
ဒူဘိုင်းမြို့ မှ ကမ္ဘာ့ဈေးအကြီးဆုံး ခရစ်စမတ် သစ်ပင်
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ က ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုမှာ ထားတဲ့ ခရစ်စမတ် သစ်ပင် ဖြစ်ပါတယ်။
ခမ်းမအလယ်မှာ ထားရှိထားပြီး မသိရင်တော့ သာမန် အလှဆင်ထားတဲ့ ခရစ်စမတ် သစ်ပင်လို့ ထင်ရပါတယ်။ အမှန်တော့ အပင်ရဲ့  အပွင့်၊ အရွက်၊ အခိုင်တွေက အစ အဖိုးတန် ရတနာများနဲ့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ယင်းသစ်ပင်ရဲ့  ကာလပေါက်ဈေးဟာ အမေရိကန်ဒေါ်လာ ၁၁ သန်း ရှိပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး ခရစ်စမတ် သစ်ပင် အဖြစ် စံချိန် တင်ထားကြောင်း သိရပါတယ်။
--
Ref: getty
No comments:
Post a Comment