Tuesday, December 25, 2012

အနာဂတ်တွင် ဟာဝိုင်အီ ကျွန်းများ ပျောက်ကွယ် တော့မည်

Wednesday, 26 December 2012

ပစိဖိတ် သမုဒ္ဒရာ မြောက်ပိုင်းရှိ ဟာဝိုင်အီ ကျွန်းများမှ အချို့ အစိတ် အပိုင်းများသည် မြေအောက် ရေကြောင့် အရည်ပျော် လျက်ရှိပြီး မကြာမီ ပျောက်ကွယ် တော့မည်ဖြစ်ကြောင်း အမေရိကန် သုတေသီ များက အခိုင်အမာ ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်းအရ သိရသည်။

ယခုအခါ ဟာဝိုင်အီ ကျွန်းများသည် မြေပြိုမှုများ သိသိသာသာ ဖြစ်ပေါ်နေပြီး ကျွန်းအောက်ရှိ မြေအောက်ရေအတွင်းကျွန်းပေါ်ရှိ မြေသားများ ပျော်ဝင်
ခဲ့ကြောင်း လေ့လာ တွေ့ရှိ ချက်များ အရ သိရသည်။

ထို့ပြင် သုတေသီ များသည် ဟာဝိုင်အီ ကျွန်း၏ တတိယ အကြီးဆုံး
ဖြစ်သော အိုဟူကျွန်း ပေါ်ရှိ တောင်တန်းများမှာ ဖျက်ဆီးခံ နေရပြီး အဆိုပါ တောင်များ သည်မကြာမီ နှစ်များအတွင်း ပျောက်ကွယ် တော့မည်
ဖြစ်ကြောင်းဖြင့်လေ့လာမှု များက ညွှန်ပြလျက် ရှိသည်။

အိုဟူကျွန်းရှိ တောင်များ မြေဆီလွှာ ပျက်စီး တိုက်စားမှုကို ဖြစ်စေသော
ပျော်ဝင် ပစ္စည်းများ ပါဝင်သည့် ရေတိုက်စား မှုကြောင့် အဆိုပါ ကျွန်းများမှာ ပျောက်ကွယ်၍ မြေပြင် အဖြစ်သို့ ပြောင်းလဲသွား လိမ့်မည်ဖြစ်ကြောင်း အသေးစိတ်လေ့ လာချက်များတွင် ဖော်ပြထားသည်။

ဘူမိဗေဒ ပညာရှင် များသည် အဆိုပါ ကျွန်းများ၏ မြေပမာဏ ပျက်စီးမှုကို တွက်ချက်ရန် အတွက် မြေအောက်ရေနှင့် စမ်းချောင်းရေ များကို လေ့လာ မှုများ ပြုလုပ်ခဲ့ရာ ၎င်းရေများတွင် ကျွန်းများမှ သတ္တုဓာတ် များကို ဖယ် ရှားနိုင်သော ပစ္စည်းများ ရှာဖွေ တွေ့ရှိခဲ့သည်။

သို့သော်လည်း အိုဟူကျွန်းသည် လာမည့် နှစ်သန်းပေါင်း ၁ ဒသမ ၅သန်း အထိ ဆက်လက် တည်ရှိ မည်ဖြစ်ကြောင်း သုတေသီ များ၏ နောက်ဆုံး
လေ့လာချက် များအရ သိရသည်။

မြ၀တီ

No comments: