Saturday, February 25, 2017

ဒုတိယအကြိမ် အဝေးရောက်......လွမ်းလဲပြန်ခွင့်မရတဲ့အိမ်..

ဒုတိယအကြိမ် အဝေးရောက်......လွမ်းလဲပြန်ခွင့်မရတဲ့အိမ်..
ကျွန်တော် ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က နယူးရောက် မြန်မာမစ်ရှင်မှာ ဗီဇာသွားလျှောက်ပါတယ်....သံရုံးဝက်ဘ်ဆိုဒ်မှာတင်ထားတဲ့လိုအပ်ချက်တွေ အတိုင်းအပြည့်အစုံယူသွားပါတယ်....ရှေ့မှာလဲ မြန်မာလူငယ်တစ်ယောက်လျှောက်နေတာတွေ့ပါတယ်...သူ့ကိုတော့ စာတစောင်ထပ်ရေးခိုင်းတာကြားပါတယ်...ဘယ်နေ့သွားမယ်....ဘယ်မှာနေမယ်....ဒီမှာဘာလုပ်တယ်...အစရှိသဖြင့်ပေါ့...အဲဒီညီလေးက မေးပါတယ်...နိုင်ငံရေးမလုပ်ကြောင်းစာလားဆိုတော့ အဲဒါတွေမလိုပါဘူးတဲ့....အဲဒီတော့ ကိုယ်က စိတ်ထဲမှာထင်လိုက်တယ်...ဟ..ပြောင်းသွားပြီပေါ့....ကျွန်တော်တို့လူမှုဗီဇာလျှောက်တဲ့သူတွေကတော့ ရိုးရိုးလျှောက်လွှာအပြင် အလုပ်ရာဇဝင်ဆိုပြီး ရေးရပါတယ်...ကျွန်တော်လဲ အမှန်အတိုင်းဘဲရေးပါတယ်...
သံရုံးက မြန်မာဝန်ထမ်းအမျိုးသားက လျှောက်လွှာကိုလက်ခံထားလိုက်ပါတယ်....
ဗီဇာကို လုပ်ရတာ ရုံးချိန် ၃ ရက်လိုမယ်ဆိုတဲ့အကြောင်းပြောပါတယ်..ကျွန်တော်ကလဲ ခရီးထွက်တော့မှာမို့ သောကြာနေ့လိုချင်ပါတယ်ဆိုတော့....သူအတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်ဆိုပြီး လိုလိုလားလားပြောပါတယ်.....အဲဒီနေ့ ညနေပိုင်း ရုံးချိန်အကျော် (၅ နာရီ ကျော်ကျေ်လောက်မှာ) အမျိုးသမီးတစ်ယောက်ဖုန်းခေါ်လာပါတယ်......ကျွန်တော့်ရဲ့နောက်ကြောင်းတွေမေးပါတယ်...ကျွန်တော်ကလဲ တောခိုလာခဲ့တဲ့သူဖြစ်ကြောင်း....အမေရိကန်နိုင်ငံသားမဟုတ်ကြောင်း ပြောပြပါတယ်..အခုသွားမှာဘာလုပ်မှာလဲဆိုတော့ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ တွေ့မယ်...မိသားစုနဲ့တွေ့မယ်..မှတ်ပုံတင်ပြန်လျှောက်ဘို့ကြိုးစားမယ်လို့ပြောပါတယ်...အဲဒီတော့သူက လုပ်ဖေါ်ကိုင်ဖက်ဆိုတာဘယ်သူတွေလဲဆိုတာမေးပါတယ်...အော်..ကျွန်တော်က နိုင်ငံရေးလုပ်လာတာဆိုတော့ လုပ်ဖေါ်ကိုင်ဖက်ဆိုတာ...နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်တွေဘဲပေါ့လို့ ပြန်ရှင်းပြပါတယ်...ဒါနဲ့သူက ဦးနိုင်အောင်ကေ့စ်က complicated ဖြစ်နေတယ်...အထက်ကိုတင်ပြရမယ်...အချိန်ကြာနိုင်တယ်....သောကြာနေ့တော့ မမီနိုင်ဘူး...ဒီမှာကြာသွားမယ်ဆိုရင် ထိုင်းမှာ ဆက်လျောက်ပေါ့....အထက်ကိုတော့ တင်ပြလိုက်ပါမယ်...သောကြာနေ့ရမယ်ဆိုရင် ဖုန်းဆက်ပြန်ပြောပါ့မယ်လို့ မွန်မွန်ရည်ရည် ရှင်းပြပါတယ်...
ကျွန်တော်လဲ ထင်လိုက်ပါပြီ....ရမှာမဟုတ်တော့ဘူးလို့...
နောက်တနေ့ မွန်းလွဲ့ပိုင်းလောက်မှာ အဲဒီအမျိုးသမီးဘဲ ပြန်ဖုန်းဆက်လာပါတယ်...ဦးနိုင်အောင် က black list အထဲမှာ ဝင်နေတဲ့အတွက် ဗီဇာထုတ်ပေးလို့ရမှာ မဟုတ်တော့တဲ့အတွက် သောကြာနေ့မှာ စာအုပ်ပြန်လာယူပါလို့ ပြောပါတယ်...ကျွန်တော်က black list ဝင်တာ ဘယ်တုန်းကလဲ...ဘယ်သူက ထုတ်ထားတာလဲဆိုတော့....ကျွန်တော် ၂၀၁၅ ဇန္နဝါရီလဆန်း ပြန်လာပြီးနောက်ပိုင်းလို့ပြောပါတယ်.....အဲဒါ မန္တလေးမှာ ဒေါ်ခင်ဝင်း နှစ်ပါတ်လည် ဆန္̔ဒပြပွဲမှာ သွေးစည်းညီညွတ်မှုပြတဲ့အနေနဲ့ ပါဝင်ခဲ့ပြီးတဲ့ နောက်ပိုင်းပါ....နောက် အမည်မည်းစာရင်းသွင်းတာက ပြည်ထဲရေးကပါလို့ပြောပါတယ်...
ကျွန်တော်လဲ ဒီနေ့ သောကြာနေ့မှာ စာအုပ်ပြန်ယူခဲ့ပါတယ်....မြန်မာအရာရှိကိုထပ်မံမေးမြန်းဘို့ စုံစမ်းတော့ တစ်ယောက်မှ ရုံးမှာမရှိဘူးလို့ Pilippino receptionist လေးက ပြောပါတယ်...ဒါနဲ့ အပြင်ထွက်လာပြီး ဖုန်းဆက်တော့ မြန်မာလိုပြောတဲ့ဝန်ထမ်းတစ်ယောက်နဲ့ ပြောရပါတယ်..သူကတော့ ဖြေနိုင်မှာမဟုတ်ဘူး...ကောင်စစ်ဝန်ကဘဲ ဖြေနိုင်မှာတဲ့..သူရောရှိလားဆိုတော့...ခရီးသွားတယ်လို့ပြောပါတယ်....
အဲဒီတော့ နိဂုံးချုပ်ရရင် ၂၀၁၅ ကတည်းက ၃ ခါလောက် ဘန်ကောက်မှာ ဗီဇာလျှောက်လွှာကို အကျိုးအကြောင်းမပြောဘဲ ငြင်းတာဟာ ဘလက်လစ် ဝင်လို့ပါဆိုတာကို တိတိကျကျ သိလိုက်ရပါပြီ....ပြည်ထဲရေးက လုပ်တာပါလို့လဲ သိရပါပြီ....လက်ရှိဒီမိုကရေစီအစိုးရက နိုင်ငံရေးအရ ပိတ်ဆို့အရေးယူမှုတွေမလုပ်ပါဘူးလို့ပြောပေမယ့် ကျွန်တော်သိသလောက်...ကျွန်တော်၊ မခင်ဥမ္မာ၊ ကိုမိုးသီး၊ ဇိုရာဖန်း၊ ကိုဘုန်းကျော်တို့ တော့အမည်မည်းစာရင်းအသွင်းခံရပါပြီ...
တိုင်းပြည်နဲ့ပြည်သူတွေကို ဒုက္ခပေးတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်တွေကတော့ အရေးယူမခံရဘဲ...ဒီမိုကရေစီရေးကို ၂၈ နှစ်လုံးလုံး မိသားစု၊ တိုင်းပြည်နဲ့ ဝေးပြီး လုပ်လာတဲ့သူတွေကို အရေးယူခံထားရတာကတော့ တော်တော် ကသိကအောက် နိုင်လွန်းပါတယ်...အသွင်ကူးပြောင်းရေးကာလမှာ ပြန်လည်သင့်မြတ်ရေးကို ယုံကြည်နားလည်ပေမယ့်....စစ်တပ်အလိုကျဘဲ သင့်မြတ်လိုရမယ်ဆိုတာကလည်း စစ်မှန်သောသင့်မြတ်ရေးလို့ မယူဆနိုင်ပါ...
ပြည်သူက ရွေးချယ်ထားတဲ့ ဒီမိုကရေစီအစိုးရအနေနဲ့...
ပြည်ပရောက်များကို ပြန်လာဘို့ဖိတ်ခေါ်ပြီး....ရှင်းလင်းတဲ့လုပ်ထုံးလုပ်နည်းကို သတ်မှတ်ပေးစေချင်ပါတယ်....(အခုပြောနေတဲ့ နီးစပ်ရာသံရုံးမှာလျောက်ပါ..သမတကို အသနားခံပါ....အဆင့်ဆင့်စီစစ်ပြီးမှဆိုတာ နောက်ဆုံး စစ်တပ်ကသာ အဆုံးအဖြတ်လိုဖြစ်နေပါတယ်...အဲဒါကို လက်မခံနိုင်ပါ)
ပြည်ပရောက်နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေကို အမည်မည်းစာရင်းကနေ အားလုံးဖြုတ်ပေးပါ...
လက်ရှိအမည်မည်းစာရင်းကို ထုတ်ပြန်ကြေညာပေးပါ....
နိုင်ငံရေးကြောင့် တိုင်းပြည်ကဝေးကွာသွားသူတွေဟာ သူတို့ဆန္̔̔ဒရှိရင် နိုင်ငံသားဖြစ်နေဆဲပါဆိုတာကို အသိအမှတ်ပြုပေးပါ.....
အခုလောလောဆယ်တော့ ကျွန်တော် ပြည်နှင်ဒါဏ်ထပ်ခံရပြီး အဝေးရောက်ဘဝကို ဒုတိယအကြိမ်ပြန်ရောက်ပြီဖြစ်ပါတယ်..အိုမင်းလာပြီဖြစ်တဲ့ မိခင်ကြီးကိုတွေ့ချင်ပေမယ့်..စောင့်ရှောက်ချင်ပေမယ့်၊ တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ဝိုင်းကူညီချင်ပေမယ့် ......အခြေအနေမပေးသေးပါ.....
ချစ်သူ၊ မုန်းသူများအားလုံးကို မေတ္တာပို့ပါတယ်


https://www.facebook.com/DNA.FREEBURMA/posts/10154077398526017

Back to the exile again

Tin Maung Htoo and 2 others shared Naing Aung's post.
Naing Aung with Moethee Zun and Khin Ohmar.
21 hrs ·
Back to the exile again
My visa application to Burma is denied because I am blacklisted according to New York Myanmar Mission official. I was put into the black list after my return from Burma in early January 2015. I have tried to apply at least 3 times in Bangkok during 2015 and 2016, my application was returned without giving any specific reason. Now it become official that some of us including me and Ohmar are in blacklist. So announcement of NLD government that there is no restriction for travel of exile activists for political reason is not true.
I, on behalf of others in black list for political reasons, would like to request to NLD led democratic government to remove the political activists from blacklist and allow the return of them who wish to in recognising their citizen rights. I also would like to request to publicly announce the blacklist and not to leave this decision making power with interior ministry alone who is completely controlled by the army.
Dr. Naing Aung, former ABSDF chairman, isn't allowed to go back to Burma with his entry visa denied. That sounds not right! Personally, regardless of differences on some issues, his tireless efforts for democracy in Burma is remarkable. In fact, I foresee such outcome when he touched some 'hot-potato' issues. If the visa ban is for his safety, it's 'good out of bad'; otherwise, he should be allowed to go back to Burma, so are a number of other activists facing the same issue in exile.

Tuesday, February 21, 2017

အသည်းအဆီဖုံးခြင်း

Aye Min HtooFollow
အသည်းအဆီဖုံးခြင်း
ဒီနေ့ခေတ်မှာ အသက် (၅၀)ကျော်အရွယ် လူကြီးတွေတီဗွီဓာတ်မှန် ရိုက်ကြည့်တဲ့အခါ အသည်းမှာအဆီဖုံးနေတာ တွေ့ရတယ်။ ဒါဟာ မြန်မာတနိုင်ငံတည်း မဟုတ်ပါဘူး။ကမ္ဘာပေါ်မှာလည်း အသည်းအဆီဖုံးသူ ၉-၃၈ ရာခိုင်နှုန်းထိ ရှိနေပါတယ်။ လူသုံးယောက်မှာ တယောက် တွေ့ရတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဝလွန်သူရဲ့ ၆၀ ရာခိုင်နှုန်း၊ အလွန်အမင်းအဝလွန်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသည်းအဆီဖုံးလေ့ရှိတယ်။ တကယ်တော့ အသည်းအဆီဖုံးတာ ပြဿနာမဟုတ်သေးဘူး။ အဲဒီအဆင့်ကနေ အသည်းရောင်လာရင်တော့ သတိထားသင့်ပါပြီ။ ဆေးပညာအရ steatohepatitis လို့ ခေါ်ပါတယ်။ အသည်းရောင်ရမ်းမှုက ရေရှည်မှာ အသည်းခြောက်တာ၊ အသည်းကင်ဆာထိ ဆက်ဖြစ်လာနိုင်တယ်။
အသည်းအဆီဖုံးခြင်းဟာ အရက်ကြောင့် ဖြစ်နိုင်သလို အရက်မသောက်ဘဲလဲ ဖြစ်တတ်တယ်။ အရက်ကြောင့် အသည်းအဆီဖုံးတာကို alcoholic fatty liver disease(AFLD) လို့ခေါ်ပါတယ်။အရက်သောက်သူရဲ့ ၅၀-၉၀ %နီးပါးမှာ တွေ့နေရတယ်။ သို့သော် မြန်မာလူမျိုး အများစုဖြစ်တာက အရက်နဲ့ မဆိုင်တဲ့ non-alcoholic fatty liver disease(NAFLD)ပါ။ အစားအသောက်၊အနေအထိုင်နဲ့ ဆက်စပ်နေတယ်။ အဆိုးဆုံးက အဝလွန်ရောဂါပါ။ အဝလွန်သူရဲ့ ၉၅ % လောက်က အသည်းအဆီဖုံးတာတွေ့ရတယ်။
အသည်းဆိုတာ ဝမ်းဗိုက် ညာဖက်ခြမ်းမှာရှိပြီး ခန္ဓာကိုယ်တွင်း အကြီးဆုံးအင်္ဂါ အစိတ်အပိုင်း ဖြစ်ပါတယ်။ အလေးခ်ျန်အားဖြင့် ၃ပေါင်ခွဲနီးပါးရှိပြီး လုပ်ငန်းဆောင်တာတွေက များတယ်။ အဓိကတာဝန်က အဆိပ်အတောက် ဖယ်ရှားပေးတာ ဖြစ်ပါတယ်။ ဥပမာ အရက်သောက်ရင် အရက်ရဲ့ အာနိသင်ကို အသည်း ချေဖျက်ပေးတယ်။ ဆေးဝါး၊ဆိုးဆေးစတာတွေလည်း အတူတူပဲ။ သွေးကိုလည်း သန့်စင်စေတယ်။
တခြားတာဝန်တွေလည်း အများကြီးရှိပါသေးတယ်။ အဆီချေဖျက်ရာမှာ အသုံးဝင်တဲ့ သည်းခြေရည်ကို အသည်းက ထုတ်ပေးတယ်။ ဒါ့ပြင် ခန္ဓာကိုယ်တွက် လိုအပ်တဲ့ သကြားဓာတ်၊ သံဓာတ်နဲ့ တခြားဗီတာမင်တွေကို အသည်းက သိမ်းဆည်းပေးတယ်။ လိုအပ်လာတော့ စွမ်းအင်အဖြစ် ထုတ်ပေးတယ်။ ဒါတင်မကသေးဘူး။ သွေးခဲတဲ့ဓာတ်ကိုလည်း အသည်းကပဲထုတ်ပေးတာ။ ဟေမိုဂလိုဘင်နဲ့ တခြားဟော်မုန်းတွေကိုလည်း ဖျက်ဆီးပေးတယ်။ သွေးနီဥဖျက်ဆီးရာက ထွက်ပေါ်လာတဲ့ နောက်ဆက်ပစ္စည်းက ဝမ်းအရောင်ကို ဖြစ်စေတယ်။ အသည်းရောဂါသည်အချို့မှာ ဝမ်းရောင်ဖျော့ပြီး ဆီးရောင်ရင့်နေတာ အသည်းလုပ်ဆောင်မှု မကောင်းလို့ ဖြစ်န်ုင်တယ်။
အသည်းအဆီဖုံးခြင်းက အသည်းထဲ အဆီတွေ အစားထိုးဝင်ရောက်လာလို့ ဖြစ်ပါတယ်။ ထရိုင်ဂလစ်စရိုက် အဆီတွေ များလာရာကနေ အသည်းဆဲလ်ထဲ စုပုံပြီး အသည်းမှာ အဆီဖုံးလာတယ်။ အဆီက အသည်းဆဲလ်ထဲတင်မက တခြားနေရာတွေမှာလည်းများနေနိုင်တယ်။ အထူးသဖြင့် နှလုံး၊ သွေးကြော စတဲ့နေရာတွေမှာ အဆီဖုံးရင်တော့ ဂရုစိုက်ရပါပြီ။ နှလုံး၊သွေးတိုးနဲ့ လေဖြတ်နိုင်ချေကို မြင့်တက်လာစေတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အသည်းလုပ်ဆောင်မှုကို ထိခိုက်စေတာ အသည်းအဆီဖုံးခြင်းကြောင့်ဆိုတာ တွေ့ရတယ်။အခုနောက်ပိုင်းမှာ လူငယ်လူရွယ်တွေမှာလညိး တွေ့လာရပါပြီ။
အသည်းအဆီဖုံးသူ အများစုဟာ ဘာ လက္ခဏာမှ ပြလေ့မရှိပါဘူး။ ဗိုက်ကို တီဗွီဓာတ်မှန်(အက်ထွာဆောငိး) ရိုက်ရာက မတော်တဆသိလာတာများတယ်။ အသည်းအဆီဖုံးရုံမက အသည်းပါရောင်လာရင်တော့ မျက်လုံးဝါ၊ဗိုက်နာ၊ အားယုတ်၊ နုံချိတာမျိုး စတင်ခံစားလာရတယ်။ ဒီလက္ခဏာတွေက ရောဂါကိုသတိပြုဖို့ လိုအပ်လာပြီဆိုတာ ဖော်ပြတာပါ။ ဘာ့ကြောင့်လဲဆိုတော့ အသည်းရောင်တာကို ဂရုမစိုက်ဘဲထားရင် နောက်ပိုင်း အသည်းခြောက်၊အသည်းကင်ဆာထိဖြစ်လာနိုင်လို့ပါ။
အသည်းပျက်ဆီးမှုကို liver function test ခေါ်တဲ့ သွေးအဖြေကြည့်ပြီး သိရှိနိုင်တယ်။ အသည်းပျက်ဆီးတာနဲ့တပြိုက်နက် သွေးထဲကို အသည်းအင်ဇိုင်းတွေ ထုတ်ပေးတယ်။ သို့သော် အသည်းအင်ဇိုင်းများတိုင်း အသည်းရောင်တာ ဟုတ်ချင်မှဟုတ်မယ်။ တခြားအကြောင်းရာတွေကလည်း ဖြစိနိုင်ပါတယ်။အသည်းရောင်သူကို စမ်းကြည့်ရင် ဝမ်းဗိုက်ညာဖက် နံရိုးအောက်မှာ အသည်းကြီးနေတာကို စမ်းမိတတ်တယ်။ အသည်းပါခြောက်လာရင်တော့ ဝမ်းဗိုက်ဘယ်ဖက်ခြမ်း ဘေလုံးပါ ကြီးလာလိမ့်မယ်။ ရေဖျင်းစွဲတာ၊ ခြေလက် ဖောရောင်တာ ရှိရင်တော့ အသည်းခြောက်ခြင်းရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ စနစ်တကျကုသရမယ်.
အရက်ကြောင့် အသည်းအဆီဖုံးသူတွေအတွက်တော့ ရှင်းတယ်။ အရက်ဖြတ်ပြီး အစားအသောက် မျှတအောင်စားရင် ပြန်ကောင်းနိုင်တယ်။ အရက်ကြောင့် မဟုတ်ဘဲ တခြားရောဂါ(အဝလွန်၊ဆီးချို)ကြောင့် ဆိုရင်တော့ ဖြစ်စေတဲ့အကြောင်းရင်းကို ကုမှရတယ်။ တခါတရံအသည်းအားဆေးင်္တွေလိုတယ်။ ဒီနောက်ပိုင်း ဆီးချိုဆေးတမျိုးဖြစ်တဲ့ pioglitazone ကိုလည်း စမ်းသပ်လာကြတယ်။
အသည်းအဆီဖုံးခြင်းဟာ ကြောက်စရာအခြေအနေမ်ျုး မဟုတ်ပါဘူး။ လေ့လာစမ်းစစ်မှုတွေအရ နှစ်(၂၀)အတွင်း အသည်းခြောက်နိုင်ချေက ၂ ရာခိုင်နှုန်းတောင် မရှိဘူး။ သို့သော် အသည်းရောင်ရင်တော့သတိထားရမယ်။ အသည်းရောင်ရမ်းမှုကြောင့် အသည်းခြောက်နိုင်ချေက (၈) နှစ်အတွင်း ၁၀ % ထိ မြင့်တက်လာတယ်။ ဒါဟာ အရက်သောက်ပြီး အသည်းခြောက်တဲ့နှုန်းနဲ့ အတူတူပဲဖြစ်ပါတယ်။
အသည်းအဆီဖုံးသူတယောက်ဟာ အနေအထိုင်၊အစားအသောက် ဆင်ခြင်နိုင်ရင် ၃လ-၆လအတွင်း သက်သာ ပျောက်ကင်းနိုင်ပါတယ်။ အနေအထိုင်ဆိုတဲ့ထဲမှာ လေ့ကျင့်ခန်းလည်းပါပါတယ်။ အသည်းအဆီဖုံးသူအတွက် အရေးကြီးဆုံးအကြံပြုချက်က လေ့ကျငိ့ခန်းပုံမှန်လုပ်ဖု့်ပါ။ တရက်ကို အနည်းဆုံး နာရီဝက်ကနေ တနာရီထိ လေ့ကျင့်ခန်းလုပ်ပေးရမယ်။အစားအသောက်ထဲမှာ အဆီအဆိမ့်၊ အအီ၊ အရက်၊ အချိုရည် စတာတွေ ရှောင်သင့်တယ်။ ခါးတာတွေ တည့်ပြီး အသီးအရွက်ကတော့ အကောင်းဆုံးဖြစ်ပါတယ်။
ပြောစရာတခုရှိတာက ဆေးဝါးပါ။ ပုံမှန်အားဖြင့် အသည်းအဆီဖုံးသူကို ဆေးပေးဖို့ မလိုအပ်ပါဘူး။ အစားသောက် အနေအထိုင်ဆင်ခြင်ရုံနဲ့ သက်သာပျောက်ကင်းနိုင်တယ်။ သို့သော် အသည်းလုပ်ဆောင်မှုအတွက် ဟာဗယ်လ် ဆေးတွေ ပေးလေ့ရှိပါတယ်။
အသည်းရောဂါမှာ ဆူးပန်းလုံး(milk thistle)က အသုံးများတယ်။ ဆူးပန်းလုံးမှာပါတဲ့ silymarin ဓာတ်က အသည်းပျက်ဆီးမှုကို ကာကွယ်ပေးတယ်။ အသည်းလုပ်ဆောင်မှုကို ပုံမှန်ဖြစ်စေတယ်။ အသည်းရောင်သူ၊အသည်းပျက်ဆီးသူတွေမှာ milk thistle 200mg တနေ့ သုံးကြိမ်ထိ ပေးလေ့ရှိပါတယ်။ အသည်းနဲ့ပက်သက်ရင် နောက်ထပ်ဆေးတမျိုးက နနွင်းဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ နနွင်းနဲ့ မစိမ်းကြပါ။ တိုင်းရင်းဆေးတွေမှာ နနွင်းသုံးကြတယ်။နနွင်းမှာပါတဲ့ curcumin ဓာတ်ကလည်း အသည်းသန့်စင်မှုအတွက် ကောင်းတယ်။ curcumin 500mg နေ့စဉ်သောက်နိုင်တယ်။
အသည်းအဆီဖုံးတာနဲ့ပက်သက်ရင် အသုံးများဆုံးဆေးတမျိုးက lecithin ပါတဲ့ ဆေးတွေပါ။ တကယ်တော့ lecithinက triglyceride အဆီတမျိုးဖြစ်ပါတယ်။ ပဲပိစပ်၊ ပဲပုတ်၊တို့ဖူး၊ပဲနို့နဲ့ ကြက်ဥအနှစ်မှာပါတယ်။ ဒါ့ပြင် အင်တီအောက်စီးဒင့် ကြွယ်ဝတဲ့ vitamin E လည်း သုံးကြတယ်။ နေ့စဉ် vitamin E 400IU သောက်ပေးသင့်တယ်။ ထရိုင်ဂလစိစရိုက် ကြွယ်ဝတဲ့ငါးအဆီ 1g တနေ့ သုံးကြိမ်သောက်တာလည်း အသည်းအဆီဖုံးခြင်းအတွက် အထောက်ကူပြုပါတယ်။
အသည်းအဆီဖုံးသူအတွက် အကြံပြုချက်
(၁) ဝိတ်ချပါ
ဝိတ်ချပါဆိုတဲ့သဘောက အဝလွန်သူရဲ့ ၆၀-၉၀ရာခိုင်နှုန်းဟာ အသည်းအဆီဖုံးနေကြသူတွေ ဖြစ်လို့ပါ။ သို့သော် တပတ်ကို တပေါင်ထက် ပိုမချသင့်တာ သတိပြုပါ။
(၂)အစားအသောက် ရွေးစားပါ
အဆီအဆိမ့်နဲ့ ဆိုးဆေးပါတာတွေ ရှောင်ပါ။ အသင့်စားတွေ၊ အာလူးကြော်တွေ မစားသင့်ဘူး။ ဆီးချို တတ်နိုင်သလောက် ထိန်းပါ။ နောက်တချက်က အစာငတ်ခံတာလည်း အသည်းအဆီဖုံးတတ်ပြန်တယ်။ ဒါ့ကြောင့် ဝိတ်ချသူတွေ သတိထားသင့်တယ်။ သင့်တင့်မျှတရုံတော့ စားပါ။အသီးအရွက်ကို အားပြုစားတာ အကောင်းဆုံးဖြစ်ပါတယ်။
(၃) လေ့ကျင့်ခန်း လှုပ်ရှားမှုများများလုပ်ပါ
တရက်ကို အနည်းဆုံး ၄၅ မိနစ်ကြာ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်တာထက် ပြေးတာက ပိုကောငိးတယ်။ အသက်ရှုလေ့ကျင့်ခန်း နေ့စဉ် ပုံမှန်လုပ်ပါ။ သွေးတွင်းအဆီဓာတ်ကို တတ်နိုင်သမျှ လျှော့ချပါ။ အသည်းအဆီဖုံးသူတိုင်း ခြောက်လတကြိမ် ဆေးစစ်ကြည့်ဖု့် လိုပါတယ်။ အစားအသောက်နဲ့ အနေအထိုင်ကို ဂရုတစိုက်ပြုလုပ်နိုင်ရင် ခြောက်လအတွင်း သက်သာလာတယ်။
ဒေါက်တာ အေးမင်းထူး
၃၁.၁.၁၇

Saturday, February 18, 2017

ပြည်ထဲရေးအတွက် မထွက် တဲ့ အဖြေ

အဖြေက ထွက်သွားခဲ့ပါပြီ
ဦးကိုနီကို သတ်တဲ့ နောက်ကွယ်ကတရားခံကြီးဆိုတာ မှူးကြီးသန်းရွှေ ကိုယ်တိုင်ပါပဲ။
ဒါကြောင့် ၂ ပါတ်ကျော်အောင်ကြားတဲ့အထိ သတင်မထုတ်ပေးရဲပဲ ဖြစ်နေခဲ့တာပေါ့။
အခု သတင်းထုတ်ပြန်လိုက်တဲ့အချိန်မှာလဲ လူသတ်မှု့ကို တာဝန်ယူ ကွပ်ကဲသူဖြစ်တဲ့ ဒုဗိုလ်မှူးကြီးအောင်ဝင်းခိုင်ကို အပျောက်ရှင်းပြီးလောက်ပြီ။
၂၀၁၄ ကမှ တပ်ကထွက်ပြီး ဗိုလ်မှူးကြီးအဆင်ရောက်နေခဲ့သူက သိန်းတစ်ထောက်လောက်နဲ့ လူသတ်မှု့ကို မကျူးလွန်ဘူး။
သူကလဲ ဗိုလ်ချုပ်ကြီး သို့မဟုတ် ဗိုလ်ချုပ်မှူးကြီးအဆင်လောက်က ခိုင်းခဲ့လို့သာ လူသတ်မှု့ကို လေယာဉ်ကွင်းမှာ ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲခဲ့သူ ဖြစ်ခဲ့တာပေါ့။
ဗိုလ်ချုပ်မှူးကြီးအဆင့်က တိုင်းပြည်ကိုကမောက်ကမဖြစ်အောင် ကြိုးကိုင်ခဲ့သူဖြစ်လေတော့ တတိုင်းပြည်လုံး ကုလားဗမာအရေးအခင်းအောက်ကို လုံးလုံးကြီးရောက်ခဲ့တယ်။
အခုလဲ ကုလားတွေနဲ့ အန်အယ်လ်ဒီတွေ ထလာမလားလို့ ဦးကိုနီကို အသတ်ခိုင်ပြီး တိုင်းပြည်ဆူအောင် လုပ်ကြံခဲ့တာပါပဲ။
ဒါပေမယ့် ကုလားတွေလဲမထခဲ့ဘူး၊ အန်အယ်လ်ဒီလဲ မကြွခဲ့ဘူး။
အကြောင်းအရာတွေက တိုက်ဆိုင်တာတွေမရှိဘူး သေချာလုပ်ကြံမှု့တွေဆိုတာ သဘောပေါက်ထားလိုက်ကြ။ အခုလဲ နောက်တယောက်က လူလုံးပြပြီး ရှေတန်းထွက်လာပြီ။ အဲ့ဒီလူက ဗိုလ်ခင်ညွှန့်ပဲ။
ဗိုလ်ခင်ညွန့်ဆိုတာက မဘသကို မွေးထုတ်ပေးခဲ့သူ၊ မဘသရဲ့နောက်ကွယ်မှာ ထောက်ပြုတ်တွေက ကျားရွှေ့နေကြတယ်။
ဗိုလ်သိန်စိန်အစိုးရလက်ထက်မှာ အန်အယ်လ်ဒီ အာဏာမရရှိအောင်လို့ ဖွတ်အုပ်စုတွေ ထောက်ပြုတ်တွေနဲ့ အမျိုးသားရေး ကျားကွက်အရွေ့မှာ နောက်ကွယ်ကနေ ပေါ်လစီဆိုပြီး အမိန့်ပေးခဲ့သူက ဗိုလ်သန်းရွှေပဲဖြစ်ခဲတယ်ဆိုတာ ဦးကိုနီကိုလုပ်ကြံလိုက်တဲ့ ကစားကွက်က ပေါ်လွင်သွားစေတယ်။
အဲ့ဒါကြောင့်ပဲ အောင်ဝင်းဇော်ကို တံတားတခုမှာမိထားစဉ်က အရပ်သားအချို့က ဖော်ကောင်လုပ်လို့ ဇာတ်လမ်းဖျောက်ဖို့အတွက် သက်ဆိုင်ရာ ပြည်နယ်ရဲချုပ်က အဲ့ဒီသတင်း မမှန်ပါဘူးလို့ လုပ်ကြံသတင်း ထုတ်ပြန်ခဲ့တယ် အောင်ဝင်းဇော်ကို သတင်းဖျောက်နိုင်ခဲ့လျှင် ပြီးခဲ့ပြီလေ။
တကယ်တော့ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်လိုက်တဲ့ နောက်ကွယ်မှာ ရဲချုပ်နှင့် ပြည်ထဲရေးတခုလုံး ခြေပုံခုပ်ပြီး ရှုတ်ခဲ့တယ်။
အင်းစိန်အောင်စိုးက သတင်းဌာနတခုကို သတင်းပေးပြီး အစဖော်ပေးခဲ့လို့သာ အောင်ဝင်းဇော်ကိုမိထားကြောင်းသတင်း ထုတ်ပြန်ပေးခဲ့ရတယ်။
အခုလဲ ၂ ပါတ်ကျော်အောင် သတင်တွေဖုံးထားလို့ သတင်းသမားတွေနဲ့ အင်တာနက်စာမျက်နှာတွေအပေါ်မှာ ဆူဆူပူပူဖြစ်လာလို့သာ နောက်ဆက်တွဲသတင်းတွေ ထွက်ခဲ့တာမဟုတ်လား။
မှူးဇော်ခေါ် ဦးဇော်ဌေဆိုသူ သမ္မတရုံးပြန်ကြားရေးက တပ်မတော်က ပူးပေါင်းပါဝင်ပြီး စုံစမ်းရေးတွေလုပ်နေတယ်လို့ သတင်းထဲမှာ ဖတ်ရတယ်။ တပ်မတော်ကရော အမှန်တရားအတွက် တိုင်းပြည်အပေါ်မှာ ရဲရဲကြီး တာဝန်ခံမည့်သူ ဖြစ်လာပါ့မလား။
လုပ်ကြံမှု့မှာ ကွပ်ကဲသူဗိုလ်မှူးကြီးဆိုသူ၏ အမျိုးအရင်းကြီးနှင့် နောက်ကွယ်က လက်မဲကြီး ဗိုလ်ချုပ်မှူးကြီးဆိုသူတို့၏ အမျိုးအရင်းတွေ ဆွေမျိုးတော်စပ်ထားခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းတခုက ဒီပြသနာရဲ့ နောက်ဆုံအဖြေကြိုးကိုင်သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ဖြစ်လာခဲ့တာပေါ့။
အကယ်၍သာ နောက်ကွယ်ကလက်မဲကြီးသည် မှူးကြီးဟောင်း သန်းရွှေကိုယ်တိုင် ဖြစ်ခဲ့လျှင် ... နိုင်ငံတော် အတိုင်ပင်ခံဆိုသူ၏ အသက်အန္တရာယ်ကိုပင် ဘယ်သူတာဝန်ယူပြီး ကာကွယ်နိုင်ကြပါမလဲ။
(ဦးနိုင်ဝင်း လန်ဒန်)

Wednesday, February 15, 2017

ဗမာပြည်နိုင်ငံရေး အရွေ့

ဗမာပြည်နိုင်ငံရေး အရွေ့
မောင်သန်းမြရွှေ
ဦးကိုနီ ကို လုပ်ကြံတာဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်ကြံသတ်ဖြတ်တာ ဖြစ်တယ်။
အာဏာလက်လွတ်သွားတဲ့ နိုင်ငံရေးချွတ်ခြုံကျနေသူတစုက သွေးရူးသွေးတန်း လုပ်လာတာဖြစ်တယ်။ အများပြည်သူ လူထုကြီးအတွင်း အတွေးအခေါ်ရှုပ်ထွေး အထိတ်တလန့်ဖြစ်အောင်လုပ်ကာ ပွဲလှန့်ဖျာခင်းဖို့ ကြိုးစားခြင်းလည်း ဖြစ်တယ်။ ဒါဟာ သူရဲဘောကြောင်သူတွေရဲ့ ကမူးရှူးထိုးလုပ်ရပ်လည်း ဖြစ်ပါတယ်။
ဗမာပြည်နိုင်ငံရေးဟာ လမ်းဆုံလမ်းခွမှာ ရောက်နေတယ်။ ၂၀၀၈ နဲ့ ခြေချုပ်မိနေတဲ့ ဒီချုပ် အရပ်သားတပိုင်းအစိုးရကော ၂၀၀၈ နဲ့ ခံကတုတ်ယူထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေပါ ရှေ့မတိုးသာ နောက် မဆုတ်သာ ဖြစ်ကာ ဗမာပြည်နိုင်ငံရေး အရွေ့ပျောက်နေတယ်။
ဒီချုပ်အရပ်သားတပိုင်းအစိုးရ သက်တမ်းတနှစ် ပြည့်တော့မယ်။ လစ်လပ်နေရာ ၁၉ နေရာအတွက် ကြား ဖြတ်ရွေးကောက်ပွဲမှာ (ဧပြီ ၂၀၁၇) လူထုသဘောထားကို အားစမ်းဖို့ရှိတယ်။ လူပုဂ္ဂိုလ်မကြည့်ဘဲ ပါတီ ကို ကြည့်ပြီးမဲထည့်ဖို့ မဲဆွယ်စည်းရုံးခဲ့တဲ့ ဒီချုပ် တောင်ပြိုကမ်းပြို အနိုင်ရပြီး လွှတ်တော်တွင်းမှာ အများစုဖြစ် လာခဲ့သော်လည်း ထိရောက်တဲ့ ဆောင်ရွက်ချက်များ မလုပ်နိုင်၊ လွှတ်တော်ပ လူထုလှုပ်ရှားမှုများကိုလည်း ပိတ်ဆို့ဟန့်တား၊ အစိုးရဖွဲ့ရာမှာလည်း ဒီချုပ်၊ ကြံ့ဖွံ့၊ စစ်ဗိုလ်ချုပ်ကြီးများ သုံးချိုးတချိုးစီဖြင့် ဖက်စပ်အစိုးရ ဖြစ်နေတယ်။
ပြည်တွင်းစစ်ရပ်စဲရေး - ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ သေနတ်သံတွေ တဖန်ညံလာပြန်ပြီ။ အပစ်ရပ်ဆွေးနွေး ပွဲက တာစူလို့တောင် မရသေးဘူး။ သောင်းကျန်းသူအကြမ်းဖက်သမား၊ အပြုတ်တိုက်၊ လက်နက်ချ၊ ချောက် ထဲကျဖို့ လက်နှစ်လုံးအလို၊ တပ်မတော်ရဲ့ဦးဆောင်မှု အရေးသုံးပါး၊ ကာချုပ်မူ ၆ ချက် .... စတဲ့ စစ်ဗျူရိုကရက် ဂါထာဆောင်ပုဒ်တွေနဲ့ ငြိမ်းချမ်းရေးက ပြဒါးတလမ်းသံတလမ်း ဖြစ်နေဦးမှာပါပဲ။ နိုင်ငံ့ဝန်ထမ်းတဦးသာဖြစ်တဲ့ ကာချုပ်ကို ပင်စင်သက် ၆၀ မှ ၆၅ သို့ တိုးပေးခဲ့ရတယ်။ ပြည်တွင်းစစ်တိုက်ရင်း သေဆုံးတဲ့ စစ်ဗိုလ်စစ်သားများ ကို ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ခဲ့ရတယ်။ ရှေ့တန်းပြန်စစ်တပ်ကို ပင်နီဝတ်ပြီး ဒီချုပ်အလံလေး ဝှေ့ယမ်းကာ ကြို ရတယ်။ ငြိမ်းချမ်းရေးရန်ပုံငွေဆိုတဲ့ ဆိုင်းဘုတ်လှလှလေးထောင်ပြီး စစ်ခရိုနီတွေထံမှအလှူငွေ ကျပ် ၁၁ ဘီလီယံကျော် (လက်ရှိငွေလဲနှုန်းအရ ဒေါ်လာ ၈ သန်းကျော်ဟုဆိုတယ်) အလှူခံတယ်။ ရင်ကြားစေ့ရေးဆိုတာ ဘယ်သူနဲ့စေ့နေတာလဲ။ ၂၁ ပင်လုံဆိုတာ ၂၁ ရာစုရဲ့ တကျော့ပြန်ပြည်တွင်းစစ်ကို တာစူနေတာလား။
ကိုလိုနီခေတ်ကတည်းက ရှုပ်လာတဲ့ နယ်စပ်ဖြတ်ကျော်ဘင်္ဂလီပြဿနာကို လွတ်လပ်ရေးခေတ် အာဏာရ အစိုးရအဆက်ဆက် လူဝင်မှုဥပဒေနဲ့အညီ နည်းလမ်းတကျ မဖြေရှင်းခဲ့ရုံမက၊ လူမျိုးရေးဘာသာရေး အစွန်း ရောက် အတွေးအခေါ်နဲ့ နိုင်ငံရေးကစားဖို့ ပြဿနာမီးကို မွှေးထားခဲ့တယ်။ အာဏာနဲ့နွယ်တဲ့ ကိုယ်ကျိုးရှာမှု ကြောင့် ခိုးဝင်လူကုန်ကူးပြဿနာ မူးယစ်ဆေးဝါးပြဿနာ လက်နက်မှောင်ခိုပြဿနာ စတဲ့ ပြဿနာများလည်း တနွယ်ငင်တစင်ပါ ကြီးထွားလာတယ်။ ဒါတင်မကဘူး၊ ခိုးဝင်ဘင်္ဂလီပြဿနာ ဘောင်ကိုကျော်လွန်ပြီး လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများကို တနိုင်ငံလုံးမှာ ဖန်တီးခဲ့တဲ့အပြင် ရည်ရွယ်ချက်ရှိရှိ အစွန်းရောက် လူရမ်း ကားအုပ်စုတွေကိုလည်း မွေးထားခဲ့ပါတယ်။ ယခုအခါမှာတော့ ခိုးဝင်ဘင်္ဂါလီပြဿနာဟာ (ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ) နိုင်ငံတကာပြဿနာအဖြစ် လက်ရှိအစိုးရခေါင်းပေါ် ကျရောက်နေပါပြီ။ (နစ်နာ အောင်ပြောတာ မဟုတ်ပါဘူး) သူများစွန့်ထားတဲ့ အညစ်အကြေး ပုစွန်ဆိတ်ခေါင်းစု ဆိုသလို အဖြစ်ခံ ဖို့မသင့်ပါဘူး။
စီးပွားရေးက တိုးတက်မှုမရှိဘူး။ တိုးတက်လိမ့်မယ်လို့လည်း မျှော်လင့်လို့မရဘူး။ ခိုင်မာတဲ့ စီးပွားရေး ဗျူဟာနဲ့ အလုပ်ဖြစ်မယ့်ပေါ်လစီ မယ်မယ်ရရမရှိဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မျှော်ကိုးနေသော်လည်း မောင် မောင်က ပေါ်မလာဘူး။ သစ်မှော် ကျောက်စိမ်းမှော် ရွှေမှော် စတဲ့ သရဲမရဲစီးနေတဲ့ သယံဇာတလုပ်ကွက်တွေ အသစ်ထပ်ချ မပေးတော့ဘူးဆို သော်လည်း စာချုပ်ဟောင်းအတိုင်း သက်တမ်းမကုန်မချင်း လက်ကုန်နှိုက်တူးနေတာကို ဘယ်လိုတားဆီးပိတ်ပင်မှုမှ မလုပ်နိုင်တဲ့အပြင် တရားဝင်အောင်တောင် ပြုလုပ်ပေးသလိုပါပဲ။ ဖွံ့ဖြိုးရေးကို အဟန့်အတားပြုနေတဲ့ စစ်ခရိုနီလက်ဝါးကြီး အုပ်ဘဏ္ဍာအရင်းကို ထိန်းချုပ် ကန့်သတ်တာ ပိတ်ပင်တားဆီးတာ မလုပ်ရဲဘူး။ အရပ်ဖက်ဆန်းစစ်သူများက ထောက်ပြနေတဲ့ (တရားဝင်ကုန် သွယ်ရေးနဲ့ ဆတူလောက်ဖြစ်နေတဲ့) တရားမဝင်ကုန်သွယ်ရေးကြောင့် နိုင်ငံတော်ဝင်ငွေ အဟောသိကံဖြစ် နေမှုကို မထိန်းချုပ်နိုင်ဘူး။ မြေသိမ်းတဲ့ခရိုနီ၊ အမြတ်အစွန်းတခုတည်းကြည့်တဲ့ခရိုနီ၊ အာဏာပိုင်ကို ခွံ့ပြီး ပါမစ်ရထားတဲ့ခရိုနီ၊ စီမံကိန်းကြီးတွေ ပုဂ္ဂလိကပိုင်ပြုခွင့်ရထားတဲ့ခရိုနီ စတဲ့ (၂၀၀၈ နှင့်အတူ) ခရိုနီမှုပြုထားတဲ့ စစ်ဗျူရိုကရေစီ စီးပွားရေးစနစ်ကို မထိပါးရဲဘူး။
ပိုဆိုးတာက အမေရိကန်ရဲ့ဒဏ်ခတ်မှုမှ လွတ်ငြိမ်းချမ်းသာခွင့်ရလာတဲ့ စစ်ခရိုနီတွေလက်ထဲက (အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီတဲ့) ငွေမဲတဖြစ်လဲ ငွေဖြူတွေဟာ ငွေသေတွေမဟုတ်ဘူး။ စည်းစနစ်မရှိ လှည့်လည်သောင်းကျန်းပြီး အမြတ်အစွန်းတိုးပွားအောင် လုပ်ဆောင်မှာဖြစ်တဲ့အတွက် ငွေဈေးနှုန်း မြေဈေးနှုန်း ကုန်ဈေးနှုန်း အရင်းအနှီးဈေးနှုန်းတွေမှာ ကစားပါလိမ့်မယ်။ နဂိုကတည်းက မစည်ကားတဲ့ဈေးကွက်ဟာ ကမောက်ကမ ဖြစ်ပါလိမ့်မယ်။ ဒါတွေကိုထိန်းချုပ်ဖို့နဲ့ တရားနည်းလမ်းကျတဲ့ ငွေကြေးလှည့်ပတ်မှုဖြစ်ဖို့ ပေါ်လစီ နဲ့ ယန္တရားမရှိဘူး။
အဆိုးဆုံးက နိုင်ငံတော်က အလုပ်အကိုင် ဖန်တီးမပေးနိုင်သေးခင် ကြုံရာကျပန်း လုပ်ကိုင်စားသောက် နေရတဲ့ လက်လုပ်လက်စားများကို စည်းကမ်းတကျဖြစ်အောင် ထိန်းကျောင်းပေးတာထက် ကျော်လွန်ဲပြီး နှိပ်ကွပ်တာ မဖြစ်ဖို့ လိုပါတယ်။ လယ်သမား အလုပ်သမား ကျောင်းသား နဲ့ တက်ကြွလှုပ်ရှား သူများကို ဖိနှိပ်ရေး ပုဒ်ထီးပုဒ်မအမျိုးမျိုးနဲ့ တရားရုံး ဂါတ် ထောင်တို့နဲ့ ဖိနှိပ်တာတွေ အမွေမဆက်ခံ သင့်တော့ပါဘူး။ စိုက်ပျိုးမြေ တွေ စစ်ခရိုနီပိုင်ပြုမှုကြောင့် လယ်မဲ့ ယာမဲ့ဖြစ်ကြရတဲ့ လယ်သိမ်းခံလယ်သမားတွေ၊ ကျေးလက်ထုတ်လုပ်ရေး လုပ်ငန်းတွေ ပျက်ဆီးဆုံးရှုံးကုန်လို့ မြို့ပြကိုခိုကပ်လာရတဲ့ အခြေခံလူတန်းစားတွေ၊ စက်ရုံတွေကနေ ကန်ထုတ်လိုက်လို့ အလုပ်ပြုတ်လာတဲ့ ပိုလျှံအလုပ် သမားတွေနဲ့ သူတို့ကိုမှီခိုနေရတဲ့ မိသားစု တွေအတွက် တနိုင်တပိုင် မိသားစုလုပ်ငန်းလေးတွေ ကိုယ်ထူကိုယ်ထ ဖန်တီးလာနိုင်အောင်လည်း အားပေးဖို့ လိုပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းများ ရှင်သန်ခွင့်ရဖို့ ငွေကြေးစီးဆင်းမှု ကုန်စည်စီးဆင်းမှု လုပ်အားထည့်ဝင်မှု နည်းပညာတိုးချဲ့မှု ချောမွေ့အောင်နဲ့ ဈေးကွက်ဖွံ့ဖြိုးအောင် အဟန့်အတားများကို ကျော်လွှားနိုင်အောင် ပေါ်လစီထိန်းကျောင်းပေးဖို့ လိုပါတယ်။ အလုပ်သမား လယ်သမား အခြေခံ လူတန်းစားနဲ့ တတ်သိပညာရှင်တွေရဲ့ လွတ်လပ်တဲ့လုပ်အားကို အစွမ်းကုန်ဖွံ့ဖြိုးခွင့်ပြုမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် ပါလိမ့်မယ်။
စီးပွားရေးဖွံဖြိုးမှုဆိုတာ ဆန္ဒနဲ့ပကတိ ညီညွတ်ဖို့လိုတဲ့ သိပ္ပံနည်းကျတရားဖြစ်တယ်။ ဥုံဖွ ဆိုပြီး နတ်ရေ ကန်ထဲ ပစ်ချတာတို့ အမိန့်တို့နဲ့ လုပ်လို့မရဘူး။
၁၉၅၈ စစ်တပ်က အစမ်းအာဏာသိမ်းတုန်းက ရပ်ကွက်တွေအတွင်း ကြံ့ခိုင်ရေးအဖွဲ့ဆိုတာတွေဖွဲ့ကာ မြို့တ်ာကိုချွေးဖြင့်ဆေးမည်’ ဆိုပြီး ရန်ကုန်မြို့ နောက်ဖေးလမ်းကြားတွေမှာ သန့်ရှင်းရေးလုပ်အားပေးတွေ လုပ်ခဲ့ဖူးတယ်။ ကျူးကျော်တွေမြို့ပြင်ထုတ်ပြီး ဥက္ကလာ သာကေတ သုဝဏ္ဏ စတဲ့ မြို့သစ်တွေ ပေါ်လာတယ်။ လမ်းဘေးဈေးသည်တွေ ဖမ်းတယ်။ နောက်တော့လည်း ဒုံရင်းပါပဲ။ နိုင်ငံရေးမျက်နှာချေလိမ်းတဲ့ လူပိန်းကြိုက် လုပ်ကွက်တွေပဲ ဖြစ်ပါတယ်။
ရန်ကုန် YBS ကားလိုင်း စနစ်အပြောင်းအလဲကို ဥပမာအဖြစ်ကြည့်။ အချိန် ငွေ လုံခြုံမှု သက်သာ ချောင်ချိမှု အဆင်ပြေရဲ့လား။ ပိုဆိုးသွားသလား။ နေ့စဉ် ဘစ်ကားစီးခရီးသည် နှစ်သန်းခွဲလောက် ရှိတယ်ဆိုတဲ့ ရန်ကုန်လူဦးရေကို ခရီးသွားဝန်ဆောင်မှုပေးရတဲ့ ဘစ်ကားလိုင်းလုပ်ငန်းဟာ စီးပွားရေးလုပ်ငန်းကြီး ဖြစ်သလို လူထုသက်သာချောင်ချိရေး လုပ်ငန်းလည်း ဖြစ်ပါတယ်။ မော်တော်ယာဉ်လိုင်းကို အမှီပြုတဲ့ ဆက်စပ် စီးပွားရေးလုပ်ငန်းတွေလည်း တပုံကြီးဖြစ်တဲ့အတွက် လူအမြောက်အမြားကို အလုပ်အကိုင် ဖန်တီးပေးနိုင်ပါတယ်။ မြို့နေလူထုရဲ့ နေ့စဉ်နေထိုင်မှုဘ၀နဲ့ ဆက်စပ်နေတာဖြစ်တဲ့ အတွက် မချောမွေ့ရင် တည်ငြိမ်မှုကို ထိခိုက်စေပါတယ်။ ဒီလိုလုပ်ငန်းတွေကို ပုဂ္ဂလိကခရိုနီတွေလက်ထဲ အပ်မထားသင့်ပါဘူး။ အဓိကပိုင်းကို နိုင်ငံတော်က ထိန်းကျောင်းပြီး ပုဂ္ဂလိကသို့ (ဖက်စပ် သမဝါယမ အများပိုင် ကန်ထရိုက် စသည်) သဏ္ဌာန် တမျိုးမျိုးဖြင့် လုပ်ငန်းငယ် လုပ်ငန်းခွဲများကို မူဘောင်တရပ်အောက်မှာ လွှဲသင့်ပါတယ်။ YBS က ဒီချုပ်အစိုးရရဲ့ လုပ်ရည်ကိုင်ရည်ကို စစ်ဆေးပါလိမ့်မယ်။
ကုန်ဈေးနှုန်းကြီးမြင့် ဝင်ငွေနိမ့်ပါး ရာဇဝတ်မှုထူပြော ဆိုတဲ့လူမှုဒုက္ခကို ပြည်သူတွေ နေ့စဉ်ရင်ဆိုင်နေ တယ်။ ငြိမ်းချမ်းရေးနဲ့လုံခြုံရေး တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေး ရှေ့အလားအလာဟာ ဆွံ့အမှေးမှိန်နေဆဲ ဖြစ်ပါ တယ်။
၂၀၀၈ နဲ့ ခံကတုတ်ယူထားတဲ့ စစ်အုပ်စုဟာ နိုင်ငံရေးလမ်းပြမြေပုံ ပျောက်နေတယ်။ ဦးသန်းဋ္ဌေး ဦးဆောင်တဲ့ သွေးသစ်လောင်းကြံ့ဖွံ့က အမျိုးသားရှော်ဗင်ဝါဒ ကြွေးကြော်သံများဖြင့် ရွေးကောက်ပွဲအနိုင်ရရေး အင်တိုက်အားတိုက် လုပ်မယ်လို့ ဆိုသော်လည်း သူတို့ရဲ့ပုံရိပ်က ကျဆင်းနေဆဲဖြစ်တယ်။ တပ်ချုပ်ကလေး နဲ့ ဗိုလ်ချုပ်ကလေးများ အငြိမ်းစားယူပြီး တပ်ပြင်ပရောက်သွားရင် ဘာဆက်လုပ်မလဲ။ တပ်ပြင်ပနဲ့ ပါတီပြင်ပ ရောက်နေတဲ့ ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်ကလေးများဟာ ဗိုလ်လွန်းမောင်လို လူထုနဲ့တသားတည်း နေရဲတဲ့သတ္တိ ရှိဟန်မတူဘူး။ စိုင်ကော်လို့ ခြုံပေါ်ရောက်လာတဲ့ ဗိုလ်ချုပ်လက်သစ်များကလည်း အခွင့်သာခိုက်မှာ မိုက်ချင်တဲ့သူတွေ ရှိနေတယ်။
သူတို့ဟာ ပြည်တွင်းစစ်ကိုတိုးချဲ့ပြီး စစ်အုပ်စုရဲ့ အဆင့်နေရာကို ထိန်းသိမ်းဖို့ အချည်းနှီး ကြိုးစားနေတယ်။ သူတို့ထဲက အာဏာရမ္မက်ကြီးသူ အုပ်စုတစုက လုပ်ကြံသတ်ဖြတ်ရေးဝါဒကို ကျင့်သုံးလာတယ်။ သူတို့ချင်းတော့ မြွေမြွေချင်း ခြေမြင် တယ်။ လူထုကလည်း နိုင်ငံရေးပါးဝတယ်။ လက်သည် တရားခံဟာ သူတို့ထဲကပဲဆိုတာမြင်တယ်။
သေနတ်နှစ်လက်နဲ့ ထွက်ပြေးတဲ့ လူသတ်သမားကို လေဆိပ်အငှားယာဉ်မောင်းသမားများက ဝိုင်းဝန်းဖမ်းဆီးကြလို့ အရှင်ဖမ်းမိတယ်။ အုတ်ခဲကျိုးနဲ့ထုပြီး လိုက်ဖမ်းတဲ့ အငှားယဉ်မောင်း ကိုနေဝင်း သေနတ်ပစ်ခံရပြီး သေတယ်။
မခံမရပ်နိုင်ဖွယ် တရားလက်လွတ်လုပ်ရပ်ဟာ လူမှုမီဒီယာများမှာ ရုပ်ပုံများနှင့်တကွ ချက်ချင်းပြန့် သွားကာ ပြည်တွင်းပြည်ပ လူထုလူတန်းစားအသီးသီးအကြား နာကြည်းဒေါသဖြစ်စေတယ်။ ဦးကိုနီ ကိုနေဝင်း ဈာပနများမှာ လူမျိုးစုံဘာသာစုံ လူထုကြီးဟာ လူသတ်ဝါဒကို မုန်းတီးရွံရှာမှုအပြည့်ဖြင့် လိုက်ပါပို့ ဆောင်ကြတယ်။ အဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံတကာသံတမန်များကပါ လက်သည်တရားခံကို စက်ဆုပ်ရွံရှာ စွာ ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်များထုတ်ပြန်ကြတယ်။ လွမ်းသူ့ပန်းခွေပို့ အသုဘပို့ဆောင် မေးမြန်းအားပေးတာတွေ လုပ်ကြတယ်။ အနယ် အနယ် အရပ်ရပ် အမျိုးသားအင်အားစုအသီးသီးနှင့် လူထုလူ တန်းစား အသီးသီးအတွင်း နိုင်ငံရေးသတိရှိမှုနဲ့ အသိနိုးကြားမှု မြင့်တက်လာတယ်။
ကာလအတန်ကြာ အုံ့မှိုင်းနေတဲ့ ဗမာပြည်နိုင်ငံရေး ရာသီဥတုဟာ ပြောင်းလဲစပြုလာတယ်။ မြုံသလို ဖြစ်နေတဲ့ ဗမာပြည်နိုင်ငံရေး ပြည်တည်နာဟာ တစစ်စစ်ကိုက်ခဲလို့ လာပြန်ပါပြီ။
အမှုကို တိုက်ရိုက်ကိုင်တွယ်နေတဲ့ ရဲတို့ ပြည်ထဲရေးတို့ နယ်လုံတို့က ဘာသတင်းမှ ထုတ်ပြန်တာမရှိဘူး။ အံ့ဩစရာကောင်းလောက်အောင် နှုတ်ဆိတ်နေတယ်။ ရဲစစ်ချက်ပေါက်ကြားခြင်း။တမင်ပေါက်ကြား စေခြင်း နှင့်အတူ လူသတ်တရားခံ ထောင်ထွက်ကြည်လင်းဆိုသူကို ငွေပေးခိုင်းစေတဲ့ထောင်ထွက်အကြောင်း အကြောင်းသိထောင် ထွက်ပြော စကား ဆိုတာတွေအပါအဝင် သတင်းအစစ်ကော အတုပါ ပွထလို့နေတယ်။ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားပြီး ၅ ရက်အကြာမှ ဆက်စပ်ပတ်သက်သူ (ငွေပေးခိုင်းစေသူ) အောင်ဝင်းဇော် (ဗိုလ်ပြုတ် DSA ၃၄)ကို အခင်းဖြစ်ပွားပြီး ၁၂ နာရီအတွင်း ဖားအံမြို့ သံလွင်တံတားတွင် ဖမ်းဆီးမိကြောင်း သမ္မတရုံးမှ တရားဝင်သတင်းထုတ်ပြန်တယ် (၃ ဖေဖော်ဝါရီ)။ လူထုကို တရားဝင် အသိပေးတာ ဒါလောက်ပါပဲ။
တတ်မတော်က ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ကြောင်း ထုတ်ပြန်တယ်။ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်ကလည်း လူသတ်ဝါဒ ဆန့်ကျင် ကြောင်း ထုတ်ဖော်ပြောတယ်။ ကျန်စစ်အုပ်စုဝင်ဟောင်းတွေ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေထံမှ ဘာသံမှမကြား ဘူး။
၂၀၀၈ အောက်မှာ ဒီအမှုဟာ တခြားသတ်ဖြတ်မှုများလိုပဲ လက်သည်အမှန် ပေါ်ဖို့မလွယ်ပါဘူး။ ဒါပေမဲ့ နိုင်ငံရေးအသိနိုးကြားနေတဲ့ ပြည်သူလူထုကြီးအဖို့ ၂၀၀၈ ဖျက်သိမ်းရေးအတွက် တဆင့်တိုး သွေးစည်းညီညွတ် လာခဲ့ပါတယ်။ ၂၁ ရာစုမှာ ပြည်တွင်းစစ်နဲ့လူသတ်ဝါဒကို ထပ်မံတိုးချဲ့လာရင် နိုင်ငံရေးချွတ်ခြုံကျနေတဲ့ စစ်တပ်လည်းပျက်လိမ့်မယ်။ လူထုအားနဲ့ တုံ့ပြန်တားဆီးတာလည်း ခံရလိမ့်မယ်။ လက်နက်နဲ့ အကြမ်းဖက်ဖိ နှိပ်လာရင် လက်နက်နဲ့ဆန့်ကျင်ခုခံတာ တရားပါတယ်။ သမိုင်းရေစီးကို ပြောင်းပြန်လှန်ချင်တဲ့ စစ်အာဏာရှင် တွေ လူထုကဒဏ်ခတ်တာ ခံရပါလိမ့်မယ်။ ဗမာပြည်နိုင်ငံရေးအရွေ့ကို လူထုကိုယ်တိုင်ဖန်တီးပါလိမ့်မယ်။
(အရေးတော်ပုံဂျာနယ် အတွဲ(၂) အမှတ် ၈ မှာ ဖော်ပြမယ့် ဆောင်းပါး ဖြစ်ပါတယ်)
(၁၀ ဖေဖော်ဝါရီ ၂၀၁၇)

Tuesday, February 14, 2017

ဒီကဗျာရဲ့ အောက်ဆုံး ၄ ကြောင်းဟာ မူရင်းကဗျာဆရာရဲ့ စာသားမဟုတ်ဘဲ။ မသမာသူတွေက ထပ်ဖြည့်ထားခဲ့တာတဲ့။

ဒီကဗျာရဲ့ အောက်ဆုံး ၄ ကြောင်းဟာ မူရင်းကဗျာဆရာရဲ့ စာသားမဟုတ်ဘဲ။ မသမာသူတွေက ထပ်ဖြည့်ထားခဲ့တာပါ။

သာမာန်ပြည်သူသာဆို .....


 
 
 
 
 
 
 
 
 
 
Minoo Than added 2 new photos.
27 mins ·
ရဲကိုတိုက်သတ်ပြီး အမှုကျေအေးပေးဖို့ သေဆုံးသူရဲ့ ဇနီးကို ငွေလာလာဘ်ထိုးတယ်ဆိုတော့ တရားဥပဒေဆိုတာ ငွေနဲ့
အရောင်းအဝယ်လုပ်လို့ ရနေဆဲလား။ ဒါတောင် တာဝန်ထမ်းဆောင်ရင်း ကျဆုံးတဲ့ ရဲနော်။
သာမာန်ပြည်သူသာဆို .....
---------- ----------
မြောက်ဥက္ကလာပမြို့နယ်မှာ နယ်ထိန်း ရဲတပ်ကြပ်ကို ကားနဲ့ တိုက်ခဲ့တဲ့ ကိုဇော်သန့်ရဲ့ဖခင်ဖြစ်သူက ငွေနဲ့စည်းရုံးခဲ့ပေမယ့်လက်ခံခြင်းမရှိဘဲအမှန်တရားတိုင်းသာ ဖြစ်စေချင်တဲ့ အတွက် ငြင်းဆိုခဲ့တယ်လို့ သေဆုံးသူရဲ့ဇနီးဖြစ်သူ ဒေါ်ယဉ်နွယ်ဦးကပြောပါတယ်။

ရဲတပ်ကြပ် ညီညီထွေးဟာ မတော်တဆကားတိုက်မှုနဲ့ သေဆုံးတာမဟုတ်တဲ့အတွက် တရားခံကို အမှန်အတိုင်း အပြစ်ဒဏ်ကျခံစေချင်တယ်လို့ ဒေါ်ယဉ်နွယ်ဦးကပြောပါတယ်။
“သူ့အဖေကိုယ်တိုင်ကလာစည်းရုံးတယ်။အဲ့ဒီနေရာမှာသူ့သားသမီး၊သူ့မိသားစုဆိုရင်ဘယ်လိုနေမလဲ။သူအဖေက တန်ရာတန်ကြေးပေးပြီး ဒီအမှုကို ကြေအေးခိုင်းတာ။
အစ်မနဲ့ သားလေးရဲ့တံတိုင်းကြီးမရှိတော့ ဘူး။မလုံခြုံတော့ဘူး၊အစ်မသူတို့ဆီက ဘာမှမလိုချင်ဘူး၊တန်ရာတန်ကြေးတိုင်းပဲ လုပ်စေချင်တယ်၊ထိရောက်တဲ့ အပြစ်ဒဏ်ကျစေချင်တယ်။အမှန်တရားအတိုင်းပဲ။”လို့ ဒေါ်ယဉ်နွယ်ဦးကပြောပါတယ်။ ကားနဲ့ မတော်တဆတိုက်ခဲ့တယ်ဆိုရင် လူငယ်တွေ သောက်စားထားတဲ့ အတွက် ဆိုပြီး ခွင့်လွတ်နိုင်ပေမယ့် အခုဖြစ်စဉ်ကိုတော့ ခွင့်မလွတ်နိုင်ပါဘူးလို့ ဒေါ်ယဉ်နွယ်ဦးက ဆက်ပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့ ဇော်သန့်ကို ထိထိရောက်ရောက်စံနမှုနာပြအရေးယူဆောင်ရွက်သင့်ပြီး ပြစ်ဒဏ်ပေါ့လျော့မိပါက တရားစီရင်ရေးမှာပါပေါ့လျော့မှာဖြစ်တဲ့အတွက် လျော့ပေါ့တဲ့လူက သမိုင်းတရားခံတွေ ဖြစ်လာကြမယ်လို့ ရဲတပ်ကြပ် ညီညီထွေးရဲ့ တူ ကိုစည်သူအောင်ကပြောပါတယ်။
“မှန်ကန်မျှတတဲ့ ပြတ်သားတဲ့ ဥပဒေကိုဖော်ဆောင်ဖို့မိသားစုဝင်တွေရဲ့ အလိုချင်ဆုံးဆန္ဒဖြစ်တယ်။
တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်ကို ကျူးလွန်သူကို ထိရောက်တဲ့ အရေးမှုဆောင်ရွက်နိုင်မှသာသာမာန်ပြည်သူရဲ့ဘ၀များစွာကို အေးချမ်းလုံခြံစွာနေထိုင်နိုင်ကြမှာ။”လို့ ကို စည်သူအောင်ကပြောပါတယ်။
ရဲတပ်ကြပ် ညီညီထွေးဟာဖေဖော်ဝါရီ ၁၃ရက်မနက် ၁၂နာရီကျော်ခန့်က လှည့်ကင်းတာဝန်ထမ်းဆောင်နေခဲ့ပြီးမြောက်ဥက္ကလာပမြို့နယ်(စ)ရပ်ကွက်သန္တာ၆လမ်းထိပ်မှာ ဆူပူအရက်သောက်စားနေတဲ့ လူငယ်တစ်စုကို အိမ်ပြန်ခိုင်းခဲ့ပါတယ်။
အဲ့ဒီနောက်ည ၂နာရီ၃၀အချိန်မှာဝဇီရာလမ်းထိပ်ကိုပြန်အရောက်မှာ စူပါကစတန် ကားနဲ့ လူငယ်တစ်စု နောက်မှ လိုက်လံတိုက်တာခံရပြီး လှည့်ကင်းတာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်လေးယောက်ထဲကနေ တပ်ကြပ် ညီညီထွေးက သေဆုံးပြီး ရဲတပ်သားရဲသီဟကပွန်းပဲ့ဒဏ်ရာရရှိခဲ့ပါတယ်။
ဖြစ်စဉ်ဖြစ်ဖြစ်ချင်းမှာ ဇော်သန့်ကကားမောင်းပြီးထွက်ပြေးခဲ့ပေမယ့်ရဲတပ်ဖွဲ့ဝင်တွေက ညတွင်းချင်းလိုက်လံရှာဖွေဖမ်းဆီးခဲ့ကြရပါတယ်လို့သိရပါတယ်။
ကားနဲ့ တိုက်ခဲ့တဲ့ ဇော်သန့်ကို မြောက်ဒဂုံမြို့နယ်မှာ ဖမ်းဆီးရမိပြီး ပုဒ်မ၃၀၄-က/၂၇၉ ယာဉ်မဆင်မခြင်မောင်းနှင်မှု၊၂၀၂အချင်းဖြစ်ရပ်မှ ဆုတ်ခွာထွက်ပြေးမှု တို့နဲ့ ဖမ်းဆီးအရေးယူဆောင်ရွက်ထားတယ်လို့ မြောက်ဥက္ကလာ မြို့မရဲစခန်းမှ သိရပါတယ်။
သေဆုံးသူရဲတပ်ညီညီထွေးရဲ့ မိသားစုဝင်တွေဟာ အရက်ဝိုင်းကို အိမ်ပြန်ဖို့ပြောဆိုခဲ့လို့ အညိုးနဲ့ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာဖြစ်လို့ ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့အမှုဖွင့်ထားတာကို မကျေနပ်ခံစားနေကြရပါတယ်။
Author မို့မို့သန္တာ
ZN.H

Monday, February 13, 2017

ခေါင်းက ဘုသီးလေးပျောက်သွားမှာတောင်နှမျောတယ်... ။


"ဗိုလ်​ချုပ်​​မွေး​နေ့ အမှတ်​တရ"
ငါ့ကွာ......သူခေါက်ထားတဲ့ခေါင်းက ဘုသီးလေးပျောက်သွားမှာတောင်နှမျောတယ်... ။
-------------------------------------------------------------------------------------------

ကျနော်ကလည်း ၁၀ ပြားဖိုးလောက်သိရရင်
၁၀၀ ဖိုးလောက်သိသလို တတ်သလိုလို
ရှေ့မီနောက်မီလိုလို သိပ်လုပ်ချင်တဲ့ကောင်။

ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်အကြောင်း
ပြောရဦးမယ်။ ကိုယ်တွေ့ကိုယ်တွေ့။

ဗိုလ်ချုပ်နဲ့ တွေ့မလားဗျ၊
ကျုပ်ကအခုမှ အသက် ၂၀ ကျော်လေးဟာကို။

ဗိုလ်ချုပ် ပန်းကန်ပြားနဲ့ ခေါက်တာခံခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးနဲ့
ကိုယ်တွေ့ကြုံခဲ့ရတာကို သောက်ကြွားပိုမလို့။

အရေးအခင်းပြီး ခါစ တစ်နှစ်လောက်မှာပေါ့ဗျာ။
ကျနော်ကလည်း လူကြီးတွေစကားဝိုင်းဆိုဝင်ဝင်ရော၊
ပြီးရင် ကြားဖူးနားဝ၊ ဖတ်ဖူးရုံလောက်ကို
ချဲ့ကားပြီး အာပေါင်အာရင်းသန်သန်နဲ့ကိုယ်တွေ့လိုလို
ဘာလိုလို ခပ်တည်တည်ဝင်ဖိန့်တတ်တော့
လူကြီးတွေက ခင်တယ်ဗျ။

မနက်မနက် လ္ဘက်ရည်ဆိုင်ထိုင် ဖို့ ဝင်ဝင် ခေါ်ကြတဲ့အထဲ
ဂီတစာဆိုကိုကြေးမုံ ရယ် ဗိုလ်မှူးကြီးမောင်ကျော်ရယ်က ပုံမှန်။
ထိုင်တာကလည်း သူတို့ရဲ့ တရပ်ကွက်တည်းသား
စ သုံးလုံး အရာရှိဖြစ်နေသူရဲ့ မိဘလ္ဘက်ရည်ဆိုင်။
ပြောတော့ နိုင်ငံရေး၊ န၊ဝ၊တ မကောင်းကြောင်း။

တစ်နေ့ ရပ်ကွက်တည်ဆောက်ပြုပြင်ကိုလာစစ်တဲ့
ဆိုင်ရှေ့ ခပ်လှန်းလှန်းမှာ သောက်ပိုးမကြိုးပဲ
ဆောင့်ကြွားကြွားနဲ့ ရပ်ပြီး ငေါက်ငန်းနေတဲ့
ဗိုလ်ပေါက်စတစ်ကောင်ကို ကြည့်နေမိတယ်။

ခဏလည်းနေရော
သူ့ထက်ကြီးတဲ့တစ်ကောင်ကြွလာတော့
ပြေးပြီး ဖင်လျက် ဆားဖြူး မျက်နှာချိုသွေး
ထီးလိုက်မိုးပေးပြီး ဖားသဗျ။

ဟိုကိုယ်တော်ကလည်း
သူ့ကိုယ်သူ ဓနုဖြူခံတပ်ကို ရွှေထီးတော်မိုးနဲ့ တပ်စစ်တဲ့
လဥ ဗုံးမှန်ခါနီး စစ်သူကြီး ဗန္ဓုလ စတိုင်နဲ့။

ကာနယ်မောင်ကျော်က
ကြည့်ပြီးခေါင်းတစ်ညှိမ့်ညှိမ့်လုပ်ပါတယ်။
အတော်ကြာ သကောင့်သားတွေ ပြန်သွားတော့မှ
တော်လှန်ရေးကာလ သူ့ကိုယ်တွေ့ ပြောပြပါတယ်။

ကိုယ်တို့က တပ်ထဲဝင်တာ
တိုင်းပြည်လွတ်လပ်ရေးအတွက်ကလွဲလို့
ဘာမျှော်လင့်ချက်မထားဘူး။ သေသေ ပြတ်ပြတ်
အင်္ဂလိပ်ကိုပဲချရချရ၊ ဂျာပန်ကိုပဲ ဆော်ရဆော်ရ
အားမျှတာ မမျှတာ ဘာမှ ဂရုမစိုက်ဘူး။
လစာလည်း နားမလည်ဘူး၊ ဝတ်စုံလည်းမသိဘူး၊
ရာထူးတိုးတာ မတိုးတာဂရုမစိုက်ဘူး။

အေး ဒါပေမယ့် တပ်မတော်သားပီပီ
ဗိုလ်ချုပ်အောင်ဆန်း ဆိုတာကိုတော့
အရှင်လတ်လတ်ကြီးမြင်ဖူးချင်တယ်။
ဖြစ်နိုင်ရင် လက်ကလေးပဲကိုင်ရကိုင်ရ၊
အနီးကပ်ပဲကြည့်ရကြည့်ရ
သေပျော်တယ် ဆိုတာ စစ်သားတိုင်းရဲ့ခံစားချက်ကွ

တစ်နေ့ ကိုယ်တို့ တပ်စွဲတဲ့နေရာကို
ဗိုလ်ချုပ်လာစစ်မယ်လို့ ကြေးနန်းရသကွ။
ပျော်လိုက်တဲ့ဖြစ်ခြင်းကွာ။

တပ်မှူးက ကိုယ့်ကိုပြောတယ်၊
အဲ့ဒီတုန်းက ကိုယ်ကချာတိတ်ကလေး
တပ်ကြပ်ကြီးမောင်ကျော် ဘဝ။

မောင်ကျော်ရေ ဗိုလ်ချုပ်ရောက်မယ့်အချိန်
ဆက်ထွက်မယ့်အချိန် နေ့လည်စာ တို့ဆီမှာကျွေးဖြစ်မယ်၊
မင်းအကောင်းဆုံးစီစဉ်ကွာ တဲ့။ ကိုယ့်ကိုတာဝန်ပေးတာ။

ဘာပြောကောင်းမလဲကွာ ခြေထောက်နဲ့
မြေကြီးထိရဲ့လားတောင်အောင်းမေ့တယ်ကွာ။
ရွာထဲသွား ကြက် နဲ့ဟင်းစားသွားဝယ်တာပေါ့။

ငါတို့အတွက်တောင် ရှိရှိမရှိရှိ အတင်းပေး
အတင်းကျွေးလုပ်တဲ့ရွာသားတွေကွာ
ငါက ဗိုလ်ချုပ်အတွက်လို့လည်းပြောရော
အိုး ဘယ်ပြောကောင်းမလဲ
ပိုက်ဆံမယူတဲ့အပြင် စုံနေအောင်ထည့်ပေးကြ၊
သူတို့ဘယ်နားကဘယ်လိုကြိုမယ်ဆိုတာတွေပြောကြပေါ့

တပ်မှူးကိုလည်း ရွာသားတွေပိုက်ဆံ
ဘယ်လိုပေးပေးမယူတာကို
သက်သေနဲ့ သေချာရှင်းရတယ်ဟေ့ကောင်ရေ့၊
နို့မို့ ရွာသားတွေကို ဗိုလ်ကျလာသလားကွ ဆိုပြီး
နားရင်းအအုပ်ခံရမှာကွ။

ငါမှာချက်ပြုတ်ပြီး ဗိုလ်ချုပ်ရောက်လာကာမှ သတိရတယ်။
ကြွေးစရာ ပန်းကန်ပြားကောင်းကောင်းမရှိဘူးဟေ့။

အဲ့ဒါနဲ့ အမိန့်မရပဲ တပ်နဲ့အနီးဆုံး
တဲကိုပြေး ပြီး ပန်းကန်ငှါးတော့
ခပ်ညံ့ညံ့ ကြွေရည်သုတ်ပန်းကန်ပြား သုံးချပ်ရလာတယ်။

ပန်းကန်ကို အကျအနတိုက်ချွတ်ဆေးကျော
ထမင်းတွေဟင်းတွေခူးပြီး ဗိုလ်ချုပ်ကိုအရင်ကျွေး
ကျန်ပါလာတဲ့ PSO နဲ့နောက်တစ်ယောက်ကို
တပ်မှူးက သူနဲ့မှ အတူစားမယ်လုပ်ရတာပေါ့။

ထမင်းစားဖို့ ပြင်လည်းပြင်ရော ဗိုလ်ချုပ်က
တပ်မှူးနဲ့ သူ့ PSO ကို သူနဲ့အတူစားရမယ်လုပ်ပါလေရော
တပ်မှူးက ကျနော် ငှက်ပျောဖက်ခင်းစားမှစားတတ်တယ်
ဗိုလ်ချုပ်လို့လိမ်တော့
ဗိုလ်ချုပ်ကရယ်ပြီး..... မောင်ကျော်လာဦးတဲ့။
ငါ့ပျော်လိုက်တာကွာ
တပ်မှူးမိတ်ဆက်ပေးတာသူနာမည် မမေ့ဘူး။

ငါသူ့နားသတိဆွဲပြီးသွားရပ်တော့
ငါ့ကို Easy တဲ့၊
ငါလည်းသက်တောင့်သက်သာရပ်လိုက်တယ်။

မောင်ကျော် ဒီပန်းကန်တွေ ဘယ်ကငှါးလာလဲ တဲ့။

ငါက မဖြေနိုင် ကြောင်အမ်းအမ်းဖြစ်နေတာပေါ့

အနားက ငှက်ပျောဖက်ကိုယူ
ကျကျနနခင်း
သူ့အင်္ကျီ လက်နဲ့သုတ်၊
ပန်းကန်ထဲက ထမင်းကို ငှက်ပျောဖက်ပေါ်ပုံလည်း ပြီးရော
ပန်းကန်ပြားလွတ်နဲ့ ငါ့ခေါင်းကို ခွပ်ကနဲ ခေါက်လိုက်တယ်။

တပ်မှူးကအစ အားလုံး ကြောင်ကြည့်နေကြတာပေါ့။
သူ့မျက်နှာအတော်မကောင်းတာ ငါသတိထားမိတယ်။

ပြီးမှ ငါ့ပုခုံးကိုပုတ်ပြီး
ငါ့ကိုဒီလို မလိမ်ကြပါနဲ့ကွ၊
မင်းတို့အားလုံး ဖက်နဲ့စားနေရတဲ့ဘဝ၊
ငါလည်း ဖက်နဲ့စားရကော ဘာဖြစ်မှာမို့လဲ၊
ကြားလား မောင်ကျော် တဲ့။

ပြီးတော့
တပ်မှူးနဲ့ သူ့PSO တို့ကို သူနဲ့အတူ
ငှက်ပျော်ဖက်ခင်းပြီး အတူဝင်စားခိုင်းတယ်။

ငါ့ကွာ
သူခေါက်ထားတဲ့ ခေါင်းက ဘုသီးလေး
ပျောက်သွားမှာတောင် နှမြောတယ်။
.................................တဲ့ —

မူရင်းရေးသားသူ >> Patrick Tan

ဦးသန့်အရေးအခင်းနဲ့ ကျွန်တော်တို့တစ်သိုက် အပိုင်း (၁)

ရန်ကုန်တိုင်းဂျာနယ်မျာအပတ်စဉ်ထည့်မဲ့ ဆောင်းပါး။ ကျနော်တို့ကျောင်းသားဘဝကဘာကြောင့်ဦးသန့်အရေးအခင်းကိုဘာကြောင့်ပါဝင်ခဲ့ကြလဲ။ နောက် ဘယ်လိုအတွေးအမြင်တွေရှိခဲ့ကြလဲ ဆိုတာနောက်မျိုးဆက်တွေထဲကဂဂနနသိရှိသူတွေမရှိသလောက်ပါဘဲ။ ရှစ်လေးလုံး အရေးအခင်းကြီးဖြစ် ခဲ့တာတောင် ၂၉နှစ်ရှိသွားပြီးဖြစ်လို့ ဦးသန့်အရေးအခင်းကိုမပြောနဲ့ ရှစ်လေးလုံးကိုတောင်နှောင်းလူငယ် ၂၀ပတ်ဝန်းကျင်ကလေးတွေသိနိုင်သူနည်းလာခဲ့တာကြောင့်အားလုံးသိရှိနိုင်ဖို့မျှဝေပေးလိုက်ပါတယ်။
လေးစားလျက်
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
ဦးသန့်အရေးအခင်းနဲ့ ကျွန်တော်တို့တစ်သိုက် အပိုင်း (၁)
**********************************************************
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
နိဒါန်း
ဦးသန့်အရေးအခင်း၌ ပါဝင်ခဲ့ကြသူများ၏ ရေးသားမှုများကိုဖတ်ရသည့်အခါ အတိတ်ကအကြောင်းများ တရေးရေး ပေါ်လာတတ်သလို တချို့ကကိုယ်တိုင်မပါဝင်ဘဲ တစ်ဆင့်စကားများနှင့်ရေးသားကြသည်ကို မြင်တွေ့ရသည့်အခါ သမိုင်း မှန်ကိုရေးသားဖို့ တာဝန်ရှိသည်ဟု ယူဆလာမိပါသည်။ ကိုယ့်ကိုယ်ကိုယ်လည်း တာဝန်မကျေဟု ခံစားမိသည့်အတွက် သမိုင်းလေ့လာသူ မြန်မာပြည်သားများသိရှိနိုင်ရန် ကျွန်တော်တို့ ကြုံတွေ့ခဲ့ရသည်များကို မှတ်မိသလောက် ရေးသားတင် ပြလိုက်ပါသည်။
ဦးသန့်အရေးအခင်း ဖြစ်ပျက်ခဲ့သည်မှာ ၁၉၇၄ခုနှစ် ဒီဇင်ဘာ ၅ရက်ဖြစ်သည်။ လွန်ခဲ့သော ၃၇နှစ်ခန့်က ဖြစ်ပါသည်။ ဦးသန့်အရေးအခင်းအကြောင်းကို ရေးသားသည့် စာများရှိခဲ့သော်လည်း ပြည့်ပြည့်စုံစုံ မရှိသလို၊ ကိုယ့်အတွေ့အကြုံကိုသာ ကိုယ်ရေးထားသည့် တစ်ဖက်မြင်တင်ပြချက်များ ဖြစ်ခဲ့သည်။ ထို့ကြောင့် ထိုအရေးအခင်းတွင် ကိုယ်တိုင်ပါဝင်ခဲ့သူများ မတိမ်း ပါးခင်၊ အသိချွတ်ချော်မသွားခင် ပါဝင်ခဲ့သည့်သူများကိုမေးမြန်း၍ ရေးသားသင့်သည်ဟုယူဆမိ၍ ဤစာကို ရေးသားလိုက် ပါသည်။ ၁၉၈ဝ ပြည့်နှစ် ကျွန်တော် ထောင်မှလွတ်လာသောအခါ လိုလိုလားလား မိမိမှတ်မိသလောက် ပြောဆိုပေးခဲ့သော ကိုစိုးညွန့်(ပြောင်ကြီး)၊ ကိုဟန်ရှင်ဝင်း၊ ကိုမောင်မောင်တိတ်၊ ကိုရာဇာ(ဂိုရှယ်)နှင့် ရောဘတ်စန်းအောင်တို့အား အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။ နယူးယောက်မြို့တွင် ရောက်နေသော ကိုစိုးညွန့်(ပြောင်ကြီး)က မေး သမျှကို ထပ်မံ၍ စိတ်ရှည်လက်ရှည်ရှင်းပြသည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ရှိပါသည်။ ကိုစိုးညွန့် နှင့် ကိုတိတ်တို့၏ ကူညီပံ့ပိုးမှုကြောင့်သာ ပျောက်ဆုံးနေသောကွင်းဆက်များကို ဆက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့၏ သမိုင်းဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိသည် နောင်သမိုင်းလေ့လာသူများအတွက် မှတ်တမ်းတစ်ခုအဖြစ်၊ နောင် မျိုးသစ်များအတွက် အားဆေးတစ်ခွက်နှင့် အတုယူစရာလုပ်ရပ်အဖြစ် မှတ်ယူနိုင်ရန် ရည်ရွယ်ပါသည်။ ကျွန်တော်တို့၏အားသာချက် အားနည်းချက်များကို လေ့လာဆင်ခြင်ပြီး မြန်မာပြည်လွတ်လပ်ရေးအတွက် အသုံးချနိုင်ရန် အထောက်အ ကူပြု အကျိုးသက်ရောက်ခဲ့ပါက ကျွန်တော်ကြိုးစားရေးရကျိုး နပ်သည်ဟု ယူဆပါသည်။ ဦးသန့်အရေးအခင်းတွင် ပါ ဝင်ခဲ့သူများ ဤစာကိုဖတ်ပြီး ¤င်းတို့အမြင်ကို ဖြည့်စွက်ရေးသား ပေးပို့နိုင်ကြလျှင် ဤစာအုပ်သည် ပိုမိုပြီးရုပ်လုံးပေါ်လာ လိမ့်မည်ဟု မျှော်လင့်မိပါသည်။ အားလုံးရွှင်လန်းချမ်းမြေ့ကြပြီး မိမိတိုင်းပြည်အကျိုးကို ကိုယ်ကျိုးစွန့် လုပ်ဆောင်နိုင်ကြ ပါစေ။ မြန်မာပြည်၏ မပြီးဆုံးသေးသော ဒုတိယအကြိမ် လွတ်လပ်ရေးတိုက်ပွဲကို ဤစာဖတ်ပြီး ဆထက်ထမ်းပိုးကြိုးစားလိုစိတ် များ ပေါ်ပေါက်လာနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။
လေးစားလျက်
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
ဘယ်လိုလုပ်ကြမလဲ၊
တစ်ယောက် နယူးယောက်ဆေးရုံမှာ ကင်ဆာရော ဂါနဲ့ ဆုံးသွားပြီ။ သူ့ဆန္ဒအရ သူ့အခေါင်းကို ကုလ သမဂ္ဂအလံ လွှမ်းခြုံပြီး မြန်မာပြည်ကို အထူးလေယာဉ်နဲ့ နိုဝင် ဘာလကုန်လောက်မှာ သယ်လာတယ်။ ဒါပေမဲ့ သူ့ကိုမဆလ အစိုးရတာဝန်ခံ ဘယ်သူကမှ လာရောက်ကြိုဆိုတာမရှိဘူး။ ပညာ ရေး ဒုဝန်ကြီးဆိုလား တစ်ယောက်ကတော့ သွားကြိုတဲ့အတွက် ဗိုလ်နေဝင်းက အလုပ်က ထုတ်လိုက်တယ်''စသည်ဖြင့် သတင်း စကားတွေ ရန်ကုန်တစ်မြို့လုံးမှာ ပျံ့နှံ့လို့လာခဲ့ပါသည်။
ဦးသန့်သည် ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးအဖြစ် နှစ်ကြိမ်တိုင်တိုင် ရွေးချယ်ခံရတဲ့ပုဂ္ဂိုလ် ဖြစ်သည့်အပြင် ကျူးဘား အရေးအခင်း၌ ရုရှားနဲ့အမေရိကန်နိုင်ငံတို့ စစ်ဖြစ်မယ့် အနေအ ထားမှ ကာကွယ်ပေးခဲ့သည့် ပုဂ္ဂိုလ်ကြီးလည်း ဖြစ်ပါသည်။ ထို့ ကြောင့် တက္ကသိုလ်ကျောင်းသားများနှင့် ရဟန်းသံဃာများက'ဗမာကို ကမ္ဘာကသိအောင် စွမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ကြီး ငါတို့ နိုင်ငံ ကို ဂုဏ်တက်အောင် လုပ်ဆောင်ပေးတဲ့ပုဂ္ဂိုလ်ကြီး'အဖြစ် လေး စားဂုဏ်ယူကြသည့်အပြင် ကျေးဇူးလည်း အထူးတင်ရှိခဲ့ပါသည်။ 'ဦးသန့်လို ပုဂ္ဂိုလ်မျိုးကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင် တဲ့ စစ်အစိုးရရဲ့ ရိုင်းစိုင်းတဲ့အပြုအမူကို ဘယ်လိုမှလက်ခံလို့မရ အောင်' အိမ်မှာနေရင်း ကျွန်တော် ဒေါသူပုန်ထနေမိပါသည်။
''ရိုင်းလိုက်တာကွာ...ကမ္ဘာ့ခေါင်းဆောင်အဖြစ် အသိအ မှတ်ပြုခံထားရတဲ့ ငါတို့မြန်မာလူမျိုးတွေရဲ့ ဂုဏ်သတင်းကို ဆောင် ကျဉ်းပေးတဲ့ ပုဂ္ဂိုလ်မျိုးကို တိုင်းပြည်အာဏာကို ဓားပြတိုက်ယူထား တဲ့သူခိုးဓားပြက နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုရမှာကို မလုပ် တာ ငါတို့ဗမာလူထုကြီး တစ်ရပ်လုံးကို စော်ကားလိုက်တာပဲ''ဟု စိတ်ထဲမှ ရေရွတ်နေမိတော့သည်။
ဒီလိုနှင့် ဒီဇင်ဘာ၂ရက်ညသို့ ရောက်လာသည်။ ကျွန်တော် ဆင်ဝင်ခန်းတွင်ထိုင်ရင် စဉ်းစားခန်းဝင်နေမိသည်။ ရေဒီယိုက သတင်းမကြားတစ်ချက် ကြားတစ်ချက်နှင့် လေအသုတ်တွင် တိုက် ပေါက်ဝရှေ့ရှိ ညောင်ပင်ကြီးမှ တရှဲရှဲမြည်သံက တချီချီတွင် ပေါ် ထွက်လာတတ်သည်။ ထိုအချိန်တွင် 'တီတီ..တီတီ' အိမ်ရှေ့ဝင်း တံခါးမှ ကားဟွန်းသံက ထွက်လာသည်။ ထိုင်ရာမှထပြီး ဆင်ဝင် ခန်းပြတင်းတံခါးကို ချက်ဖြုတ်၍ ဖွင့်ကြည့်လိုက်သည်။
အချိန်က ည၉နာရီခန့် ဇော်ကြီး၏ လေးဘီးကားပြာလေးက ဝင်းတံခါးထိပ်မှာ ရပ်ထားတာကို တွေ့လိုက်ရသည်။ ''ထွန်းအောင် ကျော်..ထွန်းအောင်ကျော်''ဟု ဇော်ကြီးက လှမ်းခေါ်သည်။
''ဟေ့ကောင် ကြားတယ်ကွ၊ ငါ ဆင်းလာခဲ့မယ်။ ငါ နားပင်း မနေဘူး ကြုံးအော်မနေနဲ့''ဟု လှမ်းပြောရင်း အိမ်ရှေ့လှေကားမှ အောက်ထပ်သို့ ပြေးဆင်းလာခဲ့သည်။
ခြံတံခါးဖွင့်နေတုန်း ဇော်ကြီးက ''ကားထဲမှာ ပြောကြရအောင် ကွာ''ဟု ဆိုသည်။ ကျွန်တော် ဘာမှမပြောဘဲ ဝင်းတံခါးကိုဖွင့်ပြီး ထွက်လိုက်သည်။ တံခါးကို ပြန်ပိတ်ပြီးနောက် ကားထဲဝင်ထိုင်လိုက် တော့ ကုလားမ(ရဲမြင့်သိန်း)နှင့် ခွေးနက်(Kenneth)တို့ကိုပါ တွေ့ လိုက်ရသည်။ ကားပေါ်ရောက်ရောက်ချင်း ကျွန်တော်က ''ဟေ့ ကောင်တွေ မင်းတို့လာတာနဲ့ အတော်ပဲ၊ ဦးသန့်ဈာပနကိစ္စဟာ အတော်အရုပ်ဆိုးတယ်။ ငါတို့ တစ်ခုခုလုပ်မှဖြစ်မယ်''ဟု ပြောလိုက် သည့်အခါ ဇော်ကြီးက ''သိပ်မှန်တာပေါ့ကွာ၊ ဒါကြောင့် မင်းဆီကို ငါတို့လာခဲ့တာပဲ''ဟု ဝမ်းသာအားရပြောသည်။
ကျွန်တော်တို့တတွေသည် အလယ်တန်းကျောင်းသားများ ဘဝမှ စတင်ရင်းနှီးလာကြသည့် ငယ်သူငယ်ချင်းများ ဖြစ်သည်။ တစ်ဦးကိုတစ်ဦး အူချေးကအစ သိကြသည်။ အသက်ပေးယုံကြည် ကြသည့် သူငယ်ချင်းများဖြစ်သည်။ ထို့ကြောင့် ထောက်လှမ်းရေး သတင်းပေးများ ပြေါ<ွကယ်နေသော ရန်ကုန်မြို့တွင် ယခုလို ပြောဆို ရဲကြခြင်း ဖြစ်သည်။
ထိုညတွင်ပင် နောက်တစ်နေ့ သူငယ်ချင်းတစ်သိုက် ဦးသန့် ရုပ်အလောင်းရှိရာ ကျိုက္ကဆံကွင်းသို့ လွမ်းသူ့ပန်းခွေချရန် ကုလား မ(ရဲမြင့်သိန်း)အိမ်တွင် ညနေပိုင်းတွင် ဆုံကြရန်ပြောပြီး လမ်းခွဲခဲ့ ကြသည်။
ဒီဇင်ဘာ ၃ရက် ၁၉၇၄ ခုနှစ်
နံနက်စာစားပြီးကတည်းက ရဲမြင့်အိမ်သို့ ကျွန်တော်ထွက်ခဲ့ သည်။ ရဲမြင့်အိမ်အောက်တွင် အဆောင်ငှားထားသဖြင့် တက္ကသိုလ် ကျောင်းသူများကလည်း ကျွန်တော်တို့နှင့် ခင်မင်နေကြသည်။ ကျွန် တော်တို့က ဘွဲ့ရပြီးကျောင်းသားများ ဖြစ်ကြသဖြင့် အစ်ကိုကြီး များသဖွယ် ကျောင်းသူလေးများက လိုအပ်သော အကူအညီများကို တောင်းတတ်ကြသည်။
ရွှေတိဂုံဘုရားသွားချင်၍ အကူအညီတောင်းသည့်အခါ သူ တို့တစ်အုပ်လုံးကို ကျွန်တော်က ကားဖြင့်လိုက်ပို့ရသလို ပညာရေး နှင့်ပတ်သက်၍လည်း လိုအပ်သည်ကို မေးလာလျှင် ကူညီပြသပေး ရသည်။ ဦးသန့်အရေးကိစ္စကို ထိုညီမငယ်လေးများကလည်း မ ကျေနပ်ကြချေ။ သူတို့ကလည်း ကျွန်တော်တို့က လွမ်းသူ့ပန်းခွေချ မည်ဆိုသဖြင့် အပေါ်ထပ်သို့ စုပြုံတက်လာကြသည်။ သူတို့ အနေ နှင့် အစ်ကိုကြီးတို့လုပ်ရပ်ကို ထောက်ခံကြောင်း အသုဘချသည့် နေ့တွင်လည်း သူတို့ကိုယ်တိုင် လိုက်ပို့မည်ဖြစ်ကြောင်း အားတက် သရော ပြောကြသည်။ ရဲမြင့်၏ခြံသည် စီးပွားရေးတက္ကသိုလ်ရှေ့ တည့်တည့်လမ်းမကြီးမှ ဝင်သွားရသည့် ခြံဖြစ်ပြီး ရိုးမရိပ်သာဟု ခေါ်သည်။
ညနေပိုင်းတွင် ခေါ်တောညွန့်အေးက သူ့လေးဘီးကား နှင့် ပေါက်ချလာသည်။ ထို့နောက် ဇော်ကြီး၊ ခွေးနက်၊ ဇော်ဝင်း၊ အောင်ဒင်၊ မြင့်သိန်း စသည့်ဖြင့် စုစုပေါင်းသူငယ်ချင်း ခုနစ်ယောက် စုမိကြသည်။
ကျွန်တော်တို့အားလုံး အနက်ရောင် တိုက်ပုံအင်္ကျီ အနက်ရောင် ယောလုံချည်တို့ကို ဝတ်ဆင်ကြပြီး ပန်းခြင်းကို ညွန့်အေးက သွား ဝယ်သည်။ ¤င်းပန်းခြင်းတွင် စာတန်းကို ကျွန်တော်က ရေးသည်။ 'ဝမ်းနည်းထိုက်သည်ထက်ပို၍ ဝမ်းနည်းစွာဖြင့်' ကျောင်းသားတစ် စုဟု အမည်ထိုးသည်။ ထို့နောက် ကားနှစ်စီးဖြင့် ကျိုက္ကဆံကွင်းသို့ ချီတက်သွားကြသည်။ ညွန့်အေးနှင့်ကျွန်တော်က ပန်းခြင်းကိုကိုင် ပြီး ရှေ့မှထွက်သည်။ ကြက်ခြေနီလူငယ်များက အနက်ရောင်ဝတ် စုံဖြင့် ကျောင်းသားတစ်စု ပန်းခြင်းကိုင်၍ ချီတက်လာသည်ကို မြင်သဖြင့် 'ပန်းခြင်းလာတယ် ဘေးကိုဖယ်၊ ဘေးကိုဖယ်'ဟု အော် ဟစ်၍ လမ်းရှင်းပေးသည်။ ကျွန်တော်တို့တစ်စု မျက်နှာထားတင်း တင်းနှင့် ရှင်းထားသောလမ်းအတိုင်း လျှောက်သွားကြသည်။ အား လုံးမျက်နှာထားများ တင်းနေပြီး မျက်လုံးများက အရောင်တဖိတ်ဖိတ် တောက်နေကြသည်။ ကျွန်တော်ရေးသော စာတန်း၏ အဓိပ္ပာယ် မှာ ဦးသန့်ကဲ့သို့ပုဂ္ဂိုလ်မျိုး ဆုံးပါးသွားရ၍ အလွန်ဝမ်းနည်းမိသည်။ သို့သော် ထိုပုဂ္ဂိုလ်မျိုးကို အစိုးရမှ ဂုဏ်မပြုဘဲ လျစ်လျူရှုခြင်းသည် ကျွန်တော်တို့အားလုံးကို ပိုမို၍ဝမ်းနည်းကြေကွဲမှုကို ဖြစ်စေသည် ဆိုသည့် မကျေနပ်ချက်ကို ဖော်ပြထားခြင်းဖြစ်သည်။
ထို့နောက် ဦးသန့်အခေါင်းရှေ့တွင် ပန်းခြင်းကိုချပြီး ဦးညွှတ် အလေးပြုပြီးနောက် ခပ်သွက်သွက် ပြန်လည်ထွက်လာခဲ့ကြသည်။ ပန်းခြင်းချနေစဉ် ဖမ်းမလား၊ ပြန်အထွက်တွင် ဖမ်းမလားဟု စိုး ရိမ်နေကြသော်လည်း ချောချောမောမော အိမ်သို့ပြန်ရောက်လာ ခဲ့ကြသည်။ ထိုကဲ့သို့ အဖိနှိပ်ခံနေရသော တက္ကသိုလ်ကျောင်းသား များအတွက် ဤကိစ္စမျိုးသည် ရင်ခုန်စရာ စွန့်စားခန်းတစ်ခုနှင့် ကိုယ်ယုံကြည်သည်ကို လုပ်လိုက်ရ၍ ဂုဏ်ယူပီတိဖြစ်မှုတို့ကို တစ် ပြိုင်တည်း ခံစားနိုင်ခဲ့ကြသည်။ အားလုံး ရဲမြင့်အိမ်ပြန် ရောက် တော့ ည ၁၁နာရီခန့် ရှိပြီ။
ကျွန်တော်သည် ဘူမိဗေဒအဓိကဖြင့် ၁၉၇၄ခုနှစ်တွင် ဘွဲ့ ရပြီးနောက် ဘွဲ့လွန်တက်နေပြီး တစ်ဖက်မှလည်း နိုင်ငံခြားဘာ သာစာသင်သိပ္ပံတွင် ဂျပန်ဘာသာကို သင်ယူနေဆဲဖြစ်ပါသည်။ ဂျပန်ဆရာမ အီကုရာနီရှိဒေး(Ikura Neshide) သည် အလွန်ချစ် ဖွယ်ကောင်းပြီး သီချင်းဆိုလည်း အလွန်ကောင်းပါသည်။ ထို့ ကြောင့် ဂျပန်ဘာသာ ကျောင်းသူကျောင်းသားများအားလုံး သူ့ကို ချစ်ကြသည်။
ဒီဇင်ဘာ ၅ရက် နံနက်၉နာရီခန့် ကျွန်တော်၊ ရဲမြင့်သိန်းတို့ တစ်အုပ်၊ ရန်ကုန်ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်သို့ ရောက်ပါသည်။ တက္က သိုလ်ဝင်းထဲတွင် ကျောင်းသားများ ဟိုတစ်စုဒီတစ်စုနှင့် ရှိနေကြ ပါသည်။ ကျောင်းနေဖက်သူငယ်ချင်း ရန်ကုန်တိုင်း တာတိုချန်ပီယံ ဖိုးပိန်(ကျော်စွာ)က မိတ်ဆက်ပေးသဖြင့် ရန်ကင်းကျောင်းသား တစ်ဦးဖြစ်သူ ကိုပေါက်နှင့် သိခွင့်ရခဲ့သည်။ ထိုမှတဖန် မှတ်မှတ် ရရ ကိုပေါက်က ကျွန်တော့်အား အဓိပတိလမ်းပေါ်တွင် တင်မောင် ဦးနှင့် မိတ်ဆက်ပေးခဲ့ဖူးသည်။ ဒါက''ရာဘကြီး ကိုတင်မောင်ဦး''ဟု မိတ်ဆက်ပေးပြီး ကျွန်တော့်ကို ကိုထွန်း ကိုထွန်းအောင်ကျော်က နာမည်အပြည့်အစုံပေါ့ဟု ဆိုခဲ့သည်။
ယခုလည်း အဓိပတိလမ်းမပေါ်တွင် တင်မောင်ဦးနှင့် မချိန်း ထားဘဲ ဆုံတွေ့ကြပြန်သည်။ တင်မောင်ဦးက ကိုထွန်းနဲ့ ကိုရဲတို့ ပါလား။ ဒီအတိုင်းလွှတ်ထားလို့မရဘူးနော်''ဟု ဆိုသည်။ ကျွန် တော်ကျွဗှ့မှ ကျောင်းသားများ တစ်စုတစ်စည်းတည်းချီတက် ဖို့လိုကြောင်း၊ လူများလေ ကောင်းလေဖြစ်မည်ဟု ပြောသည်ကို ကိုတင်မောင်ဦးက သဘောတူပြီး ကျိုက္ကဆံကွင်း ဦးသန့်ရုပ်အလောင်း ထားရာအရှေ့ဘက်တွင် ပြန်လည်ဆုံစည်းကြမည်ဟု ပြောပါသည်။ ကိုတင်မောင်ဦးမှာ ကျွန်တော်နှင့်အရပ်မတိမ်းမယိမ်းရှိပြီး ကိုယ် လုံးကိုယ်ထည် တုတ်ခိုင်တောင့်တင်းသူတစ်ဦး ဖြစ်သည်။ သူ၏အေးစက်သောမျက်လုံးများက မိမိယုံကြည်ရာကို နောက်မဆုတ် တမ်းလုပ်မည့်သူတစ်ဦးဟု ဖော်ပြနေခဲ့ပါသည်။
သူ၏တုတ်ခိုင် သော လည်ပင်းနှင့် တင်းတင်းစေ့ထားသော နှုတ်ခမ်းများက ပြတ်သားသူတစ်ဦးဖြစ်ကြောင်း ထပ်ဆင့်ပြောကြားနေသကဲ့သို့ ရှိပါသည်။ ရဲမြင့်နှင့်ကျွန်တော်တို့ ကျောင်းဝင်းအတွင်း အခြေအနေ စောင့်ကြည့်၍ ကျောင်းသားများ အဓိပတိလမ်းမပေါ်တွင် တစ်စ တစ်စများပြားလာမှုကို တွေ့ရသည့်အခါ အားတက်လာကြပြီး တင်မောင်ဦးအား အခြေအနေကောင်းကြောင်း ပြောကြားသည့် အခါ သူက ''ကျွန်တော်လဲ အဆောင်နေကျောင်းသားတွေကို မနေ့ ထဲက လာဆွေးနွေးထားတယ်။ အားလုံးနီးပါးလိုက် လာကြလိမ့် မယ်''ဟု ဆိုပါသည်။ ရဲမြင့်အဆောင်မှ ကောင်မလေးများကလည်း ''အစ်ကို ညီမတို့သူငယ်ချင်းတွေကို ပြောပြီးပြီ သူတို့အဆောင်တွေ ကလဲ လိုက်ကြမယ်''ဟု လာရောက်သတင်းပေးသဖြင့် ကျွန်တော် တို့တတွေ စိတ်လှုပ်ရှားတက်ြ<ွကလာခဲ့ကြပါသည်။
(ဆက်လက်ဖော်ပြပါမည်)
#YangonMediaGroup #YangonTimesJournal #Story #UThant

Sunday, February 12, 2017

"ဟင်း ဟင်း ဟင်း "

ပြောစမ်းပရစေရှင်
****************
ကျမက ဗမာပြည်ထဲက ကျောင်းဆရာမရှင့်။ဗမာပြည်ထဲက အတွေ့အကြုံနဲ့ပဲပြောရမှာပေါ့။ကျမတို့က ဗမာပြည်ထဲက ကလေးတွေပဲသင်ရတာကိုး။
ရှင်ပြောသလိုဆို တိုးတက်ပြောင်းလဲလာမယ့် ပညာရေးဖြစ်ဖို့ နိုင်ငံတကာ စံချိန်စံညွှန်းမှီတဲ့ဆရာမတွေငှားရမယ်။ ဟုတ်စ။ရယ်ချင်လိုက်တာရှင်။ ရယ်ချင်လိုက်တာ။ဟား ဟားဟားလို့ရယ် ရင်မကောင်းတတ်လို့ "ဟင်း ဟင်း ဟင်း " လို့ မချိတင်ကဲရယ်လိုက်ဦးမယ်။
ရှင်တို့က အဲကွန်း ပန်ကာအောက်ကနေ နိုင်ငံတကာစံချိန်မှီ သင်ရိုးညွှန်း
တမ်းတွေရေးဆွဲံ နိုင်ငံတကာ စံချိန်မှီတဲ့ဆရာ ဆရာမတွေနဲ့ သင်ရင် မြန်မာ့ပညာရေးတိုးတက်လာမယ်လို့ထင်တာလား။
အခု မြန်မာ့ပညာရေးနိမ့်ကျတယ် နိမ့်ကျတယ်လို့
အော်နေတာက နိုင်ငံတကာက ပညာရေးကို မထိုးဖေါက်နိုင် မကျော်ဖြတ်နိုင်လို့ အော်နေတာမဟုတ်
ဘူးရှင့်။
ခုနှစ်တန်း ရှစ်တန်းအရွယ်ရောက်ပြီး စာမဖတ်တတ်လို့
ပြောနေကြတာ။ ဘွဲ့ရပြီး စာမတတ်လို့ပြောနေကြတာ။
နိုင်ငံခြားအဆင့်မီဖို့မပြောနဲ့စာဖတ်တတ်ဖို့ပဲ လုံးပမ်းနေရတာရှင့်။
ဒါဟာ ဆရာ ဆရာမတွေ သင်ကြားရေးညံ့လို့ လို့ထင်
မှာပေါ့။ ဆရာ ဆရာမတွေ အချောင်ခိုလို့ထင်မှာပေါ့။
ဒီလို ဆရာ ဆရာမမျိုးလုံးဝမရှိပါဘူးလို့ ကျမ မပြောဘူး။ ဆရာ ဆရာမလောကမှာလည်း စေတနာမပါ
ဝါသနာမပါ အနစ်နာမခံတတ်တဲ့သူ အချောင်ခိုတတ်
တဲ့သူ ရှိမှာပဲ။ ဒါဟာ "လူတင်ပါလို့ နွားကျားကိုက်တာ"
လို့ကျမယူဆတယ်။
ဒီလို ဆရာ ဆရာမမျိုးကိုလက်သင့်ခံတာ ဘယ်သူလဲ။ အချောင်ခိုတယ်ဆိုတာလဲ ခိုလို့ရတဲ့အခြေအနေမို့
ခိုတာ။တင်းကျပ်တဲ့စည်းကမ်းနဲ့ အကျင့်ပျက်ရင်လည်း အကျင့်ပျက်တဲ့အလျောက်အရေးယူရင် ဘယ်သူမှ
မရောင့်တက်ရဲဘူး။
ဒါပေမယ့် ဆရာ ဆရာမတွေအားလုံးကို ဖြုတ်ပြစ်ပြီး
အစကနေ ပြန်စရလောက်အောင် ဆရာဆရာမတွေက
ဆိုးရွားနေတာလည်းမဟုတ်ဘူး။ အကျင့်ပျက်နေတာလည်းမဟုတ်ဘူး။
ပြောရမယ်ဆိုရင် မအောင်မရှိစနစ်(၂၀၀၁ / ၂၀၃၀) နှစ်သုံးဆယ် စီမံကိန်းကြီးက စမှားတာ။ဖင်မနိုင်ပဲ ပဲကြီးဟင်းချို
သွားသောက်မိတော့ အရူးချီးပန်း ဗြဲလရန်းဖြစ်သွားတာ။
အထက်လူကြီးတွေ ပြောတယ်။" ဆရာမတို့ .,
တတ်အောင်သင်ပါ။ အောင် အောင်စစ်ပါ။ ပညာရေးစနစ်ဟာ သူများနိုင်ငံက ပညာရေးစနစ်ကို
မှီညမ်းအသုံးပြုတယ်ဆိုရင် အခြားနိုင်ငံလို "ဆရာမ
တစ်ယောက်ကို ကလေး ၂၀ ပဲတာဝန်ယူခိုင်းသလား"
"နောက်ပြီး အခြားနိုင်ငံလို သင်ကြားမှု ထောက်ကူပစ္စည်းတွေပံ့ပိုးပေးသလား" "အခြားနိုင်ငံက
ကျောင်းသားမိဘတွေလိုမျိုး ကိုယ့်နိုင်ငံကကျောင်းသား
မိဘတွေကရော ဆရာ ဆရာမနဲ့တွေ့ဆုံပြီး ကလေး
ရဲ့လိုအပ်ချက်တွေ ဆွေးနွေးသလား။ ကလေးကို အိမ်ကနေ ကူညီသင်ကြားပေးသလား။
အဘက်ဘက်က ဆင်းရဲနိမ့်ကျတဲ့နိုင်ငံမှာ ဒီကလေး
တွေ ကျောင်းကို မှန်မှန်လာနိုင်ရဲ့လား စဉ်းစားကြည့်စေချင်တယ်။ကျောင်းဖွင့်ရက်မှာ မိဘနဲ့အတူ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့
ကလေးတွေအများကြီး / ကျောင်းပျက်ရက်တွေများလို့ ဆရာ ဆရာမတွေ အိမ်တိုင်ယာရောက် လိုက်ခေါ်နေရတာတွေ အများကြီး/၅တန်း ၆ တန်းအရွယ်နဲ့ ဆေးလိပ်သောက် ကွမ်းစား ကော်ရှုနေတဲ့ကလေးတွေ/ ခုနှစ်တန်း ရှစ်တန်းနဲ့
ရိုက်မှု နှက်မှု ခိုးမှု တွေနဲ့ဆရာ ဆရာမတွေ ရဲစခန်းလိုက်ဖြေရှင်းရတာ တွေ သိစေချင်ပါတယ်။
ဒီကျောင်းသားမလိမ်မာလည်း ဆရာ ဆရာမကြောင့်...
ကျောင်းခဏခဏပျက်လို့စာမတတ်လည်း ဆရာ ဆရာမကြောင့် , အိမ်ကမိဘ ပံ့ပိုးမှုမရှိ "ကကြီးကို
ယပက်လက်"ကဖြစ်အောင်ရေးလာလည်း ဆရာ ဆရာ
မကြောင့် ... ဆရာ ဆရာမတွေဟာ ဆီသည်မရဲ့ လက်သုတ်ဝတ်လို ဖွတ်ဖွတ်ကို ကျေနေတော့တာပဲ။
တကယ်ဆို ဒီမအောင်မရှိစနစ်ကြောင့်လို့ တစ်ခွန်းမဟဘူး။အဘကြောက်ရ။ အဘိုးကြောက်ရနဲ့။
မအောင်မရှိပညာရေးစနစ်ဟာ အစကတည်းကမှား
နေတယ်။ စစ်အုပ်ချုပ်ရေးစနစ် အောက်မှာ ဆရာ ဆရာမတွေ ဟာ မှားတယ်မှန်တယ် ဘာတစ်ခုမှ မပြော
ရဲဘူး။ ဖြစ်တဲ့နည်းနဲ့ပြီးစလွယ် ဖြေရှင်းလိုက်ကြတယ်။
အဆိုးဆုံးက တစ်လကို သင်ခန်းစာ ဘယ်နှစ်ခု အပြတ်
သင်ရမယ်လို့ကန့်သတ်လိုက်တာပဲ။ စစ်ဆေးရေးကလည်း တစ်လစာကို့စ် ပြတ်မပြတ်ပဲစစ်
တယ်။ ကလေး စာတတ် မတတ်ကိုမစစ်ဘူး။အဲဒီတော့ ဆရာ ဆရာမတွေဟာ သင်ခန်းစာပြတ်ဖို့
ဝရမ်းသရူး သင်ရတယ်။ဒီကြားထဲ သင်ခန်းစာကမပြတ်ပါဘူးဆို သင်ကြားရေးနဲ့မဆိုင်တဲ့အလုပ်တွေက တစ်ခုပြီး တစ်ခုပေါ်လာတယ်။ သင်ရတဲ့ဆရာမကရူးခမန်းပဲ။(အဲဒါကြောင့် ဆရာမတွေက အတန်းထဲမှာ စာမသင်ဘူး။
ကျူရှင်ကျမှသင်တယ် အပြောခံရတာ။အဲဒီလောက် စိတ်ဓာတ်အောက်တန်းကျတဲ့ဆရာမရှိမယ်မထင်ပါဘူ)းဒါကိုလက်တွေ့သင်နေတဲ့ဆရာဆရာမတွေအကုန်သိတယ်။
အထက်ကို ဘယ်သူမှမတင်ပြရဲဘူး။တင်ပြလည်း အရေးတယူ လက်ခံပီးစဉ်းစားပေးမှာ မဟုတ်ဘူး။
ပြောင်းလဲချင်လွန်းလို့ ကျမတို့မှာ မဲပုံးကို အသက်
ပေးကာကွယ်ရ မဲမမှားအောင် မျက်တောင်မခတ်ရဲဘူး။
မအိပ်ငိုက်ရဲဘူး။ ဘာပြောင်းလဲ သလဲ။
ပညာရေး ဘာပြောင်းလဲသလဲ။
တစ်ကယ်ပြောင်းလဲချင်ရင် တစ်လစာတစ်လ သင်ခန်း
စာအပြတ်သင်ခိုင်းတာကိုပြင်။
အပိုအလုပ်တွေ ဘာမှမခိုင်းနဲ့။စာမေးပဲင်္ွခုနှစ်ကြိမ်မစစ်နဲ့။အဲဒီစာမေးပွဲ
ခုနှစ်ကြိမ်စစ်လည်း ကလေးတွေဟာ စာရတာမဟုတ်ဘူး။ ခိုးချပြီးဖြေနေကြတာ။စစ်လည်း
ငစစ်ပဲ။ ဆရာ ဆရာမတွေ အလုပ်ရှုတ်တာပဲ အဖတ်တင်တယ်။
ဒီတော့ ကျမပြောလိုက်မယ်။ ဒီက ဆရာ ဆရာမတွေ
အကုန်ဖြုတ် ပြီးနိုင်ငံတကာအဆင့်မီဆရာ တွေခေါ်သင်
လည်း မတတ်ပါဘူး။
မယုံရင် ဦးသိန်းတန်မေးကြည့်ပါ။
အန်ကယ်လ်ကတော့ No ပါကွယ်လို့ ပြောမှာသေချာ။
_____________credit:ရှင်နှောင်း____________

သတ္တိရှိရှိ၊ ယုံကြည်မှုရှိရှိဖြင့် လက်မှတ်ထိုးကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

သတ္တိရှိရှိ၊ ယုံကြည်မှုရှိရှိဖြင့် လက်မှတ်ထိုးကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
•By ဒီဗွီဘီ
• 12 February 2017

အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားတပ်ဖွဲ့တို့အနေနဲ့ သတ္တိရှိရှိ ယုံကြည်မှုရှိရှိနဲ့ လက်မှတ်ထိုးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ဒီနေ့ ကျင်းပပြုလုပ်တဲ့ နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။
“ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကို အထူးပဲမေတ္တာရပ်ခံချင်ပါတယ်။ သတ္တိရှိရှိ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာနဲ့ လက်မှတ်ထိုးလိုက်ပါ။ ကျမတို့ရဲ့ ၂၁ ရာစုပင်လုံထဲမှာ ပါဝင်လိုက်ကြပါ။ ကျမတို့ အားလုံးဟာ ပြည်သူပြည်သားအားလုံးဟာ ဒီပါဝင်မှုကြောင့် ဘယ်လောက် နှလုံးစိတ်ဝမ်းအေးချမ်းကြမလဲ၊ ဘယ်လောက်ကျေးဇူးတင်ကြမလဲ၊ ဘယ်လောက် ပီတိဖြစ်ကြမလဲဆိုတာကို စဉ်းစားကြပါ။”
နိုင်ငံတော်အဆင့်ပြုလုပ်တဲ့ ပင်လုံပြည်ထောင်စုနေ့အခမ်းအနားကို ပင်လုံစာချုပ်လက်မှတ်ထိုးတုန်းက ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားကိုယ်စားလှယ်များရဲ့ မိသားစုဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ရှမ်းပြည်တွင်း အခြေစိုက်တဲ့ အာစီအက်စ်အက်စ် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နဲ့ ပအို့တပ်ဖွဲ့တို့က ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ပရိသတ် ၁၆၀၀ ကျော် တက်ရောက်ခဲ့တာပါ။
ပြည်ထောင်စုနေ့အခမ်းအနား အစီအစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ၁၂ ဦးတို့ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို ထည့်သွင်းပြုလုပ်ခဲ့ပြီး ၁ နာရီခွဲလောင်ကြာတဲ့ စကားဝိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်ကိုကိုယ် ယုံကြည်မှုထားပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့ ထပ်မံတိုက်တွန်း ပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ကြည့်ပြီးမှ မကျေနပ်ရင်လည်း ထွက်သွားပါလို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေး ပြောကြားသွားပါတယ်။
“ပါလို့ရအောင် လုပ်ပေးပါဆို ကျမတို့ လုပ်ပေးနေပါတယ်။ ကျမတို့ဟာ လုံးဝ ဆွေးနွေးပွဲတံခါးကို မပိတ်ပါဘူး၊ ခုထက်ထိ တချိန်လုံးပဲ အန်စီအေကို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ရော၊ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ရော ဆက်တိုက်ဆက်တိုက် ဆွေးနွေးနေပါတယ်။ ကျမတို့က ဆွေးနွေးညှိနှိုင်းခြင်းကို လုံးဝအယုံအကြည် ရှိပါတယ်။ ဒီနည်းနဲ့သာလျင် ကျမတို့ကြားမှာ ရင်ကြားစေ့နိုင်မယ်၊ ဒီနည်းနဲ့သာလျင် ကျမတို့ ညီညွတ်မှု ရနိုင်မယ်ဆိုတာ ကျမတို့ လုံးဝ လုံးဝ လက်ခံထားပြီးသား ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကျမတို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတခု ထူထောင်ဖို့ ဆိုလို့ရှိရင် ကျမတို့ရဲ့ တိုင်းရင်းသားများဟာ ဒီ ညီလာခံထဲကို ပါဝင်လာရမယ်၊ ညီလာခံမှာ ကျမတို့ ဆွေးနွေးမယ်၊ ညီလာခံမှာ ဆွေးနွေးပြီးတော့ ဘယ်လို ပြည်ထောင်စုတခု ထူထောင်မလဲ ဆိုတာ အဲ့ဒါတွေကို ကျမတို့ သဘောတူညီမှု ယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမက ဘာဖြစ်လို့ ဒီ ညီလာခံမှာ မပါဝင်နိုင်ရတာလည်း၊ သတ္တိရှိရှိနဲ့ ပါဝင်လိုက်ပါ၊ ဆွေးနွေးလိုက်ပါ၊ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ညီလာခံထဲ ၀င်ဆွေးနွေး၊ မကျေနပ်လည်း ထွက်သွားပေါ့။”
http://burmese.dvb.no/archives/189002

Too little, or too much freedom

The Burmese students got support from Indian politicians like George Fernandes to set up Mizzima, a Burmese news service in exile. In 2003



The only hope for Burma may be that there is so much money to be made here that the transition will inevitably lead to political stability and reconciliation.




“Would I do it again? I can honestly tell you: No,”


Mizzima Trio Plans Expanded Burma Coverage

An ex-hijacker, a business mogul and a Burma media veteran will team up to lead a revamped Mizzima, a formerly exile news outlet once based in India that has moved operations into Burma and plans to expand its news coverage, the company’s founder and editor-in-chief said on Thursday.
Soe Myint, who in 1990 hijacked a Thai Airways plane flying from Bangkok to Rangoon in an act of protest against Burma’s former military regime, told The Irrawaddy that Mizzima Media Group (MMG) would be led by himself and two other shareholders.
“With two more partners, we will continue to focus on the quality of our media work while expanding it,” said Soe Myint, who was acquitted for the hijacking by an Indian court and went on to found Mizzima in New Delhi in 1998. “We have decided to do whatever media works available during the country’s reform process.”
Among the three MMG shareholders, Burmese business tycoon Thein Wai, better known as Serge Pun, will serve as a member of its Board of Directors. Sonny Swe, cofounder of English-language weekly newspaper The Myanmar Times, and Soe Myint will take the chief executive officer and editor-in-chief positions, respectively.
“We three will hold equal shares,” Sonny Swe said.
Serge Pun is founder of the multinational Serge Pun & Associates (SPA) Myanmar Limited, which he established in 1991. He set up Yoma Bank the following year. SPA Myanmar has since become a sprawling conglomerate of some 40 business enterprises with interests in financial services, manufacturing, technology, construction, real estate, the automotive industry and health care.
Sonny Swe is the son of former Military Intelligence (MI) officer Brig-Gen Thein Swe and held a majority share in The Myanmar Times until he was arrested during a purge of the MI by former junta supremo Snr-Gen Than Shwe in 2004. Tin Tun Oo, a media magnate with close connections to the junta, took over Sonny Swe’s Myanmar Times shares.
“I was imprisoned but still dreaming about media works,” said Sonny Swe. “I have tried to reintegrate with The Myanmar Times since my release but have not been successful for various reasons. Then, I was given an opportunity to join Mizzima, so I thought I couldn’t pass it up for any reason.”
Many challenges remain in Burma’s reform process, according to Soe Myint, but the former exile said he decided in 2011 that he would be part of the country’s increasingly open media scene.
“The new government relaxed restrictions on foreign media,” said the Mizzima editor-in-chief. “People inside Burma were able to directly access the websites of exile media groups such as The Irrawaddy, Mizzima and Democratic Voice of Burma [DVB]. They had to use proxy servers to visit them before. So, in late 2011, when private journals were allowed to publish, we decided that we would return and be based inside the country.”
Burma’s government has significantly eased once-severe restrictions on media as part of reforms in the country undertaken beginning in 2011. The country’s censorship board, to which all private journals were required to submit content prior to publication, was effectively shuttered in 2012 and on April 1 of this year, private dailies were allowed to print in Burma for the first time in decades.
Currently, two websites, a daily Burmese-language newspaper, an English-language business magazine, and weekly economic and sports programs are produced under the Mizzima umbrella. In the future, the MMG will reportedly focus on additional media ventures such as a weekly women’s TV program, a daily English-language newspaper and other TV programs.
When asked how much the shareholding trio has invested in the new MMG, Soe Myint declined to provide details, saying that was an internal matter and revealing only that the three men had “enough money to run the media group.”
“My dream to establish my own newspaper began in 1997 when I was responsible for the production of The Mandalay Daily Newspaper,” Sonny Swe said. “I want to push for digital media because it is now more popular than print at the international level. I will put special effort into this. Since we have established a multimedia news group, I will also prioritize FM radio channels and TV broadcasting.”
Source: Mizzima News Myanmar
NB: The best way to find information on this website is to key in your search terms into the Search Box in the top right corner of this web page. E.g. of search terms would be “property research report”, ”condominium law”, "Dagon City", “MOGE”, “yangon stock exchange”,"MECTEL", "hydropower", etc.

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မိဘကောင်းဆိုတာ

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မိဘကောင်းဆိုတာ
##########################
မိဘကောင်းများဟာ ပစ္စုပ္ပန်ကိုဘဲမကြည့်ပါဘူး။
အနာဂတ်ကိုပါကြည့်ပါတယ်။မိဘကောင်းများဆိုတာဟာ မိမိတို့အသက်ရှင်စဉ် မိမိတို့ နေထိုင်စဉ်ကာလအတွက်ပဲ ကြည့်တာမဟုတ်ပါဘူး။မိမိတို့မျက်စိကွယ်သွားတဲ့အချိန်မှာ မျက်လုံးတွေမှိတ်သွားတဲ့အချိန်မှာ လွန်သွားတဲ့အချိန်မှာ ထားဖြစ်ခဲ့ရမယ့် အမွှေအနှစ်တွေကို အဓိက ထားပြီးတော့
ကြည့်တာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အမျှော်အမြင်ရှိတဲ့မိဘများ တကယ့်ကို
သားသမီးတွေပေါ်မှာစေတနာထားတဲ့မိဘများဟာ သားသမီးတွေရဲ့ ရှေ့ရေးအတွက် တွက်ပြီးတော့
ရှေ့ရေးအတွက် ကောင်းစေမယ့် ကိစ္စတွေ ဥပမာအားဖြင့် ကျန်းမာရေးကောင်းစေဖို့ ပညာရေးထက်မြတ်စေဖို့
သွန်သင်ဆုံးမတယ်။ တက်နိုင်သမျှ ပံ့ပိုးသွားတယ်။ အမျှော်အမြင်နည်းတဲ့မိဘများကတော့ သားသမီးများကို ရုပ်ပိုင်းဆိုင်ရာ အပြည့်အဝပေးနိုင်သလောက်ပေးပြီးတော့ အလိုလိုက်တဲ့နည်းနဲ့ ချည်းကပ်ကြတယ်။ဒီလို အလို
လိုက်တာဟာ သားသမီးတွေအတွက်လား ကိုယ့်အတွက်
လားဆိုတာ စဉ်းစားရမယ်။ တချို့မိဘများက သားသမီး
များကို အလိုလိုက်တယ်ဆိုတာ သားသမီးများကို
ချစ်လို့လား ကိုယ့်ကိုယ်သားသမီးများက ချစ်စေချင်လို့
လားဆိုတာကိုကျမတို့သေသေချာချာစဉ်းစားရပါမယ်။ဒီ
အတိုင်းပဲ ကျမတို့နိုင်ငံအကျိုးအတွက်လုပ်တဲ့အခါမှာ ကျမတို့ကိုပြည်သူပြည်သားတွေက ချစ်စေချင်လို့ ထောက်ခံစေချင်လို့ လုပ်နေတာလား ကျမတို့က ပြည်သူ
ပြည်သားတွေကိုချစ်လို့ ပြည်သူပြည်သားတွေရဲ့
အနာဂတ်ကောင်းစေချင်လို့လုပ်နေတာလားဆိုတာ အားလုံးရဲရဲဝံ့ဝံ့နဲ့ ကိုယ့်ကိုယ်ကိုယ်သုံးသပ်ဖို့လိုပါတယ်။
တစ်ခါတစ်လေ နိုင်ငံသူ နိုင်ငံသားများရဲ့ ရေရှည်
အကျိုးအတွက် ကျမတို့နောင်လာမယ့် မျိုးဆက်တွေရဲ့ အကျိုးအတွက်ကိုယ့်ပေါ်မှာလက်ရှိပြည်သူတွေရဲ့
ကျေနပ်မှုကိုလည်း စွန့်လွတ်သင့်ရင် စွန့်လွှတ်ရတာပဲ။
ဥပမာအားဖြင့် ကျောင်းနေအရွယ်ကလေး ကျောင်းမ
သွားချင်တဲ့ကလေး မိဘကနေပြီးတော့ ကြိမ်းမောင်း
ပြီးတော့ အတင်းအကြပ်ကျောင်းသွားခိုင်းတဲ့ အခါမှာ ကလေးကမိဘပေါ်မှာ ငြိုငြင်ရင်တော့ငြိုငြင်မှာပေါ့။
ငါ့ အဖေ အမေက ငါ့ကို မချစ်ဘူး ငါ အိမ်မှာဆော့
နေချင်တာကိုအတင်းကျောင်းသွားခိုင်းတယ်ဆိုပြီး
စိတ်ထဲရှိမှာပေါ့။ဒါပေမယ့် ဒီလိုကလေးက ငြိုငြင်တာကို
မခံချင်လို့ ကျောင်းမသွားပါနဲ့ဆိုပြီးအိမ်မှာထားတဲ့
မိဘဟာ သားသမီးကို ချစ်တာမဟုတ်၊ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တာ။ကိုယ့်ကိုယ်သားသမီးကချစ်စေချင်တာ။
ကျမတို့ဟာ ပြည်သူပြည်သားများရဲ့မေတ္တာကို အင်မတန်
မှတန်ဖိုးထားပါတယ်။ပြည်သူပြည်သားများရဲ့ မေတ္တာကို
ရယူချင်ပါတယ်လိုချင်ပါတယ်။ပြည်သူပြည်သားတွေကို အားကိုးပြီးတော့ အနှစ်သုံးဆယ်ကြာ နိုင်ငံရေးလုပ်ခဲ့တာ
ဖြစ်ပါတယ်။ဒါပေမယ့်လည်း ကျမတို့ဟာပြည်သူပြည်သား
တွေကို ထိခိုက်စေတဲ့နည်းနဲ့တော့ ထောက်ခံမှုကိုဘယ်တော့
မှရယူမှာမဟုတ်ပါဘူး။ဒီလိုထောက်ခံမှုလည်းမလိုချင်
ပါဘူး။ကျမတို့ကို ငြိုငြင်ရင်ငြိုငြင်ပါစေ တကယ်ပဲ နိုင်ငံကောင်းကျိုးအတွက် လုပ်သင့်တယ်ဆိုရင် ကျမတို့
လုပ်ရပါမယ်။
နိုင်ငံ​တာ်၏ အတိုင်​ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်
၁၂. ၂ . ၂၀၁၇
ပင်လုံ

Saturday, February 11, 2017

ISIS စစ်သွေးကြွေ ၁၀၀ ကျော်ကို သတ်ခဲ့တာကြောင့် ဆုကြေးငွေ ဒေါ်လာ ၁သန်း ထုတ်ခံရတဲ့မိန်းကလေး



Joanna Palani ဟာ ဒိန်းမတ်က နိုင်ငံရေးကျောင်းသူတစ်ဦးဖြစ်ပါတယ်။ ယခု သူမကိုသတ်ဖြတ်ခဲ့ရင်ဒေါ်လာ ၁သန်းရမယ်လို့ ဆုကြေးအထုတ်ခံရပါတယ်။ အကြောင်းကတော့ သူမဟာ ISISစစ်သွေးကြွ ၁၀၀ကျော်ကို သတ်ဖြတ်ခဲ့လို့ပါပဲ ။ သူမဟာ အီရတ် နဲ ဆီးရီးယားမှာ ကာဒစ်ခ်ျတို့နဲ့ အတူလက်တွဲကာ Isis တွေကို တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။

Joanna ဟာ အီရန်-ကာဒစ်ခ်ျ မျိုးရိုးက ဆင်းသက်လာခဲ့သူဖြစ်ပြီး အီရတ် ဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ အသက် ၉ နှစ် မှာ သေနတ်စတင်ပစ်တတ်ခဲ့သူဖြစ်ပြီး ဆယ်ကျော်သက်အရွယ်မှာ တိုက်ခိုက်ရေးကို ကျွမ်းကျင်ခဲ့ပါတယ်။ လက်ရှိမှာလည်း အသက် ၂၃နှစ် သာ ရှိပါသေးတယ်။ ဆီးရီးယားစစ်ပွဲတွေစတော့ သူဟာ ဒိန်းမတ် ကိုဗင်ဟေဂင်ကောလိပ်ကနေထွက်ပြီး စစ်ပွဲတွေရှိရာကို သွားခဲ့ပါတယ်။ မျိုးချစ်စိတ်ပြင်းထန်သူ သူမဟာ အစိုးရကို ကူညီဖို့အတွက် ဒီလိုလုပ်ခဲ့ခြင်းဖြစ်တယ် လို့ သူမက ဆိုပါတယ်။ သူမဟာ တူရကီနယ်စပ်က Kobane မှာ ကာဒစ်ခ်ျတွေနဲ့ လက်တွဲကာ ISIS တွေကို တိုက်ခိုက်ခဲ့ပါတယ်။  Sniper သမားဖြစ်သူ သူမဟာ ISIS ၁၀၀ကျော်လောက်ကို သတ်ဖြတ်ခဲ့ပြီးပြီလို့ဆိုပါတယ်။ လိင်ကျွန်အဖြစ်ဖမ်းဆီးခံနေရတဲ့ Yazidi မိန်းကလေးတွေကိုလည်း ကယ်ဆယ်ခဲ့ပါသေးတယ်။


သူမဟာ ဒိန်းမတ်မှာကြီးပြင်းခဲ့ရတဲ့အတွက် ဒိန်းမတ်လူမျိုးတွေရဲ့ အေးချမ်းတိုးတက်မှုကို သဘောကျကြောင်း မိမိနိုင်ငံကိုလည်း ဒီလိုမျိုးဖြစ်စေချင်တာကြောင့် နိုင်ငံကို ဒုက္ခပေးနေ သူတွေကို တိုက်ခိုက်ခဲ့တာပါ လို့ ဆိုပါတယ်။ တိုက်ခိုက်ခဲ့ပြီး ဒိန်းမတ်ကိုပြန်လာတဲ့အခါမှာ ခွင့်ပြုချက်မရပဲ လှုပ်ရှားခဲ့မှုတွေကြောင့် သူမဟာ ဒိန်းမတ်ဥပဒေတွေကို ချိုးဖောက်သလိုဖြစ်ခဲ့ပါတယ်။ ခတ္တအထိမ်းသိမ်းခံခဲ့ရသလို သူမရဲ့ ပတ်စ်ပို့လည်း အသိမ်းခံခဲ့ရပါတယ်။ ယခုအချိန်မှာတော့ သူမဟာ နေရာအမျိုးမျိုးပြောင်းကာ လျို့ဝှက်နေထိုင်နေပါတယ်။ သူမကို ပြန်လည်လက်စားခြေမှာကို ကြောက်ရွံ့တဲ့အတွက်ကြောင့်ပါ။
" ဥပဒေတွေကို ချိုးဖောက်မိခဲ့တဲ့အတွက် ကျွန်မစိတ်မကောင်းပါဘူး။ ဒါပေမယ့် ကျွန်မရဲ့စိတ်မှာ ရွေးချယ်စရာ မရှိခဲ့လို့ ဒီလိုလုပ်ခဲ့တာပါ။ ကျွန်မတို့ရဲ့ လွတ်မြောက်မှု လုံခြုံမှုတွေရဖို့ ဒီလိုစွန့်စားတိုက်ခိုက်ခဲ့တဲ့အတွက် အခွင့်အရေးတွေအားလုံးဆုံးရှုံးသွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး" လို့ သူမက ဆိုပါတယ်။





Thursday, February 9, 2017

ကြိုးမဲ့မဟာဓါတ်အားလှိုင်းနှင့် အညာ ခံနေရဆဲ တနင်္သာရီ

ကြိုးမဲ့မဟာဓါတ်အားလှိုင်းနှင့် အညာ ခံနေရဆဲ တနင်္သာရီ
၁။ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု စနစ်ဖြင့်သွားမည်ဆိုပါက တနင်္သာရီတိုင်း အတွက် အဓိကလိုလားချက်များထဲမှ တစ်ခုမှာ ပြည်မနည်းတူ လျှပ်စစ်တစ်ယူနစ်(၃၅)ကျပ်ဖြင့် ရရှိရေးပင်ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးသည် ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် နိုင်ငံတော်လျှပ်စစ်ကို လုံးဝမရရှိသေးသော တစ်ခုတည်းသော ဒေသဖြစ်သည်။
၂။ ပထဝီအနေအထားအရ မြောက်ဘက်ပိုင်းမှ လာသော လျှပ်စစ်ကို တောင်ဘက်အစွန်ဆုံး တနင်္သာရီဒေသသို့ ပို့လွှတ်ရန်အခက်အခဲ ရှိနေဆဲဆိုသည်ကို နားလည်သဘောပေါက် ကြပါသည်။
တနင်္သာရီတိုင်းသို့ မဟာဓာတ်အားလိုင်း ရောက်လာမည့် အချိန်ကို ထိုင်စောင့်မနေဘဲ လျှပ်စစ်ကဏ္ဌအတွက် အစားထိုးပံ့ပိုးမှုကို မျှော်လင့်နေကြပါသည်။
၃။ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးအသုံးပြုမည့် လျှပ်စစ်ထုတ်ရန်အတွက် တနင်္သာရီကမ်းလွန်ဒေသမှ သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်းများစွာကို နေ့စဉ်ပို့လွှတ်ပေးနေသည်။ သို့သော် ထားဝယ်ခရိုင် ဓာတ်အားပေးရန် အသုံးပြုနေသော တစ်နေ့ကုဗပေ (၁)သန်းခန့်ကိုမူ ကမ္ဘာ့ပေါက်ဈေးထက်ပိုသောဈေးဖြင့် (ဒေသမီးသုံးသူများက) ဝယ်ယူအသုံးပြုနေရဆဲ ဖြစ်ပါသည်။
၎။ တနသာင်္ရီတိုင်း မှထွက်ရှိသော သဘာဝဓာတ်ငွေ့ကို ဒေသခံပြည်သူများ အသုံးပြုခွင့်ရရန် ကံပေါက်ဒေသတွင် ကား/မီးဖိုချောင်သုံး ဂက်စ်station တစ်ခု ဖွင့်လှစ် ရောင်းချပေးမည့် နေ့တစ်နေ့ကို မျှော်လင့်စောင့်စား နေကြပါသည်။
၅။တနသာင်္တိုင်းဒေသကြီး တိုးတက်ခြင်း/မတိုးတက်ခြင်းသည် ထားဝယ်အထူးစီးပွားရေးဇုန် (Special Economic Zone-SEZ)နှင့် မြိတ်စက်မှုဇုန် အကောင်အထည်ဖေါ်နိုင်ခြင်း ရှိ/မရှိအပေါ်တွင် အဓိကမူတည်နေသည်။
စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းဖြစ်လာဖို့ရာ လျှပ်စစ်ဓာတ်အား ဈေးပေါပေါနှင့် မဂ္ဂါဝပ်များများ ရရှိဖို့ အဓိကလိုအပ်သည်။ (Dawei SEZ အတွက် လျှပ်စစ်မရှိပါက ထိုင်းတောင်ပိုင်း KRA တူးမြောင်းဖောက်ရန် တွန်းပို့သကဲ့သို့ ဖြစ်သွားနိုင်သည်)
၆။ SEZ နှင့် စက်မှုဇုန်များအတွက် လျှပ်စစ်ကို နည်းလမ်း နှစ်သွယ်ဖြင့် ရရှိနိုင်သည်။
(ပ)မဟာဓာတ်အားလိုင်းမှ ဓာတ်အားကို စောင့်မျှော်ရယူ ခြင်း၊
(ဒု)ဒေသအတွင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးတစ်ရုံ တည်ဆောက်အသုံးပြုခြင်း တို့ဖြစ်သည်။
၇။ ပထမနည်းဖြစ်သော မဟာဓာတ်အားလိုင်းကို အားကိုးစောင့်မျှော်မည်ဆိုပါက ၁၀ နှစ်ကျော် ကြာသွားနိုင်သည်။ အကြောင်းမှာ...
(က) မြန်မာပြည် အလယ်ပိုင်းနှင့် အထက်ပိုင်းမှာပင်လျှင် ဓာတ်အားမလုံလောက်ခြင်း၊
(ခ)၁၅ နှစ်ကျော်သက်တမ်းရှိလာပြီဖြစ်သော ဓာတ်ငွေ့တွင်းများ ထုတ်လုပ်မှုကျဆင်းလာခြင်း၊
(ဂ) မော်လမြိုင်အထိရောက်နေသော ၂၃၀ ကေဗွီလိုင်းကို မိုင် ၄၀၀ အကွာအဝေးရှိ မြိတ်မြို့အထိ ဆက်ဆွဲ၍မရခြင်း တို့ကြောင့်ပင်ဖြစ်သည်။
၈။ ပထမနည်းမှာ မျှော်လင့်ချက် နည်းသည့်အတွက် ဒုတိယနည်းဖြစ်သော ဒေသအတွင်း လျှပ်စစ်စက်ရုံတည်ဆောက် အသုံးပြုရန် မလွဲမသွေ လိုအပ်ပေသည်။ သို့ဖြစ်ရာ ထားဝယ်ခရိုင်/မြိတ်ခရိုင်/မြို့နှစ်မြို့အကြား တစ်နေရာရာတွင် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရပေမည်။ လျှပ်စစ်ထုတ်လုပ်မည့် နည်းလမ်းကိုမူ ပွင့်လင်းမြင်သာစွာချပြ၍ ဆက်လက်ဆွေးနွေးရပေမည်။ မြန်မာပြည်၏ ထက်၊အောက်၊ရှေ့၊နောက် ဒေသအစုံတွင် နည်းလမ်းအစုံ( Generation Mix)ဖြင့် ဓာတ်အား ထုတ်လုပ်နိုင်မှ စက်မှုနိုင်ငံသို့ ဦးတည်နိုင်မည် ဖြစ်ပါသည်။
၉။ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုဆီ မသွားမီ တနင်္သာရီတိုင်းတွင် ဓာတ်အားခအနည်းငယ် လျှော့ကျလာအောင် လုပ်ဆောင်နိုင်သော နည်းလမ်းတစ်ခု ရှိပါသည်။ ထိုသို့လျှော့ချနိုင်အောင် ထားဝယ်ခရိုင်မီးလင်းရေးအတွက် အသုံးပြုနေသော တစ်လ,ဂက်စ်ကုဗပေသန်း(၃၀)ဖိုးငွေ ကျပ်သိန်းပေါင်း(၂၈၀၀) ခန့်ကို အခမဲ့အဖြစ် သတ်မှတ်ပေးရပါမည်။
၁၀။ ၂၀၁၄ သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်း ဒေသကြီး အိမ်ထောင်စုပေါင်း (၂၈၀,၀၀၀)ခန့်ရှိရာ ဂက်စ်ဖိုးငွေ (၂၈၀,၀၀၀,၀၀၀)ကို တစ်အိမ်ထောင်လျှင် လျှပ်စစ် (၁၀၀၀)ကျပ်ဖိုးစီ ခံစား၍ရနိုင်သည်။ တစ်နည်းအားဖြင့် မီတာတစ်လုံးအတွက် တစ်ယူနစ် ၁၀၀ ကျပ်နှုန်းဖြင့် ၁၀ ယူနစ်အထိ ကျခံပေးနိုင်သည်။သို့ဆိုလျှင် တစ်ယူနစ် ၃၂၀ ကျပ်နှုန်းပေးသုံးနေရသော မိသားစုတစ်စုအတွက် ၁၀ ယူနစ်အထိ ၂၂၀ ကျပ်နှုန်းဖြင့် သုံးခွင့်ရသွားမည် ဖြစ်သည်။ရံပုံငွေရရှိမှု အပေါ်တွင်မူတည်၍ ဌာနမီတာ ရှိသူများကို ၂၀ ယူနစ်အထိ ကျခံပေးနိုင်သည်။
၁၁။ လက်ရှိ နိုင်ငံတော်လျှပ်စစ် တစ်ယူနစ် ထုတ်လုပ်မှုစရိတ်မှာ ပျမ်းမျှ ၉၃ ကျပ်ဖြစ်ပြီး ပျမ်းမျှပြန်ရောင်းဈေးမှာ ၇၁ ကျပ်သာရှိသဖြင့် တစ်ယူနစ် ၂၂ ကျပ်အရှုံးပေါ်နေဆဲဖြစ်သည်။ (ဒီမိုကရေစီအမြင်ဖြင့် ကြည့်ပါက) နိုင်ငံတော်လျှပ်စစ်ကို ၃၅ ကျပ်နှုန်းဖြင့် ခံစားနေရသော ပြည်သူ ၃၅% ခန့်မှာ အသာစီးရနေပြီး ၊ကျန်ပြည်သူ ၆၅% မှာ နစ်နာနေပါသည်။ ထိုမညီမျှမှုကို ကုစားနိုင်ရန်အတွက် ဓာတ်အားခကောက်ခံသည့်စံနစ် ပြောင်းလဲလိုက်ရုံဖြင့် ဖယ်ဒရယ်ခြေလှမ်းတစ်ခု စလှမ်းသကဲ့သို့ဖြစ်သွားမည်။
၁၂။ ပြောင်းလဲသင့်သော ဓာတ်အားခဈေးနှုန်းပုံစံမှာ
(က)၀ မှ ၅၀ ယူနစ်အထိ ...၂၅ ကျပ်နှုန်း
(ခ) ၅၀ ယူနစ်အထက်........၁၀၀ ကျပ်နှုန်း။
အကျိုးကျေးဇူးအနေဖြင့် ၅၀ ယူနစ်အောက်သုံးသည့် သာမန်မိသားစုများအတွက် ပိုသက်သာလာပြီး၊ ချမ်းသာသူများထံမှ တန်ရာတန်ကြေး ပြန်ရရှိလာပါမည်။ ၅၀ ယူနစ်ထက်မကျော်အောင် လျှော့သုံးခြင်း၊ ၅၀ယူနစ်ကျော်လျှင် ၁၀၀ ကျပ်ဖြစ်သွားခြင်းတို့ကြောင့် ချွေတာသုံးကြမည်ဖြစ်ရာ လျှပ်စစ်ပိုလျှံလာနိုင်သည်။
၁၃။ ပြီးခဲ့သည့်နှစ်က ဖုန်းပြောခအခွန် ၅% စတင်ကောက်ခံပြီး ပညာရေးနှင့် ကျန်းမာရေးတွင် တိုက်ရိုက်အသုံးပြုသည့် သာဓကရှိပါသည်။ လက်ရှိဓာတ်အားခ တစ်ယူနစ် ၃၅ ကျပ်မှ ၁၀၀ ကျပ်သို့ တိုးကောက်၍ အပိုရရှိလာသော ငွေအားလုံးကို ကျေးလက်မီးလင်းရေးအတွက် တိုက်ရိုက် အသုံးပြုမည့်အကြောင်း ကြိုတင်ကြေငြာထား သင့်ပါသည်။
(ဆွေးနွေးတင်ပြသူ)
ဒေါက်တာဝင်းထိန်
ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီ
တနင်္သာရီတိုင်းဒေသကြီး
(ဒေါက်တာဝင်းထိန်၏ စာတမ်းကိုကူးယူဖေါ်ပြချက်)့

Wednesday, February 8, 2017

ဦးကိုနီအမှု ဆက်စပ်သံသယရှိသူ ၅၀ကျော် ဖမ်းဆီးစစ်ဆေးနေကြောင်း

ဇန်နဝါရီလ ၂၉ရက်နေ့ အများပြည်သူမြင်ကွင်းရှေ့တွင် သေနတ်နှင့် လုပ်ကြံခံခဲ့ရသည့် ဦးကိုနီအမှု ဆက်စပ်သံသယရှိသူ ၅၀ကျော် ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယင်းသတင်းကို သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အတည်မပြုနိုင်ကြောင်း ဖေဖော်ဝါရီလ ၇ ရက်နေ့ ဖြေကြားခဲ့သည်။ 
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသေဆုံးသည့်အမှုကို မြန်မာ့တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့ဖွဲ့စည်းပြီး ဆက်စပ်သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေဆဲ ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သေးသည်။ 
 
ဦးကိုနီ သေနတ်နှင့် လုပ်ကြံသတ်ဖြတ်သူ ကြည်လင်းကို ဖေဖော်ဝါရီလ ၂၉ရက်နေ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံ အောင်ဝင်းဇော်ကိုလည်း ဖြစ်ပွားချိန်မှ ၁၂နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်။ 
ယင်းအမှုနှင့် ဆက်စပ်ပြီး နောက်ဆက်တွဲအနေဖြင့် သံသယရှိသူများ၊ အမှုဖြစ်အောင်ကျူးလွန်ခဲ့သူများ၊ ဒီလို ပြစ်မှုမျိုးကျူးလွန်အောင် လုပ်ခဲ့တဲ့ နောက်ကွယ်က လူများနဲ့ ပံ့ပိုးကူညီသူ မျိုးစုံကို စိစစ်နေကြောင်း တစ်ချို့ ဖမ်းဆီး ထိန်းသိမ်းစစ်ဆေးမေးမြန်းနေတာတွေ ရှိကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။ 
 
ဦးကိုနီအမှုကို သတင်းမထုတ်ပြန်သေးခြင်းနှင့် ပတ်သက်ပြီးလည်း ၎င်းက သတင်းအချက်လက်များကို ပွင့်လင်းမြင်သာစွာ အကုန်လုံးထုတ်ပြန်လိုက်ရင် နောက်ဆက်တွဲ ဆက်စပ်နေတဲ့ ကွင်းဆက်များနှင့် အဓိက သက်သေပစ္စည်းများ ပျောက်သွားမည် စိုးရိမ်ခြင်းကြောင့် မထုတ်ပြန်သေးခြင်း ဖြစ်ကြောင်း ဖြေကြားခဲ့သေးသည်။
 
ဒုတိယ တရားခံ အောင်ဝင်းဇော်မှာ တပ်မတော်အရာရှိဟောင်း တစ်ယောက်ဖြစ်ပြီး စစ်စည်းကမ်းဖောက်ဖျက်တဲ့ ပြစ်ချက်နှင့် တပ်မတော်မှ ထုတ်ပယ်ခံရသူ ဖြစ်သည်။ ၂၀၀၃ခုနှစ် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များကို နိုင်ငံခြားသို့ တရားမဝင် ခိုးထုတ်မှုနဲ့ မန္တလေး အိုးဘိုထောင်မှာ နှစ်ရှည် ထောင်ကျခံခဲ့ဖူးသည်။ 
 
လွန်ခဲ့သည့် ၂နှစ်ကျော် အချိန်က ထောင်မှ ပြန်လွတ်ပြီး ရန်ကုန်၊ သာကေတမြို့နယ် ၁ရပ်ကွက် ထူပါရုံ အရှေ့ ၁၆လမ်း အိမ်အမှတ် ၁၂၅၉မှာ ရှိတဲ့ လုံးချင်းနှစ်ထပ်တိုက်မှာ သူ့မိသားစုနဲ့ လာရောက်နေထိုင်ကြောင်း သိရသည်။
အတည်ပြုချက် မရရှိသော သတင်းများအရ အောင်ဝင်းဇော်မှာ တပ်မတော်တာဝန် ထမ်းဆောင်နေချိန်တွင် မိန်းမရှုပ်သူ တစ်ဦး ဖြစ်ပြီး လက်ရှိ ဇနီးမယားအပြင် မယားငယ်တစ်ဦး ရှိနေခဲ့ပြီး ယင်းမယားငယ်တစ်ဦးနှင့် တရားဝင်လက်ထပ်ထိမ်းမြှားရန် လုပ်ဆောင်နေဆဲ ဖြစ်ချိန် မယားကြီး၏ မကျေနပ် တိုင်ကြားမှုကြောင့် တပ်မှ စုံစမ်းစစ်ဆေး အရေးယူရာ အောင်ဝင်းဇော်မှာ ဘိန်းမှုနှင့် ကျောက်စိမ်းမှုတွဲကြီး ထပ်မံ ပေါ်ပေါက်လာခဲ့ကြောင်း ကြားသိရသည်။ 
 
ထို့အပြင် ဦးကိုနီ အမှုနှင့် ဆက်စပ်ဖမ်းမိချိန်တွင် အောင်ဝင်းဇော် ညီမဖြစ်သူအိမ်ကို ရဲများဝင်ရောက် ရှာဖွေခဲ့ရာ နောက်ထပ် ဘိန်းမှောင်ခိုနှင့် ကျောက်စိမ်း မှောင်ခိုများ ထပ်မံပေါ်ပေါ်လာခဲ့သေးသည်။
ဘိန်းမှောင်ခိုမှုနှင့် ကျောက်စိမ်းအမှုများ ထပ်မံပေါ်ပေါက်ခဲ့ပြီး နောက်ဆက်တွဲ အနေဖြင့် တပ်မတော်ထိပ်တန်းအရာရှိများနှင့် ဆက်စပ်ပတ်သက်နေမှုများ ရှိနေခြင်းများ အပေါ် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို မေးမြန်းရာ ဖြေကြားမရသေးကြောင်း ပြောကြားခဲ့သည်။ 
 
လက်ရှိတွင် ဦးကိုနီအမှုကို တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းပြီး လိုအပ်သလို ဖမ်းဆီးစစ်ဆေးထိန်းသိမ်းမေးမြန်းခြင်းများ လုပ်ဆောင်လျှက် ရှိနေပြီး သတင်းမထုတ်ပြန်ပေးခြင်းကိုလည်း ပြည်သူလူထုအနေဖြင့် နားလည်ပေးရန် မေတ္တာရပ်ခံထားသည်။ 
 
Credit:Friday Times News Journal

Monday, February 6, 2017

ဆရာဦးကိုနီကိုဘာရည်ရွယ်ချက်နဲ့သတ်သလဲ။

ဆရာဦးကိုနီကိုဘာရည်ရွယ်ချက်နဲ့သတ်သလဲ။
လှကျော်ဇော။၂-၂-၂၀၁၇။ (လွတ်လပ်စွာ ဖြန့်ဝေနိုင်ပါသည်)
၂၉-၁-၂၀၁၇ရက်နေ့ကဆရာဦးကိုနီသေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံရကြောင်းကြားကြားချင်း-ကျွန်မ”ဆရာဦးကိုနီကိုဘယ်သူသတ်သလဲ။”ဆိုတဲ့ဆောင်းပါးရေးပြီး ၃၀-၁-၂၀၁၇နေ့မှာ မိုးမခမှာတင်လိုက်ပါတယ်။
စိတ်လှုပ်ရှားမှု စိတ်လောမှုတွေနဲ့ရေးတဲ့အတွက်မပြည့်မစုံဖြစ်သွားပါတယ်။ တခါ-၃၁-၁-၂၀၁၇ ရက်နေ့မှာ ကျွန်မကိုသတင်းဌာနတခုက ဒီကိစ္စနဲ့ပတ်သက်ပြီး လှမ်းမေးမြန်းတာတွေကို ကျွန်မဖြေလိုက်တာတွေကလည်း အားမရစရာတွေဖြစ်သွားပြန်ပါတယ်။
ဒါ့ကြောင့်ကျွန်မ ဒီဆောင်းပါးကိုထပ်ရေးလိုက်ပါတယ်။
နောက်တကြောင်းကလည်းအခုသတင်းကွန်ရက်များမှာ- အာဘော်အမျိုးမျိုး (တမင်အစီအစဉ်ရှိရှိရော-မသိသားဆိုးရွားစွာရော)ပေါ်ထွက်နေမှုများအပေါ် စိုးရိမ်မိတဲ့အတွက် -ကျွန်မကတော့-ဒီပြသာနာကိုဘယ်လိုကြည့်မြင်တယ်ဆိုတာကိုလည်းပြောပြချင်လို့ပါ။
ကျွန်မကိုသတင်းဌာနကမေးတဲ့အထဲ-အဓိကမေးခွန်းကြီး(၂)ခုပါပါတယ်။
၁။ ဗမာပြည်မှာ အခုလိုလုပ်ကြံမှုကြီးမျိုးဟာဖြစ်တောင့်ဖြစ်ခဲပါ။ ဘာ့ကြောင့် ဒီလောက်ရက်ရက်စက်စက် လူမြင်ကွင်းကြီးမှာလုပ်ကြံရတာလဲ။
၂။၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့-ဖျက်ဖို့ပြောနေတာဦးကိုနီတယောက်တည်း မဟုတ်ပါဘူး။ ဘာလို့ သူမှရွေးပြီးသတ်ရသလဲ။ ----တဲ့။
တကယ်တော့-ဗမာနိုင်ငံမှာ နိုင်ငံရေးအရလုပ်ကြံမှုတွေဟာ (ဒီလိုပေါ်ထင်ကြီးသာမဟုတ်တယ်။)ဖြစ်တောင့် ဖြစ်ခဲမဟုတ်ခဲ့ပါဘူး။ ၁၉၄၉ခုနှစ်ပြည်တွင်းစစ်ကြီး စတင်ကတည်းကရော- ၁၉၅၈ခုနှစ်စပြီးမြေစမ်းခရမ်းပျိုး တည်ဆောက်ခဲ့တဲ့- စစ်အာဏာရှင်စနစ်ကြီးအောက်မှာရော- မနည်းမနောရှိခဲ့တာပါ။ သိပ်ဝေးဝေးကြည့်စရာမလိုပါဘူး ။ န၀တ-နအဖ ခေတ်က -လမ်းမတွေပေါ် -ထောင်တွေထဲ -တောတောင်တွေထဲ -အသက်-သွေး-ချွေးပေးခဲ့ကြရတဲ့ပြည်သူ့သူရဲကောင်း တွေနည်းရော့လား။ ကုန်မှမကုန်နိုင်ဘဲကိုး။ ဒီတော့ ဒီလိုပေါ်ထင်ကြီးလုပ်ရတာပေါ့။
ဒါကဘာကိုပြသသလဲ။
စစ်အာဏာရှင်စနစ်ကာကွယ်လိုသူများအနေနဲ့သွေးရူးသွေးတန်းဖြစ်လာမှု။ (အချိန်နည်းလာတာ)ကိုပြသပါတယ်။
အာဏာရှင်များဟာအရှင်ထွက်မထွက်ဘူး။-လို့ဆိုရိုးရှိပါတယ်။ ဟုတ်ပါတယ်။ အသက်ထွက်ခါနီးလေ-သွေးရူးသွေးတန်းဖြစ်လေ- တွက်ချက်မှုတွေမှားလေဖြစ်တတ်ပါတယ်။ သူတို့တသက်လုံးရရှိခဲ့တဲ့- အခွင့်အာဏာ စည်းစိမ်တွေကို မစွန့်လွှတ်နိုင်၊ လူထုအပေါ် ကျူးလွန်ခဲ့သမျှတွေအတွက်လည်း စိတ်မအေး။ ဒါတွေ အားလုံးသွားစုစည်းပါတယ်။ ဒီလောက်ဖြစ်လှတာ-ဆိုတဲ့ -ဒေါသစိတ်နဲ့ -ငါတို့ထိရင်တော့- ဒီလိုခံရမယ်။ကြည့်ထား။- -ဆိုတဲ့ခြိမ်းခြောက်တာပါ ပါပါတယ်။
ဒါ့အပြင်-စစ်အာဏာရှင်စနစ်ရဲ့အသက်ဗူး ၂၀၀၈ဖွဲ့စည်းပုံကိုပြင်ဘို့ ဖျက်ဘို့ပြောနေသူတွေ အများအပြားရှိလျက် နဲ့ ဘာကြောင့် ဦးကိုနီကိုရွေးသတ်ရသလဲ။
ရှင်းပါတယ် ။ဦးကိုနီဟာ (ဦးဝင်းထိန်ပြောတဲ့စကားယူသုံးရရင်) -အမာခံ (hard liner )ဖြစ်နေလို့ပါ။
ဒါ့အပြင်-ဒီဖွဲ့ စည်းပုံကြီးကို တရားဥပဒေကြောင်းအရ -ပြည့်ပြည့်စုံစုံ ခွဲခြမ်းစိတ်ဖြာပြသနိုင်ပြီး ပြင်ဆင်နိုင်တဲ့ (ဖျက်သိမ်းပစ်နိုင်တဲ့) စွမ်းရည်လည်းအပြည့်ရှိနေသူပါ။ (သူရဲ့ဒီချုပ်ကိုရော -တခြားအဖွဲ့အစည်းများအပေါ်မှာရော -ကောင်းမှုပြုချက်များကိုကြည့်ပါ။)
ဒါတွေအပြင်-ဦးကိုနီဟာ မွတ်စလင်ဖြစ်နေတဲ့အတွက်-ပစ်မှတ်အပျာ့ (soft target)ဖြစ်နေပါတယ်။ ဗုဒွဘာသာဝင်အများစုနေထိုင်တဲ့ ဗမာပြည်ကြီးမှာ မွတ်စလင်တယောက် အသတ်ခံလိုက်ရမှုအပေါ် သိပ်စိတ်ထိခိုက်ကြမှာ မဟုတ်ဘူး-လို့ (သူတို့စိတ်ရင်နဲံ့နှိုင်းပြီး) တွက်ပုံရတယ်။ ဘာသာရေး ပဋိပက္ခတွေတောင်ဖြစ်လာနိုင်သေးတယ်။
ဒီနေရာမှာတော့ သမ္မတရုံးကထုတ်ပြန်ချက်မှာပါတဲ့- တိုင်းပြည်မတည်ငြိမ်အောင်လုပ်တာ-- ဆိုတာတော့ (တစိတ်တပိုင်း) မှန်တယ်။-လို့ဆိုရမှာပါ။
သူတို့တွက်ချက်မှုမှားသွားပြန်ပါတယ်။
၃၀ရက်နေ့နဲ့ ၃၁ရက်နေ့များမှာ-ကျင်းပခဲ့ကြတဲ့- ဆရာဦးကိုနီနဲ့- အဌားယာဉ်မောင်းဆရာ ဦးနေ၀င်းတို့ရဲ့ ဈာပနအတွင်းဖေါ်ပြခဲ့ကြတဲ့- ဘာသာပေါင်းစုံ- အဖွဲ့အစည်းပေါင်းစုံကပြည်သူလူထုကြီးတရပ်လုံးရဲ့ စည်းလုံးညီညွတ်မှု- ရင့်ကျက်မှု- သည်းခံနိုင်မှု -ရက်ရောမှု (ဦးနေ၀င်းရဲ့ကျန်ရစ်သူကလေးများပညာသင်ကြားရေးအတွက်ကူညီနေမှုများ။) စတာ- စတာတွေဟာ -ပြည်သူ့ရန်သူများအတွက်ကြောက်ဒူးတုန်စရာပါ။
တခါတလေမှာလည်းငြိမ်းခါနီးမီးထတောက်တတ်ပါတယ်။
အာဏာရှင်များဟာ- အာဏာလက်လွှတ်ရနီးလာပြီ- လို့ထင်လာရင်- ပရမ်းပတာတွေဖြစ်တတ်ပြီး တွက်ချက်မှုတွေ မှားတတ်ပါတယ်။ ဒါတွေကိုပြည်သူတွေကမြင်အောင်ကြည့်ပြီး မိမိတို့ရဲ့အကျိုးစီးပွားကို တိုးချဲ့ရပါမယ်။ သူတို့ရဲ့ရည်မှန်းချက်များပြောင်းပြန် (backfire)ဖြစ်အောင် လုပ်ဆောင်ရပါမယ်။
ဒီနေရာမှာကျွန်မ- ပထမဆောင်းပါးမှာ ရည်ညွှန်းခဲ့တဲ့- ၁၉၈၃ခုနှစ်က- ဖီလစ်ပိုင်ကအတိုက်အခံခေါင်းဆောင်- အကွီနိုလုပ်ကြံခံရမှုရဲ့နောက်ဆက်တွဲဖြစ်ရပ်များကိုကြည့်ပါ။ (၁၉၆၅-၁၉၈၆)- ဖီလစ်ပိုင်မှာသမတ အာဏာရှင်အဖြစ် (တခါတရံမာရှယ်လောအကူအညီနဲ့) အုပ်ချုပ်ခဲ့တဲ့ မာကိုစ်ဟာ သူ့သမ္မတ သက်တမ်းတလျှောက် နိုင်ငံရေးအတိုက်အခံ အားလုံး(နီးပါး)ကိုနည်းပေါင်းစုံသုံးပြီးဖိနှိပ်ခဲ့ပါတယ်။ လုပ်ကြံသတ်ဖြတ်မှုတွေ အများကြီးလုပ်ခဲ့ပါတယ်။လမ်းပေါ်ထွက် ဆန္ဒပြတဲ့ပြည်သူတွေကိုလည်းသွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့ပါတယ်။ သူသတ်ဖြတ်ဖို့ လျာထားသူများစာရင်းမှာ အထက်လွှတ်တော်အမတ် နီနိုအကွီနို ပါပါတယ်။ ဒါပေမဲ့သူ့မှာ -နှလုံးရောဂါ ရလိုက်တော့- ကိုယ်ကသတ်စရာမလိုဘဲ- သူဟာသူသေနိုင်သွားလို့- မသတ်ဘဲ -ဆေးကုဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့နိုင်ငံခြား (အမေရိကန်) ကိုလွှတ်လိုက်ပါတယ်။ ဒါပေမဲ့- အကွီနိုဟာနှလုံးခွဲစိတ်ကုသပြီး- ကျန်းမာစွာနဲ့ တိုင်းပြည်ကို ၁၉၈၃- မှာပြန်လာနိုင်ခဲ့ပါတယ်။ ဒီတော့- ဘယ်သူ့သတ်သတ်- ဘယ်လောက်သတ်သတ် -အေးဆေးခဲ့တဲ့ မာကိုစ်ဟာ လက်ယဉ်ယဉ်နဲ့ အကွီနိုကို လုပ်ကြံပစ်လိုက်ပါတယ်။ ဒီမှာတင်-နဂိုက အတိုက်အခံအင်အားစုဆိုလို့ မဆိုစလောက်ကလေးပဲ ရှိတဲ့အဖွဲ့ဟာ- (အဓိကခေါင်းဆောင် အရည်အချင်းပြည့်ဝတဲ့ အကွီနိုကိုသတ်လိုက်ရင် အညွန်းကျိုးသွားလိမ့်မယ်-လို့. မာကိုစ်ကတွက်ဆခဲ့ပေမယ့်). မယုံနိုင်ဖွယ်. ရှိရှိသမျှအင်အားစုတွေ. (အောက်ခြေလူထုအပြင်-အလယ်အလတ် လူတန်းစားတွေ- ပညာရှင်တွေ- အနုပညာရှင်တွေ- ဘာသာရေးအသင်းအဖွဲ့တွေ- လူမှုရေးအသင်းတွေ)- ပါဝင်လာတဲ့- အကွီနိုရဲ့ကျန်ရစ်သူဇနီးသည်ကို. ရီဇုံအကွီနိုခေါင်းဆောင်တဲ့- အာဏာရှင်ဆန့်ကျင်ရေးတပ်ပေါင်းစုကြီးပေါ်ထွက် လာခဲ့ပါတယ်
အာဏာမာန်ယစ်မူးနေတဲ့ မာကိုစ်ဟာနောက်တကွက် ထပ်မှားပါတယ်။ သူ့အစိုးရ တရားဝင်အောင်ကြားဖြတ်သမ္မတ ရွေးကောက်ပွဲကို ၁၉၈၆-ဖေဖေါ်ဝါရီမှာ (နိုင်လည်းနိုင်ရမယ်။ ရှုံးလည်း နိုင်ရမယ်။- ဆိုတဲ့ခံယူချက်နဲ့) ညစ်ပတ်မှုအပေါင်း နဲ့ လုပ်ပေးပြီး သူအနိုင်ရတယ် လို့ကြေညာလိုက်ပါတယ်။ ဒီမှာတင်- တပြည်လုံးအုံကြွပြီး (ဗိုလ်ချုပ်ရာမိုစ် ဦးဆောင်တဲ့ ဖီလစ်ပိုင်တပ်ရဲ့အင်အားစုများအပါ) -ပြည်သူ့အာဏာတော်လှန်ရေးကြီး (People Power Revolution )ပေါ်ပေါက်လာပြီး မာကိုစ်လည်း တိုင်းပြည်ကထွက်ပြေးသွားရပါတော့တယ်။ ၂၅-၂-၁၉၈၆မှာ ကိုရီဇုံအကွီနိုသမ္မတဖြစ်လာပါတယ်။
ဒီနေရာမှာ- မာကိုစ့်ထည့်မတွက်ခဲ့မိတာက- သူကိုတောက်လျှောက်ထောက်ခံ -ထောက်ပံ့ပေးနေတဲ့- အမေရိကန်က ထောက်ခံမှုကိုလျှော့ချတော့မယ် ဆိုတာပါပဲ။။ဒီလောက် နံမည်ပျက်ပြီးပြည်သူတွေက ခါးခါးသီးသီးမုန်းနေတဲ့ ပုံရိပ်ဆိုးဝါး လှတဲ့သူကို ဘယ်သူကထောက်ခံရဲတော့မလဲ။ ဖီလစ်ပိုင်ပြည်သူတရပ်လုံး တစည်းတလုံးတည်းဖြစ်လာမှုက အမေရိကန်အတွက် မာကိုစ့်ကိုစွန့်လွှတ်ချိန်တန်ပြီ လို့အချက်ပေးလိုက်ပါတယ်။ ပြည်တင်းရင်-မင်းမခံနိုင်-ဆိုတဲ့စကားရှိခဲ့တာပဲလေ။
နီနိုအကွီနို အသက်ပေးတိုက်ခဲ့တဲ့ အာဏာရှင်စနစ် -(သူကွယ်လွန်ပြီး-၂နှစ်ကျော်အကြာမှာ) ဖီလစ်ပိုင်မှာ အဆုံးသတ်သွားပါတယ်။ (ဒါပေမဲ့- တကယ့်လူသတ်တရားခံကို အခုထိမဖော်နိုင်သေးပါဘူး။ ရှုပ်ထွေးနေဆဲပါ။ ဒါပေမဲ့- ဒီလူသတ်မှုကြီးရဲ့နောက်ကွယ်မှာ- မာကိုစ်နဲ့သူအပေါင်းပါတွေရှိတယ် -ဆိုတာလူထုကမြင်ထားပြီးပါပြီ။) သူ့ကို သတ်လိုက်ရင် မိမိအာဏာစက် ဆက်ရှင်သန်နိုင်မယ် လို့တွက်ဆခဲ့တဲ့ မာကိုစ့်တိုင်းပြည်က ထွက်ပြေးသွားရပါတယ်။
ဒီအဖြစ်အပျက်ကိုကြည့်ပြီး နိုင်ငံရေးလုပ်ကြံမှုကြီးတွေမှာ ပြောင်းပြန်အကျိုးသက်ရောက်မှုတွေရှိတယ် လို့တော့ အပြတ်မပြောနီုင်ပါဘူး။ တခါတရံမှာ ဒီလုပ်ကြံမှုကြီးတွေရဲ့. ရည်မှန်းချက်များအောင်မြင်သွားတဲ့ အခါတွေလည်းရှိခဲ့ပါတယ်။
၁၉၄၇ခုနှစ်က-ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံရမှုကိုကြည့်ပါ။ လူသတ်တရားခံအဖြစ် ဦးစောကိုဆွဲထုတ်ပြီး သေဒဏ်ပေးလိုက်ပြီးဇာတ်လမ်းဆုံးသွားပါတယ်။ ဦးစောဟာ သူ့ကိုကြိုးပေးဖို့ခေါ်ထုတ်လာတဲ့အချိန်ထိ သူ့ကိုလာကယ်လိမ့်မယ် လို့ထင်နေခဲ့တာပါ။ ဒီမျှော်လင့်ချက်နဲ့ဘဲ သူဘာမှဖော်ထုတ်ပြောမသွားခဲ့ပါဘူး။ ဦးစောဟာသေတဲ့ အထိဗမာပြည်ကြီးကို သစ္စာဖောက်သွားသူပါ။ သူ ဒီလိုထင်နေအောင် ဘယ်သူကလုပ်ပေးခဲ့တာလဲ။ အဲဒီအမှုနဲ့ပတ်သက်တဲ့ လူအတော်များများရော၊ ဒီအမှုလိုက်တဲ့ ရဲအများအပြားရော ဘယ်လိုသေဆုံးခဲ့ကြသလဲ။ အခုထိမရှင်းပါဘူး။
ဒါပေမဲ့- ဗမာပြည်သူတွေရဲ့ရင်ထဲ- အသဲထဲမှာတော့- အဓိကတရားခံဟာ -ဗြိတိသျှ နယ်ချဲ့စနစ်ဆိုတာရှင်းနေပါတယ်။ ကိုလိုနီနိုင်ငံများရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုကြီးတခုလုံးကိုခြိမ်းခြောာက်လိုက်တာပါ။ လွတ်လပ်ရေးတောင်းဆိုနေတဲ့ အမျိုးသားရေးခေါင်းဆောင်တွေ နိုင်ငံတွေအများကြီးရှိလျှက်က ဘာကြောင့် ဗမာပြည်-ဗိုလ်ချုပ်အောင်ဆန်းကိုရွေးသတ်ရတာလဲ။
၁။ ဗိုလ်ချုပ်အောင်ဆန်းက အမာခံ(hard liner)ဖြစ်လို့ပါ။ဗြိတိသျှလက်အောက်က အပြည့်အ၀လွတ်လပ်ရေးကို တောင်းဆိုနေသူပါ။ တပြည်လုံးကိုလည်း (တိုင်းရင်းသားလူမျိုးစုများအပါ) သူ့နောက်မှာ တညီတညွှတ်တည်း စုစည်းထားနိုင်ခဲ့ပါတယ်။ အမျိုးသားတရပ်လုံး စည်းလုံးညီည့တ်လာအောင် လုပ်ဆောင်နိုင်သူပါ။
၂။ ဗမာပြည်ဟာပထ၀ီနိုင်ငံရေးအနေအထားအရ အချက်အခြာနေရာမှာရှိပါတယ်။ ဒါ့အပြင်နိုင်ငံရေးအရလည်း နိုးကြားတက်ကြွပြီး (အဲဒီကာလက) လက်ဝဲယိမ်းပါတယ်။ ဗိုလ်ချုပ်ကိုယ်တိုင်က - လက်ဝဲသမားများအကြား ညီညွှတ်ရေးကိုကြိုးစား လုပ်ဆောင်နေတဲ့ကာလပါ။ (အဲဒီကာလများက ဗိုလ်ချုပ်ဟာ- သူကိုယ်တိုင်-ဖဆပလက ထုတ်ပစ်ခဲ့တဲ့- ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ပြန်လည်ပူးပေါင်းရေးအတွက်စတင်ဆွေးနွေးနေခဲ့တာပါ။)
ဗိုလ်ချုပ်တို့ကိုလုပ်ကြံလိုက်လို့ -ဗြိတိသျှနယ်ချဲ့သမားများ- အကျိုးအများကြီးရရှိခဲ့ပါတယ်။ ဗမာပြည်အပါအ၀င် ကိုလိုနီနိုင်ငံအများအပြားကိုလျှော့ဈေးနဲ့ဘဲ လွတ်လပ်ရေးတွေပေးလိုက်နိုင်ပါတယ်။ (နု-အက်တလီစာချုပ် -ဗြိတိသျှဓနသဟာရအဖွဲ့ စတာတွေကိုကြည့်ပါ။)
ကျွန်မတို့ဗမာပြည်အတွက်ကတော့ပိုနာပါတယ်။ ဗိုလ်ချုပ်တို့ကျဆုံးလိုက်ခြင်းနဲ့အတူ- အမျိုးသားစည်းလုံးညီညွှတ်ရေးပြိုကွဲ -ပြည်တွင်းစစ်ထောင်ချောက်ကြီးထဲ ကျရောက်ခဲ့တာ အခုထိရုန်းမထွက်နိုင်သေးပါဘူး။ ဗိုလ်ချုပ်တီု့ အသက်ပေးထမ်းဆောင်ခဲ့တဲ့ အရေးတော်ပုံကြီး (လွတ်လပ်ချမ်းသာ စည်းလုံးညီညွှတ်တဲ့- ဗမာနိုင်ငံတော်ကြီးအဖြစ်တည်ဆောက်ရေး)ဟာလည်း. ဗိုလ်ချုပ်တို့ကွယ်လွန်ပြီး. အနှစ်(၇၀)ထိ. မအောင်မြင်သေးပါဘူး။
ဒါ့ကြောင့်. ဒီသမိုင်းဖြစ်ရပ်တွေကိုလေ့လာပြီး- ကျွန်မတို့ရှေ့ဘယ်လိုခရီးဆက်ကြမယ် ဆိုတာစဉ်းစားကြည့်ရအောင်ပါ။
၁။. ဆရာဦးကိုနီကိုသတ်တဲ့. တရားခံအစစ်အမှန်. (ဘယ်တော့မှ. မပေါ်တာလည်းဖြစ်နိုင်ပါတယ်။) ဘယ်သူလဲ ဆိုတာဖေါ်ထုတ်ဖို့. အဆက်မပြတ် ဖိအားပေးနေတာတွေဟာ မှန်ပါတယ်။ပြစ်မှုကျူးလွန်သူများအဘို့ ဆိတ်ကွယ်ရာမရှိ ဘူး ဆိုတာသိနေဘို့လိုပါတယ်။ အမှုသွားအမှုလာတွေ အကြားထွက်ပေါ်လာတဲ့ အချက်အလက်အကြောင်းအရာများကနေ လူပုဂွိုလ်အချို့ရဲ့ရပ်တည်ချက်- လက်ရှိအုပ်ချုပ်ရေး စက်ယန္တရား (၂၀၀၈-ဖွဲ့စည်းပုံအောက်က) ရဲ့ ချို့ယွင်းချက်များစတာတွေပေါ်ထွက်လာနိုင်ပါတယ်။
၂။အရေးကြီးဆုံးကတော့- ဆရာဦးကိုနီကိုလုပ်ကြံသတ်ဖြတ်လိုက်မှုရဲ့. ရည်ရွယ်ချက်ဟာ- ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ရေး- ဖျက်ရေးလုပ်ငန်းကြီး. လမ်းလွှဲသွားရေးဖြစ်တယ် ဆိုတဲ့အချက်နဲ.့ ဒီလုပ်ကြံမှုရဲ့နောက်ကွယ်မှာ- စစ်အာဏာရှင်စနစ်ရှိတယ် ဆိုတာမမေ့မလျှော့အမြဲသတိရှိနေဘို့ဖြစ်ပါတယ်။
ကျွန်မတို့ဗမာပြည်ကြီးရဲ့ပြသာနာအရပ်ရပ်. ဒုက္ခအဖုံဖုံဟာ စစ်အာဏာရှင်စနစ်မှာမြစ်ဖျားခံပါတယ်။ ဒါ့ကြောင့် -ဒီစစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေနိုင်တဲံ- ၂၀၀၈ ဖွဲ့စည်းပုံကြီးကို မုချကိုင်တွယ်ဖြေရှင်းရပါလိမ့်မယ်။ ကျွန်မတို့တိုင်းပြည်နဲ့ဆီလျှော်တဲ့. ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်တရပ်ပေါ်ပေါက်လာရေး. အရေးတော်ပုံကြီး ( ဆရာဦးကိုနီအသက်ပေးလျှောက်ပြသွားတဲ့လမ်း)ကို မျက်ခြည်ပြတ်မခံဖို့လိုပါတယ်။
ဒီအရေးတော်ပုံကြီးမှာ- စစ်အာဏာရှင်စနစ်ကိုလက်မခံတဲ့- မကြိုက်တဲ့ ပြည်သူတရပ်လုံးပါဝင်လာအောင်ကြိုးစား ကြရအောင်ပါ။
လှကျော်ဇော။၃-၂-၂၀၁၇။