Thursday, 20 December 2012
တိုးတက်ခေတ်မီချင်တဲ့နေရာမှာလို သလိုဆွဲယူ ခေတ်မီနေကြပြီး ရှေးဟောင်းအယူသည်းမှုတွေကိုတော့ မပစ်ပယ်နိုင်ကြသေးဘူး။
သေရွာပြန်လူတစ်ယောက်ကို လူနေရပ်ကွက်ထဲ ပြန်ဝင်ခွင့် မပြုနိုင်ဘူးဆိုရင်
အသုဘလိုက်ပို့တဲ့ လူတွေပါ ရပ်ကွက်ထဲ ပြန်မဝင်ခိုင်းပါနဲ့။ သူတို့တွေလည်း
သင်္ချိုင်းကုန်းကို ရောက်ခဲ့ကြတာပဲလေ။
လူကို လူလို့ပဲမြ င်ပြီး လူ
အဖြစ် ပြန်အသိမှတ်ပြုပေးရမှာပေါ့။ ကံကောင်းလို့ မသေပဲ အသက်ရှင်လျက် ပြန်
ရရှိလိုက်တဲ့ လူတစ်ယောက်ကို ဝမ်းမြောက်ဝမ်းသာ ဘာလို့ မကြိုဆိုနိုင်ကြတာလဲ။
ဘာလို့များ လူ့ အသိုင်း အဝိုင်းကို ပြန်ဝင်ခွင့် မပြုချင်ရတာလဲ။
ကဲ ~ မလိုတဲ့ အယူအဆတွေ ပယ်ကြရအောင်ဗျာ။
ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ၁၅ မိနစ်ခန့် မန္တလေး ကြာနီကန် သုဿန်မှာ
ဖြစ်ပွါးခဲ့သည့် ကုန်ထုတ် ဓါတုဗေဒ မဟာတန်းကျောင်းသူလေး အသုဘ
မီးသင်္ဂြိုလ်ခါနီးအချိန်တွင် မိခင်ဖြစ်သူမှ နောက်ဆုံးအနေနှင့် နမ်းလိုက်စဉ်
နှလုံးခုန်သံကြားရ၍ ဆရာဝန်ပင့် စမ်းသပ်ရာ အသက်ရှင်နေကြောင်း သိရှိရပါတယ်။
မိခင်ဖြစ်သူမှာ ဝမ်းသာလွန်း၍ ထ ကသော်လည်း ရပ်ကွက်လူထုက မြို့နာမှာ
စိုးလို့ဟုဆိုကာ မြို့ထဲသို့ အ ဝင်မခံ၍ မိန်းကလေးခမျာ ကြူကြူပါအောင်
ငိုပါတော့တယ်။
အခြား အသုဘတစ်ခုလာပို့သူ မန္တလေး သိန်းဇော်
ကိုယ်တိုင် ဝင်ခွင့်ပြုရန် တောင်းပန်ပြောဆိုသော်လည်း မြို့လူထုက
လက်မခံသဖြင့် မိဘများမှမြို့ပြင်တွင် အိမ်ဆောက်ပေး၍ နေစေမည်ဟု သိရပါသည်။
ယနေ့လိုခေတ်တွင် ရှေးရိုးအယူအဆများကြောင့် မဟာတန်းကျောင်းသူ တစ်ယောက်
လူထဲမတိုးတော့မ ည့်အဖြစ်မျိုးကား ထိုမိန်းကလေး ဘဝအတွက် နစ်နာလွန်းလှပါတယ်။
အဆိုပါ မိန်းကလေးအပြင် နောက်နောင် ၄င်းကဲ့သို့သော ဖြစ်ရပ်မျိုး
ကိုယ်တိုင်ကြုံတွေ့ရစဉ်သော် လည်းေ ကာင်း၊ ကိုယ့်မိသားစု
အသိုင်းအဝန်းများထံမှ ကြုံတွေ့ရလျှင်သော် လည်းကောင်း ရှေးရိုးစွဲ အယူအဆေ
ကြာင့် ထိခိုက်သူများ မရှိရစေစရန်အတွက် တာဝန်ရှိသူများနှင့်
အများပြည်သူများအပြင် ဘာသာရေးဆိုင် ရာ အယူများဖြစ်သည့်အတွက်
ရဟန်းရှင်များလည်း ပါဝင်ပြီး ဝိုင်းဝန်းအဖြေရှာ စဉ်းစားကူညီကြပါရန် တိုက်
တွန်းအပ်ပါတယ် ခင်ဗျာ။
facebook
အင်တာနက်တွင်
ပျံ့နှံ့နေသော သုဿန်ရောက်ပြီးမှ ပြန်လည် ရှင်သန်လာသည့်
အမျိုးသမီးတစ်ဦးသတင်း မမှန်ကန်ကြောင်း မန်းစည်ပင်က အတည်ပြုပြောကြား
****************************** **************
မန်းကိုကို
****************************** **************
ကြာနီကန်သုသာန် သို့ သဂြိုလ်ရန်ရောက်ရှိလာသော အမျိုးသမီးအလောင်း
အသက်ပြန်ရှင်လာဟူသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း ယင်းဖြစ်စဉ်မျိုး
ကြာနီကန်သုသန်တွင် ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း မန္တလေးမြို့တော်
စည်ပင်သာယာရေးဌာနမှ သန့်ရှင်းရေး ဌာနခွဲမှူး ဦးစိုးတင့်အောင် က
အတည်ပြုပြောကြားသည်။
"မန္တလေးမြို့မှာ နာရေးသဂြိုလ်တာပဲဖြစ်ဖြစ် ဂူသွင်းတာပဲဖြစ်ဖြစ်
ကျွန်တော်တို့ မြို့တော်စည်ပင် သန့်ရှင်းရေးဌာနကို လာရောက်ဆက်သွယ်
လုပ်ကိုင်ရင် သေဆုံးကြောင်းထောက် ခံချက် အပြည့်အစုံပါမှ မီးသဂြိုလ်ခွင့်
ဂူသွင်းခွင့် တွေကိုလက်ခံပေးတာဖြစ်ပါတယ် သုဿန်ရောက်ပြီး မှ ပြန်ရှင်လာတယ်
ဆိုတဲ့သူ အခုအချိန်ထိ တစ်ယောက်မှမရှိပါဘူး " ဟု ယင်းကပြောကြားသည်။
Yangon Media Group
Thursday, 20 December 2012
တိုးတက်ခေတ်မီချင်တဲ့နေရာမှာလို
သေရွာပြန်လူတစ်ယောက်ကို လူနေရပ်ကွက်ထဲ ပြန်ဝင်ခွင့် မပြုနိုင်ဘူးဆိုရင် အသုဘလိုက်ပို့တဲ့ လူတွေပါ ရပ်ကွက်ထဲ ပြန်မဝင်ခိုင်းပါနဲ့။ သူတို့တွေလည်း သင်္ချိုင်းကုန်းကို ရောက်ခဲ့ကြတာပဲလေ။
လူကို လူလို့ပဲမြ င်ပြီး လူ အဖြစ် ပြန်အသိမှတ်ပြုပေးရမှာပေါ့။ ကံကောင်းလို့ မသေပဲ အသက်ရှင်လျက် ပြန် ရရှိလိုက်တဲ့ လူတစ်ယောက်ကို ဝမ်းမြောက်ဝမ်းသာ ဘာလို့ မကြိုဆိုနိုင်ကြတာလဲ။
ဘာလို့များ လူ့ အသိုင်း အဝိုင်းကို ပြန်ဝင်ခွင့် မပြုချင်ရတာလဲ။
ကဲ ~ မလိုတဲ့ အယူအဆတွေ ပယ်ကြရအောင်ဗျာ။
ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ၁၅ မိနစ်ခန့် မန္တလေး ကြာနီကန် သုဿန်မှာ ဖြစ်ပွါးခဲ့သည့် ကုန်ထုတ် ဓါတုဗေဒ မဟာတန်းကျောင်းသူလေး အသုဘ မီးသင်္ဂြိုလ်ခါနီးအချိန်တွင် မိခင်ဖြစ်သူမှ နောက်ဆုံးအနေနှင့် နမ်းလိုက်စဉ် နှလုံးခုန်သံကြားရ၍ ဆရာဝန်ပင့် စမ်းသပ်ရာ အသက်ရှင်နေကြောင်း သိရှိရပါတယ်။
မိခင်ဖြစ်သူမှာ ဝမ်းသာလွန်း၍ ထ ကသော်လည်း ရပ်ကွက်လူထုက မြို့နာမှာ စိုးလို့ဟုဆိုကာ မြို့ထဲသို့ အ ဝင်မခံ၍ မိန်းကလေးခမျာ ကြူကြူပါအောင် ငိုပါတော့တယ်။
အခြား အသုဘတစ်ခုလာပို့သူ မန္တလေး သိန်းဇော် ကိုယ်တိုင် ဝင်ခွင့်ပြုရန် တောင်းပန်ပြောဆိုသော်လည်း မြို့လူထုက လက်မခံသဖြင့် မိဘများမှမြို့ပြင်တွင် အိမ်ဆောက်ပေး၍ နေစေမည်ဟု သိရပါသည်။
ယနေ့လိုခေတ်တွင် ရှေးရိုးအယူအဆများကြောင့် မဟာတန်းကျောင်းသူ တစ်ယောက် လူထဲမတိုးတော့မ ည့်အဖြစ်မျိုးကား ထိုမိန်းကလေး ဘဝအတွက် နစ်နာလွန်းလှပါတယ်။
အဆိုပါ မိန်းကလေးအပြင် နောက်နောင် ၄င်းကဲ့သို့သော ဖြစ်ရပ်မျိုး ကိုယ်တိုင်ကြုံတွေ့ရစဉ်သော် လည်းေ ကာင်း၊ ကိုယ့်မိသားစု အသိုင်းအဝန်းများထံမှ ကြုံတွေ့ရလျှင်သော် လည်းကောင်း ရှေးရိုးစွဲ အယူအဆေ ကြာင့် ထိခိုက်သူများ မရှိရစေစရန်အတွက် တာဝန်ရှိသူများနှင့် အများပြည်သူများအပြင် ဘာသာရေးဆိုင် ရာ အယူများဖြစ်သည့်အတွက် ရဟန်းရှင်များလည်း ပါဝင်ပြီး ဝိုင်းဝန်းအဖြေရှာ စဉ်းစားကူညီကြပါရန် တိုက် တွန်းအပ်ပါတယ် ခင်ဗျာ။
No comments:
Post a Comment