Wednesday, December 26, 2012

"စားပွဲထိုးလေး အိုဘားမား"



အမေရိကန်နိုင်ငံသားတွေကို စစ်တမ်းကောက်ယူမှုအရ နေ့လည်စာ နဲ့ ညစာ အတူတွဲပြီးစားသုံးချင်တဲ့ ထင်ရှားကျော်ကြားသူ များစာရင်းမှာ သမ္မတ အိုဘားမား ဟာ ထိပ်ဆုံးမှာပါဝင်နေပါတယ်..။ ဒါဟာလည်း တကယ်တော့ မဆန်းပါဘူး..။ နိုင်ငံသားတွေ အနေနဲ့ နိုင်ငံရဲ့ သမ္မတ တစ်ယောက် နဲ့ အစားအတူတွဲပြီး စားခွင့်ရမယ်ဆိုရင် လိုချင်ကြမှာပါပဲ..။ ဒါပေမဲ့ ထူးဆန်းတာက ဒီလိုသမ္မတ နဲ့ အတူနေ့လည်စာ တွဲပြီးစားခွင့် အတွက် အမေရိကန်နိုင်ငံရဲ့ အိမ်ခြေယာမဲ့ တွေမှာ ဒီအခွင့်အရေးရှိနေပါတယ်..။ အောက်ပါပုံမှာတွေ့မြင်ရတာကတော့ မာတင်လူသာကင်း မွေးနေ့အမှတ်တရ ကျင်းပတဲ့ နေ့လည်စာ စားပွဲမှာ The Most Powerful President In The World လို့ တင်စားခေါ်ဝေါ်ခံရတဲ့ အမေရိကန်သမ္မတ အိုဘားမား တစ်ဖြစ်လဲ "စားပွဲထိုးလေး အိုဘားမား" ဟာ သူ့မိသားစုဝင်တွေ နဲ့အတူ အိမ်ခြေယာမဲ့ သူတွေကို တည်ခင်းဧည့်ခံတဲ့ ပွဲမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်နေတာပါ..။ ပြီးတော့ သူတို့တွေ နဲ့ အတူပါဝင်စားသောက်ပြီး အမှတ်တရ ဓါတ်ပုံတွေ တွဲရိုက်ပေးခဲ့ပါတယ်..။

No comments: