Wednesday, May 31, 2017

"ရွာပျက်များ ဝေဒနာများ အတွေးများ"

ကွယ်လွန်သူ ရဲဘော်ထွန်းလင်း (လေတပ် တပ်ကြပ်ကြီးတေဇ) ၏ အက်ဆေးတပုဒ်
"ရွာပျက်များ ဝေဒနာများ အတွေးများ"
ငယ်စဉ်ကတော့ ရှမ်းရိုးမတောင်တန်းကြီးကို အဝေးမှမျှော်ငေးရင်း အံ့သြကြည်နူးခဲ့ရဖူးပါသည်။ နွေညများတွင် တောင်ပေါ် တောမီးများက ကောင်းကင်တံစက်မြိတ်ကိုပင် စွဲမြိုက်လောင်ကျွမ်းနေသယောင် တလွင့်လွင့်ထိန်ညီးနေတတ်သည်။ မိုးကာလတွင်မူ ခဲသားရောင်တောင်ခိုးဝတ်ရုံကို ကပိုကရိုခြုံကာ လေတွင်ပေါလောမြောနေသလိုပင်။ ဆောင်းရက်များတွင်ကား နှင်းမှုန်ပုဝါပါး နောက် ကွယ်မှသည် ဟိုအဝေးဆီသို့ တိတ်ဆိတ်ညင်သာစွာ ထွက်ခွာသွားနေသယောင် ... ဂမ္ဘီရဆန်နေပြန်သည်။
ထိုတောင်တန်း တောနက်ကြီးများထဲတွင် ဘယ်လိုအရာတွေများရှိနေပါလိမ့်။ ဒဏ္ဍာရီထဲကလို သူတော်စင် ဈာန်ပျံရသေ့ကြီးများ၊ ဇော်ဂျီတပသီများ၊ သူယောင်မယ်လှဒေ၀ီများ၊ ခါးကုန်းကုန်း တောင်ဝှေးတဒေါက်ဒေါက်နှင့် ကြောက်စရာစုန်းမအိုကြီးများ ကျက်စား ပျော်ပါးနေကြလေရော့လား။ လူတွေရွာတွေမှ ရှိပါလေရဲ့လား၊ ကလေးအတွေးနှင့် မေးခွန်းတွေတသီကြီး မေးခဲ့ဖူးပါသည်။ ထိုတောင် မြင့်ကြီးများပေါ်သို့ ခဏတာပင်ဖြစ်စေ ကျနော်ရောက်ဖူးချင်ခဲ့သည်။
အရွယ်ရောက်သောအခါ သူပုန်ပြောက်ကျားတဦးအဖြစ် ထိုတောင်မြင့်ကြီးများပေါ်သို့ အမှန်တကယ်ပင် ကျနော် ရောက်သွားခဲ့ ပါသည်။ တခဏသာမက တဘ၀တာလောက်ကြာသည်ဟုပင် ဆိုနိုင်ပါသည်။ သို့သော် ငယ်စဉ်ဘ၀ အဝေးမှ မျှော်ငေးကြည့်ခဲ့ရသလို အံ့သြကြည်နူးခြင်းမျိုး မရှိတော့ပါ။ ပြည်တွင်းစစ်၏ အနိဋ္ဌာရုံများ၊ စစ်ကြောင့်ပြာကျသွားခဲ့ရသော ရွာပျက်ဟောင်းများက ကျနော်၏ အာရုံခံစားမှုကို ပြောင်းလဲပစ်လိုက်ကြဟန်ရှိပါသည်။ ရွာပျက်ဟောင်းများသို့ရောက်တိုင်း အမည်မဖော်တတ်သော ဝေဒနာကို ကျနော်ခံစားရမြဲဖြစ်သည်။ ၀မ်းနည်းကြေကွဲခြင်းလား၊ စက်ဆုပ်နာကျည်းခြင်းလား ခွဲခြားရခက်ပါသည်။
တိတ်ဆိတ်နေသော ရွာဟောင်းသည် ကြေကွဲဝမ်းနည်းဖွယ်အရိပ်ဖြင့် မှိုင်းနေတတ်ပါသည်။ ထိုအခါမျိုးတွင် ကျနော်သည် တိတ်ဆိတ်ငြိမ်သက်ခြင်းထဲမှ တစုံတရာကို မြင်တွေ့နေရသလို ခံစားနေရသည်။
အေးစက်နက်ရှိုင်းသော အတိတ်၏ဆိတ်ငြိမ်မှုအတွင်းမှ အမေ့လျော့ခံပုံရိပ်များ၊ အသံများကို ကျနော်တို့ မြင်ကြားခံစားနိုင်ပါ သလား။ နှစ်ဆယ့်တစ်ရာစု ဗမာပြည်၏ စစ်အာဏာရှင်အကျဉ်းတိုက်ထဲမှ အကျဉ်းသားတဦးသည် သူနှင့် သမိုင်းခေတ်များစွာ ကွာဝေးသော ကျေးကျွန်ခေတ်မြေတိုက်အတွင်းမှ သံခြေချင်းခတ်ကျေးကျွန်အကျဉ်းသား၏ တောက်ခေါက်ညည်းတွားသံကို ခံစား ကြားယောင်နိုင်စွမ်းရှိသည်ဟု ကျနော်ထင်ပါသည်။ ထိုအတွက် အဖိနှိပ်ခံကျေးကျွန်ပြည်သူများအပေါ် နက်ရှိုင်းသော ချစ်ခင်စာနာစိတ် ရှိဖို့တော့ လိုသည်ပေါ့။
သက်ငြိမ်စက္ကူတချပ်မျှသာဖြစ်သော ‘တပ်ကုန်း’ ခေါင်းစီးပါ စစ်သုံးမြေပုံပေါ်သို့ အာရုံဝင်စားကြည့်လိုက်စမ်းပါ။ စစ်တောင်းမြစ်ညာ ပေါင်းလောင်းဝဲယာရှိ တောင်စဉ်တောင်တန်းတွေပေါ်မှာ၊ ချောင်းမဘယ်ညာ ကုန်းမြင့်ခင်ပြန့်တွေပေါ်မှာ ရွာငယ်ဇနပုဒ်လေး များစွာကို တွေ့နိုင်ပါသည်။
ရေဆိုး၊ ချောင်းဆုံ၊ ကြပ်ကြီး၊ နန်းစကဲ၊ ကြပ်ကလေး၊ နန်းပုံး၊ သစ်စေးတောင်၊ ကျောက်ဖား၊ လွယ်ထန်၊ ဆီဆွဲ၊ တခေါက်၊ ပန်းတင်၊ ရေအေး၊ ခွေးတမော ... စသည့် စသည့် ထိုရွာငယ်ဇနပုဒ်လေးများသည် မြေပုံပေါ်မှာသာ အမည်ကျန်ရစ်ပြီး မြေပြင်ပေါ်တွင်မူ ပျက်စီး ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်ပါသည်။
ကျနော် နောက်ဆုံး စခန်းချအိပ်စက်ခဲ့သော ရွာပျက်လေးမှာ ခွေးတမောဖြစ်သည်။ ခွေးများအတွက် တမောခရီးသာ ဖြစ်နိုင် သော်လည်း ခရီးပန်းလာသော ကျနော်တို့ ပြောက်ကျားတပ်စုလေးအတွက်မူ တမောနှင့်မရောက်ပါ။ ပေါင်းလောင်းကမ်းစပ်မှ ရွာဟောင်းအထိ တနာရီကြာတက်ခဲ့ရပြီး လမ်းတွင် တထောက်နားခဲ့ရသေးသည်။ တောအိုတောင်ရိပ်အောက်က ဆင်လမ်းအတိုင်း တက်ခဲ့ကြသဖြင့် ခြုံနွယ်ပိတ်ပေါင်း အတားအဆီးတော့ မရှိပါ။ ဆင်သွားလျှင် လမ်းဖြစ်သည်ဆိုသောစကားကို ထိုစဉ်ကမှ ကျနော် သဘောပေါက်ခဲ့ခြင်းဖြစ်ပါသည်။
တောင်လက်မောင်းပေါ်မှ ရွာဟောင်းသို့ ၀င်လိုက်သည်နှင့် မြင်ကွင်းက ရုတ်တရက်လင်းသွားသည်။ ပွင့်ဝေနေသော တော နေကြာရိုင်းခင်းကိုကျော်၍ အနောက်ဘက်မိုးကုတ်စက်ဝိုင်းကိုပင် လှမ်းမြင်နေရသည်။ မကြာမီဝင်တော့မည့် နွမ်းနေခြည်က ရှမ်းရိုးမကို နှုတ်ဆက်နေသယောင်။ ဆည်းဆာနေခြည်အောက်မှ ရွာဟောင်းလေးမှာ တိတ်ဆိတ်ငြိမ် သက်နေပါသည်။ အိမ်ခြေနှစ်ဆယ်ခန့်သာ ရှိခဲ့ဟန်တူသော ရွာဟောင်းလေးတွင် မီးသင့်လောင်ကျွမ်းထားသော အိမ်တိုင်ငုတ်တိုမည်းမည်းတို့မှလွဲ၍ လူနေအိမ်ပီပီသသကိုကား မတွေ့ရတော့ပါ။ သရက်၊ မာလကာ၊ ပိန္နဲ၊ ရှောက် စသည့် သီးစားပင်များသည် မြက်ရိုင်းပင်များကြားမှ အပေါ်ဘက်ဆီသို့ အားယူတိုးထွက်နေကြသည်။ ဇရာ၏ ဒဏ်ရာဒဏ်ချက်တို့ဖြင့် ကျီးပေါင်းတက် ရွတ်တွနေသော ပိန္နဲ၊ သရက်ပင်အိုကြီးများကို တွေ့ရ သောအခါ တချိန်က ခွေးတမောလူ့အဖွဲ့အစည်းလေးသည် ဤတောင်လက်မောင်းပေါ်တွင် ဆယ်ခုနှစ်အတော်ကြာ တည်ရှိခဲ့ဖူး ပါသလားဟု သက်ပြင်းတချက် ရှိုက်လိုက်မိပါသည်။
သံချေးတက် ဓားကျိုး၊ ပေါက်ပြားဟောင်း၊ ကြွေကွာသံဇလုံပေါက်၊ အညှောက်ပဲ့ မြေရေနွေးအိုး စသည်တို့ကို ဟိုတခု သည်တခု တွေ့ရသည်။ စွယ်တော်ရိုင်းပင်ခြေတွင် ထီးရိုးဝါးတပ် လုံးဝန်းဝန်းအရာတခုကိုတွေ့၍ ကောက်ယူကြည့်မိသည်။ ရုတ်တရက်ဆိုလျင် ရေခပ်အုန်းမှုတ်ခွက်တလုံးဟု ထင်ရသော်လည်း ကြောင်ရေအုပ် ကြိုးသုံးချောင်းတပ် အုန်းမှုတ်တယောလေးဖြစ်နေသည်။ အုပ်ထား သောကြောင်ရေမှာ အစအနလောက်သာ ကျန်တော့သည်။ ကြိုးတပ်ထီးရိုးဝါးလေးသည်လည်း ထက်ပိုင်းကျိုးနေလေပြီ။ လွှင့်မပစ်ရက် သောကြောင့် စွယ်တော်ရိုင်းပင်ခွကြားတွင် အသာအယာတင်ထားလိုက်မိပါသည်။
မီးသင့်ထားသော ထုပ်၊ လျောက်၊ ဒိုင်း၊ မြား တို့ ဖရိုဖရဲတွဲလောင်းကျနေသည့် အဆောက်အဦးပျက်တခုကို ရွာဟောင်းထိပ်တွင် တွေ့ရသည်။ တချိန်က ခွေးတမောသားတို့ကိုးကွယ်ခဲ့သော ရွာဦးကျောင်းဖြစ်ဟန်တူပါသည်။ မိုးဒဏ်လေဒဏ်ကြောင့် ရေစီးကြောင်းလိုက်ကာ အက်ကြောင်းများထင်နေသော ငှက်မြတ်နားတိုင်မှာ လဲပြိုတော့မယောင် စောင်းရွဲ့နေပါသည်။ မြေပြင်ပေါ်မှာပင် တုံးလုံး ပက်လက် သီတင်းသုံးလျက်ရှိသော ဦးခေါင်းတော်ပြတ် ဗုဒ္ဓရုပ်ပွားတော်တဆူကိုလည်း ဖူးတွေ့ရသည်။ ထိုရုပ်ပွားတော်တ၀ိုက်တွင် စဥ့်ရေသုတ်ညောင်ရေအိုးကွဲ အစအနများ ပြန့်ကျဲလျက်ရှိသည်။ မလှမ်းမကမ်းကုန်းမို့မို့ပေါ်မှ ကျောက်ပုံစေတီငယ်သည်လည်း ညောင်ကြတ်ပင်က မျိုထားသဖြင့် စေတီပုံပန်းပင် မပီသတော့။
ဤမြင်ကွင်းများသည် တချိန်က လူ့အဖွဲ့အစည်းငယ်အဖြစ် တည်ရှိခဲ့ဖူးသော ကျေးတောဇနပုဒ်လေး၏ ပျော်ရွှင်မှုနှင့် အလှတရားတို့ ပျက်စီးဆုံးပါးခဲ့ရလေပြီ ဆိုသောသင်္ကေတများဖြစ်ပါသည်။ ချစ်ခင်စာနာစိတ်ဖြင့် တစိမ့်စိမ့်တွေးကြည့်လိုက်မှသာ ရွာဟောင်း၏ ဘ၀အလှနှင့် သောကဗျာပါဒများကို တရေးရေး ထင်မြင်လာမိခြင်းဖြစ်ပါသည်။
ရွာဟောင်း၏ညက ဆိတ်ငြိမ်လွန်းလှသည်။ ကင်းရဲဘော်မှအပ ကျန်ရဲဘော်များ အိပ်မောကျနေကြပြီ။ ခပ်လှမ်းလှမ်းဆီမှ ချေ ဟောက်သံကို ကြားနေရသည်။ ထိုညက ညဥ့်နက်သည့်တိုင် ကျနော်အိပ်မပျော်နိုင်ခဲ့ပါ။ ကျနော့်အိပ်ယာပေါ်သို့ နွဲ့ငိုက် အုပ်မိုးထားသော ၀ါးရုံကိုင်းဖျားတွင် တပေါင်းညလပြည့်ဝန်းက တွဲလွဲခိုနေပါသည်။
ကျနော့်နားထဲတွင် ရွာဦးကျောင်းဆရာတော်၏ ဘုရားဝတ်တက်သံ၊ အမျှဝေ သာဓုခေါ်သံ၊ ကြေးစည်သံတို့ကို နာပျော်ဖွယ် ကြားနေရသည်။ လရောင်နှင့် သစ်ရိပ်အောက်မှ အထီးကျန်တယောသမား၏ အုန်းမှုတ်တယောသံနွဲ့နွဲ့ကလည်း လွမ်းမောဖွယ်ရာ ပင်။ စွယ်တော်ရိုင်းပင်ရိပ်ခြေမှ ထင်းမီးဖိုဘေးတွင် လုံမပျိုတယောက် သက်ငယ်ပျစ်နေသည်။ သူနှင့် မျက်နှာချင်းဆိုင်ရှိ ကာလသား လူရွယ်က သက်ငယ်တံသတ်ရင်း မေတ္တာဘွဲ့တေးသံကို ဆိုညည်းလျက်ရှိပါသည်။ အမှတ်တမဲ့ အကြည့်ချင်းဆုံသွားကြသည့် သူတို့ နှစ်ဦး၏ မျက်နက်ဝန်းများထဲမှ သူတို့နှစ်ဦးတည်းသာ နားအလည်နိုင်ဆုံး ဖြစ်ဖွယ်ရှိသော သမုဒယ အလှတရားကို ထင်းမီးရောင် ၀ါလဲ့လဲ့တွင် ဖျတ်ကနဲ ကျနော်မြင်လိုက်ရပါသည်။
ကလေးငယ်တသိုက်ကတော့ ရွှေယုံနှင့်ရွှေကျား သက်ငယ်ရိတ်သွားပုံပြင်ကိုပြောပြနေသည့် အဖွားအိုတဦး၏ ပတ်လည်တွင် ၀ိုင်းဖွဲ့ကာ ပါးစပ်အဟောင်းသားနှင့် နားထောင်နေကြသည်။ အိမ်ထောင်ဦးစီးယောကျာ်းကြီးများက ပြောင်းကောက် ခေါင်ခါးခါးကို မြုံ့ရင်း တောင်ယာမီးရှို့ရက်ကို ရွေးနေကြပါသည်။ ဂျင်းဈေး၊ နနွင်းဈေး၊ သစ်စေးဈေးတို့ကို အချင်းချင်းသတင်းမေး စနည်းနာ နေကြပါသည်။ သစ်စေးဈေးကောင်းသည့်နှစ်တွင်မှ သစ်စေးအထွက်လျော့သဖြင့် စုပ်သတ်ညည်းတွားနေကြပါသည်။ တခိျု့ကတော့ နောက်တနေ့ တောင်ခြေချိန်းဈေးသို့ ဂျင်း၊ နနွင်း ပို့ရန် နွားဝန်တင်ကုန်းများကို ပြင်ဆင်လျှက် ရှိပါသည်။
တတောင်ဆင်း တတောင်တက်၊ တလှျိုဝင် တမြောင်ထွက်၊ ၀င်္ကဘာလူသွားလမ်းကလေးများသည်သာ သူတို့၏ အကောင်းဆုံး လမ်းပန်းဆက်သွယ်ရေးဖြစ်ပါသည်။ ထိုလမ်းကလေးများအတိုင်း တောင်ခြေရှိငါးရက်တပတ်ဈေးသို့ နွားဝန်တင်များဖြင့် ဂျင်း၊ နနွင်း၊ သစ်စေးပို့ကြရသည်။ လိုအပ်သမျှ အသုံးအဆောင်လေးများနှင့် ငါးပိ ဆားပြားကို ချိန်းဈေးမှပင် ၀ယ်ပြန်လေ့ရှိပါသည်။ ချိန်းဈေး ဆိုသည်မှာ တောင်ပေါ်ကယာသမားနှင့် ကွင်းကကုန်သည်ပွဲစားတို့ အပြန်အလှန် ကုန်သွယ်ဖလှယ်ရာဖြစ်ပါသည်။
မြို့ကြီးပြကြီးသို့မူ ခွေးတမောရွာသားများ အရောက်အပေါက်သိတ်မရှိကြပါ။ တညအိပ်ခရီးလောက်သာဝေးသော တပ်ကုန်းမြို့ လေးသို့ပင် အများစုမရောက်ဖူးကြပါ။ ရောက်ဖူးသူတဦးတလေကို ခွေးတမော၏ လည်ဝယ်နှံ့စပ်သူအဖြစ် သတ်မှတ်တတ်ကြပါသည်။ ကား၊ ရထား မမြင်ဖူး၊ မစီးဖူးဘဲ တဘ၀ဆုံးသွားကြရသူတွေလည်း မနည်းလှပါ။ ခွေးတမောတွင် စာသင်ကျောင်း မရှိပါ၊ ဆေးပေးခန်း မရှိပါ၊ သတင်းစာ မဂ္ဂဇင်း မရှိပါ။ ရေဒီယို ရုပ်သံလွှင့် မရှိပါ။ ရိုးသားဖော်ရွေမှုနှင့် ဆင်းရဲခိျု့တဲ့ခြင်း၊ မတရားစော်ကား အနိုင်ကျင့် ခံရခြင်းတို့မှလွဲ၍ အခြားဘာမှမရှိပါ။ ထို ဘာမှမရှိသော ရွာလေးသည်ပင် ယခုအခါ ဗမာပြည်မြေပြင်ပေါ်မှ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်ပါသည်။ ဆင်းရဲမွဲတေမှုများအကြား၌သာ အသက်ရှင်သန်ခွင့်ရခဲ့ကြသော ထိုဇနပုဒ်သားတို့သည်လည်း ကစဥ့်ကလျား တကွဲတပြား ဖြစ်သွားခဲ့ရပါပြီ။
သူတို့ဘ၀ကို အမြစ်ကဆွဲနှုတ်ပစ်ခဲ့ကြသော ခေတ်အဆက်ဆက်အုပ်စိုးသူများက သူတို့ကို သူပုန်ဘက်တော်သားများအဖြစ် ဖမ်းဆီးသတ်ဖြတ်ပစ်ခဲ့ကြပါသည်။ သူတို့ရွာငယ်ဇနပုဒ်များကို အဓမ္မပြောင်းရွှေ့ပစ်ခဲ့ကြပါသည်။ ငြင်းဆန်လျှင် ရွာလုံးကျွတ်မြေလှန် မီးတိုက်ပစ်ကြပါသည်။
အမှန်တရားသည် အဘယ်မှာနည်း။ တရားမျှတမှုသည် အဘယ်မှာနည်း။ ဤလူမှုစနစ်ကြီးသည် တခုမက အတော်များများ မှားယွင်းနေသည်မှာ သေချာပါသည်။ ကျွမ်းထိုးမှောက်ခုံဖြစ်နေသော ဤလူမှုစနစ်ကြီးအတွင်း၌ ထောက်ထားကြင်နာမှုဆိုသည်မှာ ဒုလ္လဘတရားသာဖြစ်ပါသည်။
ထိန်ထိန်ငြီးနေသော တောင်ပေါ်တောမီးများအလယ်တွင် သားစဉ်မြေးဆက် ဆင်းရဲစွာ ရုန်းကန်ရှင်သန်ခဲ့ကြရသော ထိုရွာငယ် လေးများသည် ပြည်တွင်းစစ်မီးလျှံ၏ ၀ါးမျိုမှုကိုခံလိုက်ရသောအခါ ပြာပုံဘ၀သို့ ရောက်ခဲ့ကြရပါသည်။ စစ်ကြောင့် ပြာကျပျက်စီးခဲ့ရ သည့် ရွာတွေ ရှမ်းရိုးမပေါ်မှာ၊ ပဲခူးရိုးမပေါ်မှာ၊ ရခိုင်ရိုးမပေါ်မှာ၊ တနင်္သာရီရိုးမပေါ်မှာ၊ ကချင်တောင်တန်း ချင်းတောင်တန်းတွေပေါ်မှာ၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ ကမ္ဘာ့ကုန်းမြေအနှံ့ဆီမှာ ရေတွက်၍ပင် ကုန်နိုင်ဖွယ်ရှိမည်မထင်ပါ။
မေ့ရက်နိုင်စရာမရှိသော ကျနော်တို့ခေတ်၏ ထိုအဖြစ်အပျက်များသည် ယခုအခါ မေ့လျော့ခြင်းနွံအိုင်ထဲ၌ ထိုးနှစ်ထားခြင်း ခံနေရပါသည်။
ပုဂံ၊ ဗိဿနိုး၊ တကောင်း စသည့် ရာဇ၀င်မြို့များက ပဒေသရာဇ်ခေတ်လူမှုဘ၀ရုပ်ပုံလွှာကို ပြန်လည်ပြောပြနိုင်သည်မှာ မှန်ပါ သည်။ ကျနော်တို့ခေတ် ပစ္စုပ္ပန်ရွာဟောင်းများသည်လည်း လက်ရှိလူမှုစနစ်ကြီး၏ အကြောင်းအကျိုး အကောင်းအဆိုးကို သက်သေ ထွက်ဆိုနိုင်ကြသည်သာဖြစ်ပါသည်။ ရာဇ၀င်မြို့ဟောင်းများကတော့ ကံကြမ္မာမျက်နှာသာ ပေးခံကြရသည်လားမသိ၊ အချိန်ကာလ၏ ရေးရိပ်မှုန်ပြာမှုအောက်တွင် မှေးမှိန်တိမ်မြုပ်နေရာမှ နှောင်းခေတ်လူသားတို့၏ ရှာဖွေတူးဖော်စောင့်ရှောက်ခြင်းကို ခံကြရသည်။ ကျနော်တို့ခေတ် ရွာဟောင်းများမှာမူ ပစ္စုပ္ပန်လူသားတို့၏ မေ့လျော့ထားခြင်းကို ခံနေကြရရှာသည်။
တန်ဖိုးကို ဝေးလံလွန်းသော အတိတ်၌သာ ရှာဖွေလိုခြင်း၊ ပစ္စုပ္ပန်ကို အေးစက်စွာမေ့လျော့ထားတတ်ခြင်းသည် လူသား၏ ကုစားရခက်သောရောဂါ ဖြစ်လေသည်လားမဆိုနိုင်တော့။ ဝေးလံသောအတိတ်ကို အမြတ်တနိုး တူးဖော်ရှာဖွေကြသလောက် လတ်တလောပစ္စုပ္ပန်ကိုမူ အလေးဂရုမြုပဘဲ အမှတ်မဲ့ ဖြတ်သန်းသွားတတ်ကြသည်။ အတိတ်၏တန်ဘိုးကို မေ့ပျောက်ပစ်ရန် ကျနော် တိုက်တွန်းနေခြင်းမဟုတ်ပါ။ ယနေ့ပစ္စုပ္ပန်ကို ဥပက္ခာပြုမထားမိဖို့ သတိပေးလိုခြင်းသာ ဖြစ်ပါသည်။
ယနေ့ကမ္ဘာကြီးသည် ပစ္စုပ္ပန် တည်းဟူသော ရွဲကစားသမား၏ လက်ညှိုးဖျားပေါ်မှ ခြာခြာလည်နေသော ရွဲတလုံးဖြစ်ပါသည်။ ပစ္စုပ္ပန်ကို မေ့လျော့ထားခြင်းသည် ကမ္ဘာကြီး ကျကွဲမည့်အန္တရာယ်ကို ဖိတ်ခေါ်ရာ ရောက်ပါသည်။
တွေးကြည့်လိုက်စမ်းပါ ...။
“ပစ္စုပ္ပန်၏ အပြင်ဘက်တွင် ဘယ်အရာများ ရှင်သန်ရပ်တည်နိုင်ပါသလဲ ...”
မြတ်နိုး
၁၉၊ ၆၊ ၀၄
(ခေတ်ပြိုင်ဝက်ဆိုက် တွင် ဖော်ပြခဲ့ပြီး)



 Image may contain: 1 person, indoor

Saturday, May 27, 2017

RoBS Anwar Arkani





အခု့ VDO ဖိုင်ထဲမှာ ပြောနေတဲ့သူကတော့ ကနေဒါမှာ (---ူ)(---င်)ညာ အဖွဲ့ ရဲ့ ဥက္ကဋ္ဌ ဆိုတဲ့ အန္နဝါ ဆိုသူဖြစ်ပါတယ်။

Monday, May 22, 2017

Peace process in pieces in Myanmar

http://www.atimes.com/article/peace-process-pieces-myanmar/

When de facto leader Aung San Suu Kyi opens the next round of her peace drive on May 24, the outcomes and upshots will be pivotal to her legacy 

   

Yangon, May 22, 2017 2:14 PM 

 https://www.facebook.com/bertil.lintner?hc_ref=NEWSFEED&fref=nf

  Myanmar's State Counsellor Aung San Suu Kyi sits in her car after arriving at the airport in New Delhi, India, October 17, 2016. Photo: Reuters/Adnan Abidi
Myanmar's State Counsellor Aung San Suu Kyi sits in her car after arriving at the airport in New Delhi, India, October 17, 2016. Photo: Reuters/Adnan Abidi
On May 24, when Myanmar leader Aung San Suu Kyi opens the second round of her signature 21st Century Panglong peace conference, a high-stakes initiative to end decades of debilitating and divisive civil war, the outcomes and upshots will be pivotal to her democratically elected administration.
The meeting will aim to draw on the unifying symbolism of the original Panglong conference held by Suu Kyi’s national founder father, Aung San, who signed an agreement with ethnic Shan, Kachin and Chin representatives on February 12, 1947 at the small Shan state market town of Panglong. The agreement paved the way for the declaration of independence from British colonial rule the following year.
Despite the historic parallels and Suu Kyi’s strong political clout, few observers believe the upcoming meeting will meaningfully advance national reconciliation without a significant change in tack. Suu Kyi’s insistence that all armed groups agree to an elaborate National Ceasefire Agreement (NCA) before holding any political talks towards the creation of a federal union remains a major sticking point.
So, too, are major battles underway between government forces and ethnic armed organizations in northern Kachin, northeastern Shan and western Rakhine states. While Suu Kyi speaks of peace and reconciliation, military commander Senior General Min Aung Hlaing has simultaneously ramped up lethal offensives that have led to the heaviest fighting since the conflict-ridden 1980s.   
In this photograph taken October 11, 2016, rebels belonging to the Kachin Independence Army (KIA) ethnic group move towards the frontline near Laiza in Kachin state during two days of fighting with the Myanmar military. KIA rebels said they seized 20 government firearms, hundreds of rounds of ammunition and recovered bodies of four soldiers during the two days of fighting in mid-October. Renewed fighting has raged since November 20 between the Myanmar military and four armed ethnic groups, including the KIA. / AFP PHOTO / Hkun Lat
Kachin Independence Army (KIA) rebels move towards the frontline near Laiza in Kachin state during two days of fighting with the Myanmar military in November 2016. Photo: AFP/ Hkun Lat
Suu Kyi has made peacemaking a top policy priority, some say to the detriment of other pressing matters such as bureaucratic, economic and legal reforms. It is one of the few policy areas where she has appeared in public meeting representatives from across political and ethnic spectrums.
But her failure to establish anything resembling peace in the country’s north and northeast, and ongoing communal violence in Rakhine state have severely tainted her previous image as a persecuted pro-democracy icon. The perception shift has been particularly damning as a former recipient of the Nobel Peace Prize for her non-violent struggle against military repression and advocacy for peaceful reconciliation.
Ethnic group representatives who have attended meetings with a working committee preparing for the talks say they are appalled by what they liken more to bullying than negotiation, with the military giving them only two options: accept the 2008 constitution, which solidifies a powerful political role for the military over a highly centralized political system, or face annihilation on the battlefield.
The 2008 constitution, drafted under military rule and promulgated after what most independent observers viewed as a rigged and fraudulent referendum, gives the military effective veto power over any bid to change important clauses in the charter. It also gives the military autonomous control over crucial security related ministries, namely defense, border affairs and home.
Myanmar's General Min Aung Hlaing takes part during a parade to mark the 72nd Armed Forces Day in the capital Naypyitaw, Myanmar March 27, 2017. REUTERS/Soe Zeya Tun - RTX32TZF
Myanmar’s military commander Min Aung Hlaing during a parade to mark the 72nd Armed Forces Day in Naypyitaw on March 27, 2017. Photo: Reuters/Soe Zeya Tun
Ethnic representatives argue that without a new federal constitution that could be put to a genuinely free and fair referendum, prospects for ending the war will remain dim. All ethnic groups want “full autonomy in internal administration for the Frontier Areas,” as enshrined in the original 1947 Panglong Agreement brokered by Suu Kyi’s independence hero father.
Myanmar’s federal constitution was abrogated and replaced by iron-fisted rule after a 1962 military coup that ushered in nearly five decades of soldier-led governance. Myanmar’s ethnic wars represent some of the longest running conflicts in the world.   
Officially, eight armed groups signed the NCA in October 2015. Of those only three — Shan State Restoration Council, Karen National Union and Democratic Karen Benevolent Army — actually have armed forces. The remaining five are small groups, claiming to represent the interests of Karen, Pa-O, Chin and Rakhine (Arakanese) ethnic groups, may best be described as nongovernmental organizations (NGOs).
On March 30, Suu Kyi announced that five more key groups – New Mon State Party, Karenni National Progressive Party, Arakan National Congress, Lahu Democratic Union and Wa National Organization – were poised to sign the NCA. The groups have since denied they took any such decision.
Myanmar's Minister of Foreign Affairs Aung San Suu Kyi (R) confers with a member of her delegation during the 71st United Nations General Assembly in Manhattan, New York, U.S. September 21, 2016. REUTERS/Carlo Allegri     TPX IMAGES OF THE DAY      - RTSOVG2
Myanmar State Counsellor Aung San Suu Kyi (R) confers with her delegation at the United Nations General Assembly on September 21, 2016. Photo: Reuters/Carlo Allegri
While the first two groups have armed wings, the other three could hardly be described as “key ethnic armed groups”, as most are even smaller than the five NGO-type groups that signed the 2015 agreement. But Suu Kyi appears concentrated on boosting the number of NCA signatories, even if they are largely insignificant to resolving the wars, in an apparent bid to conceal the policy’s underlying failure.
Meanwhile, major groups that have not signed the NCA — Kachin Independence Army, United Wa State Army, Ta’ang National Liberation Army, Shan State Army/Shan State Progress Party, Myanmar National Democratic Alliance Army, National Democratic Alliance Army-Eastern Shan State, and Arakan Army — account for more than 80% of the country’s armed rebels.
Failed peace processes are nothing new in Myanmar, previously known as Burma. In 1958, a caretaker government led by General Ne Win offered an amnesty without political concessions to communists, army mutineers and ethnic rebels. Those who accepted were granted business concessions, similar to the terms offered to the few signatories of the current NCA.
Peace talks were held in 1963 in which Ne Win’s coup-installed government demanded surrender and offered only “rehabilitation.” Groups that accepted were converted into “home guard units”, known as Ka Kwe Ye, which were allowed to conduct business, including opium trading, in their native areas. The deal ushered the rise of Myanmar’s most notorious drug lords, including Lo Hsing Han and Khun Sa.
This picture taken on February 4, 2015 shows Shan State Army - South (SSA-S) soldiers training at their headquarters in Loi Tai Leng, in Myanmar's northeastern Shan State, a few days ahead of the 68th Shan National Day celebrations which were held there on February 7. The Shan National Day marks the unification of many Shan principalities into a single Shan State in 1947. The SSA-S is one of the largest rebel groups in Burma and fights in Shan State for self-determination of the Shan people in Myanmar. Though a ceasefire was signed in 2011 sporadic fighting continues between the SSA-S and the Myanmar army. Myanmar's government on February 12, 2015 held a somber ceremony marking the nation's symbolic unification after the colonial era, but a coveted ceasefire with ethnic rebel groups remained out of reach as conflict sweeps across northern borderlands.   AFP PHOTO / KC Ortiz / AFP PHOTO / KC Ortiz
Shan State Army – South (SSA-S) soldiers training in Loi Tai Leng, in Myanmar’s northeastern Shan State, on February 7, 2015. Photo: AFP/KC Ortiz
In 1980, the government announced a new amnesty for rebels and political prisoners. At that time, separate talks were held with the KIA and the Communist Party of Burma that eventually broke down on the government’s offer of only rehabilitation for unconditional surrender.
In the late 1980s and early 1990s, the government entered ceasefire agreements with about two dozen armed groups in exchange for lucrative business concessions, including a deal with the KIA that held for 17 years before faltering in 2011 when the group started making fresh demands for federalism.
The NCA’s only achievement so far appears to be creating rifts between signatories and non-signatories and internal divisions among those who have signed. Within Karen National Union, for example, there is deep disagreement among leaders and those who believe they have sold out their long struggle for autonomy for short-sighted business deals.
Even the smallest of the signatories have been granted lucrative business concessions, including rights to sell imported used cars from neighboring Thailand. Bigger groups have invested heavily in real estate and palm oil plantations.
European Union foreign policy chief Federica Mogherini gives a news conference with Myanmar State Counsellor Aung San Suu Kyi in Brussels, Belgium May 2, 2017. REUTERS/Eric Vidal - RTS14SQ7
Myanmar State Counsellor Aung San Suu Kyi with European Union foreign policy chief Federica Mogherini in Brussels on May 2, 2017. Photo: Reuters/Eric Vidal
The main difference between current and past talks is the heavy involvement of foreign peacemakers and lavish international funding in Suu Kyi’s initiative, interventions that have further skewed incentives and motivations.
History shows central demands for ethnic groups’ unconditional surrender — now dubbed as ‘DDR’ for disarmament, demobilization and reintegration by authorities — in exchange for business concessions seldom hold and are not a long-term solution to what is at root a political problem.
If Suu Kyi truly wants peace and reconciliation, she could take the moral high ground by announcing a unilateral government ceasefire rather than insisting ethnic armed groups sign an agreement many of them legitimately view as a military trap.
But until the Noble Peace Prize laureate stands up to the military and offers ethnic groups genuine self-determination and autonomy, her signature initiative risks repeating past failed efforts and leaving behind a country more at war than when she was elected as a reconciliatory peacemaker.

ဗလက္ကာရပြုသူ ဘာသာရေးခေါင်းဆောင် လိင်တံ ဖြတ်ခံရ

ဗလက္ကာရပြုသူ ဘာသာရေးခေါင်းဆောင် လိင်တံ ဖြတ်ခံရ
အိန္ဒိယ နိုင်ငံ တောင်ပိုင်း ကာရာလာ ပြည်နယ်က
အသက် ၂၃ နှစ် အရွယ် အမျိုးသမီး တယောက်ဟာ သူ့ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ ဟိန္ဒိုဘာသာရေးခေါင်းဆောင် တယောက်ရဲ့ လိင်တံကို ဖြတ်ပစ်လိုက်တယ် ဆိုပါတယ်။

အဲဒီ ဘာသာရေးဆရာက သူ့အိမ်ကို ဖခင်ဖြစ်သူရဲ့ ကျန်းမာရေး အတွက် ဆုတောင်းပေးဖို့ အမြဲလာလေ့ရှိသူပါ။ အဲဒီလို လာတိုင်းမှာ အခွင့်အရေးရရင် ရသလို သမီး ဖြစ်သူကို လိင်ပိုင်းဆိုင်ရာ စော်ကားတယ် ဆိုပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ အမျိုးသမီးငယ်ဟာ ဓား တလက်နဲ့ အဓမ္မပြုကျင့်သူကို ခုခံ တိုက်ခိုက်ခဲ့ပါတယ်။
အခုတော့ အဲဒီ ဘာသာရေးဆရာဟာ အရေးပေါ်ခွဲစိတ်ကုသမှုခံရဖို့ သီရီဝမ်သရပူရမ် ဆေးကောလိပ် ဆေးရုံမှာ တင်ထားရပါတယ်။
ဆေးရုံရဲ့ ထုတ်ပြန်ချက်မှာ ဘာသာရေးဆရာရဲ့ လိင်တံဟာ ၉၀ ရာခိုင်နှုန်း ပြတ်တောက်နေပြီး ဒါကို ပြန်လည် ဆက်ပေးနိုင်ဖို့ နည်းလမ်း မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ် သွေးတိတ်ဖို့နဲ့ ဆီးသွားနိုင်ဖို့ အတွက်တော့ ခွဲစိတ်ဆရာဝန်တွေနဲ့ ဆီးလမ်းကြောင်း အထူးကုတွေက ခွဲစိတ်ပေးခဲ့တယ် ပြောပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရတဲ့ အကြောင်းကို အမျိုးသမီးငယ်ဟာ မိခင်ကို အရင်တုန်းက တိုင်ကြား ခဲ့ပေမယ့် မိခင်ဘက်က အရေးယူမှု မရှိခဲ့ဘူး ဆိုပါတယ်။ အဲဒီအတွက် မိခင်ဟာ ရာဇဝတ်မှုတိုင်ကြားဖို့ ပျက်ကွက်မှုနဲ့ အရေးယူခံရဖွယ် ရှိပါတယ်။
လိင်တံကို ဖြတ်တောက်ခဲ့သူ အမျိုးသမီးငယ်ကတော့ အမှုရင်ဆိုင်ရဖွယ် မရှိပါဘူး။
ကာရာလာ ပြည်နယ် ဝန်ကြီးချုပ် ဗီဂျာယမ်က အမျိုးသမီးငယ်ရဲ့ တုံ့ပြန်မှုကို သတ္တိရှိတဲ့ လုပ်ရပ် အဖြစ် ချီးကျူးခဲ့ပါတယ်။
အိန္ဒိယမှာ ၂၀၁၂ ခုနှစ် အုပ်စုလိုက် လိင်အဓမ္မပြုကျင့်မှု နောက်ပိုင်း လိင်စော်ကားမှုကျူးလွန်သူတွေကို အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်တဲ့ သေဒဏ် အထိ ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူဖို့ တောင်းဆိုလာကြသလို ကြိုတင်ကာကွယ်မှု အသိပညာပေးမှုတွေလည်း ပိုတိုး လုပ်ဆောင်လာပါတယ်။
တိုင်းပြည်တဝှမ်းမှာ အမျိုးသမီးငယ်တွေနဲ့ ကလေးသူငယ်တွေ လိင်စော်ကားခံရမှု သတင်းတွေကတော့ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း

Wednesday, May 17, 2017

Jade and the Generals | Global Witness



Global Witness က ရိုက်ကူးထားတဲ့ ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များ Jade
and the Generals ရုပ်ရှင်မှတ်တမ်းကို ရန်ကုန်မြို့က Park Royal
ဟိုတယ်မှာ ပြသဖို့ စီစဉ်ခဲ့ပေမယ့် ပြသခွင့်မရခဲ့ပါဘူး။


ဟိုတယ်တာဝန်ရှိသူတစ်ဦးက တိုင်းဒေသကြီးအစိုးရရဲ့ခွင့်ပြုချက်ရမှသာ
သူတို့အနေနဲ့ ခွင့်ပြုပေးနိုင်မယ် လို့ ပြောတဲ့အတွက် သတင်းစာရှင်းလင်းပွဲသာ
ကျင်းပခဲ့ပါတယ်။


အဲဒီမှတ်တမ်းရုပ်ရှင်ကို ကိုယ်တိုင်သွားရောက်ရိုက်ကူးပေးခဲ့တဲ့
မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ကိုထူးတေဇာက အခုလိုပြသခွင့်မရတာ
မဖြစ်သင့်ကြောင်း ၊ မှတ်တမ်းရုပ်ရှင်တွေကို လွတ်လွတ် လပ်လပ် ပြသခွင့်ရစေ
ချင်ကြောင်းပြောပါတယ်။


အဲဒီ မှတ်တမ်းရုပ်ရှင်ဇာတ်ကားဟာ ရိုးရိုးဇာတ်ကားမဟုတ်ဘဲ
သက်ဆိုင်ရာတွေနဲ့ ပတ်သက်နေတာ ကြောင့်
တိုင်းအစိုးရရဲ့ခွင့်ပြုချက်ယူပြီးမှသာ ပြသခွင့်ပေးဖို့ အတွက်
ဝန်ထမ်းတွေကို ဟိုတယ်ရဲ့ တာဝန်ရှိသူတွေကမှာ ကြားထားတယ်လို့သိရပါတယ်။


အခုလိုပြသခွင့်မပြုတာဟာ မြန်မာလူမျိုးတွေအနေနဲ့
အရင်တုန်းကအကြောက်တရားတွေ ရှိနေသေးတယ်လို့ ယူဆကြောင်း Global Witness
အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် Paul Donowitz သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့
ပါတယ်။


မှတ်တမ်း ရုပ်ရှင်ဟာ ကချင်ပြည်နယ်
ဖါးကန့်ကျောက်စိမ်းတွင်းလုပ်ကွက်တွေရဲ့ နောက်ကွယ်မှာ
ဗိုလ်ချုပ်တွေပိုင်ထားတဲ့ စီးပွားရေး ဦးပိုင် လီမိတက်က
လွှမ်းမိုးထားကြောင်းနဲ့ ထွက်ရှိတဲ့သယံဇာတ တွေကို တိုင်းပြည်က
မခံစားရဘူးဆိုပြီး အဓိက ဖေါ်ပြထားပါတယ်။


ဖားကန့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေမှာ မြန်မာစီးပွားရေး
ဦးပိုင်ကုမ္ပဏီလီမိတက်က လုပ်ကိုင်တာတွေ အများဆုံးဖြစ်ပြီး အဲ့ဒီ့ဒေသက
ဒေသခံတွေ အနေနဲ့ လမ်းသွားရင်း ကျောက်စိမ်း ကောက်ရခဲ့မယ်ဆိုရင်တောင်
တရားစွဲဆို အဖမ်းခံရနိုင်တဲ့အတွက် ဖားကန့်နယ်ဟာ ဒေသခံပြည်သူ တွေအတွက်
ကျိန်စာသင့်နေတဲ့ နယ်မြေ တစ်ခုလို ဖြစ်နေတဲ့အကြောင်းတွေကို
မှတ်တမ်းရုပ်ရှင်ထဲမှာ ပြောထားပါတယ်။


ပြသခွင့်မရခဲ့ပေမယ့် Global Witness အဖွဲ့က ယူကျုအွန်လိုင်းမှာ တင်ထားသလို ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာမှာလည်း တင်ထားပါတယ်။

The Voice အယ်ဒီတာချုပ် နဲ့ ကလောင်ရှင် တို့ကို တပ်မတော် အမှုဖွင့်

The Voice အယ်ဒီတာချုပ် နဲ့ ကလောင်ရှင် တို့ကို တပ်မတော် အမှုဖွင့်: The Voice သတင်းစာမှာ'ကျည်ထောင်စုသစ္စာ' သရော်စာ ရေးသားသူ ဗြိတိသျှကိုကိုမောင် နဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့ကို တပ်မတော်က ၆၆(ဃ) နဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရဲစခန်းမှာ ဒီနေ့ အမှု ဖွင့်လိုက်ပါတယ်။

Tuesday, May 16, 2017

တိုက်ခန်းပိုင်ရေး မျှော်လင့်ချက်နဲ့ ဘဏ်ချေးငွေ

Naw Yar Maung feeling sad with Win Sandar Oo and 3 others.
14 hrs ·
တိုက်ခန်းပိုင်ရေး မျှော်လင့်ချက်နဲ့ ဘဏ်ချေးငွေ
ကျွန်မမှာ မျှော်လင့်ချက်သိပ်အကြီးကြီးမရှိပေမယ့် အိမ်တစ်လုံးပိုင်ဆိုင်ချင်တာတော့ ရူးမတတ်ပါ...။
ကျွန်မတို့လုပ်နေတဲ့အလုပ်ကလည်းအယ်ဒီတွေမို့ စာရေးပြီး.. သတင်း တည်းပြီးရတဲ့ ထမင်းဝရုံရှိတဲ့ ၀င်ငွေနဲ့ အိမ်ပိုင်ဖို့ ဘယ်လို လုပ်ရမလဲ ဆိုတာနေ့တိုင်းတွေးဖြစ်တယ်။
မကြာသေးခင်ကပဲကျွန်မမောင်လေးကဘဏ်လင့်လေးတစ်ခု
ပို့ပေးတယ်။ ကိုယ့်စိတ်ကြိုက် တိုက်ခန်းကိုဘဏ်ကနေ ချေးငွေရယူပြီးဝယ်ဖို့ကိစ္စ။အများကြီး မမျှော်လင့်ပေမယ့် အဲ့ဒီလင့် တွေ့ ပြီးကတည်းက စိတ်ကူးမိတာ အများကြီး။ကိုယ့်မိသားစုတစ်စုစာ ကောင်းကောင်း နေနိုင်မယ့် အိမ်တစ်လုံးရှာ...၃၀ ရာနှုန်းသွင်း...အဲ့ဒီ ကျန်တဲ့ ၇၀ ရာနှုန်းကို ဘဏ်က စိုက်ပြီးCashdown ရှင်းပေးထားတာ ကို ရ နှစ် သို့မဟုတ် ၁၀နှစ် ဆပ်ပြီး အိမ်ပိုင်ရအောင်လုပ်မယ်ပေါ့။
အဲ့ဒီလိုနဲ့ တိုက်တိုက်ဆိုင်ဆိုင် မနေ့ညကပဲ သူငယ်ချင်းတစ်ယောက် သတင်းတစ်ခုယူလာတာက ကိုယ်အခုနေနေတဲ့ အနောက်လမ်းမှာ ဗိုက်နာပြီးရောင်းမယ့်တိုက်ခန်းတစ်ခုရှိတယ်ပေါ့။နင်တို့ငွေတတ်နိုင် ရင်ယူပါလားပေါ့။သူလာပြောတော့ ကိုယ့်မှာ ရယ်ရငိုရအခက်။ အဲ့ဒီလောက် သိန်း သုံးရာ နီးပါးရှိမှတော့ အိမ်ငှားနေပါ့မလားလို့ သူ့ကို ပြောရင်း...မောင်လေး ပို့ထားတဲ့ ဘဏ် လင့်ကို သွားသတိရမိချိန်မှာ မျှော်လင့်ချက် ရောင်ခြည်က လင်းခနဲ...အစီစဉ်တွေဆွဲတာ တစ်ညလုံး အိပ်လို့တောင် မပျော်ဘူး...။ဒီလို နဲ့ သေချာတွက်ကြည့်တော့ ၃၀ရာခိုင် နှုန်းမို့ သိန်း တစ်ရာလောက် လတ်တလောရှာမယ်ပေါ့...အဲ့ဒီမှာတင် လိုနေတာက သိန်း ၇၀ လောက်။ကိုယ်တွေ အဲ့ဒီလောက် ချမ်းသာပါတယ်။ဒါနဲ့ ရုံးရောက်ရောက်ချင်း ကိုယ်နဲ့ မောင်နှမလို ဖြစ်နေတဲ့ အကိုတစ်ယောက်နဲ့ သူ့အလုပ်ချိန် ၁၀ မိနစ် နားချိန်လေးမှာ မရမက အကျိတ်အနယ်တိုင်ပင်ပြီး အဲ့ဒီအကိုကလည်း အိမ်ဝယ်စေချင် တော့ သူ သိန်း ၇၀ ရအောင်မေးပြီး အကြောင်းပြန်မယ်ပြောရော။ အဲ့ဒီ တော့ ကိုယ့်မှာ နောက်ထပ်ရောင်ခြည်တစ်ခု ထပ်လင်းပြန်ရော...ဒီလို နဲ့ အမျိုးသားကိုလည်း အခြားနေရာတွေက ငွေတွေရှာတာထက် ဘဏ် ကိုသွားရအောင်...ညနေ အိမ်သွားကြည့်မယ်လို့ ပြောရင်း ကိုယ့်အတွေးနဲ့ကိုယ်ပျော်နေမိတယ်။ဘဏ်ကို အမြန်သွားမေးဖို့ သူတို့ ချေးငွေဌာနကို ဖုန်းဆက်ရင်း ကျွန်မ တိုက်ခန်းဝယ်ချင်လို့ အရစ်ကျ ငွေသွင်းဖို့ နည်းနည်းလောက် စုံစမ်းတာပါလို့လည်း ပြောလိုက်ရော..
အဲ့ဒီက မမချောက...အမတိုက်ခန်းအတွက်ဆိုရင် သိန်း ငါးရာတန် အနည်းဆုံးဖြစ်ရပါမယ်....အမတို့ဘက်က ၅၀ ရာခိုင်နှုန်း ကိုယ့်ဘာသာ ပေးချေရမှာဖြစ်ပြီးကျွန်မတို့က ၂၅၀ Cashdown စိုက်ပေးမှာပါ။ သုံးနှစ်ကနေ ၁၀ နှစ်အထိ အရစ်ကျပေးလို့ရပါမယ်..အတိုးနှုန်းက ၁၃ ရာနှုန်းပါလို့ တရစပ်ရွတ်ပြသွားပါတယ်။ဒါနဲ့ ကျွန်မက ညီမရယ် သိန်း ၃၀၀ တန်လောက်ဆိုရင်..ပဲရှိသေး..၅၀၀ တန်အောက်ဆို လုံးဝကို အဆင်မပြေနိုင်ပါဘူးရှင်တဲ့....။သူချသွားတဲ့ ဖုန်းနဲ့ အတူ တစ်ချိန်လုံး ခံစားလာရတဲ့ကျွန်မရဲ့မျှော်လင့်ချက်တွေရော...အပျော်တွေရော...
တစ်ကယ့်ကို သဲထဲရေသွန်...တစ်ကယ့်ကို ဘာလုပ်လို့ လုပ်ရမယ် မသိအောင် စိတ်မကောင်းဖြစ်မိတယ်။
ကျွန်မရင်ထဲမှာ မေးခွန်းတွေအများကြီး..ကျွန်မတို့က တစ်ကယ်လိုအပ်လို့ အိမ်မရှိလို့ ၀ယ်ချင်ပါတယ်ဆိုမှ ကိုယ်နဲ့ တန်ရာ တန်ရာ ရွေးဝယ်လို့မရဘူးလား...ဘာ့ကြောင့် သိန်းငါးရာတန်မှလဲ... အနည်းဆုံးလက်ထဲမှာ သိန်း ၂၅၀ ရှိမှတော့ ကျွန်မတို့ တိုက်ခန်း ငှားနေပါတော့မလား။
ပြီးတော့ ကျွန်မတွက်ကြည့်တာ...သိန်း (၂၅၀) ကို ဘဏ်ကနေ စိုက်ပေးတယ်ထားဆိုပါတော့...
အတိုးနှုန်းက ၁၃ ရာခိုင်နှုန်းနဲ့...၁၀ နှစ်။

တစ်လကို ကျွန်မတို့ သုံးသိန်းခုနှစ်သောင်းကျော်ပေးရင်
ဆယ်နှစ်အတိုးချည်း သက်သက်ပေးရမှာ သိန်း(၁၉၀) တစ်ရာ့ကိုးဆယ်ကျော်။
အားလုံးကျေလို့ စာချုပ်ရချိန်မှာ ကျွန်မတို့တိုက်ခန်းအတွက် ချေးထားတဲ့ သိန်း(၂၅၀) အတွက် ပေးပြီးတာ သိန်း (၄၅၀) လေးရာ့ငါးဆယ်။
တော်ကြပါပေတယ်...ကျွန်မတို့လို အိမ်ပိုင်လိုချင်သူတွေရဲ့
မျှော်လင့်ချက်တွေ...ပိုမိုကောင်းမွန်သော ဘ၀ကို တည်ဆောက်ဖို့ အတွက်တွေ အတွက်...အစီစဉ်တွေ....။
ရင်ထဲမှာ မွန်းကြပ်လွန်းလို့ မျက်ရည်တောင်မကျနိုင်ဘူး။

WOW!!! Trudeau Sets World Record In Avoiding Questions!!!

“မြန်မာ့ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ် ကြီးများ” မှတ်တမ်းဗီဒီယိုထုတ်ပြန်

“မြန်မာ့ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ် ကြီးများ” မှတ်တမ်းဗီဒီယိုထုတ်ပြန်: မြန်မာနိုင်ငံက ကျောက်စိမ်းလုပ်ငန်းနဲ့ ကချင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေ ဆက်စပ်နေတဲ့ အကြောင်း ရိုက်ကူးထားတဲ့ “ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်ကြီးများ” လို့ အမည်ပေးထားတဲ့ မှတ်တမ်းဗီဒီယိုကို ဗြိတိန်အခြေစိုက် Global Witness အဖွဲ့က မနက်ဖြန် မေလ ၁၇ ရက်နေ့မှာ အင်တာနက် စာမျက်နှာကနေ လွှင့်တင်သွားမယ်လို့ သိရပါတယ်။

Monday, May 15, 2017

သားဆိုးမျှော်တဲ့ အမေအို…


“အမေ..ထမင်းလေးဘာလေးစားပါဦး” “ အေးပါအေ..တော်နေကျမှစားမယ်.. ခုစားချင်စိတ်မရှိသေးလို့..စောစောကကျီးများသာသလားလို့အေ” “ဘာကျီးမှမသာဘူး.. အမေလဲ တော်နေကျမှစားမယ်.တော်နေကျမှစားမယ်နဲ့ ထမင်းကောင်းကောင်း မစားတာ ဘယ်နှစ်ရက်ရှိပြီလဲ.. တပတ်ဆယ်ရက်မကတော့ဘူး.. အမေက ကလေးလဲမဟုတ်ပဲနဲ့ ကိုယ့်ကျန်းမာရေးလဲ ကိုယ်ဂရုစိုက်ပြီး အစားလေးတော့ မှန်မှန်စားပါအမေရယ်.. တနေ့တနေ့ ဒါတွေချည်စဉ်းစားနေ.. အစားပျက် အအိပ်ပျက်နဲ့” “ ဟဲ့ ငါကဘာတွေ စဉ်းစားနေလို့တုန်း” “ကျုပ်သိပါတယ်တော်.. တော့သားကြီးအကြောင်းပဲ စဉ်းစားနေမျှော်နေတာမဟုတ်ဖူးလား.. ဟိုကမင့် ဘယ်တုန်းကမှ နောက်ကြောင်းပြန်ကြည့်ခဲ့တာ မဟုတ်ပဲကို.. ကိုယ့်ဟာကိုယ် ဒုက္ခခံမျှော်နေ” “ဟဲ့ ညည်း အဲလိုမပြောပါနဲ့အေ..ငါ့သားကြီးက သူ့ဟာသူ တစူးစားလုပ်တတ်ပေမယ့် ကိုယ်ရပ်ကိုယ်ရွာတော့ အင်မတန်ခင်တွယ်ပါတယ်အေ.. သူပြန်လာမှာပါ”။
လူကလေးရေ မင့်နှမများ ပြောတာကိုစိတ်မရှိနဲ့ကွဲ့.. သူကအမေထမင်းမစားဟင်းမစားနဲ့ တောင်တွေးမြောက်တွေလုပ်တာကို မကြိုက်လို့ တမင်ဘောက်ပြောတာပါကွယ်၊ သူတို့များလဲ မင်းကို အင်မတန်မင်ပါတယ်။ သူပြောလဲပြောစရာဘဲ၊ အမေလဲ ဘယ်နှယ့်ဖြစ်တယ်မသိဘူး၊ ခုတလော ဝိုင်းထဲ အမှိုက်ကလေး နွားချေးလေး သိမ်းရင်း ရှင်းရင်နဲ့ မင်းအကြောင်းပဲ စဉ်းစားနေ မျှော်နေမိကိုး။ စားချင်သောက်ချင်စိတ်လဲ တယ်မရှိလှပါဘူး။ အိပ်ပြန်လဲ ကြက်အိပ်ကြက်နိုး။ မင့်ဘ ဘုန်းကြီး ဦးပရမ ပြီးခဲ့တဲ့ တပိုတွဲလကပျံတော်မူတယ်။ အသက်(၁၀၂) နှစ်နှစ်ရှိပြီကွဲ့။ ဆယ့်လေးငါးနှစ်ကဆုံးခဲ့ကြတဲ့ မင်းဘိုအေများနဲ့ ရွယ်တူ။ အဲဒါခုမှ ဘုန်းကြီးပျံပွဲ(အန္တိမဈာပန)လုပ်တာကွဲ့။
ဘုန်းကြီးပျံကလဲ အတော်စည်ပါတယ်ကွယ်၊ အမေတော့ ဒူးမကောင်းလို့ တရားနာတရက်ပဲသွားနိုင်တယ်။ သူ့ခမျာလဲမင်းကို တမျှော်မျှော်ပါပဲ၊ အာလူးကြီးဆီက ဘာကြားလဲ၊ ပြန်လာမယ်မပြောသေးဘူးလားလို့ တွေ့တိုင်းမေးတာပါကွဲ့။ ကိုယ့်ဝေယျာဝစ္စတောင်မနိုင်သေးတဲ့အရွယ် မင်း လေးငါးခြောက်နှစ်သားလောက်က သူမန်းလေး(မန္တလေး)ကိုခေါ်သွားတုန်းကအကြောင်းတွေလဲ ပြောလားပြောရဲ့ကွဲ့။ ဟုတ်ပ မင်းက မင့်ဘဘုန်းမန်းလေးသွားတာ မလိုက်ရရင် မနေ ငိုကြီးချက်မ လုပ်လို့ သူ့ခမျာ ဘုန်းကြီးတန်မဲ့ ကလေးထိန်းလုပ်ခေါ်သွားရတာ။ မင်းက ငယ်ကတည်း လုပ်ချင်မိရင် ထိုးလားမီးစ၊ တစူးစား။
ကျီးသာတာမျှော်ရင်း ခဏခဏ ပြန်အမှတ်ရနေတာတခုက ဒီလိုကွဲ့။ မင်းငယ်ငယ် သုံးလေးနှစ်အရွယ်က ကျီးသာတဲ့အကြောင်းကို ပြောတာအမေသဘောကျလို့ ခုထိမှတ်မိနေတာကွဲ့။ ငါတို့မြို့ဟောင်းဥက္ကလေးရွာလေးနား တောစပ်က ဘုရားကျာင်းစေတီကြီးပွဲ သွားကြတော့ သင်ပုတ်စင်မှာအစာစားနေကြတဲ့ ကျီးတွေကိုကြည့်ပြီး မင်းကပြောတယ်။ အမရေ ကျုပ်တို့အဲကျီးတွေ ဖမ်းသွားရအောင်တဲ့။ ဟဲ့ဘာလုပ်မှာတုန်းဆိုတော့ မွေးထားမှာပေါ့ဗျာ၊ မွေးထားပြီးဘာလုပ်မှာတုန်း ကြက်လိုမှမဟုတ်တာဆိုတော့ ကျီသာတော့ ဧည့်သည်လာရင် နေ့တိုင်းဟင်းကောင်းကောင်းစားရတာပေါ့ဗျလို့ မင်းပြန်ပြောတော့ အမေတို့မှာရီလိုက်ရတာ အူတက်မတတ်ပဲ။ ဟင်းကောင်းကောင်းနေ့တိုင်းစားချင်ရင် ကြီးလာရင် ဘုန်းကြီးဝတ်လို့ပြောတော့ ဝတ်မယ်လို့ မင်းတလျောက်လုံးပြောခဲ့တာပဲ။ ခုတော့ ဘယ်နှယ်တွေ ဖြစ်ကုန်လဲမသိပါဘူး လူလေးရယ်။
မင်းကိုမွေးပြီး ငါက မိန်းမတို့ဓမ္မတာမမှန် မီးယပ်ရောဂါဖြစ်ရတယ်။ အရပ်အခေါ်တော့ လင်ပစ်နာခေါ်တာပေါ့ကွယ်။ တကယ်လဲ မင်းအဖေငါ့ကိုပစ်သွားခဲ့တာပါဘဲ။ အမေစိတ်နာလို့ပြောတာမဟုတ်ပါဘူး။ ခုမှတော့ နာစရာ မျက်စရာအကြောင်းလဲမရှိတော့ပါဘူး။ ရေစက်ကုန်တယ်လို့ပဲအမေမှတ်ပါတယ်။ အဲတော့ မင်းကိုမပြုစုနိုင်ဘူး၊ နို့လဲမတိုက်နိုင်ဘူး။ ရွာထဲရှိသမျှသားသည်အမေတွေဆီ နို့လည်တိုက်ပြီး မင်းအဖေနှမ ဒွေးလေးကပြုစုခဲ့ရတယ်မဟုတ်လား။ မင်းစိတ်မှတ်ကြီးပုံကကွယ် မင်းကိုနို့တိုက်ခဲ့သမျှလူတွေ အားလုံးကိုကျအမေခေါ်ပြီး မွေးခဲ့တဲ့ငါ့ကျတော့ အမ လို့ပဲခေါ်နေတာ၊ ဘယ်လိုမှ အမေခေါ်သင်ပေးလို့မရခဲ့ပါဘူးကွယ်။
ဒီလိုနဲ့ မင်းရှစ်နှစ်ကိုးနှစ်သားလောက် ကိုရင်ဝတ်ရင်း အတန်းကျောင်းတက်ပျော်နေတုန်း လေးတန်းလောက်ရောက်တော့ မြိုံ့ရောက်နေတဲ့မင်းအဖေရောက်လာပြီး လာခေါ်သွားတာနဲ့ မင်း ကိုရင်လူထွက်နဲ့ ပါသွားမဟုတ်လား။ မင်းပညာတတ်ဖို့အရေး မင်းဘိုးအေတွေ ကြီးတော်တွေ ဝိုင်းနားချတာနဲ့ အမေသဘောတူလက်ခံလိုက်ရတယ်။ ငါ့အလိုတော့ ပညာတွေသိပ်တတ်စရာမလိုပါဘူး။ သေစာရှင်စာဖတ်တတ်တော်ရောပေါ့။ တို့တောအလုပ် တောင်သူအလုပ်ကို လက်ကြောတင်းအောင်လုပ်နိုင်ရင် ဖြစ်တာပါဘဲ။ မင်းနှစ်ဖက်ဘိုးအေများကလဲ မင့်ဆိုရင်သူတို့ ယာတွေထန်းတွေ လုပ်ကိုင်စားသောက်ဖို့ ပေးကြမှာပါဘဲ။ ပြီးတော့ မြို့ထဲ့လိုက်ရင် ငါ့သားလေးဆုံးတော့မှာလားလို့လဲ အမေကစိတ်ထဲထင့်တင့်တင့် ဖြစ်တယ်ကွဲ့၊ ခုတော့ငါစိတ်ထင့်ခဲ့သလို ဖြစ်သွားတာပဲလို့ ပြောရမလားမဆိုနိုင်ပါဘူးကွယ်။
အဲတုန်းကလဲ မြို့သာရောက်သွားတာ မင်းက ကျောင်းလေးတပတ်ဆယ်ရက်လောက် ပိတ်ရင်တောင် ရွာပြန်လာ၊ တောင်သူအလုပ်တွေလုပ် ထန်းတွေတောင်တက်ဆိုတော့ ငါကမင်းအချိန်တန် ရွာပြန်လာမှာပဲလို့ ထင်စားခဲ့တာပေါ့ကွယ်။ ကျေနပ်နေတာပေါ့ကွယ်။ တက္ကသိုလ်ရောက်ပြီ၊ မကြာခင်ပြီးတော့မယ်ဆိုပြီးတော့ မျှော်နေတုန်း ဗြုန်းဆို မင်းတို့ဆီမှာ အရေးအခင်းကြီးဖြစ် ကာလပျက်ပါရောလား။ စစ်တပ်ကလူတွေအများကြီးကို ပစ်တယ် သတ်တယ်၊ ဖမ်းတယ်ဆိုလို့ ငါမှာ မင်းအတွက် စိတ်ပူလိုက်ရတာ၊ အမေကတော့ ဘုရားရှစ်ခိုပြီး ဆုတောင်းတာကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး။
နောက်တော့မြို့ကသတင်းရောက်လာတယ်။ မင်းဘာမှမဖြစ်ဖူးတဲ့၊ ဘာမှမဖြစ်ဖူးဆိုလို့ စိတ်အေးမယ်ရှိတုန်း တောခိုသွားပြီဆိုတော့ အမေရင်ကျိုးရတာပါဘဲကွယ်။ ဘယ်သောင်ဘယ်ကမ်းဆိုက်လေမလဲ ရေခြားမြေခြားမှာ ဘယ်လို လူဆိုး-လူကောင်းတွေနဲ့ ကြုံရလေမလဲ ပူပန်ရပြန်ရော။ မင်းနှယ်ကွယ် ရာဇဝတ်အိုးမှတုတ်နဲ့ထိုးတတ်ပလေ၊ မင်းပြစ်မင်းဒဏ်သင့်တော့မှာပေါ့။ အမေတို့ကတော့ တောသူတောင်သားဆိုတော့ အဲဒါတွေကြောက်ပါ့ကွယ်။ ဘာတတ်နိုင်မှာတုန်း။ အမေကတော့ ဆုတောင်းတာကလွဲလို့ ဘာမှမတတ်နိုင်ဘူးလေ။
ဒီလိုနဲ့ မင်းအသံတွေ ရုပ်တွေကို ရေဒီယိုကနေ တယ်လီဗေးရှင်းတွေကနေ ကြားရမြင်းရသူတွေက ပြန်ပြောလို့ မင်းဘယ်မှာရောက်နေတယ်ဆိုတာသိရတယ်။ ကိုယ်တိုင်တော့ မကြည့်တတ် နားမထောင်တတ်လို့ အမေမကြားမသိခဲ့ပေမယ့် မင်းအသက်ရှင်နေသေးတာသိလို့ စိတ်အေးရပြန်တယ်။ မင်းကတော့ မင်းနှမများပြောသလို နောက်ကြောင်းပြန်လှည့်မကြည့်၊ ပြန်မဆက်ပါဘူး။ ဒါလဲ အမေကတော့နားလည်ပါတယ်ကွယ်။ တရပ်ကျေးမှာ မင်းဘယ်လိုနေထိုင်ရသလဲမှ အမေတို့ကမသိနိုင်ပဲကိုး။
နှစ်အစိပ်ကျော်လောက်ကြာသွားပြီး ပိုဝေးတဲ့နေရာဆီရောက်ကာမှ မင်းက အဆက်အသွယ်ပြန်လုပ်လာတော့ အမေ့မှာ ဝမ်းသာဝမ်းနည်းဖြစ်ရပြန်တာပေါ့။ မင်းတို့ခေတ်ကြီးဘယ်လိုဖြစ်နေနေ ပိုဝေးတဲ့အရပ်တပါးကို ရောက်သွားပြန်ပြီဆိုတာတော့ အမေဘယ်လိုမှ သဘောမကျနိုင်ပါဘူး၊ ပူပန်ဝမ်းနည်းရတာပါဘဲ။ အမေ့တသက်မှာ မင်းငယ်ငယ်ကတခါပဲ မြို့ကိုဘုရားဖူးရောက်ခဲ့တယ်။ ကိုယ့်ရပ်ကိုယ့်ရွာကနေ တဖဝါးမခွါနေလာခဲ့တယ်။ သူတပါးအရပ်မှာ နေရစားရ မပျော်ဖူး၊ စိတ်မအေးဖူး၊ အိပ်မပျော်နိုင်ဘူး။ မင်းနဲ့စကားပြောဖို့ တခေါက်တကျင်းထပ်ရောက်ခဲ့ပြန်တယ်။ ကွန်ပူတာဆိုလား ဘာဆိုလားထဲကနေ မင်းနဲ့ရုပ်ကြည့်စကားပြောရတာ ဝမ်းသာရတယ်၊ ဒါပေမယ့်ကွယ် ရုပ်မြင်ရပေမယ့် မင်းငယ်ငယ်ကလိုဖောင်းဖောင်းပြည့်ပြည့်ဖြစ်နေတဲ့ မျက်နှာကို ကိုင်ကြည့်ပွတ်ကြည့်လို့မရတော့ အမေ့ရင်မှာ မချိလိုက်တာကွယ်။
အမေကမင်းတို့လုပ်နေတာတွေ ဒေမိုကလေစီတွေ ဘာတွေ ဘာမှမသိပါဘူး။ သိလဲမသိချင်ပါဘူး။ သူများတွေပြောနေတာက ပြောင်းသွားပြီ၊ မင်းတို့ ဗိုလ်ချုပ်အောင်ဆန်းသမီးကအစိုးရဖြစ်ပြီဆို၊ မင်းကဘာကြောင့်ပြန်မလာသေးတာလဲ။ မင်းထက်ကြီးကျယ်တဲ့လူတွေတောင်ပြန်လာနေကြတာကို မင်းကဘာမိုလို့ ဒီလောက်ပေကပ်နေရတာတုန်း။ မင်းပြောတဲ့ အဲလောက်ကြီးလဲ မဟုတ်သေးဘူး၊ ကျနော်ပြန်လာဖို့ကလဲ အဲလောက်အဆင်မချောနိုင်သေးဘူးဆိုတာကို အမေနားမလည်ပါဘူး။ အမေသိတာကတော့ မင်ကိုတွေ့ချင်တာ ပြန်လာစေချင်တာ တခုပါပဲ။
အမေတို့က သစ်ပင်ကြီးတွေလိုဖြစ်နေပြီ၊ ဘယ်မှ မရွေ့နိုင်တော့ဘူး။ ဘယ်လိုစိတ်သွားသွား ကိုယ်ကမပါနိုင်တော့ဘူး၊ အမေတွေ့ချင်လဲ မင်းလာမှပဲ တွေ့နိုင်တော့မှာကွဲ့။ ပြန်လာခဲ့၊ မင်းပြစ်မင်းဒဏ်လွတ်ရင် ပြန်သာလာခဲ့။ ငွေလဲရှာမနေနဲ့၊ ကိုယ့်တောကိုယ်ရွာ ဆွေတွေမျိုးတွေကြား လုပ်စားစရာတွေအများကြီးပါကွယ်။ မင်းဘိုးအေကြီးတွေ ဘွားအေကြီးတွေမရှိတော့လဲ၊ မင်းဘကြီး ဦးကြီးတွေက မင်းဆို သဒ္ဓါကြပါတယ်။ မင်းဘိုးအေကြီးဆို အာလူးကြီးက ငါ့ကိုစိမ်းလိုက်တာ.. စိမ်းလိုက်တာနဲ့ တဖွဖွပြောရင်း မြည်တွန်ရင်း ဆုံးသွားခဲ့တယ်၊ အမေတို့ကလဲ သူစိတ်ထိခိုက်မှာစိုးလို့ မင်းအကြောင်းအဖြစ်မှန်အတိုင်း ပြောပြမထားခဲ့ဘူးကိုးကွဲ့။
မင်းဘဘုန်းကလဲ မင်းနဲ့စကားပြောတုန်းက ငါသေတော့မယ်၊ ငါတွေ့ချင်တယ်၊ ဘာဖြစ်ဖြစ်ပြန်လာခဲ့လို့ ပြောသေးတယ်ဆို။ မင်းကွယ်ဒီလောက်ပြောတာတောင် နေစိမ့်လိုက်တာ၊ ခုတော့ သူလဲမရှိတော့ဘူး။ ငါလဲ ရှစ်ဆယ်ရှိတော့မယ်။ ဒူးတွေနာလို့ လမ်းတောင်ကောင်းကောင်း မလျောက်နိုင်တော့ဘူး၊ တောင်ဝှေးဆောင်နေရပြီ။ ကျောင်းလဲ ကောင်းကောင်းမသွားနိုင်ဘူး။ အခါကြီး ရက်ကြီးမှပဲ တကူးတကသွားရတော့တယ်။ အမေ မသေခင် ငါ့သားအာလူးကြီးလို့ အားရအောင်ခေါ်ပြီး တခါလောက် ပွေ့ဖက်နမ်းလိုက်ရရင် အမေသေပျော်ပါပြီလူကလေးရဲ့။
ရဲဘော်ကျော်သန်း

Thursday, May 4, 2017

နာဂစ်

မမေ့နိုင်သောနေ့ (Nargis နာဂစ်)
#အမေကြွေပျက်ခဲ့ရသောမေ၂ရက်၂၀၀၈ည
=======================
"ဝှိန် ... ဝှိန်...ဖုန်း!"
ကျနော်မှတ်မိသည်။ ဒီအသံက ကျနော်တို့ပိုက်တန်းရဲ့ ဂါးဖောင်သမား ကိုဘိလေးမောင်းသော ပင်လယ်ကောင်အသေးလေး။
ကျနော်တို့ပိုက်တန်းက ပင်လယ်ကောင်အားလုံးဆယ့်တစ်စီးရှိတယ်။(ပင်လယ်ကောင်=ရေစီးကြမ်းသောပင်လယ်ရေမျက်နှာပြင်ကိုအလွယ်တကူဖြတ်မောင်းနိုင်ရန် လက်သမားဆရာများက ရေခွင်းအားကောင်းအောင်အထူးတည်ဆောက်ထားသောလှေအကြီးစားကိုမြင်းကောင်ရေများသော ဂျပန်အင်ဂျင်တပ်ထားသည့် ပင်လယ်တွင်သာမောင်းသည့်သဘောင်္)
ဒီသဘောင်္ဆယ့်တစ်စင်းရဲ့အင်ဂျင်အသံကိုကျနော်တစ်ရေးနိုးတောင်အလွှတ်ရသည်။ အင်ဂျင်တစ်ခါကိုင်လျှင်တော့ တစ်ခါပြန်မှတ်ရလေသည်။
"ကိုကြီးတင်စိုး! ကိုကြီးတင်စိုး!"
ကျနော်ထင်သည့်အတိုင်း ကိုဘိလေး သဘောင်္းလှေကြိုးကို ကသော့ကမျော့ချည်ပြီးအိမ်ပေါ်ကိုပြေးတက်လာသည်။
"ကိုကြီးတင်စိုး...ကျနော်ကြိမ်ချောင်းကသတင်းရခဲ့တယ်... BBC က မုန်တိုင်းသတင်းကြေငြာတယ်တဲ့"
"ခဏခဏကြေငြာနေတာကိုများအဆန်းလုပ်လို့"
အဖေကြီးက ကိုဘိလေးစကားကိုအလေးမထားဘဲ ရုပ်ရှင်မင်းသားမင်းကိုရဲ့ စက္ကောမဇာတ်ကားမပျက်ဆက်ကြည့်နေတယ်။ အဖေတင်မဟုတ် သုံးထပ်ကုန်းရွာပိုက်တန်းတစ်တန်းလုံးကို ဒီမုန်တိုင်းသတင်းလိုက်ပြောလျှင်တောင် ဘယ်သူကမျှအရေးတယူစကားပြန်ပြောမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် မုန်တိုင်းကျရင်ကျနော်တို့ပျော်ကြသည်။ အကြောင်းက ယနေ့မုန်တိုင်းကျလျှင် နောက်သုံးရက်လောက်ဆို ငါးပုစွန်ပိုဆင်းသောကြောင့်ဖြစ်သည်။
"မဟုတ်ဘူးအကိုကြီး ဒီတစ်ခါမုန်တိုင်းက နာဂစ်ဆိုလား ဘာဆိုလားမသိဘူး... တော်တော်ပြင်းမယ်ပြောတယ်နော်"
"အလကားပါကွာ အိုက်ဘီဘီစီက မဟုတ်လည်းပြောဟုတ်လည်းပြော"
အဖေကရိုးအီနေသော မုန်တိုင်းသတင်းအပေါ်စိတ်မဝင်စားမူကြောင့် ကိုဘိလေးလည်း ဘာမှဆက်မပြောဘဲ ကျနော်တို့နဲ့အတူ အခွေဝင်ကြည့်တော့တယ်။
ကိုဘိလေးက မျှင်ထောင်တဲ့ပင်လယ်ဂါးဖောင်သမား။
အဖေတို့က ပိုက်တန်းမှာပိုက်ထောင်... ရွဲကောက်။
သူတို့ဂါးဖောင်တွေမြစ်ရေစီးကြောင်းလွဲလို့ဖောင်တန်းအနောက်တန်းကိုရွှေ့ပြီးရောက်လာတာ နှနှစ်ကျော်တော့ အနောက်ပိုက်တန်းက အဖေနဲ့ သောက်ဖော်သောက်ဖက်ဖြစ်ပြီး ညီအကိုလိုခင်သွားတာ။ ပီးတော့ သူကရေငုပ်ကျွမ်းကျင်တော့ ကျနော်တို့ပိုက်တန်း ပိုက်ချက်နှစ်ဆယ်ကျော်ကို ကနက်ကျွတ်ရင်အမြဲငုပ်ပေးနေသူ...ရေငုပ်ကျွမ်းကျင်သူ။
ဟိုဘက်ကမ်းဒီဖက်ကမ်း 1.8 kilometres ရှိတဲ့ကျနော်တို့ဘိုကလေးမြို့နယ်ကြိမ်ချောင်းမြစ်ရဲ့အနက်ဟာ ခန့်မှန်းခြေ အနက် 0.1/0.2 kilometer လောက်ရှိမယ်။
ဒါပေမဲ့ နာနက်ဝိုင်တစ်လုံးတိုက်ရင် အပေါင်းအသင်းကဏ္ဏအနေနဲ့ ကိုဘိလေးက အဲ့သည့်မြစ်ထဲကိုခါးကြိုးချည်ဆင်းပီးကနက်တည်ပေးပါတယ်။
ဒီလိုတွေကြောင့် ပိုက်တန်းတစ်တန်းလုံးက သူ့ကိုချစ်ကြသည်။

ထူးထူးခြားခြားအမေက ဒီနေ့ နေ့လည်မှ ပဲနီလေးရေဖွကြော်၊ တောကြက်၊ ငြုပ်သီးစိမ်းငပိချက်ကိုချက်နေတယ်။
ကျနော်တို့မိသားစုက လေးယောက်ပဲရှိတယ်။
အဖေကဦးတင်စိုး၊အမေကဒေါ်ထွေးကြည်၊ကျနော်ဇော်မိုးထက်နဲ့ညီမလေးချယ်ရီစိုး။
ကျနော်သိတတ်စအရွယ်ကတည်းက အဖေကလုံးဝပဲမစား။ ထို့ကြောင့်အမေလည်း တခါမှပဲမချက်ပေ။ ပြီးတော့ အဖေနဲ့ကျနော် တူတာတစ်ချက်က သားအဖနှစ်ယောက်စလုံး ငြုပ်သီးအစပ်မစားနိုင်ဘူး။ အဖေက အစပ်စားရင် လည်ချောင်းထဲကပူသလို ကျနော်လည်းထိုနည်းတူမစားနိုင်ပါ။ ထို့ကြောင့်အမေက ကျနော်နဲ့အဖေ့အတွက် ဘာချက်ချက် အဖြူထည်ဟင်းတစ်ခွက်ပါစမြဲ။
သို့ပေမဲ့ဒီနေ့ညနေအမေကထူးခြားစွာ ပဲနှင့်ငြုပ်သီးစိမ်းငပိချက် ချက်နေသည်။
"ဝေါ...ဝေါ...ဝေါ..."
ညနေသုံးနာရီထိုးခါနီးတော့ လေက တဝေါဝေါတိုက်လာတယ်။
ကျနော်ပျော်သွားတယ်။
ဟုတ်တယ်လေ။ အဲ့သည့်နှစ် မေလက ကျနော်တို့ဆီမှာ အရမ်းပူနေတာဗျ။ လေတိုက်တော့ နည်းနည်းနေသာထိုင်သာရှိတာပေါ့။
ခဏကြာတော့ လေကပိုကြမ်းလာတယ်။ ထင်းစင်ရဲ့ခေါင်မိုးပေါ်လှမ်းထားတဲ့ ငါးခွေးလျှာအခြောက်ဗန်းတွေလွှင့်ကျကုန်တယ်။
ကိစ္စမရှိဘူး...ဒါက ခဏခဏဖြစ်နေကြလေ။ လေနည်းနည်းကြမ်းပီဆို ငါးခြောက်ဗန်းတွေဂျွမ်းထိုးမှောက်ခုံဖြစ်လို့ ကျနော်တို့မောင်နှမနှစ်ယောက်အမေနဲ့ဝိုင်ကူပြီးလိုက်ကောက်ပေးနေကျ။ပျော်ဖို့တောင်ကောင်းသေးတယ်။
"အဖေကြီးရေ...ရှင့်တီဗွီပိတ်လိုက်ပါတော့လား တစ်မနက်လုံးလည်းထိုင်ကြည့်နေတာကို။အလုပ်ပျက်တယ်"
အဖေကမသိကျိုးကျွန်ပြုပြီးဆက်ကြည့်နေတယ်။
"ဝုန်း!ဝုန်း!"
မြစ်ထဲကမှာ ရေလှိုင်းတွေရုတ်တရက်ထကြီးပြီး ကမ်းနဖေးကိုရိုက်တော့ မြစ်ကမ်းဘေးမှာရွဲစင်ရောအိမ်ရော ရောဆောက်ထားတဲ့ ကျနော်တို့အိမ်ပေါ်ကိုရေစက်တစ်ချို့စင်လာတယ်။
အဖေက တွေခနဲတစ်ချက်စဉ်းစားပြီး အိမ်ရှေ့တံတားစင်ပေါ်ကို မဆိုင်မတွလှမ်းလျောက်သွားပါတယ်။ပြီးတော့ မျက်မှောင်ကြုတ် မြစ်ထဲကြည့်နေတယ်။
ခဏကြာတော့
့" ဇော်မိုးထက် တီဗွီပိတ်လိုက်တော့သား"
"မထွေးကြည် ဒီကိုလာကြည့်စမ်း"
"ဘာလဲ ဘာဖြစ်လို့လည်း"
အမေက မေးလည်းမေးရင်း အဖေ့ဆီကိုဟင်းချက်ရင်းကနေလျှောက်သွားတယ်။
ပြီးတော့အဖေကအမေ့ကို
"မနက်ကရေဘယ်နှစ်နာရီကျတာလဲ"
"ဆယ့်တစ်နာရီလေ"
"အခုသုံးနာရီမို့လား"
"အင်း...ဟုတ်တယ်"
အမေက အိမ်ထဲကတိုင်ကပ်နာရီကို လှည့်ကြည့်ရင်းဖြေလိုက်တယ်။
"ဒါဆိုရင် တော့ တစ်ခုခုလွဲနေပြီ ။ ရေက ကျတာခြောက်နာရီမကြာဘဲ လေးနာရီအတွင်းမှာပြန်တက်လာတယ်။ မင်းမြစ်ထဲကိုကြည့်လိုက်စမ်း"
"ဟင်"
"ဟာ...ဘယ်လိုဖြစ်တာလဲ ရေက ကျနေရင်းကနေ ချက်ချင်းပြန်လှန်တက်လာတယ်"
ပင်လယ်ဖျံကိုဘိလေးပါတစ်အံ့တသြဖြစ်ရလေသည်။
ဟုတ်ပါတယ်။ တကယ်တော့ ဘယ်အရပ်ဒေသမဆို ရေတက်ခြောက်နာရီရေကျခြောက်နာရီပဲရှိတယ်။အတက်အကျလေးကြိမ်ဆို ဒါတစ်ရက်ပါ။
အခုက ရုတ်တရက် လေးနာရီအတွင်းမြစ်ရေက ရေဆန်ကိုပြန်လှန်တက်လာတော့ အားလုံးပါးစပ်အဟောင်းသားနှင့်အံ့သြနေရသည်။
"ဟစ်ယောင် ဘိလေး ဟိုးမှာကြည့်စမ်း ... ဇင်ယော်တစ်အုပ်ကြီး။ ဒါ ပင်လယ်ကတက်လာတဲ့အကောင်တွေကွ။ နည်းတဲ့အကောင်ကြီးတွေမဟုတ်ဘူး"
"ဟုတ်တယ်အကိုကြီးတင်စိုး။ ပုံမှန်ဆို ကျနော်တို့ဘက်မှာ အကောင်သေးတွေနဲ့ အမတွေဘဲရှိတာ။အခုက အကောင်အကြီးတွေဆိုတော့ ဒါ ပင်လယ်မှာမုန်တိုင်းမှာအကြီးအကျယ်ကြမဲ့လက္ခဏာပဲ"
ကိုဘိလေးစကားဆုံးတာနဲ့အဖေက နောက်ဖေးပိုက်ဆင်ဘေးမှာထားတဲ့ ရေပေါ်ပေါ်တဲ့ဘော့သီးအနက်တွေဆီကို တန်းသွားပါတယ်။
ပြီးတော့ ဘော့သီးအလုံးသုံးဆယ်လောက်ရှိတဲ့အတွဲကိုအိမ်ပေါ် ယူလာပြီး တံဂေးကြိုးအကြီးခွေကို တစ်လံလောက်တွေဖြတ်... ကြိုးသေးဖြစ်အောင်မွှထုတ်ပါတယ်။
အဖေ့လုပ်ရပ်ကို ကျနော်နားမလည်နိုင်ပါ။
ဒါပေမဲ့ ကျနော်ဘာမှမမေးဘဲကြည့်နေတယ်။
" မထွေးကြည်... သားနဲ့သမီးကိုထမင်းကျွေးထား"
"အခုမှသုံးနာရီရှိသေးတာကို ဘာဖြစ်လို့လည်း"
"ကျွေးမှာသာ ကျွေးထားစမ်းပါ"
အဖေက ပြောလည်းပြောရင်း ဘော့သီးတွေကိုဖြုတ်ပြီး ငါးလုံးတစ်တွဲ ကြိုးနဲ့အခိုင်အမာတစ်ခုချင်းတွဲနေပါတယ်။
အချိန်က သုံးနာရီကျော်ပဲရှိသေးတာမို့ ကျနော်ဗိုက်မဆာတာကြောင့် ကျနော် ထမင်းမစားပါ။
ညီမလေးကတော့ အမေနှယ်ပေးတဲ့ ငြုပ်သီးစိမ်းချက်အရည်ပါးပါးလေးရယ် ပဲနီလေးရေဖွဲကြော်ရယ် တောကြက်သားနဲ့တစ်ယောက်တည်းထိုင်စားနေတယ်။
ပီးတော့ကျနော် တခါမှမလုပ်ဖူးတဲ့အလုပ်ကိုလုပ်ခဲ့တယ်။
"ညီမလေး ... ကိုကို့ကို ထမင်းတစ်လုပ်လောက်ခွန့်"
ဟုတ်တယ်။ ကျနော်တစ်ခါမှညီမလေးကိုထမင်းမခွန့်ခိုင်းဖူးပေ။ အခုလို ငြုပ်သီးစိမ်းနဲ့ပဲနဲ့ဆိုပိုဝေး။ အခုတော့ သူစားနေတာကြည့်ပြီးစားချင်လာတာကြောင့်ကျနော်တောင်းဆိုမိလေသည်။ ညီမလေးက အထူးအဆန်းလိုဖြစ်ပြီး ကျနော့ကို စိုက်ကြည့်နေပါတယ်။ ထိုခဏအတွင်းကျနော့်ရင်ထဲဘယ်လိုကြီးမှန်းမသိ။
"အင့်... ပါးစပ်ဟလေ ကိုကို"
"အင်းနောက်တစ်လုပ်ခွန့်အုံး"
"အင့်"..."ရော့"
ညီမလေးခွန့်တဲ့ထမင်းသုံးလုပ်ကို ကျနော်ပလုပ်ပလောင်းစားပြီး သူ့ခေါင်းက ဆံပင်တွေကိုပွတ်သပ်ကျီစယ်လိုက်တယ်။ညီမလေးက ကျနော့်ကို မျက်စောင်းထိုးပြီး
" ကိုကိုနော်...ညီမလေးအစားကျတော့စားပီး ကိုကို့အစားကျရင်လည်းညီမလေးကိုကျွေးရမယ်"
အဖေက ငါးလုံးတစ်ခိုင်ဘော့သီးတွဲငါးတွဲကို ကြိးတွေနဲ့အခိုင်အမာချည်ထားပြီး တစ်ခိုင်ခြင်းစီမှာ ကြိုးစတစ်ခုစီထုတ်ထားပါတယ်။
ဒီတော့မှကျနော် "ဪ...ဒါမုန်တိုင်းကျပြီးရေတက်လာရင် ရေမနစ်ဖို့အတွက် ဘော့သီးတစ်ယောက်တစ်ခိုင်" ပေါ့လို့မတွေးရဲတွေးရဲတွေးလိုက်တယ်။
ဒါပေမဲ့ဒါက ဖြစ်မှမဖြစ်နိုင်တာကို။ အရင်လည်းမုန်တိုင်းက ကျနေကျဘဲ။ မုန်တိုင်းကျရင် အပြင်းထန်ဆုံး အိမ်ခေါင်မိုးနည်းနည်းလန်ရုံပေါ့။ ရေက အိမ်ပေါ်ကို တစ်ခါမှမတက်တာ...ဒီဘော့သီးတွေဘာလုပ်ရမှာတုန်း။
ကျနော် ကလေးပီပီ အဖေ့ကို ဘာမှမပြောဘဲသာနေလိုက်တယ်။
ဒါပေမဲ့............
"ဝေါ...ဝေါ...ဝေါ..."
ရုတ်တရက် နေပူကြဲတဲကြီးမိုးတွေရွာချလာတယ်။
"ဝူး ဝူး ဝူး"
မိုးတင်မဟုတ် လေပါအပြင်းပါလာပါသည်။
မိနစ်နှစ်ဆယ်အတောအတွင်းကောင်းကင်က မည်းညစ်စွာအုံ့စိုင်းသွားတယ်။
တကယ့်ကိုမယုံနိုင်စရာပါဘဲ။ မြစ်ရေက တရှိန်ထိုးတက်လာတယ်။
သောင်ပေါ်နေတဲ့မြစ်ဆိပ်ကနေ အိမ်ရှေ့တံတားတစ်ဝက်နီးပါးထိကို မိနစ်ပိုင်းအတွင်းတက်လာတဲ့ဒီရေက ရေကန်ထဲကိုရေမောင်းထည့်နေသည့်နှယ်။
ဒါပေမဲ့ ကိစ္စမရှိ။ သူ့ဖာသာအချိန်တန်ရင်ပြန်ကျမှာပဲ။အခုက မိုးရိပ်ကြောင့် ရေပါတခါတည်းတက်လာတာ။
သို့သော်...
"ဝုန်း!...ဖြောင်း!"
အသံကြောင့်ကမ်းနားကိုမေးငေါ့ကြည့်လိုက်တော့ စောစောပိုင်းက ကိုဘိလေးမောင်းလာတဲ့ပင်လယ်ကောင် လှိုင်းပုပ်ဒဏ်ကြောင့် တံတားကိုပြေးဆောင့်ပြီး တံတားအောက်ခြေတိုင် နှစ်တိုင်ကျိုးသွားလေသည်။
အားလုံးပါးစပ်မှာ"ဟာ" သော အာမေဋိတ်အသံတွေထွက်ကုန်သည်။
အမေ့ကိုလှည့်ကြည့်လိုက်တော့ အမေ့မျက်လုံးအဝိုင်းသား။
နာရီကိုကြည့်လိုက်တော့ ငါးနာရီထိုးခါနီးပြီ။
ရေကမျက်စိအောက်တွင် တဖြည်းဖြည်းချင်းအသက်ဝင်လျှက်။
တံတားကနေ ရေစင်အောက်ဖျားကိုစွဲလာတယ်။
ရေစင်ကနေ အိမ်ကပန်းကိုစွဲလာတယ်။
မိနစ်ပိုင်းအတွင်းအမှောင်စတ တဖြည်းဖြည်းချင်းလွှမ်းလာတယ်။
ပီးတော့အမေက ဘယ့်သူ့ကိုမှဘာမှမပြောဘဲ ဘီရိုကိုပြေးဖွင့်တယ်။
သူ့ရဲ့လက်ဝတ်တန်ဆာတွေကိုတစ်ခုမကျန်အကုန်ဝတ်တယ်။
ပီးတန်ဖိုးရှိပစ္စည်းတွေနဲ့စာရွက်စာတမ်းအကုန်လုံးကိုသေတ္တာတစ်ခုထဲထည့်တယ်။ ညီမလေးနဲ့ကျနော့ကိုချမ်းနေမှာဆိုးလို့အနွေးထည်တစ်ထည်စီးထုပ်ပေးပြီးဝတ်ခိုင်းတယ်။ပီးတော့ မနေ့ကမှအဖေမြို့ကဝယ်လာလို့ကျနော်ဟိုလန်ကြည့်ဒီလှန်ကြည့်နဲ့ပွနေတဲ့ ရှစ်တန်းပုံနှိပ်စာအုပ်တွေကို တစ်အုပ်ချင်းစုကောက်ပြီးသေတ္တာထဲထည့်တယ်။ အဖေကတော့ ကြပ်ကြပ်တည်းတည်းစဉ်းစားနေပုံနဲ့ ငြိမ်သက်နေပါတယ်။
အမေက ဘီရိုထဲကဟာတွေအကုန်ထုတ်...ဟိုဟာကောက်ဒီဟာကောက်နဲ့သေတ္တာထဲသူထည့်ချင်တာတွေထည့်ပြီးတော့
"ဖေကြီး တို့ဒီသေတ္တာကို နောက်ဖေးထင်းစင်ဆီကိုပို့ရအောင်"
အဖေကြီးကအမေ့ကိုဘာမှမပြောဘဲ သေတ္တာကိုအမေတစ်ဖက်သူတစ်ဖက်ဆွဲပြီး နောက်ဖေးထင်စင်ကိုထွက်သွားပါတယ်။
ပြီးတော့ အဖေကနောက်တစ်ခေါက်ပြန်လာပြီး ကိုဘိလေးကို
"ဘိလေး...လာအုံး"
ကိုဘိလေးအဖေ့ခေါ်ရာနောက်ကိုလိုက်သွားပြီး ပြန်လာတော့ အနောက်ထင်းစင်ကနေ ထင်းအိပ်တစ်ယောက်တစ်အိပ်စီထမ်းလာကြတယ်။
ရေဒူးခေါင်းမြုပ်နဲ့မိုးထန်လေထန်ထဲထင်းအိပ်တွေကိုဘာ့ကြောင့်သယ်နေသလဲမသိတာကြောင့် ကျနော်နဲ့ညီမလေးက အိမ်ထောင့်တစ်နေရာကနေ ကုပ်ကုပ်လေးထိုင်ကြည့်နေမိတယ်။ဒီလိုနဲ့အမေရယ်အဖေကိုယ်ကိုဘိလေးရယ်ကြောင့် အိမ်ပေါ်က ထင်းအိပ်တွေအတော်တော်များများရောက်လာတယ်။
သူတို့အိမ်ပေါ်တက်လာတော့ အားလုံးစိုရွှဲနေကြပြီး။
အမေ့မျက်နှာကိုကြည့်တော့ သိပ်မကောင်း။ကျနော်တို့ကိုဘာမှလည်းမပြော။ သူ့ရေစိုဝတ်တွေကိုအဝတ်ခြောက်တွေနဲ့စိတ်မပါစွဲလဲနေတာတွေ့ရတယ်။
ကိုဘိလေးနဲ့အဖေကတော့ အိမ်ပေါ်မတ်တပ်ရပ်လျှက် ပတ်ဝန်းကျင်ကိုကြည့်လို့ မြစ်ထဲကိုကြည့်လိုက်နဲ့ မျက်နှာတွေအေးစက်တည်ငြိမ်နေကြသည်။
ဒီလိုနဲ့ ရေက ကျနော်တို့ခြေဖျားတွေထိ ထနလာလို့ ကျနော်တို့မောင်နှမမတ်တပ်ရပ်လိုက်ရတယ်။
အိမ်ရှေ့က ပင်လယ်လမု (ကမ့်ပလာ) ပင်တွေနဲ့ အိမ်ရဲ့အကာအရံတွေကြောင့် အိမ်ထဲမှာရေက လှိုင်းကြပ်ခွပ်လောက်သာရှိပေမဲ့ မြစ်ထဲမှာဘယ်လောက်လှိုင်းကြီးနေမလဲဆိုတာ မြစ်ကမ်းဘေးနေတဲ့ကျနော်တွေးယူလို့ရပါသည်။
ခြေဖဝါးကနေ ခြေခုံ...ခြေခုံကနေခြေသလုံး...ခြေသလုံးကနေ ဒူးဇစ်ထိတက်လာတော့ အဖေနဲ့ကိုဘိလေးက ဘီရိုကြီးကိုဆွဲလှဲလိုက်ပါတယ်။
ပီးတော့ အမေ၊ညီမလေးနဲ့ကျနော့်ကိုဘီရိုပေါ်တက်ခိုင်းပီးအသင့်လုပ်ထားတဲ့ ဘော့သီးခိုင်တွေကို အဖေက ကြိုးနဲ့ခါးကိုလိုက်ချည်ပေးပါတယ်။
ပြီးတော့ အဖေကတည်ငြိမ်တဲ့လေသံနဲ့ ကျနော်တို့မောင်နှမကို...
"သားရောသမီးရော အဖေကြီးပြေပြမယ်နားထောင်။ တကယ်လို့ရေတက်လာလို့ရင် ဒီဘော့သီးကြိုးကိုခါးကနေမဖြုတ်လိုက်နဲ့နော် ကြားလား"
"ဟာ...အဖေကြီးကလည်း ညီမလေးရောသားရော ရေကူးတတ်တာဘဲကို ဘာဖြစ်လို့လည်း"
"အဲ့ဒါတွေမပြောနဲ့ အဖြေပြောသလိုကြိုးကိုသာမဖြုတ်ပြစ်လိုက်ကြနဲ့ကြားလား"
ပြောလည်းပြောအဖေက ကျနော်တို့ခါးမှာချည်ထားတဲ့ဘော့သီးကြိုးတွေကို သေချာခိုင်ခံ့အောင်ထပ်ပြီးချည်လိုက်ပါတယ်။
ပီးတော့ အမေ့ကို
"အမေကြီး ချမ်းနေပီလား။ မင်းတောရှောက်ဆေးစိမ်ကိုအဖေကြီးသေတ္တာထဲထည့်လိုက်ပါတယ်ကွ"
ဟုတ်ပါတယ်...အမေက လေငန်းရောဂါရတော့အချမ်းမခံနိုင်ဘူး။ ချမ်းရင်လေငန်းထတတ်တာကြောင့် တောရှောက်သီးကို အရက်နဲ့စိမ်ထားနှပ်ထားတဲ့ဟာကို ခန္ဓာကိုယ်မှာလူးရတာ။
အမေကတော့ အဖေ့ကို ဘာမှမပြောဘဲဒီအတိုင်းကြည့်နေပါသည်။ပြီးတော့ ကျနော်တို့မောင်နှမကိုလက်နဲ့သိုင်းဖက်ပြီးရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။ကျနော်တို့ခါးကဘော့သီးတွေဟာရေထဲမှာလှိုင်းကြပ်ခွပ်လေးတွေကြောင့် လှုပ်လှုပ်ရွရွဖြစ်နေပါတယ်။
ကျနော်တို့တက်ထိုင်နေတဲ့ဘီရိုကြီးမြုပ်သွားတော့ ထင်းအိပ်နှစ်အိပ်ကို ကိုဘိလေးနဲ့အဖေကြီးကထပ်လိုက်တယ်။ကျနော်တို့ကိုအဲ့ပေါ်တက်ထိုင်ခိုင်းရင်းအဖေနဲ့ကိုဘိလေးလည်းဘော့သီးတွဲတွေကိုခါးမှာချည်လိုက်ကြပါတယ်။
ခဏကြာတော့တင်လိုက်တဲ့ထင်းအိပ်တွေထပ်မြုပ်ပါတယ်။ဒါ့ကြောင့်နောကိပ်နှစ်အိပ်ထပ်တင်လိုက်ရတယ်။ဒီတော့မှကျနော်ကြောက်ရမှန်းသိလာတယ်။
ဒါကပုံမှန်ဖြစ်နေကြမဟုတ်တော့။ရေတက်တိုင်းထင်းအိပ်တွေထပ်တင်ရင်းကနေကျနော်တို့မိသားစုဟာတဖြည်းဖြည်းအိမ်ခေါင်နဲ့နည်းကပ်လာပါတယ်။
"ဝုန်း!ဝုန်း!ဝူး. . . . ."
လေနဲ့မိုးနဲ့ကတော့ သနားသဖြင့် နည်းနည်းလေးမှရပ်မသွားပါ။ပို၍သာဆိုးလာသည်။
အဖေကြီးက အမှောင်ထဲမှာ ဓာတ်မီးတဝင်းဝင်းနှင့်အလုပ်ရှုပ်နေသည်။လက်ထဲကဓားနဲ့အိမ်ခေါင်ပေါ်ကိုတွယ်တက်သွားပြီး ကြိမ်နှီးနဲ့တုပ်ထားတဲ့ဓနိတွေကို ခုတ်ဖြတ်နေပါတယ်။အိမ်ခေါင်ပွင့်သွားတော့ အဖေကြီးက ကျနော်အမေနဲ့ညီမလေးကို ရေမွန်းမှာဆိုးလို့ထုတ်တန်းပေါ်ခြေထောက်နင်းစေပြီးအပေါ်ကိုခေါင်းပြုထွက်စေပါတယ်။
ဒါပေမဲ့မရ။ ပြင်းထန်တဲ့လေနဲ့အတူကျလာတဲ့မိုးစက်တွေက ကျောက်စရစ်ခဲနဲ့ခေါင်းကိုပြစ်နေသလို။မြစ်ရေလှိုင်းကပါ တဝုန်းဝုန်းရိုက်တာကြောင့်ဘယ်လိုမှခေါင်းပြူထွက်လို့မရချေ။သို့ပေမဲ့ အိမ်အတွင်းထဲလည်းရေပြည့်နေပြီးအသက်ရှုလို့မရတော့တာကြောင့်အဖေကညီမလေးနဲ့အမေ့ကို ဘယ်တစ်ဖက်ညာတစ်ဖက်ကိုင်ပီးအပေါ်ကိုထိုးထွက်ပါတယ်။အမေကတော့ကျနော့လက်ကိုကျစ်နေအောင်ဆုပ်ကိုင်ရင်း
"သားမကြောက်နဲ့နော်...ရေတွေပြီးရင်ပြန်ကျသွားမှာ"
လှိုင်းပုပ်ဒဏ်ကြောင့် ခန္ဒာကိုယ်ယိမ်းထိုးနေရင်းကြားရနေအမေက ကျနော့်ကိုသူ့ရင်ခွင်ထဲဆွဲသွင်းပါတယ်။ပီးတော့ ကျနော့်ခေါင်းကိုနမ်းရင်းလေသံလားရှိုက်သံလားမသဲကွဲတဲ့အသံတစ်ခုကိုကြားလိုက်တယ်။
ကျနော်လည်းဘာကြောင့်မှန်းမသိ ဝမ်းနည်းလာပါသည်။အမေ ဒီလိုခေါင်းကိုတစ်ခါမှမနမ်းဘူး။ပီးတော့ ကျနော့်ကိုသူ့ရင်ခွင်ထဲကျစ်နေအောင်ဖက်ထားတယ်။
ညီမလေးနဲ့ကျနော်က တစ်နှစ်ပဲကွာတာကြောင့် အစောကြီးနို့ဖြတ်ခဲ့ရတဲ့ကျနော်ဟာ အခုအမေ့ရဲ့နို့ချိုနှစ်လုံးခြားမှာမျက်နှာအပ်ရင်းဝမ်းနည်းစွာမျက်ရည်ကျနေရတယ်။အမေ့ရဲ့ကိုယ်ခန္ဒာအစိတ်အပိုင်းနဲ့ထိစပ်နေတဲ့ကျနော့်ရဲအသားတွေအကုန်လုံးနွေးထွေးနေရပါတယ်။ ပီးတော့အမေက ညီမလေးကိုလက်လှမ်းဆွဲတယ်။ဒါပေမဲ့အဖေက ဟန်ချက်မညီဘဲ လှိုင်းဒဏ်နဲ့ပါသွားမှာဆိုးလို့ခွင့်မပြုပါဘူး။အခုမှသတိထားမိတယ်။
အဖေက ကျနော်တို့သားမိသုံးယောက်စလုံးကိုဖက်ထားတယ်ဆိုတာ။
ဒီလောက်လေနဲ့လှိုင်းရိုက်ချက်တွေကိုအဖေကြီးဘယ်လိုထိန်းထားသလဲကျနော်တွေး၍မရပါ။
"သမီးလေး"
အမေ့ရဲ့အသံက ဟန်မဆောင်နိုင်ပဲငိုသံပါသွားပါသည်။
"အမေ့ သမီးကြောက်တယ်"
ညီမလေးငိုပြီးအော်ပြောတယ်။
ကျနော်တို့သားအမိတွေ ဇာတ်တိုက်ထားသလိုသံပြိုင်ငိုမိလိုက်ကြတယ်။
အမှောင်ထဲက အဖေ့မျက်နှာက လျှပ်စီးတစ်ချက်လျှပ်တိုင်း မချိတင်ကဲအံကြိတ်နေတာကိုအထင်သားမြင်နေရတယ်။
သို့သော်နာဂစ်ကြီးက ကျနော်တို့မိသားစုကိုအလွမ်းသယ်ဖို့အချိန်အကြာကြီးမပေးပါ...
"ဝုန်း!"
အသံတစ်ခုပြင်းထန်စွာနားထဲ။ရာအားလုံးမှောင်သွားတယ်။ဘာဆိုဘာမှမသိလိုက်။အဲ့သည့်တစ်ခဏကိုကျနော်ယနေ့ထိတိုင် အာရုံထဲဖော်မရ။ ခဏခြင်းလောကကြီးတိတ်ဆိတ်ပြီးအချိန်တွေရပ်တန့်သွားသလို ဘာဆိုဘာမှမသိလိုက်တဲ့ထိုခဏ။
လောကရဲ့ကောက်ကျစ်စဉ်းလဲမှုညဏ်ကကုန်သွားလို့များအမှောင်ပြကွက်တစ်ခုချလိုက်လေသလား။
ဘာဆိုဘာမှမသိတော့ပေ။
ကျနော်သတိရတော့ပါးစပ်ထဲဆားငန်ရေတွေနဲ့မိုးသီးစိတွေပြည့်နေတယ်။အသက်ရှုဖို့ကြိုးစားရင်းကနေဆားငန်ရေတွေပါးစပ်ထဲဝင်တာဘယ်မနည်းမနော။ကျနော်ရေထဲကိုယ့်ဖော့ပြီးဘော့သီးကြိုးကိုအဆုံးထိဆွဲယူတော့လေးလိုက်တာ။ပေါ့ပါးတဲ့ဘော့သီးတွေဟာရေပေါ်ကိုလျောလျောရှုရှုပါမလာဘဲလေးလံနေတာကြောင့်ကျနော့်ခန္ဒာကိုယ်သာဘော့သီးနောက်ကိုပါသွားတယ်။အနားရောက်မှသိလိုက်ရတာဘော့သီးမှာတစ်ခုခုငြိနေပြီဆိုတာပဲ။ ကျနော်လက်နဲ့လိုက်ပတ်စမ်းကြည့်တော့ကြိုးတစ်ချောင်း။ ကျနော်ဝမ်းသားသွားသည်။မိုးရေလ တအုန်းအုန်းချနေလို့မှောင်မိုက်တဲ့ပတ်ဝန်းကျင်ကိုမမြင်ရပေမဲ့ ဒီဘော့သီးခိုင်နဲ့လာငြိနေတဲ့ကြိုးဟာကျနော်တို့မိသားစုဝင်ထဲကတစ်ခုဖြစ်ရမယ်။
ထပ်စမ်းကြည့်လိုက်တော့ ဘော့သီးအရေတွက်ကများနေတယ်။
"ဘယ်သူလဲအဖေကြီးလားအမေလားညီမလေးလား"
ကျနော်အော်ခေါ်လိုက်ရင်းကနေ ဘော့သီးကြိုးစကိုလက်နဲ့ထိမိတော့ ကြိုးကရေထဲစိုက်နေတယ်။ ကျနော်စိုးရိမ်စွာနဲ့အလျှင်အမြန်ဆွဲတင်ပြီးလူကိုစမ်းမိတော့အမေဖြစ်နေတယ်။
ကျနော့်ကိုယ်ကို ဘော့သီးနှစ်ခုအကြားတင်စေပြီးအမေ့ကိုရေမမွန်းအောင်ဆွဲတင်လိုက်တယ်။
အမေကမလှုပ်မယှက်နဲ့ခေါင်းငိုက်စိုက်ကြနေတယ်။
"အမေ! အမေ! အမေ! အမေ! အမေ!"
ကျနော်ဝမ်းနည်းတုန်လှုပ်စွာအသံခြစ်ခေါ်ရင်းအမေ့ကိုရှိသမျှအားနဲ့လှုပ်ရမ်းပါတယ်။
အမေကတှုပ်တှုပ်မျှမလှုပ်လေ ကျနော်အော်ခေါ်လေ။
မိုးရေထဲအမေ့ခေါင်းနဲ့ကျနော့်ခေါင်းတွေကြောကုန်းတွေကို မိုးသီးတွေက အရှိန်ပြင်းစွာရွာချလို့စပ်ဖျင်းနေအောင်နာတယ်။တခါတလေ ရေထဲမျောပါလားတဲ့သစ်သားချောင်းတွေက လှိုင်းနဲ့အတူကျနော်နဲ့အမေ့ကိုရိုက်ပါတယ်။
ဒါပေမဲ့ကံကောင်းထောက်မစွာလေဟာတစ်ဝက်လောက်ငြိမ်သွားတယ်။
ပတ်ဝန်းကျင်ကငိုသံ အော်ဟစ်အကူအညီတောင်းသံတွေကိုကြားနေရတယ်။
ကျနော်လည်းအဖေ့ကိုသတိရပြီးအော်ခေါ်လိုက်ပါတယ်။
ကျနော့်ငိုသံပါနဲ့အော်ခေါ်တာကိုအဖေကြားပြီး
"သားလား! ဇော်မိုးထက်လား"
"ဟုတ်တယ်အဖေကြီး အမေလည်းဒီမှာ"
"အေး အဖေလာပြီ"
ကျနော့်တို့သားမိအနားကိုအဖေကူးလာပါတယ်။
ပြီးတော့အမေ့ကိုခါးကနေသိုင်းကိုင်ပွေ့ပြီးအော်ခေါ်ပါတယ်။
အမေကလုံးဝကိုမလှုပ်တော့။ပြီးတော့ အဖေက အမေ့ကိုရင်ဘတ်တွေစမ်း နှာခေါင်းတွေစမ်းလုပ်ပါတယ်။
ပီးတော့ အံကြိတ်သံနဲ့အမေ့နာမည်ကိုအကြိမ်ကြိမ်ခေါ်တယ်။
ကျနော်ကအမေ့အနွေးထည်စကိုကိုင်ပီးအဖေနဲ့အတူဝိုင်းကူမပေးပါတယ်။
အဖေကပြီးမှသတိဝင်လာပုံနဲ့
"သားမင်းရောဘာဖြစ်သွားသေးလဲ။မင်းအမေကိုဘယ်လိုတွေ့လဲ...မင်းညီမလေးအသံရောကြားလား"
"သားကဘာမှမဖြစ်ဘူး။အမေ့ကိုတွေ့တာက အမေ့ဘော့သီးကြိုးနဲ့သားဘော့သီးကြိုးနဲ့လိမ်ပြီးငြိနေလို့...ညီမလေးအသံတော့သားမကြားဘူးအဖေကြီး"
"ဘာ...မင်းအမေကြိုးနဲ့မင်းကြိုးနဲ့ငြိနေတယ်ဟုတ်လား"
အဖေကပြောပြောဆိုဆို ကျနော့်ဘော့သီးနဲ့အမေ့ဘော့သီးငြိနေတာကိုလက်နဲ့စမ်းကြည့်တယ်။
ပြီးတော့အမေ့ကိုတစ်ချက်ကြည့်ပြီး"မဖြစ်ဘူး။ဖြုတ်မှရမယ်" ဆိုပြီးကျနော်နဲ့အမေ့ဘော့သီးကိုဖြုတ်တယ်။
အဖေဖြုတ်လို့မပီးခင်မှာ အရပ်ရှစ်မျက်နှာကနေ လေဟာအသံမျိုးစုံနဲ့ထပ်ပြီးတိုက်ခိုက်လာတယ်။လှိုင်းနဲ့အက်ဆစ်လိုပြင်းထန်တဲ့မိုးသီးတွေဟာ နောက်တစ်ကြိမ် ကျနော်တို့ကိုနှိပ်စက်ဖို့တစ်စခန်းပြန်ထလာကြတယ်။
ကြိုးကဘယ်လောက်ထိလိမ်ပတ်နေသည်မသိ အဖေတော်တော်ကိုကြိုးစားဖြုတ်နေရသည်။
ပါးစပ်ကလည်း"သား...မင်းဘော့သီးကိုဘယ်တော့မှမလွှတ်လိုက်နဲ့နော်" လို့တတွတ်တွတ်သတိပေးနေတယ်။
ဒါပေမဲ့ကြိုးဖြည်လို့မပီးခင်မှာပြင်းထန်တဲ့လှိုင်းလုံးတစ်လုံးကျနော်တို့သားမိသားဖသုံးယောက်ဆီကိုကျလာပါတယ်။
"ဝုန်း!"
ဒုတိယအကြိမ်လောကကြီးပြန်ပြီးကျနော့်အာရုံထဲတိတ်ဆိတ်သွားပြန်ပါတယ်။အမှောင်တိုက်ကြီးကျနော့်ကိုယ်ပေါ်အချိန်ဘယ်လောက်ကြာအောင်ဖုန်းလွမ်းသွားသည်မိသိ ကျနော်သတိရတော့ ကျနော်ကအမှိုက်တွေလိုအပုံကြားထဲ ။ဘာမှလည်းသေချာမမြင်ရ။ကျနော့်ခါးကိုစမ်းကြည့်တော့ဘော့သီးကြိုးကရှိနေသည်။ဘော့သီးကြိုးစမ်းရင်းမှအမေ့ကိုဖျက်ကနဲသတိရလိုက်သည်။
အမေ...
ဘယ်ရောက်သွားတာလဲ။ကြိုးပြုတ်သွားတာလား။ဒါမှမဟုတ်အဖေကြီးနဲ့ပါသွားတာလား။ကျနော်တွေးရင်းလျှပ်စီးလျှပ်ချိန်ဘေးကိုဝဲကြည့်တော့ လှစ်ကနဲလှစ်ကနဲမဲမဲနဲ့မြင်လိုက်ရတဲ့အရာတွေ။
ဘာတွေမှန်းမသိလို့နောက်တစ်ကြိမ်လျှပ်စီးလျှပ်ချိန်သေသေချာချာကြည့်မိတော့သစ်ပင်တွေဖြစ်နေတယ်။
ဒီတော့မှ ရေစီးအားကဒီလောက်ထိကိုမြန်နေရတာကိုသတိထားမိတယ်။
မယုတ်မလွန်ပြောရရင် အဲ့အချိန်ရေစီးအားအလျှင်ဟာ အခုရန်ကုန်မြို့ပတ်ရထားအလျှင်ထက်မများရင်တောင်မလျော့ဘူး။
နာရီတွေအတော်ကြာလာတဲ့နောက်ရေစီးအားဟာလျော့ကျသွားတယ်။လေတွေရေတွေလည်းတော်တော်စဲသွားတယ်။ ခဏကြာတော့ ကျနော့်ရှေ့တည့်တည့်မှာ လျှပ်စီးအလင်းရောင်နဲ့အတူ သစ်ပင်ကြီးတစ်ပင်ကိုတွေ့တာနဲ့ဒီသစ်ပင်ပေါ်ကိုတက်ပီးနေခဲ့ဖို့ဆုံးဖြတ်လိုက်တယ်။ဒီရေစီးနဲ့လိုက်သွားလျှင်အိမ်နဲ့အတော်ဝေးသွားနိုင်သည်။သို့သော်သစ်ပင် ပင်စည်ကိုလမ်းဖက်ချိန်မှာ ရေစီးအားကိုလျော့တွက်မိတဲ့ကျနော်ဟာပင်စည်ကိုဖမ်းတဲ့နေရာမှာလက်အာထွက်သွားသည်။
ဒါပေမဲ့ကံကောင်းထောက်မစွာအဖေချည်ပေးလိုက်တဲ့ဘော့သီးကြိုးဟာသစ်ပင်ကိုင်းနဲ့ငြိနေပြီး ကျနော်အမှိုက်ပုံကလွတ်လို့သစ်ပင်ပေါ်ကျန်ခဲ့တယ်။
တုန်လှုပ်ခြောက်ခြားစွာတဲ့ သစ်ပင်ပေါ်မှာကျနော် မိုးလင်းသည်အထိစောင့်ခဲ့တယ်။
နာရီတွေအတော်ကြာတော့ တဖြည်းဖြည်းချင်းလင်းလာတယ်။
ရေတွေအားလုံးငြိမ်သွားတယ်။မိုးရေတွေတစ်ပေါက်မှမကျတော့ဘူး။လေကလည်းငြိမ်သွားတယ်။
ရေက ပင်စည်ကနေတစ်ရစ်ခြင်းစီကျနေတော့ကျနော်အလိုက်သင့်လိုက်ဆင်းတယ်။ဒီလိုနဲ့မိုးလည်းစင်စင်လင်းကျနော်လည်းသစ်ပင်ခြေရင်းကိုရောက်တယ်။ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ကျနော်ခြံစပ်ကြီးတစ်ခုမှာ။ဘေးမှကလယ်ကွင်းတွေနဲ့။ကောင်းကင်ကိုမော့ကြည့်တော့ နေခြည်နုနုနဲ့မနေ့ညကသူမဟုတ်သလို အဖြူရောင်မိုးသားတွေနဲ့လင်းနေတယ်။
သစ်ပင်တွေတော့လဲကွလို့။ ကွင်းထဲမှာကျွဲတွေသေနေတယ်။ ဝက်တွေသေနေတယ်။ ဆိတ်တွေသေနေတယ်။ ငါးအကြီးကြီးတွေဗိုက်အဖွေးသားကြီးတွေနဲ့သေနေတယ်။ မြွေတွေသေနေတယ်။ယုတ်စွဆုံး ဘဲတွေမန်ဒါလီတွေပါသေနေတယ်။ပြီးတော့ လယ်ကန်သင်းဘောင်ပေါ်ကားယားခွသေနေတဲ့အယုတ်လတ်မြတ်မရွေးလူသေတွေ...သစ်ပင်ပေါ်မှာသစ်ခိုင်းပေါ်ကားယားချိတ်သေနေတဲ့သူတွေ...ရေအိုင်ထဲဝမ်းလျားမှောက်သေနေတဲ့လူတွေ...ယောကျာင်္းမိန်းမမနည်း။
ကျနော်လှပတဲ့ကောင်းကင်နဲ့အတူ ဝမ်းနည်းစရာမြေပြင်ကို သွေးပျက်မှင်သက်စွာအချိန်ကြာကြီးကြည့်နေတုန်း...
"ဗွမ်း ... ဗွမ်း...ဗွမ်း"
အသံကြောင့်ကျနော်ရုတ်တရက်ထိတ်လန့်သွားသည်။
လှည့်ကြည့်လိုက်တော့ အကိုကြီးနှစ်ယောက်ဦးကြီးတစ်ယောက်။
"ကောင်းလေးမင်းလည်းရေစီးနဲ့ပါလာတာလား"
"ဟုတ်ကဲ့"
သူ့ကိုပြန်ပြောလိုက်မှ ကျနော့်ရင်ဘတ်ထဲအော်ကလိဆန်စရာလေတွေပြို့တက်လာသည်။
ကျနော်မထိန်းနိုင်ဘဲအန်ချလိုက်တော့ ပင်လယ်ဆားငန်ရေတွေက အမှိုက်တစ်ချို့နဲ့အတူထွက်လာတယ်။
"ရေတွေဗိုက်ထဲဝင်သွားတာဖြစ်မယ်"
ဦးလေးကြီးကပြောလည်းပြောရင်း ကျနော့်ရင်ဘတ်နဲ့ကြောကို ကြင်နာစွာဖိပေးပါတယ်။
ကျနော့်အန်လို့ပီးတော့
"မင်းကဘယ်ကလည်း"
"သားကသုံးထပ်ကုန်းကဦးဦး"
"အေးဒါဆို ဦးတို့နဲ့လိုက်ခဲ့။ဦးတို့က ကြိမ်ချောင်းကိုပြန်မှာ"
ကျနော်လမ်းတောက်လျောက်သူတို့နဲ့ပြန်လိုက်ခဲ့တယ်။
ထမင်းမစားရကြလို့ အားလုံးကအားပြတ်နေပြီ။
ရေတောထဲတွေဖြတ်လျှေက်နေပေမဲ့ရေငန်တွေမို့သောက်မရ။ ချောင်းတွေတွေ့ရင် တူရွင်းကိုရှာပီးဓနိဖောင်ကိုထိုးဖြတ်ဖောင်လုပ်ပီးရေထဲမျောကူးရတယ်။
ဈေးဆိုင်အပျက်တွေကမျောတဲ့မုန့်တွေက ရေတွေဝင်နေတာမို့ ဘယ်လိုမှစားမရ။
သူတို့နဲ့ နှစ်ရက်တိတိအပြင်းလမ်းလျောက်ခဲ့ပြီးမှ ကျနော်ဟာကြိမ်ချောင်းကိုပြန်ရောက်တယ်။ ကြိမ်ချောင်းမြို့ပေါ်ကိုရောက်တော့ အမှတ်မထင်ဘဲကျနော်တို့ရွာက ကိုကျော်ထွန်းက ကျနော့်ကိုလက်ပြေးဆွဲတယ်။
"ဟစ်ယောင်လေး မင်းကိုမင်းအဖေလိုက်ရှာနေတယ်"
"ဟာ...ဟုတ်လား ဘယ်မှာလဲဦးကျော်ထွန်း"
"ဟိုးကစည်ပိုင်းအစိမ်းပေါ်ထိုင်နေတာမင်းအဖေပဲ"
တိုက်ပျက် ဆိုင်ပျက် အိမ်ပျက် ကျောင်းပျက်တွေနဲ့ မသေတဲ့လူတွေဟာ ရေထဲမျောလာတဲ့တွေ့ကရာအဝတ်တွေကိုကောက်ဝတ်ပြီး အရောင်အသွေးမျိုးစုံနဲ့အတုံးအရုံးလဲပီးတချို့အနားယူနေကြတယ်။တချို့စိတ်ပျက်အားငယ်စွာထိုင်နေကြတယ်။ တချို့သွေးရူးသွေးတန်းအော်ဟစ်နေကြတယ်။တစ်ချို့က ကိုယ့်မိသားစုကိုတွေ့လို့တွေ့ငြားလိုက်ရှာနေကြတယ်။
ကျနော်အဖေ့ဆီကိုပြေးသွားပြီး
"အဖေကြီး..."
ကျနော့်ဝမ်းသာအားရခေါ်လိုက်သံကြောင့်အဖေက စည်ပိုင်းပေါ်မှာ ငေးမှိုင်ငြိမ်သက်စွာထိုင်နေရင်းကအသက်ဝင်သွားတယ်။
ပီးတော့ ကျနော့်ဆီကိုတစ်ဟုန်ထိုးပြေးလာပြီး ခါးကနေထွေးပွေ့ပြေးဖက်ဆွဲမလိုက်ပြီးတင်းကြပ်စွာဖက်လိုက်တယ်။ပြီးတော့ ကျနော့်ပါးပြင်တွေနဲ့နဖူးတွေကို နေရာမလပ်အငန်းမရနမ်းရင်း ကျနော့်တစ်သက်တခါမှမမြင်ဖူးသောအဖေ့မျက်ရည်တွေ ဆည်ကျိုးသလိုတသွင်သွင်းစီးလားတယ်။
တစ်မိနစ်လောက်အဖေကျနော့်ကိုရင်ဘတ်ထဲကခွာကြည့်လိုက် ပျောက်သွားမှာဆိုးသည့်အလားပြန်ဖက်လိုက်နဲ့နုတ်ဖျားက စကားတွေတစ်ခွန်းမှမဆိုနိုင်။
"သားရယ်... အဖေမင်းကိုပါဆုံးရှုံးရပြီထင်တာ။တော်သေးတာပေါ့"
ဆို့နင့်ကြေကွဲစွာနဲ့အဖေကျနော့်ကိုပြေတယ်။
"အမေနဲ့ညီမလေးရောအဖေကြီး"
ကျနော်မဝံ့မရဲမေးတော့အေဖကတိတ်ဆိတ်လျှက်မဖြေပါဘူး။
ကျနော့်ကိုသာရင်ခွင်ထဲဆွဲသွင်းပြီးအကြာကြီးငြိမ်နေတယ်။
ကျနော်အဖေ့ရင်ဘတ်ကိုတွန်းပြီး
"အမေနဲ့ညီမလေးရောလို့အဖေကြီး"
အဖေကြီးမျက်နှာကိုတည်ငြိမ်စွာပြုပြင်ပြီး
"သား...အဖေကြီးပြောတာကိုသေသေချာချာနားထောင်စမ်း"
"ဟုတ်ကဲ့အဖေကြီး"
"ညီမလေးကို ကတော့အသက်ရှင်နိုင်သေးတယ်။မင်းအမေကတော့ အဖေတို့တွေကတည်းက အသက်မရှိတော့ဘူး။ ဒါပေမဲ့အသက်ရှင်ချင်လည်းရှင်နိုင်တယ်။အဖေကြီးတို့အားမလျော့ပဲရှာကြတာပေါ့သား"
အဖေကြီးကသူ့စကားအရှိန်လွန်သွားမှန်းသိပြီးပြန်ထိန်းပါတယ်။ဒါပေမဲ့ကျနော်သိနေပြီပဲ။တစ်ကိုယ်လုံးခွန်အားတွေမဲ့သွားပြီးလောကကြီးတစ်ခုလုံးအဓိပ္ပါယ်မရှိတော့သလို... ဖြစ်နိုင်လျှင် ကျနော်ဒီနေရာကနေ အငွေ့ပျံသွားချင်ပါဘိ"
အရုပ်ကြိုးပျက်နဲ့ကျနော်အဖေ့ရင်ခွင်ထဲကိုတိုးဝင်ပြီးအဖေ့ခါးကိုမလွတ်တမ်းဖက်လိုက်တယ်။
ပြီးတော့ ကျနော့်အသံအဖေ့ရင်ဘတ်ကနေပုဆိုးစအထိကျနော့်မျက်ရည်တွေနာရီပေါင်းများစွာရွှဲနစ်စေပြီး ကျနော်အပြင်လောကကြီးကိုမကြည့်ရဲတော့။ အသံမထွက်ဘဲကြိတ်ငိုရခြင်းကိုကျနော်ငယ်ရွယ်စွာငိုတတ်သွားခဲ့တယ်။
တဖြည်းဖြည်းနေစောင်းလာတယ်။ အဖေကခေါင်းကိုပွတ် ကြောကိုသပ်တယ်။"သားလေးရယ်"ဆိုတဲ့ အဖေရဲ့ကြေကွဲတဲ့အသံကိုခဏခဏကြားရတယ်။
နေရောင်တွေတဖြည်းဖြည်းဖျော့လာတယ်။
အဖေကျောပေးထားတဲ့မြစ်ပြင်ကြီးထဲကိုကျနော်အဖေ့ရင်ခွင်ထဲကနေမရဲတရဲခိုးကြည့်တယ်။
ကြာကြာကြည့်လေ ရုပ်ရှင်အနှေးပြကွက်တွေလို အမေ့ရဲ့ နွေးထွေးစွာကျောင်းလာကြိုချိန်တွေကိုမြင်နေရတယ်။ ခဏခဏရန်ဖြစ်ပြီးပြန်ချစ်တဲ့ညီမလေးရဲ့ဆိုးနွဲ့ပုံလေးတွေလွင့်လာတယ်။
ကျနော်မကြည့်ရဲ့တော့ ။ အဖေကတော့ ကျနော့်ကိုရင်ခွင်ထဲကဆွဲခွာ...ပခုံးကိုအသက်ပါပါကိုင်ပြီး
"သား...အဖေကြီးမှာ ဘဝတစ်ခုရှိသေးတယ်။အဲ့ဒါသားပဲ။သားမှာလည်းဘဝတစ်ခုရှိသေးတယ်။ အဲ့ဒါအဖေကြီးပဲ။ လောကမှာဆွေမျိုးရင်းချာအဖေကြီးနဲ့သားပဲရှိတော့တယ်"
ကျနော်မြစ်ပြင်ကြီးထဲမကြည့်ရဲလို့ နောက်တစ်ကြိမ်နုံးချိစွာအဖေ့ရင်ခွင်ထဲပြိုလဲလိုက်တယ်။
ကျနော့်လိုဘယ်သူတွေများအမေကို ချစ်မဝခင်ရက်ရက်စက်စက်ဆုံးရှုံးလိုက်ရအုံးလေမလဲ. . . . .
(ဘဝဖြစ်ရပ်မှန်ကို အမေများအတွက်ဂုဏ်ပြူပြီးအမေ့အတွက်ရေးသည်)
07:21pm (24.1.2016)
Credit-ZawMoeHtet(စိတ်မကောင်းခြင်းများစွာဖြင့်)
.
Credit : ZawMoeHtet via Myo Myint Maung