
ဒီနေ့ညနေ ၄နာရီခွဲလောက်ရွှေတိဂုံရောက် တော့ စေတီမှာငှက်ကြီးတွေ တက်နေတယ်ပြောတာတွေ့လိုက်ရတယ်။
အကောင်ကတော်တော်ကြီးတော့ ဒေါင်းလို့ထင်လိုက်မိတာ အမှန်က "လဒ" တွေဖြစ်နေပါတယ်။
အင်္ဂါထောင့်က ခေါင်းလောင်းတော်အထက်ဖောင်း ရစ် နေရာနဲ့ တနင်္ဂနွေထောင့် ငှက်ပျောဖူးအောက်ကြာမှောက်ြ ကာလန်နားမှာ (၃)ကောင်စီပါ ။ ဘာကြောင့်ရောက်လာလဲမသိပေမဲ့ ထူးခြားလို့တွေ့ဖူးရအောင်တင်ပေးပါတယ်။
__________________________ __________
Reference and Credit to -သတင်းဓာတ်ပုံခွင့်ပြုပေးခဲ့ တဲ့ မချိုဝေလွင်ကို ကျေးဇူးအထူးတင်ရှိပါသည်။
Posted By Admin Team[NOM]
(email:newsofburma.myanmar @gmail.com)

အကောင်ကတော်တော်ကြီးတော့ ဒေါင်းလို့ထင်လိုက်မိတာ အမှန်က "လဒ" တွေဖြစ်နေပါတယ်။
အင်္ဂါထောင့်က ခေါင်းလောင်းတော်အထက်ဖောင်း
__________________________
Reference and Credit to -သတင်းဓာတ်ပုံခွင့်ပြုပေးခဲ
Posted By Admin Team[NOM]
(email:newsofburma.myanmar

"ရွှေတိဂုံဘုရားပေါ်
လဒကြီး ၆ကောင်လာနားပါသတဲ့ ကာလုံက ဟိုလူကြီး ၆ယောက် အတွက် မရဏတရား
အကြောင်းတရားဝင် သတိပေးပြီလို့ ယူဆမိပါကြောင်း ခင်ဗျာ။ ဘုရားဟောကတော့ "မရဏံ
မေ ဓုဝံ သေခြင်းသည်သာမြဲ၏ " ပါတဲ့။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
ကာလုံအဖွဲ့ဟာ သမ္မတဦးသိန်းစိန်အထက်မှာ ရှိနေပါတယ်။ လဒကြီး ၆ကောင် က ကာလုံ ၆
ဦး အား လောဘငမ်းငမ်း ဒေါသကြမ်းကြမ်း မာနတွေတမ်းလန်းနဲ့ သံဃာ နဲ့ လူထုအပေါ်
ဆက်လက်မရမ်းကားဖို့ "ရွှေတိဂုံဘုရားပေါ် လဒကြီး
၆ကောင်လာနားတဲ့ အတိတ်" က အချိန်မီသတိပေးလိုက်ပါပြီ။ ကာလုံအဖွဲ့ဝင်
၁၁ဦးမှာ စစ်ဗိုလ်က ၆ ဦး ပါနေတာပါ။ ဦးသိန်းစိန်ရဲ့အထက်မှာ အခြခံဥပဒေအရ
စစ်တပ်ရှိနေပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှို င်
ထိန်းချုပ်ထားတဲ့ ၂၅ ရာနှုန်း စစ်ဗိုလ်အုပ်စုက တင်မြှောက်တဲ့ ဒု-သမ္မတ ရယ်
အဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ၆ မဲ အသာစီး ရထားပါတယ်။ တွက်ကြည့်ရင် ကာလုံရဲ့
၅၅ % က စစ်တပ်က စစ်ဗိုလ်တွေသာ ဖြစ်နေပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ
၂၀၀၈ သာ ဆက်ပြီး အတည်ဖြစ်နေမယ်ဆိုရင် နောင်လာမယ့် ဒုတိယ ၅
နှစ်သက်တမ်းလွှတ်တော်၊ တတိယ ၅ နှစ်သက်တမ်းလွှတ်တော် ... စတဲ့ လွှတ်တော်သက်တမ်း
အသီးသီးမှာလည်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ဦးမှာ
စစ်တပ်က အမြဲတမ်း ၆ မဲ အသာစီးရနေဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
ကျန်အဖွဲ့ဝင် ၅ ဦးမှာ ဒု-သမ္မတ စိုင်းမောက်ခမ်းကလွဲရင် ကျန်လေးဦးက
အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ်လူထွက်တွေ ဖြစ်နေလို့ ဒီ ၅ ဦးစလုံးကို
အရပ်သားလို့ ထားတွက်ကြတာ ဖြစ်ပါတယ်။ တနည်းပြောရရင် အမျိုးသားကာကွယ်ရေးနဲ့
လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ သမ္မတက ဥက္ကဌလို့ ဆိုပေမယ့် လက်တွေ့မှာ
စစ်တပ်က ၆ မဲ အသာစီး ရထားတဲ့အတွက် တကယ့်ဆုံးဖြတ်ခွင့်အာဏာက သမ္မတ
ဦးသိန်းစိန်လက်မှာမရှိဘဲ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့  ဗိုလ်ချုပ်ကြီးမင်းအောင်လှို င်
လက်ထဲမှာသာ ရှိပါတယ်။ ဒါကြောင့် (ကာလုံ )အမျိုးသားကာကွယ်ရေးနဲ့
လုံခြုံရေးကောင်စီကို ကာကွယ်ရေးဦးစီးချုပ် ထိန်းချုပ်ထားတဲ့
အဖွဲ့အစည်းပါလို့ ဥပဒေသက်ရောက်ပါတယ်။ စစ်တပ်ကိုဦးစီးနေကြတဲ့
စစ်ယူနီဖောင်းဝတ် စစ်အရာရှိများ နိုင်ငံနဲ့လူမျိုးအတွက် သတိကပ်ပြီး
"နေမဝင်မီ အသေလှဖို့ ပြင်ဆင်ကြ" "ပြည်သူသာအမိ ပြည်သူသာအဖအဖြစ် လူထုကိုသစ္စာရှိကြ" ဖို့ မမြဲသော မရဏတရားကို သတိပေးပြီလို့ယူဆမိပါကြောင်း။
လဒ နားခြင်းနဲ့  အယူတော်မင်္ဂလာ
===================
အခုတလော ဖွနေတဲ့ အကြောင်းလေးနဲ့  ပတ်သက်ပြီး တတ်သမျှ မှတ်သမျှ ရှယ်လိုက်တာ ဖြစ်ပါတယ်။
ဘုရားမှာ လဒနားရင် ဘာဖြစ်မလဲ။
အခုအချိန် နကတ်အလိုအရ ဒီဇင်ဘာ ၂၅ ကျော်ရင် အကောင်းတွေ ရောက်မယ်။ အခုကာလက စနေနဲ့  ပါပ စုံသက်ရောက်နေတဲ့ အချိန် ဖြစ်တယ်။ အခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့  ရောက်ရင် မြန်မာနိုင်ငံ စတင်ပြီး လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ တုန်းက ဂြိုလ်ခွင်တွေ အနေအထားအတိုင်း တစ်သွေမတိမ်း နီးပါး တူညီနေတဲ့ အချိန်ကို ရောက်မယ်။
ရောက်ရင် ဟိုတုန်းကလို မြန်မာနိုင်ငံ အစိပ်စိပ်အမွှာမွှာနဲ့  ရောင်စုံသူပုန် ထလေမလား မစိုးရိမ်ပါနဲ့ ။ ဂြိုလ်ခွင်တွေသာ အရင်ပုံစံ ပြန်ခင်းမှာ ကံကြမာက အရင်ပုံစံ ပြန်မလာဘူး။ သမိုင်းတစ်ပတ်ပြန်လည်တတ်တယ် ဆိုပေမယ့်
အယူ တော်မင်္ဂလာအလိုအရ ပိုမိုကောင်းမွန်မယ့် နိမိတ်တွေ ထွန်းနေတယ်။ ပြီးတော့
နားတဲ့ဘုရားက ရွှေတိဂုံစေတီတော်မြတ်ကြီး ဖြစ်နေတဲ့ အတွက်
ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့  တန်ခိုးအာနုဘော်ကိုလည်း ထည့်တွက် ရမယ်။
နှစ်တန့်  မှာ ကသစ်ဥယျာဉ် ရတဲ့အတွက် မင်္ဂလာပေါ် မင်္ဂလာဆင့်မယ်။ အကောင်းတွေ လာတော့မယ် ဆိုတဲ့ သဘောပဲ။
လူတွေက လဒ နားတာကိုသာ ပြောနေတာ။ ရွှေတိဂုံ ဖြစ်နေတာကို မပြောဘူး။ ဒီကြားထဲ အချောင်သမား ဘင်္ဂါလိမ်တွေက အကြောင်းရှာပြီး ဖွနေတာ တွေ့ ရတယ်။
ကိုဒင်္ဂါးရေးထားတာက ကညာဆက်တဲ့ဟာကိုပဲ အယူတော်မင်္ဂလာ ဦးနိုးက ကောက်ယူတာကို ပြောထားတာ။ လဒဟာ ဗုဒဟူးနဲ့  စနေ ပေါင်းထားတဲ့ အတွက် ဒီနာမ်ကိုပဲ ယူရမယ်။ လဒ ဘာကောင်ဆိုတာကို ထည့်တွက်ပေမယ့် ဒီလောက်အထိ အရေးမကြီးတော့ဘူး။
လဒ နားတဲ့အချိန်ကိုလည်း ထည့်တွက်ရမယ့်။ ညနေစောင်း ဖြစ်တဲ့အတွက် လဒရဲ့ မူရင်း သက်ရောက်မှုတွေ လျော့နည်းသွားပြီဆိုတာလည်း သဘောပေါက်ဖို့ လိုတယ်။
အဓိပါယ် ကတော့ လူတွေ မသိနားမလည်ဘဲ လျှောက်ပြောနေသလို မကောင်းတဲ့ အနက် မထွက်ဘူး။ အကောင်းထက် အကောင်းဆင့်တဲ့ အနက်ကို အယူတော်မင်္ဂလာက ကောက်ယူတယ်။
"ရွှေတိဂုံဘုရား လဒနားက-တိုင်းခြားပြည့်ရှင် ခန့် ညားလျှင်
ဖိုဝင်ဇော်ဂျီ-တပသီနှင့်
ပြည်တန်ပတမြား-ပေါ်ထွက်ငြားအံ့"
ဆိုတာ အယူတော်မင်္ဂလာကိန်းအရ ပတမြားအား ပြည်တန်တယ်။ ပြီးတော့ အထွတ်အမြတ် လို့  သတ်မှတ်ခဲ့ကြတယ်။
ဒီတော့ မြန်မာနိုင်ငံတစ်ဝှမ်း အသရေလွှမ်းမယ့် ဇမူဒိတ် အောင်နိမိတ်လို့  ပဲ ဖွင့်ဆိုနိုင်တယ်။
(အယူတော်မင်္ဂလာ ဖွင့်ဆိုချက်မှ)



ကောင်းကင်တွင် ပျံဝဲနေသည့် ဆောင်းခိုငှက်ကြီးများ




ငှက်ကြီးများ ကို စိတ်ဝင်တစား ကြည့်ရူနေကြစဉ်
ရွှေတိဂုံစေတီတော်ခေါင်းလောင်တော်ရှိ စဓဗ၀ ဘေးတွင် နားခိုနေသည့် ဟိမ၀န္တာလင်းတ ဆောင်းခိုငှက်ကြီးများ
ငှက်ကြီးများ ကို စိတ်ဝင်တစား ကြည့်ရူနေကြစဉ်
"နေမဝင်မီ အသေလှဖို့ ပြင်ဆင်ကြ" "ပြည်သူသာအမိ ပြည်သူသာအဖအဖြစ် လူထုကိုသစ္စာရှိကြ" ဖို့ မမြဲသော မရဏတရားကို သတိပေးပြီလို့ယူဆမိပါကြောင်
လဒ နားခြင်းနဲ့  အယူတော်မင်္ဂလာ
===================
အခုတလော ဖွနေတဲ့ အကြောင်းလေးနဲ့  ပတ်သက်ပြီး တတ်သမျှ မှတ်သမျှ ရှယ်လိုက်တာ ဖြစ်ပါတယ်။
ဘုရားမှာ လဒနားရင် ဘာဖြစ်မလဲ။
အခုအချိန် နကတ်အလိုအရ ဒီဇင်ဘာ ၂၅ ကျော်ရင် အကောင်းတွေ ရောက်မယ်။ အခုကာလက စနေနဲ့  ပါပ စုံသက်ရောက်နေတဲ့ အချိန် ဖြစ်တယ်။ အခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့  ရောက်ရင် မြန်မာနိုင်ငံ စတင်ပြီး လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ တုန်းက ဂြိုလ်ခွင်တွေ အနေအထားအတိုင်း တစ်သွေမတိမ်း နီးပါး တူညီနေတဲ့ အချိန်ကို ရောက်မယ်။
ရောက်ရင် ဟိုတုန်းကလို မြန်မာနိုင်ငံ အစိပ်စိပ်အမွှာမွှာနဲ့  ရောင်စုံသူပုန် ထလေမလား မစိုးရိမ်ပါနဲ့ ။ ဂြိုလ်ခွင်တွေသာ အရင်ပုံစံ ပြန်ခင်းမှာ ကံကြမာက အရင်ပုံစံ ပြန်မလာဘူး။ သမိုင်းတစ်ပတ်ပြန်လည်တတ်တယ်
နှစ်တန့်  မှာ ကသစ်ဥယျာဉ် ရတဲ့အတွက် မင်္ဂလာပေါ် မင်္ဂလာဆင့်မယ်။ အကောင်းတွေ လာတော့မယ် ဆိုတဲ့ သဘောပဲ။
လူတွေက လဒ နားတာကိုသာ ပြောနေတာ။ ရွှေတိဂုံ ဖြစ်နေတာကို မပြောဘူး။ ဒီကြားထဲ အချောင်သမား ဘင်္ဂါလိမ်တွေက အကြောင်းရှာပြီး ဖွနေတာ တွေ့ ရတယ်။
ကိုဒင်္ဂါးရေးထားတာက ကညာဆက်တဲ့ဟာကိုပဲ အယူတော်မင်္ဂလာ ဦးနိုးက ကောက်ယူတာကို ပြောထားတာ။ လဒဟာ ဗုဒဟူးနဲ့  စနေ ပေါင်းထားတဲ့ အတွက် ဒီနာမ်ကိုပဲ ယူရမယ်။ လဒ ဘာကောင်ဆိုတာကို ထည့်တွက်ပေမယ့် ဒီလောက်အထိ အရေးမကြီးတော့ဘူး။
လဒ နားတဲ့အချိန်ကိုလည်း ထည့်တွက်ရမယ့်။ ညနေစောင်း ဖြစ်တဲ့အတွက် လဒရဲ့ မူရင်း သက်ရောက်မှုတွေ လျော့နည်းသွားပြီဆိုတာလည်း သဘောပေါက်ဖို့ လိုတယ်။
အဓိပါယ် ကတော့ လူတွေ မသိနားမလည်ဘဲ လျှောက်ပြောနေသလို မကောင်းတဲ့ အနက် မထွက်ဘူး။ အကောင်းထက် အကောင်းဆင့်တဲ့ အနက်ကို အယူတော်မင်္ဂလာက ကောက်ယူတယ်။
"ရွှေတိဂုံဘုရား လဒနားက-တိုင်းခြားပြည့်ရှင်
ဖိုဝင်ဇော်ဂျီ-တပသီနှင့်
ပြည်တန်ပတမြား-ပေါ်ထွက်ငြားအ
ဆိုတာ အယူတော်မင်္ဂလာကိန်းအရ ပတမြားအား ပြည်တန်တယ်။ ပြီးတော့ အထွတ်အမြတ် လို့  သတ်မှတ်ခဲ့ကြတယ်။
ဒီတော့ မြန်မာနိုင်ငံတစ်ဝှမ်း အသရေလွှမ်းမယ့် ဇမူဒိတ် အောင်နိမိတ်လို့  ပဲ ဖွင့်ဆိုနိုင်တယ်။
(အယူတော်မင်္ဂလာ ဖွင့်ဆိုချက်မှ)











ငှက်ကြီးများ ကို စိတ်ဝင်တစား ကြည့်ရူနေကြစဉ်
No comments:
Post a Comment