Saturday, December 22, 2012

ကြေးနီတောင်ကိစ္စ၊ တရုတ်နိုင်ငံအပေါ်အမြင်သဘောထား

ကြေးနီတောင်ကိစ္စ၊ တရုတ်နိုင်ငံအပေါ်အမြင်သဘောထား၊ Phonex Satellite Television မှ Alice Lau (Director of News Department) ဦးဥာဏ်ဝင်းအားလာရောက်တွေ့ဆုံမေးမြန်း......။

Alice     ကြားဖြတ်ရွေးကောက်ပွဲတုန်းကအနိုင်ရရှိခဲ့တဲ့ပါတီအနေနဲ့ပြည်သူလူထုတွေကိုဘာတွေလုပ်ပေးနေ
               ပါသလဲ။

ဦးဥာဏ်ဝင်း - ဘာတွေပေးမယ်။ဘာလုပ်ပေးမယ်ဆိုပြီးကျနော်တို့ပါတီကမဲဆွယ်ခဲ့တာမဟုတ်ပါဘူး။ကျနော်
     တို့ပါတီကလွှတ်တော်အတွင်းမှာနေရာများများပါဝင်နေတာမဟုတ်ပါဘူး။ ဒါပေမဲ့ပြည်သူတွေရဲ့ 
                 ရသင့်၊ရထိုက်တဲ့အခွင့်အရေးကိုတော့လွှတ်တော်မှာ တင်ပြပေးနေပါတယ်။

Alice         - အခုမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုဘယ်လိုမြင်ပါသလဲ။

ဦးဥာဏ်ဝင်း - တော်တော်ပျော်စရာကောင်းတဲ့အခြေအနေလေးပါ။အရင်တုန်းကမရှိခဲ့တဲ့အရာတွေကိုမြင်နေရပါ
          တယ်။ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။
                 
Alice           - အခုလိုဆန္ဒပြလာတာတွေများတဲ့အပေါ်မှာရောဘယ်လိုမြင်ပါသလဲ။

ဦးဥာဏ်ဝင်း - ဒါတွေဟာကျနော်တို့ အရင်ထဲကမျှော်လင့်နေတဲ့အရာတွေပါ။ဒါတွေက ဖြစ်နိုင်တယ်လို့လည်း
                   တွက်ထားတယ်။

Alice           - အခုကြေးနီတောင်ကိစ္စကိုရော ဘယ်လိုသုံးသပ်သလဲ။

ဦးဥာဏ်ဝင်း -  သက်ဆိုင်သူတွေကိုယ်တိုင် ပါဝင်ပြီးစေ့စပ်ညှိနှိုင်းမှဘဲရမှာပါ။တကယ်နစ်နာနေလား၊မနစ်နာဘူး
                   လားကိုလည်းကြည့်ရမယ်။ဆန္ဒထုတ်ဖော်ခွင့်တွေကို အမြဲတမ်းအားပေးနေတယ်။

Alice          - NLD အနေနဲ့ဆန္ဒပြမှုကိုထောက်ခံရင် ပိုဆိုးသွားမလား။

ဦးဥာဏ်ဝင်း - အားပေးမှု၊ အားမပေးမှုက ပြည်သူတွေကို အများကြီးသက်ရောက်ပါတယ်။ကျနော်ဆိုလိုတာက 
                  ဆန္ဒပြမှုကိုမှားတာမှန်တာကိုတကဏ္ဍထား၊ ဆန္ဒပြသူတွေခံစားနေရတာကို လူသားချင်းစာနာပြီး
          ကျနော်တို့အနေနဲ့ ကူညီပေးရမယ်။

Alice    
     – NLD အနေနဲ့ တရုတ်နိုင်ငံအပေါ်ဘယ်လိုသဘောထားလဲ

ဦးဥာဏ်ဝင်း - ကျနော်တို့အနေနဲ့ မြေပုံကိုရွေ့လို့မရပါဘူး။ နှစ်ဖက်လုံးတည့်အောင်နေရမယ်။

Alice         
– NLD အနေနဲ့ တရုတ်နဲ့အဆက်ဆက်ရှိလား။

ဦးဥာဏ်ဝင်း - ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သံအမတ်ကြီးနဲ့ မကြာခဏတွေ့ဖြစ်တယ်။ အရေးကြီးကိစ္စဖြစ်
              တိုင်းလည်းဆက်ဆံဆွေးနွေးမှုရှိပါတယ်။

Alice    –
 တရုတ်အနေနဲ့မြန်မာနိုင်ငံကို ရင်းနှီးမြှပ်နှံမှုတွေလာမယ်ဆိုရင် NLD အနေနဲ့ဘယ်လိုသဘောထားလဲ

ဦးဥာဏ်ဝင်း - ကျနော်တို့က တရုတ်မှမဟုတ်ပါဘူး တစ်ကမ္ဘာလုံးကို ကြိုဆိုပါတယ်။ကြိုဆိုတယ်ဆိုတာ တစ်နိုင်ငံတည်း ၊ တရုတ် ၊ အိန္ဒိယ၊ အဲ့လို တစ်နိုင်ငံတည်းကြိုဆိုလို့ မရဘူး။
ကြေးနီတောင်ကိစ္စ၊ တရုတ်နိုင်ငံအပေါ်အမြင်သဘောထား၊ Phonex Satellite Television မှ Alice Lau (Director of News Department) ဦးဥာဏ်ဝင်းအားလာရောက်တွေ့ဆုံမေးမြန်း......

Alice ကြားဖြတ်ရွေးကောက်ပွဲတုန်းကအနိုင်ရရှိခဲ့တဲ့ပါတီအနေနဲ့ပြည်သူလူထုတွေကိုဘာတွေလုပ်ပေးနေ
ပါသလဲ။

ဦးဥာဏ်ဝင်း - ဘာတွေပေးမယ်။ဘာလုပ်ပေးမယ်ဆိုပြီးကျနော်တို့ပါတီကမဲဆွယ်ခဲ့တာမဟုတ်ပါဘူး။ကျနော်
တို့ပါတီကလွှတ်တော်အတွင်းမှာနေရာများများပါဝင်နေတာမဟုတ်ပါဘူး။ ဒါပေမဲ့ပြည်သူတွေရဲ့
ရသင့်၊ရထိုက်တဲ့အခွင့်အရေးကိုတော့လွှတ်တော်မှာ တင်ပြပေးနေပါတယ်။

Alice - အခုမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုဘယ်လိုမြင်ပါသလဲ

ဦးဥာဏ်ဝင်း - တော်တော်ပျော်စရာကောင်းတဲ့အခြေအနေလေးပါ။အရင်တုန်းကမရှိခဲ့တဲ့အရာတွေကိုမြင်နေရပါ
တယ်။ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Alice - အခုလိုဆန္ဒပြလာတာတွေများတဲ့အပေါ်မှာရောဘယ်လိုမြင်ပါသလဲ။

ဦးဥာဏ်ဝင်း - ဒါတွေဟာကျနော်တို့ အရင်ထဲကမျှော်လင့်နေတဲ့အရာတွေပါ။ဒါတွေက ဖြစ်နိုင်တယ်လို့လည်း
တွက်ထားတယ်။

Alice - အခုကြေးနီတောင်ကိစ္စကိုရော ဘယ်လိုသုံးသပ်သလဲ။

ဦးဥာဏ်ဝင်း - သက်ဆိုင်သူတွေကိုယ်တိုင် ပါဝင်ပြီးစေ့စပ်ညှိနှိုင်းမှဘဲရမှာပါ။တကယ်နစ်နာနေလား၊မနစ်နာဘူး
လားကိုလည်းကြည့်ရမယ်။ဆန္ဒထုတ်ဖော်ခွင့်တွေကို အမြဲတမ်းအားပေးနေတယ်။

Alice - NLD အနေနဲ့ဆန္ဒပြမှုကိုထောက်ခံရင် ပိုဆိုးသွားမလား။

ဦးဥာဏ်ဝင်း - အားပေးမှု၊ အားမပေးမှုက ပြည်သူတွေကို အများကြီးသက်ရောက်ပါတယ်။ကျနော်ဆိုလိုတာက
ဆန္ဒပြမှုကိုမှားတာမှန်တာကိုတကဏ္ဍထား၊ ဆန္ဒပြသူတွေခံစားနေရတာကို လူသားချင်းစာနာပြီး
ကျနော်တို့အနေနဲ့ ကူညီပေးရမယ်။

Alice
– NLD အနေနဲ့ တရုတ်နိုင်ငံအပေါ်ဘယ်လိုသဘောထားလ

No comments: