Sunday, February 12, 2017

"ဟင်း ဟင်း ဟင်း "

ပြောစမ်းပရစေရှင်
****************
ကျမက ဗမာပြည်ထဲက ကျောင်းဆရာမရှင့်။ဗမာပြည်ထဲက အတွေ့အကြုံနဲ့ပဲပြောရမှာပေါ့။ကျမတို့က ဗမာပြည်ထဲက ကလေးတွေပဲသင်ရတာကိုး။
ရှင်ပြောသလိုဆို တိုးတက်ပြောင်းလဲလာမယ့် ပညာရေးဖြစ်ဖို့ နိုင်ငံတကာ စံချိန်စံညွှန်းမှီတဲ့ဆရာမတွေငှားရမယ်။ ဟုတ်စ။ရယ်ချင်လိုက်တာရှင်။ ရယ်ချင်လိုက်တာ။ဟား ဟားဟားလို့ရယ် ရင်မကောင်းတတ်လို့ "ဟင်း ဟင်း ဟင်း " လို့ မချိတင်ကဲရယ်လိုက်ဦးမယ်။
ရှင်တို့က အဲကွန်း ပန်ကာအောက်ကနေ နိုင်ငံတကာစံချိန်မှီ သင်ရိုးညွှန်း
တမ်းတွေရေးဆွဲံ နိုင်ငံတကာ စံချိန်မှီတဲ့ဆရာ ဆရာမတွေနဲ့ သင်ရင် မြန်မာ့ပညာရေးတိုးတက်လာမယ်လို့ထင်တာလား။
အခု မြန်မာ့ပညာရေးနိမ့်ကျတယ် နိမ့်ကျတယ်လို့
အော်နေတာက နိုင်ငံတကာက ပညာရေးကို မထိုးဖေါက်နိုင် မကျော်ဖြတ်နိုင်လို့ အော်နေတာမဟုတ်
ဘူးရှင့်။
ခုနှစ်တန်း ရှစ်တန်းအရွယ်ရောက်ပြီး စာမဖတ်တတ်လို့
ပြောနေကြတာ။ ဘွဲ့ရပြီး စာမတတ်လို့ပြောနေကြတာ။
နိုင်ငံခြားအဆင့်မီဖို့မပြောနဲ့စာဖတ်တတ်ဖို့ပဲ လုံးပမ်းနေရတာရှင့်။
ဒါဟာ ဆရာ ဆရာမတွေ သင်ကြားရေးညံ့လို့ လို့ထင်
မှာပေါ့။ ဆရာ ဆရာမတွေ အချောင်ခိုလို့ထင်မှာပေါ့။
ဒီလို ဆရာ ဆရာမမျိုးလုံးဝမရှိပါဘူးလို့ ကျမ မပြောဘူး။ ဆရာ ဆရာမလောကမှာလည်း စေတနာမပါ
ဝါသနာမပါ အနစ်နာမခံတတ်တဲ့သူ အချောင်ခိုတတ်
တဲ့သူ ရှိမှာပဲ။ ဒါဟာ "လူတင်ပါလို့ နွားကျားကိုက်တာ"
လို့ကျမယူဆတယ်။
ဒီလို ဆရာ ဆရာမမျိုးကိုလက်သင့်ခံတာ ဘယ်သူလဲ။ အချောင်ခိုတယ်ဆိုတာလဲ ခိုလို့ရတဲ့အခြေအနေမို့
ခိုတာ။တင်းကျပ်တဲ့စည်းကမ်းနဲ့ အကျင့်ပျက်ရင်လည်း အကျင့်ပျက်တဲ့အလျောက်အရေးယူရင် ဘယ်သူမှ
မရောင့်တက်ရဲဘူး။
ဒါပေမယ့် ဆရာ ဆရာမတွေအားလုံးကို ဖြုတ်ပြစ်ပြီး
အစကနေ ပြန်စရလောက်အောင် ဆရာဆရာမတွေက
ဆိုးရွားနေတာလည်းမဟုတ်ဘူး။ အကျင့်ပျက်နေတာလည်းမဟုတ်ဘူး။
ပြောရမယ်ဆိုရင် မအောင်မရှိစနစ်(၂၀၀၁ / ၂၀၃၀) နှစ်သုံးဆယ် စီမံကိန်းကြီးက စမှားတာ။ဖင်မနိုင်ပဲ ပဲကြီးဟင်းချို
သွားသောက်မိတော့ အရူးချီးပန်း ဗြဲလရန်းဖြစ်သွားတာ။
အထက်လူကြီးတွေ ပြောတယ်။" ဆရာမတို့ .,
တတ်အောင်သင်ပါ။ အောင် အောင်စစ်ပါ။ ပညာရေးစနစ်ဟာ သူများနိုင်ငံက ပညာရေးစနစ်ကို
မှီညမ်းအသုံးပြုတယ်ဆိုရင် အခြားနိုင်ငံလို "ဆရာမ
တစ်ယောက်ကို ကလေး ၂၀ ပဲတာဝန်ယူခိုင်းသလား"
"နောက်ပြီး အခြားနိုင်ငံလို သင်ကြားမှု ထောက်ကူပစ္စည်းတွေပံ့ပိုးပေးသလား" "အခြားနိုင်ငံက
ကျောင်းသားမိဘတွေလိုမျိုး ကိုယ့်နိုင်ငံကကျောင်းသား
မိဘတွေကရော ဆရာ ဆရာမနဲ့တွေ့ဆုံပြီး ကလေး
ရဲ့လိုအပ်ချက်တွေ ဆွေးနွေးသလား။ ကလေးကို အိမ်ကနေ ကူညီသင်ကြားပေးသလား။
အဘက်ဘက်က ဆင်းရဲနိမ့်ကျတဲ့နိုင်ငံမှာ ဒီကလေး
တွေ ကျောင်းကို မှန်မှန်လာနိုင်ရဲ့လား စဉ်းစားကြည့်စေချင်တယ်။ကျောင်းဖွင့်ရက်မှာ မိဘနဲ့အတူ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့
ကလေးတွေအများကြီး / ကျောင်းပျက်ရက်တွေများလို့ ဆရာ ဆရာမတွေ အိမ်တိုင်ယာရောက် လိုက်ခေါ်နေရတာတွေ အများကြီး/၅တန်း ၆ တန်းအရွယ်နဲ့ ဆေးလိပ်သောက် ကွမ်းစား ကော်ရှုနေတဲ့ကလေးတွေ/ ခုနှစ်တန်း ရှစ်တန်းနဲ့
ရိုက်မှု နှက်မှု ခိုးမှု တွေနဲ့ဆရာ ဆရာမတွေ ရဲစခန်းလိုက်ဖြေရှင်းရတာ တွေ သိစေချင်ပါတယ်။
ဒီကျောင်းသားမလိမ်မာလည်း ဆရာ ဆရာမကြောင့်...
ကျောင်းခဏခဏပျက်လို့စာမတတ်လည်း ဆရာ ဆရာမကြောင့် , အိမ်ကမိဘ ပံ့ပိုးမှုမရှိ "ကကြီးကို
ယပက်လက်"ကဖြစ်အောင်ရေးလာလည်း ဆရာ ဆရာ
မကြောင့် ... ဆရာ ဆရာမတွေဟာ ဆီသည်မရဲ့ လက်သုတ်ဝတ်လို ဖွတ်ဖွတ်ကို ကျေနေတော့တာပဲ။
တကယ်ဆို ဒီမအောင်မရှိစနစ်ကြောင့်လို့ တစ်ခွန်းမဟဘူး။အဘကြောက်ရ။ အဘိုးကြောက်ရနဲ့။
မအောင်မရှိပညာရေးစနစ်ဟာ အစကတည်းကမှား
နေတယ်။ စစ်အုပ်ချုပ်ရေးစနစ် အောက်မှာ ဆရာ ဆရာမတွေ ဟာ မှားတယ်မှန်တယ် ဘာတစ်ခုမှ မပြော
ရဲဘူး။ ဖြစ်တဲ့နည်းနဲ့ပြီးစလွယ် ဖြေရှင်းလိုက်ကြတယ်။
အဆိုးဆုံးက တစ်လကို သင်ခန်းစာ ဘယ်နှစ်ခု အပြတ်
သင်ရမယ်လို့ကန့်သတ်လိုက်တာပဲ။ စစ်ဆေးရေးကလည်း တစ်လစာကို့စ် ပြတ်မပြတ်ပဲစစ်
တယ်။ ကလေး စာတတ် မတတ်ကိုမစစ်ဘူး။အဲဒီတော့ ဆရာ ဆရာမတွေဟာ သင်ခန်းစာပြတ်ဖို့
ဝရမ်းသရူး သင်ရတယ်။ဒီကြားထဲ သင်ခန်းစာကမပြတ်ပါဘူးဆို သင်ကြားရေးနဲ့မဆိုင်တဲ့အလုပ်တွေက တစ်ခုပြီး တစ်ခုပေါ်လာတယ်။ သင်ရတဲ့ဆရာမကရူးခမန်းပဲ။(အဲဒါကြောင့် ဆရာမတွေက အတန်းထဲမှာ စာမသင်ဘူး။
ကျူရှင်ကျမှသင်တယ် အပြောခံရတာ။အဲဒီလောက် စိတ်ဓာတ်အောက်တန်းကျတဲ့ဆရာမရှိမယ်မထင်ပါဘူ)းဒါကိုလက်တွေ့သင်နေတဲ့ဆရာဆရာမတွေအကုန်သိတယ်။
အထက်ကို ဘယ်သူမှမတင်ပြရဲဘူး။တင်ပြလည်း အရေးတယူ လက်ခံပီးစဉ်းစားပေးမှာ မဟုတ်ဘူး။
ပြောင်းလဲချင်လွန်းလို့ ကျမတို့မှာ မဲပုံးကို အသက်
ပေးကာကွယ်ရ မဲမမှားအောင် မျက်တောင်မခတ်ရဲဘူး။
မအိပ်ငိုက်ရဲဘူး။ ဘာပြောင်းလဲ သလဲ။
ပညာရေး ဘာပြောင်းလဲသလဲ။
တစ်ကယ်ပြောင်းလဲချင်ရင် တစ်လစာတစ်လ သင်ခန်း
စာအပြတ်သင်ခိုင်းတာကိုပြင်။
အပိုအလုပ်တွေ ဘာမှမခိုင်းနဲ့။စာမေးပဲင်္ွခုနှစ်ကြိမ်မစစ်နဲ့။အဲဒီစာမေးပွဲ
ခုနှစ်ကြိမ်စစ်လည်း ကလေးတွေဟာ စာရတာမဟုတ်ဘူး။ ခိုးချပြီးဖြေနေကြတာ။စစ်လည်း
ငစစ်ပဲ။ ဆရာ ဆရာမတွေ အလုပ်ရှုတ်တာပဲ အဖတ်တင်တယ်။
ဒီတော့ ကျမပြောလိုက်မယ်။ ဒီက ဆရာ ဆရာမတွေ
အကုန်ဖြုတ် ပြီးနိုင်ငံတကာအဆင့်မီဆရာ တွေခေါ်သင်
လည်း မတတ်ပါဘူး။
မယုံရင် ဦးသိန်းတန်မေးကြည့်ပါ။
အန်ကယ်လ်ကတော့ No ပါကွယ်လို့ ပြောမှာသေချာ။
_____________credit:ရှင်နှောင်း____________

No comments: