Saturday, January 19, 2013

သမိုင်းပုံရိပ်ထဲက တရုတ်နှင့်လက်ပံတောင်း သတ္တုတွင်းစာချုပ်- ၂


 
   တရုတ်နိုင်ငံ၏ နိုင်ငံ ခြားရေးရာ ကိစ္စရပ်များနှင့် ပတ် သက်၍ တစ်ဖက်စောင်းနင်း ရှု ထောင့်တင်ပြချက်များကို ရှောင်ရှား လေ့ရှိပြီး တရားမျှတသောအမြင် ဖြင့်သာ သဘောထားများကို ဖော် ပြသည့် The Global Times  သ တင်းစာသည် မြန်မာနိုင်ငံအပေါ် တွင်လည်း ရှင်းရှင်းလင်းလင်း လေး လေးစားစားနှင့် ဖော်ပြလေ့ရှိသည်။
   စီးပွားရေးဖွံ့ဖြိုးလာစေရန်အကြောင်းပြ၍ ဒီမိုကရက်တစ်လှုပ်ရှားမှုများ ဖြစ်ပေါ်စေရန် အုပ်ချုပ်သူများကိုယ်တိုင်က လှုံ့ ဆော်ပေး ခဲ့ခြင်းဖြင့် မြန်မာပြည်သူ များအား အခွင့်အလမ်းကောင်း တစ်ခုပေးကာ စမ်းသပ်ခဲ့သည်ဟု ဆိုထား၏။
အဆိုပါသတင်းစာက နေ့စဉ်လိုလို မြန်မာနိုင်ငံမှသတင်း များနှင့် အခြေအနေအရပ်ရပ်ကို ပြည့်ပြည့်စုံစုံ ဖော်ပြခဲ့သည်။
   ဒီမိုကရက်တစ်အမြင်များမည်မျှအထိ ပုံစံအမျိုးမျိုးနှင့် မြန် မာနိုင်ငံ၌ နေရာအနှံ့ ပျံ့နှံ့ရောက် ရှိနေသည်ကို တရုတ်အစိုးရ သတိ ပြုမိစေရန် ဖော်ပြလေ့ရှိသည်။
   တရုတ်အစိုးရကမူ မြန် မာနိုင်ငံနှင့် ဆက်ဆံရာတွင် ယုံကြည်မှု လျော့ပါးသွားခြင်း အလျဉ်းမရှိသည့်အပြင် မြန်မာနိုင်ငံတွင်း၌ သူတို့၏ ရင်းနှီးမြှုပ်နှံမှုများသည် မအောင်မြင်မှုများနှင့် ရင်ဆိုင်ရ တော့မည်ဟုလည်း သံသယမဝင်ခဲ့ပေ။
The Global Times  ၏ တင်ပြချက်များ အပေါ် ထည့်သွင်းစဉ်းစားရန်ပင် မလိုအပ်ဟု ထင်မှတ် မှားခဲ့ကြသည်။
မြန်မာနိုင်ငံတွင်း၌ သူတို့မြင်တွေ့နေရသမျှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ သည် သူတို့ကို ထိခိုက်နိုင်သည့် တင်ပြချက်များကို လက်သင့်ခံရန် မလိုအပ်ဟု တစ်ထစ်ချ မှတ်ယူ ထားခဲ့သည်။ တရုတ်ကုမ္ပဏီများကမူ သူတို့ ရင်းနှီးမြှုပ်နှံနေသော နိုင်ငံ မှ ပြည်သူ များနှင့် ထိတွေ့ဆက်ဆံ ရာတွင် ပိုမိုအလေးထားလာခဲ့ကြ သည်။
   ဆင်းရဲသော နိုင်ငံများ၌ ဒီမိုကရေစီအဆောက်အအုံများ တည်ဆောက်ခြင်းဆိုသည့် လှိုင်း တံပိုးသည် သူတို့ ရင်ဆိုင်နေရ သော ဒုက္ခများကိုဖယ်ရှားပစ်နိုင်သည်။ ယင်းအချက်သည် အဓိကလည်းကျသည် ဆိုသည်ကိုသိရှိထားရန်လိုအပ်ပါ၏။ လက်ပံတောင်း ကြေးနီသတ္တုလုပ်ငန်းပြဿနာသည် တရုတ်နိုင်ငံသားများအနေနှင့် မြန်မာ နိုင်ငံကိုအလေးထားရတော့မည် ကို ပြသ လိုက်သည့် ရောင်နီဦးပင် ဖြစ် သည်။ထိုနေရာ၊ ထိုဒေသ၌ ဒီ မိုကရေစီသည် မျှော်လင့်ချက်တစ် ခု ဖြစ်လာသည်။
ထိုနေရာ၌ လွတ်လပ်စွာ ကုန်ထုတ်လုပ်မှု အင်အားစုများ၊ လုပ်ငန်းများ ရှိရမည့်အစား ကြီး မားသော တည်ဆောက်ရေးစီမံ ကိန်းများက ဒီမိုကရေစီ ဖြစ်ထွန်း ရေးလမ်းကို ပိတ်ဆို့ထားသည့်ပမာ ဖြစ်နေသည်။
   ထိုကဲ့သို့သော ဒီမိုကရေ စီဆိုသည့် ပုံစံမျိုးသည် မြန်မာနိုင် ငံ၏ စီးပွားရေး အသေအချာ ဦး မော့လာစေရန် မဖြစ်နိုင်သည်သာ မက မြန်မာပြည်သူများအတွက် ထိရောက်မည့် အကျိုးမဲ့မှုမျိုးသည် သာ ဖြစ်လာနိုင်ပါ၏။
    အနောက်နိုင်ငံများ၏ စီး ပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပေး ခြင်း တစ်ခုတည်းဖြင့်ြ<ွကယ်ဝချမ်း သာသည့်နိုင်ငံ ဖြစ်မလာနိုင်ပါ။ ဤကဲ့သို့သော အချက်အလက် များကို The Global Times  သတင်းစာက နိုဝင်ဘာလ ၂၉ ရက် ၂ဝ၁၂ ၌ Weak Democracy Hurts Myanmar Business    ဆောင်းပါးဖြင့် တရုတ်အစိုးရကို ပြည့်ပြည့်စုံစုံ အသိပေး ဖော်ပြခဲ့ သည်။
တရုတ်သတင်းမီဒီယာ များကလည်း ဒေါ်အောင်ဆန်းစု ကြည် လက်ခံအသိအမှတ်ပြုထား သော ယခင်က သဘောတူညီမှု၊ စည်းမျဉ်းစည်းကမ်းများကို လက်ခံ ရမည်ဟု ဆိုသည့် စကားအပေါ် လုံးဝယုံကြည်ထားကြသည်။Global Times  မှ သတင်းသမား Yu Joncui  သည် မြန်မာနိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့သည်။ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော တရုတ်ဆန့်ကျင် ရေး ဆန္ဒထုတ်ဖော်မှုများကို တွေ့ရှိ ပြီး ပွင့်ပွင့်လင်းလင်းပင် သုံးသပ် လေ့လာမှုများနှင့်အတူ သတင်း များ ပြန်ပို့ပေးခဲ့သည်။
   Yu ၏ ရေးသားချက်များ ၌ လက်ပံတောင်း ဆန္ဒထုတ်ဖော်မှု များသည် အကြီးမားဆုံးနှင့် အထူး ခြားဆုံးအဖြစ်များထဲမှ တစ်ခု အပါအဝင်ဖြစ်သည်။လပေါင်းများစွာ တငွေ့ငွေ့ပူလောင်လာရာမှ ရေဆူအမှတ်သို့ ရောက်လာခဲ့သည့် ဖြစ် ရပ်ဟု ဆိုရ မည်။ ဒေသ ခံ ကျေးရွာသား များသည် လယ်ယာမြေ လျော် ကြေးနစ်နာကြေး ပေးခြင်းထက် သူတို့ဆန္ဒမှာ ထို့ထက်ပို၍ကျော် လွန်နေသော အရာ ဖြစ်သည်။
    သူတို့ဆန္ဒမှာ ယခုစီမံ ကိန်းကို ရပ်ဆိုင်းပစ်လိုနေသည်။ တရုတ်ကုန်ထုတ်လုပ်သူ လုပ်ငန်း ရှင်များကို မြန်မာနိုင်ငံမှ နှင်ထုတ် ပစ်လိုနေသည်။
   ကန့်ကွက်ဆန္ဒပြနေသူ များ သက်သာရာ ရသွားစေမည့် အရာ သို့မဟုတ် သူတို့ဆန္ဒကို အ ထောက်အကူပြုနိုင်မည့် အရာမှာ တိုင်းတစ်ပါးမှ ရင်းနှီးမြှုပ်နှံသူများ က အလုပ်များ ဖန်တီးပေးနိုင်ရ မည်။ သူတို့ ရင်ဆိုင်နေရသော အခက်အခဲနှင့် အန္တရာယ်များ ကို ဖြေရှင်းပေးနိုင်ရမည်။အဆိုပါ လက်ပံတောင်း သတ္တုတူးဖော်ရေးသဘောတူ စာ ချုပ်ချုပ်ဆိုဖြစ်ခဲ့သည်မှာ ၂ဝ၁ဝ ခုနှစ် ကမှ ဖြစ်ပါ ၏။ ယင်းသဘော တူညီမှုကို မြန်မာနိုင်ငံအစိုးရက သဘောတူခွင့် ပြုခဲ့သည်။
   ယခုအခါ အတိုက်အခံ ပါတီခေါင်းဆောင်နှင့် ပါလီမန် လွှတ်တော်အမတ် ဒေါ်အောင် ဆန်းစုကြည်ကို ဒီဇင်ဘာလ ၁ ရက်နေ့က လက်ပံတောင်းစီမံ ကိန်းကိစ္စ စုံစမ်းစစ်ဆေးရန် အဖွဲ့ ၏ ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ သည်။
   ဒေါ်အောင်ဆန်းစုကြည်ကလည်း ဝန်ခံထားခဲ့သည်။ သူ့ အနေနှင့် နိုင်ငံအကျိုးစီးပွားရှိမည့် လိုအပ်သည့် အရာမှန်သမျှ ရှာဖွေဖော် ထုတ်သွားမည်ဟု သတ္တုတွင်း လုပ်ငန်းသို့ သူ ရောက်ရှိလာစဉ် ပြောခဲ့သည်။
  သူသည် နိုဝင်ဘာလက ရောက်ရှိစဉ်ကလည်း ဆန္ဒပြသူ များနှင့် သာမက လုပ်ငန်းမှ တာဝန် ရှိသူများနှင့် လည်း တွေ့ဆုံဆွေးနွေး ခဲ့သည်။[ ဤအချက်အလက် များကို Global Times သတင်း စာက ဒီဇင်ဘာလ ၃ ရက်၊ ၂ဝ၁၂ နေ့၌ Myanmar Protest Painful But Inveitable Part of Democratic Transition ဆောင်းပါးဖြင့် ဖော်ပြခဲ့၏။ ]
   Global Times  သတင်း စာကမူ သဲပေါ်၌ မျဉ်းကြောင်း သားသည့်အလား မဖြစ်နိုင်သည့် အကြောင်းအရာတစ်ခုကို တင်ပြခဲ့ သည်။သူတင်ပြသည့် ဆင်ခြေ မှာ အကယ်၍ လက်ပံတောင်း စီ မံကိန်း ရပ်ဆိုင်းလိုက်ပြီဟု ကြေ ညာလိုက်သည် ဆိုပါစို့ဟု တင်ပြ သည်။ သူက ဖြည့်စွက်၍ ဤသို့ သော ဖြစ်ရပ်မျိုးကို မဖြစ်နိုင်ဟု မထင်မှတ်ပါနှင့်။ အဘယ့်ကြောင့် ဆိုသော် ဤကဲ့သို့သော ဖြစ် ရပ်မျိုး ကို မြစ်ဆုံပြဿနာ၌လည်း ကြုံခဲ့ရ ပြီးဖြစ်သည်ဟု ဆိုသည်။
ဤသို့သော စီမံကိန်းမျိုး ကို ကျွန်ုပ်တို့အနေနှင့် မည်သို့မှ စွန့်လွှတ်၍ မဖြစ်နိုင်ဟုဆိုသည်။ အကယ်၍ မထင်မှတ် ဘဲ ဤစီမံကိန်း သည် ရပ်တန့်လိုက်ရသည် ဖြစ်စေဦး။ တရုတ်ကုမ္ပဏီ များအနေနှင့် လျော်ကြေး နစ်နာ ကြေးကမူ ရကိုရရ မည် ဖြစ်ပါ၏။ ယင်းကိစ္စ ကလည်း ယခင်သဘော တူညီထားသည့် စာချုပ်များအရ လည်းကောင်း၊ နိုင်ငံတကာ ထုံး တမ်းစဉ်လာအရ လည်းကောင်း ဖြစ် ပါသည်။
   မြန်မာအစိုးရဘက်မှလည်း ပေါ်ပေါက်နေသော ဖြစ်ရပ် များက ရှိနေပါ၏။ အစိုးရ၏ သော့ ချက်သဖွယ် အဓိကနေရာက ပါ ဝင်နေ သူအကြံပေးပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သူ ဦးအောင်မင်းက ယခုကဲ့သို့  ဖရိုဖရဲ  ဖြစ်မှုများကို စည်းကမ်းရှိကြရန် သတိပေးစကား ပြောခဲ့ သည်။
  သူ၏ သုံးသပ်ဝေဖန်မှု မှာ အလွန်ရိုးရိုးသားသား ဖြစ်သည် သာမက နိုင်ငံရေး ဗျူဟာမျိုးလည်း မဟုတ်ဘဲ အစိုးရ၏ သဘောထား ကို ထုတ်ပြန်ရာ၌ နိုင်ငံတော်အစိုး ရအနေနှင့် ဤသတ္တုလုပ်ငန်းကို ရပ်ဆိုင်းပစ်လိုသည့်ဆန္ဒမရှိကြောင်းကို ဧရာဝတီသတင်းဂျာနယ် မှ ဆောင်းပါးရှင်အောင်ဇော်က ရေး သားတင်ပြခဲ့သည်။(ဦး)အောင်မင်း သည် လွန်ခဲ့သည့် ဆန္ဒပြပွဲ မဖြိုခွဲမီ ရက်အနည်းငယ်က လက်ပံတောင်း မှ ဆန္ဒပြသူများနှင့် တွေ့ဆုံစကား ပြောရာတွင် ကြမ်းတမ်းခက်ထန် သောစကားများ ပြောခဲ့သည်။
   တရုတ်နိုင်ငံ၏ အခြေ အနေအရပ်ရပ်ကို သိနားလည် ထားသော (ဦး) အောင်မင်းက ယခု ကြေးနီသတ္တုတွင်းကဲ့သို့ စီမံကိန်းကြီး မျိုးနှင့် ကချင်ပြည်နယ်မှ ရေအား လျှပ်စစ် မြစ်ဆုံဆည်တို့ ပိတ်သိမ်း လိုက်ရပါက အလွန်ကုန်ကျစား ရိတ်ကြီးကြောင်း ဖွင့်ဟပြော ခဲ့၏။
   သူက ''တကယ်လို့သာ တရုတ်နိုင်ငံက လျော်ကြေးတောင်း ခဲ့မယ်ဆိုရင် မြစ်ဆုံဆည် ပိတ်ခဲ့ရ တဲ့အတွက် ကုန်ကျစားရိတ်က US$  သန်း ၃ဝဝဝ ပါ။ ဒါပေမယ့် တရုတ်နိုင်ငံက ယခုထက်ထိ အဲဒီ လိုစကားမျိုး တစ်လုံးတောင်မှ မဟ ခဲ့ပါဘူး။ကျွန်တော်တို့က ဒါကြောင့် တရုတ်နိုင်ငံအပေါ် ကြောက်စိတ် ဝင်နေရတာပါ''
  (ဦး)အောင်မင်းက ဆက် ပြောရာ၌ တရုတ်နိုင်ငံသည် မြန် မာနိုင်ငံအပေါ် အလွန်ကျေးဇူးရှိ ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အရှေ့တောင်အာရှနိုင်ငံ အများ အပြား ကြုံတွေ့ခဲ့ရသည့် အစားအစာရှားပါးမှု ရင်ဆိုင်ခဲ့ရစဉ်က တရုတ်၏ အကူအညီကြောင့်သာ တစ်နိုင်ငံလုံး ဆူပူမှုဖြစ်ရပ်မှ ရှောင် ရှားနိုင်ခဲ့သည်ဟုဆိုသည်။
  တစ်ဖန် ၁၉၈ဝ ခုနှစ် ကာလများက တရုတ်နိုင်ငံ ခေါင်း ဆောင်ကြီး တိန်ရှောက်ပင်သည် မြန်မာပြည် ကွန်မြူနစ်ပါတီ BCP ကို ထောက်ပံ့ကူညီနေမှုကို ရပ် ဆိုင်းပစ်ခဲ့သည်။ ထိုအချိန်က မြန်မာအစိုးရကို ဆန့်ကျင်နေသော မတ်စ်ဝါဒီများ၏ အင်အားက မရှိ တော့ခြင်းကလည်း တစ်ကြောင်း ဖြစ်ကြောင်း (ဦး) အောင်မင်းက ပြောသည်။
သူက ဆက်ပြောရာ-''ဒါကြောင့် ကျွန်တော် တို့က တရုတ်တို့ကို တင်းတင်းမာ မာဆက်ဆံလို့ မရပါဘူး။သူတို့က အခု စီမံကိန်းတွေ ပိတ်သိမ်းလိုက် တဲ့အပေါ်မှာ စိတ်ခုသွားပြီး နယ် စပ်က ကွန်မြူနစ်တွေကို ထောက်ပံ့မှု ရပ်ထားတာတွေကို ပြန်ပြောင်း ပြီး ထောက်ပံ့လိုက်ရင် ကျွန်တော် တို့ စီးပွားရေးဆိုတာက နယ်ခြား ဒေသမှာပဲ ရှိတာလေ။ အဲဒီဒေသ တွေမှာ ဘယ်လောက် ဆိုးဆိုးရွား ရွားဖြစ်သွားမလဲ။ ဒါတွေနဲ့ပတ် သက်ပြီး ခင်ဗျားတို့ လေးလေးနက် နက်ထားပြီး စဉ်းစားကြည့်ဖို့ ကောင်းပါတယ်''
အထက်ပါစကားများနှင့် ပတ်သက်၍ (ဦး) အောင်မင်းသည် သံတမန်စကားများ မပြောတတ်ဟု ဆိုကာ ဝေဖန်ခြင်း ခံခဲ့ရသည်။ ဆို လိုသည်မှာ မြန်မာနိုင်ငံ၏ အိမ်နီး ချင်းအင်အားကြီးမားသော နိုင်ငံကြီးသည် အမှန်တကယ်ပင် မိမိ တို့နိုင်ငံ တည်ငြိမ်အေးချမ်းမှု ပျက် ပြားစေရန် ပြုလုပ်နေသကဲ့သို့ ဖြစ် သွားသည်။
   သို့သော် အချို့ကလည်း ဦးအောင်မင်းသည် မြန်မာ နိုင်ငံ ရင်ဆိုင်နေရသည့် အမှန်တကယ် ဖြစ်ရပ်များကို ပြည်သူအများ သိ စေ ရန် ပြောကြားခြင်းသက်သက်သာဖြစ်သည်ဟုဆိုကြ၏။[ယင်းအချက်ကို ဒီဇင်ဘာ ၃ ရက် ၂ဝ၁၂ ခုနှစ်ထုတ် Irrawaddy သတင်း ဂျာနယ်၌ ဖော်ပြခဲ့သော Burma's Copper Mine Saga Open Old Wound ၌ တွေ့ကြရနိုင်ပါသည်။]တရုတ်နှင့် မြန် မာနှစ်နိုင်ငံ တို့၏ စီးပွားရေးနှင့်လုံခြုံရေးတွေ့ထိဆက်ဆံမှုအပေါ် ခုခံပြောဆိုမည်ဆိုပါလျှင် မြန်မာနိုင်ငံ၌ နှစ်သက်သဘောကျသူ အလွန်နည်း မည်။ ထိုအကြောင်းအရာကို ရေး သားရန်လည်း နေရာမရှိနိုင်ပေ။
   ယင်းအကြောင်းအရာမျိုး နှင့်ပတ်သက်၍ လက်ပံတောင်း သတ္တုတွင်းကိစ္စရပ်ကို အကြောင်း ပြု၍ မြင်ကွင်းအပြည့်အစုံကို The Guardian သတင်းစာကြီးက တင် ပြခဲ့ဖူးသည်။ ယင်းဖြစ်ရပ်အပေါ် စု စည်း စည်းရုံးခဲ့သူများသည် ပြောင် မြောက် ထိရောက်သော စကားလုံး များ အသုံးပြု၍ ဒေါသပါသော မိန့်ခွန်းများဖြင့် တရုတ်နိုင်ငံကို တိုက်ရိုက်ပြောခဲ့ကြသည်။ ဝက်မှေးကျေးရွာမှ ဟင်း သီးဟင်းရွက် ရောင်းသူ အသက် ၂၄ နှစ်အရွယ် သွယ်သွယ်ဝင်းဆို သူ အမျိုးသမီးလေးက ပြောသည့် စကားမှာ -
  ''သူတို့ (တရုတ်) ကုမ္ပ ဏီတွေကို မောင်းထုတ်ပစ်ဖို့ဆို တာ ကျွန်မတို့ရဲ့ရည်ရွယ်ချက်ပဲ''
ယင်းကုမ္ပဏီများ၏ တစ် စထက်တစ်စချဲ့တွင်လာသော လုပ်ငန်းစီမံကိန်းများကို မကျေနပ်ကြောင်း လက်သီးလက်မောင်းတန်း ၍ြေ<ွကးကြော်အော်ဟစ်ခဲ့ကြသည်။သူတို့သည် သတ္တုတွင်း ပြင်ပနေရာများမှ ကြားကြရစေရန် အသံချဲ့စက်များ အသုံးပြု ခဲ့ကြ သ ဖြင့်ြေ<ွကးကြော်သံများက ပျံ့နှံ့ သွားခဲ့သည်။
    တို့မြေပေါ်မှာ ဘယ်တ ရုတ်လူမျိုးမှ မရှိရ။ တို့ကျေးရွာ အနီးမှာ ဘယ်တရုတ်လူမျိုးမှ မရှိ ရဆိုသည့်ြေ<ွကးကြော်သံများဖြင့် လူထုကြီးက အော်ဟစ်ခဲ့ကြသည်။[ ဤအချက်အလက် များကို နိုဝင်ဘာလ ၂၉ ရက် ၂ဝ၁၂ ခု The Guardian သ တင်းစာကြီး၌ Burmariot Police Move into Break up Copper Mine Portest  ဆောင်းပါး ၌ တွေ့ရနိုင်ပါသည်။ ] မြန်မာနိုင်ငံရှိ တရုတ် နိုင်ငံဆိုင်ရာ သံအမတ်ကြီး- Li Juihua  ကမူ ဖြစ်ရပ်မှန်ကို ပြော ခြင်းထက် အကောင်းမြင်ရှုထောင့် မှ သုံးသပ်ခဲ့သည်။ အဆိုပါ မြစ်ဆုံ နှင့် လက်ပံတောင်းဆိုသည့် ပြဿနာ ပေါ်ပေါက်နေသော တရုတ်နိုင် ငံ၏ စီမံကိန်းများ၌ ဖြစ်ပေါ်နေ သည့် ဖြစ်ရပ် များကို မှတ်မှတ်ရရ ဖော်ပြပြောဆိုခဲ့သည်။
   မြန်မာနိုင်ငံ သမ္မတကြီးဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ကြားရှိ မြန်မာ့နိုင်ငံရေး ထိပ်တန်းပုဂ္ဂိုလ်များကြား၌ တရုတ် နှင့် မြန်မာနှစ်နိုင်ငံတို့၏ စီးပွား ရေး ပူးပေါင်းချဲ့ထွင် လုပ်ဆောင်မှု  များအပေါ် ခိုင်မာသော နိုင်ငံရေး အဖြစ် မူဝါဒတစ်စုံတစ် ရာမရှိ၍ တရုတ်ဆန့်ကျင်ရေးအကြောင်း အရာကသာ လူကြိုက်များသောနိုင်ငံရေးလှုံ့ဆော်မှုတစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့ရ သည်။
The Irrawaddy သတင်းမဂ္ဂဇင်းမှ အယ်ဒီတာချုပ် အောင်ဇော်ကလည်း မြန်မာနိုင်ငံ တွင်း၌ တရုတ်နိုင်ငံ၏ စီးပွားရေး လုပ်ကိုင်နေ မှုများအပေါ် နိုင်ငံရေး အရ အသုံးချပြီး အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်မှုများ သတင်းဖြစ် ပေါ်နေခြင်းကို သူက လက်သင့် မခံ၊ လိုလားဟန် မရှိပေ။
သူက ထောက်ပြရာ၌-
  မကြာလှသည့် အနာ ဂတ်ကာလ၌ လှုပ်ရှားတက်ြ<ွကသူ များသည် မြန်မာနိုင်ငံရှိ ရေအား လျှပ်စစ်ထုတ်လုပ်နေသော စီမံကိန်း များ ဓာတ်ငွေ့ပိုက်လိုင်း စီမံ ကိန်းများကို ထုတ်ဖော်ကာ တင်ပြ တောင်းဆိုလာကြမည်က သံသယ ဖြစ်နေစရာမလိုတော့ပေ။
အဘယ့်ကြောင့်ဆိုသော် ယင်းစီမံကိန်းများအားလုံးသည် တ ရုတ်နိုင်ငံကသာ ရင်းနှီးမြှုပ်နှံလုပ် ကိုင်နေ၍ ဖြစ်သည်။
တရုတ်နိုင်ငံဘက်မှလည်း ခိုင်မာစွာ ကိုင်စွဲထားသည်မှာ တ ရုတ်ကုမ္ပဏီများနှင့် ချုပ်ဆိုခဲ့သော စာချုပ်ပါ အချက်အလက်များနှင့် အညီ တိကျစွာဆောင်ရွက်ရမည်။ လိုက်နာရမည်ဆိုသည့် အချက်များကို ပွင့်လင်းစွာ ဆော်သြ၍ ယင်း အချက်များသည်သာ အဓိက ဖြစ် သည်ဟု သဘောပေါက်ရန် မြန်မာနိုင်ငံသားများအပေါ် သတိ ပေးထား၏။ ဥပဒေ စည်းမျဉ်း စည်းကမ်းနှင့် နေကြရန်၊ အဘယ့် ကြောင့်ဆိုသော် မြန်မာတို့သည် အနောက်ဘက်နိုင်ငံများမှ ရင်းနှီး မြှုပ်နှံသူများကို ထိုစီမံကိန်းများ ရောင်းချရန် မျှော် မှန်းနေကြသည် ဟု သတိပေးထားသည်။
  ထိုသို့ ဖြစ်လာသည်နှင့် တစ်ချိန်တည်းတွင် တရုတ်နိုင်ငံအပေါ်အလေးထားသည့် မြန်မာ အစိုးရတွင်းမှ ပုဂ္ဂိုလ်များနှင့် တပ်မ တော် မှ ပုဂ္ဂိုလ်များသည် အန္တရာယ် ရှိလာနိုင်သည်။ တရုတ်နိုင်ငံသည် လည်း ထိုကိစ္စရပ်ထဲ ပါဝင်သွားနိုင် သည်။ထိုသို့သာ ဖြစ်ပေါ်လာ ပါက တိုင်းရင်းသားမျိုးနွယ်စုများ စွာရှိသော နယ်ခြားဒေသများသည် လုံခြုံမှုရှိမည် မဟုတ်တော့သည် သာမက ထိုနေရာများ၌ ရင်းနှီး မြှုပ်နှံ လုပ်ကိုင်ရန် အခက်အခဲ များနှင့် ရင်ဆိုင်လာရတော့မည် ဖြစ်သည်။
  တရုတ်နိုင်ငံနှင့် သမ္မတ ဦးသိန်းစိန်တို့သည် အထက်ပါ သဘောတရားတို့ သဘောပေါက် ကြ၍ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေးနယ်ပယ်အတွင်း၌ ပါဝင် ပူးပေါင်း ဆောင်ရွက်ရန် ညှိနှိုင်းခဲ့ ကြရသည်။မြန်မာလူ့အဖွဲ့အစည်း ၌ မျိုးချစ်မျက်ကန်း အကြမ်းဖက် မှုများ နေရာမရရှိရေး လွှမ်းမိုးမလာ ရေးသည် ဦးစားပေး အစီအစဉ် ဖြစ်လာစေရေးကို စီစဉ်ကြရသည်။ ကျောင်းသား များနှင့်ထိပ်တိုက်မတွေ့ရေး၊ လိုက်လိုက် လျောလျော မရှိသော ခေါင်းမာ သည့်သူများ ရှေ့တန်းရောက်မလာ ရေးသည် အဓိက ဖြစ် လာသည်။
   ဒေါ်အောင်ဆန်းစုကြည် ၏ အစီအစဉ်မှာ လာမည့် ၅ နှစ် တာကာလ၌ အမျိုးသားနိုင်ငံရေး အရှိန်အဝါ မြင့်တက်လာရေးဖြစ် သည်။ ထိုအချိန်၌ ဒေါ်အောင် ဆန်းစုကြည်သည် လူအများကြားထင်ပေါ်မှုနှင့် ညှိနှိုင်းဆောင်ရွက် ခြင်း လုပ်ရပ်များ၏အကြား အ လယ်နေရာ၌ ရှိနေမည့်သူ ဖြစ် ကောင်းဖြစ်လာနိုင်ပါ၏။ဒီဇင်ဘာလ ၆ ရက်နေ့၊ သတင်းစာရှင်းလင်းပွဲ၌ သူအလေး ထားပြောသော စကားမှာ သဘော တူညီချက်စာချုပ်များကို မချိုး ဖောက်ရေး၊ တိကျစွာ လိုက်နာရေး ဖြစ်သည်။ တရုတ်နိုင်ငံအတွက် စိတ်ချ လက် ချ ဖြစ်သွားနိုင်သည့် စကားလုံးဟု ဆိုရပေမည်။ ဒေါ် အောင်ဆန်းစုကြည်က သတ္တုတူး ဖော်ရေးလုပ်ငန်းနှင့် ပဋိပက္ခဖြစ် ပေါ်လာရ သည့် အကြောင်းရင်းမှာ အစိုးရနှင့် ပြည်သူအကြား ပွင့်လင်းမှုမရှိခြင်းနှင့် တာဝန်မခံခြင်း သည် အဓိကဖြစ်သည်ဟု ဖြည့် စွက်ပြော ဆိုခဲ့သည်။
   သူက ပြည်သူတို့အနေ နှင့် စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ပူး ပေါင်းဆောင်ရွက်မှုသည် အလွန် ကြီးမားသော တန်ဖိုးဖြစ်သည်။ သို့ သော် ဥပဒေမဲ့ အပြုအမူမျိုး မဖြစ် စေရန်ကိုလည်း သတိပေး၏။ တကယ်လို့ ပြည်သူတွေ က နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင် ခွင့်အနေနဲ့ လိုချင်တယ်ဆိုရင် နိုင် ငံသားတစ်ယောက်ရဲ့ တာဝန်ဝတ္တ ရားတွေကိုလည်း လိုက်နာကြရပါ လိမ့်မယ် ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောခဲ့သည်။
    ကျွန်မတို့ စုံစမ်းစစ် ဆေးရေးအဖွဲ့ဝင်တွေဟာ လက်ပံတောင်းဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးကြရတဲ့အခါမှာသူတို့ကဒီစီမံကိန်း ကြီး လုံးဝရပ်ဆိုင်းပစ်လိုက်ဖို့ ဆန္ဒရှိတယ်လို့ ပြောကြတယ်။ သူတို့ရဲ့ သဘောထားကို ကျွန်မတို့နားလည်သဘော ပေါက်ပါ တယ်။
   ဒါပေမယ့် ကျွန်မတို့ နားလည်ထားရမှာက ဒီစီမံကိန်း ဟာ နှစ်နိုင်ငံ သဘောတူစာချုပ်နဲ့ သဘောတူ လုပ်ကိုင်နေကြတာပါ။ ဒါကြောင့် ကျွန်မတို့ နှစ်ဖက်ကြားမှာရှိတဲ့ ပြဿနာကို နှစ်ဖက်ကျေနပ်သွားတဲ့အထိ ညှိနှိုင်းကြရမှာ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရက် တစ် နည်းလမ်းပါ။ ကျွန်မတို့ တည် ဆောက်ချင်တဲ့ ဒီမိုကရေစီနိုင်ငံ တစ်ခုဖြစ်ဖို့ အခုလို ညှိုနှိုင်း ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေ လုပ်ကြရမှာပါ။
    တကယ်လို့ ကျွန်မတို့ အလိုရှိတာတွေပဲ ပြောမယ်။ ညှို နှိုင်းမဆောင်ရွက်ဘူးဆိုရင် ဒါဟာ ဒီမိုကရေစီလမ်းစဉ် မဟုတ်ပါဘူး။
[ ဤအချက်ကို ၁ဝ ရက် ဒီဇင်ဘာ ၂ဝ၁၂ ခု Myan-mar Times သတင်းဂျာနယ်၊ Commission Will Find Fair Solution says NLD Leader    ၌ တွေ့ရနိုင်ပါသည်။ ]ဒေါ်အောင်ဆန်းစုကြည် ၏ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာသည် ၂ဝ၁၃ ဇန်နဝါ ရီလ ၃၁ ရက်နေ့၌ တင်ပြရမည် ဖြစ်သည်။

Source : By Peter Lee, China Seeks Copper Forewall in Myanmar, Atimes Online. com.
စိုးမင်းဦး
 

No comments: