Thursday, January 24, 2013

အိ မ် အ လွ မ်း - ခို င် ထူး

အိ မ် အ လွ မ်း - ခို င် ထူး

အိ မ် အ လွ မ်း - ခို င် ထူး
အိမ်ပြန်ချင်တဲ့အလွမ်း ဆီးနှင်းတို့ကျစတစ်ညမှာ အိမ်ကိုပစ်ပြီးတော့ မပြေလည်နိုင်မဲ့ လမ်းမှန်း သိရက်နဲ့ တစ်လှမ်းချင်းလှမ်းကာ ရင်ဆိုင်နေဆဲက အိမ်ပြန်ချင်တဲ့အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ် စိမ်ခေါ်နေတဲ့လမ်း ဆူးခင်းနဲ့ စီးချင်းထိုးကာ မြေလှန်ပစ်ပြီးတော့ စိုပြေနိုင်မဲ့ နည်းလမ်း ရှိရက်နဲ့ မနီးစပ်သေးခင် ရှာဖွေနေဆဲက အိမ်ပြန်ချင်တဲ့အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ် အလွမ်း ပြန်ချင်စိတ်ကြောင့် အလွမ်း ပြန်ချင်ဇောကြောင့် နေ့ခင်း အိပ်မက်ထဲမှာ အတွေး အိပ်မက်ထဲမှာ အိမ်ပြန်ဖြစ်တယ် မိန်ရာသီရဲ့စန်း နက္ခတ်နဲ့လိုက်လို့ညှိကာ အဖြေပြန်တွက်ပြီးတော့ အမေအို မျှော်မယ်မှန်းလဲ သိရက်နဲ့ ခရီးကြမ်းဖျက်ကာ ပြန်မလာနိုင်သေးခင် အိမ်ပြန်ချင်တဲ့အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ် အလွမ်း ပြန်ချင်စိတ်ကြောင့် အလွမ်း ပြန်ချင်ဇောကြောင့် နေ့ခင်း အိပ်မက်ထဲမှာ အတွေး အိပ်မက်ထဲမှာ အိမ်ပြန်ဖြစ်တယ် …………….
 
 

No comments: