Saturday, December 22, 2012

၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံဆွေးနွေးပွဲ



ယနေ့ ဒီဇင်ဘာလ၊(၂၁)ရက်နံနက်(၁ဝးဝဝ)နာရီကရန်ကုန်မြို့၊ဝေဇယန္တာလမ်းရှိ
၈၈မျိုးဆက်ကျောင်းသားများရုံး၌ မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ရောက်ရှိလာကြသော
ဥက္ကဋ္ဌကိုသံခဲဦးဆောင်သည့် ABSDF အဖွဲ့နှင့် အထွေထွေအတွင်းရေးမှူးကိုငွေလင်းဦးဆောင်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်များ၊ မင်းကိုနိုင် ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် တွေ့ဆုံခဲ့ကြသည့်အဖွဲ့(၃)ဖွဲ့ကိုယ်စား မင်းကိုနိုင်၊ ကိုသံခဲနှင့် ကိုငွေလင်းတို့က ရောက်ရှိနေကြသော သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းပွဲတစ်ရပ်
ပြုလုပ်ခဲ့ကြသည်။ ထိုသို့တွေ့ဆုံရှင်းလင်းရာတွင် --
(၁)အဖွဲ့သုံးဖွဲ့စလုံး၏ ဆက်ဆံရေးကိုတိုးမြှင့်ဆောင်ရွက်သွားရန်၊
(၂) မတူညီသောဖြတ်သန်းမှုများကို အတွေ့အကြုံချင်းဖလှယ်ကြရန်၊
(၃) နိုင်ငံတကာနှင့်နယ်ပယ်အသီးသီးတွင်ပြန့်ကျဲနေသော ၈၈၈၈ အရေးတော်ပုံအင်အားစုများ၏
နိုင်ငံရေးဆွေးနွေးညှိနှိုင်းပွဲတစ်ရပ် ကျင်းပရန်၊
(၄) ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပိုမိုကျယ်ပြန့်သော
နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတစ်ရပ် ကျင်းပရန် တို့ကို အဓိကရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတကာနှင့်နယ်ပယ်အသီးသီးတွင်ပြန့်ကျဲနေသော
၈၈၈၈ အရေးတော်ပုံအင်အားစုများ၏ နိုင်ငံရေးဆွေးနွေးညှိနှိုင်းပွဲတစ်ရပ်ကို
၂ဝ၁၃ ခုနှစ် ပထမ(၆)လအတွင်း ကျင်းပနိုင်ရန် ကြိုးပမ်းဖော်ဆောင်သွားမည်ကိုလည်း ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ရှင်းလင်းပွဲနိဂုးံချုပ်အနေဖြင့် မင်းကိုနိုင်က
ယခုလို ကျနော်တို့(၃)ဖွဲ့ စုစည်းမှုဟာ တိုင်းပြည်အတွက်
အပေါင်းလက္ခဏာသာဆောင်မှာဖြစ်ကြောင်း
(၃)ဖွဲ့စလုံးကိုယ်စား ပြောကြားခဲ့သည်။


No comments: