Saturday, April 21, 2012

ယနေ့ မြန် မာ့နိုင်ငံရေး (မီးများလောင်နေတာလား)

မီးများလောင်နေတာလား

 

မတူညီသော၊ ကွဲပြာသောအမြင်များကို လက်လှမ်းမှိသလောက်စုစည်းတင်ပြမှုတခုသာဖြစ်ပါသည်။

ကိုယ်ပိုင်ဥာဏ်ဖြင့်ဆင်ခြင်ကြပါကုန်။

လေးစားစွာဖြင့်

Blogger

 

 

“လေးစားလိုက်နာ”လို့ ပြင်မပေးရင် ဘာဆက်လုပ်မှာလဲ

“လေးစားလိုက်နာ”လို့ ပြင်မပေးရင် ဘာဆက်လုပ်မှာလဲ
တူမောင်ညို။ ဧပြီ ၂၁၊ ၂၀၁၂
           “လေးစားလိုက်နာ” လို့ ပြင်မပေးရင် လွှတ်တော်ထဲ မဝင်သေးဘူးဆိုတဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်ခဲ့ပြီ။ 
           “ဘာမဟုတ်တဲ့ စကားလုံး၊ စကားစုလေး” ကို ကပ်နေတယ်၊ ရမယ်ရှာနေတယ် တဲ့။
“ဘာမဟုတ်တဲ့ကားလေး၊စကားစုလေး”ကိုဘာကြောင့်လွယ်လွယ်ကူကူ၊ကြည်ကြည်သာသာ၊ ပြင် မပေးချင်ရတာလဲ/ ဘာကြောင့်ပြင်မပေးနိုင်ရတာလဲ ဆိုတဲ့ မေးခွန်းကိုဘယ်လိုဖြေကြ မလဲ။
 ပုဒ်မ။  ၆ (စ)  “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး “ဦးဆောင်မှု” အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်”
အထက်ပါစာပိုဒ်ထဲက “ဦးဆောင်မှု” ဆိုတဲ့စကားလုံး က ဘာမဟုတ်တဲ့ စကားလုံး လား။ အဲဒီ စကားလုံးပြင်ပေးပါလို့တောင်းဆိုလာရင်အဆိုပြုလာရင်ဘာမဟုတ်တဲ့စကားလုံးပဲဆိုပြီးအလွယ်တ ကူပြင်ပေးနိုင်ပ့ါမလား။ 
“နိုင်ငံရေးအရေးအကျဉ်းသား”၊“ယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရသူ” ဆိုတာတွေကို ဦးသိန်းစိန် အစိုးရက လက်မခံတာ ဟာ ဘာမဟုတ်တဲ့ စကားလုံး၊ စကားစုတွေမို့လား။
စကားကပ်ပြီးသက်သက်မဲ့ငြင်းခုန်နေတာလား။
မတူတာတွေဆိုပြီး ဘေးဖယ်ထားရ မှာလား။ 
-----------------------------------------------------------------------------------------
ယခုကိစ္စသည်စကားလုံးသက်သက်ကိုအငြင်းပွားနေခြင်းမဟုတ် ပါ။အဲဒီစကားလုံးကဖေါ်ပြနေတဲ့နိုင်ငံရေးပြဿနာကိုပြောနေကြရတာဖြစ် ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲကာလဟောပြောချက်မှာဖေါ်ပြခဲ့တဲ့ NLDပါတီရဲ့ထိပ်တန်းတာဝန်၃ရပ်(တရားဥပဒေစိုးမိုးရေး၊ပြည်တွင်းငြိမ်း ချမ်းရေးနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး)နဲ့ထဲထဲဝင်ဝင်ဆက်နွယ် ပတ်သတ်နေတဲ့ကိစ္စလည်းဖြစ်ပါတယ်။
------------------------------------------------------------------------------------------ 
“စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” ဆိုတဲ့စကားရပ်ထဲက “စည်းကမ်းပြည့်ဝသော” ဆို တဲ့   စကားလုံးနဲ့စကားရပ်က ဘာမဟုတ်တဲ့စကားလုံးကို ကပ်သီးကပ်သပ်အပိုထည့်ထားတာလား။
ဥပဒေဆိုတာကိုလူတွေကစကားလုံးတွေစကားစုတွေကို သဒ္ဒါသတ်ပုံနည်းကျစွာနဲ့ရေးသား ထားတာ ပဲ။လူတွေရေးထားတာကိုလူတွေကပြင်ပေးဖို့ဖြည့်စွက်ဖို့တောင်းဆိုတာဟာဘာမှပြဿနာမရှိပါ ဘူး။   ဆွေးနွေးငြင်းခုန်တယ်ဆိုတာ စကားလုံးကို မသုံးဘဲ၊ အမူ အယာနဲ့ငြင်းခုန်ကြရမှာလား။
ကျနော်မြင်တာတော့ စကားလုံး၊ စကားစုတွေထက် ပိုအရေးကြီးတာက ပြင်ဆင်ပေးလိုတဲ့ဆန္ဒနဲ့ သဘောထားရှိ/မရှိ ဆိုတဲ့ အချက်က ပိုပြီးအရေးကြီးပါတယ်။
အဓိကတော့ Political will ရှိ/မရှိ ဆိုတဲ့အချက်က အခရာကျပါ။ အဆုံးအဖြတ်ဖြစ်ပါတယ်။
အဆုံးအဖြတ်ကပြည်ထောင်စုလွှတ်တော်(ပြည်သူ့လွှတ်တော်+အမျိုးသားလွှတ်တော်)ထဲမှာအများ စုဖြစ်တဲ့ ကြံ့ဖွံ့ပါတီ (USDP) က လွှတ်တော်အမတ်များနဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင် လှိုင် ရဲ့ (၁၆၆)ဦးသော စစ်သားအမတ်တွေ အပေါ်မှာ မူတည် နေပါတယ်။ သူတို့တတွေ မှာ ပြင် ဆင်ပေးလိုတဲ့ ဆန္ဒနဲ့သဘောထားမရှိ ရင် ပြင်ဆင်ပေးရေးတောင်း ဆိုချက် လက်တွေ့ ဖြစ်မလာ နိုင်ပါဘူး။ 
ဒေါက်တာအေးမောင်(RNDP-ပါတီဥက္ကဋ္ဌ)ကဲ့သို့ “ပြင်ဆင်ပေးဖို့ကျနော်တို့ လွှတ်တော်မှာ တာဝန်ရှိ တယ်” ဆိုတဲ့ ဆန္ဒသဘော ထားမှန်သူတွေ လွှတ်တော်ထဲမှာ အများစုဖြစ်နေမယ်ဆို ရင် ပြင်ဆင်ရေး ဟာ လက်တွေ့ဖြစ်မြောက်လာနိုင်ပြီး၊ ဦးသန်းမောင် (ပြည်သူ့ လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့ လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်)ကဲ့သို့“ဘာမဟုတ်တဲ့အငြင်းပွားမှု”လို့ကြည့်မြင်ပြီးပေါ့ပေါ့တန်တန် သဘောထားရှိသူတွေသာအများစုဖြစ်နေရင်တော့ပြင်ဆင်ရေးဟာလက်တွေ့ ဖြစ်မြောက် မလာနိုင်ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး  (NLD)ပါတီကို ဝန်းရံကြမယ်ဆိုတဲ့ (ပြည်တွင်း/ပြည်ပ) လွှတ်တော်ပြင်ပအင် အားစုတွေရဲ့အသံသိပ် မကြားရတာလည်း ထူးခြားတယ်။
ယခုကိစ္စသည် စကားလုံးသက်သက်ကို အငြင်းပွားနေခြင်းမဟုတ်ပါ။ အဲဒီစကားလုံး ကဖေါ်ပြနေ တဲ့ နိုင်ငံရေးပြဿနာကို ပြော နေကြရတာဖြစ်ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲကာလဟောပြောချက်မှာဖေါ်ပြခဲ့တဲ့ NLDပါတီရဲ့ထိပ်တန်းတာဝန်၃ရပ်(တရားဥပဒေစိုးမိုးရေး၊ပြည်တွင်းငြိမ်းချမ်းရေးနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး )နဲ့ထဲထဲဝင်ဝင်ဆက်နွှယ် ပတ်သတ်နေ တဲ့ကိစ္စ လည်းဖြစ် ပါတယ်။ အခုနောက်ထပ်ခြေလှမ်း ကတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ထံ (NLD) ပါတီ က စာရေးတင်ပြမယ်လို့ဆိုပါ တယ်။
ဖြစ်စဉ်တွေကိုအခုလိုစီပြီး ကြည့်တော့ –
၁၁ ဧပြီမှာ (NLD) ဥက္ကဋ္ဌ ၊ နေပြည်တော်သွားပါတယ်။ သမ္မတနဲ့ ဒုတိယအကြိမ်တွေ့ပါတယ်။
သတိပြုမိတဲ့အချက်က ပထမတစ်ကြိမ်(၁၉ သြဂုတ်၂၀၁၁) တွေ့ဆုံစဉ်ကလို ဥက္ကဋ္ဌနဲ့ သမ္မ တ တွေ့ဆုံတဲ့သတင်းဓါတ်ပုံနဲ့သတင်း လည်း အစိုးရသတင်းစာတွေမှာဖေါ်ပြတာမတွေ့မိပါဘူး။
၁၄ဧပြီမှာ (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း နေပြည်တော်သွားပြီး သမ္မတ ထံ “အကြံပြု စာ ” တင်ပါတယ်။
၁၉ဧပြီမှာနေပြည်တော်ဖွဲ့စည်းပုံခုံရုံးကဖိတ်လို့ဆိုပြီးဦးဉာဏ်ဝင်းနေပြည်တော်သွားပါတယ်။  နေပြည်တော်
ခုံရုံးက လက်ချာ ရိုက်လွှတ်လိုက်တဲ့ပုံပါပဲ။
၂၃ ဧပြီ သတင်းစာရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်း အခုလိုရင်ဖွင့်ပါတယ်။
“ — သဘောမတူတဲ့ အချက်တွေ ရှိပါတယ်။ သဘောမတူတဲ့အချက်တွေကို ပြောပါလားဆိုရင် ကျွန်တော်တို့ကအမှုတစ်ခုကြားနာနေတာမဟုတ်ဘူး။အမှုတစ်ခုဆိုရင်တော့ ကျွန်တော်ရှေ့နေပါ။ လျှောက် လဲချက်ကို ဆယ်ခါမက ပေးနိုင်တယ်။ ပေးတတ်တယ်”လို့ ပြောပါတယ်။
ဖြစ်စဉ်အပေါ် အကြမ်းဖျင်း ခြုံငုံသုံးသပ်ရရင် သမ္မတထံအကြံပြုစာတင်တယ်။ သမ္မတ မတတ်နိုင် ဘူးဆိုတဲ့ အချက် ပေါ်လွင်ပါ တယ်။
သမ္မတက “လွတ်ငြိမ်းချမ်းသာခွင့်”ပေးနိုင်တဲ့သမ္မတမဟုတ်ဘူး။ “လွှတ်ငြိမ်းသက်သာခွင့်” လောက် သာပေးနိုင်တဲ့ သမ္မတဖြစ် ပါတယ်။ အခုကိစ္စက ဖွဲ့စည်းပုံဆိုင်ရာခုံရုံးနဲ့ပြည်ထောင်စုလွှတ်တော် တို့က အရေးပိုင်တဲ့ကိစ္စဖြစ်ပါတယ်။
ခုံရုံးကခေါ်လို့သွားရတယ်၊ခုံရုံးက“ရှင်းပြ”(လက်ချာပေး) တာတွေနားထောင်ခဲ့တယ်။ ရှင်းပြချက်တွေ ထဲမှာသဘောမတူတာ တွေရှိတယ်။ ဒါကြောင့် နောက်ထပ်ကြိုးစားမှုအဖြစ် ပြည်သူ့လွှတ်တော်နဲ့အမျိုးသား လွှတ်တော်ထံ(NLD)ပါတီက စာရေးတင်ပြတာဖြစ် ပါလိမ့်မယ်။ အကယ်၍ ပြည်သူ့လွှတ်တော်နဲ့ အမျိုး သား လွှတ်တော်ဥက္ကဋ္ဌတွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ခေါ်ပြီး ရှင်းပြသလို “ရှင်းပြ” (လက် ချာထပ်ပေး) နေရင် (NLD)ပါတီ ဘာဆက်လုပ်မလဲ။
ညွန်း
-       (ဧပြီ ၁၁ မှ ၂၁ အထိ )ပြည်တွင်း/ပြည်ပ မီဒီယာသတင်းများ
-      Photo from : Time – Picurte of Thein Sein from Time’s The 100 Most Influential People in the World
မိုးမခ မှကူးယူဖော်ပြသည်။ 
   ဒုတိယအကြိမ်မြောက် အမျိုးသားညီလာခံကို အိပ်မက်မက်ခြင်းမျိုးနဲ့ 
     စင်စစ်အားဖြင့် -၂၀၁၂-ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိ

ု ပြင်ဆင်ရန်လိုအပ်သည်ဟု ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်ရောက်ယှဉ်ပြိုင်ခြင်းနှင့်ပင် ကမ္ဘာသိဖြစ်သွားတော့သည်။ ရွေးကောက်ပွဲပြုလုပ်ပေးသူ သမတဦးသိန်းစိန် အစိုးရ၏ နိုင်ငံရေးအမြတ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အပါအ၀င် အခြားကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသော ပါတီများ၏ နိုင်ငံရေးအမြတ်ကို တွက်ချက်ကြည့်ဖြစ်သည် ။ မဲဆွယ်စည်းရုံးစဉ်က ကြေငြာခဲ့ သည့်အတိုင်း ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပေးမည်လား ဆိုသည်ကို မကြုံဆုံရမှီမှာပင် ပြသနာက စိန်ခေါ်ထားပြီးပြီ ။ ယင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များမှာ ကျမ်းသစ္စာကျိန်ဆိုရသည့်အခါ -၂၀၀၈-၏ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေံဥပဒေကို ကာကွယ်စောင့်ရှောက်လေးစားလိုက်နာပါမည် ဆိုသော စကားရပ်ကို ပြင်ဆင်ပေးပါရန်ဆိုသောအချက်က ပြသနာတပါးဖြစ်နေပြီ ။ တိတိကျကျ ပြောရလျှင် ယင်းစကားရပ်တလုံးကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီးနောက် ရွေးကောက်ပွဲဝင်မည်ဟု ဆုံးဖြတ်ချက် ပြုလုပ်သောအခါ စီစစ်ကြည့်ခဲ့ ရမည်ဖြစ်သည် ။ ခုတော့ ယင်းစကားတလုံးကပင် စိန်ခေါ်နေသည်လားမပြောတတ်တော့ ။။
           အကယ်၍ ယင်းကျမ်းသစ္စာစကားရပ်ကို ဘာမျှမပြင်ဆင်နိုင်ဟု ဆိုလျှင် လွှတ်တော်ထဲကို ၀င်ရောက်မသွားပါဟုဆိုက ပြည်သူလူထုများ၏ မဲဆန္ဒကို တလေးတစား ပြန်လည်စောင်းငဲ့ကြည့်စရာဖြစ်လာသည်။ ယင်းစကားရပ်မှာ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အသက်သွေးကြောလားဆိုသည်ကို စဉ်းစားရန်လိုနေသည်ဟု ထင်သည် ။ ယင်းအပိုဒ်ထက် ကြီးကျယ်သော ဥပဒေအချက်အလက်များ ပြင်ဆင်စရာမရှိပေဘူးလားဆိုသည်ကို ကြည့်ရန်လိုနေသေးသည် ။ တစ်ကစ၍ မကြည့်ခဲ့ သောကြောင့် ရွေးကောက်ပွဲအနိုင်ရသည်နှင့် ဤကျမ်းသစ္စာစကားရပ်ကို အသေဆုပ်ကိုင်မည်ဟု ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ်စဉ်က ပြောဆိုကြေညာခဲ့ သည်များ ရှိလျှင် ဘာမျှ မပြောသာလိုတော့ ။
         အဓိကအားဖြင့် လွှတ်တော်ထဲကို ရောက်ရှိရေးအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ခဲြ့ပီးနောက် လွှတ်တော်ကို ၀င်ရောက်သွားရုံမှအပ အခြားမရှိတော့ဟု မြင်သည် ။ သာမန်အရပ်သားစကားအတိုင်း ပြောရလျှင် သူ့ ဆန်စား ရဲပေးရန်သာ ရှိတော့သည်။  နောက်တချက်မှာ လွှတ်တော်အတွင်း တပ်မတော်ကိုယ်စားလှယ်တွေက ပြည်သူလူထုတွေက မဲတပြားမှ မပေးခဲ့ ရဘဲ လွှတ်တော်ကုလားထိုင်များတွင် အခန့် သားနှင့် ထိုင်နေသည်ကိုလည်း သိရှိထားပြီးသူများဖြစ်ရာ ယင်းတပ်မတော်ကိုယ်စားလှယ်တွေနှင့် အတူတူ လက်တွဲ လုပ်ဆောင်ရမည်လား သို့ မဟုတ် သူတို့ အား ဥပဒေကို ပြင်ဆင်ပြီး မောင်းထုတ်ရမည်လား ဆိုသည်ကလည်း ရှိနေသေးသည် ။ အနည်းဆုံးအားဖြင့်တော့ လွှတ်တော်ညီလာခံဆိုသည်မှာ ပြည်သူလူထုများက အသည်းကြားမှ မဲတပြားနှင့်ရွေးချယ်ခန့် အပ်သူများသာဖြစ်ရာ မည်သို့ ပင်ဆိုစေ ယင်းစစ်တပ်လွှတ်တော်ကိုယ်စားလှယ်တွေကိုမူ လွှတ်တော်အတွင်း လက်မခံသင့်။ အခြားဥပဒေများကို ပြင်ဆင်ပေးရန် ဆိုသည်ထက် နိုင်ငံတကာ ရွေးကောက်ပွဲ ဥပဒေများနှင့် အမြီးအမောက် မတည့်သော ၄င်းစစ်တပ်ကိုယ်စားလှယ်များနှင့်တော့ တန်းတူမထိုင်သင့်ဟု နားလည်သည်။
             ယေဘူယျသုံးသပ်ကြည့်လျှင် ကျမ်းသစ္စာကျိန်ဆိုခြင်း၌ စကားရပ်များကို ဖယ်ရှားရေးနှင့် လွှတ်တော်အတွင်း စစ်တပ်ကိုယ်စားလှယ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွက် စိန်ခေါ်နေသော ပြသနာကြီးတရပ်ဖြစ်သည် ။ အခြားသော ဥပဒေပြင်ဆင်ချက်များမှာ တင်ပြခြင်းနှင့် ဆုံးဖြတ်ခြင်းများဖြင့် ခရီးဆက်သွားကြမည်သာဖြစ်ရာ ယင်းပြသနာတွေမှာ ရှည်လျှားထွေပြားနေမည်သာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါးနပ်မှူများနှင့် နိုင်ငံတကာအစိုးရ၏ နိုင်ငံရေးကစားကွက်မှာ လွှတ်တော်အတွင်း တိုက်ပွဲကစမည်ဖြစ်သည်။ ၂၀၀၈- ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေများကို လက်မခံပါဟု တချိန်က ကြေညာခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ယင်းဥပဒေများကို ပြင်ဆင်ရန် လွှတ်တော်အတွင်းသို့  ၀င်သွားမည်ဖြစ်နေသည် ။
           တချိန်တည်းမှာပင် -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စာ်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်မခံနိုင်ဟု တွင်တွင် ငြင်းဆိုဖယ်ရှားနေခဲ့ ကြသော ပြည်ပရောက် အင်အားစုများမှာမူ လွှတ်တော်ပြင်ပနိုင်ငံရေးစင်မြင့် တခုကို ဖန်တီးကာ ဥပဒေကိုပြင်ဆင်ရေးအတွက် တမျိုးသားလုံးဆိုင်ရာညီလာခံင်္ကြီးအား ခေါ်ယူလိုသည်ဟု မနေ့ က ကြေညာချက်ထုတ်ပြန်သည်ကို ကြားရသည်။ UNFC- ဟုခေါ်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီမှ ယခုလိုပြည်ထောင်စုအစိုးရအပါအ၀င် တမျိုးသားလုံးဆိုင်ရာညီလာခံကြီးအား ခေါ်လိုကြောင်း ထုတ်ဖေါ်ခြင်းဖြစ်သည်ဟု ဆိုသည်။  ယခုအခါ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီမှာ ပြည်ထောင်စုအစိုးရအပါအ၀င် တမျိုးသားလုံး ညီလာခံကို ကျင်းပလိုသည်ဟု ကြေညာလိုက်ရာ ဤအကြောင်းအရာကို တွေးတောမိလာသည် ။
      ဤအဖွဲ့ ၏ တချို့ အဖွဲ့ ဝင်များမှာ သမတဦးသိန်းစိန်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ထားရာ တမျိုးသားလုံးဆိုင်ရာ ညီလာခံမှာ ဖြစ်နိုင်စရာအကြောင်းမရှိဟုမြင်မည်မှာသေချာသည်။ ဤကြေညာချက်ကို သမတဦးသိန်းစိန်သာ ကြားပြီဆိုသည်နှင့် လက်ခုပ်လက်ဝါးတီးကာ အထူးကြေနပ်နှစ်သိမ့်မိမည်မှာ သေချာလွန်းလှပါသည် ။ အဘယ့်ကြောင့်ဆိုသော် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်သောအခါ နိုင်ငံတကာအစိုးရများက ယင်းအချက်ကို စောင့်ကြည့်နေခဲ့ ကြပါသည်။ တဖက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဝင်များက မှီရာကားဖြင့်သွားကြပြီးဖြစ်ရာ ကြားကဆွဲထားသူများပင် လက်မောင် ပြုတ်ကျန်ရစ်ခဲ့ ကြသေးသည် ။ သူ့ မခေါ်ရကောင်းလားဆိုသောအသံများကိုလည်း စိတ်ဆိုးမန်ဆိုး ပြောဆိုသံများကိုလည်း ကြားရသေးသည်။ အပြေးအလွှားဝင်ရောက်သွားသူများကလည်း လေဆိပ်မှာပင် ကြိုဆိုသူမရှိသော်လည်း သွားလိုက်ကြသည်မှာ ကြည့်ရက်စရာမရှိ ။ အပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ ပြီးသော ကချင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ မှာမူ ခုအချိန်တွင် ပြန်လည် တိုက်ခိုက်နေရပြီဖြစ်သည် ။
        ယခုညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီမှ တမျိုးသားလုံးညီလာခံ ခေါ်ယူလုပ်ပေးရန် သမတဦးသိန်းစိန်အစိုးရကို တိုက်တွန်းသောအခါ ယခုအခေါက်မှာမူ ကြိုဆိုမည့်သူများ တပုံတပင် ရှိကြတော့မည်ဖြစ်သည် ။ တမျိုးသားလုံး ညီလာခံ၏ မဟာဗျူဟာမှာ -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးအတွက် လွှတ်တော်ပြင်ပက ကြိုးပမ်းလို၍ ဖြစ်သည်ဟု ဆိုသည်။ အခြားတဖက်မှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အတွင်းက ပြင်ဆင်ရန်အတွက် လွှတ်တော်အတွင်း ၀င်ရောက်သွားခြင်းဖြစ်ရာ မည်သည့်နည်းနှင့်နှင့်မျှ သဟဇါတ ဖြစ်ကြမည်ကို မမြင်မိပေ။ ယုံကြည်ချက်များအတိုင်း နိုင်ငံရေးကို ဆောင်ရွက်နေကြသူများဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်မှာ လွှတ်တော်အတွင်း ၀င်ရောက်လှုပ်ရှားခြင်းကို လက်ခံသွားပြီဖြစ်၍ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်အပေါ် အထောက်အကူပြုမည့် အချက်ဆိုသည်မှာ မည်သို့ မျှ မဖြစ်နိုင်ချေ ။ အကယ်၍ ပိုမိုအထောက်အကူ ဖြစ်လိုလှပါသည်ဟုဆိုလျှင် ဒေါ်စုနှင့်အတူ လွှတ်တော်ထဲကို ၀င်သွားရုံသာ လိုသည်။
              မြန်မာနိုင်ငံ၏ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေများမှာ မည်သည့်အခါမှ လွှတ်တော်ပြင်ပက အတည် ပြုလုပ်ခဲ့ သည်များကို နိုင်ငံရေးသမိုင်းထဲတွင် မတွေ့ ဖူး ။ -၁၉၄၇-ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းတို့ ပြုလုပ်ရေးဆွဲခဲ့ သော နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပေဒကို မြန်မာနိုင်ငံလွပ်လွပ်ရေးရလာသောအချိန် အတည်ပြု ပေးသည်မှာ တိုင်းပြုပြည်ပြု လွှတ်တော်ညီလာခံသာဖြစ်သည် ။ တော်လှန်ရေးကောင်စိလက်ထက် ဗိုလ်ချုပ်ကြီးနေ၀င်းက -၁၉၇၄-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုပေးသည်မှာလည်း လွှတ်တော်မှသာဖြစ်သည် ။ ၂၀၁၂-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာလည်း လွှတ်တော်မှသာ အတည်ပြု ခြင်းဖြစ်သည်  ။ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံတခုကို ရေးဆွဲပြီး ပြည်သူလူထုက ယင်းဥပဒေကို မဲပေးရွေးချယ်ရန် ရွေးကောက်ပွဲ ပြုလုပ်လျှင်မူ  ညီလာခံတခုကို ပြုလုပ်လိုက ပြုလုပ်နိုင်သည် ။၂၀၀၈-ခုနှစ် -နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံသည် ညောင်နှစ်ပင်ဟုခေါ်သော အမျိုးသားညီလာခံကို -၁၉၉၃-ခုနှစ်က စတင်ကျင်းပပြီး အကောင်အထည် ဖေါ်နေခဲ့ခြင်းဖြစ်သည် ။
           ယခုလည်း လွှတ်တော်ပြင်ပက နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံကို ပြန်လည် အသစ်ရေးဆွဲလိုသည်ဟုဆိုလျင် ဒုတိယအကြိမ်မြောက် အမျိုးသားညီလာခံ ကို ကျင်းပရန်သာဖြစ်နေသည် ။ ဤအချက်ကို သမတဦးသိန်းစိန် အစိုးရမှ မည်သို့ မျှ လက်ခံမည်မဟုတ်ချေ ။ သူတို့ ၏ သက်ဆိုးရှည်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိတိကျကျ လုပ်ထားပြီးဖြစ်ရာ ကာကွယ်ရေးစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တသွေမတိမ်းလိုက်နာမည်မှာ ပြောစရာ မလို ။ ကုန်ခဲ့သော တပ်မတော်နေ့ က မင်းအောင်လှိုင် မိန့် ခွန်းမှာ ထင်ထင်ရှားရှား ပြောဆိုထားပြီးဖြစ်သည်။
      ဆိုရလျှင် ကြားဖြတ်ရွေးကောက်ပွဲပြီးဆုံးသွားပြီးနောက် နိုင်ငံရေးအမြတ်ရရှိသွားသူမှာ သမတဦးသိန်းစိန်ထက် မည်သူမျှ ပိုမရ ။ ယုတ်စွအဆုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်ပင် ဦးသိန်းစိန် နာမည်ကောင်းလေ သူ့ ခမြာနာမည်ဆိုးနှင့် ကျော်ကြားလေဖြစ်နေတုံး ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲရောက်အောင် ဖိတ်ခေါ်နိုင်ခဲ့ သော သမတ ဦးသိန်းစိန်၏ လုပ်ရပ်ကြောင့် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးရေးဝန်ကြီး မစ္စကလင်တန်က လူထုခေါင်းဆောင်မှ လွှတ်တော်ထဲရောက်သွားသော နိုင်ငံရေးသမားအဖို့  အထူး လုပ်စရာတွေကို ဆောင်ရွက်ရတော့မည်ဟု ပြောဆိုသွားသည် ။ ယင်းစကားမှာ အတိုက်အခံခေါင်းဆောင် မဟုတ်နိုင်တော့ပြီ ဆိုသည်ကို သွယ်ဝိုက်ပြောဆိုခြင်းဖြစ်သည် ။ သို့ ကြောင့် အတိုက်အခံမဟုတ်တော့ဘဲ လွှတ်တော်အတွင်း လှုပ်ရှားကြမည့် ဒေါ်အောင်ဆန်းစုကြည်တို့ ၏ နိုင်ငံရေးဆောင်ရွက်ချက်များကို လွှတ်တော်အတွင်းရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများမှအပ ထောက်ခံမည့်သူ အခြားမရှိ ။ လွှတ်တော်ပြင်ပ ဆိုသောစကားမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခိုင်းဘဲ မြေအောက်လှုပ်ရှားကြရသော သူများအတွက် အခင်းအကျင်းစကားရပ်သာဖြစ်ပြီး မြေအောက်နိုင်ငံရေးလှုပ်ရှားခြင်းများ လုပ်ကြမည်ဆိုလျှင် လွှတ်တော်ပြင်ပဆိုသော စကားအတိုင်း ဖြစ်မည်သေချာလွန်းလှသည် ။  သည်တော့ ဒုတိယအကြိမ်အမျိုးသားညီလာခံမှာ နှစ်လတာရှည်ဖြစ်လာမည့် နိုင်ငံရေးပြသနာဖြစ်လာနိုင်သလို -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မလေးစား မလိုက်နာ လက်မခံ ပယ်ချ- အသိအမှတ်မပြုခြင်းဆိုသည့်  ပိုမိုထိရောက်သော နိုင်ငံရေးအိပ်မက်မျိုးသာ မက်ရမည်ဖြစ်သည် ။ ဒုတိယအကြိမ်အမျိုးသားညီလာခံ အိပ်မက်မျိုးနဲ့ တော့ အလုပ်မဖြစ်တော့လို့  ပြောချင်ပါသည် ။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )
__._,_.___
Reply to sender


 
ပြုပြင်ပြောင်းလဲရေးဆိုသည်မှာ
af Ko Baloi den 21. april 2012 kl. 10:34 ·
Dine ændringer er blevet gemt.
မိမိနိုင်ငံတွင် အုပ်ချုပ်နေသူလူတန်စားကို ဖြုတ်ချမှုလုပ်ရန် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲနေ၍ ပြုပြင်ပြောင်းလဲရေး
အသွင်သဏ္ဍန်နဲ့      အုပ်ချုပ်သူအစိုးရနှင့်    နိုင်င်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့    တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို   လုပ်မည်ဆိုလျှင် 
အပေး-   အယူလုပ်သည့်       နိုင်ငံရေးအခင်းအကျင်းဆီသို့          လျှောက်လှမ်းကြရမည်ဖြစ်သည်။   ပြုပြင်ပြောင်းလဲရေး၏
အသွင်သဏ္ဍန်မှာ အပေး- အယူ၊ အလျှော့- အတင်းရှိသည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များလုပ်စဉ် ကနဦးကာလအစမှာ 
အပေး- အယူ၊ အလျှော့- အတင်းလုပ်သည့်နေရာမှာ၊ တဘက်စောင်းနင်းကျမှု မျိုးဖြစ်ပေါ်လေ့ရှိပါတယ်။  အဲဒီလို  တဘက်စောင်း
နင်းကျသည့်  အပေး-  အယူတွေကို ဖြစ်ပေါ်လာတဲ့အခါမှာ    ခေါင်းဆောင်ပိုင်းလုပ်သူတွေက   ခေါင်းအေးအေးထားပြီး   ဖြေရှင်း
ကိုင်သွယ်တတ်ဖို့လိုသလို၊       စိတ်ရှည်သီးခံမှုရှိဖို့လည်းလိုပါတယ်။  မိမိဘက်ကအပေး-  အယူလုပ်တဲ့နေရာမှာ  အချိန်ကာလ
အတိုင်းတာတခု ချမှတ်ထားရှိဖို့လိုပါတယ်။  အချိန်အတိုင်းတာတခု     မိမိဘက်ကမချမှတ်ထားပဲ၊  အပေး-  အယူလုပ်မည်ဆိုလျှင်၊ 
မလိုလားအပ်တဲ့အချိန်တွေကို      တဘက်ကဆွဲယူထားနိုင်ပါတယ်။  ဆိုလိုတာကမလိုလားအပ်ပဲ     အချိန်တွေမကုန်ဆုံးစေရန်
ရည်ရွယ်သည်။ဘယ်နိုင်ငံမဆို အသွင်ကူးပြောင်စကာလတွေမှာ  ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါမှာ အခက်ခဲ  အတားအဆီး၊
အနှောက်အယှက်များ မလွဲမသွေရှိလာမှာဖြစ်ပါတယ်။  အဲဒီလိုဖြစ်ပေါ်လာတဲ့  အခက်အခဲအတားအဆီး၊ အနှောက်အယှက်တွေ
ဖြစ်ပေါ်လာတဲ့အခါ  ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေက စိတ်ဓါတ်ကြံခိုင်ဖို့နဲ့   စိတ်ရှည်သီးခံပြီး  သဘောထားကြီးကြီးထားကာ၊
ထို- အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်သန်းနိုင်ရပါ့မယ်။
ပြုပြင်ပြောင်းလဲမှုများလုပ်နေစဉ်ကာလအတွင်း   သူ့ဘက်  ကိုယ့်ဘက်     အားပြိုင်အကဲစမ်းမှုများဖြစ်ပေါ်လာနိုင်သလို၊   သူ့ဘက်
ကိုယ့်ဘက် အားနည်းချက်၊ အားသာချက်တွေ ရှိလာမှာဖြစ်ပါတယ်။ အဲဒီလိုမျိုး   သူ့ဘက် ကိုယ့်ဘက်     အားပြိုင်လွန်ဆွဲ အကဲစမ်း
မှုများနဲ့  သူ့ဘက် ကိုယ့်ဘက် အားနည်း အားသာချက်များဖြစ်ပေါ်လာတဲ့အခါ၊ နှစ်ဖက် ခေါင်းဆောင်တွေက ခေါင်းအေးအေးထားပြီး
အပြုသဘောနဲ့     တွေ့ဆုံ ညှိ့နှိုင်းအဖြေရှာ   ဖြေရှင်းတတ်ဖို့အရေးကြီးပါတယ်၊  အဲဒီလို တွေ့ဆုံဆွေးနွေးမှုနဲ့       ညှိ့နှိုင်းဖြေမရှင်း
မဆွေးနွေးပဲ    သဘောထားတွေတင်းမာနေကြမည်ဆိုလျှင်    မလိုလားအပ်တဲ့ပြဿတွေဖြစ်ပေါ်လာနိုင်ပြီး၊      အပေး-   အယူမမျှ
မတဖြစ်ကာ  မိမိတို့တည်ဆောက်ခဲ့သည့် ဖြစ်ပေါ်ပြောင်းလဲတိုးတက်နေသော   နိုင်ငံရေးအခင်းအကျဉ်းနဲ့ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု
လုပ်ငန်းများ ထိခိုက်ပျက်ဆီးဆုံးရှုံးစေနိုင်သည်ကို ဒီနေရာမှာ အထူးသတိချပ်ရန်လိုအပ်ပါသည်။ ထိုသို့- ဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်
နှစ်ဦး နှစ်ဖက် သဘောထားကြီးကြရမည်။ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေမယ့် မလိုလားအပ်တဲ့ ထိပ့်တိုက်ရင်ဆိုင်မှုတွေကိုလည်း
နှစ်ဖက်စလုံးက ရှောင်ကျဉ်ရပါ့မယ်။ ဒါမှသာ   ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ လုပ်ငန်းစဉ်များကို   မထိခိုက်မှာဖြစ်ပါတယ်။   ပြုပြင်
ပြောင်းလဲမှုအားကောင်းလာရန်နှင့်    ယုံကြည်မှုများခိုင်မာလာစေရန်   လွှတ်တော်အတွင်းမှာကော၊    လွှတ်တော်ပြင်ပမှာပါ တွေ့ဆုံ
ဆွေးနွေးမှုများပြုလုပ်ရန်လိုအပ်ပါသည်။  ဒါ့အပြင်- ချစ်ကြည်ရင်းနှီးမှုများပိုမိုရရှိလာအောင်     သက်ဆိုင်သူများမှ     ညစာစားပွဲပြု
လုပ်၍လည်းကောင်း၊        ပါတီအခမ်းအနားပြုလုပ်သည့်အခါတွင်လည်းကောင်း၊  ရံဖန်ရံခါ တယ်လီဖုန်းလိုင်းမှတဆင့်     ပြောဆို
ဆွေးနွေးမှုများပြုလုပ်၍သော်လည်းကောင်း၊   အင်တာနက် အွန်လိုင်းမှတဆင့်လည်းကောင်း၊       အီးမေးများမှသော်လည်းကောင်း
ချစ်ကြည်ရင်းနှီးမှုများပိုမိုအားကောင်းလာအောင် ဆက်သွယ်မှုများပြုလုပ်သင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုများ
ပိုမိုအားကောင်းလာပြီး၊  တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှု၊ ချစ်ခင်မှုတွေပိုမိုရရှိလာလိမ့်မည်ဟု စာရေးသူအနေနဲ့ ယုံကြည်မိပါသည်။
သည်နေရာမှာ အင်အားချိန်ခွင်မျှတလာအောင်နှင့် ပြုပြင်ပြောင်းလဲမှုများအားကောင်းလာစေရန်၊ နိုင်ငံတကာအသိုင်းအဝိုင်းတွေရဲ့
ဖိအားပေးမှုနဲ့    လွှတ်တော်ပြင်ပ လူထုရဲ့ ဖိအားပေးမှုတွေလည်း    များစွာလိုအပ်သလို၊ ပြည်ပတွင်ရောက်ရှိနေတဲ့       ဒီမိုကရေစီ
အင်အားစုများရဲ့ ဖိအားတွေလည်း အမှန်တကယ်လိုအပ်ပါတယ်။ အဓိကကတော့ အင်အားချိန်ခွင်မျှတမှုရှိလာရင်     ပြုပြင်ပြောင်း
လဲရေးဟာလည်း အရှိန်အဟုန်ကောင်းလာမှာဖြစ်ပါတယ်။
ယနေ့- ဖြစ်ပေါ်ပြောင်းလဲလာသော  မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျဉ်းသည် တစ်ဦးတစ်ယောက် လွှမ်းမိုးမှုအုပ်ချုပ်ရေးစနစ်
ကနေ၊ ပြောင်းလဲမှုတွေဖြစ်ပေါ်လာတဲ့အတွက်ကြောင့် အဆိုးထဲက အကောင်းလို့ပြောရမည်ဖြစ်သည်။ အခုဖြစ်ပေါ်ပြောင်းလဲလာ
သော နိုင်ငံရေးအခင်းအကျဉ်းကြောင့်၊ နိုင်ငံတကာမှ   နိုင်ငံခေါင်းဆောင်များ၏ ထောက်ခံမှုများကို ရရှိလာသလို၊ မြန်မာနိုင်ငံတွင်
အနောက်နိုင်ငံများမှ    ပိတ်ဆို့မှုများပြုလုပ်ထားသည်များကိုလည်း   ယာယီ-  ယပ်ဆိုင်းမှုများ ပြုလုပ်မယ့် အရိပ့်လက္ခဏာများကို
ပြောဖိုခဲ့သလို၊ ပိတ်ဆို့မှုအချို့တွေကိုလည်း ပြန်လည်ရုပ်သိမ်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။ ဒါဟာ- သံတမာန်နည်းအရ အပေး- အယူ
လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးရလဒ်တွေပါပဲ။ ပြုပြင်ပြောင်းလဲမှုတွေ   အားကောင်းလာဖို့အတွက်   လက်ရှိ- အစိုးရကို နိုင်ငံ
တကာအသိုင်းအဝိုင်းမှ      သံတမာန်အည်းအရ နည်းလမ်းပေါင်းစုံနဲ့ ချည်းကပ်ပြီး၊   အပေး- အယူလုပ်ကာ ဖိအားပေးမှုများပြုလုပ်
သွားရန်လိုသလို၊ လွှတ်တော်အတွင်း၊ လွှတ်တော်ပြင်ပနိုင်ငံရေးကိုလည်း ဟန်ချက်ညီညီနဲ့  လိမ်မာပါးနပ်စွာ ကစားသွားဖို့ကလည်း
ဒီနေရာမှာ အရေးကြီးပါတယ်။ ဘာပဲဖြစ်ဖြစ် ကနေ့- မြန်မာနိုင်ငံ၏ နိုင်ငံရေးသည်    နောက်ကြောင်းကို ပြန်မလှည့်နိုင်ဘူးလို့ပြော
ဆိုရန်ခက်နေသေး၍  လက်ရှိ- ဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေးအခင်းအကျဉ်းတွေကို နှစ်ဦး နှစ်ဘက်လုံးမှ   ဆက်လက်ထိမ်း
သိမ်းထားပြီး၊ ရှေ့- နိုင်ငံရေးလုပ်ငန်းစဉ်များကို  အပြုသဘောဘောင်အတွင်းကနေ ဆက်လက်လုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။
ဒီနေရာမှာ     ကျနော့်အနေနဲ့    အထူးသတိပေးလိုတာက၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်သွားရင်း  ကြားကာလမှာ   အကယ်၍
အနောက်နိုင်ငံများမှစီးပွါးရေးပိတ်ဆို့မှုတွေကို    ရုပ်သိမ်းဖြစ်ခဲ့ရင်၊   စီးပွါးရေးရင်းနှီးမြှပ်သူတွေရဲ့      အကျိုးစီးပွါးရေးကိုမကြည့်ပဲ၊
အမျိုးသားအကျိုးစီးပွါးရေးကိုသာ ကြည့်စေလိုကြောင်း   နိုင်ငံခေါင်းဆောင်များအား ဒီနေရာက တိုက်တွန်းပြောကြားလိုပါတယ်။
နိဂုဏ်းချုပ်အနေနဲ့   ရေးလိုတာကတော့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ   အကောင်အထည်ဖော်တဲ့နေရာမှာ   နိုင်ငံနဲ့ လူမျိုး
အကျိုးကို  ဦးထိပ့်ထားပြီး၊ သဘောထားကြီးစွာထားကာ  ယုံကြည်မှုတွေကို ခိုင်မာလာအောင်   အပြန်အလှန်တည်ဆောက်သွားပြီး 
အပေး-  အယူ၊ အလျှော့-  အတင်းတွေကို တဘက်နဲ့ တဘက် သူမနာ ကိုယ်မသာဟန်ချက်ညီစွာလုပ်ဆောင်သွားကြရင်း  ခေတ်မှီ
ဖွံ့ဖြိုးတိုးတက်သော  ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို   လျှောက်လှမ်းနိုင်ကြပါစေလို့  ကျနော့်အနေနဲ့ ဆန္ဒပြုလိုက်ပါတယ်။
( ကိုဗလိုင် )


“ဒေါ်စုအကြောင်း သောင်းပြောင်းထွေလာ”
by Aung Naing Moe on Saturday, April 21, 2012 at 9:32am ·
ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကလွတ်မြောက်လာပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကျနော့်အမြင်ကို ရေးသားလိုက်ပါတယ်။
ပြည်သူအပေါ် မယုံကြည်လေသလော...
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန် ပထမဦးဆုံးအကြိမ် စတင်တွေ့ဆုံစဉ်က စပြီး ရေတွက်ကြည့်ပါ။ ဒီကနေ့ ရက်ပေါင်း ၂၄၆ ရက် တင်းတင်းပြည့်ခဲ့ပါပြီ။ လ အရေအတွက်နဲ့ကြည့်ရင် ရှစ်လ စွန်းစွန်းရှိပါပြီ။ ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန်နဲ့ ဒုတိယအကြိမ်ပင် ထပ်မံတွေ့ဆုံပြီးသွားပြန်ပါပြီ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်အကြားမှာ ဘာတွေဆွေးနွေးခဲ့သလဲ၊ ဘယ်လိုသဘောတူညီမှုတွေ ရခဲ့သလဲဆိုတာ ယနေ့အထိ ပြည်သူလူထုကို နှစ်ဖက်စလုံးက အမှောင်ချထားဆဲဖြစ်ပါတယ်။
အလားတူပဲ ဦးအောင်ကြည်နဲ့ ဒေါ်စုအကြား တွေ့ဆုံဆွေးနွေးပွဲတွေမှာလည်း ယေဘုယျဆန်တဲ့ ထုတ်ပြန်ချက်တွေကလွဲလို့ ပြည်သူလူထုအနေနဲ့ ဘာတခုမှ သိခွင့်မရခဲ့ပါဘူး။ အတိတ်ခပ်လှမ်းလှမ်းကို ပြန်ကြည့်ပြန်ရင်လည်း ဦးခင်ညွန့်လက်ထက်က ဒေါ်စုနဲ့ စစ်အစိုးရအကြား ယုံကြည်မှုတည်ဆောက်ကြတဲ့ကာလမှာ တွေ့ဆုံဆွေးနွေးတာတွေနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက ရေငုံနှုတ်ပိတ်နေဆဲဖြစ်ပါတယ်။
 စစ်အစိုးရဖက်က မပွင့်လင်းတာဟာ အံ့သြစရာမရှိပေမယ့် လူထုခေါင်းဆောင်လို့ သတ်မှတ်လို့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဖက်က သူမကို ထောက်ခံတဲ့လူထုအပေါ် တခွန်းတပါဒ မပြောဘဲ ရေငုံနှုတ်ပိတ်နေတာဟာ ဒေါ်စုအနေနဲ့ လူထုကို မယုံကြည်လို့လား၊ ဒါမှမဟုတ် တွေ့ဆုံဆွေးနွေးပွဲတွေမှာ ပြည်သူကို ချပြလောက်စရာ လောက်လောက်လားလား အကျိုးရလဒ်တွေ ရအောင် မစွမ်းဆောင်နိုင်ခဲ့လို့လားဆိုတာ တွေးစရာဖြစ်လာပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ အစပိုင်းကာလမှာ ဒေါ်စုက ပြည်သူလူထုကို ထိုက်သင့်တဲ့အချိန်မှာ ဘာတွေ ဆွေးနွေးခဲ့သလဲဆိုတာ အသိပေးမယ်လို့ (ပထမဆုံး ပဲခူးခရီးစဉ်အတွင်းမှာ) ပြောခဲ့ဖူးပါတယ်။ နောက်တခါ ဗီအိုအေ ဒေါ်ခင်စိုးဝင်းနဲ့ တွေ့ဆုံစဉ်က ပြည်သူကို ဖွင့်ပြောဖို့ကိစ္စနဲ့ ပတ်သက်ပြီး...“ဒီကိစ္စမျိုးဆိုတာ ရေရှည်အချိန်ဆွဲထားလို့ မကောင်းဘူး။ အချိန်ကြာလာတာနဲ့အမျှ ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းလာနိုင်ပါတယ်” ဆိုတဲ့သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထုတ်ပြောခဲ့ပါတယ်။ အဖွဲ့ချုပ်က ဦးဝင်းတင်ရဲ့ အင်တာဗျူးတွေမှာ ပြောစကားအရ "ဒေါ်စုက အချိန်ကာလ တခုတောင်းတယ်။ အဲဒီကာလ လွန်မြောက်ရင် သူမှားရင်လည်း ဒေါ်စုက တာဝန်ယူမယ် ဆိုတာမျိုး ပြောခဲ့ပါသတဲ့။”
ဒါပေမယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဖြစ်တဲ့ အင်န်အယ်လ်ဒီပါတီအနေနဲ့ မှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်တွေသာ ချမှတ် အကောင်အထည်ဖော်သွားတယ်၊ ဒီကနေ့အထိ ဒေါ်စုဟာ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ပြည်သူအပေါ် ကတိမတည်ပဲ နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။ ဒီအချက်ဟာ ဒေါ်စုအတွက်ရော၊ တိုင်းပြည်အတွက်ပါ ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါ။  တွေ့ဆုံဆွေးနွေးမှုတွေရဲ့ ရလဒ်ဟာ အမှန်တကယ်ကောင်းမွန်တဲ့ ရလဒ်သာဖြစ်ခဲ့မယ်ဆိုရင် ဒေါ်စုအနေနဲ့ ပြည်သူလူထုအပေါ်မှာ ဘာမှ ထိန်ချန်စရာအကြောင်းမရှိလို့ပဲဖြစ်ပါတယ်။
လမ်းစဉ်နဲ့ အချိန်ဇယား
ဒေါ်စု ရွေးကောက်ပွဲဝင်ရတဲ့အကြောင်းသုံးချက်ထဲမှာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ အချက်သုံးချက်ကို ဦးစားပေးဖော်ပြထားပေမယ့် ဒီအချက်တွေကို ဘယ်ပုံဘယ်နည်းဖော်ဆောင်မယ်၊ ဘယ်အချိန်မှာ ဘယ်အဆင့်ကို ရောက်ဖို့ရည်မှန်းတယ်၊ ဘယ်လောက်ကြာမယ် စတဲ့ လမ်းစဉ်အဆင့်ဆင့်နဲ့ အချိန်ဇယားတွေကို  ပြည်သူအများ နားလည်အောင် တိတိကျကျ ရှင်းလင်းထုတ်ပြန်ခြင်းမျိုးမရှိခဲ့ပါဘူး။ ( ဖေ့စ်ဘွတ်ပေါ်က ဒေါ်စုရဲ့ အမာခံပရိသတ်ကတော့ ဒီသုံးချက်ကိုတောင် ရေရေရာရာ သိရှာကြပုံ မရပါဘူး။ အကြောင်းတိုက်ဆိုင်လို့ မေးလိုက်တိုင်း ဝေဝါးနေကြတာကို သတိထားမိပါတယ်။)
ဖွဲ့စည်းပုံကို ပြင်ဆင်ရာမှာလည်း ယေဘုယျအားဖြင့် လွှတ်တော်တွင်းကို ဝင်ရောက်ပြီး လွှတ်တော်တွင်းမှာရှိတဲ့ မတူညီတဲ့ အင်အားစုတွေအကြား ဝင်ရောက်စည်းရုံးပြီး ပြင်ဆင်သွားမယ်လို့ ပြောသွားပေမယ့် ဘယ်လို အခက်အခဲတွေရှိပြီး၊ အဲဒီအခက်အခဲတွေကို ဘယ်ပုံဘယ်နည်းကျော်လွှားမယ်ဆိုတာကို ရေရေရာရာ ချပြနိုင်ခြင်းမရှိပါ။ အခုအထိ ပြောခဲ့တဲ့ မိန့်ခွန်းတွေ၊ ထုတ်ပြန်ချက်တွေအရ အနှစ်ချုပ်ကြည့်ရင် အဖွဲ့ချုပ်အနေနဲ့ “ရလိုရငြား ဝင်ပြီး ကြိုးစားကြည့်မယ်” ဆိုတဲ့ သဘောသဘာဝထက် မပိုတာကို တွေ့ရပါလိမ့်မယ်။ 
ဘယ်အရာမှာမှ စိုက်လိုက်မတ်တတ် ပြီးမြောက်အောင်မကြိုးစားပဲ နည်းတခုမအောင်မြင်တိုင်း နောက်တနည်း ပြောင်းစမ်းကြည့်ကြဦးစို့ ဆိုသလို တိုင်းပြည်ကို ဒေါ်အောင်ဆန်းစုကြည့်ရဲ့ နိုင်ငံရေးလက်တည့်စမ်းစရာတခုအဖြစ် သတ်မှတ်တာမျိုး မဖြစ်သင့်ပါ။ တိုင်းပြည်နစ်နာလှပါတယ်။
ဒေါ်စုကတဖက်၊ ပါတီကတဖက်
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာကာစက ဒေါ်စုနဲ့ သူမရဲ့ ပါတီ (အင်န်အယ်လ်ဒီ)ကို တကွဲစီဖြစ်အောင် စစ်အစိုးရကြိုးပမ်းနေတယ်ဆိုတဲ့ အသံမျိုးတွေ၊ စိုးရိမ်ပူပန်မှုမျိုးတွေ ရှိခဲ့ကြတာကို သတိရမိပါတယ်။ ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားအရေးနဲ့ပတ်သက်လို့ စစ်အစိုးရဆီ အိတ်ဖွင့်ပေးစာတစောင်ရေးသားခဲ့ရာမှာ ပါတီကို ကိုယ်စားမပြုဘဲ သူမတဦးတည်းအနေနဲ့ ရေးသားတဲ့အခါ သို့လော၊ သို့လောတွေ ဖြစ်လာခဲ့ပါတယ်။
နောက်ပိုင်း စစ်အစိုးရနဲ့ ဒေါ်စုအကြားတွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာတဲ့အခါမှာလည်း ဒေါ်စုဟာ ပါတီကို ကိုယ်စားမပြုဘဲ  တကိုယ်တော်သွားရောက်တွေ့ဆုံ၊ ဆွေးနွေး၊ ဆုံးဖြတ်တာတွေကို မြင်လာရတဲ့အခါ စစ်အစိုးရအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဘေးချိတ်ပြီး ဒေါ်စုတယောက်တည်းကိုသာ ဖဲ့ထုတ်ယူဖို့ ကြိုးစားယူနေတယ်ဆိုတဲ့ အမြင်မျိုးတွေ မြန်မာ့နိုင်ငံရေးကိုစောင့်ကြည့်အကဲခတ်သူတွေအကြားမှာ ကြီးထွားလာခဲ့တာကို သတိထားမိပါတယ်။
ဒေါ်စုအနေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေအကြောင်း ပါတီရဲ့ စီအီးစီ အဖွဲ့ဝင်တွေကိုတောင် အသိမပေးတဲ့အတွက် စီအီးစီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်းတို့အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ သူတို့ဘာမှ မသိကြောင်း မီဒီယာတွေမှာ ပြောဆိုဝန်ခံခဲ့တာတွေ ရှိခဲ့ပါတယ်။
စစ်အစိုးရက ဒေါ်စုနဲ့ ပါတီကို ခွဲဖို့ကြိုးစားတာ ဟုတ်မဟုတ် မသေချာပေမယ့် ဒေါ်စုရဲ့ လုပ်ပုံကိုင်ပုံ ပြုမူပုံကြောင့် ပါတီရဲ့ စီအီးစီနဲ့ဒေါ်စု ကင်းကွာနေခဲ့တာကတော့ အမှန်ပဲဖြစ်ပါတယ်။
ဒီအတောအတွင်းမှာ ဒေါ်စုရဲ့ ပါတီတွင်း ပြမူဆောင်ရွက်ပုံတွေဟာ အဖွဲ့အစည်းပုံစံထက် အာဏာရှင်ဆန်နေတာကို အကဲခတ်မိပါတယ်။ ပါတီကို မှတ်ပုံတင်ဖို့ဆုံးဖြတ်ပြီး ပါတီဖွဲ့စည်းပုံကို ပြင်ဆင်ကာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအဖွဲ့ ပုံစံမျိုး ပြန်လည်ဖွဲ့စည်းလိုက်ချိန်မှာ ဒေါ်စုနဲ့ (မှတ်ပုံမတင်မီ)မူဝါဒပိုင်းအရ ကွဲလွဲခဲ့ဖူးတဲ့ ဦးဝင်းတင်ကို နာယက အဖွဲ့ထဲကို ထည့်သွင်းလိုက်တာကို တွေ့ရပါတော့တယ်။
ပါတီတွင်း ဒီမိုကရေစီမရှိဘဲ ပါတီခေါင်းဆောင်တဦးတည်းသဘောနဲ့ ဆုံးဖြတ်လုပ်ကိုင်နေရင် ပါတီဟာ အနှေးနဲ့အမြန် ကျဆုံးနိုင်ပါတယ်။
ခုတမျိုး၊ တော်ကြာတမျိုး
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမပြောခဲ့တာတွေကနေ ဂငယ်ကွေ့ကွေ့ပြီး ဆန့်ကျင်ဖက်ကို ပြောင်းပြန်လျှောက်တဲ့ လုပ်ရပ်မျိုးဟာ မဆန်းတော့ပါဘူးလို့ ပြောရလောက်အောင် ထပ်တလဲလဲဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။
ပထမဦးဆုံးနဲ့ အကြီးမားဆုံး ပြောင်းလဲမှုကြီးကတော့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ကြွေးကြော်သံကနေ... “စစ်အစိုးရနဲ့မတူတာဘေးဖယ် တူတာတွဲလုပ်”ဆိုတဲ့ မူအထိ ပြောင်းလဲသွားခြင်းပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်ထူထောင်စဉ်က စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင် ပပျောက်စေရေး မူကို လက်ကိုင်ထားခဲ့ပေမယ့် အခု “မတူတာဘေးဖယ် တူတာတွဲလုပ်ပြီး ၂၀၀၈ ဖွဲ့စည့်ပုံအောက်ခေါင်းလျှိုဝင်လိုက်တဲ့အခါ” မှာ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်အခန်းကဏ္ဍက ပါဝင်ရမယ်ဆိုတာကို သဘောတူခွင့်ပြုလိုက်ရာရောက်တဲ့အတွက် မူဝါဒပိုင်းဆိုင်ရာမှာ ၁၈၀ ဒီဂရီ ချိုးကွေးလိုက်တဲ့ အပြောင်းအလဲကြီးပဲ ဖြစ်ပါတယ်။
ဒီပြောင်းလဲမှုကြီးအပေါ်မှီတည်ပြီး ရွှေဂုံတိုင်ကြေညာစာတမ်းကနေ ဂငယ်ကွေ့ ချိုးကွေ့ခဲ့ပါတယ်။ မှတ်ပုံတင်စရာမလိုဘူး၊ ရွေးကောက်ပွဲ မဝင်ဘူးလို့ အော်ခဲ့ရာကနေ မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲလည်း ဝင်မယ်အထိ နှစ်နှစ်အတွင်းမှာ ပြောင်းလဲခဲ့ပြန်ပါတယ်။
တခါ ရွေးကောက်ပွဲမဲဆွယ်တဲ့မိန့်ခွန်းမှာ စစ်ဖက်ကိုယ်စားလှယ် ၂၅% လွှတ်တော်ထဲမှာ ပါဝင်မှုဟာ ဒီမိုကရေစီမကျဘူး၊ ဒီမိုကရေစီနဲ့ မကိုက်ညီတာတွေကို ပြင်ဆင်မယ်၊ ဖယ်ထုတ်မယ်” ပြောခဲ့ပြီး ရက်ပိုင်းအတွင်းမှာ “၂၅%ကို ကျမ ဖယ်ထုတ်မယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး” လို့ ပြောင်ပြောင်တင်းတင်း ငြင်းဆိုတာတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ ကျမ်းသစ္စာစာသားကြောင့်  လွှတ်တော်တက်မတက်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဥာဏ်ဝင်းတို့ တောင်ပြောမြောက်ပြောလုပ်နေတာတွေဟာ သူတို့ကို ထောက်ခံသူတွေအကြားမှာပင် ရှုပ်ထွေးမှုများ၊ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေတာကို တွေ့မြင်နေရပါတယ်။
ခြုံကြည့်ရင် ဒေါ်စုရဲ့ မူဝါဒပိုင်းဆိုင်ရာမှာ အပြောင်းအလဲမြန်မှု၊ စကားကို ခုတမျိုး တော်ကြာတမျိုး ပြောင်းလဲပြောတတ်မှုတွေဟာ သူ့ကို ထောက်ခံသူတွေအကြားမှာရော၊ မြန်မာ့နိုင်ငံရေးလောကတခုလုံးမှာပါ ရှုတ်ထွေးမှုတွေ၊ မလိုအားအပ်တဲ့ ကွဲလွဲမှုတွေ ဖြစ်ပေါ်စေပါသေးတယ်။ မီဒီယာတွေနဲ့ စကားမပြောမီမှာ ဒေါ်စုကို ပေါ်လစီပိုင်းဆိုင်ရာ အကျဉ်းချုပ် အစီရင်ခံသူ(briefing) အကြံပေးတဦး ထားသင့်တယ်လို့ ယူဆပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အင်အားစုတွေကို အမှန်တကယ် စုစည်းပေးနိုင်ရဲ့လား
ဒေါ်စုလွတ်မြောက်လာပြီးနောက်ပိုင်းမှာ ညံလာတဲ့အသံတွေအနက် “ဒီအချိန်မှာ ညီညွတ်ဖို့လိုတယ်၊ အဖွဲ့ချုပ်နဲ့ ဒေါ်စုကို ဝန်းရံရမယ်” ဆိုတဲ့ အသံဟာ အကျယ်လောင်ဆုံးဖြစ်ပါတယ်။ ညီညွတ်ဖို့လိုတာကို အငြင်းပွားဖွယ်မရှိပေမယ့် ဘာအတွက် ညီညွတ်ကြမှာလဲ။
ကျနော်တို့ဟာ စစ်တံပိုးအောက်ကနေ ရုန်းထွက်လွတ်မြောက်ဖို့မှာ ညီညွတ်ကြမယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ညီညွတ်ကြမယ်။ တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် ညီညွတ်ကြမယ်။ ဒါတွေအတွက် ကွဲလွဲစရာမရှိပါဘူး။ ဒါပေမယ့် စစ်ကျွန်သက်ကို ရှည်အောင်လုပ်တဲ့နေရာမှာ ကျွန်ဝယ်ရာ အဆစ်ပါသလို ကိုယ်ပါလိုက်ပြီး ညီညွတ်စရာမလို။ ဝန်းရံစရာမလို။ စစ်အာဏာရှင်နဲ့ မတူတာဘေးဖယ် တူတာတွဲလုပ်တဲ့ကိစ္စတွေမှာ ညီညွတ်စရာ၊ ဝန်းရံစရာမလို။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရနဲ့ ဖိနှိပ်ခံတွေအကြားမှာ ဘုံအကျိုးတူညီချက် မရှိလို့ဘဲ။
 ဒါ့အပြင် တိုင်းရင်းသားတွေအပေါ်ထိုးစစ်ဆင်နေတဲ့ကိစ္စတွေ၊ အလုပ်သမားတွေ လုပ်ခအနှိမ်ခံရတဲ့ကိစ္စ၊ လယ်သမားတွေ လယ်သိမ်းခံရတဲ့ကိစ္စ၊ ဘာသာခြားလူနည်းစုတွေ ဖိနှိပ်အနိုင်ကျင့်ခံရမှုကိစ္စတွေမှာ ဒေါ်စုအနနဲ့ အဖိနှိပ်ခံဖက်က မရပ်တည်ဘဲ နှစ်ဘက်စလုံးကို သဘောထားကြီးဖို့ ကြားဝင်တိုက်တွန်းမှုတွေဟာ အဖိနှိပ်ခံတွေအတွက် အားတက်စရာ ဖြစ်မလာသလို သက်ဆိုင်ရာ တိုင်းရင်းသားနဲ့ လူနည်းစု ဘာသာခြားတွေရဲ့ ယုံကြည်ကိုးစားမှုကို လျော့ကျစေပါတယ်။
စစ်မှန်တဲ့လူထုခေါင်းဆောင်တယောက်ဟာ လူထုကြုံတွေ့နေရတဲ့ ပြဿနာအဝဝကို နေ့ညမဆိုင်း လူထုဖက်က ဝင်ရပ်ပေးလေ့ရှိပါတယ်။ လွှတ်တော်ထဲရောက်မှ၊ ဥပဒေပြင်ပြီးမှ၊ တရားဥပဒေစိုးမိုးမှ စသဖြင့် နေ့ရွှေ့ညရွှေ့ အချိန်ဆွဲနေလို့မရပါ။
ပြည်သူ့အသံ အစစ်အမှန်ကို နားထောင်ပါ...
ဒေါ်စုလွတ်လာကာစက ပြည်သူအသံကို နားထောင်ချင်ပါတယ်လို့ ပြောခဲ့ဖူးတာရှိပါတယ်။ ပြည်သူ့အသံအစစ်အမှန်ဟာ.. ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေ့ရလေ့ရှိတဲ့ “အမေက ကျက်သရေရှိလိုက်တာ၊ လှလိုက်တာ” ဆိုတဲ့ ပေါ့ပျက်ပျက် အသံမျိုးတွေ မဟုတ်သလို၊ ဒေါ်စုအနီးမှာ လက်ရှိဝန်းရံနေကြတဲ့ ဗောင်းတော်ညိတ်၊ စိတ်တော်သိ အပါးတော်မြဲတွေရဲ့ မင်းလိုလိုက်၊ မင်းကြိုက်ဆောင်တဲ့ အောက်ခြေနဲ့ ကင်းကွာနေတဲ့ အသံတွေလည်း မဟုတ်ပါ။
တိုင်းရင်းသားတွေ အပါအဝင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်း၊ ဘာသာခြားစတဲ့ ပြည်သူပေါင်းစဉ် တွေ့ကြုံခံစားနေရတဲ့ လူမှုဒုက္ခအဝဝနဲ့ ဖိနှိပ်မှုတွေကို မခံနိုင်လို့ ရင်တွင်းက ပွင့်ထွက်လျှံကျလာတဲ့အသံတွေသာလျှင် ပြည်သူ့အသံစင်စစ်ဖြစ်ပါတယ်။ ဒီလို ပြည်သူ့အသံတွေကို မသိကျိုးကျင်ပြုမယ့်အစား ဖိနှိပ်ခံပြည်သူဖက်က မားမားမတ်မတ် ရပ်တည်ပြောဆိုပေးမယ်ဆိုရင် ပြည်သူ့အသံကို အမှန်တကယ် နားထောင်ရာ ရောက်ပါလိမ့်မယ်။
ဒီမှတ်စုကို ဖေ့စ်ဘွတ်ပေါ်မှာ ဘလော့ဂါမိတ်ဆွေတယောက်ရေးသားတဲ့ မှတ်ချက်ကလေးနဲ့ အဆုံးသတ်ချင်ပါတယ်။
"နောက်ဆုံးမှာ နားလည်လိုက်တာကတော့ NLD လွှတ်တော် တက်ရင်လည်း အကြောင်းပြချက် မရမက ရှာပြီး ထောက်ခံကြမယ်။ လွှတ်တော် မတက်ဘူး ဆိုရင်လည်း အကြောင်းပြချက် မရမက ရှာပြီး ထောက်ခံကြမယ်။ ကိုယ်ပိုင် ယုံကြည်ချက် ခံယူချက် ဆိုတာ ရေရေ ရာရာ မရှိဘူး။ NLD လုပ်သမျှ အကုန်အကောင်း။ စေတနာနဲ့ လုပ်တာ မှားရင် မှားပါစေ ဆိုတဲ့ ပုံစံမျိုး။ စေတနာနဲ့ လုပ်တာပေမယ့် မှားရင် တစ်နိုင်ငံလုံး မြောင်းထဲ ရောက်သွားမယ် ဆိုတာ မစဉ်းစားမိကြဘူးလား။ ကိုယ်တွင် မက ကိုယ့်မျိုးဆက်ပါ ဒုက္ခရောက်သွား နိုင်တယ် ဆိုတာ ထည့်မစဉ်းစား ကြဘူးလား။ မှားနေတယ် ထင်ရင် ထောက်ပြဖို့ မကြိုးစားရဲ ကြဘူးလား။ ကိုယ့်ယုံကြည်ချက် ကိုယ့်ခံယူချက်ကို ထုတ်မပြောရဲကြဘူးလား။ မြည်းတွေလို ရှေ့ဆုံးက မြည်းက ချောက်ထဲ ဆင်းရင် နောက်က တသီတတန်းကြီး လိုက်ဆင်းကြမှာလား။"
အောင်နိုင်မိုး
၂၁၊ ဧပြီ၊ ၂၀၁၂။
From facebook
ကိုအောင်နိုင်မိုး ခင်ဗျား
ကိုယ့်ကိုကိုယ် နိုင်ငံရေးတတ်သိလို့ ထင်သူတွေက သည်းမခံအောင့်အည်း မစောင့်နိုင်ပေမဲ့-- ကိုယ်ကြားချင်တာကို ပြည်သူလူထုနဲ့ တဖက်လှည့် မဲတင်းပြီး ရေးတတ်တာတွေကို မသိရင်ခက်မယ်--။ ပါးစပ် ဟလိုက်ရင် နိုင်ငံခြားရောက် သူတွေကတော့ အူဘယ်နှခွေ ရှိမှန်း တန်းသိနိုင်ကြပြီဗျ--- ပြည်သူတွေကတော့ စောင့်နိုင်ပါတယ်-ပြည်တွင်းကနေ-စောင့်နေပါတယ်--။ မုံ့ဆီကျော်က ဘယ်မှာမှန်း မသိသေးဘူး--နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုသလို --မစောင့်နိုင်တာက ခင်းဗျား နံပါတ်တစ်--ဒီဆေင်းပါးကို ရေးလို့ တစ်ပေးတာ-- နိုင်ငံခြားရောက်ပြီး ဟိုမရောက်ဒီမရောက်တွေ ဖြစ်ပါလိမ့်မယ်--။ ပြည်သူတွေက သိချင်သလိုလို လှည့်ပါတ်ပြီး ရေးနေတာက တကယ့် မရိုးသားမှု--ကိုသိချင်တယ် ဆိုရင် တည့်တည့်ပြော--မေး--။ ဟိုက မခြေချင်ဘူးဆိုလည်း ရှင်းရှင်းလေး--ယုံကြည်မှု ကျသွားမယ်ဆိုလဲ ကျပစေ--မလိုအပ်သေးဘူး ဆိုလို့ မပြောတာပဲ မှတ်ယူလိုက်--။ နိုင်ငံရေးသမားဆိုတာ အရေထူတယ်ဆိုတာကိုလည်း မမေ့မပျောက်ကြပါနဲ့ ခင်ဗျား--။ ဒေါ်စုက ဂုဏ်သိက္ခာနဲ့ ထပ်ထားပြီး မပြောသေးတာကို မအောင့်နိုင်မအည်းနိုင်နဲ့ ဆရာလုပ်ချင်သေတာက တမှောင့်--။ သေချာတာက တပည့်ကောင်းအဖွဲ့ဝင်ကောင်း ဖြစ်လာကြမှာ မဟုတ်--အခြေနေမဟန်ရင် ထွက်ပြေးရင်ပြေး--သို့ တဖွဲ့တပါတီထောင်မဲ့သူတွေကို ဒီလိုနိုင်ငံရေးကာလမှာတော့ လယ်ပြင်မှာ ဆင်သွားသလို မြင်နေကြပြီ--။ ဒေါ်စု မပြောသေးတာ မလိုအပ်လို့ပဲ-မှတ် မီးခွက်က တကျီကျီလုပ်နေ-ရာမလို---အဲ ဆွေးနွေးတဲ့အချက်တွေ အဖြေမှန် မထွက်လို့ ဖွင့်ပြောရင် အမှန်ဖက်က လိုက်ပြီး ဒေါ်စုနဲ့ ပေါင်းပြီး ဖွပေတော့ပဲ--။ အပြစ်တင်တဲ့သူက တပါတီထပ်ထောင်ပေါ့--။

အားလုံးကို ရိုသေလေးစားပါတယ်

ဆလိုင်းလော်မာ
ဆလိုင်းလော်မာ ရေးသားချက်ကို ထောက်ခံပါတယ်။
ကိုယ်ကကော တိုင်းပြည်အတွက် အခုအချိန်အခါမှာ ဘာတွေကိုယ်ကျိုးစွန့်ပြီး လုပ်နေသလဲဆိုတာကို  မနက်မိုးလင်းမျက်နှာသစ်တဲ့ အခါ မှန်ထဲမှာကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါလို့အကြံပြုပါတယ်။


“ဘယ်ထိအောင်လျှော့မလဲ သမတကြီး ဦးသိန်းစိန်”
Posted on April 21, 2012
“မယောင်ရာဆီလူးလို့ကောင်းနေတဲ့ ဒေါ်စု နဲ့ သောင်းပြောင်းများ”

သုံးရက်တောင် စောင့်ကြည့်လိုက်တယ်၊ အဖွဲ့ချုပ်က လွှတ်တော်မတက်တော့ဘူးလို့ စဟစ်တဲ့နေ့ကစလို့ပေါ့။ လွှတ်တော်တက်ရင် ကျမ်းသစ္စာကျိန်ဆိုရမယ်၊ “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်” လို့ ကျိန်ရမယ်။ မကျိန်နိုင်ဘူး၊ ဒီဥပဒေကို အစကတည်းက လက်မခံခဲ့တာ ဘာလို့ကာကွယ်စောင့်ရှောက်ရမှာလဲ။ ဘယ်သူကဖျက်မလဲ ဖျက်ပေါ့၊ ကိုယ်လဲ ကြိုးစားဖျက်မှာပဲ။ အော် . . . ဒီလိုလား။

“ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမည်” ဒီလိုပြောင်းပေးရင် ကျမ်းကျိန်ပေးမယ်၊ အဲဒီလို ပြောင်းလဲပေးလို့လဲ ပါတီမှတ်ပုံတင်ခဲ့တယ်။ ခုလဲ အဲဒီအတိုင်း ပြောင်းလိုက်ပါ။”

အင်း၊ ဒီလိုလား။ ဟုတ်ပြီလေ။ ကဲ၊ ကျနော်ကပဲ ကြားထဲကနေပြီး ပြောင်းပေးလိုက်ပါတယ်။ စုစုတို့ဖက်ကလဲ ကိုယ့်စကားအတိုင်း၊ ကိုယ်ကျိန်တွယ်ခဲ့တဲ့အတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို လေးစားကြပေတော့၊ လိုက်နာကြပေတော့။ ဘာမှ အထွန့်တက်မနေကြနဲ့တော့၊ လေးစားပါတယ်၊ လိုက်နာပါတယ်ဆိုမှတော့ ရေးထားသမျှ ပြဋ္ဌာန်းထားသမျှ လိုက်နာအကောင်အထည်ဖော်ကြပေတော့။

တကယ်ကတော့ စုတို့အဖွဲ့နဲ့ အထူးသဖြင့်ပြည်ပက အိယောင်ဝါးတွေဟာ စုကိုယ်တိုင် လေးစားလိုက်နာပါမည်လို့ ပြီးခဲ့တဲ့နှစ်နိုဝင်္ဘာကတည်းက လက်မှတ်ထိုးမှတ်ပုံတင်ခဲ့ပေမဲ့၊ ခုထိ မြန်မာနိုင်ငံကို ဘာသာခြားစကားနဲ့ မြန်မာလို့ မခေါ်နိုင်ပဲ တစ်ဗားမားထဲဗားမားနေတာ လူတိုင်းကြားဖူးမှာပါ။ ဖွဲ့စည်းအုပ်ချုပ်ပုံထဲမှာ ပြည်တွင်းကော ပြည်ပကော မြန်မာနိုင်ငံလို့ခေါ်တွင်စေရမည်တဲ့လေ။ ဒါမျိုးကအစ ပြောင်းပြန်လှန်ပစ်ဖို့ကြိုးစားနေတာ တယ်လဲ တိမ်ပါကလားနော်။ တကယ်လုပ်ရမှာက လူ့အခွင့်အရေးတိုးတက်ကောင်းမွန်အောင်၊ ပြည်သူတွေ စားဝတ်နေရေးစိတ်အေးရအောင်၊ သားသမီးတွေ ပညာသင်ပေးနိုင်အောင်၊ တစ်မျိုးသားလုံး ကျန်းမာအောင်၊ ဖြစ်နေဆဲ စစ်ပွဲတွေ အဆုံးသတ်သွားအောင် စတဲ့စတဲ့ တကယ့်လုပ်စရာတွေ အများကြီးပါဗျာ။

တကယ်တော့ စုစုတို့အဖွဲ့ဟာ နှစ်နှစ်ဆယ်ကျော် မှားယွင်းတဲ့ပေါ်လစီအမှားကြီးကို ကိုင်တွယ်ခဲ့တာကို ဖုံးဖိကွယ်ကာလိုတဲ့အတွက် အရေးမပါတာနဲ့ သိက္ခာပြန်တင်ဖို့ကျိုးစားနေတာပါ။ ပျက်အစဉ် ပြင်ခဏ အခုပြင်ဖို့သတိဝင်လာလို့ ပြင်ခဲ့ပြီပဲ၊ ရဲရဲပေါ့၊ ဘာဖြစ်လို့ မဏ္ဍပ်တိုင်တက်ပြချင်နေသလဲ။ ပြည်သူတွေကလဲ ဘယ်သူမှ ဒီအမှားကြီးကို ရမယ်ဖွဲ့ပြီး အပြစ်ပြောမနေပါဘူး။ သူတို့ဝိုင်းလို့ဝန်းလို့လဲပဲ ပြိုင်သမျှနေရာတိုင်းလောက် နိုင်ခဲ့ပြီပဲ၊ သဘောပေါက်သင့်၊ ကိုယ့်ဖက်ကလဲ ပြန်လည် ရိုးသားသင့်၊ ပွင့်လင်းသင့်တယ်မဟုတ်ပါလား။

ဒီဖွဲ့စည်းအုပ်ချုပ်ပုံကို ကိုယ်အားအင်ပြည့်ဖြိုးတဲ့အချိန်မှာ တစ်ပုဒ်ခြင်းပြင်မလား ပြင်နိုင်တယ်၊ တစ်အုပ်လုံး မြောင်းထဲပစ်ထည့်လိုက်ပြီး အသစ်ပြန်ရေးမလား၊ ရေးနိုင်တယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၀၈ ခုနှစ်တုန်းကလဲ ကျနော် ပြောခဲ့တယ်။ ဘီဘီစီရေဒီယိုကနေ တစ်ဖက်က အခုအမတ်ဖြစ်နေတဲ့ အဲဒီအချိန်က အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ဦးသိန်းညွန့်၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ သြစတြေးလျက မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုတို့ ၃ ဦးနဲ့ အတိုက်အခံလုပ်ပြီး ကျနော်ပြောခဲ့တယ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို လက်ခံလိုက်ကြပါ၊ ခုကတည်းက ၂၀၁၀ ရွေးကောက်ပွဲနိုင်ရေးကို ပြင်ဆင်စည်းရုံးကြပါလို့ ကျနော်ဆော်သြခဲ့တယ်။ နောင် ကိုယ်အင်အားရှိတဲ့အခါမှာ အသစ်ထပ်ရေးမလား ရေးနိုင်တယ်၊ ကျနော်တို့အိမ်နီးခြင်း ထိုင်းနိုင်ငံမှာ ၁၇ ခုမြောက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးနေတယ်လို့ နမူနာပေးပြီး ထောက်ပြခဲ့တယ်။ ဘာလို့ထောက်ခံရမလဲဆိုတော့ တခြားရွေးစရာလမ်းမရှိလို့၊ ကြိုက်လို့မဟုတ်ဘူးလို့ ပြောခဲ့တယ်လေ။ ကဲ၊ အခု ရွေးစရာမရှိတော့ စုစုတို့လဲ ထောက်ခံလိုက်ကြရပြီ၊ ခေါင်းငုံ့ဝင်လိုက်ကြရပြီ မဟုတ်လား။ ခေါင်းငုံ့ဝင်ရာက နည်းနည်းလေး မေးကလေးဆွဲတင်နိုင်အောင် ရွေးကောက်ပွဲဥပဒေမှာ ကာကွယ်စောင့်ရှောက်ပါမည်အစား လေးစားလိုက်နာပါမည် လိုက်တယ်ပေါ့။ ဒီလောက်တော့ ငတုံးမဟုတ်သူ ဘယ်သူမဆိုနားလည်ပါတယ်။ ကုလားကြီးနဲ့အရာကြီးပါ။

သတင်းလောက အထူးသဖြင့် အာရ်အက်ဖ်အေကလဲ ဒီစကားရပ်၂ ခုဟာ မိုးနဲ့မြေခြားနားသယောင်ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းပေးနေတာတွေ့ရပါတယ်။ ထူးပြီး စိတ်မပျက်ပါဘူး။ ဒီအသံလွှင့်ဌာနဟာ နောင်ဆိုရင် အဲန်အယ်လ်ဒီရေဒီယိုလို့ နာမည်တောင် ပြောင်းဖို့များပါတယ်။ တစ်လျှောက်လုံး အဖွဲ့ချုပ်စင်မြင့်လုပ်ပေးနေတာပါ။ စုစုက အပတ်စဉ် အစီအစဉ် ၂ ခု၊ ဦးဝင်းတင်က ၂ ခု၊ ဦးတင်ဦးက ၁ ခု စသဖြင့် ပြတ်တယ်ကို မရှိပါဘူး။ အဲဒါ လွတ်လပ်တဲ့သတင်းအဖွဲ့အစည်းရဲ့ပြယုဂ်ပါပဲ။ မနေ့က ဘုန်းကျော်ရေးတဲ့ မြန်မာတွေဖားတာ ဗီဇကိုကပါလာတာဆိုတာကို ထောက်ခံသူတွေများလာတာ မဆန်းပါလားလို့တောင် မြင်မိပါတယ်။

အော်၊ ဟို တောခိုကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်နဲ့ အပေါင်းပါ ၁၄ ဦး၊ ပေါင်း ၁၅ ဦးကို ပထမဆုံးအကြိမ်ခေါင်းဖြတ်သတ်တာဟာ မှန်ကန်တယ်လို့ ထုတ်ပြန်ကြေငြာဖူးတဲ့ ကိုအောင်ထူးဆိုသူကိုလဲ အာရ်အက်ဖ်အေက ပွဲထုတ်ပြီးတော့ ဥပဒေအမြင်နဲ့ ဒီစကား ၂ရပ်ရဲ့ မဟာခြားနားခြင်းကို ဖွင့်ခိုင်းပါတယ်။ အဲဒီအထဲမှာ အမေရိကားက ပါမောက္ခ ဂျိုးဇက်ဖ် ဆီလ်ဗာစတိန်းလဲပါပါတယ်။ အားလုံးဟာ စုစုဖက်က ဖားကြတဲ့သူတွေချည်းပါပဲ။

အခု နည်းနည်းအရေးပါတာတစ်ခုကို ပြောပါရစေ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရှိတဲ့ နိုင်ငံတိုင်းမှာ ဒီဥပဒေကို ပြင်ဆင်ခွင့်ဆိုတာ ပါမြဲဖြစ်ပါတယ်။ ကျနော်တို့ဆီမှာတော့ ဒီပြင်ဆင်ခွင့်ကို ခက်ခဲအောင်၊ မဖြစ်နိုင်လောက်အောင် ကန့်သတ်ထားတယ်။ ဥပမာ ပြင်ဆင်ချင်ရင် လွှတ်တော်အမတ် ၇၅% အထက် ထောက်ခံမှ ပြင်နိုင်တယ်ပေါ့ဗျာ။ အခုပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲကိုကြည့်ရင် အဖွဲ့ချုပ်ဟာ ၂၀၁၀ ကသာ ဝင်ခဲ့ရင် လွှတ်တော်ထဲမှာ သေချာပေါက် အများစုဖြစ်မှာပဲ။ အဲဒါကိုအစိုးရိမ်လွန်ပြီး ရွေးကောက်ပွဲအနိုင်အရှုံးစာရင်းမကြေငြာခင် စစ်တပ်က အာဏာထပ်သိမ်းတာလဲ ဖြစ်ချင်ဖြစ်သွားနိုင်တာပဲ။ သေချာတာတစ်ခုကတော့ အဖွဲ့ချုပ်မှားခဲ့တယ်ဆိုတာပါပဲ။

ခုတော့ ၂၀၁၅ ကို အဖွဲ့ချုပ်က ဣနြေ္ဒရရစောင့်သင့်တယ်လေ။ ဒါဆိုရင် သေချာပေါက် ပါလီမာန်မှာ အများစုဖြစ်မယ်။ အစိုးရဖွဲ့နိုင်မယ်။ စုစုကတော့ ကံမပါဘူးပြောရမလား၊ ဥပဒေပုဒ်မ ၅၉ (စ) အရ သမတမဖြစ်နိုင်ဘူး၊ ဦးဥာဏ်ဝင်းဖြစ်မလား၊ ဦးဟံသာမြင့်ဖြစ်မလား၊ မလား မလားပေါ့ဗျာ။ လွှတ်တော်ထဲရောက်၊ အများစုဖြစ်ရုံနဲ့လဲ မကြိုက်တဲ့ဥပဒေတွေကို အကုန်မပြင်နိုင်သေးပါဘူး။ စစ်တပ်က ၂၅%ကိုင်ထားတယ်။ စစ်တပ်ပါတီနဲ့ မဟာမိတ်ပြုထားတဲ့ပါတီလဲ အနည်းအကျဉ်းရှိနိုင်တယ်။ ဒီတော့ အမြဲတမ်း အဖွဲ့ချုပ်ဟာ ၇၅%အထက်ရအောင် လုပ်နိုင်ကောင်းမှ လုပ်နိုင်မယ်။ မလုပ်နိုင်ရင် မပြင်နိုင်ဘူး။

အခုဆိုရင် ကိုယ်မှားခဲ့တဲ့အမှားကို ရိုးရိုးသားသားဝန်မခံပဲ ကပ်သီးကပ်သပ်ကော တစာစာကော အလုပ်လွန်လို့ အများပြောတဲ့စစ်တပ်က အမာလိုင်းကများ အာဏာတက်သိမ်းလိုက်ရင် (တက်သိမ်းဆိုတာထက် လွှဲယူလိုက်ရင်) သောက်ကျိုးနဲ နောက်ထပ် ဆယ်စုနှစ်ဘယ်နှစ်စုဆုတ်သွားမလဲဆိုတာ မတွက်ကြဘူး။ အမေရိကန်နဲ့ ဥရောပ အထူးသဖြင့် အင်္ဂလန်က ယှဉ်တွဲရပ်ပြတာနဲ့ ကဲမဆုံးရင် ဘုန်းဘုန်းလဲသွားနိုင်တယ်ဆိုတာ ထည့်မတွက်ဘူး။ တကယ်လုပ်လိုက်ရင် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကို အလွယ်တကူဝင်ရောက်စွက်ဖက်လို့ မရဘူး။ စွက်ဖက်မယ်ဆိုရင် မဆိုကောင်းဆိုစကောင်း အရှောင်မကောင်းရင် အလောင်းတောင်ရှာတွေ့မှာမဟုတ်ဘူး။ သူတို့မှာလဲ သူတို့စိုးရိမ်ပူပန်ချက်တွေနဲ့ ဖြေးဖြေးခြင်းပြောင်းတာကိုပဲ မျှောလိုက်ရင်း အခြေအနေကောင်းလာတော့ ကမ်းပေါ်တက်ကျန်ရစ်ကြချင်မှာပေါ့

တပ်အနေနဲ့ကလဲ တင်းတိုင်းသာလျှော့ပေးရမယ်ဆိုရင် ဘာသိက္ခာမှလဲ ကုန်းကောက်စရာကျန်မှာမဟုတ်ဘူး။ ဒီဖက်ကလဲ ရလေတောင်းလေ နေမှာပဲ။ သမတကြီးဦးသိန်းစိန်လဲ သူလုပ်နိုင်တဲ့ဘောင်အတွင်းကနေ တတ်နိုင်တာမှန်ရင် လိုက်လျောနေတယ်။ သူလဲ အကုန်မပိုင်ဘူးဆိုတာထည့်မတွက်ရင် အတူအလုပ်လုပ်လို့ရတဲ့သူကို မောင်းထုတ်ပစ်သလိုတောင် ဖြစ်သွားနိုင်တယ်။ မထူးဇာတ်ခင်းရင် ခံရမှာက ကိုယ်ကအရင်ဖြစ်တယ်၊ ပြီးတော့ ကိုယ်က အလုပ်အကြွေးပြုချင်လှပါတယ်ဆိုတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ရောင်ခြည်ကို ကိုယ်ကပဲ မှုတ်ပစ်လိုက်တာ ငြှိမ်းပစ်လိုက်တာဖြစ်တယ်ဆိုတာလောက်တော့ အောင်မြင်မှုတွေအပေါ်တက်နေတဲ့ မာနကလေးကို ဘေးမှာအသာချပြီး စဉ်းစားတတ်ဖို့ တွေးတောတတ်ဖို့လိုတယ်လို့ သတိပေးချင်တယ်။

ဒီတစ်ခါ နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့၊ ရွေးကောက်ပွဲဝင်ခဲ့တဲ့ရည်ရွယ်ချက်၊ မဲဆွယ်တုန်းက ပြည်သူလူထုအပေါ်ပေးခဲ့တဲ့ကတိဆိုတာတွေနဲ့ ပြည်သူကို မလှည့်စားပါနဲ့၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကိုပြင်ချင်ရင် လွှတ်တော်ထဲမှာ နေရာများနိုင်သလောက်များအောင်လုပ်ပါ။ နောက်ဆုံး ၇၅%ရတဲ့အခါမှာ စစ်ဗိုလ်တွေထဲကလဲ ဖောက်ပြီး ထောက်ခံမဲ့မနှိပ်ဘူးမထင်ပါနဲ့၊ အပြုတ်ခံ အညှင်းဆဲခံပြီး နိုင်လောက်တဲ့အချိန်မှာ ဝင်နှိပ်မဲ့သူတွေလဲ ရှိလာနိုင်ပါတယ်။ အဓိကက အခုပြည်သူအများစုခံစားနေရတဲ့ အခြေခံစားဝတ်နေရေး၊ အခြေခံကျန်းမာရေး၊ အခြေခံပညာရေးတွေကို အမြန်ဆုံးစတင်ကုစားကြဖို့ဖြစ်ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပြင်ဆင်ရေးဆိုတာ တမဟုတ်မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် မယောင်ရာ ဆီမလူးနဲ့ ယောင်တဲ့နေရာတွေကို အရင်ဆီလူးပါ၊ ကုသပါလို့ သတိပေးလိုက်ကြောင်းပါခင်ဗျား။


မောင်ညွန့် (မင်းကျောင်းတိုက်)
   အက်ရှရှ အရည်ပျော်ခြင်း
  • ရပ်နေတဲ့ မြစ်ကမ်းပါး
ဝုန်း ကနဲပြိုကျ
မြေကြောတွေတွန့် ဆုတ်
နှုတ်ခမ်းတွေ ဆွံ အ သွားပြီ။
  • အခါလွန်မှ ရွာတဲ့မိုး
ပျိုးပင်လေးတွေကို
ရိုးမြေကျရှင်သန်ခွင့်ပေးပါ။
  • ၀င်ကစွပ်ကောင်တွေလို
အငှားခန္ဓာကိုယ်နဲ့ ရှင်သန်
ခပ်ညံ့ညံ့မြို့ ပြ
အကြိမ်ကြိမ်ကြိုးဆွဲချ
အဖန်ငါးရာ ငါးကမ္ဘာ
မပါဋ္ဌာပြဇာတ်ထက်ဆိုးတယ်။
  • ကောင်းကင်ကကြိုးတန်းပေါ်လမ်းလျှောက်
ကြယ်တွေက အလျှံညီးညီးလောင်ကျွမ်း
အမှောင်လွှမ်းခြုံတဲ့မြေပြင်မှာ
ငါ့ကိုယ်ငါ ရှာမတွေ့ တော့တာ
ကြာပါပကော
ဒီလိုနဲ့ ပဲ--
ဒလိမ့်ကောက်ကွေး ကျိုးကြေတဲ့
မြစ်ကျိုးအင်းလို ဆန္ဒတွေမြေမျိုသွားတယ်။   ။
ဧရာ
၂၁၊၄၊၂၀၁၂
“မင်းတကိုယ်ထဲလျှောက်ပေတော့”

တဂိုးရဲ့ ကဗျာကို ဒေါ်အောင်ဆန်းစုကြည် ပြန်ဆိုထားပါတယ်။

“မင်းခေါ်လို့  သူတို့ မလိုက်ရင်
မင်း တကိုယ်ထဲ လျှောက်ပေတော့”။

”ကြောက်ဒူးတုန်လို့ 
နံရံဘက်လှည့်ပြီး သူတို့ နှုတ်ဆိတ်နေရင်
မင်း ကံဆိုးတာပေါ့၊
စိတ်ရှင်းရှင်းနဲ့ တကိုယ်ထဲသာ
ပွင့်ပွင့်လင်းလင်းပြောပေတော့”။

“တောကြီးမျက်မဲထဲ ဖြတ်သန်းနေတုန်း
မင်းကို သူတို့ စွန့် ခွါသွားရင်
မင်း ကံဆိုးတာပေါ့၊
ဆူးငြောင့်ခလုပ်တွေ နင်းချေရင်း
သွေးစွန်းတဲ့လမ်းမှာ မင်းတကိုယ်ထဲ လျှောက်ပေတော့”။

“မုန်တိုင်းထန်တဲ့ညမှာ
မီးအိမ်ကို သူတို့ မကိုင်ရင်
မင်းကံဆိုးတာပေါ့၊
ဝေဒနာမီးလျှံနဲ့  မင့်နှလုံးသားကို ထွန်းညှိ
တကိုယ်တည်း တောက်လောင်ပါစေတော့”။

တဂိုးရဲ့ ကဗျာ
ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်။

No comments: