီး ကာဒီလက်ကားကြီး ၁ စီး စုစုပေါင်း ၅ စီး၊ အဝေးခရီးများအတွက် ဟိုင်းလတ်ယာဉ် ၃ စီးကို အသုံးပြု ပို့ဆောင်ပေးလျက်ရှိသည်။ ၂၀၀၀ ပြည့်နှစ် ဧပြီလ မှစ၍ အစိုးရပြည်သူ့ဆေးရုံများ၌ တက်ရောက် ကုသခံယူပြီး အကူအညီလိုအပ်နေသော အတွင်းလူနာများကို ဆေးဝါးကူညီ ထောက်ပံ့ပေးသည့် ကျန်းမာရေးကူညီမှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ် သြဂုတ်လ ၂၂ ရက်မှ စတင်ကာ ကုသိုလ်ဖြစ် ပြင်ပလူနာဆေးပေးခန်း၊ ကျန်းမာရေး ကူညီမှုလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်ခဲ့သည်။ နာဂစ် ဆိုင်ကလုန်းကြောင့် ဘေးဒုက္ခကြုံတွေ့ရသော ပြည်သူများကို အသင်းက ကျပ်သိန်း ၁၀၀ မတည်ပြီး အလှူငွေ၊ အ၀တ်အထည်၊ ဆန်၊ ဆီ၊ ကုလားပဲ၊ ဆေးဝါး၊ သောက်ရေသန့်ပါမကျန် စုစုပေါင်း ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးကို ဖျာပုံမြို့နယ်နဲ့ ဘိုကလေးမြို့နယ်များက ဘေးဒုက္ခကြုံတွေ့နေရသူများထံ သွားရောက် ကူညီထောက်ပံ့ပေးခဲ့သည်။
၇။ မေတ္တာမွန်ကုန်လှောင်ရုံ မီးလောင်မှုတွင် အသက်ပေးသွားသော မီးသတ်ရဲဘော် ၅ ဦး
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ကုန်လှောင်ရုံ မီးလောင်ပေါက်ကွဲမှုအတွင်း မီးငြှိမ်းသတ်ရင်း သေဆုံးခဲ့သည့် မီးသတ်ရဲဘော်များဖြစ်သည်။ တာမွေမြို့နယ် မီးသတ်ဦးစီး ဌာနမှ ဦးပြည်ဇော်ဌေး ( ၅၀ နှစ်) ၊ ဦးတင်စိုး (၃၄ နှစ်) ၊ ကိုသော်ဇင်မျိုးထက် (၂၁ နှစ်)၊ ကိုအောင်အောင် (၂၈ နှစ်)၊ ကိုမျိုးကျော်ကျော် (၂၀ နှစ်) တို့ ဖြစ်သည်။
၈။ မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံ
ရန်ကုန် ကျောက်တံတားမြို့နယ်တွင်ရှိပြီး အထွေထွေရောဂါနှင့် မျက်စိကု ကုသိုလ်ဖြစ်ဆေးရုံဖြစ်သည်။ ၁၉၃၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်ခဲ့ပြီး ဂိုဏ်းဂဏစွဲ မရှိဘဲ၊ လူသားအကျိုးဆောင် စေတနာဆေးရုံ တစ်ရုံအဖြစ်၊ ဆင်းရဲသော လူသားတိုင်းအတွက် ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ အခြားသော မည်သည့်အသင်းအဖွဲ့နှင့်မျှ တွဲဖက်ထားခြင်းမရှိ၊ လွတ်လပ်စွာ ကူညီလည်ပတ်နေသော ဆေးရုံဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် နာဂစ်လေမုန်တိုင်း ဘေးဒုက္ခကျရောက်စဉ်ကလည်း မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံက ဆရာဝန်နှင့် သူနာပြုများ ပါဝင်သော အရေးပေါ် လေဘေးကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ လေဘေးသင့် ဒေသများသို့ ဆေးဘက်ဆိုင်ရာ အကူအညီများ ပေးပို့ကူညီခဲ့ကြသည်။
၉။ ရခိုင်သဟာရအသင်း (ရန်ကုန်)
၁၉၆၁ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် အသင်းဖြစ်သည်။ နှစ်စဉ်သဘာဝဘေး ဒဏ်ခံနေရသော ရခိုင်ဒေသတွင် ကယ်ဆယ်ရေး၊ ကူညီရေးလုပ်ငန်းများကို လုပ်ကိုင်နေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများဖြင့် စနစ်တကျဆောင်ရွက်နေသော အဖွဲ့အစည်းကြီး ဖြစ်သည်။ ၁၉၇၈ ခုနှစ် ကျောက်ဖြူ၊ စစ်တွေ ဆိုင်ကလုန်း လေဘေးနှင့် ၂၀၀၄ ခုနှစ် မြေပုံ လေဘေးကယ်ဆယ်ရေး လုပ်ငန်း၊ ၂၀၀၆ ခုနှစ် မာလာ လေဘေးအတွက် ဂွမြို့နယ်ကို ကျပ်သိန်းပေါင်း ၂၀၀ ဖိုး၊ ၂၀၀၈ ခုနှစ် ဧရာဝတီတိုင်း နာဂစ်လေဘေးအတွက် ကျပ်သိန်းပေါင်း ၁၀၀၀ ဖိုး၊ ၂၀၁၀ ပြည့်နှစ် ဂီရိမုန်တိုင်းသင့် ဒုက္ခသည်များအတွက် ကျပ်သိန်းပေါင်း ၁၇၀၀ ဖိုး ကူညီထောက်ပံ့ခဲ့သည်။ ရခိုင်ပြည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ ဆေးရုံ ဆေးပေးခန်းများ ဆောက်လုပ်ဖွင့်လှစ်ပေးခြင်းတို့ကို စီမံကိန်းများချပြီး ဆောင်ရွက်လျက်ရှိသည်။ ပညာရေးအတွက် ၁၉၈၁ ခုနှစ်မှ စတင်ကာ ၂၀၁၀ ခုနှစ်အထိ တက္ကသိုလ်/ကောလိပ် ကျောင်သား ၃၀၃ ဦးကို ပညာသင်စရိတ် ထောက်ပံ့ပေးနိုင်ခဲ့သည်။
၁၀။ ဦးရောဘတ်စန်းအောင်
ရှေ့နေတစ်ဦးဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်က ဦးပီတာလင်းပင် (ပြင်ဦးလွင် မဲဆန္ဒနယ်အမှတ်(၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ၏အမှုတွင် လိုက်ပါဆောင်ရွက်ခဲ့သည့်အတွက် ထိုအမှုပြီးစီး၍ ၆ လ အကြာတွင် တရားရုံးချုပ်မှ ၎င်း၏ရှေ့နေလိုင်စင်အား ရုပ်သိမ်းခဲ့သည်။ ထို့အပြင် နိုင်ငံရေးယုံကြည်မှုအတွက် စစ်အစိုးရလက်ထက်တွင် ၆ ကြိမ်တိုင်တိုင် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရပြီး ၁၇၊ ၁၂၊ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ကလေးထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ယနေ့တိုင် ရှေ့နေလိုင်စင် ပြန်မရသေးသော်လည်း တတ်ကျွမ်းသည့် ဥပဒေပညာရပ်ဖြင့် လယ်မြေအဓမ္မသိမ်းယူခံရခြင်း၊ အဓမ္မလုပ်အားပေး စေခိုင်းခံရခြင်း၊ ကလေးစစ်သားအဖြစ် စုဆောင်းခံရခြင်း စသည့်အမှုကိစ္စများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
၁၁။ ရွှေခြင်္သေ့ လူမှုစောင့်ရှောက်ရေးအဖွဲ့
ရွှေဘိုမြို့ ရွှေခြင်္သေ့ကျောင်းတွင် အခြေပြုဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ HIV/AIDS ရောဂါ ကာကွယ်တိုက်ဖျက်ရေး ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ဒေသတွင်း၌သာမက နိုင်ငံအနှံ့ ကျယ်ပြန့်စွာ ဆောင်ရွက်နေသော အဖွဲ့ဖြစ်သည်။ HIV/AIDS နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်သကဲ့သို့ ဝေဒနာသည်နှင့် မိသားစုအား စောင့်ရှောက်ကူညီခြင်းများပါ လုပ်ဆောင်လျက်ရှိသည်။ ကလေးဖွံ့ဖြိုးရေးကျောင်းကို ဖွင့်လှစ်ထားပြီး ကလေးများအတွက် စာပေသင်ကြားခြင်း၊ ကိုယ်လက်ကြံ့ခိုင်ကျန်းမာရေး အစရှိသည်များလည်း ဖြည့်ဆည်းပေးလျက်ရှိသည်။ ကလေးအခွင့်အရေး၊ အုပ်ထိန်းမှုနှင့်စပ်လျဉ်းသော အကြောင်းအရာများကိုလည်း မိဘများနှင့် ဆွေးနွေးပွဲများ ပြုလုပ်လေ့ရှိသည်။ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ရွှေခြင်္သေ့စာကြည့်တိုက်ကို ဖွင့်လှစ်ကာ အသိပညာ ဖြန့်ဝေသကဲ့သို့ ကျန်းမာရေးအသိပညာ လူထုကြား ပိုမိုပျံ့နှံ့စေရန် ပြခန်းများ၊ ပြပွဲများ ပြုလုပ်ခဲ့သည်။ မီးဘေးကဲ့သို့သော အရေးပေါ်အခြေအနေများတွင်လည်း သွားရောက်ကူညီနေသော အသင်းဖြစ်သည်။
၁၂။ လဖိုင်နော်မိန်း
ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံကျေးရွာကလေးတွင် ဒေသဖွံ့ဖြိုးရေး၊ လူငယ်များ ပြုစုပျိုးထောင်ရေး လုပ်ငန်းများကို အာဏာပိုင်များ၏ ဖိနှိပ်မှုကို အံတုကာ ဒေသခံများအတွက် ရပ်တည်ဆောင်ရွက်ခဲ့သူ ခရစ်ယာန် ဓမ္မဆရာတစ်ဦးဖြစ်သည်။ မန်တုံကျေးရွာတွင် ဘုရားရှိခိုးကျောင်းဆောက်လုပ်မှုတွင် ခေါင်းဆောင်ခဲ့မှုအတွက် မြန်မာစစ်တပ်၏ရိုက်နှက်၊ ဖမ်းဆီး ချုပ်နှောင်မှုကို ခံခဲ့ရသည့်အပြင် ဒေသခံရွာသူရွာသားများအား မြန်မာစစ်တပ်မှ ပေါ်တာဆွဲခြင်း၊ မတရားဖမ်းဆီးခြင်းများ အတွက် မားမားမတ်မတ်ရပ်တည်၍ ကာကွယ်ခဲ့သောကြောင့်လည်း စစ်တပ်၏စောင့်ကြည့်ခံရမှုနှင့် ဖမ်းဆီးစစ်ဆေးခြင်း မကြာခဏ ခံရသူဖြစ်သည်။ ၂ဝဝ၂ ခုနှစ်မှစ၍ ကချင်လူငယ်များ၏အနာဂတ်အတွက် စီးပွားရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးရေး အစီအစဉ်ဆောင်ရွက်ရာတွင် တက်ကြွစွာဦးဆောင်ခဲ့သည်။ Kachinland News သတင်းဌာနကို ပါဝင်တည်ထောင်ကာ သတင်းထောက်ချုပ် တာဝန်ကိုယူခဲ့သည်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်နေသည့်နေရာသို့ သွားရောက် သတင်းယူနေစဉ် မြန်မာအစိုးရစစ်တပ်မှပစ်ခတ်သော သေနတ်ကျည်ဆံထိမှန်ကာ လည်ပင်းအောက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်ရှားနိုင်ဖြစ်ခဲ့ရပြီး မိသားစု၏ ပြုစုမှု ခံနေရသည်။
၁၃။ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏မိသားစုများကို လစဉ် ထောက်ပံ့ကူညီ အားပေးခြင်းများ ပြုလုပ်နိုင်ရန် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။ ၁၉၉၅ ခုနှစ် သြဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး သဒ္ဓါပေါက်သူများ လှူဒါန်းသည့် အလှူငွေများဖြင့် နိုင်ငံရေးအကျဉ်းသားများအား တစ်ဦးလျှင် ၅၀၀ ကျပ်နှုန်း လစဉ်ထောက်ပံ့ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှစ၍ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်အတွက် တစ်ဦးလျှင် တစ်လ ၅၀၀၀ ကျပ်နှုန်း၊ ဆေးရုံတက်နေရသည့် နိုင်ငံရေးအကျဉ်းသားများအတွက် ကျပ် ၁ သောင်းမှ ၅ သောင်းအထိ၊ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများအတွက် တစ်ဦးလျှင် ခရီးစရိတ် ၁ သောင်းနှုန်း ထောက်ပံ့ကူညီလျက်ရှိသည်။ သဘာဝဘေးဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းများကိုလည်း အရေးပေါ်လိုအပ်တိုင်း ကူညီထောက်ပံ့ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင် ကလေးငယ်များအတွက် ကျောင်းစရိတ်နှင့် ပညာရေး အထောက်အကူပြုလုပ်ငန်းများ၌် ထောက်ပံ့ကူညီခြင်းများ ဆောင်ရွက်လျက်ရှိသည်။
၁၄။ သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့လေးများ ဂေဟာ
မိဘနှစ်ဦးလုံး AIDS ရောဂါဖြင့် ဆုံးပါးသွားသူများ၊ မိဘတစ်ဦး ဆုံးပါးသွားပြီး ကျန်တစ်ဦးမှာလည်း ရောဂါဝေဒနာ ခံစားနေရသဖြင့် ကလေးအား ပြုစုစောင့်ရှောက်နိုင်ခြင်း မရှိသူများ၊ အခြေအနေအရပ်ရပ်ကြောင့် သိမ်ငယ်စွာ ခံစားနေထိုင်ကြရသူများနှင့် စောင့်ရှောက်မည့်သူမရှိသည့် HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံ ကလေးငယ်များအား မိသားစု အခွင့်အရေးများကို တတ်နိုင်သမျှ အပြည့်အ၀ရရှိခံစားနိုင်ရန် ၂၀၀၅ ခုနှစ်မှ စတင်၍ လက်ခံပြုစုစောင့်ရှောက် ပေးထားသည့် နေရာဖြစ်သည်။ အသက် ၁ နှစ်ခွဲမှ ၁၅ နှစ်အထိ အရွယ်အသီးသီးရှိသော ကလေးများအတွက် ပညာရေးအနေဖြင့် မူကြိုအရွယ်ကလေးများအတွက် မူကြိုကျောင်းနှင့် သူငယ်တန်းမှ လေးတန်းအထိ ကလေးငယ်များအတွက် ၀ိသာခါသီလရှင် ပညာဒါနကျောင်းတွင် နာမည်စာရင်းပေးသွင်းထားပြီး သုခရိပ်မြုံ၌ပင် သင်ရိုးများအတိုင်း သင်ကြားပေးလျက်ရှိသည်။
၁၅။ ဦးသန်းနိုင် Community Water Filtration System
Community Engineering Team ၏ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး တပိုင်တနိုင် ရေသန့်ထုတ်နည်းကို လက်တွေ့ပြသကာ ဖြန့်ဝေပေးနေသူဖြစ်သည်။ နိုင်ငံခြားဖြစ် ပစ္စည်းများမပါဘဲ သဲ၊ ကျောက်၊ မီးသွေး အစရှိသည့် အလွယ်တကူ ရရှိနိုင်သည့် ပစ္စည်းများဖြင့် ရေသန့်ထုတ်ယူနိုင်ပုံ နည်းစနစ်ကို ပညာပေး ဖြန့်ဝေလျက်ရှိသည်။ ၂၀၀၈ နာဂစ်ဆိုင်ကလုန်း၊ ၂၀၁၀ ဂီရိဆိုင်ကလုန်း မုန်တိုင်းသင့်ရာဒေသများဖြစ်သည့် ဒေသများသို့သွားရောက်ကာ အဆိုပါပညာရပ်ကို ဖြန့်ဝေပေခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုစေသည့် ရေသန့်ထုတ်နည်းကို အခြေခံလူထုကြား ပျံ့နှံ့အောင် ကြိုးစားခဲ့သည်။ ကိုယ်တိုင်နှင့် နီးစပ်ရာမိတ်ဆွေများ၏ ကုန်ကျစရိတ် တပိုင်တနိုင် ထည့်ဝင်မှုများဖြင့် လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်သည်။ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်အတွင်းရှိ ဒေသများအထိ အဆိုပါနည်းပညာကို သွားရောက်ဖြန့်ဝေခဲ့ပြီး ဖြစ်သည်။
၁၆။ ဒေါ်သန်းမြင့်အောင်
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဒုဥက္ကဋ္ဌ ဖြစ်ပြီး နာရေးကူညီမှုလုပ်ငန်းအပြင်၊ အိတ်ခ်ျအိုင်ဗီ ကူးစက်ခံ ကလေးငယ်များ စောင့်ရှောက်ရေးအတွက် ရန်ပုံငွေရှာခြင်းနှင့် လူထုအတွင်း စေတနာ့ဝန်ထမ်းစိတ်များ ပေါ်ပေါက်လာစေရန် တိုက်တွန်းအားထုတ်နေသူဖြစ်သည်။ ဒေါ်သန်းမြင့်အောင်သည် စိတ်တူကိုယ်တူ မိတ်ဆွေများနှင့် ပူးပေါင်း၍ ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်သော သုခရိပ်မြုံ (HIV ကလေးများ စောင့်ရှောက်ရေးဂေဟာ)၊ ၂၀၁၀ ဧပြီလ၌ စတင်တည်ထောင်သည့် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာတို့တွင် ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်သည်။ လက်ရှိတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၌ ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး အနာကြီးရောဂါ ပပျောက်ရေးနှင့် မရမ်းချောင် ပညာရေးထောက်ပံ့မှုအဖွဲ့၊ အိတ်ခ်ျအိုင်ဗီ ကာကွယ်ရေး၊ မိဘမဲ့ကလေးများ ပြန်လည်ထူထောင်ရေး ပရဟိတ လုပ်ငန်းများ၊ စိတ်ရောဂါအထူးကုဆေးရုံကြီး၏ စိတ်ကုထုံးသစ်များနှင့် ကုသရေးတို့တွင် ပါဝင်ကူညီလျက်ရှိသည့်အပြင် တပိုင်တနိုင် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
၁၇။ ဆရာတော် ဦးအာစိဏ္ဏ
ယခင်က လှိုင်မြို့နယ် ၁၅ ရပ်ကွက် အနောက်အုတ်ကျင်းတွင် တည်ရှိခဲ့သော တေဇာရာမ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းကို တည်ထောင်ခဲ့သော ဆရာတော်ဖြစ်သည်။ ဘုန်းကြီးကျောင်းပတ်ဝန်းကျင်တွင် စက်ရုံအများအပြား ရှိပြီး ဆင်းရဲချို့တဲ့သည့် စက်ရုံအလုပ်သမားများ၏ သားသမီးအများစုမှာ မူလတန်းပညာကိုပင် ပြီးဆုံးအောင် မသင်ကြားနိုင်ကြဘဲ အရွယ်ရောက်သည်နှင့် မိဘများနည်းတူ စက်ရုံများတွင် အလုပ်ဝင်ကြရသည်။ ထိုသံသရာကို မနှစ်မြို့သော ဆရာတော်က နွမ်းပါးသူ ကလေးများအတွက် ဘုန်းတော်ကြီးသင် အခြေခံမူလတန်းကျောင်းကို ၁၉၆၄ တွင်တည်ထောင်ကာ ပိုမိုကောင်းမွန်သော ဘဝများသို့ ရောက်ရှိစေရန် ပံ့ပိုးပေးခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဆရာတော်ကျောင်းအပါအ၀င် ၎င်းရပ်ကွက်များမှ မိသားစုအားလုံး ရွှေပြည်သာမြို့နယ်သို့ အစိုးရအမိန့်ဖြင့် ပြောင်းရွှေ့ပေးခဲ့ရသည်။ ၁၉၆၄ မှ ၂၀၀၅ အထိ အနောက်အုတ်ကျင်းတွင် ဘုန်းတော်ကြီးသင် မူလတန်းကျောင်းနှင့် ၂၀၀၅ မှ ယနေ့ထက်တိုင် ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်းအဖြစ် ၁ နှစ်လျှင် ကျောင်းသားကျောင်းသူ ၂၀၀၀ ကျော်အား ပညာအမွေများ လက်ဆင့်ကမ်းပေးလျက်ရှိသည်။
၁၈။ ဦးအုန်း
သစ်တောပညာရှင်တစ်ဦးဖြစ်ပြီး သစ်တောဝန်ထောက်၊ သစ်တောညွှန်ကြားရေးမှူး၊ ရန်ကုန်တက္ကသိုလ် သစ်တောပညာ တွဲဖက်ပါမောက္ခ စသဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ သုတေသနစာစောင် ၁၅ စောင် ပြုစုခဲ့ပြီး သစ်တောပညာရပ်ဆိုင်ရာ စာအုပ်တစ်အုပ် ရေးသားခဲ့သည်။ ၁၉၈၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်အတွင်း ပုပ္ပားတောင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့်အတွက် ပုပ္ပားတောင်ဒေသ တောင်ကတုံး ဖြစ်မည့်အန္တရာယ်မှ ရှောင်လွဲနိုင်ခဲ့သည်။ ဒီရေရောက်တောများ ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ခဲ့သည့်အပြင် အင်းလေးကန်ဒေသ ထိန်းသိမ်းရေး၊ ဧရာဝတီ မြစ်ဆုံအရေးကိစ္စများတွင် ပညာရှင်တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။ သစ်တော သယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း FREDA (Forest Resource Environment Development and Conservation Association, FREDA) ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၂၀၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံက ချီးမြှင့်သော Minamata Environmental Award ဆုကို ရရှိခဲ့ပြီး ဆုငွေ ဂျပန်ယန်း ၁ သန်း လက်ခံရရှိခဲ့သည်။ ယင်းငွေဖြင့် ကိုယ်ပိုင်ရန်ပုံငွေ ထူထောင်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုတစ်ခု နှစ်စဉ်ရွေးချယ်သွားရန် ပြင်ဆင်လျက်ရှိသည်။
၁၉။ Metta Development Foundation
Metta Development Foundation ကို အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) အဖြစ် ၁၉၉၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ကချင်ပြည်နယ်ရှိ ဝေးလံခေါင်ဖျားသည့်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို စတင်လုပ်ကိုင်ခဲ့ပြီး လူမျိုး ဘာသာ မခွဲခြားဘဲ အခြားဒေသများတွင်ပါ တိုးချဲ့လုပ်ကိုင်သွားရန် ရည်ရွယ်သည်။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကိုယ်ထူကိုယ်ထ စုပေါင်းဆောင်ရွက်ကြသည့် အလေ့အထများ ထွန်းကားလာစေရန်နှင့် ထိုလုပ်ငန်းများကို အထောက်အကူဖြစ်စေမည့် ကျွမ်းကျင်သူများ မွေးထုတ်ရန်၊ ဒေသခံများဦးဆောင်သည့် လူမှုရေးနှင့် ဒေသန္တရစီးပွားရေး ဆိုင်ရာ အဖွဲ့အစည်းများ ပေါ်ထွန်းလာစေရန်တို့ကို ဦးစားပေးလုပ်ဆောင်လျက်ရှိသည်။
၂၀။ Swanyee Development Foundation
‘စွမ်းရည်’ ဖွံဖြိုးရေးဖောင်ဒေးရှင်းသည် ၂၀၀၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့သော NGO တစ်ခုဖြစ်ပြီး အဖွဲ့ဝင် ၉၁ ဦးခန့် ပါဝင်သည်။ အရေးပေါ်ကူညီထောက်ပံ့ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ကျရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေရှိရေးလုပ်ငန်းများကို ရည်မှန်းကာ နိုင်ငံတကာမှအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။ ဧရာဝတီတိုင်းရှိ ဘိုကလေး၊ လပွတ္တာနှင့် ရခိုင်ပြည်နယ် ဂွ၊ မင်းပြား၊ မြေပုံမြို့နယ်တို့တွင် ကျေးလက်ရေရရှိရေး၊ အိမ်သာများဆောက်လုပ်ခြင်း၊ တံတားများဆောက်လုပ်ပေးခြင်း၊ ဆန်နှင့် အစားအစာများ ထောက်ပံ့ပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ကျန်းမာရေးလုပ်ငန်းများတွင် ကူညီလုပ်ကိုင်ပေးခဲ့သည်။ ယခုအခါ အထက်ပါဒေသများအပြင် ကချင်ပြည်နယ် ကျေးလက်တောရွာအချို့ရှိ ဆင်းရဲနွမ်းပါးသော ကျောင်းသားမိသားစုများကိုပါ ကူညီထောက်ပံ့ပေးလျက်ရှိသည်။
မိုးမခ 
No comments: