![]() |
![]() |
Sunday, 23 December 2012 11:34 |
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုမှ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော လူငယ်ကိုယ်စားလှယ် ၁၅၇ ဦး တက်ရောက်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ လူငယ်များနှင့် ကိုက်ညီ တိုက်ဆိုင်မှုရှိသော ကဏ္ဍကိုးခုကို ဆွေးနွေးခဲ့ကြကာ ကဏ္ဍတစ်ခုချင်းစီအတွက် လေ့လာတွေ့ရှိချက်များနှင့် အစိုးရသို့ တောင်းဆိုအကြံပြုချက်များကို သဘောထားကြေညာချက်အဖြစ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကဏ္ဍကိုးခုမှာ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ အားကစား၊ လူငယ်နှင့်အလုပ် အကိုင်အခွင့်အလမ်း၊ လူငယ်နှင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ကျားမတန်းတူ အခွင့်အရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် ယဉ်ကျေးမှု အနုပညာ၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့် သတင်းနည်းပညာ၊ မီဒီယာ၊ လူငယ်နှင့် ငြိမ်းချမ်းရေးစသည့် ကဏ္ဍများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ဆွေးနွေးပြီး ကဏ္ဍတစ်ခုချင်းစီအလိုက် အစိုးရထံသို့ အကြံပြုတောင်းဆိုရာတွင် လူငယ်နှင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ကျားမတန်းတူ အခွင့်အရေး ခေါင်းစဉ်အောက်တွင် ထည့်သွင်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ခေါင်းစဉ်အောက်တွင် တရားဥပဒေ စိုးမိုးရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် မကိုက်ညီသော အချက်အလက်များကို ပြင်ဆင်ပေးရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူငယ်တို့၏ မူဝါဒထည့်သွင်းရေးဆွဲရန်၊ တရားဥပဒေစိုးမိုးရေး ကော်မရှင်၏ တာဝန်များ ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် တရားဥပဒေအရ အရေးယူဆောင်ရွက်ရာတွင် လူ့အခွင့်အရေးကို ဦးစားပေးခြင်းအပြင် ဌာနေတိုင်းရင်းသား အခွင့်အရေး၊ မိမိနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကို ဦးစားပေးသော တရားဥပဒေများဖြင့် ထိရောက်စွာ ဆောင်ရွက်ပေးရန်ကို ထည့်သွင်းတောင်းဆိုထားသည်။ ထို့အတူ တိုင်းရင်းသား အခွင့်အရေးအတွက် တိုင်းရင်းသားအားလုံး ကိုယ့်ကံကြမ္မာကို ဖန်တီးနိုင်သည့် စစ်မှန်သော ဖယ်ဒရယ်စနစ်အလျင် အမြန်ဖော်ဆောင်ပေးရန်လည်း ထည့်သွင်းတောင်းဆိုခဲ့သည်။ ထိုသို့ လူငယ်များ တွေ့ကြုံနေရသည့် အခက်အခဲများကို အစိုးရသို့ တင်ပြတောင်းဆိုခြင်းအပြင် လူငယ်များ အနေဖြင့်လည်း တာဝန်ယူနိုင်မည့် အပိုင်းများတွင် အစိုးရနှင့် ပူးပေါင်းကာ ပြဿနာများကို ဖြေရှင်းရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ထည့်သွင်းဖော်ပြထားပါသည်။ |
No comments:
Post a Comment