Tuesday, January 22, 2013

ကေအင်န်ယူ တပ်မဟာ (၃) ဗိုလ်မှူးချုပ်အယ်ကလူသိန်းနှင့်အင်တာဗျူး

သူ့ဘက်ကမှန်တယ်။ ကိုယ့်ဘက်က မှန်တယ်ဆိုတာ တိုင်းပြည်အဟန့်အတားတွေပဲ။ သူတိုက်တယ်။ ကိုယ်တိုက်တယ်။ ဘယ်သူကနိုင်သလဲ၊ တိုင်းပြည်နစ်နာခဲ့တယ်။ တိုင်းရင်းသားတွေ ဒုက္ခပေါင်းစုံနဲ့ သူများနိုင်ငံမှာ ဒုက္ခဆင်းရဲရောက်နေရတယ်။ ဘယ်သူမှ နိုင်အောင်မတိုက်နိုင်ဘူး။ မဖြိုးခွင်းနိုင်ဘူး ဒါကြောင့်အဖြေရှာ ကြတယ်။ နောက်ဆုံးအဖြေကတော့ သဘောထားမှန်မှန်နဲ့ ဆောင်ရွက်တာ အကောင်းဆုံး

( ကေအင်န်ယူ တပ်မဟာ (၃) ဗိုလ်မှူးချုပ်အယ်ကလူသိန်း)
၆၄ နှစ်ကြာတိုက်ပွဲဝင်ခဲ့တာဟာ အဖိနှိမ်ခံလူမျိုး အဖိနှိမ်ဘာသာ အားလုံးအတွက်ဟုဆိုသည့် ကေအင်န်ယူတပ်မဟာ(၃) ဗိုလ်မှူးချုပ်အယ်ကလူသိန်း

January 22, 2013  Home, အင်တာဗျူး 

သူ့ဘက်ကမှန်တယ်။ ကိုယ့်ဘက်က မှန်တယ်ဆိုတာ တိုင်းပြည်အဟန့်အတားတွေပဲ။ သူတိုက်တယ်။ ကိုယ်တိုက်တယ်။ ဘယ်သူကနိုင်သလဲ၊ တိုင်းပြည်နစ်နာခဲ့တယ်။ တိုင်းရင်းသားတွေ ဒုက္ခပေါင်းစုံနဲ့ သူများနိုင်ငံမှာ ဒုက္ခဆင်းရဲရောက်နေရတယ်။ ဘယ်သူမှ နိုင်အောင်မတိုက်နိုင်ဘူး။ မဖြိုးခွင်းနိုင်ဘူး ဒါကြောင့်အဖြေရှာ ကြတယ်။ နောက်ဆုံးအဖြေကတော့ သဘောထားမှန်မှန်နဲ့ ဆောင်ရွက်တာ အကောင်းဆုံးဟုဆိုလာသည့် ကေအင်န်ယူ တပ်မဟာ (၃) ဗိုလ်မှူးချုပ်အယ်ကလူသိန်းနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

မေး- ပြည်သူလူထုအတွက်ဒေသဖွံ့ဖြိုး ရေးအတွက် KNU အနေနဲ့ ဘာတွေရှေ့ ဆက်ဆောင်ရွက်မယ်လို့ ရည်မှန်းထား သလဲ။
ဖြေ- ဒေသဖွံ့ဖြိုးမှုဆိုတာ ငြိမ်းချမ်းရေး နဲ့ သက်ဆိုင်တယ်။ အဲဒီတော့ အခု   ကာလမှာ စစ်ဘေးစစ်ဒဏ်ကြောင့် အထူး  သဖြင့် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း မှာ ပြည်သူတွေရဲ့ ဘ၀ဟာစစ်ဒဏ်ကိုခံ ခဲ့ရတယ်။ ငြိမ်းချမ်းရေးပြောဆိုဆွေးနွေး  တဲ့အပေါ်မှာ တစ်ဆင့်ပြီးတစ်ဆင့်သွားရ မှာပေါ့။ ပြည်သူတွေရဲ့ ဒေသဖွံ့ဖြိုးရေး အတွက်  စနစ်တကျစီမံချက်ချပြီး လုပ် ဆောင်သွားတာ မရှိသေးဘူ။ သူ့အခန်း ကဏ္ဍကလည်း အသေးဖွဲ အသေးဖွဲလေး တွေကအစ လုပ်ဆောင်သွားမှာဖြစ်ပါ တယ်။
မေး- အခုဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီး စဉ်ဟာ မိုင်းကဏ္ဍဆွေးနွေးပွဲဆိုတော့ ပြည်သူလူထုအတွက် ဘယ်လိုကာကွယ် ပေးဆောင်ရွက်ပေးဖို့ရှိသလဲ။“
ဖြေ- ပထမအဆင့်အနေနဲ့ မိုင်းရှင်းလင်း ရေးကို စတင်လုပ်ဆောင်မှာပါ။ မိုင်းတွေ  သုံးနေသ၍ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တော်တော်နဲ့ ရောက်မှာ မဟုတ်ဘူး။ မိုင်း  ထောင်တာနဲ့ ပတ်သက်ပြီး စစ်ဆင်ရေး ဆိုတာရှိတယ်။ ဗမာ့တပ်မတော်က ကွက်စိပ်ထိုးစစ်ဆင်လာရင် မိုင်းတွေ ထောင်ရတယ်။ ဒီတော့တောင်ပေါ်ဒေသ  တွေမှာ စားဝတ်နေရေးအတွက်တောင် ယာခုတ်သူတွေကို ဘယ်နေရာတော့သွား   ရမယ်။ ဘယ်နေရာတော့ မသွားရဘူး တားမြစ်ထားတာရှိပါတယ်။ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ထိုးစစ်တွေမရှိရင်မိုင်းလုပ် ထားတာမရှိပါဘူး။
မေး- ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလ မှာ တိုက်ပွဲထိတွေ့မှုလေးတွေ ပြောပြ ပေးပါဦး။
ဖြေ- ငြိမ်းချမ်းရေးယူပြီးတဲ့ နောက်တပ် မဟာ (၃) အနေနဲ့ တိုက်ပွဲရဲ့ ထိတွေ့မူ ဟာမရှိဘူးလို့ပြောလို့ရပါတယ်။
မေး- မိုင်းကိုဘယ်လိုသတ်မှတ်သလဲ။ ဘယ်လောက်ကြာသက်တမ်းရှိနိုင်သလဲ။ အခုရောရှိနိုင်သေးလား။
ဖြေ- မိုင်းကို အမျိုးအစားခွဲလို့ရတယ်။ နိုင်ငံတကာမိုင်းက ပလတ်စတစ်နဲ့ လုပ် တယ်။ ငရဲမီးနဲ့ သုံးတယ်။ ပြည်တွင်းမှာ ကျွန်တော်တို့လက်နဲ့ လုပ်ထားတယ်။ ဓာတ်ခဲကိုအသုံးပြုတယ်။ နိုင်ငံတကာမှာ  သူ့ရဲ့သက်တမ်းက (၁၄) နှစ် ကြာတယ်။ ပြည်တွင်းလုပ်ကတော့ (၃) လလောက် ဆိုသူ့အလိုလိုပြယ်သွားတယ်။   အခုတော့ တပ်မဟာ (၃) အနေနဲ့ မိုင်း ထောင်ထားတာမရှိသလောက်ပါပဲ။ နည်းနည်းပါးပါးရှိဦးမယ်။ လမ်းမကြီးဝဲ ယာတစ်ဖက်တစ်ချက်၊ အခုတော့ တစ်ဖက်  မိတ်ဆွေတွေကို ပြန်ပြီးသတိပေးထားပါ တယ်။ အဲဒီမှာ ရှိတယ်မသွားပါနဲ့။
မေး- ငြိမ်းချမ်းရေးအတွက် ကျန်ရှိနေ သေးတဲ့ တိုင်းရင်းသားတွေကို ရောဘာ ပြောချင်ပါသလဲ။
ဖြေ- ငြိမ်းချမ်းရေးဆိုတာ တစ်နိုင်ငံလုံး နဲ့ ပတ်သက်တယ်။ ငြိမ်းချမ်းရေးစားပွဲဝိုင်း မှာ တိုင်းရင်းသားအဖွဲ့အစည်းတွေ နိုင်ငံ တော်ဘက်တွေ ပြည်သူတွေအားလုံးဝိုင်း ၀န်းပြီး သဘောထားမှန်မှန်နဲ့ တက်ညီ လက်ညီဆောင်ရွက်ဖြေရှင်းရမှာဖြစ်တယ်။  အခု ကချင်ပြည်နယ်ငြိမ်းချမ်းရေးယူပြီး။ ၁၇ နှစ်ကြာပြီးနောက်အခုတိုက်ပွဲတွေ စဖြစ်တယ်။ ကချင်ကလည်းသူ့ဘက်ကမှန် တယ်။ နိုင်ငံတော်ကလည်း သူ့ဘက်ကမှန် တယ်။ ဒါတွေဟာ တိုင်းပြည်အဟန့်အတား   တွေဖြစ်တယ်။ ကချင်ဘက်ကအပစ်အခတ်  မရပ်စဲရင်သက်ရောက်မှုတွေရှိနိုင်တယ်ဆို တာကတော့ အတိုင်းအတာတစ်ခုရှိတယ်။  ကျွန်တော်တို့အားလုံးဝိုင်းဝန်းဖြေရှင်းရ မယ်။ ဒါမှ ကျွန်တော်မျှော်မှန်းထားတဲ့ နိုင်ငံတော်တစ်ခုဖြစ်လာမှာဖြစ်တယ်။ နိုင်ငံတော်ဘက်ကလည်း သဘောထား  ကြီးကြီးနဲ့ ဆောင်ရွက်မှ ပိုပြီးအောင်မြင် မယ်။သူ့ကတာဝန်ပိုရှိသလို ကျွန်တော်တို့ ထက်ပိုပြီးလုပ်နိုင်မယ်လို့ ကျွန်တော်ထင် တယ်။
မေး- နှစ်ပေါင်း ၆၃ နှစ်ကျော်ကြာစစ် ပွဲက ရလဒ်က ဘာလဲ။ နောက်ဆုံးအဖြေ လေးပြောပါဦး။
ဖြေ- မြန်မာနိုင်ငံရဲ့တော်လှန်ရေးကနှစ် ပေါင်း ၆၃ နှစ်ကျော်ခဲ့ပြီ။ သူတိုက်တယ်။ ကိုယ်တိုက်တယ်။ ဘယ်သူကမှ မနိုင်ဘူး။ ကျွန်တော်တို့ကလည်း နိုင်ငံတော်ကို မဖြိုးခွင်းနိုင်ဘူး။ နိုင်ငံတော်ကလည်း ကျွန်တော်တို့ကို နိုင်အောင်မတိုက်နိုင်ဘူး။  ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့  က တိုင်းရင်းသားတွေဖြစ်နေလို့တိုင်းပြည်  နစ်နာတာပေါ့။
အခုတော့ အဖြေတစ်ခုရှာတယ်။ ကျွန်တော်တို့ ဘက်ကလည်း သဘော ထားမှန်မှန်၊ တိုင်းပြည်ကလည်း သဘော ထားကြီးကြီးနဲ့ ပူးပေါင်းဆောင်ရွက်တာ ဟာအဖြေမှန်တစ်ခုပါပဲ။
မေး- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်အမြင်လေး တော်လှန်ရေးအဖွဲ့ပါတီ  အဖွဲ့ပြောင်းဖို့အစီအစဉ်လေးသိပါရစေ။
ဖြေ- ကေအင်န်ယူဟာ တော်လှန်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှန်ခဲ့ရင် သေနတ်ကိုင်စရာလို မလား။ တိုင်းပြည်တိုးတက်ရေးအတွက် သွားမှာပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ  မှန်ကန်မှုမရှိဘူး။ အာမခံချက်မရှိဘူး။ ဖွဲ့စည်းပုံဥပဒေမှန်ကန်ခဲ့ရင် ကေအင်န်ယူ  ဟာပါတီတစ်ခုအနေနဲ့ပဲတည်ရှိမှာပါ။ တပ်မတော်ဟာပြည်ထောင်စုတပ်မတော် ဖြစ်ရမယ်။ အခုဟာက ဗမာ့တပ်မတော် ဖြစ်နေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပါတီတစ်ခုက ရေးဆွဲတာမဟုတ်ဘူး။ တိုင်းရင်းသားတွေရော တော်လှန်ရေး အဖွဲ့တွေရော၊ ပါတီဝင်တွေရော ပါဝင် ရေးဆွဲမှ ပိုပြီးတိကျတဲ့ အဖြေတစ်ခုထွက် ပြီး အမှန်တကယ်တိုင်းပြည်တိုးတက်မှာ ပါ။
မေး- နှစ်ပေါင်း (၆၀) ကျော်တိုက်ခိုက် ခဲ့တဲ့ ကေအင်န်ယူနဲ့ အစိုးရကြားကေအင်န် ယူကနေပြီး ဗမာ (၁) ကျပ်၊ ကရင်တစ် ကျပ်ဆိုတော့ Federal ဆိုပြီးတောင်းဆို တဲ့သဘောလား။
ဖြေ- Federal နဲ့ ပတ်သက်လို့ကတော့ တိုင်းရင်းသားတွေရဲ့ ခေါ်တဲ့ အသံဖြစ် တယ်။ မြန်မာပြည်နဲ့ ပတ်သက်လို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်တိုင်းရင်း သားပေါင်းစုံနေတာကိုး Federal ဟာ တိုင်းရင်းသားပေါင်းစုံတန်းတူအခွင့်အရေး  ပဲ။ နိုင်ငံတော်အနေနဲ့ ကြတော့ အဲဒီ Federal ဆိုတာကိုလက်မခံဘူး။ တစ်ချက်  ပြန်ကြည့်မယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ  ဆိုတာ Federal နဲ့ အနှစ်သာရချင်းက အတူတူပါပဲ။ စကားလုံးသာကွာတာ။ နိုင်ငံ  တော်မှ ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ကျွန်တော်ယုံကြည်တယ်။ ပြီးတော့နိုင်ငံ တစ်နိုင်မှာ ရှိသင့်ရှိထိုက်တဲ့ အင်အားတစ် ရပ်ကတော့ တပ်မတော်ပါပဲ။ တပ်မတော်
ကလည်း ပြည်ထောင်စုတပ်မတော်ဖြစ် ရပါမယ်။ အခုဟာကဗမာ့တပ်မတော် ကြီးဖြစ်နေတယ်။ ပြည်ထောင်စုတပ်မတော်   မဖြစ်ရင်ပြည်ထောင်စုမြန်မာနိုင်ငံဟာလည်း  အနှစ်သာရမပေါ်လွင်ဘူး။
မေး- နှစ်ပေါင်း ၆၀ ကျော်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ ကေအင်န်ယူအနေနဲ့ ကရင်လွတ်မြောက်ရေးတစ်ခုထဲကိုပဲ ရည်ရွယ်ခဲ့တာလား။
ဖြေ- ကရင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့   ဖွဲ့စည်းပုံတည်ဆောက်တဲ့ အခါကရင်ပြည်  နယ်ကရှိပြီးသား။ ကရင်ပြည်နယ်ဟာ စစ်မှန်တဲ့ ကရင်လူမျိုးတွေကြီးပဲနေကြတာ  မဟုတ်ဘူး။ တစ်ချက်က ကရင်အမျိုးသား  ကို ရည်ရွယ်ပြီး ကရင်လွှတ်မြောက်ရေး ကို ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ကျွန်တော်   တို့ တိုက်ပွဲဝင်တဲ့အခါမှာ အဖိနှိမ်ခံလူမျိုး  အဖိနှိပ်ခံဘာသာအားလုံးအတွက်တိုက်ပွဲ ၀င်ခဲ့တာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ကုလားထိုင်ကို လုဖို့ရယ်ရွယ်ချက်မရှိပါ ဘူး။ ကချင်၊ ကယား၊ ကရင်၊ ရှမ်းစတဲ့ တိုင်းရင်းသားအားလုံးရဲ့ အဖိနှိမ်ခံလွတ် မြောက်ဖို့ကြိုးစားခဲ့တာပါ။
မေး- ၆၃ နှစ်ကြာစစ်ပွဲကိုရော သံယော ဇဉ်ဖြစ်ပြီး တမ်းတသေးသေလား။
ဖြေ- ကျွန်တော်တို့ဆီမှာ ဥက္ကဋ္ဌရှိတယ်။  အဆင့်ဆင့်အုပ်ချုပ်မှုကနေ ပြည်သူတွေ အတွက် စားဝတ်နေရေးသာရေးနာရေး စသဖြင့် အစီအစဉ်တွေရှိပါတယ်။ စစ်ပွဲ  ကြီးဆောင်ရွက်နေတော့ ဘယ်လိုမှလုပ် လို့မရဘူး။ အဓိက ပြည်သူပဲ ပြည်သူမရှိ ရင် ကျွန်တော်တို့ဘာကို အုပ်ချုပ်မလဲ။ ပြည်သူဘ၀မတိုးတက်ရင် အဖွဲ့စည်းက လည်း မတိုးတက်ဘူး။ နိုင်ငံတော်က လည်း မတိုးတက်ဘူး။ စစ်ပွဲကြီးကို သံယောဇဉ်ရှိနေသ၍ ပြည်သူအတွက် ဘာမှ မဖန်တီးပေးနိုင်ဘူး။ ဘာမှမလုပ် ပေးဘူးလို့ ပြောလို့ရတယ်။ အာရှထဲမှာ သယံဇာတတကယ်ကို ကြွယ်ဝတဲ့ နိုင်ငံ တစ်နိုင်ပါ။ အခုတော့ ကျွန်တော်အပါ အ၀င် တကယ်ကို အဆင်းရဲဆုံးနိုင်ငံဖြစ် နေတယ်။ ပြည်သူကြီးပဲမဟုတ်ပါဘူး။ ဒါကိုပြောချင်ပါတယ်။
မေး- ကျေးဇူးပါပဲ။ ဗိုလ်မှူးချုပ်။

စိုးဝင်းနိုင်

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
၆၄ နှစ်ကြာတိုက်ပွဲဝင်ခဲ့တာဟာ အဖိနှိမ်ခံလူမျိုး အဖိနှိမ်ဘာသာ အားလုံးအတွက်ဟုဆိုသည့် ကေအင်န်ယူတပ်မဟာ(၃) ဗိုလ်မှူးချုပ်အယ်ကလူသိန်း

January 22, 2013 Home, အင်တာဗျူ

No comments: