Monday, December 24, 2012

ကျောင်းသားများအသတ်ခံရမှုနှင့် ပတ်သက်၍ ABSDF ၏ စုံစမ်းထားမှု အခြေအနေကို မြောက်ပိုင်းပြန်များ သိရှိလို

ကျောင်းသားများအသတ်ခံရမှုနှင့် ပတ်သက်၍ ABSDF ၏ စုံစမ်းထားမှု အခြေအနေကို မြောက်ပိုင်းပြန်များ သိရှိလို
Monday, December 24, 2012

မြောက်ပိုင်းဒေသတွင် ကျောင်း သားများ အသတ်ခံရမှုနှင့် ပတ်သက်၍ ABSDF ၏စုံစမ်းဖော်ထုတ် ရရှိထားမှု အခြေအနေများကို သိရှိ လိုကြောင်း
မြောက်ပိုင်းပြန် ကျောင်း သားတပ်မတော်အဖွဲ့ဝင်ဟောင်းများ က ပြောသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့တွင် လက်ရှိ ABSDF ဥက္ကဋ္ဌရဲဘော်သံခဲ
အပါအဝင် အဖွဲ့ဝင် ၉ ဦး မြန်မာ နိုင်ငံသို့ ငြိမ်းချမ်းရေးခရီးစဉ်အဖြစ်
ပြန်လည်ရောက်ရှိလာချိန်တွင် မြောက်ပိုင်းပြန်ကျောင်းသားအချို့က အထက် ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။

''မြောက်ပိုင်းမှာ ကျောင်းသား တွေ အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက် ပြီး ABSDF က စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ထားတာရှိတယ်။ သူတို့ ဘယ်လောက် အလုပ်လုပ်ထားတယ် ဆိုတာသိချင်တယ်။ နယ်သာလန်ပြ တိုက်မှာရှိတဲ့ စစ်ဆေးချက်တွေကို လည်း ပြည်သူတွေကို ပြစေချင် တယ်။ ရပ်တည်ချက်က အတူတူ ရှိနေပါတယ်'' ဟု မြောက်ပိုင်းပြန်
ကျောင်းသားတစ်ဦးဖြစ်သူ ကိုကျော် နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေး မစ်ရှင်အဖြစ်၊ ကိုမိုးသီးဇွန်အဖွဲ့နှင့်
ဒေါက်တာနိုင်အောင်တို့ အဖွဲ့ ပြန် လာစဉ်ကလည်း မြောက်ပိုင်းကျောင်း သားများ အသတ်ခံရမှုနှင့် ပတ်သက် ၍ မြောက်ပိုင်းပြန်ကျောင်းသားများ က သတင်းစာရှင်းလင်းပွဲများ ပြု လုပ်ခဲ့သေးသည်။

ယခု မြန်မာနိုင်ငံ သို့ ပြန်လာသည့် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့်အဖွဲ့၏ အကြိုထုတ်ပြန် ကြေညာချက်တွင် ရဲဘော်ဟောင်း များနှင့် ၄င်းတို့၏ မိသားစုဝင်များနှင့် တွေ့ဆုံရန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားများနှင့် တွေ့ဆုံရန်အပြင် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

''အသတ်ခံရတဲ့ ကျောင်းသား တွေဟာ ထောက်လှမ်းရေးတွေ မ ဟုတ်ဘူး ဆိုတာကို အခုထိ ဖြေရှင်း မှု မရှိသေးဘူး။ ထောက်လှမ်းရေး တွေ မဟုတ်ကြောင်းကို သက်သေ ပြဖို့ဆိုရင် ရာဇဝတ်မှုဖြစ်တယ်ဆိုတာ အသိအမှတ်ပြုရမယ်။ ဒါတွေ မလုပ် သေးဘဲ ပြည်တွင်းကို ဝင်လာတယ်။ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းတယ် ဆိုတဲ့အကြောင်းကိုပဲ ကြားရပြီးကျန် တာတွေ ဘာမှ မသိရသေးဘူး'' ဟု မန္တလေးမြို့မှ မြောက်ပိုင်းပြန် ကျောင်း သား ကိုညီညီက ပြောသည်။

ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် အဖွဲ့ဝင်များ အနေဖြင့် မြောက်ပိုင်း
ပြန်ကျောင်းသားများကို တွေ့ဆုံရန် ကမ်းလှမ်းထားသော်လည်း
မြောက် ပိုင်းကျောင်းသားများအတွင်း၌ တွေ့ ဆုံလိုသူနှင့် မတွေ့ဆုံလိုသူ ဆန္ဒကွဲ ပြားလျက်ရှိကြောင်း သိရသည်။

Messenger News Journal

No comments: