Tuesday, January 29, 2013

ကျောက္ကာကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ

<<< ပုလော NLD နှင့်The Voice(မြိတ်) သတင်းထောက်အုပ်ချုပ်ရေးမှူးရွေး
ချယ်ရေး ၀င်ရောက်စွက်ဖက်ပြီးရန်ပွဲဖြစ်အောင် သွေးထိုးလှုံ့ဆော်>>>
Channelnewsmyanmar
ပုလော NLD နှင့် The Voice (မြိတ်) သတင်းထောက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ၀င်ရောက်စွက်ဖက်ပြီး ရန်ပွဲ ဖြစ်အောင် သွေးထိုးလှုံ့ဆော်

မြိတ်ခရိုင် ပုလောမြို့နယ် ကျောက္ကာ ကျေးရွာတွင် ဦးချစ်ရအောင် ဦးဆောင်သော NLD အဖွဲ့ဝင် (၁၀၀) ဦးခန့်နှင့် The Voice (မြိတ်) သတင်းထောက် ဦးသန်းစိုး တို့ ဦးဆောင်ပြီး ကျောက္ကာကျေးရွာ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲအား ကန့်ကွက်လွှာ တင်သွင်းရာတွင် မကျေနပ်သဖြင့် အုပ်စုဖွဲ့ပြီး ယခင် အုပ်ချုပ်ရေးမှူးဟောင်းနှင့် အဖွဲ့အား ရန်ပြုရန် ကြိုးစားသဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် အဖွဲဝင်များက ဖြန်ဖြေလူစုခွဲပေးခဲ့ရမှု ဖြစ်စဉ် ၂၀၁၃ ဇန်န၀ါရီလ ၂၈ ရက်နေ့ ညပိုင်းတွင် ကျောက်ကာ ကျေးရွာ၌ ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့်လက ပုလောမြို့နယ် ကျောက်ကာကျေးရွာတွင် အုပ်ချုပ်ရေးမှူး အဖြစ် ရွေးချယ်ခံထား ရသော ဦးဌေးအောင်အား ကျောက်ကာ ကျေးရွာ ရပ်မိရပ်ဖများနှင့် ရပ်သူ ရပ်သားများက ကန့်ကွက်ခြင်း၊ ကော်မရှင်ကြီးကြပ်ရေး အဖွဲ့ဝင် (၃)ဦးမှ အတည်မပြုဘဲ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးသို့ ကန့်ကွက်လွှာ ပေးပို့ခဲ့မှု အပေါ် ပုလောမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးက ကော်မရှင် အဖွဲ့ကို ပြန်လည် ရွေးချယ် ပေးခဲ့ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်ပေးရန် ဆုံးဖြတ်ချက် အပေါ် မကျေနပ်သဖြင့် ကျောက်ကာ ကျေးရွာ NLD တာဝန်ခံ ဦးချစ်ရအောင်က Voice ဂျာနယ် သတင်းထောက် (မြိတ်) ဦးသန်းစိုးအား ကျောက်ကာကျေးရွာသို့ ခေါ်ကာ ၄င်းအိမ်တွင် တည်းခိုစေပြီး ယခင် အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းထွေးနှင့် ရွာသားများကို အင်တာဗျူးစေကြောင်း၊ ဦးသန်းထွေးနှင့် ရွာသားများ၏ ဖြေကြားချက်များကို မကြေနပ်သဖြင့် သတင်းထောက် ကိုသန်းစိုးနှင့် ကိုချစ်ရအောင် (NLD ) တို့ ခေါင်းဆောင်၍ NLD အင်အား (၁၀၀) ခန့် စုစည်းပြီး ယခင် အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းထွေးအား ရန်ပြုရန် ကြိုးစားသဖြင့် ဦးသန်းထွေးက ရဲတပ်ဖွဲ့နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ အကြောင်းကြား သဖြင့် ပုလောမြို့နယ် ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်များသည် ညတွင်းချင်း ကျောက်ကာကျေးရွာသို့ သွားရောက်ကာ ညှိနှိုင်း ဖြန်ဖြေ ပေးမှုကြောင့် NLD အဖွဲ့ဝင်များ လူစုကွဲသွားကြောင်း သတင်းရရှိပါသည်။

ဗမာ့ သား
 
 
ကျောက္ကာကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ တဖက်နှင့်တဖက်တုတ်ဓားများ
ဆွဲကာ အဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်းသိရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်ကျောက္ကာကျေးရွာမှာအုပ်ချုပ်ရေးမှူးရွေးချယ်ဖို့
28.1.2013 ရက်နေ့ ကရွေးချယ်ပွဲကျင်းပခဲ့တယ်လို့သိရတယ်.အဲဒီမှာ
ကျောက္ကာကျေးရွာအုပ်ချုပ်ရေးမှူးအသစ်အဖြစ် ဦးအောင်ဌေးကိုရွေးချယ်ခဲ့
ကြတယ်လို့သိရတယ်။ဦးအောင်ဌေး ဟာ အုပ်ချုပ်ရေးမှူးအဖြစ်ရွေးချယ်ခံရ
တာဟာယခုတစ်ကြိမ်နှင့်ပါဆိုရင် သုံးကြိမ်မြောက်ဖြစ်ပြီးပြည်သူလူထုအနေ
နှင့်တစ်ကယ့်ကိုလိုလားလို့ရွေးချယ်ထားတဲ့အုပ်ချုပ်ရေးမှူးဖြစ်ပါသတဲ့။

အဲဒီမှာဘာတွေအရှုပ်အထုပ်ဝင်လာသလဲဆိုရင် ကျောက္ကာမှာမင်းမူနေခဲ့တဲ့
မောင်လှဆိုတာလူတိုင်းသိမှာပါ..အဲဒီလူရဲ့ အစီအမံနှင့်ယခင်အုပ်ချုပ်ရေးမှူ
အဟောင်း အပါအ၀င် မောင်လှရဲ့ ညီ ဦးတင်ဂွမ် ( တရုတ်ကြီး ) ခေါင်း
ဆောင်သောအဖွဲ့တွေကပြဿနာရှာကြတော့တယ်လို့သိရတယ်။

ကြံ့ဖွတ်အမတ် ဦးမောင်လှ နှင့်သူ့ ညီ ဦးတင်ဂွမ်တို့ က အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ် မှုကိုမလိုလားပဲ သူတို့ ကြိုးဆွဲရာကမည့် အုပ်ချုပ်ရေးမှူး အဟောင်းကိုသာလိုလားတဲ့အတွက်တဖက်နှင့်တဖက်နှင့်ပြဿနာ တွေဖြစ် ပြီး အဲဒီနေ့ ညက 12နာရီမှာတုတ်တွေ၊ဓားတွေဆွဲပြီး အဓိကရုဏ်း အခြေအနေအထိဖြစ်သွားတဲ့အတွက် အခြေအနေအတော်လေး တင်းမာသွားတယ်လို့သိရတယ်တဖက်မှာက ရိုးသားတဲ့ဒေသခံတွေ ၊တဖက်မှာက ဦးမောင်လှ(အမျိုးသား လွတ်တော်အမတ် )၊ ဦးတင်ဂွမ်၊ ယခင်အုပ်ချုပ်ရေးမှူးအဟောင်းနှင့်သူ့လူများဆွဲလားရမ်းလားနှင့်ဖြစ် သွားတယ်လို့သိရတယ်။

အဲဒီကေ့စ်ကိုကြိုးဆွဲတဲ့သူကတော့ ပုလောမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်
ဖွတ်အမတ် မောင်လှတို့ ဖြစ်ကြောင်းသိရတယ်။ ဒီလိုရုန်းရင်းဆန်ခတ်ဖြစ်နေ
တာကို ပုလောမြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဖိုးမင်းနှင့် ပလ
ရဲစခန်းမှရဲတပ်ဖွဲ့ ၀င်များကသွားရောက်ထိန်းသိမ်းခဲ့ရတယ်လို့သိရတယ်။

အဲဒီမှာ ဒေသခံများကခေါ်လာတဲ့ The Voice Weekly သတင်းထောက်ကို ဦးတင်ဂွမ်နှင့်အပေါင်းအပါတွေက ထုတ်ပေးဖို့ ဓားကြိမ်း
ကြိမ်းခဲ့တယ်လို့ သိရတယ်ဒေသခံများကလည်းသတင်းထောက်ကို လုံးဝမ
ထုတ်ပေးပဲ ၀ှက်ထားကြကာသူ၏လုံခြုံရေးကိုကာကွယ်ပေးထားရကြောင်းသိ
ရတယ်သတင်းထောက်လည်း ဘယ်လိုဘယ်ပုံပြေးခဲ့ရသည်မသိဘဲ ရဲစခန်းမှ
လုံခြုံရေးတာဝန်ယူခဲ့ရကြောင်းသိရတယ်။ကျွန်းတွေပေါ်မှာ အရှင်ဘုရင်တစ်
ပါးလိုမင်းမူနေတဲ့ ခရိုနီကြီးတွေက ကျွန်တော်တို့ လိုမြိတ်ကျွန်းစုမှာလည်းအ
များကြီးရှိနေတယ်ဆိုတာ မြိတ်သူ/သားများသိမှာပါ.. ကဲဒါကိုဘယ်လိုပျောက်
အောင်လုပ်ကြမှာလဲ.ကျွန်တော်တို့ဒေသခံတွေကပဲပျောက်အောင်လုပ်ကြမှ
လား.. အစိုးရကပဲလုပ်ပေးမှာလားဆိုတာသိချင်ပါတယ်လောလောဆယ်မှာ
တော့ မြိတ်မှာလည်းခရိုနီကြီးတွေကတရုတ်ကြီးတွေ.. မြိတ်ကလွတ်တော်
အမတ်တွေကလည်း တရုတ်ကြီးတွေ၊ ကျောက္ကာမှာလည်းတရုတ်အမတ်ကြီး၊
တနင်္သာရီမှာလည်းတရုတ်အမတ်ကြီး..အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကိုဓားတွေဆွဲပြီး သူ့အပိုင်အိမ်လို သောင်းကျန်းတာလည်းတရုတ်ကြီး.. အပေါ်ပိုင်းမှာ
လည်းတရုတ်ကြီးတွေ...မပြောတာပဲကောင်းပါတယ်တရုတ်ကြီးရယ်..

No comments: