Thursday, January 31, 2013

အသွင်ကူးပြောင်းရေးနဲ့ ခရိုနီ


Photo: အသွင် ကူးပြောင်းရေး နှင့် ခရိုနီ

ဒီနေရာမှာ မေးစရာရှိလာတာကတော့ ခရိုနီတိုင်း ခရိုနီဘ၀နဲ့ပဲ တသက်လုံး ရပ်တည်သွားကြသလားဆိုတဲ့ မေးခွန်းပါ။

တချို့ခရိုနီလုပ်ငန်းရှင်တွေကတော့ ခရိုနီဂုဏ်ပုဒ်ကို လုံးဝဖျက်ဆီးလိုက်ပြီး အတိုက်အခံတွေနဲ့ပဲ တသက်လုံး ပေါင်းသွားတာတွေလဲ ရှိတတ်ပါတယ်။ ခရိုနီလုပ်ငန်းရှင်အဖြစ်ကနေ အသွင်ကူးပြောင်းရေး လူချမ်းသာဘ၀ကို ပြောင်းလဲရပ်တည်ပါတယ်။


http://bit.ly/crony
 
အုပ်စိုးသူအာဏာရှင်တွေ သဘောတူညီမူနဲ့ ပေါ်ပေါက်လာတဲ့ အသွင်ကူးပြောင်းရေး အကြိုကာလတွေမှာ အတိုက်အခံတွေအနေနဲ့ ရှောင်လွဲလို့မရ ထိတွေ့ဆက်ဆံရမဲ့သူတွေကတော့ ဒီကနေ့ ရေပန်းစားနေတဲ့ ခေတ်ပျက်သူဌေး ဒါမှမဟုတ် ခရိုနီလုပ်ငန်းရှင်ကြီးတွေပဲ ဖြစ်ပါတယ်။
အာဏာရှင်လက်ထက်မှာ အုပ်စိုးသူအ၀န်းအပိုင်းနဲ့ပဲ ပူးပေါင်းဖို့လိုတဲ့ ခရိုနီစီးပွါးရေးလုပ်ငန်းရှင်တွေဟာ အသွင်ကူးပြောင်းရေးအကြိုကာလ စပြီဆိုတာနဲ့ အာဏာရှိသူကိုရော၊ အာဏာရှိမယ်လို့ ယူဆရသူတွေကိုရော၊ တချိန်ချိန်မှာ အာဏာရှိလာနိုင်ချေရှိတဲ့ ထင်ရှားတဲ့ အတိုက်အခံတွေနဲ့ပါ ပူးပေါင်းဖို့ လိုလာပါတယ်။ အာဏာရှိသူတွေနဲ့ မဟာမိတ်လုပ်ရတာက ခရိုနီအစဉ်အလာမို့ ပြသနာမရှိပေမဲ့ အာဏာမရှိသူ တနည်းအားဖြင့် အတိုက်အခံတွေနဲ့ မဟာမိတ်လုပ်ရချိန်မှာတော့ ခရိုနီရဲ့ မူလအဓိပါယ်သတ်မှတ်ချက်နဲ့ ခရိုနီရဲ့ဂုဏ်ပုဒ် ပုံပျက်သွားတယ်လို့ ယူဆသူတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ခရိုနီဆိုတာဟာ အာဏာရှိသူတွေနဲ့ပဲ ပေါင်းသင်းရပ်တည်သူတွေဆိုတဲ့ ယူဆချက်ကြောင့်ပါ။
တချို့ကတော့လဲ ခရိုနီရဲ့ မူလပထမ အဓိပ္ပါယ်ဟာ မိတ်ကောင်းဆွေကောင်း၊ ငယ်ပေါင်းရင်းချာ ဆိုတဲ့ အဓိပ္ပါယ်ရှိတာမို့ ထင်ရှားတဲ့ အတိုက်အခံတွေနဲ့ မိတ်ဆွေဖြစ်ရေးကို ခရိုနီတွေအနေနဲ့ မဖြစ်မနေ  လုပ်လာရတယ်လို့ ယူဆပါတယ်။ အတိုက်အခံဘ၀ကတဲက မိတ်ဆွေဖွဲ့ထားမှ အာဏာရလာချိန်မှာ ငယ်ပေါင်းရင်းချာ ဆက်ဆံရေးမျိုး ရနိုင်မယ်ဆိုတဲ့ ယူဆချက်နဲ့ပါ။ အတိုက်အခံနဲ့ မဟာမိတ်လုပ်လာတာဟာ ခရိုနီဂုဏ်ပုဒ် ပျက်စီးစေဖို့ မဟုတ်ပဲ ခရိုနီရဲ့  အသွင်ကူးပြောင်းရေးအကြိုကာလ ရင်းနှီးမြုပ်နှံမူတခုသာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ခရိုနီနဲ့ အာဏာသံသရာ
အသွင်ကူးပြောင်းရေးရဲ့ တချိန်ချိန်မှာ အတိုက်အခံတွေလဲ အာဏာရလာနိုင်တယ် ဆိုတာကို ခရိုနီတွေက သဘောပေါက်ပါတယ်။ အာဏာရလာတဲ့ အတိုက်အခံနဲ့ ပေါင်းရသလို အတိုက်အခံပြန်ဖြစ်သွားတဲ့ အာဏာမဲ့တွေနဲ့လဲ ပေါင်းပါတယ်။ အာဏာရှိသူရော အာဏာပြန်ရလာမဲ့ အတိုက်အခံတွေကိုရော မိတ်ဆွေကောင်းတွေလုပ် ပေါင်းသင်းရင်းပဲ ခရိုနီဂုဏ်ကို ဆက်လက်ထိမ်း သိမ်းသွားဖို့ ကျိုးစားကြလေ့ရှိပါတယ်။
ဒီနေရာမှာ မေးစရာရှိလာတာကတော့ ခရိုနီတိုင်း ခရိုနီဘ၀နဲ့ပဲ တသက်လုံး ရပ်တည်သွားကြသလားဆိုတဲ့ မေးခွန်းပါ။
တချို့ခရိုနီလုပ်ငန်းရှင်တွေကတော့ ခရိုနီဂုဏ်ပုဒ်ကို လုံးဝဖျက်ဆီးလိုက်ပြီး အတိုက်အခံတွေနဲ့ပဲ တသက်လုံး ပေါင်းသွားတာတွေလဲ ရှိတတ်ပါတယ်။ ခရိုနီလုပ်ငန်းရှင်အဖြစ်ကနေ အသွင်ကူးပြောင်းရေး လူချမ်းသာဘ၀ကို ပြောင်းလဲရပ်တည်ပါတယ်။ အာဏာရှိသူနဲ့ ခပ်ကင်းကင်းနေပြီး အတိုက် အခံမှန်သမျှကို ကူညီပံ့ပိုးပါတယ်။ ခေတ်ပျက်စဉ်က ချမ်းသာကြွယ်ဝလာမှုတွေကို အသွင်ကူးပြောင်းရေးကာလ လိုအပ်ချက်တွေအတွက် ပြန်လည်ပေးဆပ်ဖို့ ကျိုးစားပါတယ်။ အသွင်ကူးပြောင်းရေး လူချမ်းသာတွေထဲမှာ အထင်ရှားဆုံး ပုဂ္ဂိုလ်ကတော့ ရုရှားက ခေတ်ပျက်သူဌေး မီခိုလ်း (မီခေးလ်) ခိုဒေါ်-ကောဗ့်စကီး ဖြစ်ပါတယ်။
ခိုဒေါ်ကောဗ့်စကီး ဘယ်သူလဲ
ခိုဒေါ်ကောဗ့်စကီးဟာ ၁၉၆၃ ခုနှစ်မှာ မော်စကိုမြို့တော်မှာ မွေးဖွါးကြီးပြင်းခဲ့သူပါ။ ဖခင်ဖြစ်သူက ဂျူး-လူမျိုး အင်ဂျီနီယာတဦးဖြစ်ပြီး ခိုဒေါ်ကော့ဗ်စကီးကိုယ်တိုင်လဲ ဓါတုအင်ဂျီနီယာဘာသာရပ်ကို သင်ယူခဲ့ပါတယ်။ တက္က သိုလ်ကျောင်းသားဘ၀မှာပဲ ကွန်မြူနစ်ပါတီရဲ့ လူငယ်ခေါင်းဆောင် ဖြစ်လာပါတယ်။ ၁၉၈၆ ခုနှစ် ဓါတုအင်ဂျီနီယာနဲ့ ဘွဲ့ရပြီးချိန်မှာ အဲဒီအချိန်က သမ္မတ ဂေါ်ဘာချော့ရဲ့ စီးပွါးရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို သဘောကျပြီး စီးပွါးရေးနယ်ထဲကို ၀င်ခဲ့ပါတယ်။ ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ အကူအညီနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ ရင်းနှီးမြုပ်နှံဖို့ နိုင်ငံတော်ချေးငွေ အမြောက်အများ ရခဲ့သူပါ။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲချိန်မှာ ခိုဒေါ်ကော့ဗ်စကီးဟာ ချမ်းသာတဲ့ လုပ်ငန်းရှင်တဦး ဖြစ်နေပါပြီ။ ရုရှားနိုင်ငံရဲ့  ပထမဆုံး ပုဂ္ဂလိကဘဏ် ထူထောင်ခွင့်ရခဲ့သလို မီလျှံနာသူဌေးတယောက် ဖြစ်လာပါတယ်။
၁၉၉၂-ခုနှစ်မှာ သမ္မတယဲ့လ်ဆင်က ခိုဒေါ်ကော့ဗ်စကီးကို စွမ်းအင်နဲ့ လောင်စာဆီဆိုင်ရာ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုကော်မတီရဲ့ ဥက္ကဌတာဝန် ပေးအပ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ သမ္မတယဲ့လ်ဆင်အစိုးရ ခွင့်ပြုချက်နဲ့ ခိုဒေါ် ကော့ဗ်စကီးဟာ Yukos-ယူကိုစ့်ဆိုတဲ့ ရေနံကုမ္ပဏီ ထူထောင်ခွင့်ရခဲ့ပါတယ်။ ခိုဒေါ်ကော့ဗ်စကီးရဲ့ စီမံခန့်ခွဲမူနဲ့ ယူကိုစ့်ကုမ္ပဏီဟာ နိုင်ငံတကာမှာ နာမည်ရလာပါတယ်။ ၂၀၀၀ ခုနှစ်မှာ ရုရှားရေနံထုတ်လုပ်မူရဲ့  ၂၀ ရာခိုင်နှုန်းကို ယူကိုစ့်-ကုမ္ပဏီကပဲ တာဝန်ယူရတဲ့အဆင့်ထိ အောင်မြင်မူရရှိလာပါတယ်။ ကမ္ဘာ့ပုဂ္ဂလိကပိုင် ရေနံကုမဏီတွေရဲ့ ထိပ်ဆုံးစရင်းမှာ ပါဝင်လာပါတယ်။ အဲဒီလိုဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ခိုဒေါ်ကော့ဗ်စကီးကို နိုင်ငံတကာစီးပွါးရေး အသိုင်းအ၀ိုင်းက အသိအမှတ်ပြုလာရသလို ရုရှားရဲ့  အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။
ခေတ်ပျက်သူဌေးရဲ့ ဒီမိုကရေစီအိပ်မက်
ခိုဒေါ်ကောဗ့်စကီးနဲ့ တခြားရုရှားခေတ်ပျက်သူဌေးတွေ မတူတာတခုကတော့ လူငယ်တွေအပေါ် ထားရှိတဲ့ အနာဂတ်ရည်မှန်းချက် ဖြစ်ပါတယ်။ သူ့ရဲ့ချမ်းသာကြွယ်ဝမူတွေကို ရုရှားမျိုးဆက်သစ်ခလေးတွေအတွက် တစုံတရာ ဖန်တီးပေးခဲ့ရမယ်၊ ရင်းနှီးမြုပ်နှံပေးခဲ့ရမယ်လို့ ခိုဒေါ်ကော့ဗ်စကီးက ယုံကြည်ပါတယ်။ ရုရှားလူငယ်တို်င်းဟာ သူ့လိုမျိုး အခွင့်အရေးရခဲ့မယ်ဆိုရင် သူ့လိုပဲ ချမ်းသာ ကြွယ်ဝလာသူတွေ ဖြစ်လာမယ်လို့လဲ ယူဆသူပါ။ နိုင်ငံရေးအယူအဆနဲ့ ပတ်သက်ရင်လဲ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ၊ လမ်းညွန်ဒီမိုကရေစီ ဆိုတဲ့ အယူအဆတွေကို ခိုဒေါ်ကော့ဗ်စကီးက ဆန့်ကျင်ပါတယ်။ ဒီမိုကရေစီဟာ ဒီမိုကရေစီပဲဖြစ်တယ်လို့ ယုံကြည်သူပါ။ ကွန်မြူနစ်၊ ဆိုရှယ်လစ်တွေလဲ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံရေးစင်မြင့်ထက်မှာ ပါဝင်ခွင့် ရှိသင့်တယ်လို့ သူက ယူဆပါတယ်။ ရှုရှားရဲ့  အနာဂတ်နိုင်ငံရေးဟာ မျိုးဆက်သစ်တွေရဲ့ ပညာရေးအပေါ် လုံးဝမှီတည်နေတယ်လို့လဲ ခိုဒေါ်ကော့ဗ်စကီးက ယုံကြည်သူပါ။ သူ ယုံကြည်တဲ့အတိုင်းပဲ ရုရှားမျိုးဆက်သစ်ခလေးတွေအတွက် ဒီမိုကရေစီ မျိုးစေ့ချနိုင်ဖို့ဆိုပြီး the-Open-Russian-Foundation ဆိုတဲ့ ဖေါင်ဒေးရှင်း ထူထောင်ပြီး နိုင်ငံရေး-လူမူရေး-လူ့အခွင့်အရေးနဲ့-နည်းပညာသင်တန်းတွေကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးပါတယ်။ သူ့သားကြီးဖြစ်တဲ့ ပါဗယ်-ခိုဒေါ် ကော့ဗ်စကီးကို အမေရိကန်နိုင်ငံကို သွားရောက်ပညာသင်စေခဲ့သလို တခြားအရည်အချင်းရှိတဲ့ လူငယ်တွေကိုလဲ နိုင်ငံရပ်ခြားမှာ သွားရောက်သင်ယူနိုင်ဖို့ ပညာသင်စားရိတ် ထောက်ပံ့ပေးတာတွေ လုပ်ပါတယ်။
ငွေကြေးမတောင့်တင်းတဲ့ နိုင်ငံရေးပါတီတွေကို ခိုဒေါ်ကော့ဗ်စကီးက နှောင်ကြိုးမဲ့ အကူအညီတွေ ပေးပါတယ်။ နိုင်ငံရေးပါတီတခုထဲကို ကူညီပေးတာမျိုးကိုတော့ သူက လုံးဝဆန့်ကျင်ပါတယ်။ နိုင်ငံရေးပါတီတွေ များများရှိလေ ရုရှားလူငယ်တွေကြားမှာ နိုင်ငံရေးအမြင် ပိုနိုးကြားလာလိမ့်မယ်လို့ ခိုဒေါ် ကော့ဗ်စကီးက ယုံကြည်ပါတယ်။ ဒီမိုကရေစီမှာ အာဏာရအစိုးရကို စောင့်ကြည့်ဖိအားပေးရမဲ့ အတိုက်အခံတွေ၊ အစိုးရမဟုတ်တဲ့ လူမူအခြေပြုအဖွဲ့အစည်းတွေ များများလိုအပ်တယ်လို့လဲ သူက ယူဆပါတယ်။ ယူဆတဲ့အတိုင်းလဲ လိုအပ်တဲ့ အကူအညီမှန်သမျှကို ခိုဒေါ်ကော့ဗ်စကီးက ထောက်ပံ့ပေးပါတယ်။ သူနဲ့ခေတ်ပြိုင် ခေတ်ပျက်သူဌေးတွေကိုလဲ လူ့အခွင့်အရေးဖေါင်ဒေးရှင်းတွေ လူသားချင်စာနာကူညီရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ရုရှားလူ့အဖွဲ့အစည်းကို တုန့်ပြန်ကျေးဇူးဆပ်ကြဖို့ စည်းရုံးခဲ့သူလဲဖြစ်ပါတယ်။
ခောတ်ပျက်သူဌေးတွေပဲ ကောင်းစားနေတယ်ဆိုပြီး အသွင်ကူးပြောင်း ရေးကာလကို စိတ်ပျက်နေတဲ့ ရုရှားလူထုဟာ ခိုဒေါ်ကော့ဗ်စကီး ရပ်တည်ချက်ကို အသိအမှတ်ပြု လေးစားခဲ့ကြပါတယ်။ သမ္မတယဲ့လ်ဆင်လက်ထက်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့  စီမန်ကိန်းတွေ၊ ရည်ရွယ်ချက်တွေဟာ တစုံတရာ အနှောက်အယှက် မရှိခဲ့ပေမဲ့ သမ္မတ ဗလာဒီမာပူတင်လက်ထက်မှာတော့ ပြသနာပေါင်းမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ခရိုနီလဲ ပါဝင်ခွင့်ရှိတယ်
၂၀၀၃-ခုနှစ် ဖေဖေါ်ဝါရီလထဲမှာ ပူတင်ဟာ ခေတ်ပျက်သူဌေးတွေကို သမ္မတနန်းတော်ကို ခေါ်ယူပါတယ်။ ခရိုနီတွေဟာ ခရိုနီလိုပဲ ရပ်တည်ဖို့နဲ့ အတိုက်အခံတွေနဲ့ ကင်းကင်းနေဖို့၊ နိုင်ငံရေးနဲ့ ဝေးဝေးနေဖို့ ပူတင်က သတိပေးပါတယ်။ ဒီဆွေးနွေးပွဲကို ရုရှားရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွင့်ပြသဖို့ ပူတင်က စီစဉ်ခဲ့တာပါ။ ပူတင်ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ ရွံရှာမုန်းတီးနေတဲ့ ခေတ်ပျက်သူဌေးတွေကို သူဘယ်လို အမိန့်ပေးညွန်ကြားတယ်၊ သြဇာဘယ်လိုညောင်းတယ် ဆိုတာကို ရုရှားပြည်သူတွေကို ပြသချင်တဲ့အတွက်ပါ။ အစည်းအဝေးတက်လာတဲ့ ခေတ်ပျက်သူဌေးအားလုံးက ပူတင် ပြောသမျှကို တစုံတရာ ပြန်မပြောရဲခဲ့ကြပါဘူး။ ဒါပေမဲ့ ခိုဒေါ်ကော့ဗ်စကီးကတော့ ခရိုနီဟာ ခရိုနီပဲ ဖြစ်ရမယ်ဆိုတဲ့ ပူတင်ရဲ့ အယူအဆကို လက်မခံပါဘူး။ ခရိုနီပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ရုရှားနိုင်ငံရဲ့  ဒီမိုကရေစီထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံသားတိုင်း ပါဝင်ခွင့်ရှိသင့်တယ်လို့ ပူတင်ကို တုန့်ပြန်ပါတယ်။ ရုရှားရဲ့ အဓိကပြသနာဟာ ခရိုနီတွေဆိုတာထက် အစိုးရ၀န်ကြီးဌာနတွေရဲ့  အကျင့်ပျက်ခြားမူတွေ ဖြစ်တယ်လို့ ထောက်ပြပါတယ်။ တာဝန်အရှိဆုံး ပုဂ္ဂိုလ် သမ္မတ ပူတင်အနေနဲ့ အကျင့်ပျက်ခြစားမူတွေကို ဘက်မလိုက်ပဲ စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုတယ်လို့လဲ ခိုဒေါ် ကော့ဗ်စကီးက ပြောခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ရုပ်သံကနေ တိုက်ရိုက်ကြည့်ရူနေရတဲ့ ရုရှားပြည်သူတွေဟာ ပူတင်ကို အချက်အလက်အတိအကျနဲ့ ပြန်ပြောရဲတဲ့ ခိုဒေါ်ကော့ဗ်စကီးကို သဘောကျခဲ့ပါတယ်။ ဒါပေမဲ့ ပူတင်ကို တုန့်ပြန်ပြောဆိုခဲ့မူဟာ ခိုဒေါ်ကော့ဗ်စကီးအတွက်တော့ ကံကြမ္မာအလှဲ့အပြောင်းတခု ဖြစ်လာစေပါတယ်။
နိုင်ငံခြားမသွားဘဲ ထောင်ထဲသွားဖို့ ရွေးချယ်ခဲ့သူ
ပူတင်နဲ့ အစည်းအဝေးပြီးချိန်ကစလို့ ရုရှားထောက်လှမ်းရေးတွေဟာ ခိုဒေါ်ကော့ဗ်စကီးနဲ့ ရင်းနှီးသူတွေကို ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေ လုပ်လာပါတယ်။ ခိုဒေါ်ကော့ဗ်စကီး ဖေါင်ဒေးရှင်းအကူအညီနဲ့ ပညာသင်နေတဲ့ ခလေးမိဘတွေကို အကျပ်ကိုင်ခြိမ်းခြောက်တာတွေ လုပ်ပါတယ်။ တခြားခေတ်ပျက်သူဌေးတွေလို ပိုင်ဆိုင်မူတွေနဲ့အတူ နိုင်ငံကနေ ထွက်ပြေးသွားဖို့ နည်းမျိုးစုံနဲ့ ခိုဒေါ် ကော့ဗ်စကီးကို ဖိအားပေးပါတယ်။ ဒါပေမဲ့ ခိုဒေါ် ကောဗ့်စကီးဟာ တခြားလူတွေလို တိုင်းပြည်က ထွက်မသွားတဲ့အပြင် လူငယ်တွေ ပညာရေးအတွက် နောက်ထပ် ဖေါင်ဒေးရှင်းအသစ်တွေ ထူထောင်ပါတယ်။ အတိုက်အခံပါတီတွေကိုလဲ အရင်အတိုင်း အကူအညီပေးပါတယ်။
၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ ပူတင်ရဲ့  ထောက်လှမ်းရေးအဖွဲ့က ခိုဒေါ်ကော့ဗ်စကီးကို ဖမ်းဆီးပါတယ်။ အခွန်တိမ်းရှောင်မှု၊ အကျင့်ပျက်ခြစားမှု စတာတွေနဲ့ စွဲချက်တင်ပြီး ထောင် ၈ နှစ် ချမှတ်ခဲ့ပါတယ်။ သူ့ ဖက်က လိုက်ပါပေးတဲ့ ရှေ့နေတွေ ထောက်ခံသူတွေ အားလုံးကိုပါ ပူတင် ထောက်လှမ်းရေးက နည်းမျိုးစုံနဲ့ စွဲချက်တင် ဖမ်းဆီးတာ ရှေ့နေလိုင်စင်ပိတ်တာတွေ လုပ်ခဲ့တာပါ။ ထောင်မချခင်မှာ ပူတင်ဟာ ခိုဒေါ်ကော့ဗ်စကီးကို အပြစ်ရှိကြောင်း ၀န်ခံပြောမယ်ဆိုရင် ပြန်လွတ်ပေးမယ်၊ ပိုင်ဆိုင်မူတွေနဲ့အတူ နိုင်ငံခြားကို ထွက်ခွါနေထိုင်ခွင့် ပေးမယ်ဆိုပြီး နည်းမျိုးစုံနဲ့ စည်းရုံနားချဖို့ ကျိုးစားပါတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာ လူချမ်းသာတဦးလိုနေရမဲ့ ဘ၀ထက် ရုရှားမှာပဲ အကျဉ်းသားဘ၀နဲ့ နေရတာက အနာဂါတ် ရုရှားမျိုးဆက်သစ်တွေအတွက် စံနမူနာကောင်းဖြစ်တယ်ဆိုပြီး ခိုဒေါ်ကော့ဗ်စကီးဟာ အပြစ်ရှိကြောင်း ၀န်ခံဖို့ ငြင်းဆိုပြီး အကျဉ်းသားဘ၀ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသား ခိုဒေါ်ကော့ဗ်စကီး
ခိုဒေါ်ကော့ဗ်စကီးဟာ အကျဉ်းထောင်ထဲကနေ ရုရှားနိုင်ငံတော် အနာဂါတ်နဲ့ပတ်သက်လို့ သူ့အယူအဆ-အတွေးအခေါ်တွေကို ဆောင်းပါးပုံစံ ရေးပြီး ထောင်ပြင်ကို ခိုးထုတ်ပါတယ်။ ထောင်ထဲကနေ ဆောင်းပါးတွေရေးနေတဲ့ ခိုဒေါ်ကော့ဗ်စကီးကို ပူတင်အမိန့်နဲ့ အလုပ်ကြမ်းရဲဘက်စခန်းကို ပို့ပါ တယ်။ ရဲဘက်စခန်းမှာပဲ ရုရှားရေနံထုတ်လုပ်မူနဲ့ပတ်သက်လို့ သူ့သဘောထားအမြင် စီးပွါးရေးစာတမ်းတစောင် ရေးသားပြုစုခဲ့သူပါ။ လွတ်လပ်ခြင်းအရသာနဲ့ ပတ်သက်လို့ ထောင်ထဲက ရေးပို့တာတွေကို ခိုဒေါ်ကော့ဗ်စကီး ထောက်ခံသူတွေက စာအုပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ထွက်လာချိန်မှာတော့ တခန်းထဲအတူနေ ရာဇ၀တ်အကျဉ်းသားတဦးက ခိုဒေါ်ကောဗ့်စကီးကို လုပ်ကြံသတ်ဖြတ်ဖို့ ကျိုးစားပါတယ်။ ဒီလုပ်ကြံမူဟာ ပူတင်အစိုးရရဲ့ လက်ချက်လို့ အများက ယူဆပါတယ်။ မတရားဖမ်းဆီး ထောင်ချထားတဲ့အပြင် ထောင်ထဲမှာပါ လုပ်ကြံသတ်ဖြတ်ဖို့ ကျိုးစားလာချိန်မှာတော့ နိုင်ငံတကာသတင်းမီဒီယာတွေက ပူတင်ကို ဝေဖန်ရေးသားလာပါတယ်။ ခိုဒေါ်ကော့ဗ်စကီးကို ဖမ်းဆီးထားတာဟာ ပူတင်ရဲ့နိုင်ငံရေးလုပ်ကြံမူတခု ဖြစ်တယ်လို့ ထောက်ပြလာပါတယ်။ အမေရိကန်မှာ ပညာသင်နေတဲ့သားဖြစ်သူ ပါဗယ်ခိုဒေါ်ကော့ဗ်စကီးကို ပူတင်အစိုးရက ပြည်တော်ပြန်ဝင်ခွင့်ပေးဖို့ ငြင်းဆိုပါတယ်။ အဖေကိုလဲဖမ်း သားကိုလဲ ပြန်လာခွင့်မပေးချိန်မှာတော့ ရုရှားမှာရော နိုင်ငံတကာမှာပါ ခိုဒေါ်ကော့ဗ်စကီး ပြန်လွတ်ပေးရေးတောင်းဆိုပွဲတွေ ပေါ်ပေါက်လာပါတယ်။ တချိန်က ခေတ်ပျက်သူဌေးလို့ လူသိများခဲ့တဲ့ ခိုဒေါ်ကော့ဗ်စကီးဟာ ရုရှားနိုင်ငံရဲ့  အထင်ရှားဆုံး အကျဉ်းသားတယောက် ဖြစ်လာပါတယ်။ ခိုဒေါ်ကော့ဗ်စကီးဟာ အကျင့်ပျက်ခြစားမူနဲ့ ဖမ်းဆီးထောင် ချခံရတာမဟုတ်ပဲ သူ့ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံနေရတာလို့ နိုင်ငံတကာကပါ အသိအမှတ်ပြုလာပါတယ်။ ခောတ်ပျက်သူဌေးကနေ ယုံကြည်ချက်ကြောင့် ဖမ်းဆီးထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်လာပါတယ်။
ပူတင် အကြောက်ရဆုံး လူသား
ခိုဒေါ်ကော့ဗ်စကီးကို ချမှတ်ထားတဲ့ ပြစ်ဒဏ်အရ ၂၀၁၁ ခုနှစ်ထဲမှာ ပြန်လွတ်ပေးရမှာပါ။ ဒါပေမဲ့ ပြန်လွတ်ပေးရမဲ့ရက် မတိုင်ခင်လေးမှာပဲ နောက်ထပ် စွဲချက်အသစ်တွေနဲ့ ထောင် ၅ နှစ် ထပ်ချပါတယ်။ ပြန်လွတ်မပေးပဲ နောက်အမှုတပ် ထောင်ချတဲ့အပေါ် နိုင်ငံတကာအစိုးရတွေကရော လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေကပါ ပူတင်ကို ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။ နိုင်ငံတကာဖိအားတွေ များလာသလို ခိုဒေါ်ကော့ဗ်စကီးကို ပြန်လွတ်ပေးရေး တောင်းဆိုပွဲတွေ အရှိန်မြင့်လာချိန်မှာ ထောင်ဒဏ် ၂ နှစ် လျော့ပေါ့ပေးပါတယ်။ ဆိုလိုတာကတော့ နောက်အမှု မတပ်ဘူးဆိုရင် သူဟာ ၂၀၁၄ ခုနှစ်ထဲမှာ ထောင်က ပြန်လွတ်လာတော့မှာပါ။ ခိုဒေါ်ကော့ဗ်စကီး ထောက်ခံသူတွေကတော့ ပူတင်ကို အယုံအကြည် မရှိကြပါဘူး။ လွတ်ရက်စေ့ခါနီးမှာ နောက်ထပ်အမူတွေနဲ့ ထောင်ထပ်ချနိုင်တယ်လို့ ယူဆနေပါတယ်။ ပူတင်အနေနဲ့ ခိုဒေါ်ကော့ဗ်စကီးကို ပြန်လွတ်ပေးရတဲ့ သတ္တိမရှိဘူးလို့လဲ သုံးသပ်ပါတယ်။ ခိုဒေါ်ကော့ဗ်စကီးရဲ့ ပုံရိပ်နဲ့အတွေးအခေါ်တွေ ရုရှားလူငယ်ကြားမှာ ရေပန်းစားလာမူဟာ ပူတင်ကို အကြောက်တရားတွေ ပိုဖိစီးလာတဲ့ အခြေအနေလို့လဲ တချို့က ယူဆပါတယ်။ အဲဒီလိုအခြေအနေမှာပဲ ထောင်ထဲကနေ ခိုဒေါ်ကော့ဗ်စကီ ရေးသားပေးပို့တဲ့ ဆောင်းပါးတွေ စုစည်းပြီး ပူတင်ရဲ့ အကျဉ်းသားဆိုတဲ့ စာအုပ်တအုပ် ထွက်ရှိလာပါတယ်။ လောလောဆယ် ရုရှားဘာသာနဲ့ ထုတ်ဝေထားပြီး ဘာသာစကား တော်တော်များများနဲ့ နိုင်ငံတကာကို ဖြန့်ချီဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ရုရှားမှာ ပူတင်ရဲ့ အကျဉ်းသားစာအုပ်ဟာ အရောင်းရအကောင်းဆုံး စာရင်းဝင်ခဲ့သလို စာအုပ်မိတ်ဆက်ပွဲကို ရုရှား စာပေလောကက အထင်ကရ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့တာပါ။
(အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့ သား ပါဗယ်ဒေါ်ကော့ဗ်စကီးက ပြင်သစ်နိုင်ငံမှာ လာရောက် တွေ့ဆုံနုတ်ဆက်ရင်း သူ့ဖခင် ရေးသားပြုစုထားတဲ့ စာအုပ်တွေကို လက်ဆောင်ပေးခဲ့ပါတယ်။ ဒေါ်စုနဲ့ ပါဗယ်တို့ တွေ့ဆုံခဲ့တဲ့သတင်းဟာ ဥရောပသတင်းမီဒီယာတွေမှာ အထူးရေပန်းစားခဲ့တဲ့ သတင်းတပုဒ်လဲဖြစ်ပါတယ်)။
ဆက်တိုက်ဆိုသလိုပဲ ခိုဒေါ်ကော့ဗ်စကီးဘ၀ကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်လဲ ထွက်ပေါ်လာပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကို ရုရှားမှာ ရုံတင်မပြဖို့ ပူတင်အစိုးရက ညွန်ကြားထားပါတယ်။ ခိုဒေါ်ကော့ဗ်စကီးဟာ နိုင်ငံတော်ပိုင်တွေကို ခိုးယူထားတဲ့ ခေတ်ပျက်သူဌေး သူခိုးတယောက်အနေနဲ့ပဲ ပူတင်အစိုးရက ၀ါဒဖြန့်ချီနေဆဲပါ။
ခိုဒေါ်ကော့ဗ်စကီးတွေ များများလိုသလား
ခောတ်ပျက်သူဌေး ခရိုနီစီးပွါးရေးလုပ်ငန်းရှင်ဆိုတဲ့ ဘ၀ကနေ ရုရှားနိုင်ငံရဲ့  နာမည်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်လာတဲ့ ခိုဒေါ်ကော့ဗ်စကီးဖြစ်ရပ်ကို သုံးသပ်ကြည့်ရမယ်ဆိုရင် …
အာဏာရှိသူနဲ့ လုံးဝမပေါင်းပဲ အတိုက်အခံတွေကိုပဲ ကူညီအားပေးသူတဦး။ ခောတ်ပျက်သူဌေးဘ၀က ချမ်းသာကြွယ်ဝလာမှုတွေကို မျိုးဆက်သစ် ခလေးလူငယ်တွေရဲ့ ပညာရေးအကူအညီတွေမှာ ပုံအောသုံးစွဲခဲ့သူ။ ရုရှားရဲ့ ကြောက်စရာအကောင်းဆုံးလူလို့ တင်စားတဲ့ ဗလာဒီမာပူတင်ကို ရဲရဲဝန့်ဝန့် ရင်ဆိုင်ခဲ့သူ။ နိုင်ငံရပ်ခြားကို ထွက်ပြီး စည်းဇိမ်ခံနေနိုင်တဲ့ဘ၀ကို စွန့်ပြီး ပူတင်ရဲ့ အကျဉ်းသားဘ၀ကို ကျေကျေနပ်နပ် ခံယူခဲ့သူဆိုတာ တွေ့ရမှာပါ။ ခိုဒေါ်ကော့ဗ်စကီးဖြစ်ရပ်နဲ့ပဲ ရုရှားရဲ့  တရားစီရင်ရေးစနစ် ယိုယွင်းပျက်စီးနေတာ၊ ဒီမိုကရေစီတန်ဖိုး ကင်းမဲ့နေတာကို နိုင်ငံတကာကရော ရုရှားလူထုကပါ သဘောပေါက်လာတာပါ။
အသွင်ကူးပြောင်းရေးအကြိုကာလမှာ ရုရှားလူထုက ခေတ်ပျက်သူဌေးတွေကို စက်ဆုပ်ရွံ့ရှာစရာ အကောင်းဆုံးလူတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ သူတို့ လေးစားအားကျလာသူကတော့ တချိန်က ရွံရှာမုန်းတီးခဲ့သူတွေထဲမှာပါခဲ့တဲ့ ခေတ်ပျက်သူဌေးဟောင်း ခိုဒေါ်ကောဗ့်စကီး ဖြစ်လာပါတယ်။
ခိုဒေါ်ကော့ဗ်စကီးအနေနဲ့ ဖေါင်ဒေးရှင်းထောင်ပေးရုံ၊ ပညာတော်သင်ကြေးထောက်ပံ့ပေးရုံ၊ အတိုက်အခံတွေကို ကူညီပေးရုံသက်သက်နဲ့ အများရဲ့  ယုံကြည်လေးစားမူကို ရခဲ့တာ မဟုတ်ပါဘူး။ အကျင့်ပျက်ခြစားနေတဲ့ အစိုးရ ယန္တယားကြီးကို ပြုပြင်ဖို့၊ ပျက်စီးနေတဲ့ တရားစီရင်ရေးစနစ်ကို မီးမှောင်းထိုးပြဖို့နဲ့ စစ်မှန်တဲ့ဒီမိုကရေစီကို ဦးတည်နိုင်ဖို့ ပူတင်ရဲ့အကျဉ်းသားဘ၀နဲ့ ပြတ်ပြတ်သားသား စံနမူနာပြ ရပ်တည်ပြနိုင်ခဲ့လို့ အများက လေးစားလာတာပါ။
ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအကြိုကာလမှာလဲ ခရိုနီပဲ ခေါ်ခေါ်  ခေတ်ပျက်သူဌေးလို့ပဲ သုံးသုံး အသွင်ကူးပြောင်းရေး လူချမ်းသာလို့ပဲ အမည်တပ်တပ် ခိုဒေါ်ကော့ဗ်စကီးလို ပုဂ္ဂိုလ်မျိုးတွေ ပေါ်မလာနိုင်ဘူးလို့ တော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒီကနေ့ထိတော့ မတွေ့ရသေးဘူးလို့ပဲ ပြောရမှာပါ။
မိုးအေး

Why I think Inter Pares was wrong on Burma


"Tin Maung Htoo speaks out"

Embassy Magazine [Canada's Foreign Policy Newspaper]
Published: Wednesday, 01/30/2013

"I am making this clarification in response to some misunderstandings and accusations put together by some elements, especially those who are close to, or under the influence of, Inter Pares, with which the Canadian Friends of Burma and myself have a beleaguered relationship over communal conflicts in Burma since last year."

Read more (subscription) at http://www.embassynews.ca/opinion/2013/01/30/why-i-think-inter-pares-was-wrong-on-burma/43170 




ကမ္ဘာဆိုတာ

ကမ္ဘာဆိုတာ

အထက်ပါ ပုံကတော့ စကြဝဠာ တစ်ခု ဖြစ်ပါတယ်။

စကြဝဠာ ရဲ့  အချင်းက အလင်းနှစ် ၉၃ ဘီလျံ ရှိပါတယ်။ အလင်းနှစ် တစ်နှစ်ဆိုတာ မိုင်ပေါင်း ၆ ထရီလီယံ ဖြစ်ပါတယ်။ ၁ ထရီလီယံ ဆိုတာ ၁ ပြီးရင် သုည ၁၈ လုံးပါတဲ့ ပမာဏ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ပမာဏ ၆ ထရီလီယံစာ အလင်းနှစ်ပေါင်း ၉၃ ဘီလျံဆိုတော့ ဘယ်လောက်တောင် ကျယ်သလဲဆိုတော့ လက်နဲ့ရေးချလို့တောင် မကုန်နိုင်ပါဘူး။

ယင်းထဲမှာမှာ ဘီလျံပေါင်းများစွာသော ကြယ်၊ ဂလက်ဆီ၊ ဥက္ကာခဲ၊ ဂြိုလ် များ ပါဝင်ပါတယ်။ ကမ္ဘာဆိုတာ နေ တစ်လုံးကို ဝန်းရံထားတဲ့ ဂြိုလ်ကြီးများထဲမှာ တစ်လုံးသာ ဖြစ်ပြီး စကြဝဠာ တစ်ခုမှာ ပါဝင်တဲ့ နေဆိုတာ ဘယ်လောက်တောင်များမှန်း တွက်ချက်လို့တောင် မကုန်ပါဘူး။ ကမ္ဘာရဲ့  တည်နေရာကို ဖော်ပြရရင်

ယင်းကဲ့သို့ စကြဝဠာ အစုပေါင်း ၄၀၀ ကျော်ထဲမှာမှ ကမ္ဘာဆိုတာ ပုံမှာ ရှာဖွေ ပြသထားတဲ့အတိုင်း တစ်ခုတည်းပဲ ဖြစ်ပါတယ်။ ဒီတော့ ယင်းကမ္ဘာ ထဲ မှာမှ လူတစ်ဦးတစ်ယောက်ဆိုတာ ရှုံငုံကြည့်လိုက် ရင် မြင်နိုင် စရာတောင်မရှိပါဘူး။

ဒီလိုဆန်းကြယ်တဲ့ စကြဝဠာကို အခြေခံလို့ ဘာသာရေးအယူအဆ၊ နည်းပညာ အယူအဆ၊ အာကာသပညာ အယူအဆမျိုးစုံ ဖြစ်ပေါ်လာပြီး ရှင်းလေးရှပ်လေ၊ လေ့လာလေ နက်နဲလေနဲ့ လေ့လာလို့ကို မကုန်နိုင်တဲ့ ပညာရပ် တစ်ခု ဖြစ်လာပါတယ်။
--
Ref: wiki
ရိုးရာလေး နည်းပညာ

http://www.yoyarlay.com/34020-what-is-earth

အေးချမ်းမွန်မှ  YoYarLay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကမ္ဘာဆိုတာ
အထက်ပါ ပုံကတော့ စကြဝဠာ တစ်ခု ဖြစ်ပါတယ်။

စကြဝဠာ ရဲ့  အချင်းက အလင်းနှစ် ၉၃ ဘီလျံ ရှိပါတယ်။ အလင်းနှစ် တစ်နှစ်ဆိုတာ မိုင်ပေါင်း ၆ ထရီလီယံ ဖြစ်ပါတယ်။ ၁ ထရီလီယံ ဆိုတာ ၁ ပြီးရင် သုည ၁၈ လုံးပါတဲ့ ပမာဏ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ပမာဏ ၆ ထရီလီယံစာ အလင်းနှစ်ပေါင်း ၉၃ ဘီလျံဆိုတော့ ဘယ်လောက်တောင် ကျယ်သလဲဆိုတော့ လက်နဲ့ရေးချလို့တောင် မကုန်နိုင်ပါဘူး။

ယင်းထဲမှာမှာ ဘီလျံပေါင်းများစွာသော ကြယ်၊ ဂလက်ဆီ၊ ဥက္ကာခဲ၊ ဂြိုလ် များ ပါဝင်ပါတယ်။ ကမ္ဘာဆိုတာ နေ တစ်လုံးကို ဝန်းရံထားတဲ့ ဂြိုလ်ကြီးများထဲမှာ တစ်လုံးသာ ဖြစ်ပြီး စကြဝဠာ တစ်ခုမှာ ပါဝင်တဲ့ နေဆိုတာ ဘယ်လောက်တောင်များမှန်း တွက်ချက်လို့တောင် မကုန်ပါဘူး။ ကမ္ဘာရဲ့  တည်နေရာကို ဖော်ပြရရင်

ယင်းကဲ့သို့ စကြဝဠာ အစုပေါင်း ၄၀၀ ကျော်ထဲမှာမှ ကမ္ဘာဆိုတာ ပုံမှာ ရှာဖွေ ပြသထားတဲ့အတိုင်း တစ်ခုတည်းပဲ ဖြစ်ပါတယ်။ ဒီတော့ ယင်းကမ္ဘာ ထဲ မှာမှ လူတစ်ဦးတစ်ယောက်ဆိုတာ ရှုံငုံကြည့်လိုက် ရင် မြင်နိုင် စရာတောင်မရှိပါဘူး။

ဒီလိုဆန်းကြယ်တဲ့ စကြဝဠာကို အခြေခံလို့ ဘာသာရေးအယူအဆ၊ နည်းပညာ အယူအဆ၊ အာကာသပညာ အယူအဆမျိုးစုံ ဖြစ်ပေါ်လာပြီး ရှင်းလေးရှပ်လေ၊ လေ့လာလေ နက်နဲလေနဲ့ လေ့လာလို့ကို မကုန်နိုင်တဲ့ ပညာရပ် တစ်ခု ဖြစ်လာပါတယ်။
--
Ref: wiki
ရိုးရာလေး နည်းပညာ

http://www.yoyarlay.com/34020-what-is-earth

အေးချမ်းမွန်မှ YoYarLay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ရန် ငြမ်းဆင်စဉ် ကျိုက်ထီးရိုးစေတီတော်မြတ်ရောင်ခြည်တော်ကွန့်မြူး

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ရန် ငြမ်းဆင်စဉ် ကျိုက်ထီးရိုးစေတီတော်မြတ်ရောင်ခြည်တော်ကွန့်မြူး
ထက်အောင်ခန့် (မြစ်မခ)
by Myit Makha Mediagroup on 31 Jan, 2013



ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် ငြမ်းဆင်နေစဉ် ရောင်ခြည်တော် ကွန့်မြူးခဲ့ကြောင်း သိရှိရသည်။
 
ပြင်ဦးလွင်မှဘုရားဖူးအဖွဲ့မှ ကားဆရာများဖြစ်သည့် ကိုအောင်ကိုကိုဦးနှင့် ကိုကျော်ဇေယျာလွင်တို့ နှစ်ဦးမှာ ငြမ်းဆင်နေသည့် ကျိုက်ထီးရိုးဆံတော်ရှင် မြတ်ပုံတော်အား ဖုန်းဖြင့်ဓာတ်ပုံရိုက်ရာမှ ရောင်ခြည်တော်ကွန့်မြူးနေသည့် ပုံတော်အား ရိုက်ကူး ဖူးမျှော်မိခြင်းဖြစ်သည်။
 
ယင်းကားဆရာများမှာ ကျိုက်ထီးရိုးစေတီတော်သို့ ပထမဦးဆုံးအကြိမ်သွားရောက်ဖူးမျှော်ခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက ရောင်ခြည်တော်ကွန့်မြူးနေပုံအား ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
 
ဆံတော်ရှင်စေတီအား ကားဆရာနှစ်ဦးပြိုင်တူရိုက်ကူးခဲ့ခြင်းဖြစ်သော်လည်း ကိုအောင်ကိုကိုဦး ရိုက်ကူးသည့် ပုံတော်၌သာ ယခုလို   ရောင်ခြည်တော်ကွန့်မြူးသည့်ပုံထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
 
 “ကျွန်တော်တို့ (၂၄) ရက်နေ့ (၇) နာရီ(၂၆) မိနစ်မှာ ကျွန်တော်တို့ ဓာတ်ပုံရိုက်တော့ ကျွန်တော့် ဘေးနားမှာလည်း ကျွန်တော့် အကိုတစ်ယောက်ပါ ဓာတ်ပုံအတူတူရိုက်ကြတယ်။ ကျွန်တော်တို့က လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ဖို့ ငြမ်းတွေဆင်နေတဲ့အချိန်မှာ ကျွန်တော်တို့ကလည်း ဘုရားကို ကိုယ်တိုင်ရွှေသင်္ကန်းမကပ်ရဘူး။ ငြမ်းဆင်နေတဲ့ ပုံကိုအမှတ်တရဖြစ်အောင်ဖုန်းနဲ့ရိုက်လိုက်တယ်။ ဖုန်းနဲ့ရိုက်လိုက်တဲ့အချိန်မှာ ပေါ်လာတာပါ ဟု ဥာဏ်တော်ကွန့်မြူးပုံ ဓာတ်ပုံကိုယ်တိုင်ရိုက်ကူးခဲ့သူ ကိုအောင်ကိုကိုဦး က ပြောသည်။
 
စတင်ရိုက်ကူးစဉ် ရာသီဥတုကောင်းမွန်ပြီး ကောင်းကင်မှာကြည်လင်တောက်ပလျှက်ရှိပြီး ရိုက်သည့် အချိန်တွင် ယခုကဲ့သို့   ပေါ်လာခြင်းဖြစ်ပြီး ဘေးနားမှဓာတ်ပုံရိုက်နေသူအား  မေးမြန်းရာတွင် ၄င်းပုံ၌ ရောင်ခြည်တော်ကွန့်မြူးခြင်းမရှိကြောင်းကိုလည်း သိရသည်။
 
 “ရိုက်နေတဲ့အချိန်မှာ ကောင်းကင်က တကယ်တမ်းကျတော့ လျှပ်စီးတွေလည်း မရှိဘူး။မိုးတွေလည်း မအုံ့ဘူး။ ရိုက်လိုက်တဲ့အချိန်မှာမှ လျှပ်စီးတန်းကြီးက ကျလာတာ။ ကျွန်တော်ကလည်း အဲ့လို အလင်းတန်းကြီးတွေကျ လာတော၊့ ကျွန်တော့်ဖုန်းကပဲ အလင်းပြန် တာလားဆိုပြီး ဘေးနားမှာ ရှိတဲ့ အကိုတစ်ယောက်ကို မေးတော့ ဆက်ရိုက်ကြည့်ဆိုပြီးတော့ ပြောတယ်။ ပထမဆုံးရိုက်လိုက်တော့ လျှပ်စီးတွေ ကျနေတဲ့ပုံပေါ်တယ်။ ဒုတိယပုံရိုက်လိုက်တော့ ဘုရားရဲ့စိန်ဖူးတော်နားကအ၀ိုင်းနားမှာ ခရမ်းရောင်တွေ ဟပ်ပြီးတော့ အောက်မှာရွှေ ရောင်တွေ ဟပ်နေတယ်။ ဟု ကိုအောင်ကိုကိုဦးမှ ၄င်း၏အတွေ့အကြုံနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
 
ဓာတ်ပုံရိုက်ကူးသည့်အခါတွင် ဘုရားပေါ်တွင်ရှိသော ဓာတ်ပုံဆရာများအား မေးမြန်းကြည့်ရာ ဘုရားမှရောင်ခြည်တော် ကွန့်မြူးတတ်ကြောင်းနှင့်သုံးနှစ်တစ်ကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူရာ၌ ထူးခြားမှုပြလေ့ရှိကြောင်းကိုလည်း သိရှိရသည်။
 
ဒါက ရောင်ခြည်တော်ကွန့်မြူးတာတဲ့ သုံးနှစ် တစ်ကြိမ်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်တိုင်း ထူးခြားမှုတွေ ပြတယ်။ ဒီနှစ်မှာ အကိုရဲ့ကံနဲ့ဘုရားရဲ့တန်ခိုးကြောင့် အကိုရတာပါလို့ပြောတယ်။ ကင်မရာသမားတွေကို အကိုတို့ ရိုက်တဲ့သက်တမ်းတစ်လျှောက်မှာ ဒီလိုလျှပ်စီးလက် တာတွေ ပါလားလို့မေးတော့ ကျွန်တော်တို့ဘုရားပေါ်မှာ စရိုက်ကတည်းက ဘုရားပေါ်မှာ ဒီလိုမျိုးကျခဲ့တာတွေ မရှိဘူးလို့ ပြောတယ်။ အဲ့ဒီ ကင်မရာသမားတွေက သူတို့ကိုပေးခဲ့ဖို့ တောင်းသေးတယ်ဟု ကိုအောင်ကိုကိုဦးက ပြောသည်။
 
ဓာတ်ပုံရိုက်သည့်နှစ်ယောက်စလုံးမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ရိုက်ခဲ့ခြင်းဖြစ်ပြီး ရိုက်ကူး လိုက်သည့်ပုံတွင် ရောင်ခြည်တော်ကွန့်မြူးပုံ မပေါ်သည့် ကိုကျော်ဇေယျာလွင်က ၄င်း၏ အတွေ့အကြုံနှင့် ပတ်သက်၍ ပြောသည်။
 
ကျွန်တော်တို့ရိုက်တာက Samsumg ဖုန်းနှစ်လုံးနဲ့ရိုက်တယ်။ ရိုက်တဲ့အချိန်က တစ်ပြိုင်တည်း တစ်ချိန်တည်းမှာ ရိုက်ကြတာ။ ကျွန်တော့် Samsumg ဖုန်းထဲမှာကြတော့မပေါ်ဘူး။ အောင်ကိုကိုဦးရဲ့ဖုန်းထဲမှာကြတော့ထူးထူး ခြားခြားပေါ်တာ။ ဟု ကိုကျော်ဇေယျာလွင်ကပြော သည်။
 
ယခုလိုရောင်ခြည်တော်ကွန့်မြူးသည့်ပုံတော်အားဘုရားဖူးလိုက်ပါလာသည့်သူ (၁၈၁) ဦးမှ ဖူးမျှော်ရန်အတွက် ဓာတ်ပုံကူးယူ လိုက်သည့်အခါတွင်လည်း ယခုကဲ့သို့ လျှပ်စီးများ ကျရောက်နေသည့် ပုံများသာ ထွက်လာပြီး ယခုအခါ ထိုရောင်ခြည်တော် ကွန့်မြူးသည့်ဓာတ်ပုံအား ပြန်လည်ကူးယူ၍ ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံ လှူဒါန်းမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
ကိုအောင်ကိုကိုဦးမှာ လူထုမေတ္တာ ပြင်ဦးလွင်-မန္တလေး မော်တော်ယာဉ်အသင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ၄င်း၏ ပထမအကြိမ်ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ခရီးစဉ်တွင် ယခုကဲ့သို့ ရောင်ခြည်တော် ကွန့်မြူးမှု ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
 

အောင်ထူး-- အယူအဆ


မာတလိ(မဲဆောက်) --၂၆-၁ -၂၀၁၃

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၁။-၂။-၃။-၄။- ၅) တို့ တွင် သူ အယူအဆကို အောက်ပါအတိုင်း ဖတ်ရသည်။

မြောက်ပိုင်း အေဘီမှာ လူသသတ်မှုမှာ ဥပဒေ ရေးရာ အရ နိုင်အောင်ဘက်မှ မှန်ကြောင်း စာထုတ်ခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုအကျိုးကို မျက်ကွယ်ပြုပြီး အစိုးရအကြိုက် လိုက်လုပ်ဆောင်နေတယ်လို့ စွပ်စွဲရေးသားတဲ့ အထဲ ပါမပါ အထက်ပါ စာသားများအရ စာဖတ်သူတို့ လေ့လာ နိုင်ကြပါတယ်။ သူဟာ ဆွီဒင်မှာ နေတယ်လို့တော့ ဘီဘီစီ ထုတ်လွှင့်ချက်မှာ ကြားလိုက်ရတယ်။ ဆွီဒင်နိုင်ငံသားလား၊ သြစတေလျှ နိုင်ငံသားလား ဘယ်ဟာ ခံယူထားမှန်း အသေအချာ မသိနိုင်ပါ။ အကြောင်းမှာ မယား တယောက်ကို ဆွီဒင်မှာ ထားပြီး ၊မယား တယောက်ကို သြစတေလျှမှာ ထားကာ ကူးသန်း နေထိုင်သူ ဖြစ်လို့ပါ။

၁။ “၀မ်းနည်းဖွယ်ကောင်းသည်မှာ လူထုထောက်ခံမှုကိုသာမက နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုပါ အကြီးအကျယ်ရနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေစိုးမိုးရေး စကားလုံးကို ထပ်ခါတလဲလဲ သုံးနေသော်လည်း ယင်းကို ရည်ညွန်း၍ ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးကို မည်သည့်အခါတွင်မျှ ဇောင်းမပေးခဲ့။ တည်ဆဲ မတရားဖိနှိပ်သည့် ဥပဒေများ ဖျက်သိမ်းရေးကို ထိထိရောက်ရောက် မတောင်းဆိုခဲ့။ လူထု၏ အခွင့်အရေးကို အကာအကွယ်မပေးဘဲ အစိုးရအာဏာပိုင်များ၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်၊ စစ်အာဏာရှင်များနှင့် စီးပွားဘက် ခရိုနီကြီးများ ဆက်လက် ကြီးပွားတိုးတက်စေမည့် ဥပဒေများအား လွှတ်တော်မှ ဟောတခု၊ ဟောတခု ပြဌာန်းနေသည်ကို ထိုင်၍ အတည်ပြုပေးလျက်ရှိနေသည်။”

 

၂။“ကချင်စစ်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ဥပက္ခာပြုမထားသင့်တော့ပါ။ တပြည်လုံး ပြည်တွင်းငြိမ်းချမ်းရေးအတွက် စတင်လှုပ်ရှားရန် အခွင့်အလမ်းအနေဖြင့် မှတ်ယူပြီး အမြန်ဆုံး အရေးယူဆောင်ရွက်သင့်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ တာဝန်ယူထားသော ဥပဒေစိုးမိုးရေးကော်မတီကို အသုံးချဆောင်ရွက်ရန် ကြိုးပမ်းနိုင်လျှင် သင့်လျော်ပါမည်။ ဘယ်အလုပ်ကို လုပ်ပါဟု သမ္မတ ဦးသိန်းစိန်က တာဝန်ပေးမှ ဥပဒေစိုးမိုးရေးကော်မတီအနေဖြင့် အလုပ်လုပ်၍ ရနိုင်မည်ဟူလျှင်မူ ဥက္ကဌနေရာမှ အမြန်ဆုံး ထွက်သင့်ပါသည်။ လူထုက အားကိုးသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကြီးသည် အစိုးရ၏ ခိုင်းဖတ်မဖြစ်သင့်ပါ။ မိမိကိုယ်တိုင်၏ လွတ်လပ်သော ဦးဆောင်မှုဖြင့် ကမကထပြု ဖော်ဆောင်ခြင်းသည်သာ အသင့်မြတ်ဆုံး ဖြစ်ပါမည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်နိုင်ပါမည်ဟူ၍ မက်လုံးချပေးထားသည်ကို ဟုတ်ယောင်နိုးနှင့် စစ်ခေါင်းဆောင်များ မနှစ်သက်မှာ စိုးရိမ်သဖြင့် တိုင်းပြည်နှင့်လူထုအတွက် လက်တွေ့နှင့် အမြန်ဆုံး လိုအပ်နေသော ငြိမ်းချမ်းရေးကိစ္စများအား လက်ရှောင်တာမျိုးဖြစ်လျှင် မသင့်တော်ပါ။”

- ၃။ “ယခုလောလောဆယ် ပြင်ဖို့ကြိုးစားရင် အန်အယ်လ်ဒီ အမတ်နေရာ လေးဆယ်ကျော်လောက်နဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မလဲဟု စောဒကတက်သူများ ရှိကောင်းရှိပါမည်။ လက်တွေ့မဖြစ်နိုင်ဘူး ထင်ရင် ဘာကြောင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့သလဲဟု ပြန်မေးရပါမည်။ လူထုကို ကတိပေးထားသည်မှာ ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ပြင်ဖို့ကြိုးစားရန်မဟုတ်၊ ကြားဖြတ်ရွေးကောက်ပွဲ သက်တမ်းအတွင်းမှာပင် ပြင်ရန်ဟု စာရေးသူ နားလည်သည်။ လွှတ်တော်အတွင်း၌ ဖွဲ့စည်းပုံပြင်ရန် ကြိုးစားစရာရှိတာ အမြန်ဆုံး ကြိုးစားသင့်ပါသည်။ လူထုကြီးကလည်း လွှတ်တော်ပြင်ပမှာ လှုပ်ရှားတောင်းဆိုမှုများရှိလာမှာ မုချဖြစ်သည်။ နိုင်ငံတကာဖိအားများလည်း ကျရောက်လာနိုင်သည်။”

၎။``ဒေါ်အောင်ဆန်းစုကြည်သည် အလယ်မှာနေမည်ဟူသော သူမ၏ ရပ်တည်မှုကို စွန့်လွှတ်ပြီး အမှန်တရား၊ တရားမျှတမှု၊ အဖိနှိပ်ခံလူထုများနှင့် အခွင့်အရေးဆုံးရှူံးနေကြသော တိုင်းရင်းသားများဘက်တွင် ပြန်လည်ရပ်တည်သင့်ပါပြီ။ ယင်းရပ်တည်ချက်အပေါ်တွင် အခြေခံ၊ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကို ခိုင်ခိုင်မြဲမြဲ ကိုင်စွဲလျက် ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စများအား စွမ်းစွမ်းတမံ ဆောင်ရွက်လိမ့်မည်၊ ကချင်ပြည်နယ်လူထု ရသင့်သည့် နိုင်ငံရေးအခွင့်အရေးများ လက်တွေ့ခံစားနိုင်ရေးအတွက် ပြတ်ပြတ်သားသား တိုက်ပွဲဝင်ပေးလိမ့်မည်ဟု မျှော်လင့်နေဆဲဖြစ်ပါသည်။´´
၅။ “ဆွေးနွေးညှိနိုင်းပြီး အဖြေရှာသည့် ယဉ်ကျေးမှုကို နှစ်ပေါင်းငါးဆယ် တောက်လျှောက် ငြင်းပယ်နေသူမှာ စစ်အစိုးရနှင့် စစ်အာဏာရှင်စနစ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် “ထိုးစစ်တွေ ချက်ချင်းရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပါ။” ဟု ပြောချင်လျှင် ဦးသိန်းစိန် ဦးဆောင်သည့် လက်ရှိစစ်အစိုးရကို တည့်တည့်ပြောဖို့ လိုပါမည်။ ၀ါးလုံးရှည်နှင့် ရမ်းပြောနေလျှင် မည်သို့မျှ ထိရောက်နိုင်မည် မဟုတ်ရုံသာမက တော်လှန်ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရန် တောက်လျှောက်တောင်းဆိုနေမှုကို အသိအမှတ်မပြုရာကျပါမည်။ ထို့အပြင် ယဉ်ကျေးမှုကင်းမဲ့သည့် သဘောမျိုး သုံးနှုန်းလိုက်သောအခါ အဖိနှိပ်ခံလူထုကြီးကိုပါ လူရိုင်းများအဖြစ် ရည်ညွှန်းရာရောက်သွားနိုင်ပါသည်။”

- အောင်ထူး ဟာ မဲဆောက်မှာ မြန်မာနိုင်ငံ ရှေ့ နေများကောင်စီ(ပြည်ပ)ကို မဲဆောက်မှာ ထောင် ခဲ့တယ်။ မြောက်ပိုင်း အေဘီမှာ လူသသတ်မှုမှာ ဥပဒေ ရေးရာ အရ နိုင်အောင်ဘက်မှ မှန်ကြောင်း စာထုတ်ခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုအကျိုးကို မျက်ကွယ်ပြုပြီး အစိုးရအကြိုက် လိုက်လုပ်ဆောင်နေတယ်လို့ စွပ်စွဲရေးသားတဲ့ အထဲ ပါမပါ အထက်ပါ စာသားများအရ စာဖတ်သူတို့ လေ့လာ နိုင်ကြပါတယ်။ သူဟာ ဆွီဒင်မှာ နေတယ်လို့တော့ ဘီဘီစီ ထုတ်လွှင့်ချက်မှာ ကြားလိုက်ရတယ်။ ဆွီဒင်နိုင်ငံသားလား၊ သြစတေလျှ နိုင်ငံသားလား ဘယ်ဟာ ခံယူထားမှန်း အသေအချာ မသိနိုင်ပါ။ အကြောင်းမှာ မယား တယောက်ကို ဆွီဒင်မှာ ထားပြီး ၊မယား တယောက်ကို သြစတေလျှမှာ ထားကာ ကူးသန်း နေထိုင်သူ ဖြစ်လို့ပါ။

မာတလိ(မဲဆောက်)

တဒင်္ဂအတွင်း အသက်ပေါင်းများစွာ

တဒင်္ဂအတွင်း အသက်ပေါင်းများစွာ

ရေးသားသူ- ဥက္ကာကိုကို၊ အိဖြူမွန်

“ကျွန်တော့်ဘေးနားက သေသွားတဲ့ သုံးနှစ်ကလေးမလေးကို မြင်ယောင်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံချင်တော့ဘူး”
ရခိုင်ရိုးမတစ်နေရာက ပေတစ်ရာ နီးပါးနက်သော ချောက်အတွင်း၌ ကိုဝင်းဇော်သတိရလာချိန်တွင် သူ့ကိုယ်ပေါ် လူသုံးဦးလဲကျနေသည်။ သုံးဦးအနက် တစ်ဦးက သေဆုံးနေပြီဖြစ်ပြီး နောက်တစ်ဦးက ညည်းညူနေသည့် ဘုန်းတော်ကြီး တစ်ပါးဖြစ်သည်။ ချမ်းအေးလှသော ညအမှောင်ထုထဲတွင် ကယ်ပါ၊ ယူပါ တစာစာနှင့် အကူအညီတောင်းသံ၊ ငိုကြွေးသံ၊ နာကျင်စွာ ညည်းညူသံများဖြင့် ကမ္ဘာပျက်နေသည့်အလား။

ကိုယ်ပေါ်မှာ ပိနေသည့်လူများကို ကိုဝင်းဇော်တစ်ယောက် ရှိသမျှအင်အားလေးဖြင့် ဖယ်ထုတ်ရန် ကြိုးစားသော်လည်း ထိုင်ခုံကြားမှာ ညပ်နေသည့် သူ့ဘယ်ဘက်ခြေထောက်က လုံးဝလှုပ်ရှား၍ မရတော့။ ထိုအချိန်မှာ ညအလင်းရောင် မှုန်ဝါးဝါးအောက်တွင် ကိုဝင်းဇော်တွေ့လိုက်ရသည်က သူ့နံဘေးလဲကျနေသော သုံးနှစ်အရွယ် ကလေးမလေးတစ်ဦး...

“ကလေးကို လှုပ်ကြည့်တယ်။ လုံးဝမလှုပ်တော့ဘူး။ သူ့နှာခေါင်းမှာ သွေးတွေထွက်နေတယ်။  ကျွန်တော် စိတ်ထဲမကောင်းလွန်းလို့ ပွေ့ဖက်ထားမိတယ်” ဟု ပြောပြသည့် ကိုဝင်းဇော်၏ အသံက တုန်ယင်နေသည်။

ထိုဖြစ်စဉ်မှာ ရန်ကုန်မှ တောင်ကုတ်သို့  ထွက်ခွာသွားသော အောင်သစ္စာလေအိတ်ကား တိမ်းမှောက်မှုတွင် ပါဝင်ခဲ့သော ခရီးသည်တစ်ဦးဖြစ်သည့် ၃၂နှစ်အရွယ် တောင်ကုတ်မြို့သား ကိုဝင်းဇော်က ပြန်လည်ပြောပြခြင်းဖြစ်သည်။

ဇန်န၀ါရီ ၂၂ ရက် ညနေ သုံးနာရီခန့်တွင် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဝင်းမှ ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ ခရီးသည်လေးဆယ်ကျော်ကို တင်ဆောင်၍ ထွက်ခွာလာသော အောင်သစ္စာလေအိတ်ကားသည် ရခိုင်ရိုးမအဆင်း၊ တောင်ကုတ်မြို့နယ်အပိုင်၊ နေပူတောင်ကြောရှိ  လမ်းကွေ့တွင်ဘရိတ်ပေါက်၍  အမြင့်ပေတစ်ရာကျော် ချောက်ထဲသို့ ထိုးကျသွားခဲ့သည်။ အချိန်မှာ ဇန်န၀ါရီ ၂၃ ရက် နံနက် သုံးနာရီဝန်းကျင်ဖြစ်သည်။

ယခု ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီးခုနစ်ဦး  သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြသည်။ ကားပေါ်တွင် လိုက်ပါလာကြသူများမှာ သံတွဲ၊ တောင်ကုတ်၊ မောင်တော၊ စစ်တွေ၊ တောင်ကြီး၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ ပဲခူး၊ မော်လမြိုင်၊ ပြည်၊ မြောက်ဦး၊ ရန်ကုန်၊ ပုဏ္ဏား ကျွန်း၊ ရမ်းဗြဲ၊ ရမည်းသင်း၊ မာန်အောင်၊ တောင်ငူမြို့တို့မှ ပါဝင်ကြသည်။

ကိုဝင်းဇော်သည် တောင်ကုတ်မြို့ရှိ ၎င်း၏လုပ်ငန်းတွင် ကူညီလုပ်ကိုင်ရန်အတွက် ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ မိတ်ဆွေတစ်ဦး၏ သားဖြစ်သူ မောင်ရှင်းသန့်မောင်ကို သွားရောက်ခေါ်ဆောင်လာခြင်းဖြစ်သည်။ သူတို့ စီးနင်းလိုက်ပါလာသော အောင်သစ္စာကားသည် ရိုးမတောင်ပေါ်ရှိ ရေပေါ်ကြီးစခန်းတွင် ဆယ်မိနစ်ခန့်နားကြပြီး ချမ်းအေးလှသော ရာသီဥတုကြောင့် ခရီးသည်များ မီးဆင်းလှုံခဲ့ကြသေးသည်။

“ဆက်ထွက်တဲ့အချိန်မှာ ရန်ကုန်ကစမောင်းလာတဲ့ အသက်ကြီးကြီးကားသမားအစား ခပ်၀၀ အသက်ငယ်ငယ်နဲ့ အခုသေသွားတဲ့ ဒရိုင်ဘာတက်မောင်းတယ်။ စမောင်းပြီး နာရီဝက်လောက်ပဲ ကြာမယ်ထင်တယ်။ အခုလိုဖြစ်တာ” ဟု ကိုဝင်းဇော်က ဆိုသည်။

သူသတိထားမိသည့်အချိန်တွင် ကားသွားနေသည့်အရှိန်က အလွန်မြန်နေပြီး လမ်းကြမ်းသဖြင့် ခုန်ပေါက်နေသည်ဟု ကိုဝင်းဇော်က ပြောသည်။ ရုတ်တရက်ချောက်ထဲသို့ ထိုးဆင်းသွားချိန်တွင် ကားမီးရောင်ကြောင့် ချောက်ထဲမှ ရေနီပင်များ၊ ၀ါးပင်များကို မြင်နေရသည် ဟု သူက ဆိုသည်။

ချောက်ထဲမကျခင် ကားအရှိန်ပြင်းနေစဉ်ကပင် ကားအတွင်းမှ အမျိုးသမီးများ၏ ဘုရားတသံများ၊ အာမေဋိတ်သံများ ထွက်ပေါ်နေကြပြီဖြစ်သည်။ ချောက်ထဲကျသွားသည့် စက္ကန့်ပိုင်းအတွင်းမှာတော့ ကားတစ်စီးလုံး အော်သံငိုသံများဖြင့် ပွက်လောရိုက်သွားခဲ့သည်။ ကိုဝင်းဇော် မျက်စိစုံမှိတ်ထားမိလိုက်စဉ်တွင် ကားကြီးက တစ်ပတ်နှစ်ပတ်လိမ့်ထွက်ပြီး ချောက်အတွင်း ချောင်းငယ်နံဘေးတောင်နံရံကို ၀င်တိုက်ကာ ပြန်ကျ၍ ရပ်သွားခဲ့သည်။

ကိုဝင်းဇော် ပြန်သတိရလာချိန်တွင် ကိုယ်ပေါ်၌ လူသုံးဦးပိမိနေခြင်းနှင့်အတူ ကားထိုင်ခုံကြားညပ်နေသော သူ့ဘက်ဘက်ခြေထောက်ကလည်း ပေါင်မှ ကျိုးသွားခဲ့ပြီဖြစ်သည်။ ဘေးမှန်တံခါးမှနေ ရုန်းထွက်ရန် ကြိုးစားသော် လည်း မအောင်မြင်ခဲ့ပေ။

“ဆယ့်ငါးမိနစ်လောက်ကြာတော့ တောင်ပေါ်ကားတစ်စီး လာနေသံကြားနေရတယ်။ ကျွန်တော်တို့ကားထဲက အကောင်းပကတိကျန်ခဲ့တဲ့လူတစ်ယောက်က ဓာတ်မီးနဲ့ တောင်ပေါ်တက်သွားတာ တွေ့လိုက်တယ်” ဟု သူက ပြောပြသည်။

ကံကောင်းထောက်မစွာ ကြီးကြီးမားမား ဒဏ်ရာမရသူတစ်ဦးက တောင်ပေါ်သို့တက်၍ လာနေသည့် ကားတစ်စီးကိုတားကာ အကူအညီတောင်းခဲ့သဖြင့် ထိုကားတွင် ပါလာသော လူခြောက်ဦး ချောက်အတွင်းဆင်းလာခဲ့ သည်။ ထိုအထဲမှ နှစ်ဦးက ကိုဝင်းဇော်တို့ကို ကားအတွင်းမှဆွဲထုတ်ပြီး ချောက်အတွင်းကွက်လပ် တစ်နေရာတွင် နေရာချပေးကြသည်။

ထိုအခါမှ လှိုင်သာယာမှ ခေါ်လာသော အသက် ၁၈ နှစ် အရွယ် မောင်ရှင်းသန့်အောင်ကို ကိုဝင်းဇော်သတိရ၍ အော်ခေါ်ကြည့်ရာ ခပ်ဝေးဝေးမှာရှိနေသည့် မောင်ရှင်းသန့်အောင်က ခြေထောက်ကျိုးနေ၍ မထနိုင်ဟု ပြန်ထူးသည်။

“ကျွန်တော့်အတွက် ဒါပထမဆုံးခရီးထွက်ဖူးတာ။ ရခိုင်ကိုလည်း ခုမှစသွားဖူးတာ။ မှောက်မယ်မှန်းဘယ်သိမလဲ။ ကားကချောက်ထဲဆင်းတဲ့အချိန်မှာ နှစ်ပြန်၊ သုံးပြန် လိမ့်သွားတယ်။ လိမ့်တဲ့အထဲ ကျွန်တော်ပါသလား၊ မပါခဲ့သလား မမှတ်မိဘူး။ ကျွန်တော် သတိရတဲ့အချိန်မှာ ချောက်ကမ်းပါးထဲက ထိုးထွက်နေတဲ့ တောင်ကမူလေးနဲ့ သစ်ပင်တွေကြားမှာ ရောက်နေတယ်။ ကားနဲ့တော့ သိပ်မဝေးဘူး။ ကားခေါင်းကြီးက စိုက်ကျနေတယ်။ ကားထဲမှာ ငိုသံတွေ၊ ညည်းသံတွေ ကြားနေရတယ်။ အမှောင်ထဲမှာ စမ်းရင်းနဲ့ ဓာတ်မီးနဲ့ရေဘူးတစ်ဘူးတွေ့တယ်။ ထိုးကြည့်တော့ ကားမောင်းတဲ့လူက သွေးအလိမ်းလိမ်းနဲ့ သေနေတယ်။ သူ့ကို တော်တော်လေး ခက်ခက်ခဲခဲ ဆွဲထုတ်နေတာ တွေ့ရတယ်” ဟု ကိုဝင်းဇော်နှင့်အတူပါလာသော မောင်ရှင်းသန့်အောင်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

ကားအတွင်း လူလေးဆယ်ကျော်ပါလာခြင်းကြောင့် ကယ်ဆယ်ရန် အင်အားနည်းပါးနေသည့်အတွက် ကူညီနေသူ ခြောက်ဦးက ဖုန်းဆက်၍ အကူအညီများ တောင်းခံကြရသည်။

ထို့နောက်အကူအညီများ တဖြည်းဖြည်းရောက်ရှိလာကြပြီး ကားအတွင်းမှ တစ်ဦးချင်းစီကို ဆွဲထုတ်ကြတော့သည်။ သေဆုံးသူ အလောင်းများနှင့် ဒဏ်ရာရရသူများ ချောက်အတွင်း စုပြုံလာသည်။ “ကားထဲက လူတစ်ယောက်က အရမ်းအော်နေတယ်။ ကယ်တဲ့လူတွေကလည်း သူ့ဆီသွားဖို့ အခက်အခဲတွေ့နေကြတယ်ထင်တယ်။ မနက်မိုးလင်းခါနီးလောက်မှ သူ့ကို သွားထုတ်နိုင်ကြတယ်။ သူသေသွားသလား၊ ရှင်သလားတော့မသိဘူး” ဟု ကိုဝင်းဇော်က သူမှတ်မိသည့် မြင်ကွင်းတစ်ခုကို ပြောသည်။

တောင်နံရံကို မှီ၍လဲနေသည့် ကိုဝင်းဇော်အနီးမှ လူတစ်ဦးက ရေဆာသည်ဟု ညည်းညူနေသော်လည်း မည်သူမှ ရေပေးရန် မအားကြ။ ထိုအချိန်က သူတို့အတွက် ရှည်ကြာလွန်းလှသည်။ နံနက် ငါးနာရီခန့်တွင် မိုင်သုံးဆယ် ခန့်ဝေးသည့် တောင်ကုတ်မြို့မှ နာရေးကားတစ်စီးရောက်လာပြီး အသက်ရှင်ကျန်ရစ်ပြီး ဒဏ်ရာပြင်းထန်သူများကို တစ်သုတ်ပြီး တစ်သုတ်တင်ဆောင်လျက်ရှိသည်။ ကိုဝင်းဇော်က နောက်ဆုံးအခေါက်တွင်မှ အလောင်းများနှင့်အတူ လိုက်ပါရသည်။ သူ့နံဘေးမှ ရေတောင်းနေသည့်လူနာလည်း ပါလာပြီး နာရေးကားပေါ်မှ လူတစ်ဦးက ရေတစ်ဘူး   ထုတ်တိုက်သည်။

“အဲဒီရေဘူးကို သူ့ဘာသာ ကိုင်သောက်တယ်။ ဆေးရုံရောက်ပြီး မကြာခင် သူဆုံးသွားတယ်” ဟု ကိုဝင်းဇော်က ပြောသည်။

ကိုဝင်းဇော်တစ်ယောက် ချောက်အတွင်းရှိနေစဉ်အချိန်မှာ တောင်ကုတ်မြို့ရှိ သူ၏မိခင်ဖြစ်သူခမျာ မပဋာမြေလူးဖြစ်နေခဲ့ရသည်။ ဆေးရုံသို့ တစ်စီးပြီးတစ်စီး ဆိုက်ရောက်လာသည့် လူနာတင်ယာဉ်များကို အပြေးအလွှားသွားကြည့်ပြီး တစ်စီးမှာမှ ပါမလာသည့်အခါ သားအပေါ် စိုးရိမ်မှုက ပိုမိုမြင့်မားလာခဲ့ရသည်။

ဒဏ်ရာရသူများကိုသာ ဦးစွာ ပို့ဆောင်နေခြင်းဖြစ်ပြီး သေဆုံးသည့်အလောင်းများကို နောက်ဆုံးမှ သယ်ဆောင်လိမ့်မည်ဟု တစ်ယောက်တစ်ပေါက် ထင်ကြေးပေးနေကြသည့် စကားသံတို့က စိတ်နှလုံးကို လှုပ်ခါနေခဲ့သည်။

“အရီးရင်ထဲမှာ မီးလာမွှေးသလိုပဲ ပူနေတယ်။ ငိုလိုက်ရတာ မပြောပါနဲ့တော့။ ပါလာတဲ့သူတွေကလည်း အကောင်းပကတိ တစ်ယောက်မှ မပါလာ။ ကျိုးပဲ့အော်ဟစ်နေတာ သွေးသံတရဲရဲ။ သားရဲ့သူငယ်ချင်းက စိတ်မပူပါနဲ့လို့ ဖျောင်းဖျတယ်။ မွေးထားတာမှ သားနှစ်ယောက်ပဲရှိတာ။ ဒီသားက အငယ်ဆုံး။ အမေနဲ့နေတယ်။ အရူး တစ်ယောက်လိုခံစားနေရတယ်” ဟု ကိုဝင်းဇော်၏ မိခင်က ခံစားချက်ကိုပြောသည်။

နောက်ဆုံး လူနာတင်ယာဉ်နှင့် ကိုဝင်းဇော်ပါလာပြီဟု အသိတစ်ဦးက ဖုန်းဖြင့်လှမ်းပြောသော်လည်း မိခင်ဖြစ်သူက မယုံကြည်နိုင်ရှိနေခဲ့သည်။ “သေတဲ့လူက အများကြီးဆိုတော့ ကိုယ်မှမမြင်ရတာ ဘယ်ယုံမလဲ။ ရောက်လာတော့ သားမျက်နှာကို မမှတ်မိဘူး။ ဖူးရောင်နေတယ်။ ကြောင်ပြီးကြည့်နေတာ” ဟု ဆိုသည်။ ထို့နောက် သားအမိနှစ်ဦးဖက်၍ အားပါးတရ ငိုကြွေးမိကြသည်။ 

သံတွဲမြို့ခံ အမျိုးသားတစ်ဦးမှာတော့ ထူးထူးခြားခြား ကံကောင်းခဲ့သည်။ ကားစထွက်စဉ်ကတည်းက ယမကာမှီဝဲလာခဲ့ပြီး ထမင်းစားနား၍ ကားဆက်ထွက်ချိန်တွင် ကျောက်ဖြူသို့သွားမည့် တခြားအောင်သစ္စာကားတစ်စီး ပေါ်သို့ မှားတက်ခဲ့၍ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

အောင်သစ္စာကားတိမ်းမှောက်သည့် နေရာတွင် တစ်နှစ်လျှင် အနည်းဆုံးမတော်တဆမှု နှစ်ကြိမ်ဖြစ်ပေါ်တတ်ကြောင်း၊ နေပူတောင်ဆင်းလမ်းတွင် နှစ်ဖာလုံခန့် ပြေပြစ်သည့်နေရာအလွန် မတ်စောက်သော ဂငယ်ကွေ့ရှိ ပြီး မောင်းနှင်မှုမကျွမ်းကျင်ပါက တိမ်းမှောက်မှုဖြစ်ပေါ်နိုင်သော နေရာဖြစ်သည်။

“အခုက ရိုးတောင်ပေါ်က ကားမတော်တဆမှုတွေထဲမှာ လူသေတာအများဆုံးနဲ့ ဒဏ်ရာရတာအများဆုံးပဲ။ ၁၉၉၇ တုန်းက တစ်ခါဖြစ်တာ တစ်ယောက်ပဲ သေတယ်။ အဲ့ဒီနေရာမှာ အရှိန်မထိန်းနိုင်လို့ ကုန်တင်ကားတွေ ခဏခဏ ချောက်ထဲကျတယ်။ လူတော့မသေဘူး” ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

အောင်သစ္စာယာဉ်လိုင်းက သေဆုံးသူများအတွက် ကူငွေ  ကျပ်နှစ်သိန်းစီထောက်ပံ့ပေးခဲ့ ပြီး သံတွဲမြို့ဆေးရုံတွင် ကုသမှု ခံယူနေသည့် ထိခိုက်ဒဏ်ရာရသူများကို ငွေကျပ်ငါးထောင်နှင့် မုန့်များ လာရောက်ပေးအပ်ခဲ့ကြောင်း သံတွဲမြို့ခံတစ်ဦးက ပြောသည်။

“လူတစ်ယောက်ရဲ့ အသက်ကို ဘယ်လိုလျော်ရမလဲ။ သိန်းငါးဆယ်ပေးတောင်မရဘူး။ အခုပေးတာက လျော်ကြေးမဟုတ်ဘူး။ အသုဘစရိတ်အတွက် ကူငွေပေးတာပါ။ လျော်တာက အာမခံက လုပ်ပါလိမ့်မယ်” ဟု အောင်သစ္စာ (တောင်ကုတ်) ယာဉ်လိုင်းပိုင်ရှင် ဦးစောရွှေက ပြောသည်။

သေဆုံးသွားသည့် သုံးနှစ်အရွယ်ကလေးငယ်နှင့် ၎င်း၏မိခင်ဖြစ်သူတို့မှာ ကွမ်းခြံကုန်းမြို့နယ်မှဖြစ်ကြပြီး သံတွဲမြို့မှ အမျိုး တစ်ဦးနာရေးသို့လာရောက်ရင်း အဖြစ်ဆိုးကြုံကြရခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများကို တောင်ကုတ် ဆေးရုံ၊ သံတွဲဆေးရုံတို့မှ ကုသပေးခဲ့ကြပြီး အချို့မှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ လာရောက်ကုသနေကြသည်။

“ကျွန်တော့်ဘေးနားက သေသွားတဲ့ သုံးနှစ်ကလေးမလေးကို မြင်ယောင်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံချင်တော့ဘူး” ဟု ကိုဝင်းဇော်က ပြောရင်း အသံတိမ်ဝင်သွားသည်။ မြင့်မားသော ရိုးမတောင်ပေါ်မှ ကွေ့ကောက်သည့် လမ်းကြီးမှာ ကျဉ်းမြောင်းသည့်အပြင် လမ်းသားမကောင်းခြင်းကလည်း ပြဿနာတစ်ရပ်ဖြစ်သည်။ 

ရန်ကုန်မှပြန်လာ၍ ရခိုင်ရိုးမပေါ် ဖြတ်သန်းတိုင်း ကိုယ့်ရပ်ကိုယ့်မြေ ပြန်ရောက်ပြီဟူ၍ ကြည်နူးစိတ်ဖြစ်မိသည့် ကိုဝင်းဇော်တစ်ယောက် ယခုအခါမှာတော့ သူချစ်တဲ့ ရိုးမကိုဖြတ်သန်းတိုင်း အဖြစ်ဆိုးကို သတိရသည့် စိုးရိမ်စိတ်များ ၀င်လာတော့မည်ဖြစ်သည်။      ။

ရေးသားသူ- ဥက္ကာကိုကို၊ အိဖြူမွန်

“ကျွန်တော့်ဘေးနားက သေသွားတဲ့ သုံးနှစ်ကလေးမလေးကို မြင်ယောင်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံချင်တော့ဘူး”
ရခိုင်ရိုးမတစ်နေရာက ပေတစ်ရာ နီးပါးနက်သော ချောက်အတွင်း၌ ကိုဝင်းဇော်သတိရလာချိန်တွင် သူ့ကိုယ်ပေါ် လူသုံးဦးလဲကျနေသည်။ သုံးဦးအနက် တစ်ဦးက သေဆုံးနေပြီဖြစ်ပြီး နောက်တစ်ဦးက ညည်းညူနေသည့် ဘုန်းတော်ကြီး တစ်ပါးဖြစ်သည်။ ချမ်းအေးလှသော ညအမှောင်ထုထဲတွင် ကယ်ပါ၊ ယူပါ တစာစာနှင့် အကူအညီတောင်းသံ၊ ငိုကြွေးသံ၊ နာကျင်စွာ ညည်းညူသံများဖြင့် ကမ္ဘာပျက်နေသည့်အလား။

ကိုယ်ပေါ်မှာ ပိနေသည့်လူများကို ကိုဝင်းဇော်တစ်ယောက် ရှိသမျှအင်အားလေးဖြင့် ဖယ်ထုတ်ရန် ကြိုးစားသော်လည်း ထိုင်ခုံကြားမှာ ညပ်နေသည့် သူ့ဘယ်ဘက်ခြေထောက်က လုံးဝလှုပ်ရှား၍ မရတော့။ ထိုအချိန်မှာ ညအလင်းရောင် မှုန်ဝါးဝါးအောက်တွင် ကိုဝင်းဇော်တွေ့လိုက်ရသည်က သူ့နံဘေးလဲကျနေသော သုံးနှစ်အရွယ် ကလေးမလေးတစ်ဦး...

“ကလေးကို လှုပ်ကြည့်တယ်။ လုံးဝမလှုပ်တော့ဘူး။ သူ့နှာခေါင်းမှာ သွေးတွေထွက်နေတယ်။ ကျွန်တော် စိတ်ထဲမကောင်းလွန်းလို့ ပွေ့ဖက်ထားမိတယ်” ဟု ပြောပြသည့် ကိုဝင်းဇော်၏ အသံက တုန်ယင်နေသည်။

ထိုဖြစ်စဉ်မှာ ရန်ကုန်မှ တောင်ကုတ်သို့ ထွက်ခွာသွားသော အောင်သစ္စာလေအိတ်ကား တိမ်းမှောက်မှုတွင် ပါဝင်ခဲ့သော ခရီးသည်တစ်ဦးဖြစ်သည့် ၃၂နှစ်အရွယ် တောင်ကုတ်မြို့သား ကိုဝင်းဇော်က ပြန်လည်ပြောပြခြင်းဖြစ်သည်။

ဇန်န၀ါရီ ၂၂ ရက် ညနေ သုံးနာရီခန့်တွင် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဝင်းမှ ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ ခရီးသည်လေးဆယ်ကျော်ကို တင်ဆောင်၍ ထွက်ခွာလာသော အောင်သစ္စာလေအိတ်ကားသည် ရခိုင်ရိုးမအဆင်း၊ တောင်ကုတ်မြို့နယ်အပိုင်၊ နေပူတောင်ကြောရှိ လမ်းကွေ့တွင်ဘရိတ်ပေါက်၍ အမြင့်ပေတစ်ရာကျော် ချောက်ထဲသို့ ထိုးကျသွားခဲ့သည်။ အချိန်မှာ ဇန်န၀ါရီ ၂၃ ရက် နံနက် သုံးနာရီဝန်းကျင်ဖြစ်သည်။

ယခု ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီးခုနစ်ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြသည်။ ကားပေါ်တွင် လိုက်ပါလာကြသူများမှာ သံတွဲ၊ တောင်ကုတ်၊ မောင်တော၊ စစ်တွေ၊ တောင်ကြီး၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ ပဲခူး၊ မော်လမြိုင်၊ ပြည်၊ မြောက်ဦး၊ ရန်ကုန်၊ ပုဏ္ဏား ကျွန်း၊ ရမ်းဗြဲ၊ ရမည်းသင်း၊ မာန်အောင်၊ တောင်ငူမြို့တို့မှ ပါဝင်ကြသည်။

ကိုဝင်းဇော်သည် တောင်ကုတ်မြို့ရှိ ၎င်း၏လုပ်ငန်းတွင် ကူညီလုပ်ကိုင်ရန်အတွက် ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ မိတ်ဆွေတစ်ဦး၏ သားဖြစ်သူ မောင်ရှင်းသန့်မောင်ကို သွားရောက်ခေါ်ဆောင်လာခြင်းဖြစ်သည်။ သူတို့ စီးနင်းလိုက်ပါလာသော အောင်သစ္စာကားသည် ရိုးမတောင်ပေါ်ရှိ ရေပေါ်ကြီးစခန်းတွင် ဆယ်မိနစ်ခန့်နားကြပြီး ချမ်းအေးလှသော ရာသီဥတုကြောင့် ခရီးသည်များ မီးဆင်းလှုံခဲ့ကြသေးသည်။

“ဆက်ထွက်တဲ့အချိန်မှာ ရန်ကုန်ကစမောင်းလာတဲ့ အသက်ကြီးကြီးကားသမားအစား ခပ်၀၀ အသက်ငယ်ငယ်နဲ့ အခုသေသွားတဲ့ ဒရိုင်ဘာတက်မောင်းတယ်။ စမောင်းပြီး နာရီဝက်လောက်ပဲ ကြာမယ်ထင်တယ်။ အခုလိုဖြစ်တာ” ဟု ကိုဝင်းဇော်က ဆိုသည်။

သူသတိထားမိသည့်အချိန်တွင် ကားသွားနေသည့်အရှိန်က အလွန်မြန်နေပြီး လမ်းကြမ်းသဖြင့် ခုန်ပေါက်နေသည်ဟု ကိုဝင်းဇော်က ပြောသည်။ ရုတ်တရက်ချောက်ထဲသို့ ထိုးဆင်းသွားချိန်တွင် ကားမီးရောင်ကြောင့် ချောက်ထဲမှ ရေနီပင်များ၊ ၀ါးပင်များကို မြင်နေရသည် ဟု သူက ဆိုသည်။

ချောက်ထဲမကျခင် ကားအရှိန်ပြင်းနေစဉ်ကပင် ကားအတွင်းမှ အမျိုးသမီးများ၏ ဘုရားတသံများ၊ အာမေဋိတ်သံများ ထွက်ပေါ်နေကြပြီဖြစ်သည်။ ချောက်ထဲကျသွားသည့် စက္ကန့်ပိုင်းအတွင်းမှာတော့ ကားတစ်စီးလုံး အော်သံငိုသံများဖြင့် ပွက်လောရိုက်သွားခဲ့သည်။ ကိုဝင်းဇော် မျက်စိစုံမှိတ်ထားမိလိုက်စဉ်တွင် ကားကြီးက တစ်ပတ်နှစ်ပတ်လိမ့်ထွက်ပြီး ချောက်အတွင်း ချောင်းငယ်နံဘေးတောင်နံရံကို ၀င်တိုက်ကာ ပြန်ကျ၍ ရပ်သွားခဲ့သည်။

ကိုဝင်းဇော် ပြန်သတိရလာချိန်တွင် ကိုယ်ပေါ်၌ လူသုံးဦးပိမိနေခြင်းနှင့်အတူ ကားထိုင်ခုံကြားညပ်နေသော သူ့ဘက်ဘက်ခြေထောက်ကလည်း ပေါင်မှ ကျိုးသွားခဲ့ပြီဖြစ်သည်။ ဘေးမှန်တံခါးမှနေ ရုန်းထွက်ရန် ကြိုးစားသော် လည်း မအောင်မြင်ခဲ့ပေ။

“ဆယ့်ငါးမိနစ်လောက်ကြာတော့ တောင်ပေါ်ကားတစ်စီး လာနေသံကြားနေရတယ်။ ကျွန်တော်တို့ကားထဲက အကောင်းပကတိကျန်ခဲ့တဲ့လူတစ်ယောက်က ဓာတ်မီးနဲ့ တောင်ပေါ်တက်သွားတာ တွေ့လိုက်တယ်” ဟု သူက ပြောပြသည်။

ကံကောင်းထောက်မစွာ ကြီးကြီးမားမား ဒဏ်ရာမရသူတစ်ဦးက တောင်ပေါ်သို့တက်၍ လာနေသည့် ကားတစ်စီးကိုတားကာ အကူအညီတောင်းခဲ့သဖြင့် ထိုကားတွင် ပါလာသော လူခြောက်ဦး ချောက်အတွင်းဆင်းလာခဲ့ သည်။ ထိုအထဲမှ နှစ်ဦးက ကိုဝင်းဇော်တို့ကို ကားအတွင်းမှဆွဲထုတ်ပြီး ချောက်အတွင်းကွက်လပ် တစ်နေရာတွင် နေရာချပေးကြသည်။

ထိုအခါမှ လှိုင်သာယာမှ ခေါ်လာသော အသက် ၁၈ နှစ် အရွယ် မောင်ရှင်းသန့်အောင်ကို ကိုဝင်းဇော်သတိရ၍ အော်ခေါ်ကြည့်ရာ ခပ်ဝေးဝေးမှာရှိနေသည့် မောင်ရှင်းသန့်အောင်က ခြေထောက်ကျိုးနေ၍ မထနိုင်ဟု ပြန်ထူးသည်။

“ကျွန်တော့်အတွက် ဒါပထမဆုံးခရီးထွက်ဖူးတာ။ ရခိုင်ကိုလည်း ခုမှစသွားဖူးတာ။ မှောက်မယ်မှန်းဘယ်သိမလဲ။ ကားကချောက်ထဲဆင်းတဲ့အချိန်မှာ နှစ်ပြန်၊ သုံးပြန် လိမ့်သွားတယ်။ လိမ့်တဲ့အထဲ ကျွန်တော်ပါသလား၊ မပါခဲ့သလား မမှတ်မိဘူး။ ကျွန်တော် သတိရတဲ့အချိန်မှာ ချောက်ကမ်းပါးထဲက ထိုးထွက်နေတဲ့ တောင်ကမူလေးနဲ့ သစ်ပင်တွေကြားမှာ ရောက်နေတယ်။ ကားနဲ့တော့ သိပ်မဝေးဘူး။ ကားခေါင်းကြီးက စိုက်ကျနေတယ်။ ကားထဲမှာ ငိုသံတွေ၊ ညည်းသံတွေ ကြားနေရတယ်။ အမှောင်ထဲမှာ စမ်းရင်းနဲ့ ဓာတ်မီးနဲ့ရေဘူးတစ်ဘူးတွေ့တယ်။ ထိုးကြည့်တော့ ကားမောင်းတဲ့လူက သွေးအလိမ်းလိမ်းနဲ့ သေနေတယ်။ သူ့ကို တော်တော်လေး ခက်ခက်ခဲခဲ ဆွဲထုတ်နေတာ တွေ့ရတယ်” ဟု ကိုဝင်းဇော်နှင့်အတူပါလာသော မောင်ရှင်းသန့်အောင်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

ကားအတွင်း လူလေးဆယ်ကျော်ပါလာခြင်းကြောင့် ကယ်ဆယ်ရန် အင်အားနည်းပါးနေသည့်အတွက် ကူညီနေသူ ခြောက်ဦးက ဖုန်းဆက်၍ အကူအညီများ တောင်းခံကြရသည်။

ထို့နောက်အကူအညီများ တဖြည်းဖြည်းရောက်ရှိလာကြပြီး ကားအတွင်းမှ တစ်ဦးချင်းစီကို ဆွဲထုတ်ကြတော့သည်။ သေဆုံးသူ အလောင်းများနှင့် ဒဏ်ရာရရသူများ ချောက်အတွင်း စုပြုံလာသည်။ “ကားထဲက လူတစ်ယောက်က အရမ်းအော်နေတယ်။ ကယ်တဲ့လူတွေကလည်း သူ့ဆီသွားဖို့ အခက်အခဲတွေ့နေကြတယ်ထင်တယ်။ မနက်မိုးလင်းခါနီးလောက်မှ သူ့ကို သွားထုတ်နိုင်ကြတယ်။ သူသေသွားသလား၊ ရှင်သလားတော့မသိဘူး” ဟု ကိုဝင်းဇော်က သူမှတ်မိသည့် မြင်ကွင်းတစ်ခုကို ပြောသည်။

တောင်နံရံကို မှီ၍လဲနေသည့် ကိုဝင်းဇော်အနီးမှ လူတစ်ဦးက ရေဆာသည်ဟု ညည်းညူနေသော်လည်း မည်သူမှ ရေပေးရန် မအားကြ။ ထိုအချိန်က သူတို့အတွက် ရှည်ကြာလွန်းလှသည်။ နံနက် ငါးနာရီခန့်တွင် မိုင်သုံးဆယ် ခန့်ဝေးသည့် တောင်ကုတ်မြို့မှ နာရေးကားတစ်စီးရောက်လာပြီး အသက်ရှင်ကျန်ရစ်ပြီး ဒဏ်ရာပြင်းထန်သူများကို တစ်သုတ်ပြီး တစ်သုတ်တင်ဆောင်လျက်ရှိသည်။ ကိုဝင်းဇော်က နောက်ဆုံးအခေါက်တွင်မှ အလောင်းများနှင့်အတူ လိုက်ပါရသည်။ သူ့နံဘေးမှ ရေတောင်းနေသည့်လူနာလည်း ပါလာပြီး နာရေးကားပေါ်မှ လူတစ်ဦးက ရေတစ်ဘူး ထုတ်တိုက်သည်။

“အဲဒီရေဘူးကို သူ့ဘာသာ ကိုင်သောက်တယ်။ ဆေးရုံရောက်ပြီး မကြာခင် သူဆုံးသွားတယ်” ဟု ကိုဝင်းဇော်က ပြောသည်။

ကိုဝင်းဇော်တစ်ယောက် ချောက်အတွင်းရှိနေစဉ်အချိန်မှာ တောင်ကုတ်မြို့ရှိ သူ၏မိခင်ဖြစ်သူခမျာ မပဋာမြေလူးဖြစ်နေခဲ့ရသည်။ ဆေးရုံသို့ တစ်စီးပြီးတစ်စီး ဆိုက်ရောက်လာသည့် လူနာတင်ယာဉ်များကို အပြေးအလွှားသွားကြည့်ပြီး တစ်စီးမှာမှ ပါမလာသည့်အခါ သားအပေါ် စိုးရိမ်မှုက ပိုမိုမြင့်မားလာခဲ့ရသည်။

ဒဏ်ရာရသူများကိုသာ ဦးစွာ ပို့ဆောင်နေခြင်းဖြစ်ပြီး သေဆုံးသည့်အလောင်းများကို နောက်ဆုံးမှ သယ်ဆောင်လိမ့်မည်ဟု တစ်ယောက်တစ်ပေါက် ထင်ကြေးပေးနေကြသည့် စကားသံတို့က စိတ်နှလုံးကို လှုပ်ခါနေခဲ့သည်။

“အရီးရင်ထဲမှာ မီးလာမွှေးသလိုပဲ ပူနေတယ်။ ငိုလိုက်ရတာ မပြောပါနဲ့တော့။ ပါလာတဲ့သူတွေကလည်း အကောင်းပကတိ တစ်ယောက်မှ မပါလာ။ ကျိုးပဲ့အော်ဟစ်နေတာ သွေးသံတရဲရဲ။ သားရဲ့သူငယ်ချင်းက စိတ်မပူပါနဲ့လို့ ဖျောင်းဖျတယ်။ မွေးထားတာမှ သားနှစ်ယောက်ပဲရှိတာ။ ဒီသားက အငယ်ဆုံး။ အမေနဲ့နေတယ်။ အရူး တစ်ယောက်လိုခံစားနေရတယ်” ဟု ကိုဝင်းဇော်၏ မိခင်က ခံစားချက်ကိုပြောသည်။

နောက်ဆုံး လူနာတင်ယာဉ်နှင့် ကိုဝင်းဇော်ပါလာပြီဟု အသိတစ်ဦးက ဖုန်းဖြင့်လှမ်းပြောသော်လည်း မိခင်ဖြစ်သူက မယုံကြည်နိုင်ရှိနေခဲ့သည်။ “သေတဲ့လူက အများကြီးဆိုတော့ ကိုယ်မှမမြင်ရတာ ဘယ်ယုံမလဲ။ ရောက်လာတော့ သားမျက်နှာကို မမှတ်မိဘူး။ ဖူးရောင်နေတယ်။ ကြောင်ပြီးကြည့်နေတာ” ဟု ဆိုသည်။ ထို့နောက် သားအမိနှစ်ဦးဖက်၍ အားပါးတရ ငိုကြွေးမိကြသည်။

သံတွဲမြို့ခံ အမျိုးသားတစ်ဦးမှာတော့ ထူးထူးခြားခြား ကံကောင်းခဲ့သည်။ ကားစထွက်စဉ်ကတည်းက ယမကာမှီဝဲလာခဲ့ပြီး ထမင်းစားနား၍ ကားဆက်ထွက်ချိန်တွင် ကျောက်ဖြူသို့သွားမည့် တခြားအောင်သစ္စာကားတစ်စီး ပေါ်သို့ မှားတက်ခဲ့၍ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

အောင်သစ္စာကားတိမ်းမှောက်သည့် နေရာတွင် တစ်နှစ်လျှင် အနည်းဆုံးမတော်တဆမှု နှစ်ကြိမ်ဖြစ်ပေါ်တတ်ကြောင်း၊ နေပူတောင်ဆင်းလမ်းတွင် နှစ်ဖာလုံခန့် ပြေပြစ်သည့်နေရာအလွန် မတ်စောက်သော ဂငယ်ကွေ့ရှိ ပြီး မောင်းနှင်မှုမကျွမ်းကျင်ပါက တိမ်းမှောက်မှုဖြစ်ပေါ်နိုင်သော နေရာဖြစ်သည်။

“အခုက ရိုးတောင်ပေါ်က ကားမတော်တဆမှုတွေထဲမှာ လူသေတာအများဆုံးနဲ့ ဒဏ်ရာရတာအများဆုံးပဲ။ ၁၉၉၇ တုန်းက တစ်ခါဖြစ်တာ တစ်ယောက်ပဲ သေတယ်။ အဲ့ဒီနေရာမှာ အရှိန်မထိန်းနိုင်လို့ ကုန်တင်ကားတွေ ခဏခဏ ချောက်ထဲကျတယ်။ လူတော့မသေဘူး” ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

အောင်သစ္စာယာဉ်လိုင်းက သေဆုံးသူများအတွက် ကူငွေ ကျပ်နှစ်သိန်းစီထောက်ပံ့ပေးခဲ့ ပြီး သံတွဲမြို့ဆေးရုံတွင် ကုသမှု ခံယူနေသည့် ထိခိုက်ဒဏ်ရာရသူများကို ငွေကျပ်ငါးထောင်နှင့် မုန့်များ လာရောက်ပေးအပ်ခဲ့ကြောင်း သံတွဲမြို့ခံတစ်ဦးက ပြောသည်။

“လူတစ်ယောက်ရဲ့ အသက်ကို ဘယ်လိုလျော်ရမလဲ။ သိန်းငါးဆယ်ပေးတောင်မရဘူး။ အခုပေးတာက လျော်ကြေးမဟုတ်ဘူး။ အသုဘစရိတ်အတွက် ကူငွေပေးတာပါ။ လျော်တာက အာမခံက လုပ်ပါလိမ့်မယ်” ဟု အောင်သစ္စာ (တောင်ကုတ်) ယာဉ်လိုင်းပိုင်ရှင် ဦးစောရွှေက ပြောသည်။

သေဆုံးသွားသည့် သုံးနှစ်အရွယ်ကလေးငယ်နှင့် ၎င်း၏မိခင်ဖြစ်သူတို့မှာ ကွမ်းခြံကုန်းမြို့နယ်မှဖြစ်ကြပြီး သံတွဲမြို့မှ အမျိုး တစ်ဦးနာရေးသို့လာရောက်ရင်း အဖြစ်ဆိုးကြုံကြရခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများကို တောင်ကုတ် ဆေးရုံ၊ သံတွဲဆေးရုံတို့မှ ကုသပေးခဲ့ကြပြီး အချို့မှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ လာရောက်ကုသနေကြသည်။

“ကျွန်တော့်ဘေးနားက သေသွားတဲ့ သုံးနှစ်ကလေးမလေးကို မြင်ယောင်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံချင်တော့ဘူး” ဟု ကိုဝင်းဇော်က ပြောရင်း အသံတိမ်ဝင်သွားသည်။ မြင့်မားသော ရိုးမတောင်ပေါ်မှ ကွေ့ကောက်သည့် လမ်းကြီးမှာ ကျဉ်းမြောင်းသည့်အပြင် လမ်းသားမကောင်းခြင်းကလည်း ပြဿနာတစ်ရပ်ဖြစ်သည်။

ရန်ကုန်မှပြန်လာ၍ ရခိုင်ရိုးမပေါ် ဖြတ်သန်းတိုင်း ကိုယ့်ရပ်ကိုယ့်မြေ ပြန်ရောက်ပြီဟူ၍ ကြည်နူးစိတ်ဖြစ်မိသည့် ကိုဝင်းဇော်တစ်ယောက် ယခုအခါမှာတော့ သူချစ်တဲ့ ရိုးမကိုဖြတ်သန်းတိုင်း အဖြစ်ဆိုးကို သတိရသည့် စိုးရိမ်စိတ်များ ၀င်လာတော့မည်ဖြစ်သည်။ ။

Devil's mouth

သွေးထွက်နေသော မှိုပင်
Thursday, January 31, 2013

သွေးတော့မဟုတ်ပါဘူး။ သို့ပေမယ့် သူရဲ့  ကိုယ်ကနေ သွေးကဲ့သို့ အရောင် ရှိတဲ့ အရည်/အဆီများ တဆိမ့်ဆိမ့်နဲ့ ထွက်ရှိနေလို့ သွေး ထွက်သော မှိုလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

အမည်ရင်းကတော့ Hydnellum peckii ဖြစ်ပြီး မြောက်အမေရိက၊ ဥရောပ၊ ကိုရီးယားကျွန်းဆွယ်တို့လို နေရာမှာ ရှင်သန် ပေါက်ဖွားပါတယ်။ အရွယ် အစား ကလည်း ၁ လက်မ မှ ၃ လက်မ၊ ၆ လက်မ ပတ်လည်မက လည်း ရှိတတ်ပြီး အစုလိုက်လည်း ပေါက်တတ်တဲ့အတွက် အကြီးကြီးလို့လည်း ထင်ရနိုင်ပါတယ်။

အနီရောင်ရည်ကတော့ စတော်ဘယ်ရီရည်လို၊ သွေးရည်လို ဖြစ်ပြီး Sport လို့ခေါ်တဲ့မျိုးမှုန်များလည်း ဖြစ်ပါတယ်။ ဒါကြောင့် တစ်ပင်ပေါက်ပြီး ရင် နောက်တစ်ပင်က ယင်းနေရာပတ်ဝန်း ကျင်မှာ ပြန်ပေါက်ဖို့ လွယ်ကူ ပါတယ်။ အပင်က ကြည့်ရတာ မနှစ်မြှို့ ဖွယ်ရာစရာပဲ အလိုအလျောက် ပဲ သွေးကဲ့သို့ အရည်များ ထွက်နေတဲ့အတွက် Devil's mouth လို့လည်းခေါ်ဆိုကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_31.html

--
သွေးထွက်နေသော မှိုပင်
Thursday, January 31, 2013 

သွေးတော့မဟုတ်ပါဘူး။ သို့ပေမယ့် သူရဲ့  ကိုယ်ကနေ သွေးကဲ့သို့ အရောင် ရှိတဲ့ အရည်/အဆီများ တဆိမ့်ဆိမ့်နဲ့ ထွက်ရှိနေလို့ သွေး ထွက်သော မှိုလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

အမည်ရင်းကတော့ Hydnellum peckii ဖြစ်ပြီး မြောက်အမေရိက၊ ဥရောပ၊ ကိုရီးယားကျွန်းဆွယ်တို့လို နေရာမှာ ရှင်သန် ပေါက်ဖွားပါတယ်။ အရွယ် အစား ကလည်း ၁ လက်မ မှ ၃ လက်မ၊ ၆ လက်မ ပတ်လည်မက လည်း ရှိတတ်ပြီး အစုလိုက်လည်း ပေါက်တတ်တဲ့အတွက် အကြီးကြီးလို့လည်း ထင်ရနိုင်ပါတယ်။

အနီရောင်ရည်ကတော့ စတော်ဘယ်ရီရည်လို၊ သွေးရည်လို ဖြစ်ပြီး Sport လို့ခေါ်တဲ့မျိုးမှုန်များလည်း ဖြစ်ပါတယ်။ ဒါကြောင့် တစ်ပင်ပေါက်ပြီး ရင် နောက်တစ်ပင်က ယင်းနေရာပတ်ဝန်း ကျင်မှာ ပြန်ပေါက်ဖို့ လွယ်ကူ ပါတယ်။ အပင်က ကြည့်ရတာ မနှစ်မြှို့ ဖွယ်ရာစရာပဲ အလိုအလျောက် ပဲ သွေးကဲ့သို့ အရည်များ ထွက်နေတဲ့အတွက် Devil's mouth လို့လည်း
ခေါ်ဆိုကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_31.html

--

“ရေသည်အသက်”ဆုရ ဓာတ်ပုံ


ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် အရှေ့တောင်အာရှ ဒေသတွင်းဆိုင်ရာ စိုက်ပျိုးရေး သုနေသနနှင့် ဘွဲ့လွန်လေ့လာရာရေး ဌာန (Southeast Asian Regional Center for Graduate Study and Research in Agriculture – SEARCA) က ကြီးမှူး ကျင်းပတဲ့ “ရေသည်အသက်” လို့ ခေါင်းစဉ်ပေးထားတဲ့ ဓာတ်ပုံပြိုင်ပွဲမှာ မြန်မာနိုင်ငံသား ဓာတ်ပုံဆရာ ၄ ဦး က ထိပ်တန်းဆုတွေ အားလုံးကို ရရှိခဲ့ပါတယ်။ “ရေသည်အသက်” ပြိုင်ပွဲမှာ ပထမဆုကို ကိုကျော်ဇော်လေး (မန္တလေး)၊ ဒုတိယဆု ကိုထွန်းအောင် (ရန်ကုန်)၊ တတိယဆု ကျော်ကျော်ဝင်း (ရန်ကုန်) နဲ့ ပရိတ်သတ်အကြိုက် ရွေးချယ်တဲ့ဆုကို သန်းထိုက်စိုး (မန္တလေး) တို့က အသီးသီး ရရှိခဲ့ကြတာ ဖြစ်ကြောင်း SEARCA အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ယခုပုံက ပထမဆုရ ဓာတ်ပုံပါ။
The Irrawaddy (Burmese Version)

Wednesday, January 30, 2013

ငလျင်ဘေးအန္တရယ်လျော့နည်းစေရန် လုပ်ဆောင်သင့်သော အချက်များ



-----ငလျင်မလှုပ်မီ ဆောင်ရွက်ရန်- ----
အခန်းတွင် ခိုင်ခံ့သော စားပွဲခုံ၊ အတွင်းနံရံ (သို့မဟုတ်) တိုင်တံခါး ပေါင်အောက် စသောလုံခြုံသောနေရာများကို သိအောင် လုပ်ထားရန်-

ယင်းနေရာများအောက်သို့အမြန်ဝင်၍ အကာအကွယ်ယူ၊ ဆွဲ ကိုင်ရန် လေ့ကျင့်ထားရန်- ပြတင်းပေါက်များ၊ မှန်များ၊ တွဲ လောင်းချိတ်ထားသော ပစ္စည်း များ၊ ယိုင်လဲသော ပရိဘောဂများ စသည့် ပြိုလဲပျက်စီးနိုင်သော နေ ရာများကို သိထားရန်-

အိမ်ပြင်ပတွင် သစ်ပင်များ၊ တံတားများ၊ အဆောက်အအုံများ၊ ဓာတ်တိုင်များစသော ပြိုကျပျက်စီးနိုင်သောအရာများနှင့် ဝေးသောကွက်လပ်၊ ကွင်းများကို သိအောင်လုပ်ထားရန်- ထွက်ပြေးရန်နှင့် အရန်ထွက်လမ်းကြောင်းများကို သိထားရန်-

ရေ၊ ဓာတ်ငွေ့၊ လျှပ်စစ်မီးတို့ကိုအရေးပေါ် ဖြတ်တောက်နိုင်အောင် လေ့ကျင့်လုပ်ကိုင်ထားရန်- ရှေးဦးသူနာပြုစုနည်းများကို လေ့လာထားရန်မိမိနေအိမ်ကို လုံခြုံအောင် ဆောင်ရွက်ရန်-

နံရံတွင် ကပ်ထားသော လေး လံသည့် ဗီရို၊ သေတ္တာစသည့် ပရိဘောဂများကို ယိုင်လဲပြီး မပြိုလဲစေရန်၊ နံရံနှင့် တွဲကပ်ထားရန်။ - ကြီးမားလေးလံသော ပစ္စည်း နှင့် ကွဲတတ်သော ပစ္စည်းများကို အမြင့်တွင်မထားဘဲ အနိမ့်တွင် သာထားရန်-

လောင်ကျွမ်းတတ်သော အရည် များကို အိမ်အပြင်ဝေးရာတွင် လုံ ခြုံစွာထားရန် (ငလျင်ကြောင့် မီးလောင်ခြင်း၊ ပေါက်ကွဲခြင်းများ ဖြစ်တတ်သည်)။-

ပန်းချီကား၊ မှန်များစသော လေး လံကွဲရှတတ်သောအရာများကို အိပ်ရာ၊ ထိုင်ခုံရှည်စသော လူလဲလျောင်းရာနေရာနှင့် ဝေးဝေး ထားရန်- မီးလုံး၊ မီးဆိုင်းများကို ငလျင်လှုပ်လျှင် ပြုတ်မကျစေရန် ခိုင်ခံ့စွာထားရန်

-----ငလျင်လှုပ်စဉ် လုပ်ဆောင်ရန်များ- ----
အေးဆေးတည်ငြိမ်စွာ နေရန်၊ အဆောက်အအုံထဲတွင်ဖြစ်က အထဲတွင်သာ နေရန်၊ ပြင်ပတွင် ဖြစ်က ပြင်ပတွင်သာ နေရန်(ထိ ခိုက်မှုအများစုသည် ငလျင်လှုပ် စဉ် အဆောက်အအုံတွင်းမှ ထွက် ပြေးခြင်း၊ အတွင်းသို့ပြေးဝင်ခြင်း တို့ကြောင့် အဖြစ်များသည်)။-

ပြတင်းပေါက်၊ တံခါး၊ ဗီရိုအမြင့် များ၊ ကွဲနိုင်၊ ပြုတ်ကျနိုင်သော ပစ္စည်းများနှင့် ဝေးဝေးနေရန်- ခိုင်ခံ့သည့် စားပွဲခုံ၊ တံခါးပေါင်အောက်၊ အတွင်းနံရံစသည့်တို့ အောက်တွင် ၀ပ်နေရန်၊ အကာအ ကွယ်ယူရန်-

အဆောက်အအုံအတွင်းမှ ထွက်ခွာမည်ဆိုပါက အလောတကြီးထွက်ပြေးခြင်းမပြုဘဲ စနစ်တကျထွက်ခွာပါ။ ဓာတ်လှေကားများကို အသုံးမပြုပါရန်-

အဆောက်အအုံပြင်ပတွင်ဖြစ်ပါက သစ်ပင်များ၊ဆိုင်းဘုတ်များ၊အဆောက်အအုံများ၊ ဓာတ်ကြိုးများနှင့်ဝေးသော ကွင်းပြင်၊ ကွက်လပ် နေရာများသို့ သွားနေပါ။ ငလျင်လှုပ်ပြီးသည်အထိ ခေါင်းငုံ့၍ကာ ကွယ်ထားရန်-

ကားအတွင်းဖြစ်ပါက စက်ရပ်ပြီး ငလျင်လှုပ်ပြီးသည်အထိ ကား အတွင်းနေရန်၊ အဆောက်အအုံ များ၊ ခုံးကျော်တံတားများ၊ ဓာတ် တိုင်များနှင့် မြေပြိုမှုဖြစ်နိုင်သော နေရာများအနီးရှိလမ်းကို ရှောင်ရန်၊ လမ်းပျက်စီးမှုများကို သတိပြုရန်။

(မှတ်ချက် - အာရှသဘာဝဘေး အန္တရာယ်လျော့ပါးရေးကော်မတီ နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းတို့ ပူးပေါင်းထုတ်ဝေသော ငလျင်များနှင့်နေထိုင်ခြင်း စာအုပ်ပါ အချက်အလက်များကို မှီငြမ်းသည်)
7days news journal

အတိုက်အခံ နိုင်ငံရေး ရှိလို့လားဆိုတဲ့ မေးခွန်း (မောင်ဝံသ)


by Maung Wuntha on Wednesday, January 30, 2013 at 12:41am ·
ပြည့်သူ့ခေတ်ဂျာနယ် ယခုအပတ်ထုတ်ပါ မောင်ဝံသပြောချင်လွန်းလို့ ဆောင်းပါး

ဝေဖန်ချက်များတဲ့ ခေါင်းစဉ်
ပြီးခဲ့တဲ့ အပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာပါတဲ့ ကျွန်တော့် ဆောင်းပါး ]]မြန်မာအတိုက်အခံများ အစိုးရလုပ်ဖို့ အသင့်ဖြစ်ကြပြီလား}}ကို ခါတိုင်းလိုပဲ အင်တာနက် လူမှု စာမျက်နှာ face book တင်လိုက်တော့  မိတ်ဆွေများနဲ့ စာဖတ်ပရိသတ်များဆီက နှစ်သက်သဘောကျပါတယ်လို့ like  ပေးသူတွေ ရှိသလို ထင်မြင်ချက်တွေ၊ ဝေဖန်ချက်တွေနဲ့ ဝေဖန်ထောက်ပြသူတွေ၊ မေးခွန်းထုတ်သူတွေ၊ စောဒကတက်သူတွေလည်း အတော် များများ တွေ့ရတယ်။
    ယနေ့ခေတ် အင်တာနက်သုံးသူအများစုဟာ ကိုယ်ပိုင်လူမှု စာမျက်နှာ Face book လေးတွေ ဖွင့်ပြီး ကိုယ်ရေးကိုယ်တာ ခံစားချက်တွေရော၊ အချင်းချင်း မိတ်ဖြစ်ဆွေဖြစ် သတင်းပို့ချက်တွေရော၊ တိုင်းရေးပြည်ရေး ကမ္ဘာ့အရေးဆွေးနွေးချက်တွေရော သန်ရာသန်ရာ ရေးတင်နေကြတာ ဂလိုဘယ်လမ်းကြောင်းတစ်ခုလိုတောင် ဖြစ်နေပြီလို့ ဆိုရမယ်ဗျ။ တချို့ကဆိုရင် ကိုယ်တိုင် ဘလော့ဂ် blog တွေ၊ တွစ်တာ twitter တွေ၊ ၀က်ဘ်ဆိုက် website တွေ ဖွင့်ပြီးတော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြတာတွေ့ရတယ်။  အဲဒီတော့ အင်တာနက်ဖွင့်လိုက်ပြီဆိုတာနဲ့ ဖတ်စရာတွေ ဖတ်သင့်တာတွေ အများကြီးက ဆီးကြိုနေပါလေရော။ အချိန်တော့ အတော်ကုန်ပါတယ်။ သို့သော် ခုတစ်လော ကျွန်တော်ကလည်း ကျန်းမာရေး ပြန်လည်ထူထောင် နေချိန် အိမ်အပြင်ကို သိပ်မထွက်တော့ အင်တာနက်နဲ့ပဲ ထိတွေ့မှု ပိုများနေပါတယ်။    
ကျွန်တော့်ရဲ့ ဆောင်းပါးကို ထင်မြင်ချက်ပေးကြတဲ့ အထဲမှာ ကျွန်တော် မတွေးမိခဲ့တဲ့ ရှုထောင့်တွေက ကြည့်ပြီး ဝေဖန်ထောက်ပြတဲ့ ရေးသားချက် တွေလည်း ပါတယ်ဗျ။ ဥပမာ မြန်မာနိုင်ငံမှာ လက်ရှိအနေအထား အရ အတိုက်အခံပါတီဆိုတာ ရှိကောရှိလို့လားဆိုတာမျိုး၊ အတိုက်အခံပါတီ တွေက အတိုက်အခံအလုပ်မလုပ်ဘဲ အစိုးရနဲ့ ပေါင်းပြီး အစိုးရလုပ်တဲ့ အလုပ်မျိုးတွေ လျှောက်လုပ်နေတယ်လို့ မထင်ဘူးလား ဆိုတာမျိုးတွေလည်း ပါတော့ ဒါတွေဟာ သဘောတူတာ မတူတာ အပထား စိတ်ဝင်စားစရာ၊ ဆက်ပြီး တွေးကြည့်စရာ အယူအဆတွေ ဖြစ်တယ်ဗျ။

အတိတ်သမိုင်းက အတိုက်အခံ
  face book ကနေ ဝေဖန်ဆွေးနွေးသူတချို့ရဲ့ မေးခွန်းတွေကို ကြည့်ပြီး ကျွန်တော်တို့ နိုင်ငံရဲ့ အတိတ်သမိုင်းက လွတ်လပ်ရေးရပြီးနောက်ပိုင်း အတိုက်အခံနိုင်ငံရေးအကြောင်းတွေကို ပြန်လည် သုံးသပ်မိပါတယ်။
    ကျွန်တော်တို့နိုင်ငံမှာ အာဏာရပါတီနဲ့ အတိုက်အခံပါတီ သို့မဟုတ် အတိုက်အခံပါတီတွေပါဝင်တဲ့ ပါလီမန်ဒီမိုကရေစီနိုင်ငံရေး စနစ် နည်းနည်းလေး ပီပီပြင်ပြင် စတင် ပေါ်ပေါက်လာတယ်လို့ ပြောနိုင်တာက ၁၉၅၀ နှစ်များ အလယ်ပိုင်းလောက်မှာ  ]]ပမညတ}}လို့ အတိုကောက်ခေါ်ကြတဲ့ ]ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု} ပေါ်လာတဲ့အချိန်ကျမှ ဖြစ်တယ်ဗျ။ ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့အရေးတော်ပုံပါတီ (ဆိုရှယ်လစ်ပါတီ) ဆိုတဲ့ အဓိကအင်အားစုကြီး သုံးခုရဲ့ ပူးပေါင်းလက်တွဲ ဦးဆောင်မှုနဲ့ ဖက်ဆစ်တော်လှန်ရေးကြီးကို ဆင်နွှဲခဲ့ ပြီး အဲဒီအောင်ပွဲအရှိန်နဲ့ ကိုလိုနီနယ်ချဲ့အစိုးရကို မြေပေါ်တိုက်ပွဲ ဆက်လက် ဆင်နွှဲပြီးတဲ့နောက် တိုင်းပြည်လွတ်လပ်ရေးရလာတဲ့အခါ အဲဒီ တပ်ပေါင်းစုကြီး (ဖဆပလ)က အာဏာရပါတီဖြစ်လာခဲ့ပေမယ့် အဲဒီအချိန်မှာ ဖဆပလ နဲ့ သဘောထား ကွဲပြားတဲ့ အဓိကပါတီကြီးဖြစ်တဲ့ ကွန်မြူနစ်ပါတီက တောထဲရောက်သွား ခဲ့တာမို့ လွတ်လပ်စ မြန်မာ့နိုင်ငံရေးဟာ အတိုက်အခံပါတီရယ်လို့ မယ်မယ်ရရ လောက်လောက်လားလား မရှိတဲ့ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ စတင်ခဲ့ တယ်လို့ ဆိုနိုင်တယ်ဗျ။
အတိုက်အခံ အပြောင်းအလဲ
    ဗကပ တောခိုသွားပြီးနောက်  ဖဆပလ အဖွဲ့ကြီးကို ပြိုင်ဘက်မရှိ အဓိက ကြိုးကိုင်လာခဲ့တဲ့  ဗမာပြည်ဆိုရှယ်လစ်ပါတီခေါင်းဆောင်ပိုင်းထဲမှာ လက်ယာဆိုရှယ်လစ်နဲ့ လက်ဝဲဆိုရှယ်လစ်တွေ ထပ်ပြီး နှစ်ခြမ်းကွဲ၊ ဆိုရှယ်နီလို့ခေါ်ကြတဲ့ လက်ဝဲယိမ်း ဆိုရှယ်လစ်တွေနဲ့ အခြား တတိယ အင်အားစုတွေ ပူးပေါင်းပြီး ပမညတ အဖွဲ့ကြီးဖွဲ့၊ နိုင်ငံရေး မူဝါဒတစ်ချို့ အထူးသဖြင့် ပြည်တွင်းစစ်နဲ့ပတ်သက်တဲ့ သဘောထားအပိုင်းမှာ ပမညတက ပြည်တွင်းငြိမ်းချမ်းရေး လမ်းစဉ်ကို ပြည်သူထံ တင်ပြပြီး ၁၉၅၆ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တယ်။ အမတ်နေရာ ၄၆ နေရာပဲ အနိုင်ရ ခဲ့ပေမယ့်  အာဏာရ ဖ.ဆ.ပ.လ ခေါင်းဆောင်တွေ ဖြုံသွားလောက်တဲ့ ပြည်သူ့ဆန္ဒမဲ အရေအတွက် ရရှိခဲ့ပါတယ်။ တိုင်းပြည်က လေးစားလောက်တဲ့ ဦးသိန်းဖေမြင့်၊ ၀ိဓုရ သခင်ချစ်မောင်၊ ဗိုလ်မြသွေးစတဲ့ အတိုက်အခံ ခေါင်းဆောင် လွှတ်တော်အမတ်တွေ ပေါ်ထွန်းခဲ့တဲ့ခေတ်ပေါ့ဗျာ။ ပမညတများဟာ  ၁၉၅၆ နောက်ပိုင်း ပါလီမန် လွှတ်တော်ထဲမှာ ဂုဏ်သိက္ခာ ရှိတဲ့ အတိုက်အခံများ အဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ၁၉၅၈ခု ဖဆပလအကွဲ (သန့်ရှင်းနဲ့ တည်မြဲ အကွဲ) မှာ သန့်ရှင်းနဲ့ ပူးပေါင်းလိုက်ပြီးတဲ့နောက် နိုင်ငံရေးနေရာမှန် ပြန်မရတော့ပါဘူး။ ၁၉၆၀ ရွေးကောက်ပွဲမှာ ဦးနုပါတီ အနိုင်ရပြီး ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့က လွှတ်တော်ထဲတောင်မရောက်တဲ့ အတိုက်အခံခေါင်းဆောင်တွေ ဖြစ်သွားပါတယ်။ သခင်သာခင်က လွှတ်တော်တွင်း အတိုက်အခံ ခေါင်းဆောင် ဖြစ်လာပါတယ်။ ပမညတဟာ မူလ အတိုက်အခံပါတီကြီးနေရာကနေ တည်မြဲဖဆပလတွေကို နေရာဖယ်ပေး လိုက်ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ဦးနုရဲ့ အာဏာရပါတီ သန့်ရှင်းဖဆပလကို အမည်ပြောင်း လိုက်တဲ့ ပြည်ထောင်စုပါတီ (ပထစ)ဟာ ဖဆပလအဖွဲ့ကြီးကို  အတိုက်အခံ နိုင်ငံရေးပါတီအဖြစ် လေးလေးစားစား ဆက်ဆံပြီး အထူးတလည် နေရာ ပေးခဲ့ပါတယ်။ နိုင်ငံရေးသမားများ ပြန်လည် ညီညွတ်ရေးကိုလည်း စတင်ကြိုးစားခဲ့ပါတယ်။

အတိုက်အခံပါတီပဲ ရှိတဲ့ ပါတီစုံခေတ်
    နောက်ပိုင်းတော့ အားလုံးသိကြတဲ့အတိုင်းပါပဲဗျာ။ ပီပြင်စပြုလာနေဆဲ အဲဒီ ပါလီမန် ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာ အတောင်အလက် စုံစုံလင်လင် ဖွံ့ဖြိုးမယ်မှ မကြံသေးဘူး။ ၁၉၆၂ခု စစ်အာဏာသိမ်းမှုကြောင့် ဇာတ်သိမ်း သွားခဲ့ရတယ်ဗျ။
    အာဏာသိမ်းခေါင်းဆောင်တွေက ]တော်လှန်ရေး ကောင်စီ} အမည်နဲ့ အုပ်ချုပ်တဲ့ ၁၂ နှစ်တာကာလ၊ ဒီကာလကတော့ ရှင်းတယ်။ အာဏာရပါတီ လည်း မရှိ၊ အတိုက်အခံပါတီလည်း မရှိ။ အဲဒီနောက် မဆလလို့ အများက အတိုကောက်ခေါ်ကြတဲ့ ]မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ} က အုပ်ချုပ်တဲ့ ကာလ။ ဒီကာလမှာလည်း အခြေခံဥပဒေနဲ့ကို တားမြစ်ပိတ်ပင်ထားခဲ့တာမို့ အာဏာရ ပါတီပဲ ရှိပြီး အတိုက်အခံပါတီမရှိတဲ့ တစ်ပါတီ နိုင်ငံရေးစနစ်။ အဲဒီ နောက် ၁၉၈၈ မှာ ပေါ်လာတဲ့ လူထုအုံကြွမှုကြီးကြောင့် ပါတီစုံ နိုင်ငံရေးစနစ် ဆိုတာနဲ့ နိုင်ငံရေးပါတီတွေ ပြန်ပေါ်လာခဲ့ပေမယ့် တစ်ကျော့ပြန် အာဏာသိမ်း စစ်အစိုးရကပဲ ဆက် အုပ်ချုပ်ခဲ့တာကြောင့် အာဏာရပါတီ ဆိုတာလည်း မရှိ၊ အတိုက်အခံပါတီဆိုတာလည်း မရှိတဲ့ကာလ။ ဒါပေမယ့် ဒီကာလအတွင်း မှာတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် အာဏာ လွှဲပြောင်းပေးခြင်းမခံခဲ့ရတဲ့ NLD ကို အတိုက်အခံပါတီရယ်လို့ နိုင်ငံခြား ဂျာနယ်လစ်များက စတင် သုံးစွဲနေကြပြီ ဖြစ်တယ်ဗျ။ အာဏာရပါတီမရှိ၊ အတိုက်အခံ ပါတီပဲ ရှိတဲ့ ထူးထူးဆန်းဆန်း ]ပါတီစုံ ဒီမိုကရေစီခေတ်}ပေါ့ဗျာ။

အမြင်ချင်းလုံးဝမတူတဲ့ ပါတီများ
    အဲဒီနောက် ပြည်လုံးကျွတ် လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြုပေးလိုက်တဲ့ ၂၀၀၈ အခြေခံဥပဒေပေါ်လာ။ အဲဒီအခြေခံဥပဒေအရ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်။ စစ်အစိုးရ ကျောထောက်နောက်ခံပြု ]ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း}ကို ပြောင်းလဲလိုက်တဲ့ ]ပြည်ခိုင်ဖြိုးပါတီ}က အာဏာရပါတီအဖြစ် ပေါ်ထွက်လာ။ ဒီအချိန်မှာ အဲဒီ အာဏာရပါတီကိုသာ မက အဲဒီပါတီကို အာဏာရပါတီဖြစ်လာစေတဲ့ အခြေခံဥပဒေကိုရော ရွေးကောက်ပွဲကိုပါ ဆန့်ကျင်ခဲ့တဲ့ NLD ဟာ အဲဒီအခြေခံဥပဒေသစ်အရ တရားဝင်ပါတီအဖြစ်နဲ့တောင် ရပ်တည်နိုင်ခဲ့ခြင်းမရှိသေးပေမယ့် ပြည်တွင်း ကရော ပြည်ပကပါ NLD ကို အတိုက်အခံပါတီအဖြစ် စိတ်ချလက်ချ သုံးနှုန်း ပြောဆို ရေးသား ဖော်ပြနေကြပြီ ဖြစ်တယ်ဗျ။ စိတ်ချလက်ချ လို့ ဆိုတဲ့ စကားကို သုံးနှုန်းလိုက်ရတာက နိုင်ငံရဲ့ အရေးကြီးတဲ့ အဓိကကျတဲ့ ကိစ္စအားလုံး နီးပါးလောက်မှာ NLD ရဲ့ အမြင်သဘောထား ရပ်တည်ချက်တွေဟာ အာဏာရပြည်ခိုင်ဖြိုးပါတီရဲ့ အမြင်သဘောထားရပ်တည်ချက်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေ တာကို အထင် အရှားတွေ့ခဲ့ရလို့ ဖြစ်တယ်ဗျ။

အတိုက်အခံအလုပ်ကို မလုပ်ဘူးလား  
    အဲဒီနောက်မှာတော့ အားလုံးသိကြတဲ့အတိုင်း လူအများ ထင်မထားတဲ့ ဖြစ်ရပ်တွေဖြစ်လာခဲ့ပြီး မျက်စိလည်စရာ ကျီးမဟုတ် ကြက်မဟုတ် အောက်ကလိ အာအခြေအနေတွေ ပေါ်ထွန်းလာခဲ့တော့တာပဲဗျာ။ အာဏာရပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ် ပေါ်ပေါက်လာပြီးတဲ့ နောက်ပိုင်း အဆင့်ဆင့် တွေ့ဆုံဆွေးနွေးမှုများကတစ်ဆင့် NLD ဟာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ပြိုင်၊ အနိုင်ရပြီး လွှတ်တော်ထဲရောက်လာတယ်။ NLD  ခေါင်းဆောင်ကို လွှတ်တော်ဥက္ကဌတွေ အပါအ၀င် အာဏာရပါတီ ခေါင်းဆောင်တွေက တရင်းတနှီး လေးလေးစားစား ဆက်ဆံကြ၊ အရေးပါတဲ့ လွှတ်တော်ကော်မတီမှာ ဥက္ကဌအဖြစ် တာဝန်ပေး။ ဒီလိုနဲ့ တစ်ချို့ တစ်ချို့သော လူတွေက မြန်မာနိုင်ငံမှာ အတိုက်အခံ ပါတီဆိုတာကော ရှိသေးရဲ့လား၊ NLD ဟာ အတိုက်အခံပါတီအလုပ်ကို မလုပ်တော့ဘူးလား ဆိုတဲ့ အတွေးမျိုးတွေ တွေးလာကြတာ ဖြစ်နိုင်တယ်လို့ ကျွန်တော်တော့ ယူဆတယ်ဗျ။

ပါတီတွေရဲ့ အရှိတရား
    ဒါပေမယ့် ကျွန်တော့်အမြင်ကို ပြောရရင်တော့ ဒီကနေ့ လည်ပတ် လှုပ်ရှားနေတဲ့ မြန်မာ့နိုင်ငံရေးစနစ်မှာ အတိုက်အခံ ပါတီတွေ အမှန်တကယ် ရှိနေတယ်။ NLD အပါအ၀င် ရှမ်းပါတီများ၊ ကချင်ပါတီ၊ ကရင်ပါတီများ၊ ချင်းပါတီများ၊ ရခိုင်ပါတီများ၊ မွန်ပါတီများအပါအ၀င် ဗမာပါတီများနဲ့ တိုင်းရင်းသားပါတီတွေဟာ အရှိတရားတွေပဲ မဟုတ်ပါလား။  သူတို့တွေဟာ  ဗုံမဟုတ် ပတ်မဟုတ် မျက်စိလည်စရာ အခြေအနေတစ်ရပ်ကို ဖြတ်သန်းနေရ တာတောင်မှ စစ်မှန်တဲ့ အတိုက်အခံပါတီရဲ့ အလုပ်တွေကို လွှတ်တော်တွင်း လွှတ်တော်ပ နှစ်ဌာနစလုံးမှာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်နိုင်သလောက် လုပ်နေကြတယ်လို့ ပြောချင်တယ်ဗျ။

လက်တွေ့လုပ်မရတာတွေ အများကြီး
    စစ်မှန်တဲ့ အတိုက်အခံ ဆိုတာ အာဏာရပါတီလုပ်သမျှ အကုန်လုံး ဆန့်ကျင်တာမျိုးမဟုတ်ပဲ ထောက်ခံသင့်တာ ထောက်ခံ၊ ပူးပေါင်းသင့်တာ ပူးပေါင်း၊ ဆန့်ကျင်သင့်တဲ့ ကိစ္စလို့ ယူဆရင် ပြတ်ပြတ်သားသား ဆန့်ကျင် တာမျိုးဖြစ်တယ်ဆိုတာ နိုင်ငံရေး နှံ့စပ်သိမြင်သူတိုင်း သိကြတယ်ဗျ။ သို့ပေမယ့် လက်ရှိ ဖြစ်နေတာက အတိုက်အခံတွေဟာ ဆိုခဲ့ပါ အတိုက်အခံအလုပ်တွေကို ပီပီပြင်ပြင် ကြိုးစားလုပ်ချင်ပေမယ့် လက်တွေ့ လုပ်လို့မရတာတွေ အများကြီး ဖြစ်နေတယ်လို့ သိရတယ်ဗျာ။ ဥပမာ လွှတ်တော်ထဲမှာ ကြယ်ပွင့်ပြ မေးခွန်း တချို့ကိုတောင် တိတိကျကျ အဖြေမရဘဲ မှတ်တမ်းတင်ရုံတင်ထားတာမျိုး၊ တချို့ ချောင်ထိုးခံရ၊ လျစ်လျူရှုခံရတာမျိုးစတာတွေ ရှိနေတယ်လို့ ဆိုတယ်ဗျ။

မဲအများစုနဲ့ ပယ်ချတယ်
    လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးပါတီဘက်သား မဟုတ်တဲ့ လူနည်းစုပါတီတွေ ကနေ ပြည်သူတွေရဲ့ အကျိုးကို ကိုယ်စားပြုမယ်လို့ ယူဆတဲ့ အဆိုပေါင်း များစွာ မေးခွန်းပေါင်းများစွာကို တင်ပြခဲ့တာ ကျွန်တော် အကြိမ်ကြိမ် လေ့လာမိခဲ့တယ်ဗျ။ သို့သော် အာဏာရပါတီကပဲ ဧရာမ များရာစု လွှမ်းမိုး ထားတဲ့ လွှတ်တော်က ကန့်ကွက်မဲ အများစုနဲ့ ပယ်ချတာ၊ မဆွေးနွေးဘဲ မှတ်တမ်းတင်ရုံ တင်ထား တွေကိုလည်း အကြိမ်ကြိမ် တွေ့ခဲ့ရတယ်ဗျာ။

အခြေခံဥပဒေကို ပြင်ကြဖို့    
    ခြုံပြီး ပြောရရင်ဖြင့် ကျွန်တော်တို့နိုင်ငံမှာ အတိုက်အခံပါတီတွေ ရှိပါတယ်။  အတိုက်အခံနိုင်ငံရေးသမားတွေလည်း ရှိနေပါတယ်။ သူတို့တွေဟာ ပြောလို့ ရနိုင်တဲ့ ဘောင်ထဲကနေ ပြောသင့်တာပြော၊ လုပ်သင့်တာ လုပ်နေကြပါတယ် ဆိုတဲ့ စကားအတွက် အထင်ရှားဆုံးသက်သေကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် ပြောင်းလဲဖို့ ကြိုးစားကြမယ်ဆိုတဲ့ ရပ်တည်ချက်ကို အတိအလင်း ကြွေးကြော် ထုတ်ဖော်နေကြတာပဲ ဖြစ်တယ်ဗျ။
    အဲဒီ ဘုံရပ်တည်ချက်အပေါ်မှာ အတိုက်အခံပါတီများ ဆက်လက် စွဲမြဲပြီး ပြည်သူအများစုကြီးရဲ့ တစ်ခဲနက် ထောက်ခံပူးပေါင်းမှုကိုလည်း ရရှိအောင် ကြိုးစားနိုင်ကြမယ်ဆိုရင်ဖြင့် နောက်ရွေးကောက်ပွဲတစ်ခုအလွန်မှာ ပုံမှန် အနေအထားတစ်ခုကို ရောက်ဖို့ အတော်ကလေး မျှော်လင့်စရာ ရှိလာမယ်လို့ ယူဆကြောင်းပါဗျာ။
၂၆ ၀၁ ၂၀၁၃
maungwuntha@gmail.com

ကနေဒါက ရင်ဖွင့်သံ

ဘာတွေပြောင်းလို့ ပြောင်းနေပြီလဲ?

အသိတယောက်ဆီကနေ ဝင်လာတဲ့ စာကို၊မြန်မာပြည်မှာခေတ်စနှစ်တွေ ပြောင်းလဲနေပါတယ်ဆိုတာ
မေးခွန်းထုတ်စရာဖြစ်နေလို့ သက်ဆိုင်သူများ သိရှိ နိုင်ကြစေရန် တင်ပြပေးလိုက်ပါတယ်။ 
ဘလော့ဂါ



သို့  ကိုမိုးသီဟအောင် ခင်ဗျား
ကျနော်ကတော့ XXXXX ပါ။
ရှက်ရှက်နှင့် ဝန်ခံအကူညီတောင်းပါရစေခင်ဗျား။ ကျနော့်စာကိုသက်ဆိုင်သူများနှင့်တကွ လူအများသိစေချင်လို့  ကိုမိုးသီဟ ဘလော့မှာတင် ပေးပါ။
ကျနော်တို့ မိသားစုတွေက အရေးခင်းကာလမှာသူ့ လို ကိုယ့်လို ပါဝင်ခဲ့ကြတာကလွဲလို့ ဘယ်လို အကြမ်း ဖက်မှု့ တွေမှမပြုလုပ့်ခဲ့ကြပါ။ အကြောင်းအမျိုးမျိုးတွေကြောင့် တော်လှန်ရေးအဖွဲ့ တွေ ထဲမှာ တပ့်ဖွဲ့ ဝင် တွေ အဖြစ် တာဝန်ယူထမ်းဆောင်ခဲ့ကြတာတွေကလွှဲရင်
ကျနော်တို့ ဘယ် ပြစ်မှု့ ဥပဒေမှ ဖေါက်ဖျက်ကျုးလွန် ခဲ့ကြတာမရှိခဲ့ကြပါ။
ကျနော်တို့ မိသားစုတွေပြန် မဆုံတွေ့ ကြတာ၊လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကတည်းကဆိုပါတော့ခင်ဗျား။ အခုလည်း အမေ၊ အဖေ နှင့် အသက်အရွယ် အလွန်ကြီးရင့်နေပြီဖြစ်တဲ့အဖွါး ကို အသက်ရှိထင်ရှားရှိနေစဉ်
မှာ ပြန်တွေ့ ချင်တဲ့ဆန္တတခုတည်းပါ။
  ယ္ခု့ အချိန်မှာဦးသိန်းစိန်အစိုးရကဒီမိုကရေစီစနှစ်ဆီကို ပြောင်းလဲနေပါပြီ။ ပြည်ပကနေ ပြန်လာချင်တဲ့သူတွေ
ကိုလည်း ပြန်လာခွင့်တွေပေးနေပါပြီ။ (Black List) အမည် မဲစာရင်းတွေလည်းပယ်ဖျက်ပေးနေပါပြီ။ စသဖြင့် သတင်းတွေ၊ အသံတွေ ကြားနေရ လို့ တကယ် များဟုတ်နေလေမလားလို့ ယုံပြီး တကယ် တမ်း
ပြန်ဘို့ ကြိုးစားကြတဲ့ အခါ ကနေဒါက အိုတဝါး သံရုံးကလား (ဒါမှမဟုတ်) ပြည်ထဲရေးကလား၊ဒါမှမဟုတ် အရင်ကလိုဘဲ့ အလုပ့်မလုပ့်လိုတဲ့ သူတွေ၊ မပြောင်းလဲချင်တဲ့သူတွေ ပညာပြတာကိုခံနေကြရပါတယ်။ ကျနော်တို့ လို ၈၈ နွယ်ဘွား သူပုန်တွေတချို့  ကိုတော့ ဘာဖြစ်လို့ လဲတော့မသိ၊ အလည်သွားခွင့် ဗီဇာ လျှောက်တာ၊ စာမလာသတင်းမကြားဖြစ်နေလို့ သက်ဆိုင်ရာ တွေကသိရှိနိုင်အောင်ဖေါ်ပြ
ပေးပါခင်ဗျား။
လေးစားစွာဖြင့်

 


Tuesday, January 29, 2013

ကားလ်မာ့က်စ် မိတ်ဆက် အခန်း (၂)

ကားလ်မာ့က်စ် မိတ်ဆက် (ဘာသာပြန်)
အခန်း ()
ငယ်ရွယ်သော ဟီဂယ်လီယန် တယောက်

ဘာလင်မှာ ကျောင်းသားဘ၀နဲ့ ခြေချပြီး၊ တနှစ်ကျော်အကြာမှာပဲ သူဟာ တစတစနဲ့ "မျက်မှောက်ခေတ်ဒဿနိကဗေဒ" နဲ့ နီးစပ်လာကြောင်း မာ့က်စ်က သူ့ဖခင်ထံ စာရေးခဲ့ဖူးပါတယ်။ အဲဒီ မျက်မှောက်ခေတ် ဒဿနိကဗေဒ ဆိုတာ ဟီဂယ် ရဲ့ ဒဿနိကဗေဒ ဖြစ်ပါတယ်။ ဟီဂယ်က ဘာလင်တက္ကသိုလ်မှာ (၁၈၁၈) ခုနှစ်ကနေ၊ (၁၈၃၁) ခုနှစ်အထိ စာသင်ခဲ့ပါတယ်။ နောက်ပိုင်း ကာလတွေမှာ အိန်ဂယ်လ်နဲ့ မာ့က်စ်တို့ရဲ့ အတွေးအခေါ်တွေ လူ့အဖွဲ့အစည်းကို လွှမ်းမိုးလာချိန်မှာ တချိန်က ဟီဂယ်ရဲ့ လွှမ်းမိုးနိုင်စွမ်းကို အိန်ဂယ်က ပြန်လည်ရေးသားပြုစုခဲ့ပါတယ်။

ဟီဂယ်လီယန်စနစ်ဟာ အခြားစနစ်တွေထက် ပိုပြီး ဆီလျော်ခြင်း မရှိပဲ ကြီးထွားလာတဲ့ ဒိုမိန်းတခု ဖြစ်ပါတယ်။ ဒီဒိုမိန်းမှာ အတွေးအခေါ် အများအပြား ပေါင်းစပ်ပါဝင်နေပြီး၊ ဒါတွေဟာ ယနေ့ခေတ် ကာလအထိ အံ့သြဖွယ်ကောင်းလောက်အောင် လွှမ်းမိုးနေဆဲပဲ ရှိပါသေးတယ်“ လို့ အိန်ဂယ်က ဆိုထားခဲ့ပါတယ်။

ဒါကို ကြည့်မယ်ဆိုရင် ဂျာမဏီရဲ့ ဒဿနိကဗေဒ အသိုင်းအ၀ိုင်းမှာ ဟီဂယ်လီယန် စနစ်ရဲ့ သက်ရောက်မှုတွေ ဘယ်လောက်ထိ ရှိခဲ့မယ်ဆိုတာ တွက်ကြည့်နိုင်ပါတယ်။ ဟီဂယ်လီယန်စနစ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ အောင်ပွဲဆင်ခဲ့ပြီး၊ ဟီဂယ်သေဆုံးချိန်မှာတော့ ရပ်တန့်သွားခဲ့ပါတယ်။ တိတိကျကျ ဆိုရရင် ဟီဂယ်လီယန်စနစ် အောင်ပွဲဆင်ခဲ့ချိန်ဟာ (၁၈၃၀) ကနေ (၁၈၄၀) အထိ ကာလမှာ ဖြစ်ပြီး၊ အတိုက်အခံတွေကိုတောင် အနည်းနဲ့အများဆိုသလို သက်ရောက်မှု ရှိခဲ့ပါတယ်။

(၁၈၃၇) ခုနှစ်မှာ မာ့က်စ်နဲ့ နီးစပ်ခဲ့တဲ့ ဟီဂယ်ရဲ့ အတွေး အခေါ်တွေဟာ မာ့က်စ်ရဲ့ အတွေးအခေါ်တွေ အပေါ်မှာလဲ တစုံတရာ သက်ရောက်မှုတွေ ရှိစေခဲ့ပါတယ်။ (၁၈၄၄) ခုနှစ် ရေးသားခဲ့တဲ့ မာ့က်စ်ရဲ့ စာတွေထဲမှာ သူ့ဒဿနိကရဲ့ မွေးဖွားရာ ဘူမိနက်သန်နဲ့ လျှို့ဝှက်ချက်ဟာ Phenomenology of mine လို့ မာ့က်စ်က ဆိုခဲ့ပါတယ်။ ဒီရေးသားချက်တွေဟာ မာ့က်စ်ကို နားလည်နိုင်ဖို့အတွက် ကနဦးစတင် လေ့လာရမယ့် စာတွေပဲ ဖြစ်ပါတယ်။

"စိတ်" ဆိုတဲ့ စကားလုံးကို ဂျာမန်လို "၀ိဥာဉ်" လို့ ရံဖန်ရံခါ ဘာသာပြန်လေ့ရှိပါတယ်။ စကြ၀ဋာကြီးကို လေ့လာဖော်ပြရာမှာ ဟီဂယ်က ဒါကို အသုံးပြုခဲ့ပါတယ်။ သူ့ရဲ့ ရေးသားချက်တွေထဲမှာ universal mind ရဲ့ သဏ္ဍာန်တခုအနေနဲ့ စကြ၀ဋာကြီးရဲ့ စိတ်ဝိဥာဉ် အပိုင်းကို ရည်ညွန်းခဲ့ပါတယ်။ universal mind ဆိုတာ ဘုရားသခင်ကို ရည်ရွယ်တာလား၊ ဒါမှမဟုတ် ဟီဂယ်ရဲ့ pantheistic ဖက်ရှင်အတိုင်း ဘုရားသခင်ကို ကမ္ဘာကြီးတခုလုံး အနေနဲ့ ဖော်ပြတာလား ဆိုတာကို ဆွေးနွေးငြင်းခုန်မှုတွေ အများအပြား ရှိခဲ့ပါတယ်။ ဒီမေးခွန်းတွေအတွက် တိကျတဲ့ အဖြေမရှိသေးပါဘူး။ ဒါပေမယ့် universal mind ကို ကိုယ်ပိုင်စိတ်ထားနဲ့ ခွဲခြားလေ့လာမယ်ဆိုရင်တော့ သင့်လျော်တဲ့ အဖြေရှိနိုင်ပါတယ်။

Phenomenology of mind ဆိုတဲ့ သဘောတရားဟာ တဦးချင်း စိတ်နေစိတ်ထားအဖြစ် ရှိနေတဲ့ ပထမဆုံး သွင်ပြင်လက္ခဏာ (သိစိတ်။ သို့ပေမယ့် ကိုယ်ပိုင်သိစိတ်နှင့် လွတ်လပ်သော စိတ်ထား မဟုတ်) မှ လွတ်လပ်ပြီး၊ ကိုယ်ပိုင်သိစိတ် အစုအဝေးအဖြစ် အပြည့်အ၀ ပြောင်းလဲသွားသော စိတ်နေစိတ်ထား ပြောင်းလဲတိုးတက်မှုကို ခြေရာကောက်လေ့လာထားတဲ့ သဘောတရား ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ သမိုင်းရေးရာသီးသန့်၊ လော့ဂျစ်ရေးရာ သီးသန့်မဟုတ်ပဲ နှစ်မျိုးလုံး ပေါင်းစပ်ပါဝင် နေပါတယ်။ သမိုင်းကို ကြောင်းကျိုးဆီလျော်ပြီး လိုအပ်တဲ့ လမ်းကြောင်းတလျှောက် တိုးတက်နေတဲ့ စိတ်နေစိတ်ထား အဖြစ် ဟီဂယ်က ပြသဖို့ ကြိုးစားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ နောက်ဆုံးပန်းတိုင်ကို ရောက်ရှိဖို့အတွက် ဒီလမ်းကြောင်းအတိုင်း စိတ်က ခရီးနှင်ရမှာ ဖြစ်ပါတယ်။

စိတ်ဓာတ်ဖွံ့ဖြိုးတိုးတက်မှု ဆိုတာကို ကြောင်းကျိုးဆီလျော်သော ငြင်းဆိုမှုများအား ဖလှယ်ခြင်းအားဖြင့် အမှန်တရားကို ရှာဖွေခြင်း လို့လဲ သတ်မှတ်နိုင်ပါတယ်။ မာ့က်စ်ရဲ့ ကိုယ်ပိုင်ဒဿနိကဗေဒကို ကြောင်းကျိုးဆီလျော်သော ငြင်းဆိုမှုများအား ဖလှယ်ခြင်းအားဖြင့် အမှန်တရား ရှာဖွေထားသော ရုပ်ဝါဒလို့ သတ်မှတ်ကြတာ ဖြစ်တဲ့အတွက် ဒီစကားလုံးဟာ မာ့က်စ်နဲ့ ဆက်နွယ်ပြီး ပေါ်ထွက် လာတာဖြစ်ပါတယ်။ မာ့က်စ်သီအိုရီရဲ့ ကြောင်းကျိုးဆီလျော်စွာ အမှန်တရားရှာဖွေခြင်း သဘောတရား တွေဟာ ဟီဂယ်ရဲ့ အတွေးအခေါ်တွေကနေ တစိတ်တပိုင်း ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ကြောင်းကျိုးဆီလျော်သော ငြင်းဆိုမှုများအား ဖလှယ်ခြင်းအားဖြင့် အမှန်တရား ရှာဖွေခြင်းဆိုတာရဲ့ ဆိုလိုရင်းကို လေ့လာဖို့ လိုအပ်ပါတယ်။

Phenomenology မှာ ဖော်ပြထားချက်တွေမှာ သခင်နဲ့ ကျွန် ဆက်နွယ်မှုတွေ ပါဝင်ပါတယ်။ ဟီဂယ်ရဲ့ ကြောင်းကျိုးဆီလျော်စွာ အမှန်တရားရှာဖွေခြင်း ဆိုလိုချက်တွေမှာ အရင်းရှင်နဲ့ အလုပ်သမားတို့ အကြားက ဆက်နွယ်မှုတွေကို ဖော်ပြထားပြီး၊ ဒါတွေက မာ့က်စ်ရဲ့ အတွေးအခေါ်နဲ့ အယူအဆ တွေအပေါ်မှာ သက်ရောက်မှု ရှိလာခဲ့ပါတယ်။

ဥပမာအားဖြင့် လွတ်လပ်သော လူနှစ်ယောက်ဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်လို့ နားလည် ထားပေမယ့် သဘောသဘာဝတွေကတော့ universal mind ရဲ့ သွင်ပြင်လက္ခဏာအတိုင်း မရှိနေပဲ တယောက်က နောက်တယောက်ကို ပြိုင်ဘက်လို့ သဘောထားမယ် ဆိုရင် အခြားအရာတွေအပေါ်မှာ အာဏာရှိခြင်းရဲ့ ကန့်သတ်ချက်တွေ ဖြစ်လာနိုင်ပါတယ်။ အခြေအနေက တည်ငြိမ်မှုမရှိပဲ ထိပ်တိုက် ရင်ဆိုင်ကြရာမှာ တယောက်က အနိုင်ရပြီး၊ အခြားတယောက်ကို ကျွန်ပြုနိုင်သွားပါတယ်။ ကနဦးအစမှာ သခင်က အရာအားလုံးကို ပိုင်ဆိုင်သူဖြစ်ပြီး၊ ကျွန်ကတော့ ဘာမှ မရှိပါဘူး။ ဒါပေမယ့် အမှန်တကယ် အလုပ်လုပ်တာက ကျွန်ဖြစ်ပြီး၊ သဘာဝလောကကြီးကို သူ့ရဲ့ လုပ်အားနဲ့ ပြောင်းလဲမှုတွေ ဖြစ်လာစေပါတယ်။

ဒီလိုနဲ့ သဘာဝလောကကြီးကို သူ့ရဲ့ လုပ်အား၊ အသိဥာဏ်တွေနဲ့ ပြောင်းလဲလာစေပြီးချိန်မှာ ကျွန်ဖြစ်သူဟာ ကျေနပ်စိတ်တွေ ရရှိလာပြီး၊ ကိုယ်ပိုင်သိစိတ်ကလဲ ဖွံ့ဖြိုးတိုးတက်လာပါတယ်။ သခင်ကတော့ ကျွန်အပေါ်မှာ မှီခိုသူ ဖြစ်လာပါတယ်။ ဒီအခါမှာ အဆုံးစွန်ရလဒ်ကတော့ ကျွန်ဖြစ်သူကို လွတ်လပ်ခွင့် ပေးလိုက်ပြီး၊ လွတ်လပ်သူနှစ်ယောက်အကြားမှာ ရှိခဲ့တဲ့ ကနဦးပဋိပက္ခကို ကျော်လွှားမှုပဲ ဖြစ်ပါတယ်။

ဒါဟာ Phenomenology နဲ့ ပတ်သက်တဲ့ ကဏ္ဍလေးတခုပဲ ဖြစ်ပါတယ်။ Phenomenology ဟာ ဆန့်ကျင်ဘက်နဲ့ အတိုက်အခံတွေကို ကျော်လွှားတဲ့ စိတ်နေစိတ်ထား ဖွံ့ဖြိုးတိုးတက်မှုကို ခြေရာကောက် လေ့လာထားပါတယ်။ စိတ်နေစိတ်ထားဟာ universal ဖြစ်တယ်ဆိုပေမယ့် အကန့်အသတ်နဲ့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချို့လူတွေက universal mind ရဲ့ သဘောသဘာဝကို သိမြင်နားလည်ခြင်း မရှိပါဘူး။ အချို့လူတွေဟာ သူတို့ကိုယ်သူတို့ universal mind ရဲ့ အစိတ်အပိုင်းတွေအဖြစ်လဲ ရှုမြင်ခြင်း မရှိပါဘူး။

ဟီဂယ်က ဒီလိုအခြေအနေကို စိတ်နေစိတ်ထား သွေဖည်ခြင်း လို့ သတ်မှတ်ဖော်ပြထားပါတယ်။ တူညီတဲ့ အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားသူတွေ အနေနဲ့ တယောက်နဲ့တယောက် ခြားနားသူတွေ၊ ပြင်ပလူတွေ၊ ရန်သူတွေအဖြစ် ရှုမြင်ခြင်းဟာ စိတ်နေစိတ်ထား သွေဖည်ခြင်း ဖြစ်ပါတယ်။ ဒီလို သွေဖည်နေချိန်မှာ စိတ်ဓာတ်က လွတ်လပ်နေခြင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အတိုက်အခံ တွေနဲ့ အတားအဆီးတွေကို ကျော်လွှားပြီး၊ အလုံးစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင် နေရတဲ့ အတွက်ဖြစ်ပါတယ်။

ဒီအခါမှာ စိတ်ဟာ တည်ငြိမ်မှုမရှိပဲ ဖြစ်နေပြီး၊ သွားလာ လှုပ်ရှားနေပါတယ်။ အတိုက်အခံနဲ့ အတားအဆီးတွေက အပေါ်ယံပုံရိပ်တွေ ဖြစ်ပြီး၊ စိတ်ရဲ့ရလဒ်က သူကိုယ့်သူ ဘာလဲဆိုတာကို အသိအမှတ်မပြုပဲ ဖြစ်နေပါတယ်။ ဒါပေမယ့်လဲ စိတ်ရဲ့ တပိုင်းတစကတော့ တစုံတရာ alien ဖြစ်နေပြီး၊ တိုက်ပွဲပြန်ဖြစ်နေတတ်ပါတယ်။ ဒီလို alien အင်အားတွေက စိတ်ရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ် ထားပါတယ်။ စိတ်ဟာသူ့ရဲ့ အဆုံးစွန်စွမ်းအားတွေကို မသိတဲ့အတွက် ကမ္ဘာကြီးကို စီမံချက်တွေ အတိုင်း စုစည်းနိုင်မယ့် ပါဝါကို မကျင့်သုံးနိုင်ပဲ ဖြစ်လာပါတယ်။

ဟီဂယ်ရဲ့ ဒဿနိကဗေဒအရ ကြောင်းကျိုးဆီလျော်သော ငြင်းဆိုမှုများအား ဖလှယ်ခြင်းအားဖြင့် အမှန်တရားကို ရှာဖွေခြင်းဆိုတာ လွတ်လပ်ခြင်းကို ဦးတည်ပါတယ်။ ကမ္ဘာ့သမိုင်းဆိုတာ လွတ်လပ်ခွင့်ကို သိစိတ်တိုးတက်မှု မှတပါး အခြားမရှိလို့ သူက ရေးသားခဲ့ပါတယ်။ ဒီလိုစဉ်းစားမယ် ဆိုရင်တော့ Phenomenology ဆိုတာ ကြမ်းတမ်းသော ကမ္ဘာထဲမှာ ဖြတ်သန်းရာကနေ ကိုယ်ပိုင် ဗဟုသုတနဲ့ လွတ်လပ်ခွင့်တွေ ရှိလာပြီး၊ စကြာဝဠာရဲ့ အရှင်သခင်လို့ သူ့ဘာသာသူ အသိအမှတ် ပြုသွားသော စိတ်ရဲ့ သမိုင်းကို ခြေရာကောက်တဲ့ ဒဿနိကဗေဒရဲ့ ကဗျာရှည်တပုဒ်လို့ ဆိုနိုင်ပါတယ်။

ဟီဂယ်ရဲ့ ဒဿနိကဗေဒမှာ ဆိုးဝါးတဲ့ နောက်ဆက်တွဲပြဿနာတခု ရှိပါတယ်။ သမိုင်းကြောင်း အားလုံးဟာ သူ့ရဲ့ ကိုယ်ပိုင်သဘောသဘာဝကို နားလည်စေတဲ့ ပန်းတိုင်ကို ဦးတည်သော စိတ်ရဲ့ ပုံပြင်ဆိုရင် ဒီပန်းတိုင်ဟာ Phenomenology ပြီးပြည့်စုံသွားမှသာ ရောက်ရှိမယ့် ပန်းတိုင်ဖြစ်ပါတယ်။ ဟီဂယ်ရဲ့ စိတ်သဘာဝအရဆိုရင် စိတ်ဟာ သူ့ရဲ့ သဘောသဘာဝဆောင်လာချိန်မှာ သမိုင်းရဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိသွားနိုင်ပါတယ်။ ကျွန်ုပ်တို့အတွက် ဒါဟာ ထူးခြားတဲ့ ဆန်းကြယ်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီလို နောက်ဆက်တွဲ ပြဿနာတွေကြောင့် ဟီဂယ်ရဲ့ ဒဿနိကဗေဒနဲ့ သမိုင်းကို ပေါင်းစပ်ထားမှု သဘောတရားဟာ အချိန်အတန်ကြာအောင် ရေရှည်ခေတ်မစားပဲ ဖြစ်သွားတာပါ။ ဒါပေမယ့်လဲ မာ့က်စ်ငယ်စဉ်တုန်းကတော့ ဒါကို အလေးအနက် အတော်ထားခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် universal mind ကို အရာဝတ္ထုအားလုံးရဲ့ အဆုံးစွန်အမှန်တရား ဆိုတာနဲ့ ပတ်သက်ပြီး ငြင်းပယ်ခဲ့ရင်တောင် Phenomenology ရဲ့ တစိတ်တဒေသကိုတော့ သိနားလည်ရမှာ ဖြစ်ပါတယ်။ universal mind ကို လူတွေရဲ့ စိတ်တွေအားလုံးကို စုပေါင်းခေါ်ဝေါ်တဲ့ အဆိုတရပ်လို့ သတ်မှတ်ပြီး၊ Phenomenology ကို လူသားလွတ်မြောက်ရေး နည်းလမ်းအဖြစ်လဲ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။ ဒီအခါမှာ စိတ်ရဲ့ ပုံပမာတွေဟာ လူသားဝိဥာဉ်ရဲ့ ပုံပမာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါက ဟီဂယ်သေဆုံးပြီးနောက်ပိုင်း ဆယ်စုနှစ်ကာလတခုမှာ ပေါ်ထွက်လာခဲ့တဲ့ ငယ်ရွယ်သော ဟီရယ်လီယန်ဆိုတဲ့ ဒဿနိကဗေဒ ပညာရှင် အုပ်စုတခုရဲ့ ကြိုးပမ်းချက်ဖြစ်ပါတယ်။ ဟီဂယ်ကို အစွန်းရောက် ဖွင့်ဆိုချက်များအရ လူ့အဖွဲ့အစည်းဟာ ကမ္ဘာလောကထဲက စိတ်တွေအပေါ်မှာ အခြေတည်ထားတာကြောင့် အရာအားလုံးက မှန်ပြီး၊ ကြောင်းကျိုးဆီလျော်မှု ရှိတယ်လို့ ဆိုကြပါတယ်။ ဟီဂယ်ရဲ့ ရေးသားချက်တွေထဲမှာလဲ ဒါကို ပံ့ပိုးတဲ့ စာပိုဒ်တွေ အများအပြားပါဝင်ပါတယ်။

အဲဒီအချိန်မှာတုန်းက ဟီဂယ်က ပါရှန်းနိုင်ငံတော်ကို စိတ်ရဲ့ အကြီးမြတ်ဆုံး ပေါ်ထွန်းရှင်သန်မှုအဖြစ် အသိအမှတ်ပြုထားခဲ့ပါတယ်။ ပါရှန်းနိုင်ငံတော်ဟာ ဟီဂယ်ကို ဘာလင်မှာ ဒဿနိကဗေဒ ပါမောက္ခ အဖြစ် လစာပေးခန့်အပ်ထားတာ ဖြစ်တဲ့အတွက် ဒီစာပိုဒ်တွေရေးသားပြီး၊ ဟီဂယ်က သူ့ရဲ့ကိုယ်ပိုင် ဒဿနကို သူကိုယ်တိုင်သစ္စာဖောက်ထားကြောင်း ရှုမြင်သုံးသပ်မှုတွေဟာ အံ့သြဖွယ်ရာ မဟုတ်ကြောင်း ငယ်ရွယ်သော ဟီဂယ်လီယန်များက သတ်မှတ်ကြပါတယ်။ ဒီလိုသတ်မှတ်သူတွေထဲမှာ မာ့က်စ်လဲ ပါဝင်ခဲ့ပါတယ်။ မာ့က်စ်ရဲ့ ဒေါက်တာဘွဲ့ယူစာတမ်းမှာ အကယ်၍ ဒဿနိကဗေဒပညာရှင်ဟာ အလျှော့အတင်း၊ အပေးအယူ အမှန်တကယ် လုပ်ခဲ့ရတယ်ဆိုရင် သူ့ရဲ့ superficial expression ကို အမှန်တကယ်သိအောင် ဖော်ထုတ်နိုင်ရေးဟာ နောက်လိုက်တွေရဲ့ အလုပ်တာဝန်လို့ မာ့က်စ်က ရေးသားဖော်ပြထားခဲ့ပါတယ်။

ငယ်ရွယ်သော ဟီဂယ်လီယန်တွေက ဟီဂယ် ဒဿနိကဗေဒရဲ့ superficial expression ဟာ (၁၉) ရာစု အစောပိုင်းကာလ ပါရှန်းနိုင်ငံရေး၊ ဘာသာရေးနဲ့ လူ့အဖွဲ့အစည်းကို လက်ခံရေးဖြစ်ပြီး၊ inner core ကတော့ alienation ကျော်လွှားနိုင်ရေးလို့ သုံးသပ်ကြပါတယ်။ ကိုယ်တိုင်နားလည်သိစိတ်ရှိလာပြီး၊ လွတ်လပ်ခွင့်ကို အတားအဆီးပြုနေသော စိတ်ရှုပ်ထွေးဖွယ်ရာများမှ ကိုယ်ပိုင်သိစိတ်နဲ့ လွတ်မြောက် လာခြင်းကို alienation ကျော်လွှားနိုင်မှုလို့ သတ်မှတ်ကြပါတယ်။

မာ့က်စ်ဟာ ဘာလင်မှာ ကျောင်းတက်ပြီး နှစ်နှစ်ခန့်ကြာချိန်လောက်မှာပဲ သီအိုလော်ဂျီသင်တဲ့ ကတိက Bruno Bauer ဆိုသူနဲ့ အတော်ပဲ ရင်းနှီးသွားခဲ့ပါတယ်။ ဘရူနိုဟာ ငယ်ရွယ်သော ဟီဂယ်လီယန် တယောက် ဖြစ်ပါတယ်။ သူ့ရဲ့ လွှမ်းမိုးမှုကြောင့် မာ့က်စ်ဟာ orthodox christian religion ကို လူသားရေးရာ ကိုယ်ပိုင်နားလည်မှုမှာ ရပ်တန့်ပိတ်ဆို့နေတဲ့ အကြီးမားဆုံး illusion တရပ်လို့ သတ်မှတ်လာခဲ့ပါတယ်။ ဒီလို illusion ကို တိုက်ခိုက်နိုင်တဲ့ အကြီးမားဆုံး လက်နက်ကတော့ ဒဿနိကဗေဒ လို့ သူက ယူဆခဲ့ပါတယ်။

မာ့က်စ်ရဲ့ ဘွဲ့ယူစာတမ်းမှာ ဒဿနိကဗေဒမှာ လျှို့ဝှက်ချက်တွေ မရှိဘူး။ Prometheus ဆိုခဲ့တဲ့ ဘုရားတွေအားလုံးကို ပြန်လည်ဆန်းစစ်နေတယ် ဆိုတဲ့ အဆိုဟာ သူမရဲ့ ကိုယ်ပိုင်အဆိုပြုချက်ဖြစ်ပြီး၊ လူသားတွေရဲ့ ကိုယ်ပိုင်အသိဥာဏ်ကို အမြင့်မားဆုံး ကိုးကွယ်စရာလို့ အသိအမှတ်မပြုတဲ့ ဘုရားတွေအားလုံးကို ဆန့်ကျင်မှုဟာ သူမရဲ့ ကြွေးကြော်သံဖြစ်တယ်။ လူသားတွေရဲ့ ကိုယ်ပိုင် အသိဥာဏ်က လွဲရင် တခြားဘာအရာမှ မရှိဘူးလို့ ရေးသား ဖော်ပြထားခဲ့ပါတယ်။

ငယ်ရွယ်သော ဟီဂယ်လီယန်များရဲ့ ကျင့်သုံးတဲ့ နည်းစနစ်အတိုင်း၊ Bauer နဲ့ မာ့က်စ်တို့ဟာ ဘာသာရေးဆိုင်ရာ ဝေဖန်မှုတွေမှာ ပိုပြီးအစွန်းရောက်တဲ့ ကောက်ချက်ချမှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။ ဘာသာရေးအယူအဆတွေအရ ဘုရားသခင်က ကောင်းကင်ဘုံမှာနေတယ် ဆိုခြင်းဟာ၊ လူသားတွေရဲ့ ဖြစ်တည်မှုကို ပိုမိုနိမ့်ကျမှုနဲ့ တန်ဖိုးမဲ့မှုကို ဖော်ပြရာ ရောက်တယ်လို့ သူတို့က ယူဆပါတယ်။ ဘာသာတရားက လူတွေရဲ့ သဘာဝကို လိုအပ်တဲ့ သဘာဝဖြစ်တဲ့ ကောင်းကင်ဘုံနဲ့ မလိုအပ်တဲ့ သဘာဝဖြစ်တဲ့ မြေကြီးဆိုပြီး ခွဲခြားထားကြောင်းနဲ့ ဒီလိုခွဲခြားမှုတွေကြောင့် လူသားတွေဟာ သူတို့အမှန်တကယ် နေထိုင်နေတဲ့ ကမ္ဘာနဲ့ ဖြစ်တည်မှုတွေကနေ စိတ်ပိုင်းဆိုင်ရာအရ သွေဖည် နေကြောင်း ဆိုထားကြပါတယ်။

ဟီဂယ်က ဒီအကြောင်းအရာတွေကို လူသားတွေရဲ့ ကိုယ်ပိုင်စိတ်ပိုင်းဆိုင်ရာ သွေဖည်မှု အကြောင်းတွေ ရေးသားရာမှာ ထည့်သွင်းဖော်ပြထားပေမယ့်၊ လက်တွေ့ကောက်ချက်ချမှုတော့ မပြုလုပ်ခဲ့ပါဘူး။ Bauer က ကျယ်ကျယ်ပြန့်ပြန့် တွေးတောအဆိုပြုလာခဲ့တာ ဖြစ်ပါတယ်။ သူ့အဆိုမှာ ဘုရားသခင်ဆိုတာ လူသားတွေက သူတို့နဲ့ မတူညီတဲ့ တည်ရှိမှု တစုံတရာအဖြစ် ဖန်ဆင်းထားတာ ဖြစ်တဲ့အတွက်၊ အမြင့်ဆုံး ကိုးကွယ်စရာအဖြစ် မသတ်မှတ်သင့်ကြောင်း ဖော်ပြထားပါတယ်။ ဒီအတွေးအခေါ်က လက်တွေ့ လုပ်ငန်းတာဝန်တရပ်ကို ထပ်မံပြဌာန်းလာပါတယ်။ ဘာသာရေးကို ဝေဖန်ခြင်း၊ ဘုရားသခင် ဆိုတာ လူက ဖန်ဆင်းထားကြောင်းကို လူအများအား သက်သေပြခြင်း စတာတွေနဲ့ လူသားတွေရဲ့ ဘုရားသခင်ကို ကိုးကွယ်ယုံကြည်မှုကနေ တဆင့် ဖြစ်ပွားလာတဲ့ လက်တွေ့ လူ့ဘ၀မှ သွေဖည် တွေးခေါ်မှုတွေကို ရပ်တန့်ရန် ဖြစ်ပါတယ်။

ငယ်ရွယ်သော ဟီဂယ်လီယန်တွေက ဟီဂယ်ရဲ့ ဒဿနိကဗေဒဟာ ပြီးပြည့်စုံတယ်လို့ မယူဆကြပါဘူး။ ရှုပ်ထွေးနက်နဲမှုတွေ ရောထွေးပါဝင်နေတယ်လို့လဲ သုံးသပ်ကြပါတယ်။ လက်တွေ့ဘ၀နဲ့ ကိုက်ညီ အောင် ပြန်ဆိုရေးသားမယ်ဆိုရင်တော့ စိတ်ဆိုတာကို လူသားတွေရဲ့ ကိုယ်ပိုင်သိစိတ်၊ အသိဥာဏ်လို့ အဓိပ္ပာယ်ကောက်ယူနိုင်ကြောင်း ဆိုကြပါတယ်။ သမိုင်းရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ humanity ရဲ့ လွတ်မြောက်ရေးဖြစ်ပြီး၊ religious illusion တွေကို မကျော်လွှားပဲ ဒီပန်းတိုင်ကို မရောက်နိုင်ဘူးလို့ သူတို့က ယူဆခဲ့ကြပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

မူရင်းစာအုပ်အမည် - Marx: A Very Short Introduction
စာအုပ်ရေးသားသူ - Peter Singer
စာအုပ်ထုတ်ဝေနှစ် - ၁၉၈၀ (ပထမအကြိမ်)၊ ၁၉၉၆ (ပြန်လည်ထုတ်ဝေနှစ်)
ဘာသာပြန်သူ - ခင်မမမျိုး (၂၈၊ ၁၊ ၂၀၁၃)

(မှတ်ချက်။   ။ ကားလ်မာ့က်စ်မိတ်ဆက် စာအုပ်ဖြစ်တဲ့အတွက် စာအုပ်ရေးသားသူက ကားလ်မာ့က်စ်ရဲ့ အယူအဆများနဲ့ ဒီအယူအဆများအပေါ် သက်ရောက်ခဲ့တဲ့ အတွေးအခေါ်များကို ဖော်ပြထားခြင်း ဖြစ်ပြီး၊ ဒီလိုဖော်ပြထားချက်များကို တိုက်ရိုက်ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ ဘာသာပြန်ဆိုသူရဲ့ အယူအဆများနဲ့ သက်ဆိုင်ခြင်း မရှိပါ။)