Tuesday, December 25, 2012

နိုင်ငံတကာရောက် ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဒီမိုကရေစီအင်အားစုများ


ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ၏
နိုင်ငံတကာညီလာခံတရပ်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာချက်

နေ့စွဲ ၂၄ ရက်၊ ဒီဇင်ဘာလ၊ ၂၀၁၂ ခုနှစ်

၁။ကျွန်ုပ်တို့သည် စစ်မှန်သောဒီမိုကရေစီနိုင်ငံရေးစနစ်မြန်မာနိုင်ငံတွင်ပေါ်ထွန်းလာစေရေး ဦးတည်ချက်ကိုဖြောင့်ဖြောင့်မတ်မတ်ဆောင်ရွက်အကောင်
အထည်ဖော်နိုင်စေရန် လက်ရှိနိုင်ရေးဖြစ်စဉ်အပေါ်သုံးသပ်ချက်နှင့် အောက်ပါဦးတည်ချက်(၂)ရပ်ကို၊မေလ၊(၉)ရက်၂၀၁၂ခုနှစ်ရက်စွဲဖြင့် ထုတ်ပြန်
ကြေငြာခဲ့သလို၊ပြည်တွင်းရှိ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များထံ တရားဝင်တင်ပြသဘောထားတောင်းခံခဲ့လေသည်။
တင်ပြခဲ့သည့်ဦးတည်ချက်(၂)ရပ်မှာ-

(၁) စစ်မှန်သောဒီမိုကရေစီနှင့် လူ့အခွင့်အရေးများပြန်လည်ရရှိရေးအတွက် ပြည်တွင်း-ပြည်ပဒီမိုကရေစီအင်အားစုများပူးပေါင်းဆောင်ရွက်ရေး။
(၂) မြန်မာနိုင်ငံ၏ရှေ့အနာဂတ်နှင့်ပတ်သက်၍ ပြည်တွင်း-ပြည်ပအင်အားစုများ မျက်နှာစုံညီတွေ့ဆုံဆွေးနွေးနိုင်ရေး၊တို့ဖြစ်လေသည်။

၂။လက်ရှိနိုင်ငံရေးဖြစ်စဉ်ပြောင်းလဲနေမှုများကိုအခြေခံကာ၊ ဒီဇင်ဘာလ၊(၂၂)ရက်၂၀၁၂ခုနှစ် နိုင်ငံတကာရောက် ၈၈ မျိုးဆက်ကျောင်းသားများနှင့်
ဒီမိုကရေစီအင်အားစုများ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီအစည်းအဝေးတွင်"နိုင်ငံတကာရောက် ၈၈ မျိုးဆက်များ၏ နိုင်ငံရေးနှီးနှောဖလှယ်ပွဲ"
ပြုလုပ်ရန်ဆုံးဖြတ်ကာ ညီလာခံဖြစ်မြောက်ရေးကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ကြပါသည်။ ထိုညီလာခံဖြစ်မြောက်ရေးကော်မတီတွင်အခြား ၈၈ အင်အားစု
များတန်းတူရည်တူပါဝင်နိုင်ရေးအတွက်လည်းအမြဲလမ်းဖွင့်ထားသလို၊ လိုအပ်သည့်ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မှုများကိုလည်းပြုလုပ်သွားမည်ဖြစ်
ပါသည်။

၃။သို့ဖြစ်ပါ၍ နိုင်ငံတကာရောက်၈၈ မျိုးဆက်များ၊ဒီမိုကရေစီအင်အားစုများ၊တိုင်းရင်းသားအင်အားစုများအားလုံး "နိုင်ငံတကာရောက် ၈၈ မျိုးဆက်များ၏
နိုင်ငံရေးနှီးနှောဖလှယ်ပွဲ" ဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ကြပါရန် တလေးတစားဖိတ်ကြားအပ်ပါသည်။

နိုင်ငံတကာရောက် ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဒီမိုကရေစီအင်အားစုများ
ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ
__._,_.___

No comments: