Thursday, December 20, 2012

ABSDFနှင့် NLD မိတ်ဆက်တွေ့ဆုံ

ABSDFနှင့် NLD မိတ်ဆက်တွေ့ဆုံ
ဒီဇင်ဘာ ၂၀ ၊ ၂၀၁၂ အမျိုးသားဒီမိုကရစီအဖွဲ့ ချုပ်ရုံးတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင
်းသားများဒီမိုကရတ်တစ်တပ်ဦး (အေဘီအက်စ်ဒီအဖ်)အဖွဲ့ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဗဟိုအလုပ်အမူဆောင်အဖွဲ့ တို့  သည်မြန်မာနိုင်ငံဧ။် ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးအကြောင်းကိုဆွေးနွေးခဲ့ကြသည်။
အေဘီအက်စ်ဒီအဖ်အဖွဲ့ အနေနှင့်ဒုတိယပင်လုံညီလာခံ
ကျင်းပ
နိုင်ရေးကိုလိုလားပြီး၊ အမျီုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနှင့် ကျောင်းသားတပ်ဦးကဲ့ သို့ သောအဖွဲ့ အစည်းများပါဝင်နိုင်သော အခင်းအကျင်းမျိုးကိုဖန်တီးပေစေလိုကြောင်းနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအပေါ် ကျောင်းသားတပ်ဦးဧ။် အမြင်များကိုဆွေးနွေးခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရတ်တစ်တပ်ဦးနှင့် လျှောက် လှမ်းသည့်လမ်းခြင်းမတူသော်လည်းရည်ရွယ်ချက်ပန်းတိုင်ချင်းအတူတူပင်ဖြစ်ကြောင်း၊ ထို့ ကြောင့် ၄င်းတို့ အဖွဲ့ အပြင်အခြားအဖွဲ့ အစည်းများကိုလည်း ကြိုဆိုကြောင်းပြောကြားခဲ့သည်။

အေဘီအက်စ်ဒီအဖ်တွေ့ ဆုံပွဲဦးဥာဏ်ဝင်းရှင်းလင်း

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(အေဘီအက်စ်ဒီအဖ်) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဗဟိုအလုပ်အမူဆောင်အဖွဲ့ တို့ တွေ့ ဆုံမူအပြီးတွင်၊ အတွင်းရေးမှူးဦးဥာဏ် ၀င်းက ပြည်တွင်းသတင်းထောက်များနှင့်တွေ့ ဆုံပြီး သတင်းစာရှင်းလင်းပွဲတရပ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံး တွင် ဒီဇင်ဘာ ၂၀၊ ၂၀၁၂ တွင်ကျင်းပခဲ့သည်။

သတင်းထောက်များ- အေဘီအက်စ်ဒီအဖ်နှင့်ဘာအကြောင်းကို အဓိကဆွေးနွေးခဲ့ပါသလဲ။

ဦးဥာဏ်ဝင်း - နိုင်ငံရေးအပေါ်သူတို့ အမြင် အန်အယ်လ်ဒီဘက်က အမြင်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အေဘီကလည်း သူတို့ ဖြတ်သန်းမူအတွေ့ အကြုံနှင့်အခက်အခဲတွေ အကြောင်းကိုပြောဆိုဆွေးနွေးခဲ့ပါတယ်။

သတင်းထောက်များ-အန်အယ်လ်ဒီအနေနှင့်လက်နက်ကိုင်အဖွဲ့များနှင့်ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ။

ဦးဥာဏ်ဝင်း -- အေဘီနဲ့ အန်အယ်လ်ဒီက လက်နက်နဲ့ ငြိမ်းချမ်းရေးဆိုပြီးမူဝါဒကွဲလွဲနေသော်လည်း ဒီမိုကရေစီရရှိရေးဆိုသော ရည်ရွယ်ချက်ပန်းတိုင်တူပါတယ်။ မူမတူပေမယ့်၊ ပန်းတိုင်ခြင်းတူညီတဲ့ မည်သည့်အဖွဲ့ အစည်းမဆိုအမြဲကြိုဆိုနေမှာပါ။

သတင်းထောက်များ- အေဘီအက်စ်ဒီအဖ်အနေနဲ့ ကရောအဖွဲ့ ချုပ်ကိုဘယ်အတိုင်းအတာထိယုံကြည်မယ်လို့ ထင်ပါသလဲ

ဦးဥာဏ်ဝင်း- တစ်ဦးနှင့်တစ်ဦးယုံကြည်ခြင်းမယုံကြည်ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ရှေ့ ဆက်ပါမယ်။
— with Nld Malar-west and 36 others.

No comments: