(မိုးမခဓာတ်ပုံသတင်း၊ )
ဒီဇင်ဘာ ၂၅၊ ၂ဝ၁၂ MoeMaKa Burmese News & Media
ထိုင်း၊ မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့ဒီမိုကရေစီအရေး
လှုပ်ရှားသူတဦးဖြစ်တဲ့ ကိုကျော်ကျော် (ဆယ်ပြားစေ့)နဲ့ မမီးမီးတို့ရဲ့
မင်္ဂလာပွဲကို တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ Watana Village
Hotel Resort မှာ ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့တာကို တွေ့ရပါတယ်။
အဲသည် မင်္ဂလာဆောင်အခမ်းအနားကို ပြည်တွင်း ပြည်ပ၊ ရပ်နီး ရပ်ဝေး
မြန်မာ့အရေးလှုပ်ရှားနေသူ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အများအပြား
စုံလင်စွာ တက်ရောက်ကြတာကို တွေ့ရပါတယ်။
၈၈
မျိုးဆက်ကျောင်းသားများ၊ လူ့ဘောင်သစ်ပါတီ၊ အင်န်အယ်ဒီ အဝေးရောက်၊ ၉ဝ
ရွေးကောက်ပွဲ အမတ်များ၊ အေဘီအက်စ်ဒီအက်ဖ်၊ ပြည်တွင်း ပြည်ပ သတင်းဌာနများက
သတင်းသမားများနဲ့ တက်ရောက်လာကြတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများရဲ့
ဓာတ်ပုံများကို ကြည့်ရှုနိုင်ကြစေရန် ဓာတ်ပုံရိုက်ကူးတင်ဆက်ထား တဲ့ ဖေ့စ်ဘွတ်စာမျက်နှာလင့်ခ်ကို တင်ဆက်ပေးလိုက်ပါတယ်။
https://www.facebook.com/ media/set/ ?set=a.454866847908771.1047 12.100001563793377&type=1
Source: http://moemaka.com/ ?p=30514

ဒီဇင်ဘာ ၂၅၊ ၂ဝ၁၂ MoeMaKa Burmese News & Media
ထိုင်း၊ မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ကိုကျော်ကျော် (ဆယ်ပြားစေ့)နဲ့ မမီးမီးတို့ရဲ့ မင်္ဂလာပွဲကို တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ Watana Village Hotel Resort မှာ ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့တာကို တွေ့ရပါတယ်။ အဲသည် မင်္ဂလာဆောင်အခမ်းအနားကို ပြည်တွင်း ပြည်ပ၊ ရပ်နီး ရပ်ဝေး မြန်မာ့အရေးလှုပ်ရှားနေသူ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အများအပြား စုံလင်စွာ တက်ရောက်ကြတာကို တွေ့ရပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများ၊ လူ့ဘောင်သစ်ပါတီ၊ အင်န်အယ်ဒီ အဝေးရောက်၊ ၉ဝ ရွေးကောက်ပွဲ အမတ်များ၊ အေဘီအက်စ်ဒီအက်ဖ်၊ ပြည်တွင်း ပြည်ပ သတင်းဌာနများက သတင်းသမားများနဲ့ တက်ရောက်လာကြတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများရဲ့ ဓာတ်ပုံများကို ကြည့်ရှုနိုင်ကြစေရန် ဓာတ်ပုံရိုက်ကူးတင်ဆက်ထား
https://www.facebook.com/
Source: http://moemaka.com/



မဲဆောက်နိုင်ငံရေးဂွင်ပြောင်းပြီလား
မြန်မာနိုင်ငံရေးအပြောင်းအလဲကတော့ အတော်မျက်စိရှုပ်စရာကောင်းနေတယ်။
အံ့တော့မအံ့သြပါဘူး။ အထူးသဖြင့် နယ်စပ်အသွင်ပြောင်းကာလကိုမြင်ရတာ အတော်စိတ်ဝင်စားစရာကောင်းပါတယ်။
၈၈ကထဲက နိုင်ငံရေးလုပ်လာတဲ့သူတွေထဲမှာ နိုင်ငံရေးတခုထဲကိုဇောက်ချလုပ်ရင်း ချမ်းသာသွားတဲ့
သူတွေလက်ချိုးရေလို့ ရပါတယ်။ ကိုယ့်ဒူးကိုယ်ချွန်နိုင်ငံရေးမလုပ်ဘဲအလုပ်လုပ်ရင်းကြီးပွါးသွားတဲ့သူတွေကိုမဆိုလိုပါဘူး။
၈၈ မှာ နိုင်ငံရေး လုပ်ရင်းမဲဆောက်မှာ တိုက်တာအဆောက်အဦကြီးကိုပိုင်ဆိုင်သွားသူတယောက်ကတော့
ဆယ်ပြား ကျော်ကျော်လို့ပြောကြတယ်။ ဆယ်ပြားဘယ်နားကတိုက်ကိုပိုင်တယ် ဆိုတာတော့မသိပါဘူး။
နောက်တယောက် ကတော့ အောင်ဇော်ပါ။ သူတို့နှစ်ယောက်လုံး ကိုယ်ပိုင်ဖိုးဝှီးကားကြီးတွေတယောက်ကချင်းမိုင်၊
တယောက်က မဲဆောက် နဲ့အတော်အလုပ်ဖြစ်ကြတာသိရပါတယ်။ အောင်ဇော်ကချင်းမိုင်မှာ ထိုင်းဘတ်သန်းနဲ့ချီတဲ့
အိမ် ဝယ် ထားတယ်လို့ပြောကြတယ်။ အကြားတွေကိုပြောတာပါစုံလဲမစုံစမ်းဘူး၊ လာပြောလို့နားရှိ
လို့ကြား နေရ တာ ကိုတင်ပြတာပါ။ ဟုတ်မဟုတ်ကာယကံရှင်တွေအဲဒီမှာနေတဲ့သူတွေသာသိမှာပါ၊
တခါကကော်နယ်တက္ကသိုလ် စာကြည့်တိုက်မှူးက ကျွန်တော့ကို ဧရာဝတီ ဟာစီအိုင်အေအထောက်အပံ့နဲ့လို့ပြောဘူးလို့
မဟုတ်နိုင်ဘူး ထင်တယ်လို့ပြန်ပြောခဲ့မိဘူးတယ်။
တကယ်တော့
ဆယ်ပြားဟာ အန်အီးဒီကနေ
တဆင့် ပိုက်ဆံတွေရနေတာပါ။ အန်အီးဒီဆိုတာကတော့ National Endownment for
Democracy
ပါ။သူတို့ က ဆယ်ပြား ဦးစီးနေတဲ့ PDC ကို ရံပုံငွေထောက်ပံ့ပါတယ်။ ဒီငွေက
မြန်မာပြည်ဒီမိုကရေစီရရှိဖို
့အတွက်အ ထောက်အပံအကူညီပါ။အမေရိကန် နိင်ငံသားတွေရဲ့ အခွန်
ငွေနဲ့ထောက်ပံထားတဲ့ငွေတွေပါ။
မြန်မာပြည်မှာဘယ်လောက်ဒီမိုကရေစီရလာသလဲ ၊ လူအခွင့်အရေးတွေ ရလာသလဲဆိုတာက
ဘယ်နေမှန်းမသိသေးပါဘူး။
ဆယ်ပြား တို့ ကတော့ သန်းနဲ့ချီ ချမ်းသာ နေပါပြီ။
မြန်မာပြည်ဒီမိုကရေစီရရှိ ဖို့ အမေရိကန်
က ထောက်ပံငွေတွေ အပေါ် မှာအလွဲသုံးစားမှုတွေကြောင့် အမေရိကန်ကလဲ
တော်တော်ကို စိတ်ပျက်နေပါတယ်။
နယ်စပ်မှာတကယ်တိုက်နေတဲ့ အေဘီရဲဘော် တွေနဲ့တခြားရဲဘော်တွေကလဲ
စိတ်ပျက်နေကြတဲ့အဖွဲ
့တွေပါ။ ကျော်ကျော်ဦးစီးတဲ့ပီဒီစီတို့  နိင်အောင်ဦးစီးတဲ့ အန်ဒီဒီတို့ဟာ
နယ်စပ်မှာငွေကိုရေလို
သုံးနေကြတာလူတိုင်းအသိပါ။ လခ မယူပဲ သူတို့ ဘာကြောင့်
ဒီလောက်ချမ်းသာလာကြပါသလဲ။ မြောက်ပိုင်း
သတ်ဖြတ်မှုမှာ နိင်ငံအောင်ဥက္ကဌဖြစ်ချိန်မှာ ကျော်ကျော်ဟာ ဒုဥက္ကဌ
တာဝန်ယူထားခဲ့တဲ့တယ်လို့သိရပါတယ်။ဒုဥက္ကဌတယောက်ဖြစ်ခဲ့တဲ့ကျော်ကျော်အနေနဲ့လဲမြောက်ပိုင်းကိစ္စမှာပါဝင်ဖြေရှင်းပေးသင့်တယ်၊
ဘာမှမဆိုင်သလိုမနေသင့်ဘူး
အခုဆယ်ပြားရဲ့မင်္ဂလာဆောင်ကို
၈၈က ကိုကိုကြီး
နဲ့ ပြုံးချိုတို့ကလေကြောင်းနဲ့ဘန်ကောက်ကနေလာတက် ရောက်ပြီး၊
အံ့ဘွယ်ကျော်နဲ့သက်ဇော်
(ဇောက်ထိုး)တို့ကကုန်းလမ်းကနေမြဝတီမှတဆင့်တကူးတကလာ ရောက်
ပြီးဆယ်ပြားရဲ့ခန်းနားတဲ့မင်္ဂလာဆောင်
ကျင်းပရာ ဝါတာနာ ဗီးလေ့ချ (Watana Village) ဟော် တယ် ကြီးမှာ
လာရောက်အားပေးကြတယ်ဆိုတာသိရတော့ဆယ်ပြားနဲ့၈၈မျိုးဆက်တို့ကြားမှာအတော်ရင်းနှီးတဲ့ဆက်ဆံမှုတွေအပေးအယူမှုတွေရှိမယ်ဆိုတာခန့်မှန်းနိုင်ခဲ့ပါတယ်။
တခုထူးဆန်းတာကနိုင်အောင်နဲ့ခင်ဥမ္မာတို့မြန်မာပြည်တွင်းကိုသွားခဲ့ပေမဲ့
ဆယ်ပြားကျော်ကျော်ကမသွားဘဲ
သူ့ကိုသာ၈၈ခေါင်းဆောင်တွေကတကူးတကလာတွေ့ပြီးနှုတိဆက်ရတယ်တယ်တွေ့ရတော့ဆယ်ပြားဟာ၈၈တွေကိုအတော်လွှမ်းမိုးထားနိုင်၊
ပေးကမ်းထားနိုင်တယ်လို့ခန့်မှန်းမိတယ်။
ခင်ဥမ္မာကလဲ၈၈တွေကိုပေးခဲ့ကမ်း ခဲ့တာ ဘဲမဟုတ်လား၊
ဒါပေမဲ့ခင်ဥမ္မာက မကဒလူဖြစ်ပြီးကိုကိုကြီးကဗကသလူဖြစ်တာတော့လူတိုင်းသိတယ်။
ဆယ်ပြား
မင်္ဂလာဆောင်ကိုနိုင်အောင်နဲ့ခင်ဥမ္မာတို့လင်မယားလဲလာတယ်လို့သိရတယ်။
နိုင်ငံရေးမှာအမြဲမိတ်ဆွေအမြဲရန်သူဆိုတာမရှိဘူးဆိုတာဒါကိုပြောတာထင်ပါရဲ့။
နောက်ကိုနေမျိုးဇင်တိုရဲ့မြန်မာ့လူမှုဘဝတိုးတက်ဖွံ့ဖြိုးရေးကွန်ယက်
နဲ့ ကိုရဲလွင်တို့ရဲ့လွတ်လပ်ငြိမ်းချမ်းပန်းခင်း လမ်း အဖွဲ့တွေပေါင်းပြီး ဒီကေဘီအေနယ်မြေမှာကျင်းပတဲ့စတိတ်ရှိုးကိုတက်ရောက်ကြတယ်
အဲဒီကနေမြဝတီကို သွားပြီးထိုမှတဆင့် မဲဆောက်ကနိုင်ငံရေးအင်အားစုတွေနဲ့တွေကြတာဓါတ်ပုံတွေမှာတွေ့ရတော့
မဲဆောက်နိုင်ငံ ရေးဂွင်ပြောင်းနေပြီ လားလို့တွေးမိတယ်။ တဖက်နဲ့တဖက်ပြစ်ခတ်တိုက်ခိုက်မှုမရှိ၊
ပိတ်ပင်တားစီးမှုမရှိ ဘဲလွတ်လပ်စွာသွားလာကူးလူး ဆက်ဆံမှုတွေရှိနေ ပြီလား၊ ဒါဟာယာယီလား၊
တကယ်ပွင့်လင်းနေပြီလား စောင့်ကြည့်ရမည်။ တကယ်ပွင့်လင်းလာပြီ၊ ရန်ကုန်နဲ့မဲဆောက်၊ မန္တလေးနဲ့ချင်းမိုင်တိုက်ရိုက်
သွားလို့ရပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပြည်တွင်းနိုင်ငံရေးအဖွဲ့အစည်းတွေတွေ့ဆုံဆွေးနွေးခွင့်တွေပိုပြီးပွင့်လင်းလာခဲ့ရင်
တော့ အောက်ခြေအဆင့်စားပွဲဝိုင်းဆွေးနွေးပွဲတွေဖြစ်လာနိုင်ပါလိမ့်မယ်။ အဲဒီလိုဖြစ်လာမယ်ဆိုရင်ကြိုဆိုရမှာပါ၊
ဒီလိုမဟုတ်ဘဲနိုင်ငံရေးဂွင်ပြောင်းပြီးဒီမိုကရေစီရေးကိုဘန်းပြပြီးနိုင်ငံခြားထောက်ပံ့ငွေတွေဆက်လက်ရရှိရေးအတွက်ကြိုးစားမှုတွေဆိုရင်တော့ဒီလိုမရိုးသားမှုတွေကိုဆက်လက်ဖေါ်ထုတ်သွားရမှာအားလုံးမှာတာဝန်ရှိတယ်လို့ဆိုချင်တယ်။
ထွန်းအောင်ကျော်

ဘိုကြည်, ကျော်ကျော် and နိုင်အောင်.




ခင်ဥမ္မာ and ခင်မင်းဇော်.




ကြယ်သီး ပန်းသီး
အောင်ကျော်ဦး (BBC).
အောင်ကျော်ဦး ဘီဘီစီ၊ မောင်မောင်ကြီး အင်ဒီဒီ၊ ကိုကိုကြီး ၈၈



ညီညီအောင်, ခင်ဥမ္မာ and နိုင်အောင်.


အမည်းကျောပေး (ဦးမြင့်သိန်း၊ အင်န်အယ်ဒီ၊ ဘီအယ်စီ)၊ ခွန်မားကိုးဘန် (MPU)

အောင်ကျော်ဦး (BBC) ဘိုကြည် (AAPP)

မြင့်ဦး (AB တွင်း၁၊)၊ လွဏ်းနီ (ကဗျာဆရာ၊ အေဘီစီစီ)



အောင်မိုးဇော် (လူ့ဘောင်ဥက္ကဋ္ဌ)

ရွှေသံစဉ် ၀င်းမောင်၊ ညီ ၀င်းဇော်

ကျော်ကျော်၊ မီးမီး၊ အစွန် မြင့်ကျော်၊ အိမ့်ခိုင်ဦး









No comments:
Post a Comment