Tuesday, April 24, 2012

၎/ ၂၄/ ၂၀၁၂ သတင်းများ ( ဒုတိယပိုင်း)

လွှတ်တော်ထဲမှာ ဆင်ခြင်တုံတရား ရှိသလား





တနင်္လာနေ့ အမျိုးသားလွှတ်တော်မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)

ညွှန်း - မိုးမခ - http://moemaka.com/



ဗိုလ်နှုတ်ခမ်းမွေးကို ဖမ်းဖို့ ထိုင်းမှာ ဆုငွေထုတ်


ဗိုလ်နှုတ်ခမ်းမွေး လို့ ထင်ရှားတဲ့ ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးမှုနဲ့ အလိုရှိတယ်လို့ ထိုင်းအာဏာပိုင်တို့က သောကြာနေ့မှာ ကြေညာလိုက်ပြီး ဖမ်းမိအောင် လမ်းညွှန်နိုင်ရင် ဘတ်တသန်း ဆုချမယ်လို့ ဆိုပါတယ်။

ဘတ်တသန်းဟာ ဒေါ်လာ ၃၂,ဝဝဝ ဝန်းကျင်နဲ့ ညီမျှတဲ့ ငွေပမာဏပါ။
ဗိုလ်နှုတ်ခမ်းမွေးဆီက ပြန်လည်တုံ့ပြန်မှု ထွက်ပေါ်မလာသေးပါဘူး။

ဗိုလ်နှုတ်ခမ်းမွေး အပြင်
နော်ခမ်း၊ ယင်ဆေး ဆိုသူတွေကိုလည်း မူးယစ်ဆေးမှုနဲ့ ထိုင်းက အလိုရှိနေပါတယ် တဲ့။

နော်ခမ်းက ရွှေတြိဂံဒေသမှာ လှုပ်ရှားသူပါ။ ယင်ဆေးက မြန်မာပြည် ဘယ်ဒေသကလဲ ဆိုတာ မသိရသေးပါ။





ဒီချုပ်အမတ်များ လွှတ်တော်ဝင်ရေး

မောင်ဝံသ/Facebook
မနေ့က အမျိုးသားလွှတ်တော် မြင်ကွင်း (ဓာတ်ပုံ-ဧရာဝတီ)

ဧပြီ ၂၆ ၂၀၁၂ ရက်စွဲနဲ့ ထုတ်ဝေတဲ့ ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၂ အမှတ် ၉၁က ဒီနေ့ စောထွက်သွားပါပြီ။ ခါသင်္ကြန်ပွဲတော်ရက်များမှာ ၂ ပတ်နားခဲ့တဲ့ ပြည်သူ့ခေတ်ကို ပရိသတ်များလက်သို့ မြန်နိုင်သမျှ မြန်မြန် ပို့ဆောင်ချင်ဇောနဲ့ စောစောထွက်လိုက်တော့ လွှတ်တော်အမတ်များ ကတိသစ္စာပြုခြင်းဆိုင်ရာ စာသား ပြင်ဆင်ရေးနဲ့ ဒီချုပ်အမတ်များ လွှတ်တော်ထဲ ၀င်မ၀င် သတင်းဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျွန်တော့်အမြင်ကို မပြောလိုက်ရသေးဘူးဗျာ။

ဒီရက်ထဲ ဟိုက ဒီကမေးတာတချို့ကိုတော့ ဖြေလိုက်ပါတယ်။ မနေ့က မြန်မာတိုင်းမ်ဂျာနယ်က မေးတော့ ဗြိတိသျှပါလီမန်မှာ ၂၀၀၉ခုနှစ်က မြောက်အိုင်ယာလန် ဆင်ဖိန်း အမတ် ၅ ယောက် ကျမ်းသစ္စာမဆိုနိုင်ဘူးဆိုပြီး ငြင်းပယ်ခဲ့တဲ့ ဖြစ်ရပ်အကြောင်း ပြန်ပြောပြလိုက်သေးတယ်။ သူတို့ကတော့ ဗြိတိသျှဘုရင်မကြီး၏ သစ္စာတော်ကို စောင့်သိရိုသေပါမည်လို့ သစ္စာဆိုရတာကိုး။ ဘယ်လိုက်နာနိုင်ပါ့မလဲ။အခြေအတင်တွေ ဖြစ်ခြဲ့ပီးမှ နောက်တော့ ဆင်ဖိန်းတွေနဲ့ သဘောတူညီချက်ရအောင် ညှိနှိုင်းခြင်းဖြင့် ပြေလည်ခဲ့ပါတယ်။ ဆင်ဖိန်းရဲ့ လက်နက်ကိုင်အုပ်စုဖြစ်တဲ့ အိုင်အာအေ (IRA) တွေနဲ့တောင် ငြိမ်းချမ်းရေးရအောင်လုပ်ခဲ့ပြီးမှ လွှတ်တော်ထဲ ဆင်ဖိန်းတွေ ၀င်ရေးကို စကားလုံးကြောင့် ပြသနာ အဖြစ်မခံတဲ့ ဗြိတိသျှများရဲ့ နိုင်ငံရေးရင့်ကျက်မှုကို သာဓကပြချက်တစ်ခုပါပဲ။

ကျွန်တော်တို့ဆီမှာက အဲသလို ပြသနာမဟုတ်ပါဘူးဗျာ။ နှစ်ဘက်စလုံးက တိုင်းပြည်အကျိုးကို ဦးထိပ်ထားပြီး ဖြေရှင်းလို့ရနိုင်တဲ့ ကိစ္စပါ။

(၁) ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်ဆိုတာကို လေးစားလိုက်နာပါမယ်ဆိုတဲ့စကားရပ်နဲ့

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ ပြင်ဆင်ပေးခဲ့ပြီးပါပြီ။ ဒီတော့ ဒီစကားရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ပေးမယ်ဆိုရင် ကန့်ကွက်မည့်သူ မရှိတန်ပါဘူး။ ဆိုလိုတာက ဒီစကားရပ် ပြင်ဆင်ပေးရေးကို အစိုးရက လက်ခံထားပြီးသားဖြစ်ပါတယ်။

(၂) သို့သော် အခြေခံဥပဒေမှာ ကတိသစ္စာပြု စာသားကို ပြင်လိုတယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ကပဲ သူတို့လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်။ ၂၀%က အဆိုပြု၊ ၇၅%ကထောက်ခံ၊ ပြင်ဆင်ချက်ကို အတည်ပြု။ (ဒီချုပ်မ၀င်လာခင် ပြင်ပေးပြီး ကြိုဆိုတဲ့နည်း။)

(၃) ဒီချုပ်တွေ မ၀င်လာခင် အဲသလို ပြင်ဆင်ပေးပြီး ကြိုဆိုလိုက်ရင် အတိုင်းထက်အလွန်ပေါ့ဗျာ။ အမျိုးသား ညီညွတ်ရေး စွမ်းဆောင်ချက်တစ်ရပ်လို့တောင် ပြည်ခိုင်ဖြိုးတွေကို အမှတ်ပေးစရာ ဖြစ်လာမှာပါ။ နောင်အခါမှာလဲ တူတာတွေကို တွဲလုပ်ဖို့ရာ နမူနာကောင်းတစ်ခု ဖြစ်လာမှာပါ။

(၄) အဲသလို မလုပ်ချင်ဘူးဆိုရင်လည်း နိုင်ငံတော်သမ္မတကဖြစ်စေ၊ လွှတ်တော်ဥက္ကဌများကဖြစ်စေ၊ ဒီချုပ်အမတ်များကို ၀င်သာဝင်လာခဲ့ပါ။ အထဲရောက်တဲ့အခါ လေးစားလိုက်နာပါမည်ဆိုတဲ့ စာသားအဖြစ် လွှတ်တော်လုပ်ထုံး လုပ်နည်းများနဲ့အညီ ပြင်ဆင်ပေးပါမယ်လို့ အာမခံချက်ပေးပြီး ကမ်းလှမ်းလိုက်ရင်ကော၊ ဘယ်လိုနေမလဲ၊ ကျွန်တော်ကတော့ အဲသလို ကတိပေးရင် ဒီချုပ်တွေလည်း မျက်နှာမပျက်ဘဲ ၀င်လာနိုင်မယ်လို့ ယူဆပါတယ်။ (ပြင်ဆင်ရေးကတိပေးပြီး ၀င်လာစေတဲ့နည်း။)

(၄) ယနေ့တိုင်းပြည်မှာ အစိုးရ၊ လွှတ်တော်၊ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ်တို့ နောက်ကြောင်းပြန်မလှည့်ကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ နှစ် ၂၀ ကျော် ကြုံခဲ့ကြပြီပဲ။ နောက်ဆုံးတော့ တိုင်းပြည်ပဲ နာရတာပါ။ ပြီးခဲ့တဲ့ အပတ်က Messenger ဂျာနယ်မှာ ``အစိုးရပါတီနဲ့ အင်အယ်လ်ဒီ ဘယ်လို ဆက်ဆံရေးမျိုးနဲ့ သွားကြမှာလဲ´´ခေါင်းစဉ်နဲ့ ကျွန်တော် ဆောင်းပါးရေးခဲ့ပါတယ်။ ကျွဲနှစ်ကောင်ခတ်ရင် ကြားက မြေဇာပင် ပြည်သူတွေပဲ နစ်နာရမယ်ဆိုတဲ့ အမြင်ကနေ ရေးခဲ့တာပါ။ အခု စာသားပြင်ရေး ပြသနာ မပေါ်ခင် စောစောကတည်းက ၁၃၊ ၄၊ ၂၀၁၂ရက်စွဲနဲ့ အဲဒီရှုထောင့်က စိုးရိမ်ပြီး ရေးခဲ့တာပါ။




နေပြည်တော်မှာ ပစ္စည်းပျောက်တဲ့ အိန္ဒိယ စစ်သံမှူး



အိမ့်သံစဉ် ရေးသားသည်)


( Col. Ragesh Kumar ဟာ အစွန်ဆုံးက ပုဂ္ဂိုလ် ၃ ဦးထဲက တဦး ဖြစ်ဖွယ်ရှိပါတယ်။
ဒီပုံက ၂၀၁၁ သြဂုတ်လကုန်ပိုင်း ခရီးစဉ်မှာ ရိုက်ထားတဲ့ပုံပါ။ )

နေပြည်တော် ရွှေနန်းတော် ဟိုတယ်မှာ တည်းခိုနေတဲ့ အိန္ဒိယ စစ်သံမှူး Col. Ragesh Kumar ရဲ့ ပတ်စပို့၊ ဒေါ်လာအများအပြား နဲ့ ပစ္စည်းတချို့ အခိုးခံလိုက်ရပါတယ်ဆိုတဲ့ သတင်းက နေပြည်တော်မှာ ပွက်လောညံနေပါသတဲ့။

အဲဒီ ရွှေနန်းတော်ဟိုတယ် ဆိုတာ စစ်ထောက်လှမ်းရေး တဖြစ်လဲ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် စိုးရှိန် ပိုင်ဆိုင်တာပါတဲ့။

ဗိုလ်မှူးချုပ်စိုးရှိန်ဆိုတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လက်ရင်းတပည့်တဦးပါ။

ဧပြီလ ၉ ရက်နေ့ က ခိုးယူခံရတယ်လို့ စည်းလုံးခြင်းရဲ့အင်အား အင်တာနက်စာမျက်နှာမှာ ဖော်ပြခဲ့ပါသေးတယ်။

နေပြည်တော်က အမည်မဖော်လိုသူ ရဲမှူးတဦးက ဒီသတင်းဟာ ဟုတ်မှန်ကြောင်း ပြောကြားပြီး လက်သည် တရားခံကို ဖော်နိုင်ဖို့ အပူတပြင်း ကြိုးစားနေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ပျောက်ဆုံးသွားခဲ့ရတဲ့ စစ်သံမှူးရဲ့ ပတ်စပို့်အပါအ၀င် ပစ္စည်းစာရင်းနဲ့ ဖြစ်စဉ် အသေးစိပ်ကို တိတိကျကျ ဖြေကြားမှု မရှိခဲ့ပါဘူး။

မန္တလေးက အိန္ဒိယ ကောင်စစ်ဝန်ရုံးကရော၊ ရန်ကုန်မှာ ရှိတဲ့ အိန္ဒိယ သံရုံးတို့ကပါ ရေငုံနုတ်ပိတ်နေတာ ထူးဆန်းနေတယ်။

အခုလို နိုင်ငံခြားသား သံတမန်တဦးရဲ့ ပစ္စည်းပျောက်မှုဟာ နေပြည်တော်မှာ ပထမဆုံးလည်းဖြစ်တယ်လို့ သိရပါတယ်။





NLD ရပ်တည်ချက်ကို ကန့်ကွက်ခြင်း


မနေ့က တွေ့ရတဲ့ တပ်မတော်သားအမတ်များ (ဓာတ်ပုံ-ဧရာဝတီ)

NLD ကိုယ်စားလှယ်များ လွှတ်တော်မတက်နိုင်သေးတဲ့ သတင်းတွေ ရေးသားချက်တွေအပေါ် စာဖတ်သူများက တုံ့ပြန်ဝေဖန်နေကြပါတယ်။

စာဖတ်သူအသံများထဲက တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။



NLD အလှုမှာတောင် မတရားစားနေရင် အလှုရှင်စေတနာ ပျက်တတ်တယ်။ ဂျိုင့်ကြီးကြီးနဲ့ပါဆွဲပြန်ခြင်သေးရင်တော့ မှားတော့မပေါ့၊
ပြည်သူအတွက်စဉ်းစားပါ NLD
အခွင့်အရေး ဆိုတာ ရတုန်း ယူထားရတယ်။
လွတ်တော်ထဲခေါင်းမော့ရင်ကော့ဝင်ရမဲ့ဘ၀ကနေ၊ ရှေ့မျက်နှာနောက်ထား၊မျက်နှာငယ်နဲ့မ၀င်စေခြင်ပါ။


...............................................................................


ပြည်သူ့ကိုယ်စားပြောပေးဖို့ အားကိုးတကြီးနဲ့လွှတ်တော်ထဲကိုလွှတ်လိုက်တာပါဗျာ။ ရွေးကောက်ပွဲနိုင်ချင်တာတစ်ခုတည်းနဲ့ ပြည်သူ့ယုံကြည်မှုကိုမယူသင့်ပါဘူး။ ၀မ်းနည်းတယ်ဗျာ။
ဘယ်သူ့ကိုအားကိုးရမှန်းတောင်မသိတော့ဘူး


...............................................................................


NLD တာထွက် မကောင်းပါဘူး။ ဘာမဟုတ်တဲ့ စာသားကို အကြောင်းပြပြီးနိုင်ငံရေး အကြပ်အတည်း ဖန်တီးသလိုပါဘဲ။ ကျနော်မြင်တာက NLD ကွဲနေပြီလို့ပါဘဲ.. နာကြည်းမှု့ကို ရင်ထဲမှာဖွက်ထားတဲ့ သက်ကြားအိုတွေရယ်.. အမေစုနဲ့တက်ကြွတဲ့ နိုင်ငံရေး အမြော်အမြင်ရှိသူတွေရယ်ပေါ့… အမှန်ပြောရရင်တော်တော်ကိုစိတ်ကုန်သွားပါပြီ.. ပေးခဲ့တဲ့မဲကို ဒီလိုလုပ်မယ်သာသိရင် စုတ်ဖြဲပြစ်ခဲ့ပါတယ်… ကနေ့ထိ မြန်မာ့နိုင်ငံရေး နားမလည်သေးသူတွေ ကဘယ်လိုများ တိုင်းပြည်ကို အုပ်ချုပ်ကြမလဲ.. စဉ်းစားလေ စိတ်ကုန်လေပါဘဲဗျာ.. မျှော်လင့်ချက်တွေတော်တော်မဲ့သွားပါပြီ..


...............................................................................မပြင်ခင် တစ်ဝက် လွှတ်တော်ထဲ အရင်ဝင်လိုက်……
ပြင်ပြီးရင် နောက်တစ်ဝက် ထပ်ဝင်သွား…….
အချိန်က အရေးကြီးတယ်…….
လွှတ်တော်ထဲရောက်မှ ကြံ့ဖွံ့ကို ထိန်းလို့ရမှာ သူတို့ကို အချိန်ပေးသလို ဖြစ်နေတယ်…….
NLD အချိန်နဲ့ လုပ်ပိုင်ခွင့်ကို သူများ သွားပေးသလို ဖြစ်နေတယ်….မြန်မြန်စဉ်းစားပါ


...............................................................................


မတူတာတွေ ခဏဘေးဖယ်ထား တူတာတွေကို အရင်ပူးပေါင်းပြီး လက်တွဲလုပ်ဆောင်သွားမယ်ဆိုတာ အခုအချိန်မှာ မေ့သွားကြပြီလားဗျာ…ပြည်သူတွေ မဲပေးထားတာ လွှတ်တော်ထဲ ပို့ပေးတာပါ..
လွှတ်တော်အ၀ကနေ အရေးမပါတာတွေ ငြင်းခုန်နေဖို့ မဟုတ်ပါဘူး..ပြည်သူတွေစိတ်ပျက်သွားရင်အရင်လိုပြန်ဖြစ်သွားနိုင်တယ်..
အရင်လိုဆိုတာ ဘယ်လိုလဲ သိကြမှာပါ။


...............................................................................


သူတို့က သူတို့လုပ်တာမှ အဟုတ်ထင်နေတာ ထင်တယ်ဗျာ့
ပြည်သူလူထုကို ခုတုံးလုပ်ပြီး နိုင်ငံတော်ကြီး ကို ဂဏန်းလိုပဲ ကန့်လန့်သွားနေတာ
စဉ်းစားကြည့်လေ
တိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ ဥပဒေကို မကာကွယ်မစောင့်ရှောက်ဘူးဆိုရင် လွှတ်တော်ထဲ ၀င်မနေတော့နဲ့
ဥပဒေ မလိုက်နာတဲ့သူတွေလိုပဲ ခိုးဆိုးတိုက်စား တော့ပေါ့ဗျာ




...............................................................................


ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့စကားက ဥပဒေတွေကို မပြင်ဖို့၊ မပြုဖို့ အဓိပ္ပါယ်မသက်ရောက်ပါဘူး။
အကောင်းဘက်ကမြင်ပြီးတော့ လွှတ်တော်တက်ပြီးတော့ ပြင်စရာရှိတာပြင်ပြီးတဲ့နောက်လည်း ကာကွယ်စောင့်ရှောက်ရမှာပါပဲ။
လေးစားလိုက်နာပါမည် ဆိုတာကမှ ဖွဲ့စည်းပုံကို လေးစားပြီး ဖွဲ့စည်းပုံအတိုင်း လိုက်နာလုပ်ဆောင်ပါမည် ဆိုတဲ့အဓိပ္ပါယ်ကို သက်ရောက်သေးတယ်။


တကယ်တမ်း လိုရာဆွဲပြီးလည်း စကားနှစ်ခွန်းစလုံးက ပြောလို့ရပါတယ်။
အဓိကကတော့ မိမိခံယူချက်နဲ့အတ္တကို ရှေ့တန်းတင်ပြီး ပြည်သူ့အတွက်လုပ်မှာလား? ပြည်သူအတွက် ကျရာအခန်းကဏ္ဍကနေ ဝင်တိုးမှာလား?



NLD ရပ်တည်ချက်ကို ထောက်ခံခြင်း


မနေ့က တွေ့ရတဲ့ တပ်မတော်သားအမတ်များ (ဓာတ်ပုံ-ဧရာဝတီ)

NLD ကိုယ်စားလှယ်များ လွှတ်တော်မတက်နိုင်သေးတဲ့ သတင်းတွေ ရေးသားချက်တွေအပေါ် စာဖတ်သူများက တုံ့ပြန်ဝေဖန်နေကြပါတယ်။


စာဖတ်သူအသံများထဲက တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည် စကားနှင့် လေးစားလိုက်နာပါမည် ဆိုတဲ့စကားနှစ်ကြောင်းက လုံးလုံး မတူဘူးလို့ ဆယ်တန်း မအောင်တဲ့ ကျွန်တော် သိတယ်
ဦးဌေးဦး ကျွန်တော့်ကို လင်းပေးပါဦး

...............................................................................

NLD မှန်ပါတယ်။ မြန်မာနိုင်ငံကို အဆင်းရဲဆုံး နိုင်ငံ ဖြစ်အောင် လုပ်တဲ့ လူတွေ အများဆုံးပါတဲ့ အုပ်စုက လက်ရှိ အုပ်ချုပ်နေတာပါ။ ပြင်ချင်တဲ့ စိတ်ရှိရင် ပြင်ခွင့် အာဏာ ရှိတဲ့လူက ချက်ချင်းပြင်သင့်တယ်လေ။ ဥပဒေမှာ စကား တခွန်းက အရမ်းအရေးကြီးပါတယ်။ လွှတ်တော်တက်တိုင်း ဆိုရမယ့် သစ္စာ စကားကိုက ကာကွယ်စောက်ရှောက်ပါမယ်ဆိုတာတော့ မဟုတ်သေးဘူး။ သစ္စာက အရေးကြီးပါတယ် လေစားမယ်ဆိုတာကို လက်ခံသင့်ပါတယ်။ သစ္စာကို တန်ဖိုး မထားတဲ့သူတွေကို တော့ မသိဘူးပေါ့ဗျာ။

...............................................................................
ချဉ်ချဉ် တူးတူး မူးပြီးရော ဆိုတဲ. အဖွဲ.မှာ NLD မပါတာ လေးစားပါတယ်။
လွှတ်တော်ထဲရောက်ဖို.သက်သက်ပဲ ဆိုရင် လေ.လာရေး သွားရင်တောင် ရတယ်၊
ထိုင်ပြီး ဟိုကြည်.ဒီကြည်. လုပ်ပြီး ပြန်လာယုံပဲ၊ လွှတ်တော်ကိုယ်စားလှယ် ဖြစ်စရာ မလိုပါဘူး၊
အစကောင်းမှ အနှောင်း သေချာမှာ ။ အခုရှုပ်မှ နောင်ရှင်းမှာလေ။
...............................................................................
NLDက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်လို့ လွတ်တော်ထဲဝင်တာ။ ဒါကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတော့ ဖြစ်မလား ။...............................................................................
NLD ရဲ.စာသားပြင်ဆင်ထားတာက ပိုပြီးထိရောက်မှုရှိသလိုဥပဒေနှင်.မြန်မာစကားကို ထိန်းသိမ်းရာလည်ရောက်တဲ.အတွက် မှန်တယ်လို. ထောက်ခံပါတယ်။
တကယ်ပြောရရင် ပစွှည်းဥစွှာနှင်.ပြည်သူလူထုကိုပဲ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်လေ။
ဥပဒေဆိုတာလေးစားလိုက်နာရမယ်။။ ထိန်းသိမ်းကာကွယ်ဖို.မှမဟုတ်တာ။။။။။။
...............................................................................
လိုက်နာစောင့်ရှောက်ပါမည် ဆိုတာနဲ့ မပြင်ရဖူးလို့ ဆိုလိုတာ မဟုတ်လို့ သိပ်တော့လဲ မထူးခြားပါဖူး။ ထူးခြားနေတာက မီဒီယာ ငထူးတွေက ထူးအောင် တမင် လျှောက်လုပ်နေတာ။

NLD က လက်ခံပြီး ကျမ်းကျိန်မယ်ဆိုရင် မီဒီယာတွေက လုပ်တော့မယ် NLD က ၂၀၁၀ ဥပဒေကို လက်ခံအတည်ပြုလိုက်ပြီလားတို့ ဘာတိုနဲ့ အတို့ အထောင် လုပ်ဦးမယ်။



“ရွှေထွက်တဲ့လူတွေလို့ ထင်နေကြတယ်”


ယနေ့မွန်းလွဲပိုင်းက မြ၀တီမှတဆင့် မဲဆောက်ဘက်သို့ ရောက်ရှိလာသည့် မြန်မာပြည်သား အလုပ်သမားများ။ ဓာတ်ပုံ - ဧရာဝတီ။

မြန်မာနှစ်သစ်ကူးပွဲအပြီး ထိုင်းဘက်ကို ပြန်ထွက်ကြမဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို မြန်မာမော်တော်ယာဉ်လိုင်းတွေက ယာဉ်စီးခ နှစ်ဆနီးပါး တောင်းခံနေတဲ့အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရ တယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။

လှိုင်းဘွဲမြို့သူနန်းစေအွာက ”သင်္ကြန်ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေ သင်္ကြန် မတိုင်ခင်တလနဲ့ အလွန် တလတွေမှာ မလွဲမသွေ ကြုံရတဲ့ အခက်အခဲတွေလေ သင်္ကြန်မတိုင်ခင်ပြန်ရင် အခါတွင်း ဆိုပြီး မြ၀တီကနေ ဘားအံကို ပုံမှန် ကျပ် ၅၀၀၀ ကို ကျပ် ၁၀၀၀၀ ပေးရတယ်။ အပြန် ခရီးလည်း ဒီလိုဘဲ ဘန်ကောက်ပြန်တွေကို သူတို့က ရွှေထွက်တဲ့လူတွေလို့ ထင်နေကြတယ်။ ဒီမှာက ကိုယ့်ဒုက္ခကိုယ်ဘဲသိတယ်” လို့ ဆိုပါတယ်။

ဒီလိုကာလမျိုးမှာ မြ၀တီဘားအံကားလိုင်းအပြင်ကို မြ၀တီ-မော်လမြိုင်၊ ရန်ကုန်ကို ပြေးတဲ့ လိုင်းတွေလည်း ခါတော်မီပြီး ယာဉ်စီးခတွေ နှစ်ဆနီးပါး ပေးရတယ် လို့လည်း ခရီးသွားတွေ ပြောနေကြပါတယ် မော်လမြိုင်သား ကိုကုလားရဲ့အဆိုအရ မြ၀တီ-မော်လမြိုင် ပုံမှန်ကျပ် ၁၀,၀၀၀ ကို ဒီကာလတွေမှာကျပ် ၁၅,၀၀၀ ပေးစီးနေရတယ် လို့ပြောပါတယ်။

ကားခအပြင်ကို အထုပ်အပိုးတွေအတွက်လည်း အဆမတန် တောင်းပြီး မြင်းကျားအိပ်ကြီး တလုံး အတွက် မြ၀တီဘားအံ လမ်းကြောကို ကျပ် ၁,၅၀၀ တောင်းတယ် လို့လည်း အလုပ်သမားတွေက ပြောကြပါတယ်။

မြန်မာနှစ်သစ်ကူးမတိုင်ခင်နဲ့အလွန်ကာလမှာ ထိုင်းနိုင်ငံကနေ နေရပ် အလည်ပြန်ကြတဲ့ ရွှေ့ပြောင်းမြန်မာအ လုပ်သမားအရေအတွက်က နေ့စဉ် ၁,၀၀၀ အထက်မှာ ရှိပါတယ်၊ မြ၀တီက မော်တော်ယာဉ်လိုင်းတွေ ထင်တိုင်း ကျဲနေတာတွေကို သက်ဆိုင်ရာ မော်တော်ယာဉ်လိုင်းတွေနဲ့ တာဝန်ရှိသူတွေက တစုံတရာ အရေးယူတာမျိုး မရှိပါဘူး တဲ့။

ကားသမားတွေပြောတာကတော့ သကြန်ကာလမှာ စက်သုံးဆီဈေးကြီးတယ် ဆိုပြီး အကြောင်းပြတယ်လို့ မြ၀တီမြို့ခံတဦးက ရှင်းပြပါတယ်



ထိုင်းစစ်သား ၅၀၀ SSA ဘက်မှ ကူညီ တိုက်ခိုက်ခဲ့

.

အိမ့်သံစဉ် ရေးသားသည်)

ထိုင်းသတင်းထောက် “၀ါစနာ နာနွမ်”

ဒီမိုကရေစီ ရှိတဲ့နိုင်ငံမှာ မီဒီယာနဲ့ သတင်းထောက်တွေဟာ နိုင်ငံအတွင်းမှာရှိတဲ့ ဖြစ်ပျက်မှုတွေကို စုံစမ်းထောက်လှမ်းပြီး သတင်း အတိအကျ မှန်ကန်စွာနဲ့ ဖော်ပြနေကြပါတယ်။

ယ္ခုအခါမှာတော့ ထိုင်းစစ်တပ်ရဲ့ အတွင်းသတင်း မှန်သမျှနှင့် လူအခွင့်အရေး ချိုးဖောက်မှု့တွေက အစ တော်တော်များများ ကို ဖော်ထုတ်ရေးသား တင်ပြလာသူကတော့ စစ်ဖက်ဆိုင်ရာ ထိုင်းသတင်းထောက် “၀ါစနာ နာနွမ်” ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ထိုင်းစစ်တပ် ယာယီ အာဏာသိမ်းမှုနှင့် ပတ်သက်၍ သတင်းလျှို့ဝှက်ချက်တွေကို ဖော်ထုတ် ရေးသားထားတဲ့ (လျှို့ဝှက်-ဖုံးကွယ်-ဖျောက်ဖျက်) အမည်ရှိ စာအုပ်(အပိုင်း-၁) သူက ရေးထုတ်ဝေလိုက်ပါပြီ။

အဲဒီစာအုပ်ထဲမှာ ၂၀၀၂ ခုနှစ်တုန်းက မြန်မာအစိုးရတပ်နှင့်ဝ စစ်တပ် (UWSA) ပူးပေါင်း ထိုးစစ်ဆင်မှုတွေမှာ ထိုင်းစစ်တပ်က (SSA) ဖက်မှနေ၍ ကူညီပြီး ပစ်ကူပေးခြင်း၊
ထိုင်းစစ်သား(၅၀၀)ကိုလဲ ရုပ်ဖျက်စေပြီး SSA ယူနီဖောင်း ကို ၀တ်စေ၍ မြန်မာအစိုးရတပ်နှင့် ၀ စစ်တပ်တို့အား ၀င်ရောက် တိုက်ခိုက်ခြင်း တို့ကိုပါ ရေးသားထားတာကို တွေ့ရှိရတယ်။

ဤရေးသားချက်တွေကို ကြည့်ခြင်းအားဖြင့် သတင်းတင်ပြမှုမှာ လွတ်လပ်မှုရှိနေတယ် ဆိုတာကို ဖော်ပြနေပါ တယ်။

အကယ်၍ မြန်မာပြည်မှာ သတင်းနှင့် မီဒီယာလွတ်လပ်ခွင့်အပြည်အ၀အမှန်တကယ် ရရှိမည်ဆိုရင် အတိုင်းထက် အလွန်ပါပဲ။

ထိုနည်းတူစွာ ဖော်ပြနိုင်ပါက တိကျမှန်ကန်စွာ ရေးသား တင်ပြနိုင်မဲ့ သတင်းထောက်တွေ ရှိလာ နိုင်မည်မှာ မလွဲ သေချာ ပါတယ်။ 



ဘယ်သူက ဘယ်သူ့ကို ကော်ပီကူးတာလဲ

အုပ်စုလိုက်ရိုက်တဲ့ ဓာတ်ပုံလေးတွေက ချစ်စရာကောင်းပါတယ်။
သူငယ်ချင်းတွေ မိတ်ဆွေတွေ ရင်းနှီး ပေါင်းစည်းမှုကို ပြသတဲ့ သဘောပေါ့။

အပေါ်ပုံက Facebook မှာ ဒီရက်ပိုင်းအတွင်း တွေ့နေရတဲ့ ပုံပါ။
အောက်ပုံကတော့ ချစ်စရာကောင်း၊ ရယ်စရာလည်း ကောင်းတဲ့ အာဆီယံစတိုင်၊ အာဆီယံသင်္ကေတ ဖြစ်ပါတယ်။







‘တွေ့တဲ့သူအကုန်ရိုက် အဓိပတိယာဉ်လိုင်းကို ဒီလိုလုပ်လို့ မရဘူး’



ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အဓိပတိ (အဖြူ)ယာဉ်လိုင်းမှ ရပ်ကွက်နေ
ပြည်သူများအား အုပ်စုလိုက် ရမ်းကားသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတထံ တိုင်ကြား

သတင်းနဲ့ဓာတ်ပုံ - Eleven Media Group

အတိုက်ခံရသော အဓိပတိ(အဖြူ)ယာဉ်အား တွေ့ရစဉ်


ဧပြီ ၄ ရက်နေ့ကဖြစ်ပွား ခဲ့သော ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အဓိပတိ(အဖြူ )ယာဉ်လိုင်းမှ ရပ်ကွက်နေပြည်သူများအား အုပ်စုလိုက် ရမ်းကားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ ပါတီသစ် မှ နိုင်ငံတော်သမ္မတထံ တိုင်ကြားထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၄ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်တွင် စက်ပျက်၍ရပ်ထားသော ပါရမီအဓိပတိ (အဖြူ) ယာဉ်လိုင်းမှ ကားတစ်စီးကို ဘေး ဂျင်း-ဂျစ်ကားတစ်စီးမှ ၀င်တိုက်မိရာ ဂျစ်ကားမောင်းသူမှာ ဒဏ်ရာရရှိသွားသဖြင့် ရပ်ကွက်နေပြည်သူများ မှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ည ၁၁ နာရီခွဲအချိန်တွင် အဓိပတိ ယာဉ်လိုင်းမှ ဗိုလ်ကြီးအောင်သူ (ငြိမ်း)ဆိုသူ ရောက်ရှိလာပြီး ပြည်သူများနှင့် အနည်းငယ်အချင်းများပြီး ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားပြီးမိနစ် ၂၀ ခန့်အကြာ တွင် အဓိပတိယာဉ်လိုင်းမှ ကားနှစ်စီး ဖြင့်လူ ၃၀ ကျော်ခန့် ပြန်လည်ရောက်ရှိလာပြီး ရပ်ကွက်အတွင်း၌ အုပ်စုလိုက်ရမ်းကားမှုများ ပြုလုပ်ခဲ့သဖြင့် လူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဈေးဆိုင်ခန်းများ ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းညွန့်နှင့် ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

“ကျွန်တော်တို့က ယာဉ်တိုက်မှု ဖြစ်လို့ဒဏ်ရာရတဲ့ သူကိုကူညီ ပေးတာပါ။ ဒါကို ‘မဆိုင်သူတွေ အနားမကပ်နဲ့ မင်းတို့ဘာကောင်တွေလဲ’လို့ ပြောတယ်။ ကျွန်တော် သေချာရှင်းပြတော့ သူမှားသွားကြောင်း တောင်းပန်ပြီး ပြန်ထွက်သွားတယ်။ ပြီးတော့ သိပ်မကြာလိုက်ဘူး အဓိပတိ(အဖြူ) ကားနှစ်စီးရောက် လာပြီး ‘တွေ့တဲ့သူအကုန်ရိုက် အဓိပတိယာဉ်လိုင်းကို ဒီလိုလုပ်လို့ မရဘူး’ ဆိုပြီး အော်ပြီးလိုက်ရိုက်တာ အဲဒီမှာ ကောင်လေးတစ်ယောက် အရိုက်ခံလိုက်ရတယ်”ဟု ယင်းဖြစ်စဉ်အား တရားလိုပြု တိုင်ကြားသူ ရပ်ကွက်နေ ပြည်သူတစ်ဦးဖြစ်သူ ဦးစိန်သန်းက ပြောပါသည်။

လေးထောင့်ကန် ရပ်ကွက်နှင့် ဆ/ခရပ်ကွက်မှ ပြည်သူတစ်ရာကျော်ခန့်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ထံသို့ တိုင်ကြားသဖြင့် ဦးသိန်းညွန့်မှ နိုင်ငံတော် သမ္မတနှင့် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ထံသို့ အရေးယူပေးပါရန် တင်ပြထားကြောင်း သိရသည်။

ဆ/ခရပ်ကွက် ရွှေကိန္ဒရီ အိမ်ရာတွင် နေထိုင်သူတစ်ဦး ကလည်း “ကားတိုက်လို့ ထွက်ကြည့်တာ တာဝန်ခံဆိုတဲ့သူ ရောက်လာပြီး အနီးမှာရှိတဲ့သူတွေနဲ့ စကား အခြေအတင် ပြောနေတာ တွေ့တယ်။ ပြီးတော့ အဲဒီလူ ထွက်သွားပြီး သိပ်မကြာဘူး အဓိပတိ(အဖြူ)ကားနှစ်စီး လူ ၄၀၊၅၀လောက် ရှိမယ်လို့ ထင်တယ် ရောက်လာပြီး လိုက်ရိုက်တော့တာပဲ။ ကျွန်တော်တို့ ကြည့်တဲ့ဘက်က ယာဉ်တိုက်မှုဖြစ်တဲ့ဘက် မဟုတ်တော့ သူတို့က ပထမ ကျွန်တော်တို့ကိုမတွေ့ဘူး။ နောက်ပြီးမှ တွေ့တော့ အိမ်ရာထဲထိ လိုက်ရိုက်တာ။” ဟု ပြောပါသည်။

“ယာဉ်တိုက်မှုဖြစ်တာကို ကြည့်ပြီးတော့ ကျွန်တော်က စံပြဈေးဘက်မှာ ထမင်းကြော်သွားစားတာ။ အဲဒီအချိန်မှာပဲ စံပြဈေးဘက်ကနေ အဓိပတိနှစ်စီးက လူတွေ အများကြီးတင်လာပြီး ယာဉ်တိုက်မှုဖြစ်တဲ့ ဘက်ကိုသွားတာတွေ့လို့ ပြန်သွားကြည့်တော့ အဲဒီမှာသူတို့က လိုက်ရိုက်နေပြီ။ ကျွန်တော်က သူတို့ရဲ့ အလယ်ကိုရောက်သွားတော့ ကျွန်တော်ကိုလည်းတွေ့ရော လိုက်ရိုက်ကြတယ်။ ကျွန်တော်လည်း ရှောင်ရင်း လက်နဲ့ကာလိုက်တာ အဲဒီမှာ လက်ထိသွားတာ။ ပြီးတော့ ကျွန်တော်လမ်းထဲကို ၀င်ပြေးတော့မှ လွတ်သွားတာ”ဟု ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိသူ ကိုမော်ခန်း(ခ)စိုးမင်းထွန်း ကပြောပါသည်။

ယင်းဖြစ်စဉ်ကို တရားလိုပြု တိုင်တန်းမှုအား သင်္ဃန်းကျွန်းရဲစခန်း က(ပ)၂၂၀/၁၂၊ ပုဒ်မ-၂၉၄/၃၂၃/ ၅၀၆/၁၁၄ ဖြင့် အမှုဖွင့် အရေးယူလျက်ရှိကြောင်း သိရသည်။

ညွှန်း - http://news-eleven.com/index.php?option=com_content&view=article&id=13226:2012-04-22-09-28-07&catid=43:2009-11-10-07-39-09&Itemid=111


မူးယစ်ရာဇာ ၂၀ ကျော် ထိုင်းတွင် ဆုငွေထုတ်၊ မြန်မာ ၃ ဦးကို ကြေးအများဆုံး ပေးမည်
မိုးမခအထောက်တော် အမှတ် ဝဝ၇
ဧပြီ ၂၄၊ ၂ဝ၁၂


စိုင်းနော်ခမ်း၊ ဦးယိဆေး၊ ဦးနှုတ်ခမ်းမွေး တို့၏ ပုံ နှင့် အချက်အလက်များ ပါဝင်သော ဤပိုစတာအား မြန်မာဘာသာဖြင့်လည်း ပုံနှိပ်ဖြန့်ဝေမည်ဟု သိရှိရပါသည်။


မူးယစ်ဆေးကုန်ကူးမှုတွင် ထိပ်တန်းမှ ပါဝင်သည်ဟုဆိုသူ လူ ၂၀ ကျော်၏ အမည်ကို ထိုင်းအစိုးရက ထုတ်ပြန်လိုက်ရာ ထိုအထဲတွင် မြန်မာပြည်ဘက်မှ ၃ ဦး ပါဝင်နေသည်ကို တွေ့ရပြီး ထို ၃ ဦးမှာ ဆုငွေ အများဆုံး အထုတ်ခံထားရသူများ ဖြစ်နေလေသည်။

ထိုင်းအစိုးရက ထိုစာရင်းကို ပြီးခဲ့သည့် သောကြာတွင် ထုတ်ပြန်ခြင်း ဖြစ်၏။

ထိုသုံးဦးမှာ စိုင်းနော်ခမ်း၊ ဦးယိဆေး၊ ဦးနှုတ်ခမ်းမွေး တို့ ဖြစ်သည်။

ထို ၃ ဦးအကြောင်းကို ထိုင်းမြန်မာနယ်စပ် မူးယစ်ဆေးဝါးဆိုင်ရာ သတင်းများကို ဦးစားပေးဖော်ပြလေ့ရှိသော သျှမ်းသံတော်ဆင့် အင်တာနက်စာမျက်နှာတွင် အောက်ဖော်ပြပါအတိုင်း တွေ့ရှိရ၏။

စိုင်းနော်ခမ်း - အသက် ၄၂ နှစ်၊ ရွှေတြိဂံဒေသ လက်နက်ကိုင်အဖွဲ့တခု၏ ခေါင်းဆောင်၊
ဆုငွေ နှစ်သန်း (ဒေါ်လာ ခြောက်သောင်းခွဲ)

ဦးယိဆေး - အသက် ၆၆ ၀န်းကျင်၊ ရှမ်းပြည်နယ်ရှိ ပြည်သူ့စစ်အဖွဲ့တခု၏ ခေါင်းဆောင်၊
ဆုငွေ တစ်သန်း (ဒေါ်လာ သုံးသောင်းကျော်)

ဗိုလ်နှုတ်ခမ်းမွေး - DKBA တပ်ဖွဲ့ စစ်ဦးစီးချုပ်၊ ယခင်က နယ်စပ်တွင်မိသော ဆေးဝါးများ သူ့ထံမှလာဟု ထိုင်းအစိုးရပြော၊
ဆုငွေ တစ်သန်း (ဒေါ်လာ သုံးသောင်းကျော်)

ဤ ၃ ဦးအပါအ၀င် အလိုအရှိဆုံး လူ ၂၅ ဦးအတွက် ထိုင်းအစိုးရက ဆုချမည့် ငွေပမာဏမှာ ဘတ် ၁၂ သန်း (ဒေါ်လာ ၄ သိန်း) ဖြစ်၏။

ဤ ၂၅ ဦးသည် ထိုင်းအစိုးရ မူးယစ်တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့စာရင်းတွင် ရှိသော မူးယစ်ကုန်ကူးသူ ခြောက်သောင်းကျော်ထဲမှ ထိပ်တန်းတွင် ပါဝင်သည်ဟု သိရသည်။

ဖမ်းဆီးနိုင်ရေး သတင်းပေးရုံမျှဖြင့် ထိုဆုငွေ ပေးမည်ဟု ဆိုသည်။

ဆုငွေအား သတင်းပေးသူက ၆၀% ရမည် ဖြစ်ပြီး ဖမ်းဆီးသည့် အရာရှိ/၀န်ထမ်းက ၄၀% ရမည်ဟု MCOT သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။





ဥပဒေကို လိုက်နာပါ၏ လော
ဦးမျိုး (ဥပဒေ)၊ ဧပြီ ၂၅၊ ၂၀၁၂
          ခေတ်သစ် နိုင်ငံရေးအခြေခံ ဥပဒေပညာရှင် စီအက်ဖ် စထရောင်း (C . F . Strong ) က ”ဖွဲ့စည်ပုံ အခြေခံဥပဒေ ဟူသည် အစိုးရ၏ အာဏာများနှင့် ပြည်သူတို့၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို စုစည်းဖော်ပြထားသော အစိုးရနှင့်ပြည်သူ အကြား ဆက်ဆံရေး ကောင်းမွန်စေရန် ညှိနှိုင်း သတ်မှတ်ထားသော မူ များ ဖြစ်သည်၊ ဟုရှင်းရှင်းလင်းလင်းဖွင့်ဆို ခဲ့ပါသည်။
          အစိုးရနှင့် ပြည်သူအကြား ဆက်ဆံရေး ကောင်မွန်စေရန် ညှိနှိုင်း သတ်မှတ်ထားသော မူ များကို နှစ်ဖက်စလုံးက လိုက်နာရပါမည်။ နိုင်ငံနှင့် ပြည်သူအကြား ချုပ်ဆိုထားသော သဘောတူစာချုပ်ကြီး ဖြစ်သည်ဟုလည်း စီအက်ဖ် စထရောင်းက ရှင်းပြပါသေးသည်။ အမှန်စင်စစ်မှာ ဥပဒေသည် ဥပဒေနှင့် ပတ်သက်သည့် သူများ အထူးသဖြင့် အပေါ်ထပ်အဆောက်အအုံဖြစ်သည့် လွှတ်တော်များ အစိုးရများက စံပြလိုက်နာပြရစမြဲဖြစ်သည်။ မိမိတို့နိုင်ငံတွင် ခေတ်အ ဆက်ဆက်နှင့် လက်ရှိအစိုးရများကို လေ့လာလျှင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဗိုလ်နေ၀င်း စစ်အုပ်စုက ဖျက်ဆီးခဲ့သည်။ ယခုလည်း ဗိုလ်သိန်းစိန် ကြံ့ဖွံ့အစိုးရ အနေဖြင့် ၎င်းတို့ကိုယ်တိုင် စိတ်ကြိုက် ရေးဆွဲပြဋ္ဌာန်းခဲ့သော စစ်အုပ်စုလက်စွဲ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အစိုးရ မည်သို့ရှိသည်ကို လေ့လာဆန်းစစ်ရပါတော့မည်။
          အစိုးရသတင်းစာထဲမှာ ဧပြီလ ၂၂- ရက်စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် နှစ်ခုထုတ်ပြန်ပြီး၊ ပြည်သူ့လွှတ်တော်က စစ်သားအမတ် (၃၉) ဦးနှင့် အမျိုးသားလွှတ်တော်က စစ်သားအမတ် (၂၀) ဦး၊စုစုပေါင်း စစ်သားအမတ် ၅၉ -ဦးကို အစားထိုးလဲလှယ် လိုက်ပါသည်။ ပြည်ထောင်စု ဥပဒေပြုလွှတ်တော် ထဲတွင် ရှိသော စစ်သားအမတ် (၁၆၆) ဦးထဲက တ၀က်လောက်ကို အစားထိုးလဲလှယ် လိုက်တာပါ။ ထုတ်ပယ်ခံရတဲ့ ၅၉ ဦးက ဗိုလ်မှုးများဖြစ်ပြီး ခုအသစ်ခန့်တဲ့သူ တွေက ဗိုလ်မှုးချုပ်၊ ဗိုလ်မှုးကြီးနှင့် ဒုဗိုလ်မှုးကြီးတွေ ဖြစ်ကြောင်း တွေ့မြင်ရပါသည် ။ ရွှေစစ်မစစ် ကို မှတ်ကျောက် တင်၍ သိရှိနိုင်သည့်နည်းတူ ဥပဒေအတိုင်း လိုက်နာ လုပ်ဆောင်ခြင်း ဟုတ်၏ မဟုတ်၏ ကိုလည်း ၄င်းတို့ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် ချိန်ထိုးဆန်းစစ်ခြင်းဖြင့် သိရှိနိုင်ပါသည်။
          ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ  ပုဒ်မ ၃၃ -”တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် မိမိအမည်စာရင်း တင်သွင်းထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးကို အစားထိုးပြောင်းလဲလိုကြောင်း ကော်မရှင်သို့ အကြောင်း ကြားသည့်အခါ အစားထိုးပြောင်းလဲလိုသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို အများပြည်သူ သိရှိရန် ကြေညာရမည်။ ထိုသို့ကြေညာသည့်နေ့မှ စ၍ ပြောင်းလဲခြင်းခံရသော မူလလွှတ်တော်ကိုယ်စားလှယ်သည် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပြီး ဖြစ်သည်ဟု မှတ်ယူရမည်။”ဟု ဖော်ပြထားပါသည်။ (မည်သည့်အတွက်ကြောင့်အစားထိုးပြောင်းလဲခံရသည်ကို ကော်မရှင်က အများပြည်သူ သိရှိရန် ထုတ်ပြန်ကြေညာခြင်း လုံးဝမရှိခဲ့ ကြောင်းတွေ့ရှိရပါသည်။
          ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ -၃၉၆ (က) တွင်”လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို အောက်ပါ အကြောင်းတရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိသည်- (၁)မှ(၅) အထိပြဋ္ဌာန်းထားပါသည်။ ဤအတွက် တာဝန်မှ ပြန်လည်ရုပ်သိမ်း ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အများပြည်သူ သိရှိနိုင်ပါရန် ကြေညာခြင်းပြုရပါမည်။ တစုံတရာ ကြေညာခြင်းမရှိသည်ကို၌က ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာရောက်ပါသည်။ ခေါင်မလုံလျှင် တစ်အိမ်လုံးမိုးယိုစမြဲ၊ ထိုနည်းတူပင်  ဥပဒေပြုရေးမဏ္ဍိုင်၏ အထွဋ်အထပ်ဖြစ်သည့် ပြည်ထောင်စုဥပဒေပြုလွှတ်တော် ကသတ်မှတ်ပြဋ္ဌာန်းထားသည့်ဥပဒေများသည်လည်း တညီတညွတ်တည်းမရှိလျှင် ဥပဒေစိုးမိုးမှုရှိလိမ့်မည်မဟုတ်ချေ။
          ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ-၁၁၉ တွင်” ပြည်သူ့လွှတ်တော်၏ သက်တမ်းသည် ယင်းလွှတ်တော်၏ ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ စ၍ ငါးနှစ်ဖြစ်သည်။ ဟုလည်းကောင်း ပုဒ်မ- ၁၅၁ တွင်” အမျိုးသားလွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့် အညီ ဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ သက်တမ်း  ကုန်ဆုံးသောနေ့တွင် အမျိုးသားလွှတ်တော်၏ သက်တမ်းသည်လည်း ကုန်ဆုံးသည်။ ဟုလည်းကောင်း ဖော်ပြထားပါသည်။
ထို့အတူ လွှတ်တော်ကိုယ်စားလှယ်များ၏ သက်တမ်းသည်လည်း ငါးနှစ်ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ် ဆိုသည်မှာ “လွှတ်တော် တစ်ရပ်ရပ်သို့ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်ကိုလည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို လည်းကောင်း ဆိုသည်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၂(ခ) တွင်ဖော်ပြထားသည်။
ဆိုလို သည်မှာ လွှတ်တော်ကိုယ်စားလှယ်တိုင်း လွှတ်တော်သက်တမ်း ငါးနှစ်ကာလသာ ထမ်းဆောင်ခွင့်ရှိပါသည်။ အများတန်းတူ အခွင့်အရေး  ရှိရပါမည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဖြစ်၍ ခဏခဏ အစားထိုးခန့်အပ်နိုင်သည်ဟု ဥပဒေက ပြဋ္ဌာန်းထားချက်မရှိပါ။
          နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ  အခန်း(၈)တွင်ပြဋ္ဌာန်းထားသော ပုဒ်မ -၃၄၇ တွင်”နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။ ဟုဖော်ပြချက်ကို မည်သူမဆိုလိုက်နာသင့်ပါသည်။ မလိုက်သူများကား အဘယ်သူများပါနည်း။ ရဲရဲအစစ်ဆေးခံနိုင်ရပါမည်။
(၂၄ -၄ - ၂၀၁၂)
(photo -  Newly appointed military representatives of the Myanmar Parliament take an oath during the third session of the upper house on April 23, 2012.)

Interview with U WIn Tin - Burmese Parlilament Reasonable ?

လွှတ်တော်ထဲမှာ ဆင်ခြင်တုံတရား ရှိသလား
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဧပြီ ၂၄၊ ၂၀၁၂
ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ အင်န်အယ်ဒီပါတီက ကိုယ်စားလှယ် ၄၃ ဦး တခဲနက် ရွေးချယ်ခံခဲ့ရတယ်။ ဧပြီလ ၂၃ မှာ ပြန်လည်စတင်မယ့် လွှတ်တော်ညီလာခံမှာ ကိုယ်စားလှယ်သစ်များ တက်ရောက် ကျမ်းကျိန် တာဝန်ထမ်းဆောင်ဖို့ အရေးက အကြပ်အတည်းဖြစ်နေတယ်။ အခြေခံဥပဒေအလိုအရ ကျမ်းကျိန်စာသားမှာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်အစား လေးစာလိုက်နာလို့ ပြောင်းလဲပြင်ဆင်ပေးရန် အနိုင်ရ အတိုက်အခံပါတီက တောင်းဆိုနေချိန်မှာ အာဏာရကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်အာဏာပိုင်များက ပြင်ဆင်ပေးဖို့ကို အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲနေပါတယ်။
ဧပြီလ ၂၃ လွှတ်တော်ညီလာခံ ပြန်လည်စတင်ချိန်မှာတော့ အနိုင်ရ အင်န်အယ်ဒီအမတ်မင်းများ စတင်တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိဘဲ အစည်းအဝေးကို စတင်ခဲ့ကြပြီဖြစ်တာကို တွေ့ရပါတယ်။ လေးစားလိုက်နာနဲ့ ကာကွယ်စောင့်ရှောက် စကားလုံး အသုံးအနှုန်း ပြုပြင်ပေးဖို့ဆိုတဲ့ အကြပ်အတည်းအကြောင်းနဲ့ ပတ်သက်ပြီး မိုးမခက ဦးဝင်းတင်ကို ဧပြီလ ၂၃ ရက်နေ့ နံနက်ခင်းက ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။     ။ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့စကားလုံးကို ဆရာတို့က ဘာဖြစ်လို့ အရေးတယူ ပြင်ဆင်ခိုင်းနေရတာလဲ။

ဖြေ။     ။ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ခံဝန်ကတိပြုတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ဘူး။ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ အဲသည်အတွက် ၂၀၁၀ စက်တင်ဘာ ၁၅ မှာ ပါတီကို ဖျက်သိမ်းခံခဲ့ရတဲ့ အခြေအနေထိ ရောက်ခဲ့တယ်။ အဲသည်နောက် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့တယ်။ အဲသည်မှာ ပါတီကို တရားဝင်ဖြစ်အောင် ပြောင်းလဲစေချင်တယ်။ ဖြစ်နိုင်ရင် ရွေးကောက်ပွဲကို ၀င်စေချင်တယ်ဆိုပြီး ဆွေးနွေးမှုတွေ ဖြစ်လာတယ်။

မေး။     ။ ဒါက ဦးသိန်းစိန် သဘောထားလား။ အာဏာရပါတီဦးဆောင်တဲ့ လွှတ်တော်ရဲ့ သဘောထားလား။

ဖြေ။     ။ ဦးသိန်းစိန်ရဲ့ အင်န်အယ်ဒီအပေါ် သဘောထားလို့ ပြောရမယ်။ အစိုးရရဲ့သဘောထားကတော့ ရှိသမျှလူတွေ အဖွဲ့တွေအကုန်လုံး ဘာလုပ်ချင် လုပ်ချင်၊ ဘာဖြစ်ချင် ဖြစ်ချင် ပါလီမာန်ထဲ ၀င်ကြပါ။ လွှတ်တော်အတွင်းကနေ ဆောင်ရွက်ကြပါ။ တောင်းဆိုကြပါလို့ ပဲ သူတို့က အမြဲပြောခဲ့ကြတာပဲလေ။

မေး။     ။ အဲသည်အတွက် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားလုံးကို အချက်ကို ပြင်ဆင်ပြီးမှ ဆရာတို့ ပါတီက မှတ်ပုံပြန်တင်တာတို့၊ ရွေးကောက်ပွဲဝင်တာတို့ကို ပြန်လည် လုပ်ဆောင်တယ်လို့ ပြောချင်တာလား။

ဖြေ။     ။ ဟုတ်ပါတယ်။ အဲသည်တုန်းက ဦးသိန်းစိန်က ပြင်တယ်။ လွှတ်တော်ကို ပို့ပြီးတော့လည်း ဦးသိန်းစိန်က ဆောင်ရွက်ပေးခဲ့တယ်။ ဒါကြောင့် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့အစား လေးစားလိုက်နာပါမည်ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲခဲ့တယ်။ ဒါက ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေနဲ့ ပြင်ဆင်ပေးလိုက်တာပေါ့။ အဲဒါကြောင့် ကျနော်တို့ ရွေးကောက်ပွဲကို ၀င်ခဲတယ်။ ပြည်သူလူထုကလည်း တခဲနက် ထောက်ခံလို့လည်း ရွေးကောက်ခံခဲ့ရတယ်။

မေး။     ။ အဲသည်တော့ ဆန္ဒမဲရလဒ်တွေအရ ဆရာတို့ ကိုယ်စားလှယ်တွေ အနိုင်ရပြီ၊ လွှတ်တော်ထဲကို ၀င်ကြတော့မယ်ဆိုတဲ့ အခြေအနေတွေ ရှိနေတော့မှ အဲသည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်က ပြန်ပြီး အတားအဆီးဖြစ်နေပြန်တာပေါ့။

ဖြေ။     ။ ဟုတ်တယ်။ ကျနော်တို့တွေက ပြည်သူတွေကို ရွေးကောက်ပွဲဝင်တုန်းက ဘာကတိတွေပေးခဲ့သလဲဆိုတော့ ပြည်သူတွေကို အကျိုးမပြုတဲ့ အခြေခံဥပဒေထဲက အချက်အလက်တွေကို ပြုပြင်မယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မယ်။ င်္ပြီးတော့ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်မယ်လို့ ပြောခဲ့တယ်။ ဒီ သုံးချက်နဲ့ လွှတ်တော်ကို ၀င်မယ်။ အဲသည်အတွက် လွှတ်တော်ဝင်မယ့် အမတ်တွေကိုလည်း လွှတ်တော်ဆိုင်ရာ သင်တန်းတွေတောင် ပေးနေပြီ ဖြစ်တယ်။ အဲသည်မှာ အခုအကြပ်အတည်းပေါ်လာတာပဲ။ ရွေးကောက်ပွဲဝင်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်က ဥပဒေကို ပြင်ပေးခဲ့ပြီးပြီ။ ဒါကြောင့်လည်း ရွေးကောက်ပွဲဝင်ပြီးပြီ။ အခု လွှတ်တော်ထဲ ၀င်မယ်ဆိုတော့မှ အခြေခံဥပဒေမှာ ကျမ်းသစ္စာကျိန်ဆိုတဲ့ စာသား၁၂၅ (ဇယား ၄) အရ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည်ဆိုတဲ့ စကားထပ်ပါနေတယ်။ အဲသည် ကျမ်းသစ္စာအတိုင်းသာ ဆိုပြီး လွှတ်တော်ထဲ ၀င်ရမယ်သာ ဆိုရင် ကျနော်တို့ ရွေးကောက်ပွဲဝင်တုန်းက ပေးထားတဲ့ ကတိဖြစ်တဲ့ ကျနော်တို့ ပြုပြင်မယ်ပြောထားတဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုလိုက်ရင် ဘာမှ ဥပဒေရေးလုပ်ငန်းတွေ မလုပ်နိုင်တော့ဘူး၊ ပြည်သူတွေကို ပေးထားတဲ့ ကတိတွေ မတည်ဘဲ ဖြစ်သွားမယ်။

မေး။     ။ ဒါဆိုရင် ဟိုတုန်းကလိုပဲ ဆရာတို့က သမ္မတကြီးနဲ့ အစိုးရကို ပြန်လည်တင်ပြဆွေးနွေးတာတွေ လုပ်ပြီး ပြင်ဆင်မှုတွေ မလုပ်နိုင်တော့ဘူးလား။ အခုမှ ဒါက ဘယ်လိုမျိုး အကြပ်အတည်းဖြစ်ရပြန်တာလဲ။

ဖြေ။     ။ ဒီကိစ္စကိုလည်း ကျနော်တို့ဖက်က တင်ပြဆွေးနွေး အကြံပေးတာတွေ လုပ်တယ်။ ကျနော်တို့က ဘာပြောသလဲဆိုတော့ စကားလုံးတွေ ပြုပြင်ဖို့ဆိုရင် အခြေခံဥပဒေခုံရုံးကနေပြီးတော့ သိန်းစိုးခေါင်းဆောင်တဲ့ ခုံရုံးကနေပြီးတော့ အဆုံးအဖြတ်ပေးနိုင်ပါတယ်လို့ အကြံပြုတဲ့စာပို့ပါတယ်။  ဒါပေမယ့် ရွေးကောက်ပွဲ မ၀င်ခင်တုန်းက သမ္မတကြီးကိုယ်တိုင်ကနေပြီး အင်န်အယ်ဒီအတွက် အရေးယူဆောင်ရွက်တာတွေ ကိုယ်တိုင်လုပ်ခဲ့သလိုမျိုး အခုတကြိမ်မှာ သူက မလုပ်တော့ဘဲနဲ့  ခုံရုံးကို လွှဲပေးလိုက်တယ်။ အဲသည်မှာ ခုံရုံးကနေပြီးတော့ ပါတီက အတွင်းရေးမှူးအဖွဲ့ထဲက ဦးဥာဏ်ဝင်းကို ခေါ်တွေ့တယ်။ သူတို့က စကားလုံးပြုပြင်ပေးတာကို တုန့်ပြန်တာမျိုးထက် အခြေခံဥပဒေကို ပြုပြင်တာမျိုး သဘောထားတွေ ထုတ်ပြောလာတယ်။ အဲသည်အခါကျတော့ လွှတ်တော်ထဲမှာ အများစု နေရာယူထားတဲ့ ကြံ့ဖွံ့အမတ်တွေရော၊ တပ်မတော်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေရောပါ ရယူပြီးမှ ထောက်ခံမှသာ ပြင်ဆင်ရမလိုမျိုးတွေ ဖြစ်လာတယ်။

မေး။     ။ ဒါကလည်း ကြိုပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောထားတယ် မဟုတ်လားဆရာ။ မတ်လ ၂၇ တပ်မတော်နေ့မှာတုန်းက။ တပ်မတော်သားတွေက အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ကြရမယ်လို့ အမှာစကားပြောထားတော့ သူတို့ဖက်က ပြုပြင်ပေးဖို့ကို လက်ခံမယ့် အနေအထား ရှိပါ့မလား။

ဖြေ။     ။ အဲသည်လို အမှာစကားတွေ ပြောထားတော့ သူတို့ဖက်ကနေပြီးတော့ အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့ စကားလုံးပြုပြင်ပြောင်းလဲပေးဖို့ အနေအထား မရှိဘူးလို့ ပြောရင် ရနိုင်တာပေါ့။

မေး။     ။ ဒါဆိုရင် ဒီအကြပ်အတည်းကြီးကို ဘယ်လိုရင်ဆိုင်မှာလဲ။ ဆရာတို့က လွှတ်တော်ကို ကျောခိုင်းသွားတော့မှာလား။

ဖြေ။     ။ အဲသည်မှာ ကျနော်တို့ဖက်ကပြောနေတာကတော့ အခုအခြေအနေဟာ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်နေသလို၊ ကမ္ဘာ့နိုင်ငံရေးနဲ့လည်း ပတ်သက်နေတယ်။ အခုအချိန်မှာ နိုင်ငံတကာက မြန်မာပြည်အရေးကို အကောင်းမြင်ပြီးတော့ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းတာတွေ၊ လျော့ချတာတွေ၊ ဆိုင်းငံ့တာတွေ လုပ်နေပြီ ဖြစ်ပါတယ်။ နောက်ပြီးတော့ အများပြည်သူကလည်း အခြေခံဥပဒေကို ပြုပြင်မယ်ဆိုတဲ့ အင်န်အယ်ဒီပါတီကို တခဲနက်ထောက်ခံပြီးတော့ မဲဆန္ဒတွေ ပေးကြတယ်။ မျှော်လင့်အားကိုးကြတယ်။ ဒါကြောင့် နိုင်ငံတကာနဲ့တကွ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ အကောင်းမြင်နေမှုတွေကို ပျက်စီးသွားအောင်၊  ယိမ်းယိုင်သွားအောင် လုပ်ရမယ့် အချိန်အခါမဟုတ်ဘူး။ ဒါကြောင့် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ စကားလုံး ပြောင်းလဲပေးဖို့ ဖြစ်လာမယ်လို့ ကျနော်တို့က ဆက်လက်မျှော်လင့်နေတယ်။ ကျနော်တို့တွေဖက်က လွှတ်တော်ကို တက်ရောက်ဖို့ အခြေအနေနဲ့ အချိန်အခါကို ပြင်ဆင်ပြီးတော့ စောင့်ကြိုနေတယ်လို့ ပြောချင်တယ်။

မေး။     ။ ဒါဆိုရင် အခြေခံဥပဒေထဲက ကျမ်းကျိန်ရမယ့် စကားရပ်ကို ပြင်ဆင်ပေးဖို့ဆိုတာက လက်ရှိအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပေါ်မှာ မူတည်နေပြီ။ သူတို့ရဲ့ သဘောထားသာ အဓိကဖြစ်နေပြီ လို့ ပြောရတော့မှာပေါ့။ အဲသည်အချိန်တရပ်တည်းမှာပဲ တပ်မတော်က သူတို့ရဲ့ တပ်မတော်ကိုယ်စားလှယ် ၅၉ ဦးကို အဆင်မြင့်အရာရှိတွေနဲ့ အစားထိုးလဲလှယ်ခန့်အပ်လိုက်တာလဲ ဒီနေ့ လွှတ်တော်မတက်ခင် ထုတ်ပြန်လိုက်တယ်။ အင်န်အယ်ဒီဟာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လွှတ်တော်ထဲကို ပါဝင်လာတော့မှာပဲ ဆိုပြီး တပ်မတော်က ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သူတို့ဖက်က လှုပ်ရှားမှုတွေ ပြုလုပ်လာပြီလို့ မြင်သလား။ ဒါကကော ဘာသဘောလဲ လို့ ဆရာကထင်သလဲ။

ဖြေ။     ။ တဖက်ကကြည့်ရင်တော့ တပ်မတော်က လွှတ်တော်ထဲမှာ ရှိတဲ့သူတွေဟာ သဘောထားပျော့ပြောင်းတဲ့သူတွေရှိနေလို့ မတ်လ ၂၇ ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ မူဖြစ်တဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ ခိုင်ခိုင်မြဲမြဲကိုင်စွဲမယ့် လူတွေနဲ့ အစားထိုးလိုက်တယ်လို့လဲ ပြောချင် ပြောလို့ရတာပါပဲ။ မှန်းလို့တော့ မရပါဘူး။
မေး။     ။ ဆိုတော့ အခုတကြိမ်မှာလည်းပဲ ရွေးကောက်ခံထားရတဲ့ အင်န်အယ်ဒီအမတ်တွေဟာ လွှတ်တော်ကို တက်ဖို့၊ တရားဝင် တာဝန်ထမ်းဆောင်ဖို့ အခြေအနေ မပေးပြန်ဘူးပေါ့။ အခွင့်အရေး မရပြန်ဘူးပေါ့။ အဲသည်လိုမျိုး ပြန်ကြည့်လိုက်ရင် အင်န်အယ်ဒီပါတီဟာ သမိုင်းတလျောက်လုံးမှာကော၊ အခုလက်ရှိအစိုးရနဲ့ ဆက်ဆံရေးတလျောက်လုံးမှာပါ အကြိမ်အကြိမ် အခါခါ အချိန်ဆွဲခံရတဲ့ အဖြစ်တွေနဲ့ အမြဲတမ်း ကြုံတွေ့နေရတယ်၊ ရင်ဆိုင်နေရတယ်လို့ ပြောရင် ရမလားဆရာ။ အချိန်ဆွဲခံရတယ်။ ဈေးဆစ်ခံရတယ်။ အလှည့်အပြောင်းတွေနဲ့ ရင်ဆိုင်ရတယ်။ အချိန်ဆွဲခံရတိုင်းမှာ၊ ဈေးဆစ်ခံနေရတဲ့ အချိန်တိုင်းအခါတိုင်းမှာ လက်ရှိအာဏာရအစိုးရက အကျိုးအမြတ်ထွက်တယ်။ အင်န်အယ်ဒီပါတီ ရွေးကောက်ပွဲဝင်မယ်၊ ပါတီမှတ်ပုံတင်မယ် ပြောလိုက်လို့ သိန်စိန်အစိုးရက အာင်္ဆီယံဥက္ကဋ္ဌဖြစ်သွားတယ်။ ဟောအခု ဧပြီ ၁ မှာ ရွေးကောက်ပွဲ နိုင်ပါတယ် ဆိုရုံ ရှိသေးတယ်၊ အရှေ့ အနောက်အုပ်စုတွေက ကြံ့ဖွံ့အစိုးရကို ပိတ်ဆို့အရေးယူထားတွေ၊ ဘာတွေကို လျော့ချတာနဲ့၊ ဆိုင်းငံ့တာနဲ့ ဘာနဲ့ ချက်ခြင်းဆိုသလို အလျင်အမြန် ဆုတွေ ပေးနေကြပြီ။ ဧပြီလတောင် မကုန်သေးဘူး။ အနိုင်ရတဲ့ ပါတီက လွှတ်တော်ထဲတောင် မရောက်သေးဘူး။ အဲသည်အချိန်မှာ စစ်အစိုးရက အဲလေ ကြံ့ဖွံ့အစိုးရက ဘာလို့ လက်နှေးနေရပြန်တာလဲ။

ဖြေ။     ။ အရင်တုန်းကတည်းက လက်ရှိအစိုးရကို အယုံအကြည်မရှိတဲ့သဘော၊ သံသယရှိတဲ့သဘော ပြောဆိုနေကြတာတွေက ရှိတာပါပဲ။ ဒါပေမယ့် ကျနော်တို့ဖက်က ယုံကြည်ချက်နဲ့ အလုပ်လုပ်ကြရတာပဲ။ အကယ်၍သာ နိုင်ငံရေးအခြေအနေတွေဟာ တိုးတက်ကောင်းမွန်တဲ့ဆီကို ဦးတည်ကြမယ်ဆိုရင် … ဆိုတဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်နဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အခြေခံဥပဒေကို လေးစားလိုက်နာဆိုတဲ့ စကားလုံးပြုပြင်မှုဆိုတဲ့ သော့ခလောက်ဖြုတ်ပေးလို့၊ တခါးတချပ်ဖွင့်ပေးလို့ ကျနော်တို့တတွေ ပါတီကို မှတ်ပုံတင်တယ်၊ ရွေးကောက်ပွဲဝင်ခဲ့ကြတယ်။ ဒါပေမယ့် လွှတ်တော်ကို ၀င်ကြမယ်လို့ လုပ်တဲ့အခါကျတော့ အဲသည်သော့ခလောက်နဲ့ပဲ ပြန်တွေ့နေရတယ်။ တခါးနောက်တချပ်နဲ့ ထပ်တိုးတယ်လို့ ပြောချင်တယ်။ ဒါတွေကြောင့် အစိုးရကို အယုံအကြည်မရှိဘူး၊ သံသယရှိတယ်လို့ ပြောနေကြတဲ့ ဝေဖန်နေကြတဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေရဲ့ စကားတွေ ပြောဆိုချက်တွေဟာ မမှားဖူးလို့ ပြောရမလို ဖြစ်လာတယ်။ သူတို့တွေက အရေးယူပိတ်ဆို့တာတွေ ဖယ်ရှားအောင်လို့ လှည့်ဖြားနေတာဖြစ်တယ်။ အသုံးချနေတယ်လို့ပြောဆို ဝေဖန်နေကြတာတွေဟာ  အတည်ပြုပေးနေသလိုတောင် ဖြစ်လာတယ်။

မေး။     ။ ဒါဆိုရင် ဆရာတို့တွေက ခုနင်က သံသယတွေ၊ မယုံကြည်မှုတွေ လက်ကိုင်ထားပြီးတော့ လက်ရှိကြံ့ဖွံ့အစိုးရကို ရင်ဆိုင်မယ်သာ ဆိုရင် အခုနှစ်ဆန်းကတည်းက ပေါ်ထွန်းလာခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်မှု၊ အကောင်းမြင်မှုတွေကနေ နောက်ပြန်လှည့်သလို ဖြစ်သွားမှာပေါ့ ဆရာ။

ဖြေ။     ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလက်ရှိအခြေအနေ၊ အချိန်အခါမှာ ကျနော်တို့က အဲသည်လိုတော့ သဘောမထားပါဘူး။ အခုလက်ရှိ ပြောင်းလဲမှုတွေက ပေါ်ထွန်းလာနေတဲ အခြေအနေသစ်တွေကိုပဲဆက်လက် မျှော်လင့်ချင်တယ်။ နှစ်ဖက် တင်းမာတဲ့ အနေအထားတွေ၊ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ အနေအထားတွေ ပေါ်ထွန်းလာမှာကို ကျနော်တို့တွေကကော ရွေးကောက်ပွဲမှာ မျှော်လင့်တကြီး ယုံကြည်အားကိုးပြီး မဲပေးခဲ့ကြတဲ့ ပြည်သူလူုထုကြီးကပါ မလိုလားဘူး။ အကုန်လုံး ညီညီညွတ်ညွတ် မျှမျှတတ အကျိုးသင့်အကြောင်းသင့်နဲ့ အားလုံးက ဆင်ခြင်တုံတရား လက်ကိုင်ထားပြီးတော့ပဲ ရင်ဆိုင်ချင်တယ်။ ဖြေရှင်းချင်တယ်။ အခုအချိန်မှာ ကျနော်တို့ဖက်ကကော၊ ပြည်သူလူထုကြီးကပါ ဆင်ခြင်တုံတရား ရှိရှိနဲ့ ရင်ဆိုင်လိုက်တာဖြစ်တယ်။ အခုလက်ရှိမှာ ဆင်ခြင်တုံတရားရှိမရှိ ဆိုတဲ့မေးခွန်းဟာ  ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်နဲ့ တပ်မတော်ကိုယ်စားလှယ်တွေ ဖက်ကို ရောက်သွားပြီ။ သူတို့ဆီကို ဦးတည်သွားပြီ။ လက်ရှိအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဘယ်လောက်အထိ ဆင်ခြင်တုံတရားရှိသလဲ ဆိုတာနဲ့ ဆိုင်သွားပြီ လို့ ဆိုချင်တယ်။

မေး။     ။ ဆရာပြောချင်တာက အရင်တုန်းက အင်န်အယ်ဒီပါတီအတွက် ရွေးကောက်ပွဲကော်မရှင်က စကားရပ်တွေကို အစိုးရက ဆင်ခြင်တုံတရားအပြည့်နဲ့ ပြင်ဆင်ခဲ့ပေးပြီပြီ။ အစိုးရရဲ့ လိုအင်ဆန္ဒနဲ့ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ။ အခုအချိန်မှာလည်း အစိုးရနဲ့ လွှတ်တော်ဟာ ဆင်ခြင်တုံတရားနဲ့ပဲ ဆက်လက်ဆောင်ရွက်သင့်တယ်။ မလိုလားအပ်တဲ့ အကြပ်အတည်းကို မဖန်တီးသင့်ဘူးလို့ ပြောချင်တာပေါ့။

ဖြေ။     ။ ကျနော်တဦးချင်းအနေနဲ့ ပြောရရင် ဦးဝင်းတင်တဦးချင်းအနေနဲ့ ပြန်ပြောရရင် လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ကျနော်တို့ဟာ ဒီစကားလုံးအတွက်နဲ့ ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံဝန်ကတိမပြုနိုင်ဘူး၊ လက်မခံနိုင်ဘူး ဆိုပြီးတော့ ရပ်တည်ခဲ့တဲ့အတွက် ပါတီကိုတောင်မှ ဖျက်သိမ်းခံရတဲ့ အထိရောက်ခဲ့တယ်။ လူပေါင်းများစွာ ဖမ်းဆီးခြင်းခံရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်ပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ ကျနော်တို့ဟာ ဆင်ခြင်တုံတရားနဲ့ ရပ်တည်ခဲ့တယ်။ ရင်ဆိုင်ခဲ့တယ်။ နောက်ပိုင်းမှာ သမ္မတဦးသိန်းစိန်တို့ကလည်း ဆင်ခြင်တုံတရားနဲ့ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပေးပြီး ဖြစ်တယ်။ အခုအချိန်မှာတော့ ဆင်ခြင်တုံတရားဟာ လွှတ်တော်ထဲကို ရောက်နေပြီ။ သူတို့အပေါ်မှာ မူတည်တော့တယ်လို့ ပြောချင်ပါတယ်။

မေး။     ။ ဒါဆိုရင် ဆရာတို့က အခြေအနေကောင်းတွေပေါ်ထွန်းလာရင် လွှတ်တော်ကို တက်မှာပဲပေါ့။

ဖြေ။     ။ တို့ဖက်ကတော့ စိတ်ကောင်းစေတနာတွေ ရှိတယ်။ လွှတ်တော်ကို တက်မှာပါ။ ကျနော်တို့က ဘယ်လောက်အထိ တက်မယ်လို့ ပြောချင်သလဲဆိုတော့ အကယ်၍ ဒီကိစ္စဟာ တလကြာမယ်။ ၂လကြာမယ်။ ကြာသွားလို့ နောက်ဆုံး လွှတ်တော်ရုပ်သိမ်းခါနီး တရက် ၂ရက် အလိုကျမှပဲ ကျနော်တို့ကို ခွင့်ပေးမယ်၊ ကျမ်းသစ္စာကျိန်ဆိုရမယ်ဆိုရင်လည်း ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေက တခဲနက် ထောက်ခံထားတဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်။ အဲသည်အတွက် ပြည်သူ့တွေရဲ့ အလိုဆန္ဒနဲ့ အညီ ကျမ်းသစ္စာကျိန်ဆိုထိုက်တယ် လို့ ယူဆပါတယ်။

မေး။     ။ ဒါဆိုရင် ခုနင်က မေးခွန်းကို ပြန်ကောက်ရရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့ဆန္ဒနဲ့အညီ ပါတီကို မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ခဲ့ကြတာဟာ မှန်ကန်တဲ့ ဆင်ခြင်တုံတရားနဲ့ ဆောင်ရွက်မှုဖြစ်တယ်လို့ ဆိုနိုင်သလိုပဲ တဖက်ကလည်း လက်ရှိအစိုးရအပေါ်မှာ သံသယတွေရှိတာ၊ ယုံကြည်မှုမရှိနိုင်သေးတာတွေကလည်း မမှားဘူးလို့ ပြောရမလို ဖြစ်နေတာပေါ့။

ဖြေ။     ။ အဲလိုပြောရင်လည်း ရပါတယ်။

မေး။     ။ ဒါဆိုရင် အခုလက်ရှိအခြေအနေမှာ အချိန်တိုတိုအတွင်းမှာတင် အရေးယူတာတွေ၊ ပိတ်ဆို့တာတွေကို လျော့ချမယ်၊ ရပ်ဆိုင်းမယ်၊ လက်ရှိအစိုးရကို ငွေချေးမယ်၊ ငွေလျော်မယ် စသည်ဖြင့် အမြန်အဆန် ဆုံးဖြတ်ချက်ချနေကြတဲ့ အရှေ့အုပ်စု၊ အနောက်အုပ်စုက အစိုးရတွေကလည်းပဲ ဆရာပြောတဲ့ ဆင်ခြင်တုံတရားနဲ့  လက်ရှိအစိုးရကို စောင့်ကြည့်ဖို့ မလိုဘူးလားဆရာရယ်။

ဖြေ။     ။ အဲသည်လိုမျိုး ရှိတယ်လို့ ပြောချင်ပါတယ်။ တလောက ဗြိတိန်ဝန်ကြီးချုပ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတယ်။ အီးယူတို့ သြစတြေးလျတို့ဆိုရင် ရုတ်သိမ်းမယ် ဘာညာလုပ်လာတယ်။ ဂျပန်ဆိုရင် ငွေချေးမယ်၊ အလည်ဖိတ်တယ်လုပ်လာတယ်။ ဒါပေမယ့် ကျနော်တို့ဖက်က ဘာပြောသလဲဆိုတော့ အခုအချိန်မှာ ရုတ်သိမ်းတာထက် ဆိုင်းငံ့တာသာ ကောင်းလိမ့်မယ်လို့ ထင်တယ်။ နိုင်ငံရေးအခြေအနေတွေက ဘယ်လိုပေါ်ပေါက်လာလိမ့်မယ်လို့ မပြောနိုင်သေးဘူးလို့ ဆွေးနွေးခဲ့ကြတယ်။ ဒါကြောင့် လောလောဆယ်မှာ လျော့ပေးမယ်လို့ အီးယူတို့ ဆုံးဖြတ်သော်လည်းဘဲ ဆိုင်းငံ့တယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားတာကို တွေ့ရတယ်။ ဒါဟာလည်း နိုင်ငံတကာက မြန်မာပြည်လက်ရှိအခြေအနေကို ဆင်ခြင်တုံတရားနဲ့ ရင်ဆိုင်နေတယ်လို့ ပြောရင်ရပါတယ်။

မေး။     ။ နောက်ဆုံး ပြောချင်တာကတော့ ဆရာရယ်၊ လွှတ်တော်ထဲဝင်မယ်ဆိုတဲ့ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီအမတ်တွေအတွက်က ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြင်ဆင်ကြမယ်ဆိုတဲ့ စိန်ခေါ်မှုကြီးက ရှေ့မှာ ဘယ်လိုမျှော်မှန်းရမယ်တောင် မသိသေးဘူးပေါ့လေ။ အဲသည်အတွက် လွှတ်တော်အ၀မှာတင်ကို အကြပ်အတည်းတွေ့နေကြရပြီ။ ဥပမာ ကျနော်တို့ ထောင်ဗူးဝထဲကို ၀င်ကြရသလိုပေါ့။ အကျဉ်းထောင်ထဲမှာ ဘယ်လို ရုန်းကန် ရင်ဆိုင်ကြရမယ်ဆိုတာ မသိနိုင်သေးဘူး။ သို့သော် ထောင်ထဲဝင်တဲ့ နိုင်ငံရေးပုဒ်မတပ်ခံထားရတဲ့ အကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက ခေါင်းမော့ ရင်ကော့ပြီး မ၀င်စေဘဲနဲ့ ခေါင်းငုံပြီး ၀င်ခိုင်းသလိုမျိုး၊ ပုံစံပေးပြီး ၀င်ခိုင်းသလိုမျိုး ဖြစ်နေတယ်လို့ ဥပမာပေးနေကြတဲ့အကြောင်းလည်း ပြောလိုက်ချင်ပါတယ် ဆရာရယ်။

ဖြေ။     ။ အင်း၊ ကောင်းသားပဲ ဥပမာက။ အေး ဟုတ်ပြီလေ။ ဒီနေ့တော့ ဒီလောက်ပဲကွာ။

ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ- အပိုင်း (၄)
................. ...........
ဗုဒ္ဓဘာသာ၊ ခြင်္သေ့နှင့် ဆင်ဖြူတော်များပုံပြင်
နေသွင်
ဧပြီ ၂၄၊ ၂၀၁၂
မနေ့ညတုန်းကပဲ မြို့တော်ဟောင်းဖြစ်တဲ့ ရန်ကုန်ရွှေမြို့တော်ကို ရောက်ပါတယ်။ မြို့ထဲသွားမယ့် တက္ကဆီပေါ်မှာ ကားဒရိုင်ဘာက ဘုရား တဆူဘက်ကို ညွန်ပြရင်း “အဲဒါပေါ့၊ ရွှေတိဂုံဘုရားဆိုတာဆိုပြီး ပြပါတယ်၊ မြန်မာတွေဂုဏ်ယူကြတဲ့ ရွှေရောင်ဝင်းဝင်း စေတီတော်ကြီးပေါ့။

ဘုရားရှေ့မှာတော့ အစောင့်ခြင်္သေ့ကြီးနှစ်ကောင် ရှိပါတယ်။ အမှောင်ထုထဲမှာ လင်းလင်းဝင်းဝင်းကြီးဖြစ်နေပါတယ်။ ရွှေတိဂုံဘုရားရဲ့ ဒီ ခြင်္သေ့ရုပ်ထုကြီးတွေက ဂျပန်က ရှန်တိုဗိမာန်ဝင်းထဲမှာရှိတဲ့ ကျောက်ဂူအစောင့်ခွေးရုပ်ထုကြီးတွေထက် အဆမတန်ပိုကြီးပါတယ်။

မြန်မာပြည်က ခြင်္သေ့ရော၊ ဂျပန်က အစောင့်ခွေးတွေရော၊ ရှေ့ဟောင်း အရှေ့တိုင်းအယူအဆကနေ ဆင်းသက်လာတာပါ။ တောရိုင်းတိရိ စ္ဆာန်အပေါင်းရဲ့ ဘုရင်၊ ခြင်္သေ့က တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေရဲ့ သင်္ကေတ၊ ကာကွယ်စောင့်ရှောက်မှုရဲ့နိမိတ်ပုံ ဖြစ်လာပါတယ်။ ဒီအ ယူအဆကို စပြီးမိတ်ဆက်သူတွေဟာ ဗုဒ္ဓဘာသာဝင်တွေပါ။

မြန်မာပြည်မှာတော့ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှု ဒီရေမြင့်သစ်ကြောင့်၊ စစ်အစိုးရလက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံတွေနေရာမှာ ခြင်္သေ့ရုပ်ထုတွေနဲ့ အစားထိုးဖို့ ဖြစ်လာပါတယ်။ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်သမျှအားလုံးကို ခြေရာလက်ရာဖျောက်ဖို့ ကြိုးစားပုံရပါတယ်။ တချိန်တည်းမှာလည်း ဗုဒ္ဓဘာသာကို တိုင်းပြည်ညီညွတ်ရေး နိမိတ်ပုံအဖြစ် အသုံးချ ပုံလည်းရ ပါတယ်။ မြန်မာပြည်မှာ ၉၀ ရာခိုင်နှုန်းဝန်းကျင်က ဗုဒ္ဓဘာသာဝင်တွေပါ။

လက်ရှိမြို့တော်ဖြစ်နေတဲ့ နေပြည်တော်နဲ့ အရင်မြို့တော် ရန်ကုန်ကိုရောက်တဲ့အချိန်မှာ တိရစ္ဆာန်ရုံတွေကို သွားကြည့်ဖြစ်ပါတယ်။ ခြင်္သေ့ တွေကို သွားကြည့်တာပါ။ ကျနော့်စိတ်ထဲမှာ ခြင်္သေ့တွေကိုတော့ ကောင်းကောင်းမွန်မွန်ထားမှာပဲလို့ အောက်မေ့ခဲ့ပါတယ်။

ဒါပေမယ့် တိရစ္ဆာန်ရုံတွေမှာ ခြသေ့င်္တကောင်စီပဲ တွေ့ခဲ့ရပါတယ်။ လက်စသက်တော့ ခြင်္သေ့မောင်နှံကို အထီးကို တနေရာ၊ အမကို တမြို့ စီမှာခွဲထားပြီး၊ သူတို့ခမျာ အနုပ်စုတ်ဂုပ်စုတ်၊ သေးသေးနုပ်နုပ်ဂူတွေထဲမှာ နေရရှာပါတယ်။ သေချာတာကတော့ ခြင်္သ့တွေဟာ တိရစ္ဆာန်ရုံ တွေထဲမှာတော့ စူပါစတားတွေ မဟုတ်ကြရှာပါဘူး။

လွန်ခဲ့တဲ့လပိုင်းတွေကတော့ နေပြည်တော်ကို အကြမ်းဖက်သမားတွေက ဆက်တိုက်ဆိုသလိုတိုက်ခိုက်ခဲ့ပါတယ်။ လူတချို့သေပြီး၊ တချို့ လည်း ဒဏ်ရာရကြပါတယ်။ ကျနော်တည်းခိုတဲ့ဟိုတယ်မန်နေဂျာက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ရပ်ကွက်တွေကို မြေပုံထဲမှာ ကျနော့်ကိုပြပါတယ်။ တိုင်းရင်းသားသူပုန်တွေရဲ့လက်ချက်လို့လည်း ပြောပါတယ်။

မြန်မာပြည်လူဦးရေမှာ လူများစု ဗမာတွေက ၆၀ ရာခိုင်နှုန်းဖြစ်ပြီး တိုင်းရင်းသားအုပ်စုပေါင်း ၁၃၀ ကျော် ရှိပါတယ်။ မြန်မာပြည်လွတ်လပ် ရေးရတဲ့ ၁၉၄၈ ခုနှစ်မှာ လူနည်းစုတိုင်းရင်းသားတွေက မြန်မာအစိုးရကို လက်နက်ကိုင်အာခံပြီး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး တွေ တောင်းခဲ့ကြပါတယ်။ အဲဒီတုန်းက ဒီမိုကရေစီအစိုးရလက်ထက်မှာ လူနည်းစုတိုင်းရင်းသားအုပ်စုတွေရဲ့လှုပ်ရှားမှုတွေ ရှုပ်ထွေးပြင်း ထန်ခဲ့ပါတယ်။

ဒီလိုနဲ့ ၁၉၆၂ ခုနှစ်မှာ စစ်ခေါင်းဆောင်တွေက ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ ကြွေးကြော်သံနဲ့ အာဏာသိမ်းလိုက်ကြပါတယ်။ အဲဒီအချိန် ကနေ စစ်အုပ်ချုပ်ရေးဟာ မနှစ်မတ်လက လက်ရှိအရပ်ဘက်အစိုးရဆီကို အာဏာမလွှဲခင်အထိ သက်ဆိုးရှည်ခဲ့ပါတယ်။

“မြန်မာစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အုပ်စု ၂၀ လောက်ရှိတဲ့ အထဲက တ၀က်လောက်နဲ့စစ်တိုက်နေရတယ်။ အစိုးရဟာ ပြင်ပ က စစ်ရေးခြိမ်းခြောက်မှုဆိုတာထက် တိုင်းပြည်တွင်းက လက်နက်ကိုင်အုပ်စုတွေနဲ့ စစ်တိုက်နေရလို့ ခေါင်းမဖော်နိုင်ဖြစ်နေတယ်” လို့ သံ တမန်တဦးက ပြောပါတယ်။

မြန်မာပြည်ကိုမသွားခင်တုန်းက ဂျပန်ကသုတေသီတွေနဲ့ သံတမန်တွေက ပြောပြလိုက်တာရှိပါတယ်။ မြန်မာပြည်မှာ ၉၉ ရာခိုင်နှုန်းက စစ် တပ်ကို မုန်းနေကြတယ်ဆိုတဲ့ အမှာစကားပါ။ ကျနော်ကိုယ်တိုင် မြန်မာပြည်မှာခရီးသွားနေတော့ သုတေသီတွေ၊ သံတမန်တွေပြောလိုက် တဲ့စကားဟာ ချဲ့ကားပြောတာမဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။ အဓိကအကြောင်းကတော့ စစ်အစိုးရဟာ အာဏာတည်မြဲရေးတခု တည်းအတွက် ပြည်သူတွေရဲ့ဘ၀တွေကို ရက်ရက်စက်စက် စတေးထားတာပဲဆိုတာကို တွေ့ခဲ့ရလို့ပါ။

ဥပမာတခုအနေနဲ့ပြရရင် ကမ္ဘာ့အလယ်မှာ တိုင်းပြည်က အဆင်းရဲဆုံးဖြစ်နေတာတောင် အစိုးဟာ နေပြည်တော်ဆိုတဲ့ မြို့တော်သစ်ကို တည်ဆောက်ဖို့ တိုင်းပြည်ဘဏ္ဍာငွေတွေကို အကြီးအကျယ် အသုံးပြုခဲ့တာပါပဲ။

စစ်အစိုးရဟာ တိုင်းပြည်ကို စစ်တပ်ကပဲ အုပ်ချုပ်နိုင်တယ်။ တိုင်းပြည်မပြိုကွဲအောင် စစ်တပ်ကပဲ ထိန်းနိုင်မယ်ဆိုတဲ့အယူအဆကို တရား သေဆုပ်ကိုငထားခဲ့ပါတယ်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲရေးဆိုတဲ့ ကြွေးကြော်သံတွေကို နိုင်ငံပိုင်သတင်းစာတွေ မျက်နှာဖုံးရဲ့ ထိပ်ဆုံးမှာ၊ နောက်ဖုံးရဲ့ တ၀က်လောက် ဖော်ပြထားပါတယ်။ နိုင်ငံပိုင်ရုပ်သံတွေမှာ အစီအစဉ်တွေကြားမှာ အဲဒီကြွေးကြော်သံတွေကို ထုတ်လွှင့်ပါတယ်။ ဒီလို ၀ါဒဖြန့်စည်းရုံးနေတာကိုထောက်ရင် စစ်အစိုးရဟာ အာဏာကို အရူးအမူး မက်မောနေပြီး၊ စစ်တပ်က နိုင်ငံရေးမှာ ဦးဆောင်နေတာကိုလည်း တရားမျှတကြောင်း ပြချင်နေပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည်ညီညွတ်ရေးကို ဆန့်ကျင်တဲ့စကား တခါမှမပြောဖူးပါဘူး။ တိုင်းပြည်ညီညွတ်ရေး ကို ထိန်းသိမ်းပြီး၊ တချိန်တည်းမှာ မတူကွဲပြားမှုတွေကိုလည်း လက်သင့်ခံဖို့ကို အလေးအနက် ဆော်သြနေတာပါ။

“အစိုးရနဲ့ ဒီမိုကရေစီအင်အားစုတွေအကြားကထိပ်တိုက်တွေမှုဟာ တိုင်းရင်းသားတွေအမြင်အရတော့ ဗမာအချင်းချင်းဖြစ်နေတဲ့ ပဋိပက္ခပဲ” လို့ သံတမန်တယောက်က ပြောပါတယ်။

“တိုင်းရင်းသားတွေအမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗမာပဲ၊ နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် အာဏာရရင်လည်း တိုင်းရင်းသားအရေးဟာ မြန်မာပြည်ရဲ့ အရေးကြီးတဲ့ကိစ္စအဖြစ် ဆက်ရှိနေဦးမှာပါပဲ” လို့ ရန်ကုန်က အိုင်တီကုမ္မဏီတခုက ဥက္ကဌကလည်း ပြောပါတယ်။

ဒီလိုနဲ့ တိုင်းပြည်မှာ အလွန်အရေးကြီးတဲ့ အမျိုးသားညီညွတ်ရေးကိုဖော်ဆောင်နိုင်ဖို့ အစိုးရဟာ ဗုဒ္ဓဘာသာအသုံးချဖို့ ဖြစ်လာပါတယ်။ အစိုးရဟာ ခြင်္သေ့ရုပ်နဲ့ ငွေစက္ကူတွေကို ထုတ်ပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ကို ထုတ်ဝေလိုက်တာပါ။ နောက်တခုတော့ ဆင်ဖြူတော်ကိစ္စပါ။

စောစာက ခြင်္သေ့တွေ တိရစ္ဆာန်ရုံမှာ စူပါစတားမဟုတ်တဲ့ အကြောင်းပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကဖွင့်လိုက်တဲ့ နေပြည်တော် တိရစ္ဆာန်ရုံ မှာတော့ ဆင်ဖြူတွေက စူပါစတားပါပဲ။ အနေအထားကောင်းကောင်နဲ့၊ ကျယ်ကျယ်လွင်လွင်မြေနေရာကို ၀င်းခတ်ထာပြီး အထဲမှာ ဆင်ဖြူ တွေကို လွှတ်ထားပါတယ်။ ဆင်တွေကိုကြည့်ရတာလည်း ရွှင်ရွှင်လန်းလန်းပါပဲ။

ဆင်တွေဟာ မြန်မာလူမျိုးတွေအတွက် ဘယ်လောက်တောင်အရေးပါသလဲလို့ ဟိုတယ်မန်နေဂျာအမျိုးသမီးကို မေးကြည့်ပါတယ်။ သူ့ပြော ပြတဲ့ဇာတ်လမ်းတွေကိုနားထောင်ရင်းနဲ့ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က မြန်မာပြည်မှာ အသစ်ထုတ်လိုက်တဲ့ ငွေစက္ကူတွေပေါ်က ဆင်ဖြူကြီး တကောင်ကို သတိမိပါတယ်။

မန်နေဂျာအမျိုးသမီးရဲ့ဇာတ်လမ်းက ဒီလိုပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစလို့ မြန်မာပြည်မှာ ဆင်ဖြူတွေ တကောင်ပြီးတကောင် ဆက်တိုက် ဆိုသလို တွေ့လာရတယ်။ အဲဒီထက်စောတာကတော့ ၂၀၀၀ ခုနှစ်ပေါ့။ ဆင်ဖြူ ၂ ကောင်ကို နေပြည်တော်က ဘုရားရှေ့မှာ လှောင်ထားပြီး၊ ၃ ကောင်ကိုတော့ ရန်ကုန်မှာထားတယ်ပေါ့။

ဘုရားကို ကျနော်ရောက်တော့ ဆင်ဖြူဂူပတ်ဝန်းကျင်မှာ ရှိခိုးနေကြတဲ့လူတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဟိုတယ်မန်နေဂျာ အမျိုးသမီးရဲ့ အလိုအရတော့ အဲဒါနေထွက်ရာအရပ်က မြင့်မြတ်တဲ့အရှေ့ဘက်မုခ်ဦးပေါ့။ ဆင်ဖြူလို့သာဆိုတယ်၊ ဆင်တွေက တကယ့်အဖြူစစ်စစ်ကြီး တွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆင်ဖြူမှန်းသိသာစေချင်လို့ တခြား ရိုးရိုးဆင်တကောင်လည်း လွှတ်ထားတာတွေ့ရပါတယ်။

တော်တော်များများကတော့ ဆင်ဖြူဆိုတာ ဘုရားရဲ့စေတမန်၊ မင်းစိုးရာဇာတွေအတွက် နိမိတ်ကောင်းလို့ ယုံကြည်ထားကြပါတယ်။ မြန်မာ ပြည်ကို အင်္ဂလိပ်အစိုးရက ကိုလိုနီမပြုခင်တုန်းက မြန်မာဘုရင်တွေဟာ ထိုင်းနိုင်ငံကို အကြိမ်ကြိမ် ကျူးကျော်ခဲ့ပါတယ်။ ထိုင်းနိုင်ငံကလည်း ထေရ၀ါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပြီး ဆင်ဖြူကိုးကွယ်တဲ့ အစဉ်အလာရှိပါတယ်။ စစ်ပွဲမှာအနိုင်ရတိုင်းမှာ မြန်မာဘုရင်တွေက ထိုင်းဘက်က ဆင်ဖြူတွေကို စစ်အောင်ခြင်းရဲ့ အဖိုးအထိုက်တန်ဆုံးဆုလာဘ်တွေအဖြစ် သိမ်းယူလေ့ရှိပါတယ်။

အဲဒီအချိန်ကတည်း ဆင်ဖြူတွေနဲ့ မြန်မာပြည်ကမစိမ်းဘူးလို့ဆိုရပေမယ့် စစ်အစိုးရလက်ထက်ကျမှ ရုတ်တရက် ဆင်ဖြူ ၅ စီးတောင် ပေါ် ပေါက်လာပါတယ်။

ဟိုတယ်မန်နေဂျာအမျိုးသမီးကတော့ ဆင်ဖြူပေါ်ပြီးနောက်မှ နေပြည်တော်အပါအ၀င် မိုးနည်းရေရှား မြန်မာပြည်အလယ်ပိုင်းဒေသမှာ မိုး များလာတယ်။ ဆန်စပါးလည်း အထွက်တိုးလာတယ်လို့ ပြောပါတယ်။ ဆင်ဖြူတွေကို ကျေးဇူးတင်ရမလိုပါပဲ။

ရန်ကုန်မှာ မြန်မာမင်းတွေအကြောင်း ၀ထ္ထုတွေရေးနေတဲ့ အသက် ၇၇ နှစ်အရွယ် စာရေးဆရာနဲ့ တွေ့တော့ “ပြည်သူတွေက စစ်အစိုးရကို ဘယ်လောက်ပဲ မုန်းမုန်း၊ ဆင်ဖြူပေါ်တာကိုတော့ ဘယ်သူမှမငြင်းနိုင်ကြပါဘူး”လို့ ပြောပါတယ်၊ ခြင်္သေ့နဲ့ ဆင်ဖြူကတော့ အစိုးရရဲ့ စိတ် ကြိုက်တိရစ္ဆာန်တွေပဲလို့ စာရေးဆရာက ပြောပါတယ်။

လက်ရှိ အရပ်ဘက်အစိုးရသစ်က ဒီမိုကရေစီအင်အားစုတွေနဲ့ စကားပြောနေပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း စလုပ်နေပုံပါပဲ။ အစိုးရက သူတို့အာဏာပုလ္လင်မြဲနိုင်တယ်ဆိုတာကို စိတ်ချလက်ချရှိတာကြောင့်ပါ။

ဆင်ဖြူတော်တွေကို မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေ ငယ်စဉ်တောင်ကျေးကလေးဘ၀ကတည်းက အကျွမ်းရှိလှတဲ့ ဗုဒ္ဓ၀င် ဇာတက ၀ထ္ထု တွေထဲမှာလည်း တွေ့ရပါတယ်။ ဆင်ဖြူတော်ဆိုတာ အောင်မြင်တဲ့မင်းတွေရဲ့ သင်္ကေတဆိုတဲ့၊ ဒဏ္ဍာရီတွေနဲ့ အရိုးစွဲလာတဲ့ မြန်မာပြည် သူတွေ၊ စစ်အစိုးရခေတ်မှာ ပေါ်ပေါက်လာတဲ့ဆင်ဖြူတွေကို ဘယ်လိုသဘောထားကြမလဲဆိုတာ ကျနော်သိချင်နေမိပါတယ်။


မိုင်နီချီ ရှင်ဘွန်းမှာပါတဲ့ မူရင်းဆောင်းပါးဖြစ်ပါသည်။
.................
Myanmar military used Buddhism to maintain national unity
Takayuki Kasuga (Mainichi Japan)

I arrived in Yangon, Myanmar’s old capital, at night. While aboard a taxi to go to the downtown area, the driver pointed at a pagoda and told me, “That’s Shwedagon Pagoda.” It is a golden structure that Myanmar takes pride in. In front of the pagoda are two statues of guardian lions. Lit up in the darkness, the statues looked far larger than a pair of stone-caved guardian dogs seen on the premises of Shinto shrines in Japan.

Both guardian lions in Myanmar and guardian dogs in Japan originate from the ancient Orient. Lions, the king of all beasts, became a symbol of authorities and guardians. Buddhists also introduced this idea.

Pro-democracy movements surged in Myanmar in 1988, prompting the military regime to replace the portrait of Gen. Aung San with the picture of a statue of a lion. The government apparently attempted to wipe out anything linked to Aung San Suu Kyi and make Buddhism a symbol of the unity of the nation. Approximately 90 percent of the people in the country are Buddhists.

I visited one zoo each in Naypyidaw, the capital of Myanmar, and Yangon, the old capital, to see lions. I had thought that lions at these zoos received special treatment, but found that each had only one. The two lions, which had been a couple, were separated and are now living in small and shabby cages. Lions are definitely not the stars of the zoos.

In Naypyidaw, terrorist bombing attacks occurred one after another several months earlier, leaving some people dead and others injured. The manager of a hotel where I stayed pointed out a market and a residential district where the incidents occurred on a city map, and said, “Ethnic minority militia groups are responsible for the attacks.”

Ethnic Burmese account for about 60 percent of Myanmar’s population, while there are more than 130 ethnic groups in the country. When Myanmar won independence in 1948, some ethnic minority militia groups defied the Myanmar government and demanded independence or self autonomy. Confusion over ethnic minorities’ moves intensified under the then democratic administration. In 1962, military leaders staged a coup on the pretext of the unity of the nation. The military regime had since been in power until it handed over authority to the current civilian administration in March last year.

Myanmar’s armed forces are currently at war with about half of nearly 20 militias that exist in the country. “Myanmar’s military has been preoccupied with its war against domestic forces instead of having been exposed to a threat from overseas,” a diplomatic source says.

Before leaving for Myanmar, Japanese researchers and diplomats told me that 99 percent of the people in Myanmar hated the military regime. I noticed that what they said was not an exaggeration during my trip in the country. The biggest reason is that the military regime sacrificed people’s livelihoods in a desperate attempt to stay in power. A typical example is that it spent a massive amount of money on the relocation of the capital even though Myanmar is one of the most impoverished countries in the world.

Under such a situation, the only view that justified the military regime is that only the military can govern and maintain unity in Myanmar.

The state-run newspaper carried the slogan, “The top priority is the nation’s stability and unity,” on the top of its front page and on half of the back page. The state-owned TV station aired a similar slogan between programs. These campaigns showed that the military regime was desperate to cling to power, but also wanted to justify the leading role that the military was playing in politics.

However, Suu Kyi has never voiced opposition to the unity of the nation. Rather, she has emphasized that the unity of Myanmar should be maintained while supporting diversity throughout the country.

“The confrontation between the regime and pro-democracy forces was just an internal struggle among ethnic Burmese,” says a diplomatic source.

The president of a Yangon-based IT company commented, “Ethnic minorities say, ‘After all, Suu Kyi is Burmese.’ Even if Suu Kyi takes power, the issue of ethnic minorities will still continue to be the largest matter of concern for the country.”
Therefore, Myanmar uses Buddhism as a symbol of the national unity that the country badly needs. As part of such efforts, Myanmar chose to print pictures of lions on banknotes, in which the nation’s intentions are certainly reflected.

White elephants indicate success in governing country.

The stars of the Naypyidaw Zoo that opened three years ago are the white elephants. Ten white elephants are on the loose in a large land lot, which has been developed into a zoo enclosure by taking advantage of its geographical features. They appeared lively.

Why elephants? The manager of the hotel told me about what white elephants mean to Myanmar. Her story reminded me of the picture of a white elephant printed on banknotes with the highest face value, which were issued two years ago.

According to the hotel manager, five white elephants were found in Myanmar one after another since 2000. Two of them are being kept in captivity in front of the pagoda in Naypyidaw, while the three others are in Yangon. I visited the Pagoda to find many visitors, most of whom appeared to be worshippers, surrounding the elephant cage in front of what the manager calls the “sacred east gate where the sun rises.” The elephants are not completely white, but another ordinary elephant was placed in the cage in an apparent attempt to make the white elephants stand out.

Many believe that white elephants are Buddha’s messengers and a sign of good luck for the regime. The Burmese dynasty that ruled Myanmar before being colonized by Britain repeatedly invaded Thailand, which also believed in Theravada Buddhism and worshipped white elephants, and brought home white elephants as the most valuable war bounty.
Although few white elephants had since been found in Myanmar, five suddenly appeared while under the military regime.
“Central Myanmar, which includes Naypyidaw, is a dry area, but has seen much rain in recent years and the harvest of rice has been good,” the hotel manager says as if to emphasize it was thanks to the white elephants.

In Yangon, I visited a 77-year-old novelist who is writing a story about the Burmese dynasty. He says, “Even though the people hated the regime, they can’t deny that white elephants have appeared in the country.”
The writer says not only lions but also white elephants are reassuring animals for the regime.
The new civilian government has begun dialogue with pro-democracy forces and launched reforms apparently because of its confidence that it can stay in power.

White elephants also appear in Jataka, a story of Buddha’s previous lives, which Buddhists in this country read from their childhood.

I cannot help but wonder how people who believe in the myth of white elephants have felt about the appearance of these animals that are a symbol of successful rulers. (By Takayuki Kasuga, Foreign News Department)

(Mainichi Japan) January 20, 2012


ကာတွန်းနေမျိုးအေး - ခရာတွတ်သံ ဘယ်သူထံ
ဧပြီ ၂၄၊ ၂၀၁၂

၈၈ မျိုးဆက်နဲ့ ဗကသ ကျောင်းသား ၁၇ ဦး ဒုလ္လဘရဟန်းခံ

2012-04-24
အကျဉ်းထောင် အသီးသီးမှာ မိမိတို့ ကျခံနေရစဉ်အတွင်း မိဘဆွေမျိုး မောင်နှမတွေ ပင်ပန်းဆင်းရဲခဲ့တာကို သာသနာနဲ့ ပြန်လည် အကျိုးပြုသောအားဖြင့် (၈၈) ကျောင်းသားတချို့နဲ့ ဗကသ ကျောင်းသားတချို့ မနေ့ ညနေက ကြည့်မြင်တိုင်မြို့နယ်၊ နတ်စင်လမ်းမှာရှိတဲ့ သာဓုပရိယတ္တိ စာသင်တိုက်မှာ ရဟန်းခံအလှူပွဲ ပြုလုပ်ခဲ့ပါတယ်။

RFA
၂၀၁၂ ခုနှစ် ဧပြီလ ၂၄ ရက်က ကြည့်မြင်တိုင်မြို့နယ်၊ နတ်စင်လမ်း၊ သာဓုပရိယတ္တိ စာသင်တိုက်တွင် ၈၈ မျိုးဆက် ကျောင်းသားများနှင့် ဗကသ ကျောင်းသားများ ဒုလ္လဘရဟန်းခံ အလှူပွဲ ပြုလုပ်နေစဉ်။
(၈၈) မျိုးဆက်က ကိုဇော်ဇော်မင်း၊ ကိုကိုကြီး(စမ်းချောင်း)၊ ကိုဉာဏ်လင်းတို့ အပါအဝင် (၄) ဦးနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) မှ ကိုဒီငြိမ်းလင်း၊ ကိုရဲမင်းဦး၊ ကိုဇော်ရဲအောင်တို့အပါအဝင် (၁၃) ဦး စုစုပေါင်း (၁၇) ဦး သာသနာ့ဘောင်ဝင်ရောက်တဲ့ အလှူကို မနေ့က ညနေ (၅) နာရီက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီရဟန်းခံပွဲကို ရွှေညဝါဆရာတော် ဦးပညာသီဟ အပါအဝင် ဆရာတော်ကြီးတွေက ဦးဆောင် ပြုလုပ်ပေးခဲ့တာဖြစ်ပြီး သူတို့အခုလို ရဟန်းခံ အလှူပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကိုတော့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဇော်ဇော်မင်း (ခေါ်) ရဟန်းဘွဲ့ အရှင်ဇဝနက အခုလိုမိန့်ပါတယ်။
“ရည်ရွယ်ချက်ကတော့ အကျဉ်းထောင်တွေ အသီးသီးမှာ ကျနေတဲ့အခါမှာတုန်းက မိသားစုတွေပေါ့နော်၊ မိဘတွေ နောက်ဇနီးသည်တွေ ညီအကို မောင်နှမတွေ သူတို့က အရမ်းကိုပင်ပန်းခဲ့တယ်။ နောက် ကိုယ်အပြင်ထွက်လာတဲ့အခါ သူတို့ကို ကိုယ့်ဘက်က ဘာမှလုပ်မပေးနိုင်သေးဘူး။ စီးပွားရေးအရလည်း ဘာမှ ရှာမပေးနိုင်သေးဘူး။ လောလောဆယ် သူတို့ကို လုပ်ပေးနိုင်တာ ဘာသာရေးအရ ကုသိုလ်တစ်ခုပဲရှိတယ်။ အဲဒီကုသိုလ်လေးကို သူတို့တွေ ဝိုင်းပြီးတော့ စုပေါင်းလုပ်တာကို ကိုယ်က ရဟန်းခံပေးပြီးတော့ တရားလေးထိုင်ပေးရုံနဲ့ ကောင်းမှုကုသိုလ် လုပ်ပေးခြင်းအားဖြင့် သူတို့ရဲ့ မေတ္တာစေတနာတွေကို ပြန်ပြီး ဘာသာရေးနဲ့ တုံ့ပြန်ပေးပြီးတော့ ပြန်ပြီးတော့ စေတနာ ပြန်ဖြည့်ပေးတာပေါ့နော်”
ဒီရဟန်းခံပွဲရဲ့ ဒကာ၊ ဒကာမတွေကတော့ မိဘဆွေမျိုး မောင်နှမတွေပဲ ဖြစ်ကြပြီး သံဃာတော်များကတော့ အနည်းဆုံးတစ်ပတ် ရဟန်းခံခြင်းအားဖြင့် ကုသိုလ်ယူမယ်လို့ သိရပါတယ်။
ဒီကနေ့မနက် သိမ်ဆင်းပွဲကိုတော့ NLD နာယက ဦးတင်ဦး၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့အတူ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်း မိသားစုများ အပါအဝင် လူဦးရေ (၃၀၀) ခန့် လာရောက်ခဲ့ပြီး ရွှေညဝါ ဆရာတော်ဘုရားကြီးထံကလည်း တရားနာယူကြတယ်လို့ သိရပါတယ်။

သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုအတွက် တိုင်ကြားသူကို အာဏာပိုင်ဘက်က အရေးယူနေ

2012-04-24
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ ပုဂ္ဂလိက ရွှေရှာဖွေရေး ကုမ္ပဏီနဲ့ ဒေသခံအာဏာပိုင်တွေရဲ့ ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပြီး ဒေသခံတွေ နစ်နာမှုအတွက် တိုင်ကြားသူတွေကို အာဏာပိုင်ဘက်က တန်ပြန် အရေးယူနေတယ်လို့ သတင်းရရှိပါတယ်။
အခုရက်ပိုင်းမှာတော့ ဦးသန်းအေးဆိုသူကို ဖမ်းဆီးချုပ်နှောင်ပြီး ခြေချုပ်ပုဒ်မ (စ) (ဆ) နဲ့ တရားစွဲနေတယ်လို့ လူမှုရေး ဆောင်ရွက်သူ ဒေါ်တင်မာဆွေက RFA ကို ပြောပါတယ်။
ဦးသန်းအေး လွတ်မြောက်ရေးအတွက် မန္တလေးမြို့က ရှေ့နေ ဦးမြင့်သွင်နဲ့အဖွဲ့က ဥပဒေကြောင်းအရ လိုက်လံ ကူညီပေးနေတယ်လို့ သိရပါတယ်။
ရှေ့နေ ဦးမြင့်သွင်နဲ့ ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ပြည်ထောင်စုအဆင့်က ပယ်ဖျက်

2012-04-24
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ပြည်ထောင်စု အဆင့်ကနေ ပယ်ဖျက်ပြီး သမ္မတရုံး ဘတ်ဂျက်နဲ့ လုပ်ငန်းဆောင်ရွက်စေမှာ ဖြစ်ကြောင်း ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် ပထမအကြိမ်၊ တတိယ ပုံမှန်အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။

AFP
၂၀၁၂ ခုနှစ် ဧပြီလ ၂၃ ရက်က နေပြည်တော်တွင် ပြည်ထောင်စု လွှတ်တော် ပထမအကြိမ်၊ တတိယ ပုံမှန်အစည်းအဝေး ကျင်းပနေစဉ်။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော် စည်းဝေးပွဲကို နိုင်ငံတော် သမ္မတက အဆိုပြုချက် ၃ စောင် တင်သွင်းခဲ့တဲ့အထဲမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နဲ့ ပတ်သက်ပြီး အတည်ပြုတာဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်တွေရဲ့ လစာငွေလျော့ချခြင်း၊ အငြိမ်းစားဝန်ထမ်းတွေရဲ့ ပင်စင်လစာ တိုးမြှင့်ပေးခြင်း စတဲ့ ကိစ္စရပ်တွေကိုလည်း နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ အတည်ပြုလိုက်ကြောင်း သိရပါတယ်။
နိုင်ငံတော်ရဲ့ဘတ်ဂျက်နဲ့ စီမံခန့်ခွဲတဲ့ ကိစ္စရပ်တွေကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး အတည်ပြုချက် ရယူရမှာ ဖြစ်ပေမဲ့ အဆိုပါ ကိစ္စရပ်တွေမှာတော့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ ဆုံးဖြတ်တာ ဖြစ်ကြောင်း သိရပါတယ်။
မအေးယုအောင် နေရပ်ရင်းသို့ ပြန်ရောက်ပြီဖြစ် ကြောင်း ပဲခူးတိုင်း ပဲခူးမြို့ ဒုတိယမြို့နယ် တရားသူကြီး၏ ဇနီးက မီးပူဖြင့် လက်ရောက်ကျူးလွန်ပြီးနောက် အမှုမပေါ်ပေါက်စေရန် ထိန်းချုပ်ခြင်းကို ခံထားရသည်ဟု သတင်းထွက်နေသောအသက် ၁၅ နှစ် အရွယ်အိမ်ဖော် မအေးယုအောင် နေရပ်ရင်းသို့ ပြန်ရောက်ပြီဖြစ် ကြောင်း မိခင်ဒေါ်ကြူကြူက ပြောဆိုသည်။

မီးပူနှင့် အကပ်ခံရသည့် မအေးယုအောင် (ဓာတ်ပုံ - Facebook)
ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက်ရှိ တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်က ၎င်းတို့ထံတွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသော မအေးယုအောင်အား မီးပူဖြင့် အရေပြားများ ပျက်စီးသည်အထိ ကျူးလွန်ခဲ့ပြီး တလခန့် မိဘထံ ပြန်မပို့ဘဲ ထိန်းသိမ်းထားပြီးနောက် ဒဏ်ရာများပျောက်ကင်းမှ ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူကပြောသည်။
“မနေ့ညနေပိုင်းက ဦးအောင်ဖုန်းဝင်းကိုယ်တိုင် သမီးကို ကားနဲ့လာပို့သွားတယ်။ ကလေးပြန်ရရှိကြောင်းလည်း လက်မှတ် ပြန်ထိုး ပေးလိုက်တယ်”ဟု ဒေါ်ကြူကြူက ဧရာဝတီသို့ ပြောသည်။
မအေးယုအောင် အိမ်သို့ ပြန်ရောက်လာသော်လည်း အမှုဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင် ဦးအောင်ဖုန်းဝင်းနှင့် ဒေါ်ဖြူဝင်းသက် တို့၏ နောက်ကွယ်မှ ထိန်းချုပ် ခြိမ်းခြောက်ထားခြင်းကို ခံထားရကြောင်းနှင့် စိတ်ကျမ်းမာရေးချို့ယွင်းမှုဖြစ်ပေါ်နေကြောင်း မိခင်ဖြစ် သူ ဒေါ်ကြူကြူက စွပ်စွဲ ပြောဆိုသည်။
“ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီး သမီးက မပြောပြချင်ဘူး။ ညရောက်မှ ချော့မေးကြည့်တော့မှ ဒေါ်ဖြူဝင်းသက်က သူမီးပူနဲ့ ကပ်တဲ့ ကိစ္စကို သူတို့မိသားစု တခုလုံး ဒုက္ခရောက်သွားမှာဖြစ်တဲ့အတွက် မပြောပါနဲ့ ဆိုပြီး သမီးဆီက ကတိတောင်းတယ် ပြောတယ်။ နောက် ဘုရားမှာ သစ္စာရေသောက်ပြီး ကျိန်ခိုင်းတယ်တဲ့။ ဒီဘဝတင် မကဘူး နောက်ဘဝထိပါ မပြောပါဘူး။ ပြောရင် ကျမတို့ မိသားစုလည်း ဒုက္ခရောက်ရပါစေဆိုပြီးတော့”ဟု ဒေါ်ကြူကြူက သမီးဖြစ်သူ ပြောပြချက်များကို ကိုးကား ပြောဆိုသည်။


မအေးယုအောင်သည် အိမ်တွင် စားဝတ်နေရေး အဆင်မပြေမှုကြောင့် ၈ တန်းကျောင်းသူဘဝမှ ကျောင်းထွက်ကာ ပဲခူးမြို့ပေါ်ရှိ ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူဝင်းသက် တို့အိမ်တွင် အိမ်ဖော်အဖြစ် ၂၀၁၁ ဇူလိုင်လက စတင်လုပ်ကိုင်ခဲ့ပြီး ယခုနှစ် မတ်လ ၂၅ ရက် နေ့တွင် အိမ်ရှင် ဒေါ်ဖြူဝင်းသက်၏ မီးပူဖြင့် လက်ရောက်ကျူးလွန်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
မီးပူနှင့် ကပ်ခံထားရသော ဒဏ်ရာများ ပျောက်ကင်းပြီဖြစ်သော်လည်း မအေးယုအောင်ကို လာမည့် ကြာသပတေးနေ့၌ ပဲခူးမြို့ပေါ်ရှိ ဆေးရုံတွင် သွားရောက် ဆေးစစ်ခံယူမည်ဖြစ်ကြောင်း ဒေါ်ကြူကြူက ပြောပြသည်။
“ကလေးက တအားကြောက်နေတယ်။ စိတ်တွေကလည်း မူမမှန်ဘူး။ အာတွေလျှာတွေလည်းလေးနေတယ်။ သူတို့ စိတ်အာရုံ ထိခိုက်စေတဲ့ဆေးတွေများ တိုက်ကျွေးထားလားလို့ သံသယဝင်နေတယ်။ ကျမကလေးက ဒီပုံစံမဟုတ်ဘူး။ ဒါကြောင့် သူ့ကို ချော့မော့ပြီး သန်ဘက်ခါ ကြရင် ပဲခူးဆေးရုံမှာ ဆေးသွားစစ်မလို့”ဟု သူကပြောသည်။
မအေးယုအောင်အား ကျန်းမာရေးစစ်ဆေး၍ သက်သာလာသည်အထိ စောင့်ဆိုင်းပြီး အမှုနှင့် သက်ဆိုင်သူများကို ပဲခူးမြို့ပေါ်ရှိ လမ်းပြကြယ်အဖွဲ့၏ အကူညီရယူကာ တရားစွဲဆိုသွားရန် စီစဉ်ထားကြောင်းလည်း ဒေါ်ကြူကြူက ဆက်ပြောသည်။
လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်ကလည်း မအေးယုအောင် ကျန်းမာရေးကောင်သည်နှင့် မီးပူဖြင့် လက်ရောက် ကျူးလွန် ခဲ့သူ ဒေါ်ဖြူဝင်းသက်၊ အမှုဖျောက်ရန်ကြိုးစားအားထုတ်သူ ဦးအောင်ဖုန်းဝင်း၊ အမှုတိုင်တန်းမှုကို ရှောင်လွှဲကာ ထိန်ချန်မှုဖြင့် နယ်မြေခံ အမှတ် (၃) ရဲစခန်းမှူး ဦးသိန်းဦး တို့အား တရားစွဲဆိုသွားရန် ခိုင်လုံသော အထောက်အထားများ စုဆောင်း ထားကြောင်း ပြောဆိုသည်။
“ဒီအမှုက ကျိန်းသေထင်ရှားတာပေါ့၊ မြန်မာလူမျိုးတွေက မိဘတွေကို မေတ္တာတရားနဲ့လာတောင်းပန်ရင် လက်ခံနိုင်သေးတယ်။ အခုဟာက ရာထူးဂုဏ်နဲ့ မောက်မာစော်ကားလို့ သူ့အမေက တရားစွဲမှာ”ဟု ရှေ့နေဟောင်း တဦးလည်းဖြစ်သူ ဦးအေးမြင့်က ပြော သည်။
ဦးအောင်ဖုန်းဝင်းနှင့် ဒေါ်ဖြူဝင်းသက် ကို တရားစွဲဆိုသွားမည်ဖြစ်သကဲ့သို့ ရဲစခန်းမှူး ဦးသိန်းဦးကိုလည်း ရဲတရားရုံးကို တိုင်ကြား သွားမည်ဖြစ်သည်ဟု ဆိုသည်။
မအေးယုအောင်သည် မီးပူထိထားသော ဒဏ်ရာများဖြင့် ရက်ပိုင်းတွင်း ဈေးဝယ်ထွက်ရာတွင် ဈေးသည်များက မေးမြန်းစုံစမ်းရာမှ အိမ်ရှင် ဒေါ်ဖြူဝင်းသက်က လက်ရောက်ကျူးလွန်ထားကြောင်း ဝန်ခံပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားမှုအား ပဲခူးမြို့ လူမှုကူညီရေး အသင်းက မှတ်တမ်းတင် ရုပ်သံ ရိုက်ကူးထားသည်။
အဆိုပါ ရုပ်သံဖိုင်တွင် မအေးယုအောင် က“မီးပူ ပြန်တိုက်တော့ နည်းနည်းအိပ်ငိုက်သွားတယ်။ ငိုက်သွားတော့ သမီး မျက်နှာသစ်ပြီးပြန်တိုက်တယ်။ တိုက်တော့ ဒီအချိန်ထိ နှစ်ထည်ပဲ ပြီးသေးလား။ ကြာတယ် တဲ့။ မီတာခ တက်တယ်ဆိုပြီးတော့ သူ့ဘာသာသူ ယူတိုက်တယ်။ စိတ်မရှည်တော့ ယူတိုက်ပြီးတော့ သမီးကို မီးပူယူပြီးတော့ ကပ်တယ်”ဟု ပြောဆိုသည်။
အဆိုပါ ရုပ်သံမှတ်တမ်းမှာ အင်တာနက် လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် ပျံ့နှံ့လာပြီးနောက် နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်(နရခ)က ပဲခူးတိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ကို ကွင်းဆင်း စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သော်လည်း ထိရောက်သည့် အရေးယူမှု မရှိသေးပေ။ ထို့အတူ ဧရာဝတီက စုံစမ်းမေးမြန်းခြင်းကိုလည်း ပြန်လည် ဖြေကြား ခြင်းမပြုတော့ပေ။
ယင်း အမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ဦးအောင်ဖုန်းဝင်းကို ဧရာဝတီက မေးမြန်းသော်လည်း အသေးစိပ် ပြန်လည်ဖြေကြားရန် ငြင်း ဆိုသည်။
သို့သော် ဦးအောင်ဖုန်းဝင်းက မအေးယုအောင် မိဘများနှင့် လမ်းပြကြယ်အဖွဲ့ဘက်မှ စွပ်စွဲပြောဆိုထားမှုများနှင့် ပတ်သက်၍ ၎င်း အနေနှင့် မသိရှိကြောင်း၊ ကာယကံရှင် မအေးယုအောင်ကို မိဘရင်းလက်သို့ အပ်နှံပေးထားလိုက်ပြီဖြစ်ကြောင်း ပြောသည်။
“ကျနော်ကတော့ ကျနော်လုပ်သင့်လုပ်ထိုက်တဲ့ဥစ္စာ၊ လူကြီးလူကောင်းတစ်ယောက်အနေနဲ့ ပြန်အပ်လိုက်တာပဲ ရှိပါတယ်။ ကျန် တဲ့ ကိစ္စကတော့ ဘာမှမသိဘူးဗျ”ဟု ဦးအောင်ဖုန်းဝင်း က ပြောဆိုသည်။
ဆက်စပ်သတင်းများ









No comments: