Sunday, January 20, 2013

ရိုဟင်ဂျာအရေး အလေးပေးလုပ်ဆောင်သွားမယ့် RFAမြန်မာဌာန။


by Ko Nyo on Wednesday, November 21, 2012 at 10:05pm ·
http://www.youtube.com/watch?v=0-lyEQ_1pWA
ရိုဟင်ဂျာအရေး အလေးပေးလုပ်ဆောင်သွားမယ့် RFAမန်မာဌာန

RFA မြန်မာဌာနအနေနဲ့ ရိုဟင်ဂျာတွေတွေအတွက်အထူးအလေးပေးဆောင်ရွက်နေသလို ဆက်လက်၍လဲ လုပ်ဆောင်ပေးသွားဦးမှာဖြစ်ကြောင်း၊RFA ဟာ voice for voiceless ပြောရေးဆိုခွင့် မရှိသူတွေအတွက် ကိုယ်စားပြု အသံလွင့်ဌာနလို့ဆိုထားတဲ့အတိုင်း ရိုဟင်ဂျာတွေလို ပြောရေးဆိုခွင့်မဲ့နေသူတွေအတွက် ဆက်လက်ရပ်တည်လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်းRFA အကြီးအကဲတွေက အမေရိကန် ပြန်ကြားရေးဌာန တာဝန်ရှိသူတွေကို တင်ပြပြောဆိုထားပါတယ်။
ကမ္ဘာပေါ်မှာလူသိနည်းလှတဲ့ ရိုဟင်ဂျာတွေအကြောင်းကို RFA အနေနဲ့အထူးအလေးထားလုပ်ဆောင်ပေး နေကြောင်း၊ ပြီးခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်မှုတွေမှာလည်း RFA အနေနဲ့ အထူးအလေးထား လုပ်ဆောင်ပေးခဲ့တဲ့အကြောင်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ ပြုလုပ်ခဲ့တဲ့ BBG ခေါ် Broadcasting Board of Governors (အမေရိကန်အစိုးရ အသံလွှင့်နဲ့ ပြန်ကြားရေးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့) အစည်းအဝေးမှာRFA ဒုတိယအကြီးအကဲ Dan Southerland ဒန်ဆောက်သားလန်က တင်ပြပြောဆို ခဲ့တာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးနဲ့ တင်ပြချက်တွေကို BBG ရဲ့ ၀က်ဆိုဒ်စာမျက်နှာမှာ လူတိုင်းကြည့်ရှုနိုင်အောင် ဖေါ်ပြထား ပါတယ်။ အမေရိကန်ပြည်သူတွေရဲ့ အခွန်ငွေတွေနဲ့အသုံးပြုပြီး လုပ်ကိုင်နေတဲ့အသံလွှင့်ဌာန ဆိုတော့ အများပြည်သူသိအောင်ဖေါ်ပြထားရတာပါ။
ရိုဟင်ဂျာတွေ အရေးနဲ့ပတ်သက်ပြီး RFA သတင်းထောက်တွေက ရခိုင်ပြည်ကို သွားရောက်ပြီး သက်စွန့်ဆံဖျား လုပ်ကိုင်ပေးနေကြောင်းကိုလည်း RFA အကြီးအကဲတွေက တင်ပြခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေက ဘင်္ဂလားဒေ့ရှ်ဘက်လည်း ထွက်ပြေးလို့မရ ဒုက္ခရောက်နေရတဲ့ အခြေအနေတွေကိုလည်း RFA မြန်မာဌာန အနေနဲ့ သတင်းပို့တင်ပြထားနိုင်ကြောင်း အထက်လူကြီးတွေကို ပြောဆိုခဲ့ပါတယ်။ RFA က ရိုဟင်ဂျာဆိုတဲ့ နာမည်ကို လက်ခံသုံးစွဲမည်ဟု ဆုံးဖြတ်ထားသည့်အတိုင်း ရိုဟင်ဂျာသတင်းများကို တောက်လျှောက်ဖေါ်ပြ လာတာ တွေ့ရပါတယ်။
http://www.rfa.org/burmese/news/rakhine_aungmin_parties-11032012084846.html
ရိုဟင်ဂျာတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေတင်မက ရှေ့အလည်ပိုင်းနိုင်ငံတွေအထိရောက်အောင် ထွက်ပြေး နေကြရတယ်လို့လဲRFA အကြီးအကဲက အစည်းအဝေးမှာ တင်ပြခဲ့တာကိုတွေ့ရပါတယ်။
ဒါတင်မကသေးပါဘူး၊RFA အနေနဲ့ ရိုဟင်ဂျာတွေ အဖိနှိပ်ခံနေရတာကို ကမ္ဘာကသိအောင် သီးသန့်ဝက်ဆိုဒ် တစ်ခု ဖွင့်လှစ်ပြီး အင်္ဂလိပ်လိုပါ ဖြ့န်ချိပေးနေတာကိုလည်း အထူးတလည် အစည်းအဝေးမှာ တင်ပြသွားခဲ့ ပါတယ်။
http://www.rfa.org/english/news/special/rohingyas/home.html
ပြီးခဲ့တဲ့ ရခိုင်အရေးအခင်းမှာ ပြည်ပအသံလွှင့်ဌာနတွေက ဘာကြောင့် ရိုဟင်ဂျာတွေဘက် ရပ်တည်ပေးနေရ တာလဲလို့ မြန်မာပြည်သူတစ်ချို့က ဆန်းစစ်ဝေဖန်တာတွေရှိသလို၊ ဆူကြဆဲကြတာတွေလည်းရှိခဲ့ပါတယ်။ ရိုဟင်ဂျာကုလားတွေဆီက ငွေတွေယူထားလို့ ကုလားတွေဘက်က လိုက်နေတာလားလို့ ဆဲဆိုကြိမ်းမောင်း သူတွေလဲရှိပါတယ်။
တကယ်တော့ ရိုဟင်ဂျာကုလားတွေဆီက ငွေရလို့မဟုတ်ပါဘူး၊ RFA အသံလွှင့်ဌာနဟာ အမေရိကန်ပြည်သူ တွေရဲ့ အခွန်ငွေတွေကို ကွန်ဂရက်လွှတ်တော်ရဲ့ခွင့်ပြုချက်နဲ့ နှစ်စဉ်အနည်းဆုံး ဒေါ်လာသန်း ၃၀ ကျော်လောက် ရယူသုံးစွဲနေတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုဟင်ဂျာတွေအရေးစိုးရိမ်ကြောင်း၊ အကူအညီပေးနေကြောင်း ပြောဆို တာတွေရှိနေတဲ့အချိန်မှာ အမေရိကန်အစိုးရကများ သဘောကျလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရိုဟင်ဂျာ အရေး လုပ်ဆောင်ပေးနေတာလည်းဖြစ်နိုင်ပါတယ်။ အမေရိကန်အစိုးရနဲ့ ကွန်ဂရက်က သဘောကျရင်RFA အတွက် ပိုက်ဆံလေးဘာလေးများ ပိုရမလားဆိုတဲ့ မျော်လင့်ချက်တွေနဲ့ ဆိုရင်ပိုမှန်မှာပါ။
မြန်မာပြည်ကိုအသံလွှင့်နေတဲ့RFA အနေနဲ့၊ မြန်မာပြည်သူတွေသဘောကျသည်ဖြစ်စေ၊ သဘောမကျ သည်ဖြစ်စေ၊ သူတို့အတွက် ကွန်ဂရက်ကချပေးမယ့် ငွေပိုရရေးက အရေးကြီးတယ်လို့ ပြောဆိုနေကြောင်း ကြားရပါတယ်။
အောက်မှာ ကြည့်လို့ရတဲ့ BBG ရဲ့ ၀က်ဆိုဒ် လင့်ခ်မှာ ရိုဟင်ဂျာတွေအရေး ကမ္ဘာက ပိုသိအောင် တင်ပြနိုင်ဖို့RFA သတင်းထောက် ကိုကျော်ကျော်အောင် ကိုယ်တိုင် သွားရောက် သတင်းယူ နေတာကို RFA အကြီးအကဲDan Southerland က BBG အစည်းအဝေးမှာ ရှင်းပြနေတာကိုတွေ့ရမှာဖြစ် ပါတယ်။
http://www.bbg.gov/event/bbg-board-meeting-october-11-12-2012/ထဲမှာ The video of the meeting can now be viewed at: Windows Media Broadband On Demand Link ဆိုတာကို သွားနှိပ်လိုက်ရင် ၁း၂၀ နာရီ လောက်မှာ Dan Southerland ကရှင်းပြနေတာ တွေ့နိုင်ပါတယ်။
နောက်ထပ်သိရတာက မြန်မာပြည်သူတွေနဲ့ ရဟန်းသံဃာတွေကသာ ခွင့်ပြုမယ်ဆိုရင် RFAက ရိုဟင်ဂျာ ဘာသာစကားနဲ့ ရေဒီယို ရုပ်သံအစီအစဉ်တွေ ထုတ်လွှင့်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
(မိမိအီးမေးလ်ထဲဝင်ရောက်လာတဲံသတင်းကိုထပ်ဆင့်ဖြန့်ချိခြင်းဖြစ်တယ်)

No comments: