Tuesday, December 25, 2012

စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် ကျရောက်နေသည့် ပဲခူး၊ တောင်ငူနှင့် စစ်ကိုင်းဒေသများ၌ မြေငလျင် ဆန်းစစ်လေ့လာမှုများကို ဦးစားပေးဆောင်ရွက်ရန် စီစဉ်နေ

Wednesday, 26 December 2012

စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် ကျရောက်နေသည့် ပဲခူး၊တောင်ငူ၊ စစ်ကိုင်းဒေသများ၌ မြေငလျင် ဆန်းစစ်လေ့လာမှုများကို အခြားဒေသများထက် ဦးစားပေးဆောင်ရွက်ရန် စီစဉ်နေကြောင်း၊
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပသည့် မြေငလျင် ဘေးအန္တရာယ် ကျရောက်နိုင်ခြေ ဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းစီမံကိန်း အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က ပြောသည်။

''ပဲခူး၊ တောင်ငူနဲ့ စစ်ကိုင်းဒေသတွေဟာ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာ ရှိနေတဲ့အပြင် ဒီဒေသတွေမှာ မြို့ပြဖြစ်ထွန်းမှု တိုးပွားလာခြင်း၊ အထပ်မြင့်အဆောက်အအုံများ များပြားလာခြင်း၊ လူဦးရေထူထပ်
လာခြင်းတို့ကြောင့် ဦးစားပေးဒေသအဖြစ် သတ်မှတ်ပြီး လေ့လာမှုတွေ
ပြုလုပ်သွားမှာပါ။ ငလျင်ကို ကြိုတင် စုံစမ်းထောက်လှမ်းပြီး သိနိုင်တဲ့အတွက် မြေငလျင်ဘေးအန္တရာယ် လျော့ပါးနိုင်ဖို့အတွက် တည်ဆောက်မှုဆိုင်ရာနဲ့ ပတ်သက်တဲ့အပိုင်းတွေ၊ တည်ဆောက်မှုမပါတဲ့ အသိပညာ ပေးတဲ့အပိုင်းဆိုပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က ပြောကြားခဲ့သည်။

သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများသည် လွန်ခဲ့သည့် ခြောက်နှစ်ခန့်
အတွင်း သုံးဆခန့် မြင့်တက်လျက်ရှိပြီး ရပ်ရွာပြည်သူများအနေဖြင့် ကျရောက်နိုင်သည့် အန္တရာယ်များနှင့် လိုက်လျောညီထွေအောင်
ဆောင်ရွက်နိုင်မှုနည်းပါးကာ မြေငလျင်ဘေးအန္တရာယ်သည် ပျက်စီးမှုအများဆုံး ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

''အခုဆောင်ရွက်မယ့် စီမံကိန်းကတော့ ဘေးအန္တရာယ်ကျရောက်
နိုင်ခြေနဲ့ ဘေးအန္တရာယ် ထိခိုက်လွယ်မှုတို့ကို လျော့ချနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ထုတ်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။လက်ရှိမှာလည်း မိုးလေ၀သနဲ့ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့ အာရှဒေသ သဘာဝဘေးကြိုတင်ပြင်ဆင်ရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း UN-Habitat ၊မြန်မာနိုင်ငံ
အင်ဂျင်နီယာအသင်း တို့နဲ့ ပူးပေါင်းပြီးတော့ အဆောက် အဦတွေ တည်ဆောက်ရာမှာ လိုက်နာရမယ့် စံချိန်စံညွှန်းတွေကို ရေးဆွဲနေပြီ
ဖြစ်ပါတယ်။ ငလျင်ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပါတယ်''ဟု ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း လွန်ခဲ့သည့် နှစ် ၁၀၀ အတွင်းတွင် ပြင်းအား ရစ်ခ်ျတာစကေး ၇ ခန့်ရှိသည့် အကြီးစား မြေငလျင် ၁၅ ကြိမ်ခန့်
ဖြစ်ပွားခဲ့ဖူးပြီး ဖျက်ဆီးမှုစွမ်းအား မြင့်မားသည့် ၁၉၃၀ခုနှစ် ပဲခူး ငလျင်၊ ၁၉၇၀ ခုနှစ် ရန်ကုန်ငလျင်၊ ၁၉၇၅ ခုနှစ် ပုဂံငလျင်တို့ လှုပ်ခဲ့ဖူး သည်။ ၂၀၁၂ ခုနှစ်တွင်လှုပ်ခဲ့သည့် ငလျင်ကြောင့် ၁၈ ဦးခန့် သေဆုံးခဲ့ပြီး၊ လူဦးရေ ၁၀၀၀၀ ခန့် ထိခိုက် ခံစားခဲ့ရကာ အဆောက်အအုံများစွာ ပျက်စီး
ဆုံးရှုံးခဲ့ရကြောင်း သိရပါသည်။

Eleven Media Group

No comments: