Sunday, December 30, 2012

လူမိုက်

၁၉၉၅-၉၆ လောက် နန်းတွင်းရေးရာနဲ့ ပတ်သက်တဲ့ သတင်းတခု ကျနော်ကြားခဲ့ဖူးပါတယ်။ ဘာလဲဆိုတော့ .. တိုင်းမှူးတွေစုံညီတက်တဲ့ ညီလာခံ (လေးလပတ် ဦး၊ရေးထောက် ညှိနှိုင်းအစည်းအဝေး လည်းဖြစ်နိုင်ပါတယ်) မှာ ထုံးစံအတိုင်း ဗိုလ်ချုပ်ကြီးတွေ အတင်းတုပ်တဲ့ ပွဲပေါ့ဗျာ။ သူတို့အတွက် ခြောက်အိပ်မက်ဖြစ်နေတဲ့ မဒီကြီး အကြောင်း အစည်းအဝေးတိုင်း မရိုးနိုင်အောင် ထပ်ခါတလဲလဲ ပြောနေကြတာဆိုတော့။ တကြိမ်မှာ အဲဒီအချိန်က နတခ တိုင်းမှူး ဗိုလ်ချုပ် ညွန့်တင်က ထပြောပါသတဲ့..
‘ခင်ဗျားတို့ ပြောသလို ဒီအမျိုးသမီး ဟာ တိုင်းပြည်အတွက် အန္တရာယ်၊ သူရှိနေလို့ တိုင်းပြည်တိုးတက်အောင် လုပ်ဖို့ခက်နေတယ်၊ အခွင့်အလမ်းတွေ ပိတ်ဆို့နေတယ်ဆိုရင်.. သူ့ကို ရှင်းပစ်ဖို့ ကျနော့်တာဝန်ထား… ဖြစ်လာမယ့် ပြဿနာ အားလုံးကိုလည်း ကျနော်ပဲတာဝန်ယူတယ်၊ ခံစရာရှိ ကျနော်ခံမယ်ဗျာ… ဒါပေမဲ့ ခင်ဗျားတို့ ဘက်က ကတိတခုတော့ ပြတ်ပြတ်သားသားပေးရမယ်။ သူမရှိတဲ့နောက်ပိုင်း တိုင်းပြည်ကို တကယ်ကောင်းစားအောင် လုပ်ပေးပါ့မယ် လို့ တာဝန်ယူရမယ်… ဘယ့်နှယ်လဲ’
လို့… မေးလိုက်တော့ ဘယ်သူမှ တိတိပပအဖြေမပေးနိုင်ဘဲ ဟိုလိုလို ဒီလိုလို လုပ်နေကြတယ် တဲ့။ ဒါနဲ့ ဗိုလ်ချုပ် ညွန့်တင်က
‘အဲဒါဆိုလည်း နောက်ဒီအကြောင်း ရမယ်ရှာပြောမနေနဲ့တော့ဗျာ… နားညည်းတယ်..’ လို့ပြောပြီး အစည်းအဝေး ခန်းမထဲက ထွက်သွားတယ်။
ဗိုလ်ချုပ် ညွန့်တင် အဲလိုချဲလင့်လုပ်လိုက်တဲ့စကား ဒေါ်အောင်ဆန်းစုကြည် နားကို ပေါက်သွားတဲ့အခါ .. ဒေါ်စုက ‘ကျမတော့ ဗိုလ်ချုပ်ညွန့်တင်ရဲ့ စိတ်ဓာတ်ကို သဘောကျတယ်.. ဒါစစ်သားစိတ်ဓာတ်ပဲ’ လို့ ချီးကျူး စကားဆိုကြောင်း သိရတယ်ခင်ဗျ။
အဖြစ်အပျက်က တကယ်ဟုတ်မဟုတ်တော့ မသိ။ အဲဒီသတင်းထွက်ပြီး လပိုင်းအကြာမှာပဲ.. ဗိုလ်ချုပ် ညွန့်တင် တိုင်းမှူးဘဝကနေ လယ်/ဆည် ဝန်ကြီးဖြစ်လာ.. နောက်ထပ်သိပ်မကြာခင်.. အောင်ဖေ သွားတာ ကတော့ အမှန်ပဲ။
ထားလိုက်ပါတော့… အဲဒီဖြစ်ရပ်ကို ပြန်စဉ်းစားရင်း အတွေးတခု ပေါ်လာမိတာက ခုဖြစ်နေတဲ့ ကချင်ပြည်နယ် စစ်ပွဲနဲ့ ဆက်စပ်စဉ်းစားကြည့်မိတာပါ။
အပြတ်လည်းမတိုက်.. ပြေငြိမ်းရေးလည်း မလုပ်နိုင်ဖြစ်နေတာရဲ့ နောက်ကွယ် ဘယ်အကြောင်းတရား.. ဘယ်အကျိုးစီးပွားတွေ ရှိနေလဲ… ဗိုလ်ချုပ် ညွန့်တင် လို လူမိုက်တယောက် ပေါ်လာဖို့ လိုနေပြီထင်ပါတယ်။

(Credit: Seaman Nayminthu )

စစ်ဦးစီးချုပ်အား ကိုမြအေးက အတိအလင်းမေးခွန်းထုတ်

စစ်ဦးစီးချုပ်အား ကိုမြအေးက အတိအလင်းမေးခွန်းထုတ်

ရန်ကုန် ၊ ဒီဇင်ဘာ၊၃၀ ။

ဒီဇင်ဘာလ (၃၀) ရက်နေ့က ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် 
ပက်သက်၍ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်ဦးစီးချုပ်ကို မေးခွန်းထုတ်စရာများ ရှိနေကြောင်းကို ကိုမြအေးက ပြောကြားသွားခဲ့သည် ။
  
"ကျွန်တော် ထောင်ကလွှတ်လာပြီးကတည်းက ကချင်ပြည်နယ် 
ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်နေတာ တစ်နှစ်ရှိပါပြီ ၊ 
လက်ရှိ အခြေအနေမှာ ဘာမှအရာမထင်သေးတဲ့အပြင် ပိုပြီးဆိုးရွာလာတာတွေ တွေ့လာရတဲ့အခါမှာ လက်ရှိအစိုးရကို
 မေးခွန်းထုတ်စရာ အများကြီး ရှိလာပါတယ် ၊ နောက်ကြောင်းပြန်
လှည့်နေသလားလို့ သံသယဖြစ်စရာတွေ ကျွန်တော်တို့ တွေ့လာရပါတယ် ၊ နောက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တိတိလင်းလင်း
ပြောချင်ပါတယ် ၊ ဒီလိုစစ်တွေဖြစ်ပြီး ဖိအားပေးပြီးလုပ်နေတဲ့
 စေ့စပ်ဆွေးနွေးပွဲတွေဟာအာရပ် အစ္စရေးကို ပြန်ကြည့်ပါ ။
 အခုထိမပြီးဆုံးသေးပါဘူး ။ ဒီလိုအချင်းချင်း စခန်းတစ်ခုကို သိမ်းပြီးတော့မှ
 အကယ်ဒမီဆုတွေယူဖို့ ပြိုင်နေမှာလားဆိုတာကို
ကျွန်တော် မေးချင်ပါတယ် " ၄င်းကပြောကြားခဲ့သည် ။
 
ဆက်လက်ပြီး "အခုလက်ရှိုကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့
 ပြည်တွင်းစစ်မှာ ကြောက်စရာကောင်းတဲ့ စစ်လက်နက် ပစ္စည်းတွေအပြင် လေယာဉ်တွေ ၊ ဟယ်လီကော်ပရာတွေ သုံးပြီးတော့ တိုက်နေကြရအောင် ဘာအကျိုးကျေးဇူး ရှိပါသလဲ ၊ အဲတာတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ် ။
ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကိုလုံးဝမရနိုင်ဘူး ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ " ဟု ထပ်မံပြောကြားသွားသည် ။ 
   
ဒီဇင်ဘာလ(၂၃)ရက်နေ့ နောက်ပိုင်းမှစတင်၍  တပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် ထပ်မံဖြစ်ပွားနေသော အဆိုပါစစ်ပွဲတွင် 
တပ်မတော်ဘက်မှ ဂျနီဗာကွန်ဗင်းရှင်းပါ အချက်အလက်များအရ
 ပြည်တွင်းစစ်တွင် အသုံးမပြုရန် တားမြစ်ထားသော စစ်ဂျက်လေယဉ်များ ၊ ၁၀၅မမ ၊ ၁၂၀မမကဲ့သို့သော အဖျက်စွမ်းအားမြင့် အမြောက်များနှင့် မူးဝေအော့အန်စေသော ဓါတုလက်နက်ဟုယူဆရသည့် ဓါတ်ငွေ့များကို
 အသုံးပြုနေကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှဒေါ်မေစံပယ်ဖြူ၏
 ပြောကြားချက်အရ သိရသည် ။

ထက်နောင်နောင်
စစ်ဦးစီးချုပ်အား ကိုမြအေးက အတိအလင်းမေးခွန်းထုတ်
ရန်ကုန် ၊ ဒီဇင်ဘာ၊၃၀ ။

ဒီဇင်ဘာလ (၃၀) ရက်နေ့က ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင်

ပက်သက်၍ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်ဦးစီးချုပ်ကို မေးခွန်းထုတ်စရာများ ရှိနေကြောင်းကို ကိုမြအေးက ပြောကြားသွားခဲ့သည် ။

"ကျွန်တော် ထောင်ကလွှတ်လာပြီးကတည်းက ကချင်ပြည်နယ်
ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်နေတာ တစ်နှစ်ရှိပါပြီ ၊
လက်ရှိ အခြေအနေမှာ ဘာမှအရာမထင်သေးတဲ့အပြင် ပိုပြီးဆိုးရွာလာတာတွေ တွေ့လာရတဲ့အခါမှာ လက်ရှိအစိုးရကို
မေးခွန်းထုတ်စရာ အများကြီး ရှိလာပါတယ် ၊ နောက်ကြောင်းပြန်
လှည့်နေသလားလို့ သံသယဖြစ်စရာတွေ ကျွန်တော်တို့ တွေ့လာရပါတယ် ၊ နောက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တိတိလင်းလင်း
ပြောချင်ပါတယ် ၊ ဒီလိုစစ်တွေဖြစ်ပြီး ဖိအားပေးပြီးလုပ်နေတဲ့
စေ့စပ်ဆွေးနွေးပွဲတွေဟာအာရပ် အစ္စရေးကို ပြန်ကြည့်ပါ ။
အခုထိမပြီးဆုံးသေးပါဘူး ။ ဒီလိုအချင်းချင်း စခန်းတစ်ခုကို သိမ်းပြီးတော့မှ
အကယ်ဒမီဆုတွေယူဖို့ ပြိုင်နေမှာလားဆိုတာကို
ကျွန်တော် မေးချင်ပါတယ် " ၄င်းကပြောကြားခဲ့သည် ။

ဆက်လက်ပြီး "အခုလက်ရှိုကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့
ပြည်တွင်းစစ်မှာ ကြောက်စရာကောင်းတဲ့ စစ်လက်နက် ပစ္စည်းတွေအပြင် လေယာဉ်တွေ ၊ ဟယ်လီကော်ပရာတွေ သုံးပြီးတော့ တိုက်နေကြရအောင် ဘာအကျိုးကျေးဇူး ရှိပါသလဲ ၊ အဲတာတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ် ။
ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကိုလုံးဝမရနိုင်ဘူး ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ " ဟု ထပ်မံပြောကြားသွားသည် ။

ဒီဇင်ဘာလ(၂၃)ရက်နေ့ နောက်ပိုင်းမှစတင်၍ တပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် ထပ်မံဖြစ်ပွားနေသော အဆိုပါစစ်ပွဲတွင်
တပ်မတော်ဘက်မှ ဂျနီဗာကွန်ဗင်းရှင်းပါ အချက်အလက်များအရ
ပြည်တွင်းစစ်တွင် အသုံးမပြုရန် တားမြစ်ထားသော စစ်ဂျက်လေယဉ်များ ၊ ၁၀၅မမ ၊ ၁၂၀မမကဲ့သို့သော အဖျက်စွမ်းအားမြင့် အမြောက်များနှင့် မူးဝေအော့အန်စေသော ဓါတုလက်နက်ဟုယူဆရသည့် ဓါတ်ငွေ့များကို
အသုံးပြုနေကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှဒေါ်မေစံပယ်ဖြူ၏
ပြောကြားချက်အရ သိရသည် ။

ထက်နောင်နောင်

ငါဘာကောင်မှမဟုတ်ဘူးဟေ့



ငါဘာကောင်မှမဟုတ်ဘူးဟေ့
ငါလိုချင်တာ ငါ့ရဲ့မူရင်းတောသားဘ၀လေးကိုပဲ၊
ကိုကိုဦး(တပ်ရင်း-၁၀၂)

၈၈မှာပါလာတယ်၊ရိုးရိုးလေးပဲပါလာတယ်၊
စစ်အာဏာရှင်ကိုမကြိုက်လို့တိုက်ပွဲကိုဝင်လာတယ်၊
ထောင်ကျရင်သေသလိုပဲဆိုတာခံစားမိလို့
တော်ခိုတာကိုရိုးရိုးလေးရွေးချယ်ခဲ့တယ်၊
ခေါင်းဆောင်ဖြစ်ရမယ်ဆိုပြီးပါခဲ့တာမဟုတ်ဘူး၊

သိတဲ့လူတွေကို ကိုဦးလို့ခေါ်တဲ့လူရှိသလိုဗိုလ်ထွန်းလို့ခေါ်တဲ့
လူတွေရှိတယ်၊ ချင်းကျောင်းသားတွေကကျနော်သူငယ်ချင်းတွေ
အများကြီးပဲ၊ သိပ်မရင်းနှီးသူတွေက ကျနော်ကိုချင်းလို့ထင်ပြီး
ကိုဆလိုင်းလို့ခေါ်လာရာကနေ နှစ်ခုလုံးကြားဘူးသူတွေက
ဆလိုင်းကိုကိုဦးဖြစ်လာရတာ၊

မိဘတွေကမွန်၊၁၀၀ ရာခိုင်နှုံးမွန်၊ တောသားစစ်စစ်၊ရေမရောဘူး၊
ငယ်ငယ်တုန်းကဆို ချောင်းထဲမှာငါးမျှားရတာကိုအလွန်ခုံမင်တယ်၊
လေးခွတလက်နဲ့ဌက်တွေကိုလိုက်ပြစ်၊ သနားရမှန်းလည်းမသိသေး၊
ပိုင်ဆိုင်မကြိုက်မှန်းလည်းသိလည်းသရက်သီးတွေခိုးပြစ်စားတတ်တယ်၊
ရွာမှာဇတ်တွေအငြိမ့်တွေလာရင်ကြွတက်နေအောင်အလွန်ပျော်တတ်တဲ့
တောသားမှတောသားစစ်စစ်ပါ၊ တောပျော်ဘ၀မှာကြီးပျင်းခဲ့တယ်၊

သံလွင်မြစ်ထဲမှာလှေတစ်စင်းကိုရွက်တိုက်ပြီးရေစီးကြမ်းတဲ့မြစ်ကြီးမှာ
ကြီးပြင်းခဲ့သူ၊ ဒီသံလွင်၊သောင်ရင်း၊ဒေါနတောင်တန်းတွေကိုရောက်မှ
တော်လှန်ရေးကိုသိလာရတဲ့သူ၊ သစ်ဘောဘိုးကစလို့နောက်
မကဒတမှာဦးဆောင်ကော်မီတီဖြစ်ခဲ့တယ်၊ အုပ်စုဖွဲ့မနေတတ်ခဲ့လို့
အဖြုတ်ခံခဲ့ရ၊ နောက်ကွယ်မတရားသေဒဏ်အပေးခံခဲ့ရပြီးမှ
တပ်ရင်း(၁၀၂)မှာ တပ်သားဘ၀ကိုတစ်ကပြန်စခဲ့ရသူပါ၊
မင်းသမီးညီလာခံသွားတက်တော့ မင်းစခန်းထဲဝင်လို့
မရဘူးလို့ ကေအင်ယူဂိတ်ဝမှာပြဿနာတက်တယ်
အကြောင်းရင်းကိုမေးလိုက်တော့ မင်းကိုမင်းတို့အဖွဲ့အစည်းဖြစ်တဲ့
ABSDF ကသေဒဏ်ထုတ်ထားလို့တဲ့ ၀င်ရင်ဖမ်းရမယ်လို့ပြောတယ်၊
တင်လေးတို့ထွန်းထွန်းအောင်တို့အဖြစ်ကိုသိထားတော့လည်း
နည်းနည်းလေးတော့ကျောစိမ့်မိတာအမှန်ပဲ၊
အတူပါလာတဲ့သူတွေက မင်းတကယ်ဝင်ရဲလားလို့မေးတော
ဝင်မယ်လို့ရိုးရိုးလေးပဲဖြေလိုက်တယ်၊ စိတ်ထဲမှာလည်းငါ့ကိုမတရား
ချထားတဲ့အကောင်တွေကို ထိပ်တိုက်ရင်ဆိုင်ချင်တာလည်းပါတယ်၊
ကြောက်စိတ်ကိုဘေးဖယ် အချောင်သမားတွေကိုမျက်စိထဲမြင်ပြီး
သတ္တိတွေရှိလာတယ်၊ ဖြစ်ချင်ရာဖြစ်ချမယ်ကွာဆိုတဲ့စိတ်လေးပါပဲ၊
ထုံးစံအတိုင်းအထက်ကိုဆက်သွယ်ရေးစက်နဲ့မေးလိုက်တော့
လက်ရှိဗဟိုကော်မီတီတစ်ဦးလက်မှတ်ထိုးရင်ဝင်လို့ရပါတယ်ပြောလို့
တင်စိုးနောင်(မုဒုံ)က ငါထိုးပေးမယ်ဆိုပြီးဝင်ခွင့်ရတယ်၊
ရယ်စရာပြောမယ်၊ ကျနော်ကိုသေဒဏ်ပေးခဲ့သူတွေက
ညီလာခံမှာကျနော်ကိုစံပြကျောင်းသားဆုအဆိုတင်လို့
စံပြကျောင်းသားဆုရခဲ့ဘူးတယ်၊ အဆိုတင်တာက ကိုသောင်းထွန်း
ထောက်ခံပေးတာကဆရာဦးယုနွယ်လို့ထင်ပါတယ်၊
ထားလိုက်ပါတော့ ညီလာခံအကြောင်းရေးရင်အများကြီးပဲ၊
နောက်မှရေးမယ်၊ တပ်သားဘ၀ကနေဗဟိုကော်မီတီပြန်ဖြစ်လာတယ်၊
အုပ်ကြီးအုပ်ငယ်ကြားမှာ အုပ်ငယ်ဘက်မှာရပ်ခဲ့တယ်၊
ရှင်းရှင်းပြောရရင် အုပ်ကြီးဒီမိုကရေစီကိုမုန်းလို့၊
စားနေကျကြောင်ဖါးတွေကိုကြည့်မရလို့၊
တော်လှန်ရေးမဆန်ပဲတော်လှန်ရေးငွေတွေကို ခရီးစရိတ်တွေ
လေယာဉ်စရိတ်တွေအလီလီထုတ်ပြီး စာရင်းမရှင်းနိုင်ကြသူတွေကု
သောက်မြင်ကိုကပ်လို့အုပ်ငယ်နဲ့မဟာမိတ်လုပ်ခဲ့ရတယ်၊
ဒါကိုမသိတဲ့သူတွေက ငါတို့ကိုဒီမိုကရေစီကိုမလိုက်နာဘူးလို့
နောက်ကွယ်မှာဝါဒဖြန့်ကြတယ်၊ ငါ့သောက်ဂရုမစိုက်ဘူး၊
ငါဗဟိုကော်မီတီသာဖြစ်တယ်၊ ဘာမှလုပ်ပိုင်ခွင့်မရခဲ့ဘူး
အားလုံးအုပ်ကြီးလက်ထဲမှာ ငွေတွေရောလုပ်ပိုင်ခွင့်တွေရော၊
အားလုံးပဲမောင်ပိုင်စီး(ဦးပိုင်)စီးထားကြတယ်၊
ငါတော်လှန်ရေးငွေကိုငါ့ကိုယ်ကျိုးအတွက်မသုံးရင်ပဲ
ငါ့အတွက်ငါ့ကျေနပ်နိုင်တယ်၊
ကျောင်းသားတပ်မတော်အတွက် ထပ်စကဲမှာကိုယ်ပိုင်နယ်မြေကိုပထမဦးဆုံး
တာဝန်ခံတည်ဆောက်ခဲ့ဘူးတယ်၊ ကရင်နဲ့မွန်ကြားမှာအဆင်ပြေအောင်
မဟာမိတ်ဆက်ဆံရေးကိုလုပ်ခဲ့ရတယ်၊
ပဲဟင်းစားတယ်၊ဌက်ပျောအူးဟင်းစားတယ်
ဒါတောင်တော်လှန်ရေးအပေါ်မှာငါအကြွေးတင်နေသေးတယ်လို့ငါထင်တယ်၊
ငါ့အခုအလုပ်လုပ်တယ်၊ မကဒတအတွက်ဆိုဘယ်တော့မှမငြင်းခဲ့ဘူး၊
အမြဲတန်းတတ်နိုင်သလောက်အမြဲအကူအညီပေးတယ်၊
မချမ်းသာဘူး၊စိတ်ချမ်းသာတယ်၊ကျေနပ်တယ်၊
ငါဘာကောင်မှမဟုတ်သလို ဘာကောင်မှလည်းမဖြစ်ချင်ဘူး၊
သေချာတာကငါအချောင်သမားတွေကု
လုံးဝကြည့်လို့မရဘူး၊ ဖါးတဲ့သူတွေကိုလုံးဝကြည့်လို့မရဘူး၊
ယုတ်အဆွဆုံးပြောလိုက်မယ်၊ ကိုယ်ကိုဖါးနေတဲ့သူကိုတောင်ကြည့်လို့မရဘူး၊
အနာဂတ်နိုင်ငံရေးငါမစဉ်းစားဘူး၊ ငါလိုချင်တာ ငါ့ရဲ့မူရင်းတောသားဘ၀ကိုပဲ၊

ဒီနေ့ငါမကဒတခေါင်းဆောင်ပိုင်းတွေအချို့ဖေါက်လွဲဖေါက်ပြန်မှုတွေကို
ငါဝေဖန်တယ်၊ တစ်ချို့ကြိုက်တယ်၊အားပေးတယ်၊ တစ်ချို့ကမကြိုက်ဘူး၊
မကဒတခေါင်းဆောင်ပိုင်းကိုထိရင် မကဒတကိုထိတယ်လို့ယူဆကြသူတွေပေါ့၊
သူတို့ရဲ့လွဲမှားတဲ့အတွေးကိုငါနားလည်တယ်၊ သူတို့ရဲ့အတွင်းကျိတ်အမုန်းတွေကို
ငါနားလည်တယ်၊ မကဒတခေါင်းဆောင်တွေကိုမဝေဖန်နဲ့မထိနဲ့ဆိုတဲ့
သူတို့ရဲ့အယူအဆလေးအတွက်တော့ငါစိတ်မကောင်းဘူး၊

နောက်ဆုံးထပ်ပြောမယ်၊ငါဘာကောင်မှမဟုတ်ဘူး၊
ငါရည်းမှန်းချက်က မသေခင်ရွာပြန်ချင်တယ်၊
အမေနဲ့တွေ့ချင်တယ်၊ အဖေ့မြေပုံကိုသွားကြည့်မယ်၊
ငါးမျှားတာကိုစွန့်လွန်မယ်၊လေးဂွနဲ့ဌက်ပြစ်တာတွေကိုစွန့်လွတ်မယ်၊
လှေလှော်ရွက်တိုက်တော့လုပ်ချင်သေးတယ်၊
စာဖတ်မယ်၊ စာသင်မယ်၊ ဂစ်တာတီးမယ်၊ နိုင်ငံရေးကိုအကျဉ်းချထားမယ်၊ ဒါပဲ၊
ထူးအိမ်သင်ရဲ့..အိမ်ကိုပြန်ချင်တယ်..ဟူး

Saturday, December 29, 2012

ဂွမ်မော်နှင့် တွေ့ဆုံစကားပြောခဲ့သည့် စကားဝိုင်းမှ ကောက်နှုတ်ချက်

တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့ အခါမှာ ကျနော်တို့ က proposal တစ်ခုတင်ထားတယ် ၊ ပထမအချက်ကတော့  ဒီတိုက်ပွဲတွေရပ်အောင် လောလောဆယ်ဘယ်လို ဘယ်လိုလုပ်ကြမလဲ ၊ တိုက်ပွဲတွေမရှိအောင် ဘယ်လိုလုပ်မလဲ။ ဒီကိစ္စ ကျနော်တို့   ပြောတာက အဆင့် ၃ ဆင့် နဲ့  ကျနော်တို့ တင်တယ် ၊ ပထမအဆင့် နံပါတ် ၅ မှာကျနော်က၊ အခု နီးနီးကပ်ကပ် ဖြစ်နေတဲ့  တပ်တွေ ခွာထားရမယ်၊ အဲတော့ ဒီတပ်တွေကို ဘယ်လိုခွာမလဲဆိုတဲ့ အပိုင်းကိုဆွေးနွေးဘို့  ကြိုးစားလိုက်တိုင်း အစည်းအဝေးက ပျက်သွားတယ်။ ဦးသန်းအောင်တို့နဲ့  ကျနော်တို့ ၃ကြိမ်ဆွေးနွေးတယ်။ ဦးအောင်သောင်းတို့ နဲ့  ၃ကြိမ်၊ အခု ၀န်ကြီး ဦးအောင်မင်းနဲ့  ၃ကြိမ် တွေ့ ပြီးသွားပြီ။ တပ်တွေခွါဖို့ကိစ္စ ဆွေးနွေးမယ်လို့  ပြောလိုက်တိုင်း အစည်းဝေးက ဆက်လုပ်လို့ မရတော့ ဘူး။ အဲဒီ လွန်ခဲ့ တဲ့ ၃ကြိမ်အလုံးက အလွတ်သဘောတွေ့ဆုံရတာဖြစ်လို့ ၊ နောက်စတုတ္ထအကြိမ်ကျတော့  ကျနော်တို့ က တရားဝင်အစည်းအဝေးလုပ်ရအောင်လို့ အစပျိုး ပြောလိုက်တာနဲ့  သူတို့ဘက်က ဒီဟာကဘာပြန်ပြောလဲဆို "ဒါ အကြိုညှိနှီုင်းရေးဖြစ်တယ်" တဲ့။ သို့ သော်လည်းဘဲ ဒီ အကြိုညှိနှီုင်းရေး ချည်းဘဲလုပ်နေတာ ဆိုလို့ ရှိရင် အစည်းအဝေးကရှေ့ ကိုတိုးလို့  မရဘူး။ အဲတော့  တရားဝင်အစည်းဝေး လုပ်ရအောင်လို့  ကျနော်တို့ က တောင်းဆိုတယ် ၊ဒါပေမဲ့ အခုချိန်ထိ တရားဝင်အစည်းဝေးက ဖြစ်မလာဘူး ၊ အလွတ်သဘော ကျနော်တို့  ဗန်းမော်နဲ့  မူဆယ်ကို လာဖို့ခေါ်တယ်၊ ကျနော်တို့ က "အလွတ်သဘောမဟုတ်ဘဲနဲ့ လောလောဆယ် လုပ်နေတဲ့  ရွှေလီမြို့မှာဘဲ တစ်ကြိမ်တရားဝင် အစည်းဝေးလုပ်မယ်၊ မူတစ်ခုချမယ်၊ မူချပြီးရင် မြစ်ကြီးနားမြို့မှာ တရားဝင်အစည်းဝေး နောက်တစ်ကြိမ် လုပ်ရအောင်" လို့  ပြောထားပြီးသား။ မြစ်ကြီးနားမြို့ရဲ့ ဘယ်မှာလုပ်မယ်၊ ဘယ်သူက တာဝန်ယူမယ်ဆိုတာအစ ကျနော်တို့  ကမ်းလှမ်းထားပြီးသား။ ဒါပေမဲ့ အခုထိ တရားဝင်အစည်းဝေးက ဖြစ်မလာဘူး။

(ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ ၂၂ရက်နေ့အထိသွားရောက်ခဲ့တဲ့  ကချင်ဒေသခရီးစဉ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ် ဂွမ်မော်နှင့် တွေ့ဆုံစကားပြောခဲ့သည့် စကားဝိုင်းမှ ကောက်နှုတ်ချက်)
တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့ အခါမှာ ကျနော်တို့ က proposal တစ်ခုတင်ထားတယ် ၊ ပထမအချက်ကတော့  ဒီတိုက်ပွဲတွေရပ်အောင် လောလောဆယ်ဘယ်လို ဘယ်လိုလုပ်ကြမလဲ ၊ တိုက်ပွဲတွေမရှိအောင် ဘယ်လိုလုပ်မလဲ။ ဒီကိစ္စ ကျနော်တို့  ပြောတာက အဆင့် ၃ ဆင့် နဲ့  ကျနော်တို့ တင်တယ် ၊ ပထမအဆင့် နံပါတ် ၅ မှာကျနော်က၊ အခု နီးနီးကပ်ကပ် ဖြစ်နေတဲ့  တပ်တွေ ခွာထားရမယ်၊ အဲတော့ ဒီတပ်တွေကို ဘယ်လိုခွာမလဲဆိုတဲ့ အပိုင်းကိုဆွေးနွေးဘို့  ကြိုးစားလိုက်တိုင်း အစည်းအဝေးက ပျက်သွားတယ်။ ဦးသန်းအောင်တို့နဲ့  ကျနော်တို့ ၃ကြိမ်ဆွေးနွေးတယ်။ ဦးအောင်သောင်းတို့ နဲ့  ၃ကြိမ်၊ အခု ၀န်ကြီး ဦးအောင်မင်းနဲ့  ၃ကြိမ် တွေ့ ပြီးသွားပြီ။ တပ်တွေခွါဖို့ကိစ္စ ဆွေးနွေးမယ်လို့  ပြောလိုက်တိုင်း အစည်းဝေးက ဆက်လုပ်လို့ မရတော့ ဘူး။ အဲဒီ လွန်ခဲ့ တဲ့ ၃ကြိမ်အလုံးက အလွတ်သဘောတွေ့ဆုံရတာဖြစ်လို့ ၊ နောက်စတုတ္ထအကြိမ်ကျတော့  ကျနော်တို့ က တရားဝင်အစည်းအဝေးလုပ်ရအောင်လို့ အစပျိုး ပြောလိုက်တာနဲ့  သူတို့ဘက်က ဒီဟာကဘာပြန်ပြောလဲဆို "ဒါ အကြိုညှိနှီုင်းရေးဖြစ်တယ်" တဲ့။ သို့ သော်လည်းဘဲ ဒီ အကြိုညှိနှီုင်းရေး ချည်းဘဲလုပ်နေတာ ဆိုလို့ ရှိရင် အစည်းအဝေးကရှေ့ ကိုတိုးလို့  မရဘူး။ အဲတော့  တရားဝင်အစည်းဝေး လုပ်ရအောင်လို့  ကျနော်တို့ က တောင်းဆိုတယ် ၊ဒါပေမဲ့ အခုချိန်ထိ တရားဝင်အစည်းဝေးက ဖြစ်မလာဘူး ၊ အလွတ်သဘော ကျနော်တို့  ဗန်းမော်နဲ့  မူဆယ်ကို လာဖို့ခေါ်တယ်၊ ကျနော်တို့ က "အလွတ်သဘောမဟုတ်ဘဲနဲ့ လောလောဆယ် လုပ်နေတဲ့  ရွှေလီမြို့မှာဘဲ တစ်ကြိမ်တရားဝင် အစည်းဝေးလုပ်မယ်၊ မူတစ်ခုချမယ်၊ မူချပြီးရင် မြစ်ကြီးနားမြို့မှာ တရားဝင်အစည်းဝေး နောက်တစ်ကြိမ် လုပ်ရအောင်" လို့  ပြောထားပြီးသား။ မြစ်ကြီးနားမြို့ရဲ့ ဘယ်မှာလုပ်မယ်၊ ဘယ်သူက တာဝန်ယူမယ်ဆိုတာအစ ကျနော်တို့  ကမ်းလှမ်းထားပြီးသား။ ဒါပေမဲ့ အခုထိ တရားဝင်အစည်းဝေးက ဖြစ်မလာဘူး။

(ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ ၂၂ရက်နေ့အထိသွားရောက်ခဲ့တဲ့  ကချင်ဒေသခရီးစဉ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ် ဂွမ်မော်နှင့် တွေ့ဆုံစကားပြောခဲ့သည့် စကားဝိုင်းမှ ကောက်နှုတ်ချက်)

ရေငုံနှုတ်ပိတ်နေသော သမ္မတ နှင့် သွားသလောက် တာမရောက်သော လူထုခေါင်းဆောင်

ရေငုံနှုတ်ပိတ်နေသော သမ္မတ နှင့် သွားသလောက် တာမရောက်သော လူထုခေါင်းဆောင်(လူထုပုံရိပ် ဂျာနယ်..မှ)

နိုင်ငံတော်သမ္မတသည် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရုံမှတစ်ပါး ဒဏ်ရာရ ဆန္ဒပြသံယာတော်များ နှင့်လည်း တွေ့ဆုံခြင်းမရှိ ရေငုံနှုတ်ပိတ် နေလေသည်..။

လက်ပတောင်း သပိတ်စခန်းဖြိုခွင်းမှု အပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မုံရွာဆေးရုံသို့ ဒဏ်ရာရရှိသူများ ကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်..။ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကာ ကြေးနီ စီမံကိန်းများ လုပ်ဆောင်နေသည့် ၀မ်ပေါင်နှင့် ဦးပိုင်ကုမ္ဂဏီတို့နှင့် စကားပြောဆိုခဲ့သည်..။ ယင်းနောက် လက်ပတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် ဥက္ကဌအဖြစ်ခန့်အပ်ခြင်း ခံခဲ့ရသည်..။ ယင်းနောက်ပိုင်းတွင် လည်း ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များက ဆက်လာသည်။ လက်ပတောင်းအရေး စုံစမ်းရေးကော်မရှင် ဥက္ကဌ အနေဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ကော်မရှင်က ဘာလုပ်မည် ကို ပြည်သူကိုအသိပေးသွားသည်..။

ဒီဇင်ဘာ ၈ ရက် ၉ ရက်များတွင်လည်း နတ်မောက်၊ မကွေးမြို့များတွင် လူထုမိန့်ခွန်းများပြောကြားခဲ့သည်..။ ထို့နောက် ကြေးနီစီမံကိန်း ဆန္ဒပြ သံယာတော်များအနက် အဆိုးရွားဆုံး ဒဏ်ရာရ သံယာတစ်ပါးဖြစ်သော ကြေးနီတောင်ဆရာတော် ဥူးတိက္ခဥာဏ အား ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှု မတိုင်မီတွင် အားပေးကြည့်ရှုခဲ့သည်..။ ဒဏ်ရာရှိသူများအနက် ကလေးဆေးရုံသို့ ရောက်ရှိနေသည့် ကလေးငယ်များကိုလည်း သွားရောက်ကာ လိုအပ်သည့်ကူညီမှုများ ပြုလုပ်ပေးခဲ့သည်..။ ##လွှတ်တော်အမတ် များစွာရှိသည့်အနက် အလုပ်အများဆုံးသော အမတ်ဟု ဆိုလျှင်လည်း ရနိုင်သည်...## 

လက်ပတောင်းကိစ္စနှင့် ပတ်သက်လျှင် ဒေါ်အောင်ဆန်းစုကြည် သည်လူထုခေါင်းဆောင်ဖြစ်သည် နှင့်အညီ ထိန်းထိန်းသိမ်းသိမ်း လုပ်ရသည့်ဟန်ကိုတွေ့ရသည်..။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် သည် အသက်အရွယ်နှင့်မလိုက်အောင် လှုပ်ရှားသွားလာနေရသည်..။ စတင်ဖြစ်ပွားသည့်နေ့မှ စတင်ကာ ယနေ့ချိန်တိုင်အောင် သူမ၏ ခရီးစဉ်မှာ မိန့်ခွန်းများ..၊ ပြည်သူအပေါ် ဖျောင်းဖျမှုများ..၊ မီဒီယာ ဆက်ဆံရေးများ.. စသည့်နိုင်ငံရေးလှုပ်ရှားမှုများဖြင့် အမျိုးစုံအောင် ကြိုးခုန်နေရသည်..။ ##တကယ့်ပင် နိုင်ငံတော်သမ္မတ တစ်ယောက်အသွင်..၊ နိုင်ငံရေးသမားများ အတုယူလေ့လာရန် စံနမူနာပြ လုပ်ဆောင်မှုများဖြစ်လို့နေသည်...## သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုပင် ပြည်သူအချို့ကဝေဖန်လာသည်..။ ဒေါ်စုကို စောဒကတက်မေးခွန်းများစွာ ထုတ်လာကြသည်..။

ယင်းကဲ့သို့ ဖြစ်လာရခြင်း၏ အဓိကအကြောင်းအရင်းခံမှာ ဒေါ်စုသည် အုပ်ချုပ်သူ..အာဏာရှိသူ မဟုတ်..။ လူထုခေါင်းဆောင်သာဖြစ်သည့် သူမတွင်ဆုံးဖြတ်ပိုင်ခွင့်မရှိ..။ စုံစမ်းစစ်ဆေးပိုင်ခွင့် သာရှိသည်..။ ဤကဲ့သို့ စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိသည်မှာလည်း သမ္မတ ဦးသိန်းစိန်က ခန့်အပ်ထားခြင်းကြောင့်သာဖြစ်သည်..။ ဒေါ်အောင်ဆန်းစုကြည် ၏ နှုတ်ခမ်းမှ ထွက်လာသောစကားလုံးများနှင့် လှုပ်ရှားမှုများထက် သမ္မတ ဦးသိန်းစိန်၏ အာဏာကပို၍ ခရီးရောက်နိုင်သည်ဟု ဆိုရမည်ဖြစ်သည်..။ အချုပ်ဆိုရသော် လူထုခေါင်းဆောင် အနေဖြင့် လုပ်ဆောင်နိုင်ခြင်း..စွမ်းဆောင်နိုင်ခြင်းက အဏာရ ဆုံးဖြတ်ပိုင်ခွင့် ရှိသူတစ်ဦးလောက် သွားသလောက် တာမရောက်နိုင်ဟု ဆင်ခြင်သုံးသပ်မိပါသည်..။

(ဆောင်းပါးရှင် Sparrow ၏ လူထုပုံရိပ် ဂျာနယ်မှ...)

(လုပ်ပိုင်ခွင့် နှင့် အဏာ ပိုရှိသူများအနေဖြင့် လူထုခေါင်းဆောင် ၏ 'အား' ကိုတလွှဲအသုံး မချမိဖို့နဲ့ ကိုယ်ကပိုလုပ်နိုင်ပါလျက်.. လုပ်ပိုင်ခွင့်ရော..အာဏာရော ပိုရှိနေပါလျက်နဲ့ လူထုခေါင်းဆောင်ကဲ့သို့ စွမ်းစွမ်းတမံ ၀င်ပြီးဆောင်ရွက်လိုက်မယ်.. အပြစ်ရှိသူကို အပြစ်ပေးအရေးယူလိုက်မယ်ဆိုရင် အစိုးရရဲ့ ဂုဏ်ကျက်သရေ ညိုးနွမ်းစေမှာမဟုတ်ဘဲ နိုင်ငံတော်ကိုလည်း ကျက်သရေတိုးပွားစေနိုင်တဲ့အပြင် အစိုးရအပေါ်လည်း ပြည်သူတွေရဲ့ ယုံကြည်မှု ပိုရလာနိုင်မယ်လို့ ရိုးသားစွာထင်မြင်မိပါတယ်...)
ရေငုံနှုတ်ပိတ်နေသော သမ္မတ နှင့် သွားသလောက် တာမရောက်သော လူထုခေါင်းဆောင်(လူထုပုံရိပ် ဂျာနယ်..မှ)
နိုင်ငံတော်သမ္မတသည် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရုံမှတစ်ပါး ဒဏ်ရာရ ဆန္ဒပြသံယာတော်များ နှင့်လည်း တွေ့ဆုံခြင်းမရှိ ရေငုံနှုတ်ပိတ် နေလေသည်..။

လက်ပတောင်း သပိတ်စခန်းဖြိုခွင်းမှု အပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မုံရွာဆေးရုံသို့ ဒဏ်ရာရရှိသူများ ကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်..။ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကာ ကြေးနီ စီမံကိန်းများ လုပ်ဆောင်နေသည့် ၀မ်ပေါင်နှင့် ဦးပိုင်ကုမ္ဂဏီတို့နှင့် စကားပြောဆိုခဲ့သည်..။ ယင်းနောက် လက်ပတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် ဥက္ကဌအဖြစ်ခန့်အပ်ခြင်း ခံခဲ့ရသည်..။ ယင်းနောက်ပိုင်းတွင် လည်း ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များက ဆက်လာသည်။ လက်ပတောင်းအရေး စုံစမ်းရေးကော်မရှင် ဥက္ကဌ အနေဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ကော်မရှင်က ဘာလုပ်မည် ကို ပြည်သူကိုအသိပေးသွားသည်..။

ဒီဇင်ဘာ ၈ ရက် ၉ ရက်များတွင်လည်း နတ်မောက်၊ မကွေးမြို့များတွင် လူထုမိန့်ခွန်းများပြောကြားခဲ့သည်..။ ထို့နောက် ကြေးနီစီမံကိန်း ဆန္ဒပြ သံယာတော်များအနက် အဆိုးရွားဆုံး ဒဏ်ရာရ သံယာတစ်ပါးဖြစ်သော ကြေးနီတောင်ဆရာတော် ဥူးတိက္ခဥာဏ အား ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှု မတိုင်မီတွင် အားပေးကြည့်ရှုခဲ့သည်..။ ဒဏ်ရာရှိသူများအနက် ကလေးဆေးရုံသို့ ရောက်ရှိနေသည့် ကလေးငယ်များကိုလည်း သွားရောက်ကာ လိုအပ်သည့်ကူညီမှုများ ပြုလုပ်ပေးခဲ့သည်..။ ##လွှတ်တော်အမတ် များစွာရှိသည့်အနက် အလုပ်အများဆုံးသော အမတ်ဟု ဆိုလျှင်လည်း ရနိုင်သည်...##

လက်ပတောင်းကိစ္စနှင့် ပတ်သက်လျှင် ဒေါ်အောင်ဆန်းစုကြည် သည်လူထုခေါင်းဆောင်ဖြစ်သည် နှင့်အညီ ထိန်းထိန်းသိမ်းသိမ်း လုပ်ရသည့်ဟန်ကိုတွေ့ရသည်..။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် သည် အသက်အရွယ်နှင့်မလိုက်အောင် လှုပ်ရှားသွားလာနေရသည်..။ စတင်ဖြစ်ပွားသည့်နေ့မှ စတင်ကာ ယနေ့ချိန်တိုင်အောင် သူမ၏ ခရီးစဉ်မှာ မိန့်ခွန်းများ..၊ ပြည်သူအပေါ် ဖျောင်းဖျမှုများ..၊ မီဒီယာ ဆက်ဆံရေးများ.. စသည့်နိုင်ငံရေးလှုပ်ရှားမှုများဖြင့် အမျိုးစုံအောင် ကြိုးခုန်နေရသည်..။ ##တကယ့်ပင် နိုင်ငံတော်သမ္မတ တစ်ယောက်အသွင်..၊ နိုင်ငံရေးသမားများ အတုယူလေ့လာရန် စံနမူနာပြ လုပ်ဆောင်မှုများဖြစ်လို့နေသည်...## သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုပင် ပြည်သူအချို့ကဝေဖန်လာသည်..။ ဒေါ်စုကို စောဒကတက်မေးခွန်းများစွာ ထုတ်လာကြသည်..။

ယင်းကဲ့သို့ ဖြစ်လာရခြင်း၏ အဓိကအကြောင်းအရင်းခံမှာ ဒေါ်စုသည် အုပ်ချုပ်သူ..အာဏာရှိသူ မဟုတ်..။ လူထုခေါင်းဆောင်သာဖြစ်သည့် သူမတွင်ဆုံးဖြတ်ပိုင်ခွင့်မရှိ..။ စုံစမ်းစစ်ဆေးပိုင်ခွင့် သာရှိသည်..။ ဤကဲ့သို့ စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိသည်မှာလည်း သမ္မတ ဦးသိန်းစိန်က ခန့်အပ်ထားခြင်းကြောင့်သာဖြစ်သည်..။ ဒေါ်အောင်ဆန်းစုကြည် ၏ နှုတ်ခမ်းမှ ထွက်လာသောစကားလုံးများနှင့် လှုပ်ရှားမှုများထက် သမ္မတ ဦးသိန်းစိန်၏ အာဏာကပို၍ ခရီးရောက်နိုင်သည်ဟု ဆိုရမည်ဖြစ်သည်..။ အချုပ်ဆိုရသော် လူထုခေါင်းဆောင် အနေဖြင့် လုပ်ဆောင်နိုင်ခြင်း..စွမ်းဆောင်နိုင်ခြင်းက အဏာရ ဆုံးဖြတ်ပိုင်ခွင့် ရှိသူတစ်ဦးလောက် သွားသလောက် တာမရောက်နိုင်ဟု ဆင်ခြင်သုံးသပ်မိပါသည်..။

(ဆောင်းပါးရှင် Sparrow ၏ လူထုပုံရိပ် ဂျာနယ်မှ...)

(လုပ်ပိုင်ခွင့် နှင့် အဏာ ပိုရှိသူများအနေဖြင့် လူထုခေါင်းဆောင် ၏ 'အား' ကိုတလွှဲအသုံး မချမိဖို့နဲ့ ကိုယ်ကပိုလုပ်နိုင်ပါလျက်.. လုပ်ပိုင်ခွင့်ရော..အာဏာရော ပိုရှိနေပါလျက်နဲ့ လူထုခေါင်းဆောင်ကဲ့သို့ စွမ်းစွမ်းတမံ ၀င်ပြီးဆောင်ရွက်လိုက်မယ်.. အပြစ်ရှိသူကို အပြစ်ပေးအရေးယူလိုက်မယ်ဆိုရင် အစိုးရရဲ့ ဂုဏ်ကျက်သရေ ညိုးနွမ်းစေမှာမဟုတ်ဘဲ နိုင်ငံတော်ကိုလည်း ကျက်သရေတိုးပွားစေနိုင်တဲ့အပြင် အစိုးရအပေါ်လည်း ပြည်သူတွေရဲ့ ယုံကြည်မှု ပိုရလာနိုင်မယ်လို့ ရိုးသားစွာထင်မြင်မိပါတယ်...)

ရွှင်လန်းချမ်းမြေ့ပါစေ။

ရွှင်လန်းချမ်းမြေ့ပါစေ


တေးရေး..ကိုသက်ဦး
တေးဆို..ချိုသံသာ

မိတ်အင်ဘားမါး



• ကို့ ရိုးကားယား
ဝိုးတိုးဝါးတားနဲ့ 
ဆိုးဆိုးဝါးဝါးတွေ
ပိုးမွှားကျသလို တိုးပွားနေတယ်။

• ကြားသားမိုးကြိုး
မိုးကြိုးပစ်တာ ထန်းရွက်နဲ့ ကာ
တောင်ပြိုနေတာ လက်ဖ၀ါးနဲ့ ကာ
အရာရာကို ကာလုံ*နဲ့ ကာ
ဒါကိုယုံရင် ပုံပြင်ဖြစ်မယ်။

• ရီကွန်စီလေးရှင်း (Reconciliation) နဲ့ 
နီပွန် (Nippon) သီချင်းလေးဆို
ဒိုနာ (Donor) တွေ မှိုလိုပေါက်
ဒိုင်းညှောင့်ခေတ်မှာ
ရွှေဘဟာ မင်းသားဖြစ်တယ်။

• စကားလုံးတွေနဲ့ 
ကျိုးကြေနေတဲ့ကောင်းကင်အောက်
မုတ်သုန်ဝင်လေပြင်းတွေနဲ့  သက်ပြင်းချ
အဆင်း အနံ့ မှန်သမျှ
ရှတတ ခါးတားတား
အမှားများစွာ
မှုံနံသာခြယ်လှပနေတယ်။

• စိုင်ကော်လို့ ခြုံပေါ်ရောက်
ကြံ့ ကော်လို့ ခြုံပေါ်ရောက်
ပလိုင်းပေါက်နဲ့ ဖါးကောက်
ပြည်သူတွေနဲ့ ကိုင်ပေါက်ကြ
ပြည်သူတွေနဲ့ ကိုင်ဆောင့်ကြ
အိုင်စကရင် (Ice cream) နဲ့  အိုင်တင်များတယ်။

• စားပြီးနားမလည်
ဝါးတီးပဲနားလည်ကာ
ဇူဇကာလက်သစ်တွေ
စောရနက္ခနဲ့  အဆီရစ်တယ်။

• အစာအိမ်အချဉ်ပေါက်
တက်ခေါက်သံတဝေေ၀
အသပြာငွေ တရွှင်ရွှင်
အတုမြင် အတက်သင်ကြ
ပစ္စ န္တရစ်အရပ် တစ္ဆေထကြွတယ်။

• စင်ကြယ်မှုကိုခြူတံနဲ့ ခူး
ထူးမခြားနားသံသရာ
သိက္ခာကို ရိက္ခာနဲ့ လဲလှယ်
မဲဆွယ် မဲဝယ်ဈေးကွက်မှာ
ဈေးတွက်နည်းနဲ့ အရောင်းသွက်
မိတ်အင်ဘားမါးထွက် ပစ္စည်းဖြစ်တယ်။

*ကာလုံ = အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

ဧရာ
၂၇၊၁၂၊၂၀၁၂

Friday, December 28, 2012

“ချိန်ခွင်ပေါ်မှ လူသားများ”


by Soe Min on Thursday, December 27, 2012 at 11:19pm ·
          ဂျေဆင်မရကြီး သီချင်းလာဆိုတဲ့အခါ တချို့လူတွေက စကားတင်းဆိုကြပါတယ်။ လူကုန်ကူးမှုကို သီချင်းတွေဆိုပြီး တိုက်ဖျက်မလို့တဲ့။ တို့ဆီက ရေပေါ်ဆီအဆိုတော်တွေကလည်း ပိုက်ဆံရလို့သာ လူကုန်ကူးမှုတိုက်ဖျက်ရေး ထထအော်ပြီးကြော်ငြာနေတာ ဘယ်သူကမှ တကယ်တမ်းစိတ်ဝင်စားတာလည်း မဟုတ်ပဲနဲ့။ စသည်စသည်ဖြင့် ရယ်ပွဲဖွဲ့နေတာ အကြားသား။ ဟုတ်သားပဲ။ သီချင်းတွေဆိုလို့ ကမ္ဘာကြီးငြိမ်းချမ်းသွားမယ် လို့ ဘယ်တုန်းကမှ မယုံကြည်ပါဘူး။ အရူးတွေ စိတ်ချမ်းသာအောင် ထားနိုင်ရင် ကိုယ်အေးအေးဆေးဆေး နေရမယ် ဆိုတာကမှ နီးစပ်သေး။ ဒါပေမယ့် “ပြည်ထောင်စုကိုချစ်” တုန်းက ပြောခဲ့ဖူးသလိုပဲ သီချင်းတွေကို Propaganda အတွက် သုံးလို့တော့ တော်တော်ထိရောက်တယ်လေ။ နိုင်ငံရေးသမားတွေက သူတို့အယူအဆတွေ ပြည်သူလူထုအကြားမှာ ပြန့်နှံ့နေစေဖို့ သုံးတဲ့အတွက် အဲဒီစကားလုံးကို ၀ါဒဖြန့်တယ် လို့ ဘာသာပြန်ကြပေမယ့် တကယ်မှာတော့ ကိုယ်ပေးချင်တဲ့ သတင်းအချက်အလက် အယူအဆ Message တစ်ခုကို လူအများကြီးအကြားမှာ စိမ့်ဝင်သွားစေချင်ရင်လည်း အဲဒီနည်းကို သုံးရပါတယ်။ ကြော်ငြာတွေလည်း တသဘောတည်းပါပဲ။ သူ့ဘာသာ တကယ်လျှော်လျှော် မလျှော်လျှော် “ထက်ထက်ရဲ့ အ၀တ်အစားတွေကိုတော့ အိုဆိုဆပ်ပြာမှုန့်နဲ့ပဲ လျှော်တယ်” ဆို နောက်တခါ ဆပ်ပြာဝယ်မယ့်သူတွေအတွက် ဒီနံမယ် စမ်းသုံးကြည့်ဦးမယ် ဖြစ်သွားတယ်လေ။ ကောင်းတာ မကောင်းတာ ပေါက်တာမပေါက်တာက နောက်မှ။ လောလောဆယ်တော့ လူသိများသွားတာ အမှန်ပဲ။ သီချင်းဆိုပြီး လူကုန်ကူးမှုကို တားဆီးလို့ မရသေးပေမယ့်လည်း အဲဒီညကလာတဲ့ လူပရိသတ်ကြီးတစ်ခုလုံးကိုတော့ လူကုန်ကူးမှုရဲ့အန္တရာယ်ကို ခေါင်းထဲထည့်ပေးလိုက်နိုင်ပါတယ်။ အဲဒီထဲကတစ်ယောက်ဖြစ်တဲ့ ကိုယ့်ခေါင်းထဲကိုလည်း အဲဒီအတွေးစကလေး ရောက်လာပါတယ်။ ပိုက်ဆံမရရင် လေတောင်မချွန်တဲ့ သူတို့တတွေတောင် အလကားမတ်တင်း သီချင်းတွေ တက်ဆိုပြနေလို့ရှိရင် ကိုယ့်လည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဒီအကြောင်းကို နုတ်စ်ကလေး ရေးတင်ဦးမှပါလေ လို့ သဘောပိုက်မိတဲ့အတွက် စာဖတ်သူတွေလည်း သည်းခံ၍သာ ဖတ်ကြပေဦးဗျား။ (ဖတ်ခလေးကတော့ MPT ကိုပဲ ပေးလိုက်ပေတော့)
          ကုန်ကူးတယ်ဆိုတဲ့သဘောက ရောင်းသူရှိမယ်။ ၀ယ်သူရှိမယ်။ ကြားထဲက ပွဲစားပါချင်ပါမယ်။ အခွန်အတုပ် ပေးရတာရှိမယ်။ အလယ်ခေါင်မှာတော့ ကုန်ပစ္စည်းတစ်ခု ရှိတာပေါ့။ ဒီနေရာကနေ ၀ယ်သွားပြီး နောက်တစ်နေရာမှာ သွားရောင်းတာ။ အဲဒီအလယ်ခေါင်က အမျိုးမျိုးသော ကုန်ပစ္စည်းတွေထဲမှာ လူသားစင်စစ်တွေဟာလည်း ဈေးကွက်ရဲ့တောင်းဆိုမှုအရ ချိန်ခွင်ပေါ်တက်မထိုင်ရုံတမယ် အရောင်းအ၀ယ် တွင်ကျယ်လို့လာပါတယ်။ သုဝဏ္ဏသာမကို မြားမှန်တော့ သူက ပီဠိယက္ခမင်းကြီးကို မေးတာ ဟောသလိုပါတဲ့။ “ငါ့အသားသည် စားကောင်းသည်လည်း မဟုတ်။ ငါ့အရေသည် ၀တ်ရုံခြုံလွှမ်း၍လည်း မရ။ ငါ့၌ အထိုးတန်သော အစွယ်၊ ဦးချိုတို့သည်မရှိ။ သို့စဉ်လျက် အဘယ်ကြောင့် သင်မင်းကြီး ငါ့အား မြားဖြင့် ပစ်ဘိသနည်း။” တဲ့။ “ဟုတ်သားပဲ။ လူတွေကို ကုန်ကူးရောင်းဝယ်တော့ရော ဘာသုံးလို့ရတာ ရှိလို့တုန်း။”  လို့ မမှတ်ပါနဲ့။ သိပ်ကိုရှိတာပေါ့။ အဓိက ကတော့ လုပ်အားပါ။ အဲဒီအပေါ်မှာ တန်ဖိုးတွေထပ်ဆင့်လာတာ ကျွမ်းကျင်မှုတွေ၊ ပညာတွေ၊ လူသားတစ်ယောက်က ထွက်ရှိနိုင်သမျှ စွမ်းရည်တွေ အားလုံး အကြုံးဝင်ပါတယ်။
              ဟိုးရှေးရှေးပဝေသဏီ ကျေးပိုင်ကျွန်ပိုင်ခေတ်ကတည်းက သူတို့ကိုယ်သူတို့ ယဉ်ကျေးတယ်လို့ ယူဆတဲ့ လက်နက်အင်အား လူအင်အားသာတဲ့သူတွေဟာ အားနည်းတဲ့ မဖွံ့ဖြိုးသေးတဲ့ အရပ်ဒေသက လူတွေကို လူသားစာရင်းထဲ နောက်ပိတ်ဆုံးနားကတောင် မသွင်းပဲ ခိုင်းစေဖို့၊ အလိုရှိရာကို သားစဉ်မြေးဆက် အသုံးချဖို့၊ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခေါ်ငင်ပြီး ရောင်းဝယ်ဖောက်ကားခဲ့ကြပါတယ်။ အများစုကတော့ အမည်းရောင် အသားအရေရှိတဲ့သူတွေက အဓိကပါ။ ဘယ်သူတွေက အဓိကလုပ်ကြသလဲဆိုတာကတော့ ဒီကနေ့ကမ္ဘာမှာ လူမည်းတွေဘယ်နေရာမှာတွေ့ရသလဲ လိုက်ကြည့်လိုက်။ ဒေသခံတိုင်းရင်းသား မဟုတ်သရွေ့တော့ အဲဒီနိုင်ငံကလူတွေ လူကုန်ကူးမှုလုပ်ခဲ့တာ ငြင်းမရတဲ့သက်သေပဲ။ လူဖြူတွေ လူဝါတွေ လူနီတွေရော ကုန်ကူးမခံရဘူးလားဆိုရင် အကူးခံရတာပေါ့။ အင်အားနည်းတဲ့ ချို့တဲ့ဆင်းရဲတဲ့သူတွေကို အုပ်စုဖွဲ့ အနိုင်ကျင့် လက်နက်အားကိုးနဲ့ ဖမ်းဆီးရောင်းချကြတာတွေ သူတို့ရုပ်ရှင်တွေထဲမှာ မကြည့်ချင်အဆုံးပဲ။ အပြင်မှာလည်း အမြဲဖြစ်ပျက်နေတုန်းပဲ။ အဲဒီလူကုန်ကူးတယ်ဆိုတဲ့လုပ်ရပ်ဟာ အင်မတန် လူမဆန်တဲ့လုပ်ရပ်၊ ရက်စက်ယုတ်မာတဲ့ အကုသိုလ်အလုပ်ဆိုတာကို သည်ကနေ့လောက် သဘောပေါက်လာနိုင်ဖို့အတွက် မျိုးဆက်ပေါင်းများစွာ အရင်းတည်ခဲ့ရပါတယ်။ ဒါတောင်မှ မကောင်းဘူး ဆိုတဲ့အသိကလေးပဲ ရလာသေးတာ။ ပပျောက်သွားအောင် ဘယ်သူမှ မတတ်နိုင်သေးဘူး။ နဂိုတုန်းက တရားဥပဒေကခွင့်ပြုထားရာကနေ ဒီကနေ့မှာ ဥပဒေပြင်ပရောက်သွားတာပဲ ရှိတယ်။
           ဒီကနေ့မှာတော့ လူကုန်ကူးမှုဆိုတာ ဘယ်နိုင်ငံကမှ တရားဥပဒေနဲ့ တရားဝင်ခွင့်ပြုထားတာ မရှိသော်ငြား တွင်ကျယ်နေသေးတာကိုကြည့်ရင် ဥပဒေပြင်ပက ဒုစရိုက်သမားများနဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ်နေသူများ ဘယ်လောက်များနေမှန်း သိသာပါတယ်။ ဒါကြောင့်မို့ သီချင်းဆိုရင်း တိုက်ဖျက်လို့မရသော်ငြား တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ ကူညီနိုင်မယ်ဆိုရင်တော့ ကိုယ့်အတွက် ဘာမှ အပန်းမကြီးသော်ငြား လူတစ်ယောက်ရဲ့ဘ၀ကို ကယ်တင်ရာရောက်တာပေါ့။ အဲဒါ စိတ်ကူးယဉ်ဆန်ချင်လည်း ဆန်ပါလိမ့်မယ်။ ဒါပေမယ့် လူကုန်ကူးခံရတဲ့သူအဖို့တော့ ကောက်ရိုးတစ်မျှင်လည်း အားကိုးစရာပါပဲ။ အကယ်၍များ ခရီးသွားဟန်လွဲ ကြုံခဲ့သည်ရှိသော် ငါ့မှာသွားစရာ ရှိသေးတယ်တို့။ တော်တော်ကြာ သက်သေလိုက်နေရမှဖြင့် တို့ မတွေးပဲထားရအောင်နော်။ ဘယ်ဖုန်းနံပါတ်မှ မမှတ်မိဘူးဆိုရင်တောင် ၁၉၉ တော့ ဆက်လို့ရပါတယ်။ ငါးသက်စေ့လွှတ်တာထက်တော့ ကုသိုလ်ရမှာ အမှန်ပါ။
             အဲဒီဥပဒေနှုတ်ခမ်းသားလေးနားမှာ ဟိုဘက်ကူးလိုက် သည်ဘက်ယိမ်းလိုက် ဖြစ်နေတာကတော့ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေပါ။ နိုင်ငံခြားမှာ အလုပ်သွားလုပ်မလား။ လခကောင်းတယ်လေ။ နှစ်လ သုံးလလောက်ဆို ပွဲခကျေရော။ တစ်နှစ် နှစ်နှစ်လောက်လုပ်လိုက်ရင် ကားစီးနိုင်တယ်။ စတဲ့ တိုက်နဲ့ထားမယ် အကြိုက်နဲ့မျှားတယ် လူပွဲစားများဟာ သူတို့ပေးထားတဲ့ မစားရ၀ခမန်း ကတိတွေကို အရူးကွက်နင်းပြီး ဘီလူးခေါင်းကွာကျတာနဲ့ လူကုန်ကူးမှုစစ်စစ်ကြီး ဖြစ်သွားပါတော့တယ်။ ငယ်ငယ်တုန်းက ကလေးတွေကို ခြောက်လှန့်သလိုမျိုး “နင့်ကို ကုလားအဖိုးကြီးက ဖမ်းပြီးရောင်းစားလိမ့်မယ်။” ဆိုတာမျိုး သိသိသာသာ မဟုတ်ပေမယ့် အဲဒီသဘောနဲ့ ဘာမှ မထူးပါဘူး။ သူတို့ဆီရောက်တာနဲ့ စာအုပ်ယူပြီးသိမ်းထားမယ်။ အပြင်မထွက်နဲ့။ နင့်ကို ရဲဖမ်းလိမ့်မယ်။ လခ ပေးချင်မှပေးမယ်။ ပေးချင်သလောက်ပေးမယ်။ ခိုင်းချင်တဲ့အလုပ်ကို ခိုင်းချင်သလိုခိုင်းမယ်။ စသည်ဖြင့် ဥပဒေကိုလက်တစ်လုံးပဲ ခြားခြားပြီး လူငယ်တွေကိုရောင်းစားနေတာလည်း လူကုန်ကူးမှုလို့ပဲ ပြောရပါမယ်။ မိန်းကလေးတွေကို ပြည့်တန်ဆာအိမ်ပို့တာကမှ လူကုန်ကူးတာ မဟုတ်ဘူးလေ။ ယောင်္ကျားလေးတွေကိုလည်း ငွေကြေးနဲ့ တုပ်ကာနှောင်ကာ လုပ်အားခေါင်းပုံဖြတ် မတရားအနိုင်ကျင့်တာတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် စလုံးပုံပြင် မလေးပုံပြင်တွေ တစ်ထောင့်တစ်ညမကပဲ။
           ကိုယ်တွေ့ကြုံဖူးတာတစ်ခု ပြောပြပါမယ်။ မြန်မာပြည်ကအထွက်ကတော့ အလုပ်ကသေချာလိုက်တာ။ ဟိုရောက်တာနဲ့ အထုပ်ချပြီး အလုပ်ဝင်ရမယ့် ပုံစံမျိုး။ လေယာဉ်ပျံပေါ်ကဆင်းလို့ စာအုပ်ထဲ တုံးထုလိုက်ရင် သူတို့တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေက မကောင်းတော့ဘူး။ ရှိပြီးသားအလုပ်သမားတွေတောင် လျှော့ချနေတာ။ အသစ်ခန့်ဖို့ ဝေးသွားပြီ။ သတင်းစာထိုင်ဖတ်ပြီး ရှာပေဦးတော့။ ဗီဇာသက်တမ်းကုန်ကာနီးလေ။ လူကသွေးပျက်လာလေ။ ထမင်းလေး နပ်မှန်ရင်တော်ပြီ။ နေထိုင်ခွင့်ပါမစ်လေးသာ လျှောက်ပေးပါ။ ကျွန်ခံပါရစေ။ ကျွန်ခံပါရစေ။ ဖြစ်လာတယ်။  ကျွန်ဆိုတာ ဒီလိုလွယ်လွယ်နဲ့ ခံလို့ရရင် စင်္ကာပူ ဘယ်ခေါ်ပါ့မလဲ။ သွားရှာချေဦး။ ကျွန်ခံခ။ သုံးလေးထောင်ထက် မနည်းစေနဲ့။ အိမ်တိုင်ချွတ်ရောင်းရ ရောင်းရ။ အလုပ်ရတော့ ပြန်ဆပ်မယ်လို့ ပြောလိုက်။ အဲသလို အထုပ်အထည်တွေဖျက်ပြီး ကျွန်ခံခပေးလိုက်လို့ ငါတော့ ကျွန်ဖြစ်ပဟဲ့ လို့ လက်ခမောင်းခတ်ဖို့ မစဉ်းစားလိုက်နဲ့ဦး။  မင့်ကိုခန့်တာ ကျွန်အစစ်မှ မဟုတ်သေးတာ။ အစမ်းခန့်။ အောက်သွားဘယ်နှစ်ချောင်းရှိသလဲ ရိုက်ခိုင်းကြည့်ရဦးမှာ။ အဲဒီရက်တွေမှာတော့ ၀ါဝါ၀င်းရွှေကား ရိုက်ဖို့သာပြင်ထား။ ဒူးနဲ့မျက်ရည်သုတ်။ လက်က ယားလို့တောင် မကုပ်အားဘူး။ ပုဏ္ဏားကလည်း စိတ်ညစ်ပြီး မထွက်ထွက်အောင် ကြမ်းပြလိမ့်မယ်။ ဂဏှာတို့ ဇာလီတို့ကလည်း ၀င်ထားတဲ့ပိုက်ဆံ၊ ပျက်လာတဲ့ဖောင်ကြောင့် အောင့်အည်းသည်းခံ ကွယ်ရာတောက်ခေါက်ပြီး အလုပ်ဆင်းရမယ်။ နိုင်ဖဲက သူတို့လက်ထဲမှာ။ ဗီဇာကုန်ကာနီးလေးကျမှ ကပ်ပြီး ညည်းနဲ့ကျုပ်နဲ့ဖြစ်သေးပါဘူးဆို ကပ်ဖြုတ်ပစ်တာ။ အေးဂျင့်ဖိုးက ပြန်အမ်းရိုးထုံးစံမရှိဘူး။ နောက်တစ်နေရာ ပို့ပေးမယ်။ လောလောဆယ် တိုင်ပတ်မလား အိုမလား ကြိုက်ရာရွေး။ သတ္တိရှိရင် တိုင်ကြည့်လေ။ နင်နောက် တို့ဆီ ၀င်လို့မရတော့ဘူး။ အနက်စာရင်းတို့လိုက်မှာ။ သူ့ကျွန်အဖြစ် နွံနစ်ရတာ စလုံးကတစ်ယောက်တည်း မမှတ်ပါနဲ့။ ဒီဘက်မှာကျန်ခဲ့တဲ့ မိသားစုခမျာလည်း ခေါင်းဆင်နင်းတာပဲ။ မျက်ကလဲဆန်ပြာ ငွေရှာပြီး မပို့နိုင်ရင် သူများရပ်ရွာမှာ ကိုယ့်သားသမီး ဒုက္ခရောက်နေမှာပေါ့။ ဗီဇက်အိုနဲ့ ငိုကြယိုကြတဲ့ ဇာတ်လမ်းတွေ အင်တာနက်ဆိုင်တိုင်းမှာ ရှိတယ်။ ကိုယ့်အိမ်မှာ မလုပ်ဖူးတဲ့အလုပ်တွေလုပ်ပြီး လေးငါးခြောက်လ ကျွန်ခံဖို့အတွက် မိဘဘိုးဘွားစုဆောင်းထားသမျှ အိုစာမင်းစာ၊ ချေးကာငှားကာ  ကြွေးလည်ပင်းခိုက်စေပြီး လူငယ်ဘ၀ တက်ကြွတဲ့စိတ်ဓါတ် နဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်တဲ့ ဟိုဘက်ကအေးဂျင့် ဒီဘက်ကအေးဂျင့်တွေကို လူကုန်သည် လို့ ခေါ်ရမှာတောင် ခပ်ခက်ခက်ရယ်။ ဒီပြဿနာရဲ့အဖြေကတော့ သူတို့နိုင်ငံသားတွေဘက်က အရမ်းကာရော အသာစီးယူထားတဲ့ ဟိုဘက်အစိုးရရယ်၊ ဘာမှမဆိုင်သလို မျက်နှာလွှဲခဲပစ်လုပ်နေတဲ့ ကိုယ့်ဘက်ကအစိုးရရယ် အပေါ် မူတည်ပါတယ်။ ပိန္နဲပင် ဆွဲထည့်တယ်တော့ ဘယ်ဟုတ်မလဲ။ ဒါ ကိုယ့်လူမျိုးတွေ လူကုန်ကူးခံရတာလေ။ နည်းနည်းလေးမှ မသနားဘူးလား။ (သူတို့က ဒါတွေ ဘယ်သိပါ့မလဲ။ စင်္ကာပူဆိုတာ စကော့ဈေးလောက်ပဲ မှတ်နေတာ)
           ခုခေတ်ကျွန်ခံရတဲ့အဖြစ်ဟာ စပါတာကပ်စ်ရုပ်ရှင်ထဲကလို၊ သမိုင်းဖတ်စာအုပ်ထဲက ကျွန်မကလေးဟာရှီလို ကျောက်တုံးကြီးတွေကိုဆွဲ၊ ကြာပွတ်ကြီးတွေနဲ့ရိုက်၊ မဟုတ်တော့ဘူး။ သင့်တင့်လျှောက်ပတ်တဲ့ လုပ်ငန်းခွင် အခြေအနေ၊ ဖူလုံလောက်ငှတဲ့ လုပ်အားခ၊ ရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေး စတာတွေ လူစဉ်မမီ၊ စံနှုန်းမကိုက်ဘူးဆိုရင်လည်း မတရားသဖြင့် ကျွန်ပြုခိုင်းစေနေတယ် လို့ မြင်မိပါတယ်။ အဲသလိုတွက်လိုက်ရင် ကိုယ့်ပြည်တွင်းမှာတောင် ကျွန်တွေ မနည်းဘူး။ သခင်မျိုးဟေ့ တို့မပါ လို့ ပြောင်းအော်ရမယ်။ ငယ်ငယ်က အိမ်နီးချင်းဖြစ်ဖူးတဲ့ ဘွားတော်ကြီးတစ်ယောက်ဟာ အိမ်ဖော်ခေါ်ရင် တောက ဆယ်နှစ်မပြည့်သေးတဲ့ကလေးတွေပဲ ရွေးရွေးခေါ်ပါတယ်။ ကုလားထိုင်ပေါ်က ခြေထောက်နှစ်ချောင်းချလိုက်ရင် ဘိနပ်လာစီးပေးရတယ်။ ညဘက်တီဗီထိုင်ကြည့်နေရင် သူ့ဘေးနားမှာ မတ်တပ်ရပ်ပြီး ယပ်ခတ်ပေးရတယ်။ ထိုင်ရာမထ ပါးစပ်ကတပြီးတဖွဖွ ခိုင်းတတ်သလို စိတ်တိုင်းမကျရင် ဗြောတီးတာလည်း မကြာခဏပါ။ ဘယ်အိမ်ဖော်မှ မခံနိုင်လို့ ထွက်ပြေးသော်လည်း ဘယ်တုန်းကမှ သူ့ဆီမှာ အိမ်ဖော်မပြတ်တာလည်း အံ့စရာပါ။ အဲဒီအချိန်တုန်းက ကိုယ်က ကလေးပဲရှိသေးပေမယ့် လူလူချင်း အဲလောက် အကြောကြီးနဲ့နေတာ အားကြီး အမြင်ကပ်တာပါပဲ။ ဒါပေမယ့် လူကြီးဖြစ်လာတဲ့အခါမှာ သူ့လိုလူတွေ အများကြီးတွေ့ဖူးသွားလို့ မထူးဆန်းတော့ပါဘူး။ ဗွက်အိုင်ထဲဆင်းလာနီး သုမေဓာလို တံတားခင်းမတတ် ဖ၀ါးပြေးမ ရတဲ့ ဓါတ်ပုံတောင် မြင်ဖူးသေး။ ဘိနပ်စီးပေးတာကတော့ ရိုးဟိုးဟိုးနေပြီ။ ဆက်ပြောရင် လူကုန်ကူးတာကနေ ကိုယ့်ကျွန်မခံပြီ ဇာတ်ကားရိုက်ရတော့မယ်။
          လူကုန်ကူးခံရတဲ့သူတွေကို အားပေးနှစ်သိမ့်ပြီး အိမ်မက်ကလေး ပေးထားတဲ့စကားလုံးကလေး နှစ်လုံးကိုလည်း အဲဒီညက ကြားလိုက်ရပါတယ်။ သူတို့အဖွဲ့အစည်းကိုတောင် အဲဒီနံမယ်ကလေး ပေးထားသေး။ “Walk Free” တဲ့။ သွားလိုရာလာလိုရာ လွတ်လွတ်လပ်လပ် သွားနိုင်လာနိုင်ပါစေသတည်း ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ဟုတ်တယ်လေ။ သူတို့ဘ၀က ငှက်ကလေးများအတောင်ညှပ်ထားသလို သန္တိပါဒါ အ၀ဉ္စနာ ဘ၀။ လွတ်လပ်ခြင်းရဲ့အရသာဆိုတာ ဘာမှန်းမသိတဲ့အဖြစ်။ အဲသလိုဆိုပြန်တော့ ကိုယ်တွေတောင် မလွတ်ချင်ဘူးဗျ။ ဖြူဖြူကတောင်ပြောသေး။ ဖြူဖြူကိုယ်တိုင်လည်း အချိန်မရွေး ကုန်ကူးခံရနိုင်တယ် တဲ့။ သူမသိလို့ပါ။ စောစောကပြောတဲ့ သင်သွားလိုရာသွားနိုင်ပြီဆိုတဲ့ဘ၀မျိုး သူ့မှာမှ မရှိပဲ။ သူကဆေးကျောင်း လာတက်မိတာကိုး။ နိုင်ငံခြားထွက်ချင်ရင် ပညာရေးကင်းရှင်းကြောင်းဆိုတဲ့ဟာကြီးနဲ့ တန်းငြိတော့တာ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်တက်ပြီး လျော်ရတယ်ဗျ။
           ကျုပ်တို့ နိုင်ငံ့ဝန်ထမ်းများအတွက်တော့ ဘာပြောကောင်းမတုန်း။ လုပ်ငန်းခွင်နဲ့ အလှမ်းဝေးဝေးသွားချင် ဌာနချုပ်မှထွက်ခွာခွင့်ဆိုတာ တင်ရတယ်။ ကိုယ့်ဌာနအကြီးအကဲဆီ ခွင့်တင်ရုံနဲ့မလုံလောက်ဘူး။ ဒေသဆိုင်ရာ အာဏာပိုင်ဆီမှာ လူကိုယ်တိုင် ခွင့်တောင်းရတယ်။ လောက်ကိုင်တုန်းက လက်ထောက်ဆရာဝန်လေးတစ်ယောက် ကားပေါ်ရောက်မှ ပြန်ဆွဲချခံရဖူးတယ်။ ခွင့်ပြုချက်မရလို့တဲ့။ ပြည်ပထွက်ခွာခွင့်ဆိုတာမျိုးကျတော့ ၀န်ကြီးဌာနထိအဆင့်ဆင့် တင်ရတယ်။ ဒီဆို ဟိုကိုရောက်ဖို့လည်း မစဉ်းစားနဲ့။ ရှူရှူးဖလားဝါးဖို့ခွင့်ပြုထားရင် ဘွတ်ဘွတ်ကလေးပါ တခါတည်း အဆစ်မတောင်းနဲ့။ လေဆိပ်မှာ နှစ်ပြားမတန်အောင် အပြောအဆိုခံရပြီး လေယာဉ်ပေါ်ပေးမတက်ဘူး။ ဒါတောင် ကိုယ်က စာအုပ်အစိမ်းကြီး။ အနက်စာရင်း တို့ထားတဲ့အထဲလည်း ပါတာ မဟုတ်ဘူး။ အနက်စာရင်းဝင် ဆရာဝန်များဘ၀ကတော့ ဘာပြောကောင်းမလဲ။ ရဲစခန်းရောက်တဲ့ ခါးပိုက်နှိုက်များပမာ မျက်နှာအောက်ချ ဆိုသမျှ ပြောသမျှ ခံရတယ်။ ဦးနှောက်ယိုစီးမှုမရှိအောင် နိုင်ငံတော်က ကာကွယ်ထားတဲ့စေတနာ ဆိုပေမယ့် တကယ်တမ်း ယိုစီးမယ့်ဦးနှောက်များကျတော့ “အိုကေ နဲ့ဆို အိုကေတယ်။ ဟိုဟင်းတွေ မလိုဘူး။” ဆိုတဲ့ မိုးဒီကြီးကြော်ငြာအတိုင်းပဲ။ “Walk free” ဆိုတိုင်း အလကားလျှောက်ချင်လို့တော့ ဘယ်ရမလဲနော့။ လမ်းကြောင်းအတိုင်း မသွားပဲ သူများအပြစ်ပြောဖို့ပဲ တတ်တယ်။ အဲဒီမောင်စံဖားဟာလေ။
          လူကုန်ကူးမှုကို တကယ်တမ်းတိုက်ဖျက်ချင်ရင်တော့ ပြည်သူလူထုကလည်း လက်တွဲကူပါ့မယ်။ အဓိကဇာတ်လိုက်ကြီးကတော့ ဥပဒေဘက်တော်သားများပါပဲ။ တရားဥပဒေစိုးမိုးရေးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ရင် ဥပဒေပြင်ပမှာရှိနေတဲ့ အဲဒီဒုစရိုက်လုပ်ငန်းကြီးက အလိုလို မှေးမှိန်သွားပါလိမ့်မယ်။ အဖြေ လူတိုင်းသိသော်ငြား ခုထက်ထိ ဘယ်သူမှ မတွက်တတ်တဲ့ ပုစ္ဆာပါ။ ဆရာဝန်တွေအကြောင်းကို ဆရာဝန်တွေ အသိဆုံးဖြစ်သလို ရဲကိုကိုတို့အကြောင်းကိုလည်း လင်းဇာနည်ဇော်တို့က အသိခဲ့ဆုံး ဖြစ်မှာပါ။ လူကုန်သည်တွေ ရဲမင်းပိုင်ဖြစ်ကုန်ရင် ကယ်မယ့်သူဘယ်ရှိတော့မလဲ။ တလောတုန်းက ဖေ့စ်ဘုတ်ပေါ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စာမျက်နှာတက်လာတော့ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်မိသေး။ တကယ်လို့များ ဒီစာကိုဖတ်နေတဲ့အထဲမှာ ရဲသားကြီးက ကိုလှရွှေတို့ ပါတယ်ဆိုရင် မောင်စံဖားကလေးက လက်ခုပ်တီးပြီး ကြိုဆိုပါတယ်ဗျာ။  ဂျေဆင်မရသီချင်းနဲ့ပဲ နှုတ်ဆက်ပါ့မယ်။ “I’m Yours”  ပါ။ အတူတူ တိုက်ဖျက်ကြတာပေါ့။

အမေရိကန်ဆရာများ သေနတ်ကိုင်ဆောင်ပြီး ကျောင်းတက်ခွင့် ရတော့မည်


အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အများစုတွင် ကျောင်းဆရာ ဆရာမများကို လက်နက်ကိုင်ဆောင်ခွင့်ပြု တော့မည်ဖြစ်ကြောင်း သိရသည်။ နယူးတောင်းတွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားနှင့် ဆရာများ သေနတ်ဖြင့် ပစ်သတ်ခံရမှုမျိုး နောက်တစ်ကြိမ် မဖြစ်ပွားစေလိုသဖြင့် ကာကွယ်ရန် ထိုသို့ ဆရာများကို သေနတ်ကိုင်ခွင့်နှင့် ပစ်ခတ်နည်း သင်တန်းများကိုပေးရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟုဆိုသည်။

အမေရိကန် အမျိုးသားရိုင်ဖယ်အသင်း (NRA) က လက်နက်ထိန်းချုပ်ရေးနှင့်
သေနတ်ကိုင်ဆောင်ခွင့်များကို ပြန်လည်ထိန်းချုပ်ရန် စဉ်းစားနေချိန်တွင် ထိုသို့ ဆန့်ကျင်ဘက်လုပ်ဆောင်ချက်များ ထွက်လာခြင်းကြောင့် လည်း အံ့အားသင့်ကုန်ကြရသည်။

လွှတ်တော်တွင် သေနတ်ကိုင်ဆောင်ခွင့်ကို ပယ်ဖျက်ရန် ကြိုးပမ်း
နေသူများက ကြိုးပမ်းနေချိန်တွင် ဆန်ဒီ ဟွခ် ကျောင်းတွင် ဖြစ်ပွားခဲ့သည့်
သေနတ်ပစ်မှုမျိုးနှင့် ကြေကွဲဖွယ် အဖြစ်ဆိုးမျိုးကို မကြုံလိုပါက၊
သေနတ်သမားကို ပစ်ခတ်နှိမ်နင်းခြင်းကသာ အဖြေဖြစ်ကြောင်း ဆုံးဖြတ်ကြခြင်းဖြစ်သည်။

NRA ကမူ ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်၊ နိုင်ငံအတွင်းရှိ ကျောင်းတိုင်းတွင် လက်နက်ကိုင် အစောင့်အရှောက် များ ထားရှိရန် အကြံပြုခဲ့သည်။ သို့ရာတွင် ယူတားနယ်ရှိ ပုဂ္ဂလိကကျောင်းများတွင် ဆရာများသည် လိုင်စင်ဖြင့် သေနတ်များကိုင်ဆောင်မှုကို ခွင့်ပြုပေးလိုက်ကြောင်း၊
သေနတ်များကို ဖုံးကွယ်ပြီး ကျောင်းသို့ယူဆောင် လာနိုင်ကြောင်း
ပြောသော်လည်း၊ ဆရာအများစုကမူ ထိုအမိန့်ကို မနှစ်သက်သဖြင့်
ငြင်းဆန်နေကြကြောင်း သိရသည်။

နယူတောင်းမြို့တွင် ဆရာများကို လက်နက်ကိုင်ဆောင်နည်း၊ ပစ်ခတ်
နည်းများကို အခမဲ့သင်တန်းပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
ထားသည်။ ထိုမြို့တွင် ကျောင်းဆရာ ၄၀၀ ခန့်ရှိသဖြင့် ထက်ဝက်ခန့် လာတက်မည်ဆိုလျှင်ပင် အားလုံးကို သင်တန်း ပေးရန်အတွက်
နေရာမရှိကြောင်း အာဏာပိုင်များက ပြောကြားထားသည်။

မောက္ခ/ Friday, 28 December 2012
အမေရိကန်ဆရာများ သေနတ်ကိုင်ဆောင်ပြီး ကျောင်းတက်ခွင့်
ရတော့မည်

အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အများစုတွင် ကျောင်းဆရာ ဆရာမများကို လက်နက်ကိုင်ဆောင်ခွင့်ပြု တော့မည်ဖြစ်ကြောင်း သိရသည်။ နယူးတောင်းတွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားနှင့် ဆရာများ သေနတ်ဖြင့် ပစ်သတ်ခံရမှုမျိုး နောက်တစ်ကြိမ် မဖြစ်ပွားစေလိုသဖြင့် ကာကွယ်ရန် ထိုသို့ ဆရာများကို သေနတ်ကိုင်ခွင့်နှင့် ပစ်ခတ်နည်း သင်တန်းများကိုပေးရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟုဆိုသည်။

အမေရိကန် အမျိုးသားရိုင်ဖယ်အသင်း (NRA) က လက်နက်ထိန်းချုပ်ရေးနှင့်
သေနတ်ကိုင်ဆောင်ခွင့်များကို ပြန်လည်ထိန်းချုပ်ရန် စဉ်းစားနေချိန်တွင် ထိုသို့ ဆန့်ကျင်ဘက်လုပ်ဆောင်ချက်များ ထွက်လာခြင်းကြောင့် လည်း အံ့အားသင့်ကုန်ကြရသည်။

လွှတ်တော်တွင် သေနတ်ကိုင်ဆောင်ခွင့်ကို ပယ်ဖျက်ရန် ကြိုးပမ်း
နေသူများက ကြိုးပမ်းနေချိန်တွင် ဆန်ဒီ ဟွခ် ကျောင်းတွင် ဖြစ်ပွားခဲ့သည့်
သေနတ်ပစ်မှုမျိုးနှင့် ကြေကွဲဖွယ် အဖြစ်ဆိုးမျိုးကို မကြုံလိုပါက၊
သေနတ်သမားကို ပစ်ခတ်နှိမ်နင်းခြင်းကသာ အဖြေဖြစ်ကြောင်း ဆုံးဖြတ်ကြခြင်းဖြစ်သည်။

NRA ကမူ ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်၊ နိုင်ငံအတွင်းရှိ ကျောင်းတိုင်းတွင် လက်နက်ကိုင် အစောင့်အရှောက် များ ထားရှိရန် အကြံပြုခဲ့သည်။ သို့ရာတွင် ယူတားနယ်ရှိ ပုဂ္ဂလိကကျောင်းများတွင် ဆရာများသည် လိုင်စင်ဖြင့် သေနတ်များကိုင်ဆောင်မှုကို ခွင့်ပြုပေးလိုက်ကြောင်း၊
သေနတ်များကို ဖုံးကွယ်ပြီး ကျောင်းသို့ယူဆောင် လာနိုင်ကြောင်း
ပြောသော်လည်း၊ ဆရာအများစုကမူ ထိုအမိန့်ကို မနှစ်သက်သဖြင့်
ငြင်းဆန်နေကြကြောင်း သိရသည်။

နယူတောင်းမြို့တွင် ဆရာများကို လက်နက်ကိုင်ဆောင်နည်း၊ ပစ်ခတ်
နည်းများကို အခမဲ့သင်တန်းပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
ထားသည်။ ထိုမြို့တွင် ကျောင်းဆရာ ၄၀၀ ခန့်ရှိသဖြင့် ထက်ဝက်ခန့် လာတက်မည်ဆိုလျှင်ပင် အားလုံးကို သင်တန်း ပေးရန်အတွက်
နေရာမရှိကြောင်း အာဏာပိုင်များက ပြောကြားထားသည်။

မောက္ခ/ Friday, 28 December 2012

ကချင်ပြည်သူများက မိမိတို့နေ အိမ်အနီးတွင် ဗုံးခို ကျင်းများ တူးနေကြပြီဖြစ်ကြောင်း

ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ဌာနချုပ် အခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာ စစ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရန် ၀ိုင်းရံ ထားပြီဖြစ်၍ ဒေသခံ ကချင်ပြည်သူများက မိမိတို့နေ အိမ်အနီးတွင် ဗုံးခို ကျင်းများ တူးနေကြပြီဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၉နာရီခန့်မှစတင်ပြီး ၁၁နာရီဝန်းကျင်အထိ အစိုးရတပ်များက စစ်တိုက်လေယာဉ် ၂စင်းနှင့် ရဟတ်ယာဉ် ၃စင်းဖြင့် လဂျားယန်သို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး လိုင်ဇာမြို့တွင်လည်း စစ်တပ်များထိုးစစ်ဆင်လာဖွယ် အနေအထား တွေ့ရှိ နေ ရသဖြင့် ဒေသခံများက ဗုံးခိုကျင်းများ တူးဖော်နေကြခြင်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့-KIO က အရပ်ဘက် အုပ်ချုပ်ရေးဌာန ဒု-တာဝန်ခံ ဆလန်ကပါဒွဲပီဆာက ပြောသည်။

၎င်းက “အခုဆိုရင် လိုင်ဇာပတ်ဝန်းကျင်မှာ အဘက်ဘက်ကနေပြီး အစိုးရတပ်တွေက အားလုံးနေရာ ယူထားကြပြီလေ။ ဒီကနေ့မှာလည်း သူတို့က အပေါ်ကနေ စပစ်နေပြီဆိုတော့ ဘယ်လိုဆက်ဖြစ်ဦးမလဲတော့ မသိသေးဘူး။ သူတို့ရဲ့အထက်က လည်း ခြေလျင်စစ်ကြောင်းတွေထိုးဖို့ ဖိအားပေးထားတယ်လို့လည်း ကျနော်တို့အဖွဲ့တွေ ကြားသိထားတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ လဂျားယန်နှင့် KIA ဌာနချုပ်တည်နေရာ လိုင်ဇာမြို့သည် ၈မိုင်ခန့်အကွာတွင် ရှိပြီး လဂျားယန်ဒေသခံများက လက်ရှိအချိန်တွင် လိုင်ဇာဘက်သို့ ရောက်နေကြ ပြီဖြစ်ကြောင်း KIA ဘက်က ဆိုသည်။

လိုင်ဇာမြို့ဒေသခံ ကချင်အမျိုးသားတစ်ဦးက “တချို့အိမ်တွေကတော့ ဒီဇင်ဘာလ ၁၄ရက်နေ့ကတည်းက ဗုံးခိုကျင်းတူးနေကြ တာ။ ဒီနေ့ လဂျားယန်မှာ ရဟတ်ယာဉ်က ဗုံးကြဲတော့ စက်သေနတ် မီးပွင့်တာတောင် မြင်ရတယ်။ ဒါကြောင့် ကျနော်တို့ လိုင်ဇာနားလည်း စစ်တပ်တွေ ရောက်နေကြပြီဆိုတော့ အိမ်တိုင်းအိမ်တိုင်းက အိမ်ရှေ့ ဒါမှမဟုတ် အိမ်နောက်တွေမှာ ဗုံးခို ကျင်း တူးထားကြတယ်”ဟု ပြောသည်။- 

(KIC ကရင်သတင်းအေဂျင်စီ)
Ref:http://www.kicnews.org/?p=15001
ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ဌာနချုပ် အခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာ စစ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရန် ၀ိုင်းရံ ထားပြီဖြစ်၍ ဒေသခံ ကချင်ပြည်သူများက မိမိတို့နေ အိမ်အနီးတွင် ဗုံးခို ကျင်းများ တူးနေကြပြီဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၉နာရီခန့်မှစတင်ပြီး ၁၁နာရီဝန်းကျင်အထိ အစိုးရတပ်များက စစ်တိုက်လေယာဉ် ၂စင်းနှင့် ရဟတ်ယာဉ် ၃စင်းဖြင့် လဂျားယန်သို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး လိုင်ဇာမြို့တွင်လည်း စစ်တပ်များထိုးစစ်ဆင်လာဖွယ် အနေအထား တွေ့ရှိ နေ ရသဖြင့် ဒေသခံများက ဗုံးခိုကျင်းများ တူးဖော်နေကြခြင်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့-KIO က အရပ်ဘက် အုပ်ချုပ်ရေးဌာန ဒု-တာဝန်ခံ ဆလန်ကပါဒွဲပီဆာက ပြောသည်။

၎င်းက “အခုဆိုရင် လိုင်ဇာပတ်ဝန်းကျင်မှာ အဘက်ဘက်ကနေပြီး အစိုးရတပ်တွေက အားလုံးနေရာ ယူထားကြပြီလေ။ ဒီကနေ့မှာလည်း သူတို့က အပေါ်ကနေ စပစ်နေပြီဆိုတော့ ဘယ်လိုဆက်ဖြစ်ဦးမလဲတော့ မသိသေးဘူး။ သူတို့ရဲ့အထက်က လည်း ခြေလျင်စစ်ကြောင်းတွေထိုးဖို့ ဖိအားပေးထားတယ်လို့လည်း ကျနော်တို့အဖွဲ့တွေ ကြားသိထားတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ လဂျားယန်နှင့် KIA ဌာနချုပ်တည်နေရာ လိုင်ဇာမြို့သည် ၈မိုင်ခန့်အကွာတွင် ရှိပြီး လဂျားယန်ဒေသခံများက လက်ရှိအချိန်တွင် လိုင်ဇာဘက်သို့ ရောက်နေကြ ပြီဖြစ်ကြောင်း KIA ဘက်က ဆိုသည်။

လိုင်ဇာမြို့ဒေသခံ ကချင်အမျိုးသားတစ်ဦးက “တချို့အိမ်တွေကတော့ ဒီဇင်ဘာလ ၁၄ရက်နေ့ကတည်းက ဗုံးခိုကျင်းတူးနေကြ တာ။ ဒီနေ့ လဂျားယန်မှာ ရဟတ်ယာဉ်က ဗုံးကြဲတော့ စက်သေနတ် မီးပွင့်တာတောင် မြင်ရတယ်။ ဒါကြောင့် ကျနော်တို့ လိုင်ဇာနားလည်း စစ်တပ်တွေ ရောက်နေကြပြီဆိုတော့ အိမ်တိုင်းအိမ်တိုင်းက အိမ်ရှေ့ ဒါမှမဟုတ် အိမ်နောက်တွေမှာ ဗုံးခို ကျင်း တူးထားကြတယ်”ဟု ပြောသည်။-

(KIC ကရင်သတင်းအေဂျင်စီ)
Ref:http://www.kicnews.org/?p=15001

2013 Mahadhammika Temple Festival & Events


ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေး အလှူငွေများ စတင်ရရှိ

ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေး အလှူငွေများ စတင်ရရှိရန်ကုန်ပြည်သူ့ ဆေးရုံကြီး အဆင့် မြှင့်တင်ရန် ကျန်းမာရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ အသိ ပညာရှင် အတတ်ပညာ ရှင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ စေတနာရှင်များ ပါဝင်သည့် ကော် မတီအဖွဲ့ဖွဲ့မည်ဖြစ်ပြီး ယခုအချိန် တွင် အလှူငွေများ စတင်ရရှိနေ ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အဆင့်မြင့်တင်ရန် အဆိုတင်သွင်း ပြီးနောက်ပထမဆုံး အကြိမ်အ ဖြစ် ဒေါ်အောင်ဆန်းစုကြည် သည် ရန် ကုန်ပြည်သူ့ဆေးရုံကြီးသို့ ယခုလ ၁၇ ရက်တွင် လာရောက်ခဲ့သည်။ ဆေးရုံကြီး၏ လူနာဆောင် များ၊ လူနာ တက်ရောက်မှု၊ စောင့် ရှောက်ကုသမှု၊ ဝန်ထမ်းအင်အား၊ လျှပ်စစ်မီး၊ရေရရှိသုံးစွဲမှု စသည့် လက်ရှိအခြေအနေများအပြင် လူ နာဆောင် ၁၊ ၂၊ ၇ ၊ ၈ သွား ပြင်ပ လူနာဌာနနှင့် အရေးပေါ်ဌာနများ ပါ လေ့လာခဲ့ကြောင်း ဆေးရုံအုပ် ကြီး ဒေါက်တာကျော်ကျော်က ပြောသည်။
မည်သည့် အချိန်တွင် စတင် ဆောင်ရွက်မည်နှင့် မည်သည့်ပြင် ဆင်မှုများ ဆောင်ရွက်မည်ကို မသိရှိရသေးဘဲ ရုပ်ဝတ္ထုပစ္စည်း ပြုပြင်မွမ်းမံခြင်းနှင့် စောင့်ရှောက် ကုသမှု အရည်အသွေးမြှင့်တင် ခြင်းအပြင် ဆေးပညာသင်ကြား ရေးနှင့် လူသားအရင်းအမြစ် အ ရည်အသွေးမြှင့်တင်လေ့ကျင့် ပေး ခြင်းများကိုပါ ဆောင်ရွက် ရမည် ဖြစ်ကြောင်း ဒေါက်တာကျော် ကျော် က ပြောသည်။
ဆေးရုံ တက်ရောက်နေ သည့် လူနာများ၊ အလုပ်သင် ဆရာဝန်များနှင့်လည်း တွေ့ဆုံခဲ့ ပြီး ဆေးရုံသန့်ရှင်းရေးနှင့်ပတ် သက်၍ “နိုင်ငံခြားဆေးရုံတွေမှာ သန့်ရှင်းရေးလုပ်တဲ့ သူကအမြဲ လှည်းကျင်းနေတယ်။ ဒီမှာ တက် လာတော့ တစ်ယောက်မှ မတွေ့ ဘူး။ ဆေးရုံတို့ ပုဂ္ဂလိက ဝန် ဆောင်မှု လုပ်တဲ့နေရာတွေက ဘယ်လောက်လှဲလှဲပြီးရင် ပြန် ညစ်ပတ်တာ။ ဒီလောက်တော့ လှဲနေမှ ဖြစ်မယ်”ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသွား ကြောင်း လူနာဆောင် ၁၊ ၂ မှ ပါမောက္ခဒေါက်တာချစ်စိုးက ပြောသည်။
နှစ်ပေါင်းတစ်ရာကျော်သက် တမ်းရှိပြီး နေ့စဉ်လူနာ ၁၂၀ဝ ဝန်း ကျင် တက်ရောက်ကုသနေသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အ ပါအဝင် တစ်နိုင်ငံလုံး ဆေးရုံများ တွင် နှစ်ကာလများစွာ ရန်ပုံငွေ ရရှိမှု မလုံလောက်ခဲ့သည့်အတွက် လူနာများ ဆေးကုသမှု ဝန်ထုပ် ဝန်ပိုးများ ဖြစ်ခဲ့ကာ ဆေးရုံများ ပေါ်တွင်လည်း အမြင်မကြည်လင် မှုများ ရှိခဲ့သည်။
“ဆေးရုံကြီး အပါအဝင် နိုင်ငံအတွင်းမှာရှိတဲ့ ဆေးရုံ၊ ဆေး ပေးခန်းတွေကို အဆင့်မြှင့်တင် ပေးသင့်တာ မှန်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာလည်း မပြည့်စုံမှုတွေ ကြားထဲက ပြည်သူတွေအားကိုး ထားပြုရတဲ့ ဌာနတွေ ဖြစ်နေပါ တယ်။ အခက်အခဲတွေ အများကြီး ကို ရင်ဆိုင်ပြီး ကြိုးပမ်းနေရတာကို နားလည်လက်ခံပြီး အားလုံးပေါင်း ဆောင်ရွက်မည်ဆိုရင် ရလဒ်ကောင်း တွေ ဖြစ်လာမှာပါ” ဟု ဒေါက်တာ ကျော်ကျော်ကပြောသည်။
ဝတ်ရည်အောင်

ပညာရေးကွန်ယက်(၂)နှစ်ပြည့် အခမဲ့ပညာဒါန ကျောင်းများရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ဖွင့်လှစ်ပွဲအခမ်းအနား

27 december 2012 (ပညာရေးကွန်ယက်(၂)နှစ်ပြည့် အခမဲ့ပညာဒါန ကျောင်းများရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ဖွင့်လှစ်ပွဲအခမ်းအနား)

posted 15 hours ago by sh it   [ updated 14 hours ago ]

ဒီလိုဖြတ်သန်းခဲ့ကြတယ်.......၊

Political Prisoner


သံခြေကျင်းနှင့်ကိုဌေးကြွယ်.....၊
မမီးမီး.....၊
ကိုပြုံးချို.....

ရန်ကုန်သူ/သားတွေကို စည်းကမ်းရှိဖို့လိုကြောင်း......

ဒီဇင်ဘာလ၊(၂၇)ရက် မွန်းလွဲ(၁း၀၀)နာရီက ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်(၂)နှစ်ပြည့် အခမဲ့ပညာဒါန ကျောင်းများရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ဖွင့်လှစ်ပွဲအခမ်းအနား၌ လုံခြုံရေးယူနေကြသူများ.....၊

ဒီဇင်ဘာလ၊(၂၇)ရက် မွန်းလွဲ(၁း၀၀)နာရီက ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်(၂)နှစ်ပြည့် အခမဲ့ပညာဒါန ကျောင်းများရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ဖွင့်လှစ်ပွဲအခမ်းအနားမစတင်ခင် တွေ့ရသည့် ဦးနီ.......၊
https://www.facebook.com/photo.php?fbid=525876384096663&set=a.521625401188428.124081.100000229170082&type=1&theater
https://www.facebook.com/photo.php?fbid=352158571549517&set=a.352158241549550.76859.100002661318840&type=1&theater
ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်(၂)နှစ်ပြည့် အခမဲ့ပညာဒါန ကျောင်းများရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ဖွင့်လှစ်ပွဲအခမ်းအနား

ခေါင်းဆောင်


by Myat Thi Ha on Friday, December 28, 2012 at 4:01am ·
ဝေမော် --၂၈-၁၂ -၂၀၁၁
‘ကျမလုပ်ရပ်အတွက် သမိုင်းတရားခံဖြစ်မယ်ဆိုရင် ကျမခံပါ့မယ်’

လက်ရှိနိုင်ငံရေးအခြေအနေမှာ ထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက် တွေအပေါ် အမြင်မကြည်လင်သူတချို့က ဝေဖန်ချက်ပေးနေတာတွေကို ဖတ်ရပါတယ်။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုအကျိုးကို မျက်ကွယ်ပြုပြီး အစိုးရအကြိုက် လိုက်လုပ်ဆောင်နေတယ်လို့တောင် စွပ်စွဲရေးသားနေကြပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေး ကြတာတွေကို လိုက်ဖတ်ကြည့်တော့ ဟိုတချိန်တုန်းက လွတ်လပ်ရေးကြိုးပမ်းမှုမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်စိုး တို့ရဲ့ ရပ်တည်လုပ်ဆောင်ခဲ့မှုတွေနဲ့ ဥပမာ ပေးနှိုင်းယှဉ်ပြောဆိုကြတာကိုလည်း တွေ့ရပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ သခင်စိုးရဲ့ အခန်းကဏ္ဍက ကြီးကြီးမားမားတည်ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က သခင်စိုးကို တလေးတစားနေရာပေး ဆက်ဆံခဲ့ရတယ်လို့ ဖတ်မှတ်လေ့လာဖူးပါတယ်။
အထူးသဖြင့် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ခါစမှာပဲ မြန်မာပြည်ကို ကူးစက်ရောက်ရှိလာနိုင်တဲ့ ဖက်ဆစ်အန္တရာယ်ကို ပထမဆုံး မီးမောင်းထိုးပြနိုင်ခဲ့သူတွေထဲ သခင်စိုးက ထိပ်ဆုံးမှာပါ။
သူရေးသားခဲ့တဲ့ အင်းစိန်စစ်တမ်း၊ မြင်းခြံစစ်တမ်းတွေ သက်သေအထင်အရှား ရှိနေဆဲပါ။

သခင်စိုးရဲ့ သေရဲတိုက်ရဲတဲ့ သူရဲကောင်းစိတ်ဓာတ်ကို ကျနော် အားကျဂုဏ်ယူမိခဲ့ပါတယ်။ ဒေါသကြီးသူပီပီ တခါတရံ အလွန်အကျွံလုပ်ရပ်တွေ ကျူးလွန်ခဲ့တာကိုလည်း ဖြည့်စွက်နားလည်ပေးခဲ့ပါတယ်။

ဆင်စွယ်ရွာလူသတ်ပွဲဟာ သခင်စိုးရဲ့ နိုင်ငံရေး နာလန်မထူနိုင်အောင် ကျူးလွန်ခဲ့တဲ့ အမဲစက်ကြီးအဖြစ် မဆလ၊ နဝတ၊ နအဖ အစိုးရတွေ တလျှောက်လုံး ပုံဖော်ဝါဒဖြန့်ခဲ့ပေမဲ့ ကျနော့်စိတ်ထဲမှာ ‘မြေရှင်လက်က မြေယာကိုသိမ်းပြီး လယ်သမားတွေ လုပ်ခွင့်ရအောင် ပြန်ဝေငှပေးတာကို မယူရကောင်းလား’ ဆိုပြီး ဂရုဏာဒေါသော ဖြစ်ခဲ့ရတဲ့ စေတနာအမှားလို့တောင် ကျနော်ဖြည့်တွေးခဲ့ဖူးပါတယ်။

(တကယ်တော့ ဆင်စွယ်ရွာက လယ်သမားတွေအသတ်ခံရမှုသာ အဖတ်တင်ခဲ့ရပြီး လယ်သမားတွေလက်ထဲ လယ်မြေရောက်ရှိလာအောင် သခင်စိုး စွမ်းဆောင်မပေးနိုင်ခဲ့ပါ။)

ပြီးတော့ သခင်စိုးဟာ သူလုပ်ခဲ့မိတဲ့ အမှားတွေကို မှားမှန်းသိတဲ့အခါမှာလည်း ပွင့်ပွင့်လင်းလင်း မခြွင်းမချန် ဝန်ခံတတ်တဲ့ အကျင့်ရှိကြောင်းလည်း ကြားသိရဖူးပါတယ်။

လွတ်လပ်ရေး ရပြီးခါစ သုံးပါတီညီညွှတ်ရေး ဆွေးနွေးပွဲမှာ သခင်စိုးက ‘ငါတို့ရဲ့ ဂိုဏ်းဂဏအစွဲတွေကြောင့် သခင်အောင်ဆန်းလို ခေါင်းဆောင်မျိုးကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်’ လို့ ဖွင့်ဟဝန်ခံကြောင်း လေ့လာမှတ်သား ဖူးပါတယ်။

လွတ်လပ်ရေးအကြိုကာလ ဗြိတိသျှအစိုးရနဲ့ ဖဆပလအဖွဲ့ချုပ် သံတမန်ရေးနည်းလမ်းအရ ဆွေးနွေးညှိနှိုင်း နေချိန်မှာ သခင်စိုး ဇာတ်ကြမ်းတိုက်ခဲ့တာကိုတော့ သမိုင်းနောက်ခံစာမျက်နှာများပေါ်မှာ အထင်အရှား တွေ့မြင်နေရဆဲပါ။

သူ့ရဲ့ သေရဲတိုက်ရဲ အလံမလှဲစတမ်း စိတ်ဓာတ်ဟာ ဖက်ဆစ်တော်လှန်ရေးမှာ အရေးပါတာသွားခဲ့တာ မှန်ပေမဲ့ အပေးအယူလုပ် စေ့စပ်ဆွေးနွေးရယူရမယ့် လွတ်လပ်ရေး အရေးဆိုတဲ့ ကာလမှာတော့ အဖျက်သဘော သက်ရောက်ခဲ့ရပါတယ်။

လွတ်လပ်ရေးနောက်ပိုင်း အာဏာရအစိုးရကို လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့သော်လည်း အရှုံးနဲ့ နိဂုံးချုပ်ခဲ့ ရတာလည်း သခင်စိုးပါ။
တစောက်ကမ်းလုပ်တတ်တဲ့ အကျင့်က သူ့ကိုရော သူယုံကြည်ရာနိုင်ငံရေးကိုပါ ရစရာ မရှိအောင် ဆွဲချသွားခြင်း ခံလိုက်ရတာပါ။

ခေါင်းဆောင်တဦးရဲ့ အရည်အချင်းဟာ စွန့်လွှတ်အနစ်နာခံမှု၊ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ဆုံးဖြတ်ချက် ခိုင်မာမှုတွေအပြင် အခြေအနေ အချိန်အခါနဲ့အညီ ဦးဆောင်မှုပေးနိုင်ခြင်း၊ လှုပ်ရှားမှု သို့မဟုတ် တိုက်ပွဲရဲ့ အကျိုးအမြတ်နဲ့ ဆုံးရှုံးနစ်နာမှု အလားအလာကို မှန်မှန်ကန်ကန် ခွဲခြမ်းစိတ်ဖြာနိုင်မှု၊ လက်ရှိတိုက်ပွဲက ရလာမယ့် အကျိုးအမြတ်ကို နောင်လာမယ့်တိုက်ပွဲတွေမှာ ဆက်လက်ရင်းနှီးမြှုပ်နိုင်ဖို့ အခွင့်အလမ်းကို ခန့်မှန်းတွက်ချက်နိုင်မှု စတဲ့ အရည်အသွေးတွေပါ ပြည့်စုံပါမှ တိုင်းပြုပြည်ပြုခေါင်းဆောင် ဖြစ်လာနိုင်မယ်လို့ ယူဆမိပါတယ်။
 
ဗိုလ်ချုပ်အောင်ဆန်းဟာ လက်နက်ကိုင် အပြတ်အသတ် တိုက်ပွဲဆင်ရာမှာ အောင်ပွဲရတဲ့အထိ ဦးဆောင် ဦးရွက်ပြုနိုင်ခဲ့သလို အပေးအယူ စေ့စပ်ဆွေးနွေးရေးအဆင့်မှာလည်း ရုပ်လုံးပေါ်အောင် စွမ်းဆောင်နိုင်ခဲ့သူ တဦးဖြစ်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံဟာ နု-လက်တလီစာချုပ်နဲ့ လွတ်လပ်ရေးရခဲ့တာ ဖြစ်ပေမယ့် နု-အက်တလီစာချုပ် ဆိုတာ အောင်ဆန်း-အက်တလီစာချုပ်ရဲ့အဆက်ပါ။
အောင်ဆန်း-အက်တလီစာချုပ်အရ လွတ်လပ်ရေးရယူ နိုင်ငံခဲ့ရင် မြန်မာနိုင်ငံရဲ့အခြေအနေ ပိုကောင်းခဲ့မှာ အသေအချာပဲလို့ တွေးမိပါတယ်။
သခင်စိုးနဲ့ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးလှုပ်ရှားမှုအတွင်း အတူပါဝင်ခရီးနှင်ခဲ့ပေမဲ့ မတူညီသော ရပ်တည်ချက်အမြင်နဲ့ ဦးဆောင်နိုင်မှုစွမ်းရည်တွေကြောင့် သူတို့နှစ်ဦးရဲ့ သမိုင်းရုပ်ပုံလွှာတွေလည်း ကွဲပြား ခြားနား ခဲ့ရတာပါ။

ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသားခေါင်းဆောင်၊ မြန်မာ့လွတ်လပ်ရေးပိသုကာကြီး အဖြစ် ဂုဏ်ယူလေးစား နေကြချိန်မှာ သခင်စိုးကတော့ (သူ့ကို လေးစားကြည်ညိုရင်းစွဲရှိသူတွေ အတွက်ပင်လျှင်) အရေးတော်ပုံ မအောင်မြင်ခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင်တဦးနေနဲ့သာ အသိအမှတ်ပြုခံရတာ ထင်ရှားပါတယ်။ ဘယ်သူမှ ဒီထက်ပိုပြီး ချီးမြှောက်လို့ မရပါဘူး။ သူ့ရဲု့လုပ်ရပ်ကသာ သူ့သမိုင်းကို ပုံဖော်သွားတာပါ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မချင့်မရဲဝေဖန်သူများကို ‘ဒေါ်စုလုပ်တာ မထောက်ခံနိုင် ဘူးဆိုရင် ဒီထက်ကောင်းတဲ့ နည်းလမ်းလေး ပြောပါအုံး’ ဆိုတော့ တိတိပပ အဖြေမပေးနိုင်။ ဆင်ဝှေ့ရန်ရှောင် ပြောဆိုနေကြတာလည်း ပရိသတ်အသိပါ။

၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ခဲ့သူတွေ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဆန့်ကျင်ခဲ့သူတွေလည်း ‘ရွေးကောက်ပွဲ ဝင်တဲ့နည်းလမ်းကို ဆန့်ကျင်တယ်ဆိုရင် တခြားအလုပ်ဖြစ်နိုင်တဲ့ နည်းလမ်းချပြပါ’ ဆိုတဲ့မေးခွန်းအပေါ် ခုလိုပဲ သောင်မတင်ရေမကျ ၊ မြွေမသေတုတ်မကျိုး အငြင်းထွက်စရာ စကားတွေနဲ့ အူလည်လည်ခဲ့တာ တွေ့ရပါတယ်။
 
မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီ လို့ ကမ္ဘာ့အင်အားစု ကြီးတွေက တစုံတရာ လက်ခံအသိအမှတ် ပြုပြီး မြန်မာပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ကူညီအားဖြည့်ပေးဖို့ စိုင်းပြင်းလာချိန်မတော့ ရွေးကောက်ပွဲဆန့်ကျင်ရေး အင်အားစုထဲက ပုဂိုလ်အတော်များများ ပြည်တွင်းကို ရောက်နေနှင့်တာလည်း ပရိသတ် အမြင်အသိပါ။

ဒီတော့ ဘယ်သူတွေ ဘယ်လိုပဲကန့်ကွက်ကန့်ကွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိရပ်တည်ချက်နဲ့ လုပ်ရပ်အပေါ် ကျနော် အပြည့်အဝထောက်ခံအားပေးပါတယ်။
ဒေါ်စုဟာ ပြည်သူ့အကျိုးစီးပွားကို ဘယ်တော့မှ မျက်ကွယ်ပြုမယ့်သူ မဟုတ်ပါ။
ဒီအချိန်မှာ လူထုရဲ့နစ်နာခံစားချက်တွေကို နည်းနည်း အရောင်မှိန်ထားပြီး တဖက်အင်အားစုနဲ့ ပြေလည်မှုရရှိဖို့ အပေးအယူလုပ်ညှိနှိုင်းနေခြင်းသာ ဖြစ်ပါတယ်။

ဒီနေ့မနက်ဖြန် ရလဒ် ထွက်ပေါ်မလာနိုင်ပါ။ ဒါပေမဲ့ အချိန်တန်လို့ ထွက်ပေါ်လာမယ့်ရလဒ်ဟာ ရေရှည်အကျိုးကို ဆောင်ကြဉ်း နိုင်ပါလိမ့်မယ်။
လောလောဆယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပြသနာမှာ ဒေါ်စုကြားနေရပ်တည်ဆောင်ရွက်ခြင်း အားးဖြင့် ကိုယ်ကျိုးစီးပွား ဖက်တွယ်ထားသူတွေ ဒေါ်စုကို အပြစ်ရှာဖို့ ခက်သွားပါတယ်။ လွှတ်တော်တွင်းမှာ လုပ်သာကိုင်သာ ပိုရှိလာနိုင်ပါတယ်။
အစိုးရအဖွဲ့တွင်းက ပြုပြင်ပြောင်းလဲရေးလိုလားသူတွေ အသက်ရှူ ချောင်သွားစေနိုင်ပါတယ်။
 

အထူးသဖြင့် တပ်မတော်ထဲက moderate ဖြစ်တဲ့ အင်အားစုတွေရဲ့ အာရုံစိုက်လေးစားခြင်းကို ခံရမှာ သေချာ ပါတယ်။
တပ်မတော်က ဒေါ်စုကို အာရုံစိုက်စောင့်ကြည့်ခြင်းခံရတာ ဒီတခါ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမ အကြိမ် ၁၉၈၈ ဖြစ်ပြီးစကာလတုန်းက တပ်မတော်နဲ့ ဒေါ်စုနီးစပ်ခွင့်မရအောင် စစ်အာဏာရှင်တွေ ကြံဆောင်မှု အထမြောက်ခဲ့ပါတယ်။
ယခုတကြိမ်ရော ဒီလိုအဖြစ်ခံကြအုံးမလား…?

ပြုပြင်ပြောင်းလဲရေးခရီးစဉ်မှာ ခရိုနီလက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းတွေကို ထိန်းချုပ်ရာမှာပဲ ဖြစ်ဖြစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရာမှာပဲဖြစ်ဖြစ် တပ်မတော်တွင်းက အင်အားစုတွေရဲ့ ထောက်ခံပံ့ပိုးမှု ပါမှသာ အထမြောက် အောင်မြင်နိုင်မယ် ဖြစ်ကြောင်း ဒေါ်စု ခဏခဏ သတိပေးပြောဆို နေတာကို အလေးထားသင့်ကြပါတယ်။ စစ်အုပ်ချုပ်ရေးကာလတလျှောက်လုံး လူထုဘက်က ပေးဆပ်မှုတွေ ကမ်းကုန်နေပါပြီ။ ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးထက်ပိုသော အမြတ်အစွန်းရရှိဖို့ကိုတော့ ခေါင်းဆောင်တွေ တာဝန်ယူရမှာဖြစ်ပါတယ်။ နောက်ထပ်လည်း အခြေအနေအချိန်အခါပေးတာနဲ့အမျှ လူထုအားကို အချိန်မရွေးရယူလို့ရပါတယ်။ လူထုရဲ့ ရပိုင်ခွင့်တွေ အပြည့်အဝအာမခံချက် မရှိသေးသရွေ့ လူထုတိုက်ပွဲ မဆိတ်သုန်းနိုင်ပါ။
 
ကိုယ့်ဘက်က အင်အားကျစ်လစ်ခိုင်မာအောင် လုပ်ထားဖို့နဲ့ တာဝန်ခံရဲတဲ့ ခေါင်းဆောင်တွေ ရှိထားဖို့ လိုအပ်ပါတယ်။ ခုချိန်ထိတော့ ‘ကျမလုပ်ရပ်အတွက် သမိုင်းတရားခံဖြစ်မယ်ဆိုရင် ကျမခံပါ့မယ်’ ဆိုတဲ့ စကားကို ဒေါ်စုတယောက်ပဲ လူသိရှင်ကြား ပြောဆိုတာ ကြားဖူးပါသေးတယ်။

လက်ရှိအကျပ်အတည်းကာလမှာ ရှေ့တန်းက ဝံ့ဝံ့စားစား တာဝန်ယူလုပ်ကိုင်ဆောင်ရွက်နေတဲ့ လူထုခေါင်းဆောင်ရဲ့ဘေးမှာ လူထုတွေ အပြည့်အဝ ဝန်းရံထောက်ခံ အားပေးနေတာကိုပဲ ကျနော်တို့ပြည်သူ လူထုက အမြင်ချင်ဆုံးပါ။
ဆောင်းပါးရှင်
ဝေမော်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးဈေးရောင်းပွဲနှင့်ဂီတဖျော်ဖြေပွဲ ဒုတိယမြောက်နေ့

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးဈေးရောင်းပွဲနှင့်ဂီတဖျော်ဖြေပွဲ ဒုတိယမြောက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်၏အမှတ်တရပစ္စည်းကို လေလံတင်ခဲ့ရာ ည ၁၀ နာရီ ၅၀ မိနစ်ထိ ပြင်ဦးလွင်မြို့ မှဦးလှထွန်းကြည်က ကျပ်သိန်းပေါင်း ၆၂၀ အမြင့်ဆုံးပေးထားသည်။
ယခုညလေလံတင်ရောင်းချနေသောသိုးမွေးအင်္ကျီမှာလွန်ခဲ့သော၂၄ နှစ်က ဒေါ်အောင်ဆန်းစုကြည်ထိုးခဲ့သောသိုးမွေးဆွယ်တာဖြစ်ပြီး သူကိုယ်တိုင်ဝတ်ဆင်ခဲ့သောအကျီဖြစ်ကာသူမ၏သားများကျောင်းသွားချိန်တွေမှာ တစ်နေ့ကို တစ်ကွက်ထိုးခဲ့သောသိုးမွေးအကျီဖြစ်ပါသည်။
ဓါတ်ပုံ-ကျော်ဇင်သန်း


 ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်ကာလက အင်္ဂလန်နိုင်ငံတွင် သားများနှင့်အတူ နေထိုင်စဉ်က သားအတွက်ထိုးပေးခဲ့တဲ့ သိုမွေးအင်္ကျီကို ယခု ၂၆ရက်နေ့တွင် ပညာရန်ပုံငွေအတွက် သားများက ပို့ပေးလိုက်တာဖြစ်ပါတယ်။

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၈)


by Myat Thu on Friday, December 28, 2012 at 7:52am ·


ပွဲတွေ့ကျောင်းသား

၉၂ အစောပိုင်းလောက် ဒု-ရင်းမှူးကိုခင်ထွန်းကြည် ဇီးပြောင်းတိုက်ပွဲမှာ ကိုယ့်အချင်းချင်းမှားပစ်မိပြီး ခြေ ထောက်မှာဒဏ်ရာရတော့ ကျနော် ရဲဘော်လေးငါးယောက်နဲ့ တက်ပြီးကြိုတယ်။ ဟိုရောက်တော့ ကိုခင် ထွန်းကြည်ကို လန်းလန်းဆန်းဆန်းတွေ့ရတယ်။ ငါ့ပေါင်မှာမှန်တာပါကွာ။ ငါတို့က ဖြစ်ဖြစ်ချင်း တစ်ဟုန်ထိုး တက်သိမ်းပစ်လိုက်တာ။ အဲဒါ တဲပေါ်ကဆင်းလာတော့ နောက်ကတက်လာတဲ့ မဟာမိတ်ရဲဘော်လေးက လူမှားပြီးပစ်လိုက်တာလေ။ ငါတို့ကလည်း တက်ထရက်ယူနီဖောင်းနဲ့ ဂျန်းဂဲဟက်ကြိုက်တော့ လူမှားတာ ပေါ့တဲ့။ ဟုတ်တယ် ကျနော်တို့က တက်ထရက်က ရေစိုရင်လည်းခဏနဲ့ခြောက်တယ်။ ပူအိုက်တဲ့ရာသီမှာ လည်း အေးတယ်ဆိုတော့ တက်ထရက်စစ်စိမ်းရောင်ယူနီဖောင်းတွေကိုကြိုက်ကြတာ။ တစ်ခါတစ်လေ ရွာတွေက ကျနော်တို့ကျောင်းသားစစ်ကြောင်းကို ရန်သူ စစ်တပ်စစ်ကြောင်းနဲ့မှားပြီးထွက်ထွက်ပြေးကုန်ကြ လို့ ထမင်းငတ်ကြရတာလည်း အကြိမ်ကြိမ်။ ဆေးရုံကလူနာတွေထဲမှာ အသက်ကြီးကြီးအဖိုးကြီးတစ် ယောက်ကိုတွေ့တော့ နှုတ်ဆက်ပြီး၊ အလာပသလာပပြောလိုက်ဦးမယ်ဆိုပြီး အဘက နေမကောင်းဘူး လား၊ ဘာဖြစ်လို့ဆေးရုံတက်နေလဲ ဆိုတော့ ကျနော့ကိုမျက်မှောင်ကုတ်ကြည့်ပြီး တဘက်ကိုလှည့်သွား တယ်။ ဟာ… ဒီအဖိုးကြီး မာနကြီးလှချည့်လားပေါ့။ ဒါနဲ့ နောက် တခြားလူနာတစ်ယောက်ကိုမေးကြည့် တော့ ဒီအဖိုးကြီးက ညနေစောင်း သစ်ပင်ပေါ်မှာပျားအုံတွေ့လို့ ပျားတက်ဖွတ်တယ်တဲ့။ အဲဒါကို ဖြတ်သွား တဲ့ ကရင်ရဲဘော်တစ်ယောက်က လှမ်းကြည့်တော့ ၀က်ဝံကြီးပျားဖွတ်နေတာကိုမြင်တယ်။ အဲဒါနဲ့ပစ်ချ လိုက်တာ “အား” ဆိုတဲ့အသံကြားမှ သတိရပြီးသွားကြည့်တော့ ခါးမှာသေနတ်မှန်ထားအဖိုးကြီးဖြစ်နေ တာတဲ့။ ညီအစ်ကိုမသိတစ်သိအချိန် တောမှောက်တယ်ဆိုတာ ဒါဘဲဖြစ်ရမယ်။ သူက သူ့အဖြစ်ကိုသူ စိတ် တိုနေတာ ကျနော်ကသွားမေးမိတော့ ဒေါကန်ပြီးပြန်မဖြေတာနေမှာ။

ကုတင်ပေါ်မှာလှဲနေရပေမယ့် ကိုခင်ထွန်းကြည်က ဟေ့.. မင်းလည်း တိုက်ပွဲအတွေ့အကြုံတစ်ခါမှ မရသေး ဘူးမဟုတ်လား၊ ဒီမှာရောက်တုန်း ဟိုအရှေ့ကိုဆက်လိုက်သွားပါလား။ ငါ့အတွက်မပူနဲ့၊ ဒီက ကရင် တပ်မှူး တွေက ငါပြန်တက်ဖို့ ဆင်စီစဉ်ထားတယ်ဆိုလို့ သူ့အနားမှာတစ်ရက်လောက်ပဲနေပြီး ကျနော့ရှေ့တန်း ရဲဘော်တွေဆီကို ဆက်ပြီးဆင်းခဲ့တယ်။ တပ်မဟာ (၃) ဘက်ကိုဆင်းရတယ်ဆိုပေမယ့်လည်း။ တကယ် တော့ KNU တပ်မဟာ (၁) သထုံဘီးလင်းဘက်မှာ စစ်ကြောင်းလိုက်ရတာပါ။ အဲဒီအချိန်က ကျောင်းသား တွေကို အမြဲတန်းမျက်နှာသာပေးတဲ့ ကရင်ဗိုလ် ဗိုလ်မှူးမြင့်သိန်းရဲ့စစ်ကြောင်းနဲ့ ပူးတွဲ လှုပ်ရှားစစ်ကြောင်းနဲ့ လိုက်ကြရတာ။ ကျောင်းသားတွေလည်း သူ့ရဲ့အထူးလှုပ်ရှားစစ်ကြောင်းမှာ ရာနဲ့ချီပြီးပါတယ်။ အဲဒီအချိန် န၀တစစ်ကြောင်းတွေက မာနယ်ပလောတစ်ဝိုက်က ခွေးအိပ်တောင်ကို စစ်သားတွေအများကြီး အဆုံးရှုံး ခံပြီး ထိုးစစ်ဆင်နေတဲ့အချိန်။ အောက်ဘက်မှာ မဟာမိတ် (ကရင်၊ကျောင်းသားပူးတွဲ) စစ်ကြောင်းကြီး ရှိတယ်ဆိုတာ ရွာတွေကတောင်သိပ်မရိပ်မိဘူး။ တိုက်ပွဲကြီးတွေ အတော်ဖြစ်တယ်။ တစ်ရက် ကျနော်တို့ ကုန်းတစ်ခုပေါ်က မောမောပန်းပန်းနဲ့ စစ်ကြောင်းဆင်းလာတော့ အောက်ကရဲဘော် တွေ ၀ရုန်းသုန်းကားနဲ့ ပြန်ပြေးတက်လာတာတွေ့တော့ ကိုယ်လည်း နောက်ပြန်လှည့်တက်ရမှာလား။ ဘာလဲ ရန်သူလားပေါ့။ နောက်မှ အဲဒါအောက်က သစ်ဆွဲတဲ့ဆင်နဲ့ပါလာတဲ့ ဆင်ပေါက်တစ်ကောင်ကို ကင်းရဲဘော်တွေ သွားစတာ အဲဒီဆင်က ထလိုက်လို့တဲ့။ တော်သေးတာပေါ့ ဆင်ထိမ်းပါလာလို့။ တစ်ခါတစ်ခါ အဲဒီလို အူကြောင်ကြောင် တွေ ကြုံရတာ။


အမြောက်သံစိန်သံ

နောက်တစ်ခါ ကျောက်တောင်ကုန်းတစ်ခုကနေ စစ်ကြောင်းအဆင်း ကျနော်တို့ ရှေ့ကရဲဘော်တွေနဲ့ ရန်သူ စစ်ကြောင်းနဲ့ထိပ်တိုက်တိုးပြီး ရန်သူဖက်ကစပြီးပစ်ပါလေရော။ ကျနော်တို့လည်း အမြန်ဆုံးနေရာယူကြ ပေါ့။ အဲ ပြဿနာက ကျောက်တုံးတွေ ပြည့်နေတဲ့နေရာမှာ ထိုးဝပ်ဖို့ အရမ်းခက်တော့ ဖြစ်သလိုနေရာယူပြီး ပြန်ဆော်ကြရတယ်။ ကျနော့တိုက်စိတ်မှူးက ‘ခေါင်းဖြူ’လို့ နောက်ပြီးခေါ်ကြတဲ့ ကိုတင့်လွင်ဦး။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ရှိတော့ ခေါင်းဖြူက ရှေ့ကအငယ်လေးကို လှမ်းပြီးဆူတယ်။ “ဟေ့ကောင်.. အငယ်လေး မင်းအသေအခြာဝပ်လေကွာ။ ဖင်ကိုမှန်တော့မယ်” တဲ့။ ကျနော်လှမ်းကြည့်လိုက်တော့ အငယ်လေးထိုးဝပ် တဲ့နေရာက ကျောက်တုံးတစ်ခုပေါ်မှာဆိုတော့ ဖင်ကြီးထောင်ထားသလိုဖြစ်နေတာ။ သူလည်း အဆင်ပြေ သလိုပစ်နေပုံရပါတယ်။ အငယ်လေးက “ဟေ့.. ဖင်ထိချင်ထိပစေ။ ခေါင်းလာမမှန်ရင်တော်ပြီ” လို့ပြန်အော် တယ်။ အဲဒီလိုကြံကြံဖန်ဖန်အဖြစ်တွေဟာ နောက်ပိုင်းရီစရာပြန်ပြောစရာလေးတွေ ဖြစ်လာတာပေါ့။ အငယ် လေးလည်း တိုက်ပွဲမှာ ဒဏ်ရာရဖူးတယ်။

အဲဒီတိုက်ပွဲအပြီး အပြေးဆုတ် ပြန်ဆုတ်ခဲ့ကြတယ်။ မိနစ်လေးဆယ်လောက်ပြေးပြီး ၀ါးတောတွေထဲမှာ လူခွဲပြီး နားကြတယ်။ အဲဒီမှာ ထမင်းချက်စားနှိုင်တယ်ဆိုတဲ့ အမိန့်ကို စစ်ကြောင်းမှူးဆီကရတော့ ကျနော် တို့ အနားပတ်ဝန်းကျင်က သစ်ခြောက်ဝါးခြောက်တွေနဲ့မီးမွှေးပြီး ထမင်းချက်ကြတယ်။ ထမင်းချက်လို့ ကျက်ခါနီးအချိန်ကျမှ “တုံ” ကနဲ အသံတစ်သံထွက်လာတယ်။ အကုန်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြ တယ်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဘာလဲဟ၊ အဲဒါ ၄၀ မမ (M79 Grenade Launcher) အသံလားပေါ့။ ဟိုးရှေ့က ကရင်ရဲဘော်တွေကို ကျနော်တို့ထဲတစ်ယောက်က မျက်ရိပ်ပြ လှမ်းပြီးမေးငေါ့ပြီး မေးတယ်။ နောက်တော့ အကုန်လုံးထပြေးကြတော့ ကျနော်တို့လည်း ထမင်းအိုးပူပူကြီးကို ကြံဖန်မပြီး သယ်ပြေးကြရတော့တယ်။ နောက်မှ ထွက်သံကြားပြီး ကျပြီးကွဲသံလဲမကြားပါလားဘာလား ပြန်စုံစမ်းတော့ ၀ါးပင်က နေပူလွန်းလို့ ထပေါက်တာတဲ့။ ၀ါးပေါက်တဲ့အသံကလည်း ဘယ့်နှယ်လုပ်ပြီး လက်နက်ကြီးသံနဲ့ လာတူနေရတယ်မသိဘူး။ တိုက်ပွဲပူပူနွေးနွေးဖြစ်ပြီးကာစ ထပ်ပြီးလျှောက်ပြီးပြေးနေရတာ လျှာပါထွက် တယ်။

ကျနော်က လက်ထဲက အမ်ဆယ့်ခြောက် M-16 သေနတ်လေးကို အမြဲတမ်းသထားတယ်။ သေနတ်မောင်း တုန်းတွေဘာတွေဆိုလည်း မကြာခဏစစ်ကြည့်ပြီး အမြဲအသင့်ဖြစ်နေအောင် တိုက်ချွတ်ထားတယ်။ ကရင် အမျိုးသားအစည်းအရုံး KNU နဲ့ ကျောင်းသားပူးတွဲမဟာမိတ်စစ်ကြောင်းတွေမှာ နယ်မြေကျွမ်းကျင်တဲ့ ကရင်ဗိုလ်တွေက ဦးဆောင်ကြတာများတယ်။ တစ်ချို့နေရာတွေမှာလည်း ကျောင်းသားဖက်က ဦးဆောင် တာတွေလည်းရှိလာတယ်။ တစ်ရက် စစ်ကြောင်းလျှောက်လာပြီး ခဏနားတော့ ကျနော်လည်း သေနတ် မောင်းတုန်းကိုတစ်စစီဖြုတ် သေနတ်တိုက်ဆီထုတ်ပြီး သေနတ်တိုက်နေတုန်း “ကတော်” ဆိုတဲ့ အသင့် ပြင်လို့ ကရင်လိုပြောသံကြားရတယ်။ စစ်ကြောင်းချက်ခြင်းထထွက်တော့ ကျနော်လည်း တစ်စစီဖြုတ်ထား တဲ့ သေနတ်ကို ပုဆိုးထဲထည့်ထုတ်ပြီး လမ်းမှာလမ်းလျှောက်ရင်း သေနတ်ပြန်ဆင်သွားရတော့တာပေါ့။ ကိုသက်က အဲဒီအကြောင်းပြန်ပြန်ပြောပြီး ကျနော့ကိုရီတယ်။ “ဒီကောင် သေနတ်တစ်သသနဲ့ လုပ်နေတာ အဲဒီကျမှမှတ်ကရော၊ ပုဆိုးထဲအမြန်ကောက်ထည့်သွားရတာ မျက်စေ့ထဲမြင်သေး..” တဲ့။

ဗိုလ်မြင့်သိန်းက ကျနော့ကို တစ်ခါ စကားလာပြောတယ်။ ခင်ဗျားက နှစ်ဖက်ချွန်တဲ့။ ကျနော်လည်း လန့် သွားတယ်။ ဟ… ဘာလဲပေါ့။ နောက်မှ.. ခင်ဗျားက သီချင်းဆိုလဲတော်တယ်၊ စစ်တိုက်တာလဲတော်တယ် လို့ သူထပ်ဖြည့်ပြောလို့သက်သာတာ။ တော်သေးတာပေါ့ ကျန်တဲ့ရဲဘော်တွေက ကျနော့ကို နှစ်ဖက်ချွန် ကြီး၊ နှစ်ဖက်ချွန်ကြီးနဲ့ ၀ိုင်းမခေါ်ကြလို့။ နောက်ပိုင်းကျနော်နဲ့တွေ့တိုင်း ဗိုလ်မြင့်သိန်းက အဆိုတော်ကြီးလို့ နှုတ်ဆက်လေ့ရှိတယ်။ ကျနော်တို့ဆရာ အဘ (ဗိုလ်မှူးကြီးအေးမြင့်) က ဗိုလ်မြင့်သိန်းနဲ့ အရင်က ရန်သူ တော် တိုက်ဖော်တိုက်ဖက်၊ ပြိုင်ဖော်ပြိုင်ဖက်တွေလေ။ အဘက ဗိုလ်မြင့်သိန်းနဲ့ မာနယ်ပလောမှာပြန်တွေ့ တော့ ရှေးဟောင်းနှောင်းဖြစ် ဟိုဖက်ဒီဖက်တိုက်ပွဲတွေအကြောင်း စကားတွေဖောင်ဖွဲ့ပြီး ဖလှယ်ခဲ့၊ ပြော ဖြစ်ခဲ့ကြတယ်လို့ ပြန်ပြောပြဘူးတယ်။

ဗိုလ်မြင့်သိန်းကို ရန်သူကမိသွားပြီး ရှင်းလိုက်ကြတယ်တဲ့။ ဒါဟာ သူ့အဖွဲ့အစည်းသာမက ကျနော်တို့ဖက်က အနစ်နာကြီးနစ်နာခဲ့တဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါ။


ရိုးသားသူများ 

ကျနော်တို့မြစ်ဝကျွန်းပေါ်က ကွင်းပြင်တွေနဲ့၊ မြစ်ရေပြင်ကျယ်တွေနဲ့ တစ်မျိုးလှသလို ကရင်ပြည်နယ်က စိမ်းလန်းတဲ့ တောတောင်တွေအပြည့်နဲ့နဲ့ အရမ်းလှတယ်။ ကရင်လူမျိုးတွေက ရိုးသားကြသလို၊ သဘော လည်းကောင်းတယ်။ မြန်မာစကားကို တတ်ကြတယ်ဆိုပေမယ့် သူတို့က သူတို့နားလည်သလိုပြောကြ တာ။ တစ်ချို့ပြောနှိုင်ကြပေမယ့် များသောအားဖြင့် မြန်မာပြည်အလယ်ပိုင်းကလူတွေလို စကားကို လုံးစေ့ ပတ်စေ့ ပြောနှိုင်ကြတာမဟုတ်ဖူး။ ကျနော်တို့ရှေ့တန်းစစ်ကြောင်းတစ်ခုက ကရင်ရွာတစ်ရွာကိုရောက်တော့ ကရင်အဖွားကြီးတစ်ယောက်က သူမျှားထားတဲ့ ငါးသေးသေးသုံးလေးကောင်နဲ့ ဆန်၊ ဟင်းရွက်တစ်ချို့နဲ့၊ မျှစ်ပါတဲ့ ကရင်တာလပေါ့ဟင်းနဲ့ သူ့တောင်ယာထဲကခူးပြီး လတ်လတ်ဆတ်ဆတ်ထောင်းထားတဲ့ ငြုပ်သီး စိမ်းထောင်း ချက်ကြွေးတယ်။ ရဲဘော်တွေလည်း အရမ်းခံတွင်းတွေ့ပြီး ခေါင်းတောင်မဖော်နှိုင်အောင်ဖြစ် ကုန်ကြတော့တာပေါ့။ အဖွားကြီးက ကျောင်းသားရဲဘော်လေးတွေ အဲဒီလိုအားရပါးရစားနေတာကို ၀မ်းသာ လို့ ပြုံးကြည့်ပြီးတော့ “ဖိုးခွား… အားမနာဘူးလား၊ စားလေ” “ဖိုးခွား… အားမနာဘူးလား၊ စားလေ” လို့ပြော တော့ အကုန်လုံးစားနေတာတွေ ဂလုဆိုပြီးရပ်သွားကြပြီး အဖွားကြီးကိုပြန်ပြူးကြည့်တော့ သူက ဘာမှမ ဖြစ်သလို ကလေးတွေကို စားစေချင်လွန်းလို့ ၀မ်းသာအားရပြောနေပုံဖြစ်နေတာ တွေ့လိုက်ရတယ်။ အဲဒီ တော့မှ အကုန်လုံး တစ်ဟားဟားနဲ့ရီပြီး ဆက်စားဖြစ်ကြတယ်တဲ့။ သူက “သားတို့ အားမနာနဲ့ စားကြ” လို့ ပြောချင်ပုံရပါတယ်။ တောင်ပေါ်သူလေးတွေက အပစ်ကင်းစင်ပြီး လန်းဆန်းတဲ့အလှတွေကို ပိုင်ဆိုင်ထား ကြတယ်။ သင်တိုင်းဖြူနဲ့ အပျိုမလေးတွေကိုလည်း ဟိုနားဒီနားတွေ့ခဲ့ကြတယ်။ တိုင်းရင်းသားတွေ သဘောကောင်းပုံပြောနေရင်း တစ်ခုသတိရလာပြီ။ တောင်ကြောတစ်ခုပေါ်မှာနေကြတဲ့ ကရင်အဖွားကြီးနဲ့ သူ့သမီးကရင်မလေးဆီကို အနားဝန်းကျင်မှာ စခန်းလာချတဲ့ န၀တစစ်ကြောင်းက တပ်ကြပ်တစ်ယောက်က သွားသွားပတ်နေတယ်။ အဲဒါ တစ်နေ့တော့ အဲဒီရန်သူ့တပ်ကြပ်က ခါတိုင်းခေါ်သွားနေကြရဲဘော်ကို ထားခဲ့ ပြီး သူတစ်ယောက်တည်း အကြံနဲ့တက်သွားတယ်။ ဟိုရောက်တော့ အဖွားကြီးက ဆန်ထောင်းနေတာကို တွေ့တော့ “အမိုး… နင့်သမီးကော၊ မတွေ့ပါလား” လို့မေးလိုက်တယ်။ အဖွားကြီးက “ဖိုးမူ (သမီး) တောင်ယာထဲသွားနေတယ်။ နင်ဘာလုပ်မလို့လဲ” လို့ပြန်ပြောတော့ ဟိုလူက ကောင်မလေးကိုမတွေ့ရတဲ့ အထဲ မေးခွန်းပြန်အထုတ်ခံနေရတော့ စိတ်ချဉ်ပေါက်ပေါက်နဲ့ “ဘွတ်စမံပေးမလို့” လို့ပြောထည့်လိုက် တယ်။ ဒါပေမယ့် အဖွားကြီးထပ်ပြောလာတဲ့စကားကိုကြားကြားချင်း အဲဒီငနဲ ချက်ခြင်းထပြီး ပြန်လစ်သွား တော့တယ်။ အဖွားကြီးက “အမိုးကိုပေးချင်ရင် ပေးထားခဲ့လေ၊ ဖိုးမူပြန်လာရင်ပြန်ပေးလိုက်မယ်” တဲ့။


ကံတရား

KNU တပ်မဟာ (၁) ဂွင်ထဲက ပိုင်ကျုံရွာဘေးကတိုက်ပွဲတစ်ခုမှာပေါ့။ ဒိုင်းဒိုင်းဒိုင်း…. ဒက်ဒက်ဒက်နဲ့ အတွဲ လိုက်တွေ ရန်သူဖက်ကစပစ်တော့ ကျနော်တို့အားလုံး အမြန်နေရာယူပြီး ပြန်ပစ်ကြတယ်။ အဲဒါတွေကို “ဒင်းဒင်း” ဆိုတဲ့ ကိုယ့်ဆီက အာပီဂျီ-၇ RPG-7 လက်နက်ကြီးသံစုံက ဖုံးသွားတယ်။ လက်နက်ငယ်၊ လက်နက်ကြီးအသံစုံသွားတယ်။ တိုက်ပွဲအတော်လေးကြာတယ်။ ကျနော့သေနတ်က ယမ်းနံ့တွေနဲ့ညှော် နေရော။ “၀ုန်း” ကနဲ ကျနော့ဘေးကို ကျကွဲတဲ့ လက်နက်ကြီးသံကြောင့် တစ်ကိုယ်လုံးထုံကျင်သွားတယ်။ နောက်ပြီးတော့ နားထဲမှာလည်း စီစီစီစီအသံတွေဘဲရှိတော့တယ်။ အနားပတ်ဝန်းကျင်က ဖုန်တွေ၊ မြေမှုန့်တွေကလည်း ကျနော့အပေါ်မှာ။ ကျနော်တစ်ဟွတ်ဟွတ်နဲ့ချောင်းဆိုးပြီး ကိုယ်ဘာဖြစ်သွားသေး လည်း ပြန်စစ်ဖို့သတိရတယ်။ ကျနော့ကိုယ်ကျနော် ရဲရဲပြန်မကြည့်ရဲဘူး။ အဲဒါနဲ့ ခေါင်းကို နောက်ဖက်ကြော ပေါ်ကျော်ပြီး တစ်ဖြေးဖြေးလှည့်၊ ခြေထောက်ပိုင်းကို ပြန်ကြည့်တယ်။ အိုကေသားဘဲ။ ခြေထောက်တွေကို ပြန်လှုပ်ကြည့်တယ်။ ရပြီ.. ဘာမှမဖြစ်ဘူး။ လက်…၊ လက်တွေကော။ လက်တွေကိုလည်း ဖြေးဖြေးချင်း လှုပ်ကြည့်တယ်။ နောက်ပြီး ခေါင်းဘယ်ညာလှည့်ပြီးကြည့်ရတယ်။ လက်ခြောင်းလေးတွေကို အဆုတ်အ ဖြန့်လုပ်ကြည့်အပြီး လက်တွေလည်းအိုကေတာသေချာတယ်။ အဲ.. ပုခုံးက စပ်ဖျဉ်းဖျဉ်းနဲ့ စစ်အင်္ကျီထဲကို လက်လျှိုပြီး စမ်းတယ်။ လက်ထုတ်ပြီးပြန်ကြည့်တယ်။ လက်မှာသွေးပါမလာဘူး။ အာ.. ဒါ အီကွစ်မန့် ပွန်းတာဘဲဆိုပြီး ကိုယ်ဟာကိုယ် ဘာမှမဖြစ်တာသေချာတာနဲ့ သေနတ်ပြန်ကောက်ပြီး ပြန်ပစ်ရတယ်။ ကျနော့ဘေးက ကရင်ရဲဘော်တစ်ယောက်တော့ တည့်တည့်ကျပြီး တစ်စစီလွင့်စင်သွားတယ်။ သူ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ ခုနကလေးတွင်ဘဲ သူနဲ့ စကားပြောနေသေးတာ။

တိုက်ပွဲကြာလို့ သေနတ်ကြာကြာပစ်ပြီးရင် ယမ်းနံ့တွေနဲ့ခေါင်းနောက်ပြီး တိုက်ပွဲနားလို့ ထမင်းစားတဲ့အခါ စားလို့မ၀င်တော့တာတွေလည်းရှိတယ်။ အတွေးအခေါ်အရ အခြေအနေအရသာ ကျနော်တို့ပစ်ခတ်နေရ တာ။ တစ်ကယ်တော့ ကိုယ့်လူမျိုးအခြင်းခြင်း ဘယ်သူကပစ်ချင်မှာလဲ။ ကျနော်တို့လည်း သွေးဆာလို့ တောခိုပြီး သူပုန်လုပ်နေကြတာမှမဟုတ်တာ။ စစ်ပွဲမှာတော့ တစ်ဖက်က ကိုယ့်ကိုသတ်ဖို့လာတာ ကိုယ်က သူ့ကို မသတ်ရင် သူကိုယ့်ကိုသတ်သွားမှာပဲလေ။ တိုက်ပွဲမှာ အရှင်ဖမ်းမိတဲ့ စစ်သားတွေကို တွေ့ဖူးတယ်။ များသောအားဖြင့် ခပ်ငယ်ငယ်တွေများတယ်။ မေးလိုက်ရင် တိုင်းရင်းသားတွေပါဘဲ။ ကိုယ်နဲ့လက်မတွဲချင် တဲ့သူတွေကို သေနတ်သိမ်း၊ တစ်လနှစ်လတန်သည် ထိမ်းသိမ်းထားပြီး လမ်းကြောင်းရှင်းတာနဲ့ ပြန်ပို့ပေး ကြရတာတွေ ရှိတယ်။

တကြိမ်မှာလည်း ဒေသခံဖြစ်တဲ့ ကျနော့ရဲဘော် ၀င်းမြင့်အောင်ကိုခေါ်ပြီး ရှောက်ခြံတွေထဲကို အခြေအနေ သွားကြည့်ရင်း ရှောက်ခြံထဲက ကရင်အဖွားကြီးတစ်ယောက်ရဲ့ တဲကိုရောက်တယ်။ ကျနော်တို့ကို ရေနွေးတို့ ထန်းလျှက်တို့ဧည့်ခံရင်း စကားလက်ဆုံကျနေတုန်း ခေါင်းပေါ်တည့်တည့်က ကျီးနှစ်ကောင်သုံးကောင်လာ ပြီး အော်နေသံကြားရတယ်။ ဒီကကျီးတွေရဲ့အသံက ၀မ်းခေါင်းသံပါတယ်။ ကျနော်တို့မြစ်ဝကျွန်းပေါ်ဖက် က ကျီးတွေရဲ့အသံလို အသံမသာဘူး။ အဖွားကြီးက “ဟဲ့.. ဖိုးခွား။ ပယော် (ဗမာစစ်တပ်) လာတော့မယ်။ ပြန်တော့” လို့ပြောတော့ ကျနော်က ဒါတွေကို အယုံအကြည်မရှိဘူး။ ကျနော်တို့မှာလည်း သေနတ်ပါတာပဲ။ သူတို့လာလည်း ပြန်ပစ်မှာပေါ့လို့ ပြောလိုက်တယ်။ သူ့မျက်နှာကိုကြည့်လိုက်တော့ သွေးမရှိတော့ဘူး။ အရမ်းကြောက်နေပုံရတယ်။ ကျနော်လည်း အလကားနောက်တာပါ၊ ကျနော်တို့သွားတော့မယ်လို့ နှုတ် ဆက်ရင်း ချက်ချင်းထပြန်ခဲ့တယ်။ လမ်းမှာ ကရင်ထိုင်ထားတဲ့ တောင်ကုန်းတစ်ခုကိုတောင် တက်ပြီး KNU ရဲဘော်တွေကိုနှုတ်ဆက်ခဲ့သေးတယ်။ အဲဒီအချိန်က ကျနော်က တရုတ်ပြည်ကထုတ်တဲ့ စိမ်းဖြဲဖြဲယူနီဖောင်း ကို ဘက်တံဆိပ်မပါပဲ ပုဆိုးအပြင်ထုတ်ဝတ်ထားပြီး ပါလာတဲ့ သေနတ်အတိုကို ခါးကြားထိုးထားတယ်။ ၀င်းမြင့်အောင်က သူ့ရဲ့ အေကေ AK ခေါက်ဒင်ကို ဒင်ခေါက်လွယ်ထားပြီး ပုဆိုးခြုံထားတယ်။ လှမ်းကြည့် ရင် ကျနော်တို့ ဘယ်သူဘယ်ဝါဖြစ်တယ်၊ သေနတ်ပါတယ် မပါဘူး မသိနှိုင်တဲ့ပုံစံဖြစ်နေတယ်။ အဲဒါလည်း ကံကောင်းတာ ပါတာပေါ့။ မဟာမိတ်ကရင်တပ်က ရဲဘော်တွေက ရန်သူစစ်ကြောင်းတစ်ခု ပျောက်နေ တယ်လို့တော့ သတင်းပေးလိုက်တယ်။

ကျနော်တို့ စခန်းချတဲ့တောင်ကုန်းကိုမရောက်ခင် ရွာသားတွေ ရွှေကျင်နေကြတဲ့ ယာယီစခန်းကိုဖြတ်လာ ကြတဲ့အချိန် တပ်ရင်း ၂၀၅ က ရဲဘော်တွေဖြစ်တဲ့ ကိုဇော်နိုင်နဲ့၊ ကိုခင်မောင်ထူးတို့ M16 သေနတ် တစ်လက်နဲ့ ငါးဖမ်းပိုက်ကွန်တစ်ခုဆွဲပြီး ထွက်လာကြတာတွေ့တော့ ကျနော်က ဘယ်သွားမလဲလို့မေးလိုက် တယ်။ ကိုဇော်နိုင်က ကျနော်တို့ ဖားလေး၊ ငါးလေး သွားပြီး ဟင်းစားရှာလိုက်ဦးမယ်လို့ ပြန်ဖြေတဲ့အခါ ရန်သူစစ်ကြောင်းတစ်ခုပျောက်နေတယ်ကြားတယ်၊ ညနေလည်းစောင်းနေပြီ သတိထားပြီးသွားကြလို့ သတိပေးခဲ့တယ်။ ရွာထဲက အဒေါ်ကြီးတစ်ယောက်က ဗိုလ်ကြီး.. ညနေ ထမင်းလာစားလေ။ နွားသားရေ သုတ်နဲ့ ဟင်းချိုကောင်းကောင်းချက်ထားမယ်လို့ ထမင်းစားဖိတ်တယ်။ နွားသားရေသုတ်ဆိုတာက နွားသား ရေခြောက်ပြားကို နူးအိနေအောင်ပြုတ်ပြီး ရှောက်ရွက်၊ ရှောက်သီးနဲ့ သုတ်ထားတာ။ ဘာမှမရှိတဲ့နေရာမှာ သူက ဟင်းဖြစ်ပါတယ်။ ကျနော်က ထမင်းသွားမစားခင် ရေဆင်းချိုးဦးမှဆိုပြီး ချောင်းထဲကို ပြန်ဆင်းလာခဲ့ တယ်။ ၂၀၅ တပ်ရင်းမှူးကိုတင်စိုးကို ရေချိုးဆိပ်မှာ ရေချိုးနေတာတွေ့တယ်။ ကျနော်လည်း ချောင်းရေအေး ထဲကို ဆင်းစိမ်ပြီး ရေချိုးနေတာပေါ့။ အဲဒီအချိန် တောက်-ဖန်း ဆိုတဲ့ သေနတ်သံ တစ်ချက်ထွက်လာတယ်။ ကျနော် ဆတ်ကနဲဖြစ်သွားတယ်။ ကျနော် ဟိုရဲဘော်နှစ်ယောက်ကိုလည်း အရမ်းစိတ်ပူသွားတယ်။ ကိုတင် စိုးကို အဲဒါ ဘာသေနတ်သံလည်း သိတယ်မဟုတ်လားလို့မေးတော့ သူက ခေါင်းညိတ်ပြတယ်။ ကျနော်က အပြင်မှာ ငါးသွားဖမ်းနေတဲ့ရဲဘော်တွေရယ်၊ ရန်သူစစ်ကြောင်းပျောက်နေတာရယ်ပြောပြီး သူ့ကို မဟာမိတ် KNU တပ်တွေကို စကားပြောစက်နဲ့ ကိုယ့်ဆီကလူတွေ ကာဘိုင်သေနတ်ကိုင်ထားတာ အဲဒီအရှေ့ဖက်မှာ ရှိမရှိ လှမ်းမေးဖို့ပြောတော့ ကိုယ့်စစ်ကြောင်းကရော၊ မဟာမိတ်ဆီကပါ ကာဘိုင်နဲ့လူ ရှေ့မှာမရှိဘူးလို့ သိရတယ်။ ကျနော် ကိုတင်စိုးကိုကျနော်တို့ အပေါ်ကို ချက်ခြင်းတက်ပြီး သတင်းနားထောင်ဖို့နဲ့၊ လိုအပ်ရင် တပ်လှန့်ဖို့ စီစဉ်ကြရအောင်ဆိုပြီး အမြန်ပြန်တက်ခဲ့ကြတယ်။

ကျနော် ယူနီဖောင်းပြန်ဝတ်ပြီး အောက်ဖက်ကိုမျှော်ကြည့်နေတဲ့အချိန်မှာပဲ ကိုဇော်နိုင် အူယားဖားယား ပြန်ပြေးလာတာတွေ့လိုက်တယ်။ ကျနော်သိလိုက်ပြီ။ ကျနော်အမြန်ဆင်းကြိုပြီး သူ့ကိုမေးတော့ သူက “ကိုခင်မောင်ထူး အပစ်ခံရတယ်တဲ့။ သူနဲ့အတူချောင်းထဲရောက်တော့ အိမ်သာတက်ချင်တယ်ဆိုပြီး သှူ့ဆီ ကသေနတ်ကို ယူပြီး ချောင်းဘေးက ကုန်းကိုတက်သွားတဲ့အချိန် သေနတ်သံထွက်လာပြီး ဟိုလူ ပက်လက် လန်ကျသွားတာတွေ့လိုက်တယ်တဲ့”။ ကျနော်တို့ ချက်ခြင်းရဲဘော်တစ်ချို့ကို တောင်ကုန်းပေါ်မှာနေရာယူဖို့နဲ့ ရှေ့က ရွာသားတွေကို ကျနော်တို့အနောက်က တောင်ပေါ်မှာယာယီနေရာရွှေ့ပေးကြဖို့စီစဉ်ကြရတယ်။ ရန်သူက တက်လိုက်မလာပါဘူး။ နောက်နေ့မှ ရဲဘော်ခင်မောင်ထူးရဲ့ အလောင်းကိုသွားကောက်ပြီး မြေချဖို့ စီစဉ်ရတော့တယ်။

နောက်တစ်နေ့ တက်လာတဲ့ရွာသားတွေကို အဲဒီရန်သူစစ်ကြောင်းက အရာရှိတွေက ပြောလိုက်တယ်တဲ့ အစောကြီးကတည်းက ကျောင်းသားနှစ်ယောက်လျှောက်သွားနေတာတွေ့တယ်။ မပစ်ချင်လို့လွှတ်လိုက် တာတဲ့။ နေ့တိုင်း ဘုန်းကြီးစားစေချင်ရင် လာခဲ့ဆိုပဲ။ ကျနော်ထင်ပါတယ်၊ သူတို့ ကျနော်တို့ကို နွားကုန် သည်တွေလား၊ ဘာလား မသေချာလို့ အစကတည်းက ပစ်မချလိုက်တာ။ ဒါပေမယ့် ကိုယ့်ရဲဘော်ကို အဲဒီလို အချောင်ရသွားတာကိုတော့ နှမြောလို့မဆုံးဘူး။ ကျန်တဲ့ရဲဘော်အားလုံးလည်း စိတ်မကောင်းဖြစ်ကြ ရတာပေါ့။ သူတို့ကို စားစေချင်လို့ ဟင်းစားရှာရှာကြွေးတတ်တဲ့ ကိုခင်မောင်ထူးတစ်ယောက် သူတို့အတွက် ဟင်းစားထွက်ရှာရင်း ကျဆုံးခဲ့ရတယ်လေ။


ဆန္ဒ

တပ်မဟာ (၁) ဘက်မှာက သထုံ-ဘီးလင်းကားလမ်းမကို ဟိုဘက်ကဖြတ်လိုက်၊ ဒီဘက်ကဖြတ်လိုက် ချီတက်ကြပြီး ရန်သူ့စခန်းတွေ၊ တပ်တွေကို မြေပြင်သတင်းအသာစီးယူပြီး တိုက်ကြတဲ့တိုက်ပွဲတွေပါ။ အဲဒီ ကားလမ်းကိုမဖြတ်ခင် တပ်စိတ်နှစ်စိတ်လောက် ဟိုဘက်ဒီဘက် ကင်းရှည်ထုတ်ပြီးတော့မှ စစ်ကြောင်း ရဲဘော်တွေက အပြေးဖြတ်ကြရတာ။ တစ်ရက် စစ်ကြောင်းခဏနားနေကြတုန်း ကရင်ရဲဘော်တွေနဲ့ စုဖွဲ့ပြီး စကားစမည်ပြောကြတော့ တော်လှန်ရေးပြီးရင်ဘာလုပ်မလဲဆိုတဲ့မေးခွန်းကို တစ်ယောက်တစ်လှည့်ပြော ကြတယ်။ အိမ်ပြန်မယ်၊ မိန်းမယူမယ်၊ စိုက်ပျိုးရေးလေးဘာလေးလုပ်စားပြီး အေးအေးဆေးဆေးနေတော့ မယ်နဲ့ တစ်ယောက်တစ်မျိုးပြောနေကြတဲ့အချိန် ကရင်ရဲဘော်တစ်ယောက်အလှည့်ရောက်တော့ သူကပြော တယ်။ “တော်လှန်ရေးပြီးရင် ဒီဘီလင်းကားလမ်းမကြီးပေါ်မှာထိုင်ပြီး ညာသိုအ၀သောက်ပစ်မယ်” တဲ့။ ညာသိုဆိုတာက ကရင်ဆေးလိပ်သောက်ဆေးလေ။ သတင်းစာနဲ့ ဒါမှမဟုတ် ငှက်ပျောရွက်ခြောက်လို အရွက်တစ်မျိုးမျိုးနဲ့ လက်ဖြစ်ပွတ်ချွန်းလိပ်သောက်ရတယ်။

ဟုတ်သားဘဲ ဒီကားလမ်းပေါ်ဖြတ်တိုင်း ကျနော်တို့ဖြတ်ချည့်ပြေးနေရတာ၊ သူလဲပဲ အေးအေးဆေးဆေး ထိုင်ပြီး ဆေးလိပ်သောက်ချင်မှာပေါ့။ လူတွေရဲ့ဘ၀လုံခြုံမှုနဲ့ စားဝတ်နေရေးပြေလည်မှုတွေရှိနေတယ်၊ တရားမျှတမှုတွေရှိနေတယ်ဆိုရင် စစ်ဆိုတာ ရှိမှာမဟုတ်ဘူးလို့လည်း တွေးမိသေးတယ်။ စစ်တွေမရှိတဲ့ ငြိမ်းချမ်းမှုလေးတွေကို အိပ်မက်လို မျက်စေ့ထဲမြင်ယောင်ကြည့်ရတာ အရသာရှိလိုက်တာ။


ကျနော်စူပါမင်း

ကျနော်တို့ တိုက်ပွဲအပြီး နေရာရွှေ့ကြတော့ စစ်ကြောင်းချီတက်ရမယ့် လမ်းက လူတစ်ဖက်နီးပါးလောက် သစ်လုံးပေါ်ကနေ အားလုံး ဟိုဖက်ကြောကိုရောက်အောင်ကူးရမှာ။ မိုးကလည်းတစ်ဖွဲဖွဲဆိုတော့ ကျနော် တို့ မိုးကာစတွေကို ပုခုံးပေါ်မှာချည်ပြီးသွားကြရတာ။ ကျနော်က မျက်စေ့သိပ်မကောင်းရတဲ့အထဲ တပ် မဟာ (၁) မှာ စစ်ကြောင်းသွားရင် ရေလေးစပ်စပ်ရှိတဲ့ ချောင်းတစ်ခုဖြတ်လိုက်၊ နောက်ထပ်မိနစ်လေး ဆယ် တစ်နာရီလောက် နေပူထဲမှာလျှောက်လိုက်၊ အဲဒီလိုတောက်လျှောက်သွားနေရတာဆိုတော့ ပတ္တူစ နဲ့လုပ်ထားတဲ့ စစ်ဘိနပ်ဝတ်ထားတဲ့ခြေထောက်က စိုလိုက်၊ ခြောက်လိုက်၊ ခြောက်ပြီးရင် ပြန်စိုလိုက်ပေါ့။ အဲဒါ မျက်စေ့ကိုအတော်ထိခိုက်တာလေ။ ကျနော် မျက်စေ့မကောင်းတော့ဘူး။ အဲဒီညနေ သစ်လုံးတံတား ကိုဖြတ်တော့ သစ်မြက်ကိုခလုတ်တိုက်ပြီး ကျနော် အဲဒီသစ်လုံးတံတားပေါ်က ပြုတ်ကျပါလေရော။ ပေနှစ် ဆယ်ကျော်လောက်မြင့်တယ်။ ကျနော်လဲ ခြေလွတ်လက်လွတ်ပြုတ်ကျတာဆိုတော့ အကျမနာအောင် ခြေထောက်ကို သတိထားပြီးပြင်ထားတယ်။ အောက်မှာက ခါးလည်လောက်ရှိတဲ့ ချောင်းတစ်ခုရှိနေလို့ သက်သာတာ။ ရေထဲကိုဝုန်းကနဲကျပြီး မိုးကာနဲ့လုံးထွေးနေတာကိုပြန်ဖြည်ပြီး အပေါ်ကိုပြန်တက်ခဲ့ရတယ်။ မိုးကာက ပုခုံးမှာချည်ရက်တန်းလန်းပါလာတာဆိုတော့ ကျနော် ကျန်တဲ့လူတွေကိုတော့ ငါပြုတ်ကျတာ စူပါမင်းနဲ့ မတူဘူးလားလို့ ရီစရာပြန်ပြောဖြစ်သေးတယ်။ ကျနော့မျက်စေ့အမြင်က အတော်ဆိုးသွားတယ်။ ကိုယ့်လူလား ရန်သူလား မခွဲခြားနှိုင်တော့တဲ့အနေအထားဖြစ်လာတော့ စစ်ကြောင်းထဲမှာ မသင့်တော်ဘူး။ ခဏတော့ ရှေ့တန်းအထိုင်စခန်းမှာဖြစ်ဖြစ် ပြန်ပြီးအနားယူမှရမယ်ဆိုပြီး တပ်စုမှူးလုပ်နေတဲ့ကိုသက်က ပြန်ခိုင်းတယ်။ ကျနော်လည်း တခြားတပ်ရင်းက ဆေးနားရဲဘော်နှစ်ယောက်နဲ့အတူ စစ်ကြောင်းကနေ ပြန် ထွက်ခဲ့ကြတယ်။


နောက်ကျတဲ့ခြေထောက် သစ္စာဖောက်

တောင်ကြောပေါ်ကဆင်းတာနဲ့ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကျွန်းပင်ဝင်းရွာကြီးကို လှမ်းမြင်ရတယ်။ သူကြီး ကို ကျနော်တို့ရောက်လာတယ်ဆိုတာအကြောင်းကြားတော့ သူကြီးအဖွားကြီးက ကျနော်တို့ကို တစ်ခြား ကရင်အဖွားကြီးတစ်ယောက်ရဲ့အိမ်မှာ နေရာချပေးတယ်။ အဲဒီနေ့က ကျနော်တို့လည်း နေ့တစ်ဝက် လောက်လမ်းလျှောက်ခဲ့ကြရတော့ အရမ်းပင်ပန်းပြီး ဗိုက်ဆာနေပြီ။ ကျနော်နဲ့ပါတဲ့ ရဲဘော် နှစ်ယောက်က တော့ ရောက်တာနဲ့ အိမ်ရှေ့ခန်းမှာအထုတ်အပိုးချပြီး ခွေနေကြပြီ။ ကျနော့မှာပါလာတဲ့ ကုလားပဲကို ဟန်းကောထဲထည့်ပြီး ပဲဟင်းချက်ဖို့နဲ့ ထမင်းပါတစ်ခါတည်းတည်ဖို့ လုပ်ရတယ်။ ကျနော်အိမ် အတွင်းခန်း ထဲမှာ ချက်ပြုတ်ကောင်းနေတုန်း ဖုတ်ဖုတ်ဖုတ်ဖုတ်နဲ့ခြေသံတွေကြားရတယ်။ ကရင်လို တစ်ယောက်နဲ့ တစ်ယောက် အော်ပြောနေသံတွေလည်းကြားရတယ်။ ဒါနဲ့ ကျနော် ဘာများပါလိမ့်ဆိုပြီး အပြင်ကိုထွက် ကြည့်တယ်။ ကျနော့ ဂီလာနရဲဘော်နှစ်ယောက်မရှိတော့ဘူး။ အိမ်ရှေ့မှာ အိမ်ရှင်အဖွားကြီးက ကျနော့ကို တွေ့တော့ “ဖိုးခွား၊ ဘာလုပ်နေတာလဲ။ သူတို့ ပယော် (ဗမာစစ်တပ်) လာတယ်လို့ပြောတယ်။ ပြေးလေ” ဆိုတော့မှ အသံတွေကိုသဲသဲကွဲကွဲကြားရတယ်။ “ပယော် ဟဲလီး။ ကျီလီး။ ကျီလီး” ဗမာလာပြီ ပြေးပြေးပေါ့။ ကျနော်လည်း ကိုယ့်သေနတ်နဲ့ပစ္စည်းပစ္စယတွေအပြင် ဟိုဆရာတွေကျန်ခဲ့တဲ့ ကျောပိုးအိတ် နဲ့ဟားဗားဆိုဒ်တွေကိုပါမပြီး အိမ်ပေါ်ကခုန်ချပြေးရတာ စစ်ဖိနပ်ကိုတောင် ပြန်စွပ်ချိန်မရလိုက်ဘူး။ ရှေ့က ပြေးနေတဲ့ရွာသားတစ်ယောက်ကို အကူအညီတောင်းပြီး ကိုယ့်အီကွစ်မန့်ကိုယ်ပြန်စွပ်၊ ကျောပိုးအိပ်ပြန် လွယ်ပြီး သူ့ကို အနီးဆုံးရွာပြင်ကမြောင်းတစ်ခုကိုခေါ်သွားဖို့ပြောရတယ်။ နောက်ဖက်မှာ သေနတ်သံတွေ အပြင်၊ လက်နက်ကြီးသံတွေပါကြားရတယ်။ ဟ.. သူတို့ရွာကို ပစ်ပြီးဝင်တာပါလား။ လားလား… တွေ့ပြီ၊ ရှေ့မှာ ကျနော့ရဲဘော်နှစ်ယောက် ကျနော်တို့ သူတို့ကို ခဏလေးနဲ့မီလာတယ်။ ကျနော်တို့က မြေမာပေါ်မှာ ပြေးနေကြတာ။ အဲဒီဆရာနှစ်ယောက်ကတော့ ကြောက်ပြီး သဲတောထဲသွားပြေးနေကြတာကိုး။ ကျနော် လည်း မနေသာတော့ဘဲ “မင်းတို့အဲဒီသဲတောထဲမှာ ဘာသွားလုပ်နေကြတာလဲ။ မင့်အဖေတွေပစ်တဲ့ဟာ တွေ ဖင်ထဲရောက်လာလိမ့်မယ်” လို့အော်ပြောတော့မှ သတိရပြီးလမ်းပေါ်ပြန်တက်လာကြတယ်။ ဒီလို အသဲအ သန်အချိန်တွေမှာ ကျနော်တို့ စကားကိုယဉ်ကျေးအောင်ပြောလို့မရဘူး။ အချိန်လဲမရှိဘူးလေ။

တော်သေးတယ်။ ရန်သူက ထွက်လိုက်မလာကြလို့။ ကျနော်ကျန်ခဲ့တဲ့ ပဲဟင်းချက်လက်စဟန်းကောနဲ့ ဖိနပ် ကို နောက်ပိုင်းမှ ရွာသားတွေယူလာပေးတယ်။ ကျနော်တို့မြောင်းကိုရောက်တော့ အရင်ကြိုရောက်နေတဲ့ KNU က ရဲဘော်တွေနဲ့တွေ့တယ်။ ကျနော်တို့သူတို့နဲ့ နောက်တစ်နေရာကိုထပ်ရွှေ့ပြီး၊ အဲဒီတစ်ညလုံးလိုလို အတူရှိနေကြတာ။ နောက်တစ်နေ့မှ ကျနော်တို့ ရှေ့တန်းအထိုင်စခန်းကို ဆက်သွားကြရတာ။

အဲဒီရွာက ဘီးလင်းဖက်က အရောင်းအ၀ယ်လုပ်တဲ့ ညီမငယ်တစ်ယောက် နောက်နေ့မနက် ဘီးလင်းချောင် စပ်မှာ လှေစောင့်နေတုန်း ရန်သူတပ်က တပ်ကြပ်ကြီးတစ်ယောက်က မုဒိန်းကျင့်တာခံလိုက်ရတယ်တဲ့။ အဲ ဒါကို စစ်ကြောင်းအရာရှိတွေကို သွားတိုင်ကြတော့ အဲဒီတပ်ကြပ်ကြီးကို ကြိမ်ဒဏ်ဆယ်ချက်ဆိုလား၊ အချက်နှစ်ဆယ်ဆိုလား ပေးပြီးဆုံးမလိုက်တယ်တဲ့။

နောက်ပိုင်း ကျနော် မျက်စေ့ပြဖို့ နောက်တန်းကိုပြန်မယ့်အဖွဲ့နဲ့ ပြန်လိုက်ခဲ့ရတယ်။ မျက်မှန်လည်း လုပ် လိုက်ရတယ်။ ဒီဂရီကလည်း ပြည်တွင်းမှာတုန်းကစမ်းခဲ့တဲ့ ဒီဂရီရဲ့နှစ်ဆတိုးသွားတော့တာပေါ့။ တပ်ရင်း မှာတော့ ထုံးစံ အတိုင်း နောက်တန်းတာဝန်တွေနဲ့ပဲ အချိန်ကုန်ရပြန်တာပေါ့။

xxxxxxxxx
                                                                                                                                                                                                            ဆက်ရေးပါမည်.....